Article submitted by: minkyaw thuyein on 26-Jun-2013  
ဘယ် ဒရယ်လဲကွဲ. ကိုယ့်လူရဲ့ ?
ဒို.လူကလေးများဆိုသလေး၊


ရှိထားတဲ့ စကားကတော့ ရွှေသမင်ဘယ်က ထွက်- မင်းကြီးတာက ထွက် တဲ့. အခုခေတ်ပြောင်း ကာလမှာ ပြောင်းလဲနေတဲ့ မြန်မာတို. အတွက်ကတော့ ၊ ရွှေ ဒရယ် ဘယ်ကထွက် - မင်းကြီးတာက ထွက် လို ပြောင်းခေါ်ရတော့ မဲ့ပုံဘဲ ၊ ဒီ ဒရယ် ကို အမိဖမ်းဘိုရာ တိုင်းသူပြည်သားများကို အနှောက်အယှက်
ပေးနေတဲ့ ကျွှဲ ကို အနော်ရထာမင်း ဖမ်း ဘို.ကြိုးစားတာမှာ အဲဒီ ကျွှဲခတ်လို.ဘဲ မင်း အနော်ရထာ နတ်ရွာ လားရတယ် လို. ရာဇ၀င်သမိုင်းမှာ ဆိုထားတယ်။ အခုဟာက ရွှေသမင်လဲ မဟုတ်. ကျွှဲလဲ မဟုတ်၊ ဒရယ် ဆိုတော့ဘာပြောရမှန်း
တောင် မသိဘူး။ ဘာဘဲ ဖြစ်ဖြစ် လွတ်သွားလို. လိုက်ဖမ်းရင်သတိသာထားကြ ပေတော့ လို.ဘဲ ပြောရ လိမ့်မယ် ၊ ထွက်ခတ် ခတ်တယ် ဆိုတာ ကြားဘူးကြ
သလား ။


ကိုယ့်လူ လို.သာ မစားရ ၀ ခဗန်း ဆိုလိုက်ရတယ် ဘယ်သူဟာ ကိုယ်.လူလဲ လို.မသေချာဘူး။ အသားပုတ်ရောဂါ အသားထဲက လောက်ထွက်နေတာ
တွေကတော့ မဆန်းတော့ပါဘူး။ ဖြစ်စ ကထဲက အမြစ်ပြတ် မလုပ်ဘဲ နာတာရှည် အဖြစ် မွေးထားလိုဘဲ လို. ဆိုလိုက်ခြင်တော့ တယ်။


ဆံကောလောက်မှ ဇောက်မနက်တဲ့ မစ္စစ် အဲရစ် ခေါင်းစဉ်နဲ့ မင်းကျော်သူ ရဲ့ အာတီကယ်က အချက်တချို.ကို ပဌမဆုံးကောက်နှုတ် ဖေါ်ပြပါရစေ ။


(((နှစ်ပေါင်း ၁၂၅ နှစ် အုပ်ချုပ်လာပြီး လွတ်လပ်ရေးပေးရတော့မယ် ဆိုမှ လူမျိုးရေး စကားတွေပြောလာပြီးး မြန်မာတွေကို သွေးခွဲခဲ့ တယ် ၊ နားယောင်ခဲ့တဲ့ လူတချို.ကြောင်. မြန်မာနိုင်ငံ အခုတိုင် မအေးချမ်းနိုင်ရှိနေ
ရတယ် ။ မနေ.တနေကဘဲ KIA ကချင်နဲ့ ယာယီ အပစ်အခတ်ရပ်ဆဲရေး ဘဘောတူချက် ရခဲ့တာ အင်္ဂလိပ်နဲ့ အမေရီကန်ဝင်ရှုတ်တာကို လက်မခံခဲ့ လို.သာဖြစ်တယ်၊ သူတို.တွေဝင် ရှုတ်ခဲ့လို. ဘယ်မှ မရောက်ခဲ့ဘူး ။) - - - မစ္စစ် အဲရစ်တယောက် ဟာ အမေရိကန် အလိုတော်ရိလို.ဘဲပြောတော့မယ် အင်္ဂလိပ်က တော့နာမည်ဘဲ ရှိပါတော့တယ်.(၁၇၇၅ - ၁၇၈၃ ) အင်္ဂလိပ် ဆန်ကျင်တဲ့ အမေရိကန် လွတ်လပ်ရေးစစ်ပွဲမှာ အင်္ဂလိပ်ရှုံးပြီး သြဇါကျခဲ့တယ် ၊ ၁၉၄၅ ခု မှာတခါ အမေရိကန် မှမကယ်ရင် သေဖွယ်သာ ရှိတော့တဲ့ အင်္ဂလိပ် တွေဟာ အခုထိ အမေရီကန်ကို မလှန်ရတော့ဘူး။


ကျုပ်တို.မြန်မာတွေလဲ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြတယ်၊ မြန်မာတွေထဲမှာပါတဲ့ ဗမာ ကိုအောင်ဆန်းရဲ.သမီး ဆံကောလောက်မှ ဇောက်မနက် တဲ့ မစ္စစ် အဲရစ်ကလဲ အင်္ဂလိပ်ကို လင်လုပ်ပြီး အင်္ဂလိပ်ကျင့် ၊ အင်္ဂလိပ်ကြံတွေနဲ့ UDA ဆိုတာနဲ့ပေါင်းပြီး မြန်မာ နိုင်ငံကို အစိပ်စိပ် အမွှာမွှာ ခွဲအုံးဘို. ကြိုးစားနေပုံ ရတာမို.၊ ကြည့်လုပ်ကြ ပါအုံး လို.သာ ပြောလိုက်ခြင်တော့တယ် ။)))


ဒီနေရာမှာ ထပ်လောင်း ဖြည့်စွက် ဖေါ်ပြလိုတာက ကေအိုင်အေ နဲ့ မြန်မာနိုင်ငံအစိုးရတို.ကြားဆွေးနွေးပွဲတွေကို ပဌမကတရုတ် ပြည်ထဲမှာ ကျင်းပခဲ့ ကြတာ ဘာမှ ရေရေယာယာ မရှိခဲ့ ၊ ဘယ်မှ မရောက်ခဲ့ဘူး ၊ ဒီဆွေးနွေးပွဲုမှာ ကေအိုင်အေ၊ မြန်မာအစိုးရ။ အင်္ဂလိပ် ။ အမေရိကန်နဲ့ တရုတ်တို. ၅ ပွင်.ဆိုင် ပါဝင်ကြတယ် လို.သိရတယ်။ မရေယာ အရာမရောက်
ခဲ့တာကတော့ လိပ်ကန် တို.ကြောင့်ဘဲ ၊ တရုတ်ကလဲ လိပ်ကန် ပါဝင်လာတာ
ကို ကန့်ကွက်တယ် တဲ့။


ပြသနာက ။ ကေအိုင်အေ ။ မြန်မာနဲ့ တရုတ်တိ.ု ၃ ပွင့်ဆိုင်ကတော ဟုတ်ပါပြီ ၊တရုတ်ပါရတာကိုနားလည်ဘို.လဲ လိုတယ်၊ ကချင်သူပုန်တပ် နဲ့ မြန်မာအစိုးရ
တပ် တိုက်ပွဲတွေဟာ တရုတ်နယ်စပ်မှာဖြစ်နေတယ်. စစ်ပြေးဒုက္ခသည်တွေလဲ သူနယ်ထဲ ရောက်လာတယ်. သူနယ်ထဲက သူ.တိုင်းရင်းသားတွေလဲ ရင်တမမ
နဲ့ နေရတယ် ၊ မတော်တဆထိခိုက်သေဆုံးမှုတောင် ရှိမရှီ မသိနိုင်ဘူး။ ကေအို်င်အေရော မြန်မာတပ်တွေရော နယ်ကျွှံလာတာတွေ လဲ ရှိနိုင်တာတွေ စတဲ့၊ တရုတ်နိုင်ငံရဲ့သောကတွေကို လိုအပ်တဲ့ နေရာမှ ၀င်ရောက် တင်ပြပါဝင်
ဆွေနွေးဘို.ဘဲ ၊ ကေအိုင်အေနဲ့မြန်မာအစိုးရကြားမှာ သူနဲ့မဆိုင်တာတွေကို ဆရာကြီး လုပ် သြဇာပေးဘို. မဟုတ်ဘူး။


ကချင်ပြည်နယ် ဆိုတာ မြန်မာပြည်ထဲမှာရှိတယ် မျြိုတော်ဟာ မြစ်ကြီးနားဘဲ ၊ဒီလိုရှိပါရက်နဲ. ကြားနေ တရုတ်ပြည်ထဲ သွားဆွေးနွေရတယ် သဘောရိုးနဲ.ဆိုတာလဲ သဘာဝကျ ပါတယ်။ ဒါပေမဲ့ ကတော သိကြတဲ့ အတိုင်းဘဲပေါ့ ။ သူတိုမှမပါရင် ပွဲမစည်ရုံတင်အဟုတ် ပွဲပါ ပျက်အောင် ပွဲလှန်.ပြီ ဖျာခင်းခြင်
ကြလိုသူတွေကြောင့်ဖြစ်ပုံရတယ် ။


အမေရိကန်နဲ့ အင်္ဂလိပ်က ဘာလို ပါလာရတာလဲ? လိပ်ကန်တို.ကို ဆရာတင်
ပြီး ကချင်က သူ.လူအဖြစ်နဲ့.ခေါ်လာတာဘဲပေါ. သူဖက်ကရှိနေတယ် ဆိုတာ
သိစေခြင်တဲ့သဘောဘဲ. ဒါတွေက မပြောဘဲ သိပြီးသားပါ ၊အခုဆိုပိုပြီးလူသိ
ရှုင်ကြား ထင်ရှားစွာ တွေ.မြင်သိရတာ ပေါ့။ ထောက်လှမ်းဘို. ကချင်ကခေါ်လာ
တာလဲ ဖြစ်နိုင်တယ်။ KIA ကသူတို. ပထွေးတွေကိုဖိတ်ခေါ်လို.ဘဲပေါ့ ၊ လိပ် ကန်တိုဟာ WW II ကြောင့် ကချင်တွေနဲ. ရင်းနှီးတယ် ဒါတွေကိုတော့ လူတိုင်း
သိတယ်၊ ထည့်မပြောတော့ဘူး ၊ ရင်းနှီးတာကလွဲပြီး ဘာအကြောင်းမှ မယ်မယ်ယယ မရှီဘူး။ လိပ် ကန်တိုရဲ့ ဥဉ်က ဆရာကြီး မလုပ်ရ သြဇါမပေးရ
ရင် မနေနိုင်ကြဘူး။ ပတ်မကြီး ထိုးမဖေါက်ရင် တော်သေးတယ်မှတ် ။ လိပ်ကန် တို.ဟာလောလောဆယ်မှာ မြန်မာတိုရဲ့ ကိုလိုနီသခင် သစ်တွေလဲ မဟုတ်သေး ဘူး။ တရုတ်တို.ရဲ အရှင်သခင်တွေလဲ မဟုတ်ဘူး။ ကချင်တွေရဲ့အရှင်သခင် တွေ ဘုရားတွေ God တွေဆိုရင်တော့လဲ မြန်မာတွေဟာ God ကိုအစထဲက မယုံဘူး လို.ပြောရလိမ့်မယ်။


၁၉၄၇ ခုနှစ်တွေဆီက ပင်လုံညီလာခံက စပြီး အင်္ဂလိပ်ဟာ တိုင်းရင်းသား
တွေကြားမှာဝင်ရှုတ် လေါ(ဒ) ဘော့တွေမ်လေ ဆိုသူကို စေလွတ်ခဲတယ်။ အဲဒီမတိုင်ခင် လွတ်လပ်ရေးအတွက် ကိုအောင်ဆန်း လန်ဒန်သွားပြီး အက်တလီနဲ့ ဆွေးနွေးတော့ ဘာလုပ်ရမယ်ဘာကိုင်ရမယ် ဆိုတာတွေကို အောင်ဆန်း အက်တလီ စာချုပ်အဖြစ်နဲ. ညွှန်ကြားခဲ့တာတွေရှီတယ် ။


အခုလတ်အလော ဆွေးနွေးပွဲတွေကို မြစ်ကြီးနားမြို.ဆီပြောင်းခဲ့ပြီး လိပ်ကန်တို.မပါဘဲ ဆွေးနွေးခဲ့ ကြတောမှ့ ယာယီ အပစ်အခတ် ရပ်ဆဲရေးကို ရခဲ့တာ လို.သိရတယ်။ လုံးဝငြိမ်းချမ်းရေးအထိ ဦးတည်ဘို.ကတော့ မစဉ်းစားရဲဘူး။ ပြီးခဲ့တဲ့ ၆၅ နှစ်အတွင်း အပစ် အခတ်ရပ်ဆဲရေးတွေ ငြိမ်းချမ်းရေးဆိုတာတွေ
ဟာ တောင်လို ယာလို ပုံနေပြီးရာခိုင်နှုန်းပြည့်မဟုတ်သည်တိုင် ၁၉၄၈/၅၀ နှစ် တွေကလောက် ဆိုးဆိုးဝါးဝါးမရှီဘူးဆိုတာတော. အမှန်ဘဲ ။ ဒါပေမဲ ရောင်စုံ
တွေ ဟာာ လက်နက် စွဲကိုင်ထားလျှက်ရှိပြီး နိုင်ငံနဲ. လူမျိုး အကျိုးမခံစား
ရတဲ့အပြင် နာမည်ဆိုးပေးနေတဲ့ ဘိန်း ကုတ်ကင်းအပါအ၀င်မှောင်ခိုလုပ်ငန်း
အမျိုးမျိုးကိုရောင်းဝယ်ဖေါက်ကား နေတယ်။ ဘိန်း ရာဇ၀င်ကိုလေ.လာရင် ဘိန်းစစ်ပွဲတွေ ဘယ်သူက စခဲ့တယ်ဆိုတာတွေ တွေ.ရမယ် ။ မြန်မာနိုင်ငံမှာ ဘိန်းကို အင်္ဂလိပ်က အစပျိုးခဲတာဆိုတဲ့ အထောက်အထားမှတ်တမ်းတွေရှိ
တယ် ။


ပြောစရာရှိတာက ပြီးခဲတဲ့ ၆၅ နှစ်အတွင်းမှာမြန်မာတပ်မတော်ဟာနိုင်ငံရေး
သမားတွေမထိမ်းနိုင်တဲ့ နိုင်ငံတော် အခြေအနေကို ထိမ်းသိမ်းခဲ့ ရတယ်။ တချို.က တပ်မတော်ဟာ တပ်မတော် တာဝန်တွေကို အပြည်အ၀ထမ်းဆောင်နိုင်ခြင်း
မရှီ၊ နိုင်ငံရေးတာဝန် တွေကိုလည်း အပြည်.အ၀ ထမ်းဆောင်နိုင်ခြင်းမရှီဘူး လို.ပြောကြတယ် ။ ဒီကမေးခြင်တာက အပြည့်အ၀ ဆိုတာ ဘာကို ဆိုလို
တာလဲ လို.။ မြန်မာစကားမှာ တပြည့်မကောင်း ဆရာ့ ခေါင်း ။ သားသမီး မကောင်း မိဘခေါင်းဆိုတာတွေ ဟာ ဘာလဲ? တြ့ပည့် သားသမီးတွေ မကောင်း
ရတာဟာ ဆရာမိဘ ပေါ်မှာ တာဝန်ကျလာတော့။ တောင်းဆိုး ပုလုံးဆိုး ပစ်ရိုးထုံး သားဆိုး သမီးဆို ပစ်ရိုးမရှီဆိုတာက ရော ဘာတဲ့လဲ? သံယောဇဉ်
ကြောင့် အမွေမဖြတ်နိုင်တဲ့ သားသမီးဟာ ဆိုခြင်တိုင်းဆိုး သွမ်းခြင်တိုင်း သွမ်းနေတာလား?


ပြောခြင်တာက အခုတောင် လိပ်ကန်တိုဟာ ကချင်က ဖိတ်ခေါ်တယ် ဆိုပြီး ပြောနေရင် နောင်အနာဂါတ်တွေ မှာ ဘယ်သူတွေက ဘယ်သူတွေကို ဖိတ်ခေါ်ကြအုံးမယ် မသိဘူး. ။ ဒီ ဖိတ်ခေါ်မှု ဆိုတာတွေဟာ ဘုရားပွဲ-ဆွမ်းကြီးလောင်းပွဲလို စည်းကားနေလိမ့် မယ်။ သူများကမဖိတ်လဲ သူတို.ကိုယ်သူတို ဖိတ်နေကြတဲ့ အရှက်မရှီတဲ့ Gate crasher အကျင့်တွေကို တကမ္ဘာလုံးက သိနေ တယ်။ သူတို.ရဲ့ အကျင့်တွေဟာ တနေ.ထက် တနေ. ဖုံးမရ ဖိမရ ဘွားဘွားးပေါ်လာနေတာကို လဲတွေ.နေရတာမို. မြန်မာမှန်ရင် အားလုံး လူပေါင်းမမှားစေဘို. သတိထားဘို.လို မယ်။ သတိဆိုတာ ပိုတယ်မရှီ- လိုတယ်လိုသာ ရှီသတဲ့။


ဖိတ်ကြားနိုင်ခွင့် ဆိုတာတွေဟာ လုတိုင်းရဲ့ အခွင့်အရေး တွေ၊ မြန်မာလဲဘဲ သူဟာသူဖိတ်ကြားခြင်တဲ့သူကို ဖိတ်နိုင်တာဘဲ ၊ အကျိုးဆက်တွေကိုတော. ထည်.သွင်းစဉ်းစားရမယ် ။ အစကောင်းမှ အနှောင်းသေချာတယ် တဲ့ ၊ ငုတ်မိ သဲတိုင် တက်နိုင် ဖျားရောက် လို.လဲ ဆိုတယ် ။ အဆုံးမသိတဲ့ အလုပ်ကို မစ မိဘို.အရေးကြီးတယ် လို.လဲ လူကြီးတွေက ပြောကြတယ်။


မြန်မာ့တပ်မတော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံတော်သားတိုရဲ့ တာဝန်အရပ်ရပ်ကို ယူခဲ့တာ ၁၉၆၂ ခုထဲကဘဲ။ ပြည်တွင်း ပြည်ပ ရန်သူတွေက ၀ိုင်းတွယ်ရက် ကြားက နှစ် ၅၀ ကြာ မားမားရပ် နေခဲ.တာဖြစ်တယ်။ တပ်မတော် ဦးဆောင်
တဲ့ အစိုးရကို လက်ခံတဲ့ သူ လက်မခံတဲ့ သူဆိုတာတော့ ရှိတယ် ၊ ဒါဟာ သဘာဝ ။ မကူညီတဲ့ အပြင် အနှောက်အယှက်တွေပေး အခက်အခဲ ဖြစ်အောင် ကြံဖန်
မှူ အမျိုးမျိုးကြားက တပ်မတော်ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံတော်နဲ့ နိုင်ငံသား
တို. အတွက် လုပ်ရမဲ့၊ လုပ်သင့်တဲ့ တာဝန် တွေကိုတတ်နိုင်သမျှကျေပြွန်စွာ
ထမ်းဆောင်ခဲ့တယ်။ လိုအပ်ရင် နောက်ထပ် နှစ် ၅၀ လုပ်ရလိမ့်.အုံး.မယ်ဖြစ်
လို တပ်မတော်ဟာ အသင့်ဖြစ်နေရမယ် ။


မြန်မာတပ်မတော် ကို မလိုလားတာတွေဟာ အခုမှမဟုတ်ဘုး ဆိုတာကို ကြိမ်ဖန်များစွာ အထောက်အထားတွေနဲ့ ပြောခဲ့ ပြီးပြီ။ စတင်ဖွဲ.စည်းကထဲက ငြမ်းအဖြစ် သုံးခဲ့ပြီး အသုံးမလိုတော့ရင် ဖျက်ဘို. အင်္ဂလိပ်က စ ကြိုးစားခဲ့
တယ်။ မြန်မာတပ်မတော်ကို သူတို.ရဲ့ ကြေးစားတပ်မတော် ဖြစ်အောင် အင်္ဂလိပ်
က ဖန်တည်းဘို.ကြိုးစာခဲ့တယ် ဆိုတာတွေကို လေ့လာသူတွေ သိကြပါလိမ့် မယ်။


ကိုအောင်ဆန်းကိုယ်တိုင်ရဲ့ လုပ်ရပ်တွေကို အကောင်းမြင် အဆိုးအမြင် ရှုဒေါင့်
တွေက ကြည့်.လိုရတယ်. သူအနေနဲ့ ဘယ်သူနဲ့မှ ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ လုပ်ခဲ့မှာတော့ မဟုတ်ဘူးလို.သာ ပြောရင် လွန်မယ် မဟုတ်ဘူး။


ဖယ်ဒရယ် ဆိုတဲ့ စကားဟာ သူရဲ သူစ္ဆေ စကား မဟုတ်သည့်တိုင်။ သမိုင်းတလျှောက်ဖြစ်စဉ်တွေကို ဥပက္ခာပြုလို တော့. မရဘူးထင်တယ် ။ ကိုယ်အမူအယာ နှုတ်အမူရာ တွေ ဟာ စိတ်တွင်းရှိတာတွေကို ဖေါ်ြ့ပနေတယ်။ ကံကိုယုံလို.တော ဆူးပုံပေါ်ခုန် မချလိုက်ပါနဲ့ သေရုံဘဲ ရှီမယ် ။ ဒီပုံကိုမြင်လို. ဒီခြုံကိုထွင်တယ် ဆိုတဲ့စကားအရဘဲ ။ နောက် ၆၅ နှစ် မပြောနဲ့ ၆၅ လ ထဲ ဘာတွေ ဖြစ်ကုန်မလဲ ?


ဒါတွေကို သိလို.လဲ ၂၀၀၈ ခု ဖွဲစည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀ က ။ နိုင်ငံတော်တွင် ပါဝင်သည့်တိုင်း ဒေသကြီးများ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများစသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါ မျှ ခွဲမထွက်ရ လို. အတိအလင်း
ပြဆိုထားတယ်။


၃ နှစ်သားရှိတဲ့ ဖွဲစည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်တယ် ဆိုတော့ ဘာတွေ
ကို ပြင်ခြင်တာလဲ ? နေပါအုံး နိုင်ငံတခုမှာ ဖွဲစည်းပုံ အခြေခံ ဥပဒေတရပ် အမှန်
တကယ်ဘဲ လိုအပ်သလား? သိခြင်လို.ပါ ။ အတိုက်အခံတို.ဟာဖွဲစည်းပုံအခြေခံ
ဥပဒေအပါအ၀င်ကို သူတိုခြေ သူတို.လက်နဲ့မှ မဟုတ်ရင် ဘယ်ဟာကိုမှ အကောင်းမမြင်ဘူး လက်မခံဘူး ဆိုတာကိုတော့ သိတယ်။


တွေကြအုံးမယ်လေ ပျော်ပျော် ပါးပါးပေါ့ ။