Article submitted by: minkyaw thuyein on 22-Jun-2013  
မအေး ပြည့်တန်ဆာ ဖြစ်ရလိမ့်မယ် နော်။ ( ၂ )
ဒို.လူကလေးများ ဆိုသလေး ။

အသက် သွေး ချွေး တွေ ရင်းနှီးခဲ့တဲ့ လွတ်လပ်ရေးအတွက် တော်လှန်ရေးတွေ ကျုပ်လှန်ရေးတွေ ဟာ ဘာအဓိပါယ်မှမရှိတော့ဘူး၊ အာဇာနီ ဗိမာန် အာဇာနီ ကျောက်ရုပ် ကြေးရုပ်တွေလွတ်လပ်ရေး ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေ ၊ ကားချပ်တွေကို မီးပုံပွဲထဲသာ ထည်.လိုက်ကြ တော့ ။ လွတ်လပ်ရေးတိုက်ပွဲ ဆိုတာ သိဘို.ဝေးလို. လွတ်လပ်ရေးဆိုတာ ဘာမှန်းတောင်မသိကြသူတွေကို ဒုတိယမြောက် လွတ်လပ်ရေး ဆိုပြီး အယောင်ဆောင် လွတ်လပ်ရေးနဲ့ ဖျား
ယောင်းလိမ်ညာတိုက်ပွဲ ၀င်ခိုင်းတာကို အဟုတ်မှတ်လို. လုပ်ကြတဲ့ အတွက် စစ်မှန်သောလွတ်လပ်ရေးနဲ့တကွ အချုပ်အချာအာဏာပိုင်မှုတွေ ဆုံးရှုးံ နေရပြီ ဆိုတာသိကြရဲ့လား မောင် တို.?



အစိုးရတိုင်းဟာ လူထုအားကို အများကြီး လိုပါတယ်၊ ပြည်သူ.အစိုးရ လို.ခေါ်နိုင်ဘို. ပြည်သူတွေက ရွေးကောက်တင်မြောက်ရုံနဲ့ မပြီးပါဘူး။ အစိုးရဟာ ပြည်သူကို အချိုးကျ ကူညီနိုင်ရအောင် နည်းပေးလမ်းပြမှုတွေကို လုပ်နိုင်ရ
အောင် ပြည်သူကလဲ အစိုးရကို ဆက်လက်ပြီး ကိုယ်အား ဥာဏ်အားတွေနဲ့ ထောက်ခံအားပေး လိုက်နာဆောင်ရွက်ဘို.လဲ လိုပါတယ် ။ ဒီလိုထောက်ခံ အားပေးဘို. ဆိုတာမှာ အရာရာကို ဟုတ်ပါ့ဘုရား မှန်ပါ့ ဘုရား လို. လုပ်နေဘို. မဟုတ်ဘူး၊ အစိုးရလုပ်တိုင်းလဲ မှန်တာမဟုတ်ဘူး. ကိုယ့်အမြင် ကိုယ့် အယူအဆတွေကိုလဲ့ စည်းကမ်းအတွင်းက လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆို
ထောက်ပြဘို.ဆိုတာဟာ ပြည်သူတယောက်ရဲ့ အခွင့်အရေးတရပ်အဖြစ်ထက် ပိုတဲ့ တာဝန်တရပ် အဖြစ်ရှိနေတယ် ။



လွန်ခဲတဲ့ ၂၄/၅ နှစ်တရှောက်လုံးနဲ့ အခုထိ လဲ ဟိုဖိုရမ် ။ ဒီ ၀က်(ပ)စိုက် ကနေ အချိန်ယူပြီး ကြိုက်တာမကြိုက်တာ အပထားလို. အစိုးရ ကိုရော အတိုက်အခံကိုရော တာဝန်ရှိပုဂိုလ်တွေကို. အပြုသဘောဆောင်တဲ့ ပစ်တင်ဝေဖန်မှုတွေ အကြံပေးမှုတွေ ၊ တင်ပြခဲ့ တယ်။ . ဒီထဲမှာ အနောက်နိုင်ငံ ၊ အရှေ နိုငံတွေကို လည်း မြန်မာတွေ ဒီမိုကရေစီ ဆိုတာကို သိပ်နားမလည်ပါဘူး ထင်ရင်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိစေခြင်ရင်၊ မြန်မာခေါင်းဆောင်တွေကို ဘိတ်ကြားပြီး သူတိုနိုင်ငံတွေမှာ ဒီုမိုကရေစီကို ဘယ်နည်း ဘယ်ပုံ လက်တွေ ကျင့်သုံးတယ်ဆိုတာတွေ လေ့လာခွင့်ပေးရင် ကောင်းမယ်လိုလဲ အကြံ ပြုဘူးတယ် ။ သိသူတွေ သိကြပါတယ် ။


အင်မတန်ပူလှတဲ့ မဟာပိန္နဲ ဗြဟ္မာခေါင်း လို ၊ ကုန်းတင်လို.လဲမရ ရေချလိုလဲ မဖြစ်လို. နတ် သမီး ၄ ပါးတလှည်စီ ကိုင်ထားရတာ တာဝန်ကြီးလှတဲ့ ဒီခေါင်း
ပိုင်ရှင်ကို တာဝန်ဆိုတာဘာလဲ လို.သိရအောင် တာဝန်ပေးသင့်ကြောင်းတွေ
လဲပြောဘူးပါတယ်။ အမျိုးသား ရင်ကြား စေ့ရေး ပြန်လည် သင့်မြတ်ရေး ၊ အမျိုးသား စည်းလုံးညီညွတ်ရေး ၊ အာဏာ ခွဲဝေယူရေးတွေလဲ ပါသပေါ့ လေ။



မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်စို.မှု နဲ့ တကွ ပိတ်စို.မှူ ဘာကိုမဆို မလုပ်
ထိုက်ကြောင်း၊ မြန်မာဗုဓ္ဒ ဘာသာဝင် ဖြစ်ပါရက် ကိုယ် အာဏာရူးတာကို သူများရုးသယောင် အကြောင်ရိုက်တာတွေဟာ တချိန်ချိန်မှာ ၀ဋ်လည်တတ်
တယ် ဆိုတာ မပြောဘဲ သိရမဲ့ သူ ၊ ပရိတ်ကြီး ၁၁ သုတ်ရွက် နှင်လို.တောင် မရတဲ့ မယ်သီလရင် အယောင်ဆောင် ဘီလူးမ။ စသဖြင့် စသဖြင့် နာနာရော သာသာပါပြောခဲ့ဘူးတာတွေကို မှတ်တမ်းတွေမှာ တွေ.ရပါလိမ့်မယ်။ ဘယ်သူ
ကိုမှ ပုဂိုလ်အရ ချစ်လို.ဟုတ်ဘူး မုန်းလိုလဲ မဟုတ်ဘူး။ ပုဂိုလ်အရလဲ ဘယ်သူ.ကိုမှ မကိုးကွယ်ဘူး မဆည်းကပ်ဘူး။ ။ ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါးမှာ တောင် ဘုရားဟောတဲ့ တရားတွေကိုသာ အလေးထားတယ်။ ဘုရားကို ရိုသေတယ် ၊ လေးစားသင့်တဲ့ သံဃာကိုလဲ လေးစားတယ်။



မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမုတွေ လုပ်နေကြတာကိုတော့ရတယ်၊မကြာ သေးမီသော အတိတ်က ကိုယ်က ပြောလို.ပြောတဲ့ အတိုင်း ဖြစ်သင့် ဖြစ်စေ
ခြင်တာ အတော်များများ ဖြစ်လာတာတွေရတယ် ၀မ်းသာတယ်။ အားရကျေနပ်
တယ် ရာလုံးပြည့်တော့ မဟုတ်ဘူး။ လိုအပ်မှူ လိုအပ်ချက် တွေဟာ ထာဝစဉ်
ရှိနေမယ်၊ ပြီးပြည်.စုံတယ် ဆိုတာ ဘယ်သူမှ မရှိနိုင်ဘူး ဆိုတာကို ယုံကြည်ပြီး
သား မို. Arcophobia ဆိုတဲ့ အမြင့်ကြောက် ရော၈ါ ရှိလို. မဏ္ဍပ်တိုင် ဖက် တက်ရတဲ့ အလုပ်မျိုးကို မလုပ်လိုသလို ၊ အစက ငါ မပြောလား နင့်ကျော ဖုတ်တွေ ပေလို. ဆိုပြီးလဲ နောက်ကျမှ မပြောလိုဘူး။ ပြောစရာရှိတာအခုထဲ
က ပြောရမယ် ။ ပြောခွင့်ဆိုခွင့်တွေ ၊ ရေးသား ခွင့်တွေ အရ ဘဲပေါ. ။



ကိုယ်.ပြောလို. လိုက်လုပ်နေကြတာမဟုတ် ၊ သူတိုမှာလဲ ဒီအကြံကောင်းတွေ ရှိပြီးသားဖြစ်လိမ့်မယ်။ ကိုယ်ကလဲ တိုက်တိုက် ဆိုင်ဆိုင်ပြောတော့ သူတို. အားရပြီး လုပ်ရဲ ကိုင်ရဲ နဲ့ ထလုပ်ကြတာဘဲ လို. မြင်တယ်။ စောင့်ကြည့်နေ
တယ် ကြိုက်တာရှိတယ် မကြိုက်တာရှိတယ်၊ ဖြစ်လာတာ မဖြစ်သေးတာတွေ
ဟာလဲ သူတို.အကြောင်းနဲ. သူတို.ရှိတယ်ဆိုတာလဲ နားလည်တယ် ၊ ကြိုက်တာ
တွေလို. ချီးကျုး ခြင်မှ ကျူးမယ်၊ မကြိုက်တာတွေကိုပြောစရာရှိ ရင်တော့
အားမဏာတန်းပြောမှာဘဲ၊ ကိုယ်ပြောသမျှ ဟာ ကိုယ့်အတွက်မဟုတ်ဘူး၊ ကိုယ်အတွက် ဘာမှလဲ မလိုဘူး၊



မှတ်ပုံတင်လက်မှတ် ၊ နိုင်ငံသားလက်မှတ် ပြရတဲ့ ညဉ်.အိပ် ညဉ်.နေ ခရီးသွားရင် ရပ်ကွက် လူကြီး၊ ရဲစခန်း၊ လူဝင်မှု ကြီးကြပ် ရေး တို.ကို ဧည့်စာရင်းတိုင်ရတယ်။ တဦးထဲနဲ့လဲ မပြီးဘူး။ ဧည့်စာရင်းတိုင်ခ (ကြေး) ပေးရသေးတယ်၊ တရားဝင်ကြေးလား သဒ္ဒါကြေးလား အလှုခံ ရံပုံငွေလား ဘယ်သူအိတ်ထဲရောက်သွားသလဲတော့ မသိဘူးပေါ့၊ ငွေရပြေဆာ ဖြတ်ပိုင်းလဲ ပေးတာမဟုတ် ဘူး။ သိစရာလဲမလို ကိုယ့်ကိစ္စပြီးရင် ပြီးရော လို.သာ သဘော
ထားရတော့တယ်၊ ဒါမျိုးတွေကို အဂတိလိုက်စားမှူထဲ ထည့်ရမလား မထည်.ရဘူး လားတောင်မသိဘူး။ အစိုးရကိုယ်တိုင်က ခွင့်ပြုထားသလားဆိုတာလဲ မပြောနိုင်အောင် ရှုတ်ပွေနေတဲ့ ပုံရှိတယ် ။ ကိုယ်.မှာ စစ်ဆေးပိုင်ခွင့် မရှိဘူး၊ အစစ်ဆေး ခံရမဲ့ တာဝန်သာရှိတဲ့ သဘောဘဲ။ မြန်မာတွေဟာ တဦးနဲ့တဦး နိုင်ငံခြားသာတွေလို မှတ်ယူ ဆက်ဆံဘို.ကြိုးးစားနေတာကာလအတန်ကြာ
ကထဲကဘဲဆိုတာကိုလည်းသေသေချာချာလေ့လာရင် တွေလိမ့်မယ် ။



အဲဒီလို ဓါတ်ခံ ရှိခဲ့တာ၊ ရှိနေသေးတာကို လှစ်လှူရှုလိုတော့ဖြင့် မဖြစ်ကောင်း
ဘူး၊ စစ်မှန်သော ခေါင်းဆောင်ဆိုတဲ့ သူတွေဟာ စစ်မှန်သော အမျိုးသား
စည်းရုံးရေး စစ်မှန်သောတိုင်းရင်းသား ညီညွတ်ရေး ဆိုတာကို၊ လက်မ လက်မ
လက်ညှီုး လက်ညှိုး အတိုင်း အရေးမယူ ပညာပေးနေရုံနဲ့ မရဘူး ၊ ၂၁ ရာစု လူသားတွေဟာ လူမမယ် ကလေးတွေ မဟုတ်တော့ဘူး၊ ကောသလ အိမ်မက်
ထဲက နွားလေးတွေ ၊ တချို.ကိစ္စတွေမှာ လူကြီးတွေထက် ပိုပြီးသိနေကြတယ်၊ တိုင်းပြည်နဲ့လူမျိုးကိုဘယ်လောက်အကျိုးပြု အထောက်အကူ ဖြစ်ကြမယ်တော့
မသိဘူး။



နောင်ကိုဆိုရင် မြန်မာနိုင်ငံမှာ ပြည်နယ် တခုက တခုကို ဖြတ်သန်းသွားလာဘို.အတွက် နိုင်ငံကူး လက်မှတ် လိုအပ်တော့မဲပုံ၊ ပြည်နယ်ဝင်ခွင်. ဗီဇါ လျှောက်
ရတော့မလားမသိဘူး။ လက္ခဏာတွေ တွေ. နေရတယ် ။ မယုံရင် ပုံပြင်လို.သာမှတ်ကြတော့ ဒို.လူကလေးတို. ရေ။့



ဦးကောင်းလိမ်ထုတ်လို.ကုန်းဘောင်မင်းဆက် ပြုတ်ခဲ့ရတာတော့မှန်တယ် အခုခေတ်သစ် မောင်မကောင်း မယ်မကောင်းတို.ကြောင် မြန်မာနိုင်ငံ တမျိုး
တဖုံနဲ့. ပျောက်ရအုံးမယ်ဆိုရင်တော့ မအေးကိုယ်တိုင် ပြည့်တန်ဆာ ဘ၀ရောက်ရလိမ့် မယ် နော။


တော်သေးပြီး ။