Article submitted by: Thunderbolts on 16-Jun-2013  
တံခါးဖွင့်ဝါဒနဲ့ အမျိုးသား စီမံကိန်းမ
ဒို.မြန်မာမျိုးချစ် အပေါင်းတို. ၊


တံခါး ဖွင့်တယ်ဆိုတော့ အ၀င်တံခါးလား ၊ အထွက်တံခါးလား ၊ အ၀င် အထွက်
တပေါက်ထဲလား ? တတ်လို.တော့မဟုတ်ဘူး စိတ်ဝင်စားလို.ရိုးရိုးမြင်ကြည့်တာ
ပါ ။ တခြားစကားတွေ မပြောခင် ၊ ပြောခြင်တာလေးတခုကတော့ လူကြီးသူမ
တွေ ပြောဘူးတဲ့ စကားဘဲ ။ ကိုယ် လုပ်မှ ကိုယ်စားရမယ် တဲ့။


နိုင်ငံကို ထူထောင်ရာမှာ နိုင်ငံမှာရှိတဲ့ လူဦးရေရဲ. စားဝတ်နေရေး လိုအပ်
ချက်အရပ်ရပ်ကို နိုင်ငံမှာရှိတဲ့ ပစ္စည်းသယံဇာတ ။ လူ သယံဇာတတွေကို မျှတစွာ အသုံးချသွားဘို့.၊ ပြင်ပနိုငငံတွေနဲ့ ဆက်သွယ်ပြီး ကိုယ်မှာပိုတာတွေ ရောင်း. လိုတာတွေ သူတို.ဆီက ၀ယ်တန်တာ ၀ယ် ။ ဖလှယ်တန်တာ ဖလှယ်
ဆိုတဲ့ နည်း အဖုံဖုံ ရောင်းဝယ်ဖေါက်ကား စံနစ်ကို ကျင့်သုံးကြရတယ် ။


ကမ္ဘာ.ငွေကြေးစံနစ်နဲ့ လဲလှယ်မှူနှုန်းကိုလေ.လာရင် မမျှတာတွေ ကိုတွေ.ရမယ် ၊ အဲဒီလိုကွာခြားနေရတာကိုအကြမ်းအားဖြင့်ပြော ရရင် နိုင်ငံတခုနဲ.တခု ကုန်ထုတ်စွမ်းအားခြင်း မတူကြလို.ဆိုတဲ့ ကွဲပြားခြားနားခြင်းတွေက ခွဲခြားမှုတွေကိုဖြစ်စေတာဘဲ လို. နားလည်သဘောပေါက်နိုင်တယ် ။ နိုင်ငံရေး
လောကမှာ ပြောနေတဲ့ စကားတွေကတော့ လူလူချင်း ခေါင်းပုံဖြတ် အမြတ်ကြီး
စား ၀ါဒ ရှိနေလိုဘဲ လို.ဆိုတယ် ။


အခုချိန်မှာ ဥရောပ တိုက်က နိုင်ငံတွေ ကြားမှာ သုံးငွေစံနစ် တခုတည်းသာ ရှိတယ်။ One for all, and all for one ဆိုတဲ့စကားအတိုင်းးဘဲ ပေါ။ သူတိုကြားမှာ ငွေကြေးလဲလှယ်မှူ နှုန်းဟာ မရှိတောဘူး တကျပ် တကျပ် ချင်းဘဲ ။ လူလူချင်း ခေါင်းပုံဖြတ် အမြတ်ကြီးစား ၀ါဒ မရှိတော့သယောင်ဘဲ ။ သူတို.သုံးငွေဟာ နိုင်ငံတကာမှာအ မြင့်ဆုံးဘဲ ၊ တရားတာ မတရားတာ မျှတာ မမမျှတာ ဘာကြောင့်ဆိုတာကတော့ သူတိုပြောတဲ့ သူတို.စကားပေါ် မှာတည် တယ်၊ အီယူ ဆိုတဲ့ ဥရောပနိုင်ငံများအဖွဲ.မှာ အင်္ဂလန်နိုင်ငံဟာ အဖွဲ.၀င်ဖြစ်ပေမဲ့ ငွေကြေးအဖွဲ.ထဲမှာတော.မပါဘူး၊ သူရဲ. သုံးငွေ စတာလင်ပေါင်ငွေ
ကိုဘဲ စွဲကိုင်ထားတုန်းဘဲ ။


မြန်မာသုံးငွေနဲ့ နိုင်ငံခြားငွေတွေကို နှိုင်းယှဉ်လိုက်ရင် မြန်မာဟာ အမေရိကန် ဒေါ်လာ တဒေါ်လာရဘို.အရေး အမေရိကန်ထက် အဆပေါင်း ၉၀၀ ကျော် အလုပ်လုပ်နေရတယ် လို.ဘဲ ပြောရမလာသိဘူး။ ကိုယ်.အတွက် တကျပ် ချန်ပြီး သူများကို ၉၀၀ နီးပါး ပေးနေရတာကို တရားတယ် မျှတတယ်လို.ပြော
ခြင်လဲ ပြောကြပေတော့ လေ၊ လောလောဆယ်တော. ဘာမှမတတ်နိုင်ပါဘူး။ တချိန်ကဆိုရင် မှတ်မိသလောက် တဒေါ်လာဟာ မြန်မာငွေ ၆ ကျပ် ၊ စတာလင်
တပေါင်ကို မြန်မာငွေ ၁၃ ကျပ် ထိ သာပေးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တယ်။


မြန်မာနိုငံမှာ အစိုးရတွေဟာ ၄ နှစ် စီမံကိန်း ၅ နှစ် စီမံကိန်းနဲ့ သူ တို. အစိုးရ
သက်တန်းအတွင်း လုပ်ကိုင်ဆောင်ရွက်မဲ့လုပ်ငန်းတွေ အတွက် စီမံကိန်း ( National Planning ) ဆိုတာတွေကို ပါလီမန်အစည်းအဝေး ဘဏ္ဍာရေးနှစ် မစခင်မှာြ့ပီးခဲတဲ့ နှစ်က ရ သုံး စာရင်း ။ လာမဲ့ နှစ်အတွက် ခန်.မှန်းခြေ ရသုံးစာရင်း ယာထားချက်တွေကို ကြေငြာ မဲခွဲ တတ်တယ် ။ ဘတ်ဂျက် ကြေငြာရင် တိုင်းပြည်မှာ ဘာတွေ လုပ်ခဲ့ပြီ ဘာတွေ ဆက်လုပ်မယ် ဘာတွေ အသစ်ချမှတ်ဆောင်ရွက်မယ်ဆိုတာ တွေကို ဒိုနိုင်ငံသားတွေ ဘယ်လောက်
များ စိတ်ဝင်တစားလေ့လာကြသလဲ ဆိုတာတော့ ကိုယ်ဟာကိုဘဲ သိကြလိမ်.မယ်။


ရွေးကောက်ပွဲမှာ ဒီအစိုးရ ပြုတ်သွားရင် ဒီစီမံကိန်းလဲ စုတ်စ မြုတ်စ မြုတ်သွား
တယ်၊ နောက် အစိုးရကလဲ ဆက်ပြီးအကောင် အထည်ဖေါ်ဘို.ထက် နောက်
ထပ် သူ.စီမံကိန်းအသစ်တွေ သူ.ဟာသူချမှတ် ဆောင်ရွက်တာက များတယ်။ ပဌမ အစိုးရရဲ စီမံကိန်းကို အတိုက်အခံ ပြုသူတွေဟာ သူတို.အစိုးရ ဖြစ်လာချိန်
မှာ ထွက်ရတဲ့ ပဌမ အစိုးရ လူတွေကလဲ အတိုက်အခံပြုကြ ပြန်တယ် ။ အစိုးရ တဖွဲအောင်မြင်သွားမှာကို မလိုလားကြဘူး တိုင်းသူပြည်သားတွေ ကိုမှထောက်
ထားခြင်းမရှီဘက်ကြဘူး။ အားလုံးကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို.အကျိုး
လို. ပြောကြတာချည်းဘဲ ။


ဒို.သက်တန်းမှာ အစိုးရအမျိုးမျိုးတို.က စီမံကိန်းတွေ အမျိုးမျိုးတွေ ချမှတ်ခဲ့
တာတွေ.ရပေမဲ့ ။ တကယ်တန်း နိုင်င်ငံဟာ တိုးတက်ဖွံဖြိုးသင့် သလောက် မတိုးတက်ခဲ့ဘူးလို. သုံးသတ်ကြတယ် ၊ ဒီလိုမတိုးတက်ခဲ့ရတာဟာ အစိုးရရဲ တာဝန်ဖြစ်တယ် လို. ဆိုပြီး ခေါင်း ဆောင်တွေ အပေါ် အပစ်ပုံချခဲ့ကြတယ် ။ လက်တွေ လုပ်ကြရမဲ့ ဒို.လူမျိုးတွေကိုယ်တိုင်က ဘယ်အစိုးရနဲ့ ပူးပေါင်းဆောင်
ရွက်ခဲ့သလဲ ၊ တာဝန်ကျေခဲ့ကြသလဲ ဆိုတာတွေ ဘယ်သူမှ မမေးဘူး။ ပြင်ပ ပယောဂ ဘယ်လောက်ဝင်သလဲ လို. ဘယ်သူမှ မစမ်းစစ်ဘူး ။


တမျိုးသားလုံးနဲ. သက်ဆိုင်တဲ့ အမျိုးသာ စီမံကိန်းတရပ်ကို တမျိုးသားလုံး(အမျိုးသမီးပါ) အားသွန်ခွန်စိုက် တတပ်တအားဆောင်ရွက်မှသာဖြစ်မယ်ဆိုတာ
သိသင့်တယ် . လက်ညှိုးတချောင်းနဲ. ဟိုထိုး ဒီထိုး လုပ်လို.မရဘူးဆိုတာကို
တော့သိသင့်ကြတယ်။ အစိုးရ ချမှတဲ စီမံကိန်း တမျိုးသားလုံးသဘောပေါက် တတပ်တအားပါဝင် ဆောင်ရွက်အောင် မစည်းလုံး နိုင်တာဟာ အစိုးရရဲ တာ
ဝန်လို. ပြောနိုင်သလို. နားလည်သဘောပေါက်နိုင်တဲ့ အခြေခံ အသိဥာဏ် မရှိကြတာကတော. တမျိုးသားလုံရဲ.တာဝန်ဘဲ။


လူတွေ လိုအပ်နေတဲ့ စား ၀တ် နေရေး အတွက် လူတွေကသာ ဖန်တီးကြရတာ
မှာ အသိပညာရှင် အတတ်ပညာရှင်တွေ လုံလုံ လောက်လောက်ရှိဘို.လိုပါ
တယ် ။ ဒီ အသိပညာရှင် အတတ်ပညာရှင် ဆိုတာတွေဟာ ၊ရန်ကုန်တက္ကသိုလ်၊
Oxford တက္ကသိုလ် ၊ Yale တက္ကသိုလ်တို.က ထွက်တဲ့ပညာရှင်တွေကိုသာပြော
နေတာမဟုတ် ၊ လောကတက္ကသိုလ် လမ်းပေါ်တက္ကသိုလ် တို.မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားစရာတွေဆီ က အထာရသ ၁၈ ရပ် တတ်မြောက်လာသူတွေလဲ
ပါ ပါ တယ်။


မြန်မာနိုင်ငံ ကို တိုးတက်ဖွံ.ဖြိုးသော ခေတ်မီစက်မှုနိုင်ငံအဖြစ် တည်ထောင်ရေး
ဟာ အစိုးရရော လူတွေရော အမောင် တောင်မှန်း မြောက်မှန်းမသိ ရောင်လယ်
လယ် လုပ်နေဘို. အချိန် မှရီပါဘူး ။ ဘာကိုထော်ကခဲမယ် ဘာကိုကန်ကွက်
တယ် ဆိုတာ တိတိကျကျ စည်းကမ်းနဲ့ထောက်ခံ ကန်.ကွက် ဘို.လိုတယ် ။ ဘာမှန်းမသိဘဲ အာပြဲ အာပေါက်အောင် အော်ကြဟစ်ကြ လုပ်နေကြလို.မဖြစ်ဘူး၊


ဒီမိုကရေစီ ဆိုတဲ့ စာတွေ. သဘောတရားတွေကိုတော ထပ်မပြော လို တော့ဘူး ။ လူအများကောင်းစားရေး ၀ါဒ ဆိုတာဟာလဲ ဒီမိုကရေစီနဲ့ ဆန်.ကျင်ဘက်မဟုတ်ဘူး ဆိုတာကိုတော့ အထူးသိစေခြင်တယ်။ အတ္တနဲ.ပရ ဆိုတဲ့ စကားလဲ ရှိတယ် ကိုယ့်အကျိုး သူများအကျိုး မျှတအောင် လုပ်ရမယ် တဲ့။


ပြောင်းလဲမှုတွေ မြန်ဆန်နေတဲ့ ကာလမှာ ၄ နှစ်/ ၅ နှစ်/ နှစ် ၅၀ / နှစ် ၁၀၀/၂၀၀ စီမံကိန်းတွေ ချလို.ရော လုံ.လောက်ပါ့မလား? ဒီနေ.သည် ယမန်
နေ.မဟုတ်၊ မနက်ဖြန်သည်လည်း ယနေ.မဟုတ် နောက် တနေ.သာဖြစ်သည် ။


လက်တွေကျကျ ဥပမာ ပြောရရင်. မြန်မာတွ မုန်.ဟင်းခါး ကြိုက်တယ် စားတတ်ကြတယ် ဆိုလို. တနိုင်ငံလုံးကလူတွေ မုန်.ဟင်းခါး ဘဲစီ့းားဖြစ် ချက်
ရောင်းနေလို.မရ ဘူး၊ ကိုယ်ချက်တာ ဘဲ ကိုယ်စားကြတော.မှာမို. ဘယ်သူကိုမှ မရောင်းရဘဲ ကိုယ်အပါအ၀င် အားလုံးဘဲ မွဲသွားမယ် ၊ ဌက် ပြော ပင်တွေ ပြုန်း
ပြီး ဌက်ပြောသီးတွေ ရှားလို.၊ ကန်တော့ပွဲတောင် မထိုးနိုင်လို. ပြောရမလား၊ ခေတ်မီစကား သုံြး့ပီးပြောရရင် ဌက်ပြောပင်တုန်းလို ပါတ်ဝန်းကျင် ကို ထိခိုက်
တယ် လို. ပြောရမလား? တခြားဟာတွေလဲ ဒီအတိုင်းဘဲ မို. ဘယ်ဆိုင်မျိုး ဘယ် နှဆိုင် ရှိအပ်တယ် ဆိုတဲ့ စည်း ကမ်းမျိုးကို စည်ပင်က မချရင် ။ ဘယ်သူ
မှလဲ စီးပွားဖြစ်မှာမဟုတ်ဘူး။ ကိုယ် စီးပွား မဖြစ်လို. တခြားစီးပွားဖြစ်နေသူ လုပ်သမျှ လိုက်လုပ်ရင် ကိုယ် ဖြစ်ခြင်မှဖြစ်မယ် သူများကိုလဲ ပျက်ဆီးစေနိုင်
တယ်။


ဒီနေ.မြန်မာနိုင်ငံမှ စီးပွားရေး တံခါးဖွင့်ဝါဒကို အခွင်အရေးယူ ရင်းနှီး မြူတ်နှံ့ ကြသူတွေ တဆင့်လက်ဝေခံ ရင်းနှီးမြုတ်နှံသူတွေ သတိထားရမဲ့ အချက်တွေ အများကြီး ရှိတယ် . ဘယ်သူကိုမှ ခြောက်လှန်.စရာလိုဘူး ။ ဘယ်စီးပွားရေး
စံနစ်မဆို အရှုံး အမြတ် အရင်း ဆိုတာရှိစမြဲဘဲ။ ဒီထဲမှာ ဦးနာအောက် တယောက် လူမွဲ ကြေငြာခဲ့ရပြီး ဧရာဝတီ ဖလုတ်တေလာ လက်ဝါးကြီးအုပ်သွား
တာ မျိုးကို သတိထားရလိမ့်မယ်။ တခြားဘာတွေ ရှိသေးသလဲ ဆိုတာလဲ ကြည်.ရမယ် ။


Build Operate and Transfer(BOT) ဆိုတဲ့ စံနစ်ကို ၁၉၈၈ ခုအပြီးမှာ ၃ နှစ် ၄ နှစ် ၅ နှစ် စီမံကိန်းတွေနဲ့ လုပ်ခဲ့ ကြဘူးတာကို မှတ်မိတယ် နောက်ပိုင်း စီးပွားရေးပိတ်ဆို.မှုတွေကြောင့် BOT လဲ အရှိန်လျှော့ကျ သွားရတယ် ၊ အခုလာပြန်ပြီ BOT နှစ် ၅၀ စီမံကိန်းတဲ့၊


အနောက်အုတ်စုဟာ သူတိုဖဲထုတ်ကို သူတို.ဖါသာ ကုလားဖန်ထိုး။ သူတို.ကိုယ်
တိုင်ချိုြး့ပီး သူတို.ဟာသူတို ဖဲဝေနေကြတာဟာ တရားမျှတတယ်တဲ့လား၊ လက်ခံစရာလား ? မြန်မာ နိုင်ငံကို တကယ်ဘဲ တိုးတက် ဖွဲဖြိုးစေခြင်လို.တဲ့လား ယုံနိုင်စရာလား ၊ တရုတ်နိုင်ငံနဲ့ တခြား တလက်နိုင် နိုင်ငံလေးတွေကို လူမွဲ ဖြစ်စေအောင်၊ မြန်မာနိုင်ငံကို လက်ဝါးကြီးအုတ်ရအောင်လား ?
အားလုံးဟာ ကိုယ်ဘာပြောလို. ကိုယ်ဘာလုပ်နေကြသလဲ ဆိုတာ သူများကို မပြောသည့်တိုင် ကိုယ့်ဟာကိုယ်တော သိကြမှာပေါ့ ၊ ဆိုလိုတာက နိုင်ငံရေး
သမားတွေဟာ နိုင်ငံရေးစကားတွေ ပြောကြမယ်၊ သူများလုပ်တာကို ထောက်ခံ
ဘို. နေနေသာသာဆန်.ကျင် ကန်.ကွက်ကြဘို.များတယ်၊ သူတိုပြော့တာသာ မှန်တယ် သူတိုလုပ်တာသာကောင်းတယ်လို. ပြောကြတာချည်းဘဲ၊ လူထုက တကွက်ကျော်မြင်ဘို.လိုလိမ်.မယ် ၊ ဒါမှလဲ အစိုးရကို လူထုက ထိမ်းနိုင်မယ် ။ လူထုဟာ ပုဂိုလ်စွဲတွေ ၊ ဘာသာစွဲတွေ ပါတီစွဲတွေ မရှိသင့်ဘူး ။ လူထုဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးတို.အပေါ်ဘဲ သစ္စာထားရမယ်။


မှန်တဲ့ စကားပြောရရင်. မြန်မာနိုင်ငံမှာ ဘယ်သူတွေလာပြီး ဘာဘဲရင်းနှီးမြုတ်နှံ
နှံ ၊ ကိုယ်လုပ်မှ ကိုယ်စားရမယ် ကိုယ်လုပ်တာ သူများကချည်း စားနေတယ် ဆိုရင်တော့ ကိုယ်ညံ့ လို.ဘဲပေါ. ။ ကိုယ့်ဟာကိုယ် လဲ စဉ်းစားကြစမ်းပါ ။ မြန်မာတွေအလုပ်မရှိကြလို. အလုပ်ရအောင် လာပြီးရင်းနှီူမြုတ်နှံကြပါ လို. ဘိတ်ခေါ်တာဟာ ကြားကောင်းတဲ နားဝင်ချိုစကားလုံးတွေဘဲ ၊ မှားတယ်လိုလဲ မဆိုလိုပါဘူး ၊ မြန်မာတွေ ဟာ အလုပ်သမားလူတန်းစား သက်သက်ဘဲဆိုတာ ရုပ်လုံးပေါ်နေတယ်၊ မြန်မာတွေ သူများနိုင်ငံသွားပြီး လုပ်ခစား လခစား လုပ်နေ
ကြတာဘဲ ဘာများ ထူးသွားမှာလဲ လို. ?


တထွာပြ တလံ မြင်နိုင် ကြတဲ့ ပညာရှိ ပူဂိုလ်တွေ ပါရဂူတွေ ကျွှမ်းကျင်သူတွေ
ဟာ ဒီက ဘာပြောနေတယ် ဆိုတာကို သိရှိခန်.မှန်း နိုင်ကြပါလိမ်မယ် ၊ ဒို.မျိုးချစ်တွေကလဲ ကိုယ်တာဝန် ကိုယ်သိ ကိုယ်.တာဝန် ကိုယ်ကျေပြွန်ကြဘို. လိုပါတယ် ။

တော်သေးပြီ ။