Article submitted by: Thunderbolts on 28-Jun-2013  
မပြေးနဲ့လူလေးရဲ့ ချော်လဲတတ်တယ်ကွဲ.(၁)
မြန်မာမျိုးချစ် ပြည်ချစ်များတို.




လမ်းလျှောက်သင်ဆဲမှာ ပြေးဘိုမကြိုးစားပါနဲ့ကိုယ်သာဘဲဒုကွတွေနိုင်ပါတယ်

်ချော်လဲရင် ကျိုး ပဲ့သွားနိုင်တယ်။ ဆိုးခြင်လဲပို ဆိုးမယ်။ ဖြစ်နိုင်တာတွေ ၊ ဖြစ်နိုင်သလို ၊ မဖြစ်သေးတာတွေလဲ ဖြစ်လာနိုင်တယ်၊အကောင်းကိုမျှော်လင့်ဆဲ

မှာ အဆိုးလဲ ဖြစ်လာ နိုင်တယ် ဆိုတာ သတိပေးပါရစေ။ အင်္ဂလိပ်လို ပြောမှ

နားလည်မဲ့ လူတွေ အတွက်ကတော WALK , DON’T RUN. If you cannot walk don’t try to run. You will be in trouble, you could get hurt, may be worse. ပေါ့ ဟုတ်လား?




ဒီနေမြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို.မှုတွေ ရုတ်သိမ်း လိုက်ပေမဲ့ နိုင်ငံတကာလက်ခံနိုင်တဲ့ စီးပွားရေး ဥပဒေတွေ မရှိသေး အတွက် နိုင်ငံခြားက ရင်းနှီးမဲ့သူတွေ လက်တွန်.နေကြတယ် လို. အတိုက် အခံ ခေါင်းဆောင် ပြောတယ် တဲ့၊ သူစကားလုံး အတိအကျရယ်လို.တော့ မဟုတ်ဘူး၊ ဒီသဘော အဓိပါယ်ဘဲ သက်ရောက်ပါတယ်။ ၂၃ နှစ်လုံးလုံး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို.ထားတာတွေဟာ၊ ဆိုရှယ်လစ်ခေတ်ကနိုင်ငံပိုင်းသိမ်းခံရမှူကြောင့်မိမိတို နစ်နာခဲ့ရမှုတွေ အတွက် လက်စားချေတာပါ ဆိုရင် လူကြားမကောင်းမှာစိုးလို. ဒီမိုကရေစီတွေ လူအခွင့်အရေးတွေနဲ့. အကွက်လှဲ့ လိုက်တယ်။




မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို. တာ ဘယ်သူ.ဥပဒေနဲ့လဲ? ကိုယ်မလုပ်ခြင်လို.မလုပ်တာတင်မက သူများကိုပါ မလုပ်ဘို. တိုက်တွန်းပြောဟောတာတွေ ဟာ လူ.အခွင်.အရေးတဲ့လားဘယ်သူ.အခွင်အရေး အတွက်လဲ မေးရတော့တယ် ။




မြန်မာနိုင်ငံဟာ ငွေအား ကြေးအား တတ်နိုင်တဲ့ နိုင်ငံမဟုတ်ဘူး၊ သူတပါးပေါ်မှီတင်းပြီး အချောင်စားရမှာ လဲရှက်တယ် ၊ ချေးဌားခဲ့ လို. အချိန်တန် ပြန်မဆပ်နိုင်ရင် လူမျိုးရော နိုင်ငံပါ ဘာဖြစ်သွားနိုင်တယ် ဆိုတာကို မြင်ဆရာ ကြားစရာတွေတင်မက သင်ဆရာ တွေအတွေ.အကြုံတွေအရ သိတယ် ။ အတွေ.အကြုံ မရှီသူတွေကို ပြောရတာတော့ ခက်တာပေါ့ ။ ဖွဲ.ဖြိုးမှု အနည်းဆုံး နိုင်ငံတခု ပါ ဆိုတာ ယဉ်ကျေးသိမ်မွေ.တဲ့ စကား၊ အမှန်ကတော လူမွဲနိုင်ငံလို. မခေါ်ခြင်လို.ဘဲ ၊ လူမွဲစာရင်းဝင်ရင် ဘယ်ကမှ ငွေချေးဌားလို. မရဘူး.၊ အပြည်ဆိုင်ရာငွေကြေးအဖွဲ. ကမ္ဘာ.ဘဏ်။ အာရှ ဖွံဖြိုးရေးဘဏ် စသည်တို.မပြောနဲ့ အိမ်ရှေ. အိမ်နောက်ဖေး အိမ်၊ ဘေးက အိမ်နီးချင်းတွေဆီကတောင် ငွေချေးဌားလို.မရဘူး။ အခြေအနေမှန်ဟာ သဒ္ဒါတတ်အား နည်းများမဆို သနားဂရုဏာ စေတနာတွေပို ပေးကမ်းစေလို. ဆိုတာဘဲ။ မာတင်္ဂ လက်သစ် လို.ဆိုနိုင်တယ် ။ ဒီလိုဆိုလိုက်လို.အထင်ကြီးမသွားနဲ့အုံးနော်၊ မာတင်္ဂ ဆိုတာ သူတောင်းစား မာတင်္ဂ ကို ညွှန်းတာ။




မြန်မာတွေ စာတတ် ပေတတ်နဲတယ်လို.ပြောရင် ကြိုက်ခြင်မှကြိုက်မယ်.။ ကျောင်းနေ နောက်ကျလို.များလား၊ ဆရာတွေက ဆရာစားချန် တာလား ၊ အစိုးရရဲ.ပညာပေးစံနစ် ချိုယွင်းသလား ၊ လူတွေကဘဲ စာသင်ရမှာပြင်းသလား။ တချိန်ကတော့ မင်္ဂလာသုတ် တတ်ရင် ပညာစုံ ပြီလို.ထင်ခဲ့တယ်လေ ။ အခုဆိုရင် ဘုန်းကြီးတွေတောင် ယူနီဗါစီတီတက်နေပြီ ။ လေ.လာစရာ ခေတ်ပညာ ဆိုတာတွေကလဲ မနဲ့ဘူး။ မင်္ဂလာသုတ်ကိုအထင်မသေးပါနဲ့ ဒီသုတ်ဟာ လူကို ယဉ်ကျေးစေတယ် ၊ လူ.ဘ၀မှာ ဘာတွေ လုပ်သင့် လုပ်အပ်တယ် ဆိုတာပြောထားတယ်။ ဘုရားဖြစ်ဘို. ကျင့်စဉ်တော့ မဟုတ်ဘူးသေးဘူးပေါ့။




အစိုးရဟာလဲ ၁၉၄၈ ခုနှစ်ကစပြီး လက်မလယ်နိုင်အောင် အလုပ်တွေများနေခဲ့တော့ အာရုံတွေများပြီး လုပ်စရာရှိတာတွေလုပ်ခဲ့ ပေမဲ့ ပြည်သူလူထူနဲ့ အချိတ်အဆက်သိပ်ရှိခဲ့ပုံမရဘူး။အထူးသဖြင့် နိုင်ငံနဲ့နိုင်ငံသားတို.အတွက်ဆောင်ရွက်နေတာတွေကို နိုင်ငံသားတွေ နားလည်ကြလိမ့်မယ်လို.ခံယူခဲ့ပုံရတယ်။ အစိုးရ ဘာတွေလုပ်နေတယ် ၊ ဘာကြောင့်ဘာတွေ လုပ်နေရတယ် ဆိုတာ တွေကို ပြည်သူတွေ မသိစေခြင်လို.ဘဲ ၊ အထူးသဖြင့် ပြည်သူတွေကို အနှောက်အရှက် မပြုခြင်လို.ဘဲ ၊ သောကတွေ မပိုစေခြင် လို.ဘဲ ။ အစိုးရသိဘို.က ပြောမှ သိမဲ့ လူတွေကို ပြောရမယ် အသိပေးရမယ် ၊ ဒါမှမဟုတ်ရင် သူတိုက ကိုယ်.ကို ယူဆ ခြင်သလိုယူဆပြီး အထင်အမြင် လွဲနိုင်တယ်၊ ကိုယ်ကိုဆန်.ကျင်ဘို.သွေးထိုးလှုံ.ဆော်နေသူတွေကို အကောင်းမှတ်ယုံကြည်သွား နိုင်တယ်။




အထူးသဖြင့် ပြီးခဲ့တဲ့အပိုင်းက ကွန်မြုနစ်အပါအ၀င် ရောင်စုံသောင်းကျန်း ကျုးကျော်လာတဲ့တရုတ်ဖြူတို.ကိုတိုက် ထုတ်ခဲ့ရတာတွေ၊ နိုင်ငံပိုင် သိမ်းခြင်း ၊ တရားဝင်ငွေအဖြစ်မှ ရုတ်သိမ်းခြင်းတွေကို ဘာကြောင်.လုပ်ခဲ့ရတယ် ဆိုတာတွေကို နိုင်ငံသားတို.ကျေညက် အောင်နားမလည် ခဲ့ဘူး ၊ ပြည်သူဆိုင်က ဆိုင်တာဝန်ခံတွေ ထောင်ထဲ ၀င်ခဲ့တာဘဲ အဖတ်တင် တယ်။ အရင်းရှင် ငွေရှင် ကြေးရှင် က လယ်လိုက်သလားမပြောနဲ့လှစ်နေတာဘဲ ။ ကိုယ့်ကို တောင် ရောင်းစားသွားသေးတယ်၊




မြန်မာတွေ ငါးပိရေ တို.စရာနဲ့ထမင်းစားနေတာ. ချွေတာခြိုခြံရေး austerity အရ ဆိုတာကိုသိလို.ထက် မရှိဆင်းရဲလို.စားနေရ တယ်၊ အစိုးရမကောင်းလို. တန်းစီ စားနေရ တာဘဲလို. ယူဆခဲ့ကြတယ် ၊ လူ.အခွင့်အရေးတွေဆုံးရှုံးခဲ့ရတာပေါ့လေ။ သူတို. တာဝန်ကိုတော့ တလုံးတပါဒမှ ထည့် မပြောခဲ့ကြ ဘူး။ အစိုးရကလဲ ရှင်းပြရင် ရှုတ်ကုန်မယ် မြန်မာတွေ နားမလည်ဘူး ဆိုတာ ကိုသိလို.လဲ အချိန်ကုန် ခံ ရှင်းမပြခဲ့ ဘူးဖြစ်လိမ့်မယ်။




တခုကလဲ ဒါမျိုးဟာ ထိပ်တန်း နိုင်ငံတော်လှို.၀ှက်ချက်၊ ပေါက်ကြားတဲ့ ဗိုလ်မှုးကြီး စောမြင့် ခေါက်ဆွဲ စားမိလို. အစားမလွန်ခင် ထိမ်းသိမ်းခံလိုက်ရတယ်။ Austerity ဆိုတာ နိုင်ငံတကာမှာ အခြေအနေအရ ကျင့်ုသုံးကြတာဘဲ ဆိုတာလေ့လာ သိရတယ် ၊ မြန်မာတွေမှာ ဒီစကားကို လက်မခံဘူး။ ရှိရင် စားမယ် ၊ မရှိရင် မစားဘူး ။ ကိုယ်စားတဲ့ထဲက ဖြစ်စေ အနဲအပါးအပို အရှံကိုဖြစ်စေ မစုဆောင်းဘူး။ ပကာသန အယောင်ဆောင်မှုနဲလှုဒန်းပစ်တယ် တဲ့ ၊. နောင်ဘ၀ ကောင်းကျိုးအတွက် ဆိုတော ဘာသာရေး ဆုံးမ ချက် ဖြစ်နေပြန်လို. ပြောရတာတော့ခက်တယ် ။ ဒါကို သာဓု ၃ ကြိမ်ခေါ်ပြီး မြိန်ရည် ရှက်ရည် စားတဲ့ သူတွေကလဲရှိတယ်လေ၊ ထားပါတော့။




မြန်မာနိုင်ငံဟာ အခက်အခဲအမျိုးမျိုးကြားက ဦးရွှေလိပ်ရဲ့နှုးန်းနဲ.ဘဲ အပိုင်းပိုင်းမှာ ဖွံဖြီုးတိုးတက်နေတာတွေ ရှီခဲ့တယ်၊ ဘယ်ဟာမှ Dead stop ရပ်တန်.နေတာတော့ မဟုတ်ဘူး။အဆိုးမြင်ဝါဒီတွေကတော့ နာမည်နဲ့ လိုက်အောင်ဘဲ ဘာကိုမှ အကောင်းမမြင်ကြ ပါဘူး။ သူတို.ကတော့ ဂလန်.လုပ်နေရရင် စားဝင် အိပ်ပျော်နေတာ ။ လွယ်တယ်လေ အားနေကြသကိုး ။ သူတိုဘာမှ မလုပ်ဘဲ လဘက်ရေကြမ်းဝိုင်းဖွဲပြီး ၊ သူများလုပ်တာကို ထိုင်ကြည့် ပစ်တင် ဝေဖန် ရှုံ.ချနေကြတာ သူတိုအတွက် အလုပ်ကြီး တလုပ်ဘဲ ။




မိတ်ဆွေအပေါင်းအသင်းဆိုတာ ရှိအပ်တယ် ၊ ဘယ်သူကိုမှတော့ မအေပေး၊ သမီးပေး ဖင်ပေး ပေါင်းနေစရာမလို ပါဘူး။ ဒါတွေရမှ ပေါင်းမယ်ဆိုတဲ့ မိတ်ဆွေဟာ မိတ်တွေ အစစ်အမှန် မဟုတ်လို.၊ မေးထူးခေါ်ပြောလောက်သာ လုပ်သင့်တယ် ။ သိပ်ရော လို.လဲ မကောင်းဘူး။ လိုသည်ထက် ပို ပေါင်းနေစရာမလိုဘူး။ ဘာလနမ် သူမိုက် စာရင်းထဲ ထည့် ပြီး အသေ၀နာစ လုပ်ရင် လုပ်ပစ်ရ မယ် ဆိုတာတော့ ရိုးသားစွာ သတိပေးပါရစေ။




မိတ်ဆွေအပေါင်းအသင်းဆိုတာ ရွေးပြီးပေါင်းရတာမှန်တယ်. ကိုယ်က ညာစားလို. ရမဲ့ လူကိုလဲ မပေါင်းနဲ့ ၊ ကိုယ့်ကို ညာစားမဲ့ သူကိုလည်း မပေါင်းနဲ့ ၊ လူပေါင်းမမှားဘို. လိုတယ်။မြန်မာနိုင်ငံ တံခါးးဖွင့်ဝါဒ ၊ ဈေးကွက် အခြေခံ စီးပွားရေးဝါဒ အပါအ၀င် နိုင်ငံရေးပြောင်းလဲမှုတွေ လုပ်လာတာကို အားရကျေနပ် တယ် ဆိုပြီး စီးပွားရေးပိတ်စို.တာတွေ ရုတ်သိမ်း ပေးခဲ့တယ် ။ မြှောက်နေတာတော. မဟုတ်ပါဘူးထင်ပါရဲ့။ ငွေတွေ ကြေးတွေလဲ လို သလောက် ထုတ်ပေး ချေးဌား နေတယ် ။ရင်းနှီးမြုတ်နှံ့မှု တွေလဲ ၀င်လာမဆဲဘဲ၊ တချိန်ထဲမှာဘဲ ဘာလိုသေးတယ် ညာလိုသေးတယ် ၊ မနက်မိုးလင်းရင်. လောကနိဗာန်ကြီး အပြီး ဆောက်ပြီး ဖြစ်နေရမယ် ၊ မြန်မာ နိုင်ငံမှာ ရှိပြီးသား ဥပဒေတွေကို အကုန် ဖျက်သိမ်းပစ်ပြီး သူတိုယူလာတဲ့ ဥပဒေကိုဘဲ လက်ခံရ မယ် ဆိုတာ မြန်မာဥပဒေတွေကို ပြင်ရမယ် လို. သြဇာေ့းတာတွေ ဟာ လူ.အခွင့် အရေးတဲ့လား တရားမျှတတယ်တဲ့လား? အနောက်ဖက်အလိုကျ အလိုကျမလုပ်ရင် စီးပွားရေး ပိတ်စို.မှုတွေ ပြန် ပြီးသွတ်သွင်းမယ် လို.လဲ အတိုက်အခံ ခေါင်းဆောင် မစ္စစ်အဲရစ်ဆိုသူက ပါးပြောင်ဘူးတယ်သူစိတ်ထဲမှာ ဘာရှိတယ် ဆိုတာ သိသာတယ် ။ တိုင်းပြည်နဲ့ လူမျိုးကို ချိန်းချောက် ခြောက်လှန်.နေဆဲ သူက အာဏာလိုခြင်သတဲ့ အာဏာများရရင် ဘာလုပ် မလဲမသိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူ.ကိုအာဏာ မရနိုင်အောင် တားဆီးပိတ်ပင်ဘို.ရည်ရွယ်ချက်နဲ့ရေးစွဲထားတာလို.သူတို.ကပြောကြ သေးတယ်။ မြန်မာတနိုင်ငံလုံးမှာသူသာလျှင် တယောက်ထဲဘဲ ရှိသတဲ့လား? ဘယ်လောက်များ ရူးနေသလဲဆိုတာ ဘဲ ကြည်.တော့။




ဒီနေနိုင်ငံတော် အစိုးရဟာ လောလော လောလော ပြာတာ ပြာတာနဲ့ ချင့်ချိန်စဉ်းစားဘို.မှ အချိန်မရအောင် ဟိုဘက်ကလှဲ. ဒီဘက်ကလှဲ. မလိုအပ်တဲ့ဖိအားတွေ တွန်းအားတွေပေးတာတမျိုး တခြားနည်းအမျိုးမျိုးနဲ ချိန်းချောက်နေတာတွေ၊ အကြပ်ကိုင်နေတာတွေကလဲ သိသိသာသာ ရော မသိမသာပါလုပ်တာခံနေတယ်။ ဒီတွန်းအားအမျိုးမျိုး ခံနေရသူကတော့ကြာ လာရင် အလောကြီးရင် ခြေချော် လက်ချော်တွေနဲ့ မှားသွားတတ်တယ် ။ ဒီအမှားကိုဘဲ တမင်စောင့်နေတာကြတာမို.၊ ကိုယ်က စိတ်အေးအေးထား အလောတ ကြီး မဖြစ်နဲ့ ရှေ.နောက် အကျိုးဆက်တွေကို စဉ်းစားရမယ်။ ‘အရင်လို အနှေးဖြစ်’ ဆိုတာရှိ တယ်။ ပေးတိုင်းလဲ မယူနဲ ကြွေးတိုင်းလဲ မစားနဲ့ တဲ့. အန္တရာယ်ဖြစ်တတ်တယ်။ ဆူဇကာပုဏ္ဍား လှုတာအကုန်စားတော့ ဗိုက်ကားပြီးသေရ တာမျိုး ဖြစ်နေအုံးမယ် ၊ တနည်းကလဲ ပေးသမျှ ယူနေရင် ကျေးဇူးတွေ ဆပ်လို.မကုန်ဖြစ်နေလိမ့်အုံးမယ်။




အင်္ဂလိပ်စကားမှာ “ In real life, there is no second take, and there is no rehearsal” လို. ပြောထားတာ ရှိတယ်လေ။ မှားတာဟာ မှားတာဘဲ “ တကွက်မှားသောကျား” ဆိုတာရှိတယ် မဟုတ်လား ၊ ၂ ကွက်မှားဘို. အချိန်မရှီဘူး ဆိုတာရော သတိ ရှိကြရဲ.လား ။ လက်ရှိ လူတွေကိုပြောဘို. လွယ်မယ်လဲ မဟုတ်ဘူး၊ ဘုန်းကြီး စာချ မိချောင်းမင်း ရေကင်းပြ နေလို.မရတော့ဘူး။ နောင်လာနောင်သားတွေ မမှားရအောင်တော့ သတိတွေ လိုအပ်သလို ပေးနေရမှာဘဲ။ သူတို.တွေထဲမှာ ကိုယ့်ထက် စွန်တဲ့သူတွေ ချွန်တဲ့ သူတော်တွေ သူတော်ကောင်းတွေ အများကြီးပါ ဆိုတာကိုလဲ အသိအမှတ်ပြုရမယ်၊ လေးစားရမယ်။




အင်္ဂလိပ်စကားမှာဘဲ boom & bust ဆိုတာရှိတယ် ။ နိယာမတွေဘဲ ၊ “ဘယ်ဟာမတည်မြဲ ဖေါက်လွဲဖေါက် ပြန် အကြောင်းကံ ကမ္မသကာ” တဲ့။ ဖြစ်ြ့ပီးရင် ပျက်မယ်ဆိုတာလားမသိဘူး။ ဆင် ပိန်ရင် ကျွဲလောက် တင်အောင်တော့ လုပ်ထားရမယ်။ အအေး လွန်ပိုင်းဒေသ သားရဲ တိရီဆ္ဆာန်တွေလို ဆောင်းရာသီ ၆ လကြာ မစားမသောက် အိပ်နေ၊ နားနေနိုင်ဘို.အတွက် Hibernation ဥပုတ်စောင့် နိုင်ဘို.ပြင်ဆင်ထားရမယ် ၊ တနည်းအားဖြင်.လဲ မရဘူးသော စီးစိမ်ကို ရဘို.၊ ရပြီးစသားစည်းစိမ်ကို ထိမ်းသိမ်းထားနိုင် ဘို.ဟာ အရေးကြီးတယ်။ တချို.လူကြီးတွေကလဲ မတ်တတ်စာ တုံးလုံး ပက်လက်စာ ဆိုတာ ရှိရမယ် တဲ့။မတ်တတ်စာဆိုတာ ကိုယ်ကျန်းမာတုန်း လုပ်နိုင်ကိုင်နိုင်တဲ့ အချိန် စားဝတ်နေရေး။ တုံးလုံးစာ ဆိုတာ ကိုယ် နာမကျန်း အလုပ်မလုပ်နိုင် အိပ်ယာထဲ ပက်လက်လဲ နေတဲ့ အခါမျိုးမှာ စားသုံးဘို.လိုရ မယ်ရ စုဆောင်းထားတာမျိုးကို ဆိုတယ် ။




ကျုပ်အမြင်မှာ မြန်မာနိုင်ငံဟာ နောက်ကျနေတာတွေကို အမှီလိုက်ဘို. အပူတပြင်းကြိုးပန်းနေတယ် ။ ပြည်သူလူထုကို ၀အောင် ကြွေး ၊ လှအောင်ဆင်၊ ပျော်အောင်သိပ်ဘို. လူံးပန်းနေတယ် ။ လောဘ ဆိုတဲ့ စကားရှိနေသမျှ၊ ဘယ်သူမှ သူတို. ၀ တယ်၊ လှတယ်၊ အိပ်ပျော်ပါတယ် လို. ၀န်ခံမယ်မဟုတ်ဘူး။ ရောင့်ရဲ ခြင်းကသာ စိတ်အေးချမ်းသာမှုကိုပေးနိုင်မယ်။ လူတွေဟာအမြဲတန်း ရတာမလို လိုတာမရ တခုခုလိုအပ်ပြီး ငြီးငြူနေမှာဘဲ။ သူတို.ကို ပျော်အောင်ထားဘို.ဆိုတာ လူမပြောနဲ. ဂေါ(ဒ)တောင်မတတ်နိုင် ဘူး။ လူဆိုတာ ဂေါ(ဒ) ကတောင်လက်မြောက် အရှုံးပေးထားရတာ။ လူတွေနဲ့ ပါတ်သက်လာရင် ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ မှန်တာပြော မုသားမဆို လို. ဆုံးမမှုရှိတယ် ။ ဘယ်သူ ၅ ပါးသီလ လုံသလဲ? ဒီမှာတင်ေ၈ါ(ဒ) လဲ နောက်ကောက် ကျသွားရတယ် ။ ဂေါ(ဒ) ကိုတောင် နောက်ကောက်ကျအောင်အလဲထိုးနိုင်တဲ့ လူဟာ၊ လူလူချင်း ဘာမှ မမှူ တော့ဘူးသာ မှတ်တော့။




မြန်မာနိုင်ငံမှ လက်ရှိ တိုးတက် ဖြစ်ပေါ်လာမှုတွေ ရဲ့ ရလဒ်တွေ၊ အကျိုးဆက်တွေကိုတော့ သတိလစ် မျက်ခြေပြတ်လို. ဘယ်လိုမှ မဖြစ်ဘူး။ နေရာတကာမှာ အားလုံးဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ၊ မှန်တာပြော၊ မုသားမဆို နေကြတာတော့မဟုတ်ဘူး ဆိုတာကိုေ၈ါ(ဒ) သာရှိရင်သက်သေခံလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ကရော ဘယ်လိုအနေအထားမှာ ရှိသလဲ ။ကိုယ့်ဟာကိုယ် စမ်းစစ်ရမယ်။ သူများထက် နှာတဖျား မသာရင် ကိုယ် သာလျှင် ခံရမယ်။




နောက်ဆုံး ထပ်သတိပေးခြင်တာက လမ်း မလျှောက်တတ်ခင် ပြေးဘို.မကြိုးစားနဲ.။ခြေလှမ်းမှန်မှန်လျှောက်ရင် ရပါတယ်။ လိုရင် မြန်မြန်လေးပေါ့ ပြေးတော မပြေးပါနဲ့ ၊ ကိုယ်ဘယ်လောက်ပြေးပြေး ကိုယ့်ရှေ.မှာရောက်နေသူတွေကို မှီအောင်လိုက်ဘို.မနဲ ကြိုးစားရမယ်၊ ကျော်တက် ဘို.ဆိုတာ ဝေလာမှ ဝေး။ ပြေးရင် မတော်တဆ ခလုပ်တိုက် လဲ နိုင်တယ် ၊ အမောစို.သွားနိုင်တယ်။ မဆိုင်တဲ့ အကျိုးဆက်တွေ၊ ဖါးပြုတ် ကိုက်တာတို တရုတ်ရိုက်တာတို.အထိ ဖြစ်သွားနိုင်တယ်။ ရှေ.ကလူကလဲ ကိုယ်ကို စောင့်နေ လိမ်.မယ်လိုလဲ မထင်နဲ့ ၊ သူတို.ဦးနေတဲ့ ဈေးကွက်မှာ ကိုယ်အတွက်တနေရာရဘို. အတော်ရှာရ အုံး မယ်။ တချိန်ကမိတ်ဆွေတွေ ဟာ အခုလဲ မိတ်တွေ ဘဲ ဆိုရင် မဆိုးဘူး လို.သာတွက်။ အကြံတူရန်သူ တဲ့၊ စီးပွားရေး ဆိုတာ မိတ်ဆွေ မရှိဘူးတဲ့ ၊ ကြားဘူးမှာ ပေါ့။




နားထောင်ရမဲ့ မျှားသံတွေက အရပ် ၈ မ)