Article submitted by: Thunderbolts on 24-Jun-2013  
ယေရှုကိုရောင်းစားသူဟာ ဂျုးဒတ်(စ) တဲ့ ။
ဒို.လူကလေးများဆိုသလေး ၊


“Myanmar for sale. မြန်မာနိုင်ငံကို ရောင်းမည် ၊ ဌားမည် ၊ ပေါင်ခြင်သည်။ စိတ်ဝင်စားသူများ သက်ဆိုင်ရာကို ဆက်သွယ် စုံစမ်းပါ ။ ”



ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတာကတော့ ဟုတ်ပါတယ် ၊ လင်ယူသားမွေးရင် ဒါမျိုးကတော ကြုံမှာ ဘဲ၊ ၀မ်းဆွဲုသယ်ခေါ်ရမှာမို. ၀မ်းနာတာလား ဗိုက်နာတာ
လားဆိုတာ ကွဲကွဲပြားပြားသိဘို.လိုတယ် ၊ စကားပြောမမှားစေနဲ့လေ။ ဒီလိုဖြစ်
ရအောင်လုပ်တဲ့ လင် ကို အပြစ်တင်မလား? မတင်ပါနဲ့ ကိုယ်ကကြိုက်လို.လိုက်လာတဲ့ လင်ဘဲဖြစ်စေ? မိဘပေးစားတဲ့ လင်ဘဲဖြစ်စေကောင်းတုန်း
ကတော့ ကောင်းခဲ့တာဘဲ မဟုတ်လား? ၀မ်းမနာခြင်ရင် လင် မယူနဲ.ပေါ့ ။


တကွက်မှားသော ကျား မှားရင် အစားခံရမယ် ဆိုတာမှန်ပါတယ်၊ ခေတ်ဟောင်း
စကားလို. စောဒကတက်ရင် ကြိုက်ခြင်မှကြိုက် မယ်။ ခေတ်ပြောင်းဒီမိုကရေစီနဲ့
ဲ့လူ.အခွင်းအရေး ကာလ မှာ၊ အမှား အမှန်ဆိုတာကို ဘယ်သူက ဆုံးဖြတ်မှာလဲ?
နောက်ပြီး ဥပဒေအကျိုးဆောင် ကောင်းကောင်းနဲ့ အလျှောက်ကောင်းရင် အထောင်းသက်သာ၊ တချိုအမှုမှာ တရားရှင်လွတ်၊ တချိုအမှုမှာ ကွင်းလုံးကျွှတ်
တောင် တရားသေလွတ်တတ်တာတွေ ၊ သက်ညှာတာတွေ၊ ဆိုင်းငံ့ပစ်ဒါဏ်တွေ
ဒါဏ်ငွေလောက်နဲ့ပြီးသွားတာတွေ လဲ သိပါတယ် ။ အဲဒီတော့ လုံမလေး ပြော ပြောနေတဲ့ rule of law ဆိုတာ လူကြားကောင်းအောင် သူပြောခြင်လို.သာ ပြောနေတာ တကယ်တော့ ဘာမှအဓိပါယ်မှတော့မရှိဘူး ။ ဥပမာပြောရရင် ဖွဲ.စည်းပုံ အခြေခံဥပဒေမှာ အင်္ဂလိပ် မြန်မာ ၂ ဘာသာ နဲ့ ကျုပ်တို. နိုင်ငံကို Myanmar မြန်မာ လို.ခေါ်ဘို.ပြဌာန်းတာကို သူက Burma လို.ဘဲ ခေါ်နေတာ
က ၊ နင်တိုကိုငါသောက်ဂရုစိုက် စရာ မလိုဘူးဆိုလို. မျက်နှာကို ပေါင်ကြားနဲ့ ပွတ်လိုက်တာဘဲ ၊ ပုဂိုလ်စွဲပါခြင်ပါနေပေမဲ့ ဥပဒေဟာ ဥပဒေဘဲ Rule of law အတိုင်းသာဆိုရင် သူဟာ ပစ်မှု မြောက်နေပြီ။ သူပြင်ဆင်ခြင် တယ် ဆိုတာတွေ
ရှီတယ်ဆိုတာကတော့ ရှိမှာဘဲ ။ မပြင်ခင် ရှိတာကိုတော လိုက်နာရလိမ်.မယ်၊ မတရားတဲ့ ဥပဒေတွေ အမိန့်တွေကို လိုက်နာစရာမလိုဘူးဆိုတာ သူပြောခဲ့တဲ့ စကားဘဲ။


တဖက်ကတွေးပြန်ရင်လဲ သူအနေနဲ့ ဖြုတ် ထုတ် သတ် လမ်းစဉ်ကိုဘဲ သွားရလိမ့်မယ် ဆိုတာ လက်ခံထားပုံရတယ် ။ ဒုံလဲ ယုံကြည်ရတယ်။ သူနဲ ဆက်ဆံဘူးသူတွေ သူ.အကြောင်း ကောင်းကောင်းသိကြပါတယ်။ မပြောပ
လောက်တဲ့ လက်တစုတ်စာပါ ရန်ကုန်မှာတင်ရှိပါတယ်။ သူတိုသိလဲ သိသိ
ပါဘဲ။ သူတိုသိတာသူတိုပြောတော့ရော ဘာထူးမှာမို.လဲ ၊သူများမသိတာဖြစ်
နေတော့ အလေးချိန် သိပ်မစီးပါဘူး။ မလိုလို.ပြောတယ်လို.ဘဲ ဖြစ်မယ်၊ ပြောလဲ ထူးပါဘူးလို.ယူဆနေကြပုံလဲရှိတယ် ။ သူအကြောင်းသိသူ အားလုံးက
အညီတညွတ်ထဲ ထွက်ဆိုကြရင်တော့တမျိုးပေါ့ လေ ။


စကားစပ်လို.ပြောရရင် ကမ္ဘာ့ကုလအဖွဲ.ကြီးရဲ့ စတုတ္ထမြောက်အတွင်းရေးမှုးချုပ်
အဖြစ် ၁၉၇၂ မှ ၁၉၈၁ အထိ တာဝန်ထမ်းဆောင် ဘူးတဲ့ Austria နိုင်ငံဆိုင်
ရာ သံတမန်ကြီး၊ နိုင်ငံရေးသမား Kurt Josef Waldheim ဟာ ၁၉၈၆ မှ ၁၉၉၂ ထိ Austria နိုင်ငံရဲ့ သမတ ဖြစ်ခဲ့ပါတယ်။ သူ ၁၉၈၅ ခု သမတ မဲဆွယ်
နေချိန် အတောအတွင်း သူရဲ့နောက်ကြောင်းအဖြစ် သူဟာ ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန် ထောက်လှမ်းရေး Wehmacht အဖွဲ.၀င် တယောက် ဖြစ်ခဲ့တယ် ဆိုတာပေါ်လာဘူးခဲ့လို. နိုင်ငံတကာရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သေးတယ်ဆိုတာ မှတ်တမ်းတွေမှာတွေ.ရတယ်။ သို.ပေမဲ့ သူK J Wakdheim သမတ ဖြစ်ဘို.ဇာတာကို တော့ ပြောင်းလဲမသွားစေခဲ့ပါဘူး။ သူသမတဖြစ်ရေး မဖြစ်ရေးဟာ သူ.နို်င်ငံသားတွေနဲ့သာ ဆိုင်ပါတယ် ။ ဆိုလိုတာက. သူ.နိုင်ငံသားတွေဟာ သူ
တိ.ုဘာတွေဆိုတာသိကြပါတယ်။ Nazi ခေါင်းဆောင် Adolf Hitle တယောက်
Austria ဇာတိ ဆိုလို. ထောက်လှမ်းရေးထွက် Waldheim တယောက်ဆိုပေမဲ့ သူ.ကိုကမ္ဘာကိုအုပ်ချုပ်ခဲ့ သူလို.အမွန်းတင်လို. ရပါသေးတယ် Austria လို
တိုင်းပြည်ငယ်လေးတော့ သူကအပျော့ပေါဗျာ၊ ဒီမှာ မှတ်သားစရာက Waldheim ဟာသူ.သက်တန်း တလျှောက်လုံး လိုလိုမှာ နိုင်ငံရေးလုပ်လာခဲ့တဲ့
သူဖြစ်တယ် သူနိုင်ငံသားတွေက သူအကြောင်း ဘယ်နှမွှေးရှိ တယ် ဆိုတာက
အစ သိကြတယ် ။ စိုင်ကေါ်လို. ခြုံပေါ်ရောက် လာသူမဟုတ်ဘူး၊ ဘယ် နိုင်ငံခြား ပံ့ပိုးမှုနဲ့ မှ ဖြစ်လာသူမဟုတ်ဘူး စစ်မှန်သော လူထူအားနဲ့ တက်လာ
တဲ့ စစ်မှန်သော ဒီမိုကရေစီ သမတ တယောက်ဖြစ်တယ်။


မြန်မာ့ တပ်မတော်ဟာ ဘယ်သူကိုမှ ထောက်ခံစရာ ကန်.ကွက်စရာ မလိုဘူး။ ကြားနေအဖွဲုအစည်းဘဲ ဖြစ်ရမယ် . လိုအပ်လာရင် ပြီးခဲ့တဲ့ အပိုင်းကလို တိုင်းပြည်ရဲ့ နိုင်ငံရေးတာဝန်တွေ ကို အခိုက်အတန်.အထိုက်အလျှောက် ၀င်ယူထိမ်းပေးရမယ် . ဒီမိုကရေစီအပါအ၀င် ဘာကိုမှ လျှောမတွက်နဲ့ မျက်ခြေ မပြတ်စေနဲ့ပေါ့ ၊ ပြည်သူကြည်ဖြူရင် ငါ့လှေ ငါထိုး ဘဂိုးရောက်ရောက် ဘဲပေါ့ ။ လုပ်မယ်ဆိုရင် လုပ်နိုင်တာတွေ အများကြီးပါတယ်။၊


ရွှေပေါ်စိန်ဆင့် (သန်းရွှေအပေါ် သိန်းစိန် ဆင့်) လို ယူဆနိုင်တဲ့ တပေါင်ကြောင့်
်ဘဲ ဖြစ်စေ ၂ ပေါင်ကြောင့်ဘဲ ဖြစ်စေ. ကိုယ်လုပ် မှ ကိုယ်စားရမှာ ဆိုတဲ့ စကား
လို နိုင်ငံသားတွေအားလုံးဟာ ကိုယ်စီကိုယ်ဌ ကိုယ့်ဝမ်း ကိုယ့်တခါး အတွက်က
တော့ ကြိဲုးပန်းကြရမှာ ပါ ။ ၅၇ သန်းသော သူတွေရဲ့ကြိုး ပန်းချက်တွေကို စုပေါင်းလိုက်တဲ့ အခါ နို်င်ငံသားတို.ရဲ့စွမ်းဆောင်ချက် နိုင်ငံရဲ့ စွမ်းရည် အင်အား
တွေလို. မှတ်ယူရပါမယ်။ တိုးတက်တာ ဆုတ်ယုတ်တာတွေလဲ တပါတည်း ပါလာပါတယ်။ ဒါကိုတော့ ဇကာစစ်ဘို.လိုပါ လိမ့်မယ် ။


မှတ်မိအုံးမှာပေါ့ ဖ ဆ ပ လ ၊ နုတင် အုတ်စု ၊ ဦး ဗိုလ် ၊ ဆွေ ငြိမ်း အုတ်စု နောက်ဆုံးမတော့ သန်.ရှင်း တည်မြဲ လိုက်ကြတာ ဘယ်သူတွေ သန်းရှင်းသလဲ
ဘယ်သူတွေကော တည်မြဲကြလို.လဲ? အခွင့်အရေးစောင့်နေတဲ့ အခွင့်အရေး
သမားတွေက အပျော့ ကွက်နှိုက် လည်မျို ညှစ်ြ့ပီး ဒါလိုခြင်တယ် ၊ဟိုဟာပေးပါ
နဲ့ တောင်းလာတော၊့ မနေ.ကပြော သလိုဘဲ ဗိုလ်နေ၀င်းတယောက် လူမိုက်ဝင်
်လုပ်ခဲ့ရတယ် ။ ဒီနောက် မြန်မာနိုင်ငံမှာ ပါတီတွေဟာ တက်သစ်စ ခေါ့င်းဆောင်
လေးတွေနဲ့ များသထက်တောင် များနေ သေးတယ် မျက်ဖြူစိုက် ဆရာကြိုက်
်ဆိုတာမျိုးပေါ့ ဘယ်တော့ ညီညွတ်ကြမှာလဲ ဘယ်သူတွေ ညီညွတ်ကြမှာလဲ၊။


၄၈ နှစ် ကာလဆီ တာဆူနေတာ တော့လဲ ဖြစ်နိုင်တယ်။ ပင်လုံ ပင်လုံနဲ ပြောနေကြတယ် ဘယ်လိုလုံတာလဲ မေးပါရစေ။ အင်္ဂလိပ် သြဇာမကင်းတဲ့ ပင်လုံ လို.မြင်တယ် ၊ အခုလဲ လုပ်လာပြောလာကြပြန်ပြီ ၊ ဒီမိုကရေစီကြောင်. ပြောရဲလာတာတဲ့။ ဒီမိုကရေစီ အရဆုံးဖြတ်ထားတာကို လက်ခံမလား လို. ဦးခွန်ထွန်းဦးဘဲဖြစ်ဖြစ် ဦးအေးသာအောင်ကိုဘဲဖြစ်ြဖစ် မေးစမ်းပါရစေ ။


တပ်မတော်ဟာ အသင်.အနေအထား တပ်လှန်.ထား ရမယ် ၊ နိုးကြားတက်ကြွ
နေရမယ် ၊ မြက်တောင် ခတ်ဘို. အချိန်မရှိဘူး။ အချိန်မရွေး အရေးပေါ်လာမယ်
အရေးပေါ်အခြေအနေ တွေအတွက်။ ပြီးခဲ့တဲ့ အပိုင်းက အမှားတွေရှိခဲ့ရင် ထပ်မှားနေဘို. မလိုဘူး၊၊ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်နိုင်ရမယ် ၊ကိုသိန်းစိနဲ့
်မညု ဘယ်သူ မျက်နှာမှ ထောက်စရာမလိုဘူး ။၊ မှန်တယ် ၁၉၄၇ ပင်လုံဆီ ပြန်သွားခြင်နေပုံရတယ် ။ တချို.ကလဲ ပွင့်ပွင့်ဘဲပြောနေ တာဘဲလေ။ ရှေကို ချီနေတာလား နောက်ကိုပြန်နေတာလား ? ၂၀၀၈ ခု ဖွဲ.စည်းပုံ အခြေခံ ဥပဒေ
ကို လေးစားလိုက်နာသလား မလေးစား မလိုက်နာဘူးလား။ မလေးစားမလိုက်
နာသူကို ဘာလုပ်မလဲ? မင်းသမီးဇတ်စီးတာ မင်းသားတွေ သောက်သုံးမကျ
လို. ပေါ့ ဗျာ။ ဇက်ကို တက်ခွ စီးနေတာလဲ ကြာပါပြီ အားလုံး မကြာခင် ဇက် ကြိုးကျ ကုန်လိမ့်မယ်။


မှန်မှန်ကန်ကန် လုပ်သူက လုပ်ပေမဲ့ ၊ လက်ခံသူက မှန်ကန်တယ် ဆိုပြီး လက်ခံ
မှ ဖြစ်တာ ။ သူများလုပ်တာ မှန်တယ်လို.လက်ခံရမှာ ၀န်လေးကြသူတွေ အများ
ကြီးဘဲ ။ “မောင်ဖြူရယ် မင်း ဖြူခြင်တိုင်း ဖြူတာမဟုတ်ပါဘူး ငါကဖြူမှ ဖြူတာ
ပါ” ဆိုတဲ့အရေးပိုင်ကြီး တွေ နေရာတကာမှာ ရှိတယ်။ ဒါကြောင့်လဲ မှန်တာကို လုပ်ရဲတဲ့ သူတွေ ဟာ ဘယ်သူကိုမှ မစော်ကားဘဲ ကိုယ့်ဟာကို နိုင်ငံနဲ့လူမျိုးတို.
အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမယ်၊ အဖုအထစ်မရှိ မှန်ပြင်လို ချောမွေ.နေတဲ့ လမ်း ။ ဖျောင့်တန်းသောလမ်း အကွေအကောက်မရှိသောလမ်း
၊ အတက်အဆင်းမရှိသောလမ်း ဆိုတာတွေကို မမြင်ဘူးဘူး၊ နန်းစံ ၂၆ နှစ် ရှိခဲ့တဲ့ နန်းသက် တလျှောက် ဗိုလ်နေ၀င်း ဘာတခုမှ မကောင်းခဲ့ဘူး လို ဆိုရင်
တော့ လွန်တာပေါ့ဗျာ ။


၁၈၈၆ မတိုင်ခင်က သီဘောဘုရင်ကိုဖြုတ်ချ ဘို.အကြံကြီးကြံသူတွေဟာ
သီပေါ အကြောင်း တပြားမတန် အပုတ်ချပြော ဆိုစွပ်စွဲ ခဲ့ကြဘူးတယ်၊ ဗိုလ်နေ၀င်းနဲ့မြန်မာသား ကောင်းတွေကိုလဲ အဲသလိုဘဲ ၂ ပြားမတန်အောင် စွပ်စွဲပြော
ဆိုအပုတ်ချခဲ့ကြတယ်။ သူတိုကရော ဘယ်လောက်ကောင်းကြသလဲ?
ဗိုလ်နေ၀င်းကို မြင်တောင် မမြင်ဘူး ဘူး၊ တွေ.တောင် မတွေဘူး တဲ့ သူတွေက
လေသံကြားတရားနာ။ အားမဏာပ အရှက်မရှိ လိုက်ပြောနေခဲ့ ကြသေးတာ တွေ.ရတယ် ။


ရွှေပေါ် စိန်ဆင့်ဘဲပြောပြော စိန်တဆင်စာဘဲ ဖြစ်ဖြစ် ၊ ရွှေတော့ ပါရအုံးမှာပါ. ပတ္တမြားမှန်ရင် နွံမှာ မနစ်ပါဘူး ဆိုတဲ့ စကားတော့ ကြားဘူးတယ် စိန် နွံနစ်ရင် ဘာဖြစ်တယ်ဆိုတာလဲ မသိဘူး။ ကိုသိန်းစိန်ဟာ ၁၉၆၈ ခု ကာကွယ်ရေးစစ်
တက္ကသိုလိက ၀ိဇ္ဖာဘွဲ.ရခဲ ပြီး အမှုထမ်းသက် တလျှောက်လုံး စစ်မှုထမ်းခဲ့သူ ဆိုတာတော.မှတ်တမ်းများအရသိရတယ်။ တိုက်ပွဲ အတွေ.အကြူံမရှိတဲ့ ရူံးထိုင် စစ်သားကြီး တယောက်လို.လဲ သိရတယ် ။


လူတိုင်းဟာ နိုင်ငံကို သူနည်းသူ.ဟန်နဲ့ ချစ်ကြတာချည်းဘဲ ၊ ဘယ်လောက်ချစ်
တယ် ဘယ်နည်းဘယ်ပုံ ချစ်တယ် ဆိုတာတွေ ကွဲပြားခြားနားကြမယ်၊ လူ ဆိုတာအကြိုက်ချင်းမတူကြဘဲကိုး၊ လူဆိုတာ လူ.သဘာဝကိုက မတူတာတွေ ရှိနေတာကို ညီ အောင်လုပ်ဘို. ဆိုတာကတော့ ကြားကောင်းတဲ့ လူ.စကားသာ ဖြစ်လိမ့်မယ် ၊ လူတွေကို ညီစေခြင်ရင် လူမိန်းမ လူယောက်ျား ဆိုတာကို G0D ဆိုတာက အစထဲကိုက ဖန်ဆင်းမှာ မဟုတ်ဘူး ။ လူဆိုတာ ကံ ဥာဏ် ၀ိရိယ လုံ.လပေါ်မှာ တည် ပြီး ကွဲပြားမှူ ရှိတယ် လို ပြော သူကို ဘယ်လို ယူဆမလဲ။ မှားတယ်လို.ပြောခြင်သလား? ကမ္ဘာလောကကြီးမှာ လူတွေဟာ ဘယ်နေရာ
မှာမှ မတူညီကြပါဘူး။ ဆင်းရဲသူ ချမ်းသာသူရှီစမြဲဘဲ။


လွှတ်တော် ထဲမှာ တပ်မတော်ကိုယ်စားလည် တွေအပါအ၀င် ပါတီပေါင်းစုံရှိနေ
ကြတာ အမြင်အားဖြင်.ကောင်းပါတယ်။ စည်းလုံး ဘို.လိုပါတယ်။ သူတို.အားလုံး တညီတညွတ်ထဲ ဖြစ်ခြင်မှဖြစ်မယ် အများသဘောတူ ဆိုတာဖြစ်နိုင်
တယ်။ ဘာကိုသဘောတူကြမှာ လဲ ဆိုတာက ပြသနာပါ ။ လွတ်တော်ထဲမှ ကြာသွားရင် ဖင် ဇိမ်တွေ.သွားမဲ့ တပ်မတော်သားတွေ မရှိလာဘူး မပေါ်လာ
ဘူးလို. သေချာပေါက်မပြောနိုင်ဘူး ။ ပြောင်ပြောင်ဘဲ ပြောရရင် တပ်မတော်
်ကို စတင်ဖွဲစည်း ကထဲက ဖျက်ဆီးဘို.ကြိုးပန်းသူတွေဟာ ၆၅ နှစ်လုံးလုံးလဲ ကြိုးပန်းခဲ့ကြ တာဘဲ ၊ အောင်မြင်တယ်လို.မဆိုနိုင်သည့်.တိုင် တချို.နေရာတွေ
မှာ အားပျော့လာတာကိုမငြင်းနိုင်ဘူး။ ဒါကြောင့် မဟာဗြူဟာ မပြောင်းလဲဘဲ. နည်းဗြူဟာပြောင်းလဲဘို. လိုအပ်တာကိုတော့ သက်ဆိုင်သူတွေလဲ သိပါလိမ့်
မယ်။ သတိမလစ်ဘူးလို.ယုံကြည် တယ် ။


မြန်မာနိုင်ငံမှာ အမျိုးသားတပ်မတော် တမျိုးထဲ ရှိဘို.မလိုဘူး မြန်မာနိုင်ငံမှာ လူမျိုးတမျိုးထဲ မဟုတ်တဲ့ အတွက် အင်္ဂလိပ်ခေတ် ကလို လူမျိုးစု တပ်ရင်းတွေ (ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် ဗမာ) ဖွဲ.ပြီး တပ်ကို ခွဲ ထားရမယ် ။ လိပ်ကန်တို.က ပူးတွဲ အုပ်ချုပ်ကွက်ကဲမယ် ဆိုပြီး နေတိုး စတိုင် တပ်မတော်
ပေါ့ ၊ ဒီအစီအစဉ်ဟာ ၁၉၄၅ ခုထဲက ရှိပြီးသားပါ ၊ အရှေ.တောင်အာရှ ဒေသ
မှာ မြန်မာတပ်မတော် ဟာ ထီးထီးကြီး အင်အားတောင့်တင်းနေတာ ကို မမြင်
လိုကြဘူး။ အထူးသဖြင် နူးကလီးယာ ပိုင်ရှင် မြောက်ကိုရီးယာနဲ့ မိတ်ဖြစ်တာကို
လည်း မရှုစိမ့်ဘူး ၊ မြန်မာနဲ.မြောက် ကိုရီးယာဟာ ဒေသက ကျန်နိုင်ငံတွေကို ချိန်းချောက်နေ တယ်လို.အနောက်ဖက်က တဖက်သပ်ယူဆနေတာ ကြာပြီ ။ သူတိုအကျိုးစီးပွားကာကွယ်ဘို.ဆိုပြီး မြန်မာနိုင်ငံမှာ တပ်မတော်အင်အား
လျှြော့ပီး အစောင့်အရှောက်ခံနိုင်ငံ တခု အဖြစ် ဖန်တီးလိုပုံရှိတယ်။နည်းလမ်း
တွေလဲရှိတယ်၊ ဥရောပ နိုငံတွေ ဟာ ဒီသဘောဘဲ ဆိုတာ ဘောပေါက်မလား မသိဘူး။ မြန်မာနိုင်ငံဟာ နွဲနစ်နေသူလို လှုပ်လေ မြုတ်လေဖြစ်နေရပြီ နောက် ဘာဖြစ်အုံးမှာလဲ ။ “ ခွေးဖြစ်မှတော့ ချီးကြောက်နေမလို.မဖြစ်ဘူး”လိ.ု မြန်မာ
တပ် ခေါင်းဆောင်တွေ ယူဆပုံရတယ် ။ ဒီခေါင်းဆောင်တွေထဲက ဘယ်သူ၊ အရပ်ခေါင်းဆောင်တွေထဲကဘယ်သူဟာ အမေရိကန် CIA နဲ့ ဗျြတိသျှ MI5 တိုရဲ့ အေးဂျင့် တွေဆိုတာကတော မသိဘူးလေ. ပြီးခဲ့တဲ့ အပိုင်းက. တရုတ် အေးဂျင့်.တွေ လို စွပ်စွဲမှုတွေ ရှိခဲ့တယ် ။


အကောင်းအမြင်တွေ အများကြီးနဲ့ ယှဉ်ပြီ အဆိုးမမြင်တွေလဲ ထပ်တူထပ်မျှရှိပါ
တယ်။ သစ္စာဖေါက် Whistle blower စသည်ဖြင့် အမည်မျိုးမျိုး ပြောင်းလဲ ခေါ်လာကြတာမှာ သစ္စာဖေါက် Whistle blower ဆိုသူတွေဟာလဲ သူတို.
နည်းနဲ့ သူတ.ို တိုင်းပြည်ကို သူတို ချစ်ကြတာဘဲလို.မြင်နိုင်ပါတယ် ။ သက်ဆိုင်
တဲ့ အစိုးရက သူတိုကို ဘယ်လို တံဆိပ်ခပ်နှိပ်ပြီး ဘယ်လို အရေးယူတယ် ဆိုတာသာ အဓိက ပါ။


နောက်ဆုံးပြောလိုတာက ဘိုင်ဘယ်ကျမ်းစာအရ အသဗြာ ၃၀ ယူပြီးယေရှုခရစ်
ကို ရောင်းစား သစ္စာဖေါက်တဲ့ ဂျူးဒတ်(စ) ဟာ ယေရှုကို ချစ်လိုပါဘဲ တဲ့။