Article submitted by: minkyaw thuyein on 14-Jun-2013  
အမေကျော် - ဒွေးတော် လွမ်းခြင်း ။
ဒို.လူကလေးများဆိုသလေး။

မြန်မာ့သိက္ခာ - မြန်မာ့တန်ဘိုးကျအောင် ။ တနည်းအားဖြင့် မြန်မာ လူမျိုး တန်ဘိုးကျအောင် ဘယ်သူတွေ လုပ်နေတာလဲ ။ မလုပ်ကောင်းပါဘူး ။ ခေါင်းဆောင်ဆိုတာက စပြီး မြန်မာတချို.ဟာ အမေ ကျော် ဒွေးတော် လွမ်းတာ ၊ အဖေကျော် ပြီး ပထွေးလွမ်းတာတွေဟာ အကျင်.လို ဖြစ်နေကြပြီ ဆိုတာကို တွေ.နေရတယ် ။ အတော်တော့ ရှက်စရာဘဲ ၊ ရှက်တယ် ဆိုတာလဲ ရှက်တတ်
သူတွေ အတွက်ပါ၊ အရှက်မရှိသူတွေ အတွက်တော့ မဟုတ်ဘူး။ မြန်မာစကား
မှာ ကြိုက်မရှက် ၊ ငိုက်မရှက် ၊ ငတ်ရှက်ဆိုတာ ရှိထားတော့ မြန်မာအားလုံးဟာ ဘာကိုကြိုက်နေသလဲ ၊ ငိုက် နေ သလား ၊ ငတ်နေသလား ဆိုတာတွေကို အကြောင်းအကျိုး စမ်းစစ်ဘို. လိုလာတာကတော့ အမှန်ဘဲ ။


အခုတလောမြန်မာနိုင်ငံ က နိုင်ငံရေးသမား အတန်းအစားထဲ ၀င်နေသူအခွင့်
ထူးခံတချို.ဟာ နိုင်ငံခြားသွား သွာြး့ပီး တိုင်းပြည် နဲ့ လူမျိုးအကျိုး ၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးအကြောင်းပြပြီး၊ ကိုယ်ကျိုးရှာနေကြတာကို မြင်ရ ကြားရတယ် ။ မြန်မာမှူအသိုင်း အ၀ိုင်း မှာ ၊ ဘုရားလဲဘူးရင်း- လိပ်ဥလဲ တူးရင်း ဆိုတာရှိ
ထားတော့ ။ ဒီလိုလုပ်တတ်တဲ့ အကျင့်တွေရှိကြလို.သာဘဲလို.ဆိုပြီး လက်ခံရ မလား ။ မဟုတ်ဘူးသေးဘူး။ အစဉ်အလာတခု အဖြစ်လဲ မဖြစ်သင့်ဘူး လက်မ
ခံသင့်ဘူး။


ဒီလိုပြောလို.တော့ အမြင်ကျင်းမြောင်းတယ် ၊ ကလေးကုလား ဆန်တယ်လို.သက်ဆိုင်သူတွေက ကိုယ့်ကိုကိုယ် ကာကွယ်စောဒက တက်ခြင်သလား ၊ တခြားအကြောင်းတွေ ပြခြင်သလား၊ ကိုယ်လုပ်တာမှန်သမျှ ကို.ယ်ကျိုးမပါ တရားတယ် လို.၊ ပိဋိကတ် ၃ ပုံမှာ ကျမ်းကျိန်ရဲသလား ။ ငါ့လို ခံစားခြင်ရင် ငါ.လို လုပ်ပေါ့လို. အားပေးအုံး မလို.လား?


ဒီထဲ မှာ နိုင်ငံခြားရောက်မှဘဲ ကျနော် /ကျမ နိုင်ငံတော် သမတ ကြီးဖြစ်ခြင်ပါ
တယ် ဆိုတာက ဘာ လဲ? မြန်မာပြည်သူတွေ နဲ့ ပြည်ထောင်စု လွှတ်တော်က
သာ ရွေးချယ် နိုင်တယ် ဆိုတဲ့ ဖွဲ.စည်းပုံ အခြခံ ဥပဒေကို မထေမျက်မြင် ပြုတာ
လား။ ကိုယ့် အတွက် မဲစွယ်ပေးဘို. Foreign media ကိုသုံးတာ လား၊ Foreign Government ကို အားကိုးသလား။ ပြီးခဲ့တဲ့ အပိုင်းကလဲ ဒီအကျင့်
တွေ သုံးခဲ့ကြဘူးတယ် ၊ ဘယ်သူက ခင်ဗျားတို.ကို မြန်မာနိုင်ငံတော် သမတ
ကြီး ခန်.မှာ မို.လဲ ၊ အမေရိကန် ကလား ၊အင်္ဂလိပ်ကလား ပြင်သစ်ကလား ၊ ဂျပန်ကလား၊ အထက်က သင်္ခဏ်းစာတွေ မှာ အင်္ဂလိပ်နဲြ့ပင်သစ် ၊ အင်္ဂလိပ်နဲ့
ဂျပန်တို.ကြောင့် မြန်မာနာခဲ့ ရတယ် လို. ဆိုရင် လဲ ဆိုပါ ၊ မြန်မာတွေ လူပေါင်း
မှား တာကို တော့ ချန်မထား ကောင်းပါဘူး ၊ အရှက်မရှိတာတွေ။ အမေကျော် ဒွေးတော် လွမ်းတာတွေ. ပထွေးလွမ်းတာတွေဟာ အဲဒီထဲက ရှိခဲ့ဘူးတယ် လို. မှတ်ယူရတော.မယ်။


သမတ ဖြစ်ခြင်တာ ၀န်ကြီးချုပ်ဖြစ်ခြင်တာ. နောက်ဆုံး ဘုရားဖြစ်ခြင်တယ် ဆိုတာတွေဟာ အပြစ်မဟုတ်ပါဘူး၊ Aim high ဆိုတဲ့ အင်္ဂလိပ်စကား ရှိသလို၊ မြန်မာစကားမှာ မြင့်မြင့် ကြံ ဆိုတာ ရှိတယ် ၊ ဒါပေမဲ့ ရိုးရိုးကျင့် - - - မှန်တာပြော ဆိုတာတွေရဲ ကြားမှာ ထည့်ထား တွဲထားတယ် ။ သူခိုးကြီး ဖြစ်ခြင်
တယ် ဒါးပြကြီး ဖြစ်ခြင်တယ်လို.တော့ ဘယ်သူမှ ထုတ်ဖေါ်မပြောဘူး ဖြစ်လာ
ရင်တော့လဲ အကြောင်းကြောင်း နဲ့ ပေါ.။ သူခိုး ဒါးပြဆိုတာလဲ ရှိတယ်၊ သိသာ မြင်သာအောင် တော့ ခေါင်းမှာ ဂျိုပေါက် မနေဘူး။ သူလို ငါလိုဘဲ ၊ လက်ပူး
လက်ကျ ဖမ်းမိတော့မှသာ ဘယ်သူ ဘယ်ဝါဆိုတာသိကြရတာ။ ဖြစ်ခြင်တဲ့ စိတ် ဘာမှ မရှိရဘူး၊ လူသဘော သဘာဝနဲ့ မကိုက်ညီဘူးလို.လဲ မပြောလ
ိုပါဘူး ၊ အခုပြောနေတာက အမေပျော် ဒွေးတော် လွမ်း နေတာ တွေကို ပြောနေတာဖြစ်တယ်။ ကိုယ့်ဟာကိုယ် ဘယ်သူတွေ ဆိုတာတော့ သိကြမှာ
ပေါ့။ နိုင်ငံခြားသွား သွားပြီး နိုင်ငံခြားသား တွေကို ဘုရားအမှတ်နဲ့ လက်အပ်
ချီ ဆုတောင်းနေတာကတော. လွန်တာပေါ့ မောင်တို့ မယ်တို.ရဲ့။


ငယ်ငယ်တုန်းကဘဲ ကျောင်းမှာ အက်(စ)ဆေး ဆိုတဲ့ စာစီစာကုန်းရေးရတဲ့ အခါ၊ ကိုယ့်စိတ်ကူးယဉ် ချက်တွေ ဘာဖြစ်ရင်ဖြင့် ဘာတွေကို ဘယ်လိုလုပ်မယ်
ဆိုတာတွေ ရေးချ ပြကြတယ် ၊ ဒီထဲမှာ ၀န်ကြီးချု့ပ် ၊ သမတ လုပ်မယ်ဆိုတာ
တွေလဲ ပါပေ မပေါ့ ဗျာ။ ဘယ်နှစ်ယောက် ဘာဖြစ်ခဲ့ကြတယ်တော့ မသိဘူး၊
ကျုပ်တို.တော့ မဖြစ်ခဲ့ ပါဘူး။ ဆုတောင်း မကောင်းလို.ထင်ပါရဲ့၊ မတောင်းတတ်
ဘူးဆိုရင် ပိုမှန်မယ် ။


ကျုပ်တို.တွေ ငယ်တုန်းက မပီကလာ ပီကလာနဲ. နော်တို. ကြီးရင် ချာဝန်ဂျီး လုပ်မယ်။ ချစ်တားဂျီး လုပ်မယ် လို.ပြောတာကို အမေနဲ့ ကြားရသူတွေက ပီတိဖြစ်ကြတယ်။ ဒီ ဆရာဝန်ကြီးတွေနဲ့ စစ်သားကြီးတွေဟာ တိုင်းပြည်တိုင်
းမှာလိုအပ်နေတယ် အခု ချိန်ထိလဲ အချိန်မရွေးလိုအပ်နေတုန်းဘဲ ၊ တိုင်းပြည် တခုမှာ တခြားလိုအပ်ချက်တွေ ဘယ်လောက်ဘဲ ပြည့်စုံနေစေ ။ သူတို.ကို ကာကွယ်စောင့်ရှောက်ဘို. ဆရာဝန်ကြီးတွေ စစ်သားကြီးတွေဟာလဲ အမြဲ
မပြတ် လိုအပ်နေပါတယ် ၊ ကမ္ဘာကြီး ခေတ်မီလာတာနဲ့ အမျှ သူတို.လဲ ခေတ်မီ
လာရပါလိမ့်မယ်။ ခေတ်မီစစ်လက်နက်ပစ္စည်းတွေ သုံးလာတဲ့အခါ စစ်သားတွေ သိပ်မလိုတော့ဘူး၊ ပိုထွက်လာတဲ့ လူအင်အားကို တခြားလိုအပ်တဲ့နေရာတွေမှာ
သုံးရမယ်ဖြစ်လို. လိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ ပညာပေးလေ့ကျင့်မှု တွေ လုပ်ပေး
ရမယ် ။


မြန်မာရာဇ၀င်မှာ စစ်သားတွေ သူရဲကောင်းတွေရှိခဲ့ပါတယ်။ ဘီ စီ ၄၈၀ က Spartans ရာဇ၀င်အရ Thermopylae တိုက်ပွဲမှာ သူရဲကောင်းဘုရင် Leonidas I နဲ့သွေးသောက် ၃၀၀ တို.လို ရွတ်ရွတ်ချွံ ချွှံ စွန်စားခဲ့ကြပေမဲ့ Malian လူမျိုးစုဝင် Greek သစ္စာဖေါက် ၊ အဖေကျော် ပထွေးလွမ်းသူ Ephialtes ကြောင့် Leonidas I နဲ့သွေးသောက် ၃၀၀ အပါအ၀င် Greek တပ်မတော် အကျအဆုံး များခဲ့ရတယ် ။ ဒီသင်္ခဏ်းစာအရ မြန်မာနိုငံမှာ သစ္စာ
ပေါက် Ephialtes တွေကိုရှာဖွေ ရှင်းလင်းပစ်ဘို.လိုအပ်နေတာအမှန်ဘဲ။
တခုရှိတာက သစ္စာဖေါက်တွေများလွန်း နေတော့ ရှင်းလင်းရင် တိုင်းပြည်ဟာ လူသူမရှိတဲ့ လွင်တီးခေါင်ပြင် ဖြစ်သွားလေမလား ဆိုတာတော့ သတိထားခဲ့တဲ့ အလျှောက်လဲ ပညာပေးပြီး ပြန်လည် ထူထောင်ပေးခြင်းတွေ ပြုခဲ.တယ် ။ အရှိန်အဟုန်မြင်.တင်ပြီး အပြင်းအထန်လုပ်ဘို.လိုအပ်နေတယ် ။ သစ္စာဖေါက်
တွေဟာ သစ္စာဖေါက်ဘဲ ။ ပြုပြင် လို.မရရင်သူတို.ကို သစ္စာဖေါက်အဖြစ်နဲ့ဘဲ ဆက်ဆံရမယ်။ ပြင်းထန်စွာအရေးယူရမယ်။ အခါပောင်းများစွာခွင့်လွှတ်ပြီး ဖန်ပေါင်းချောင်နဲ. ထည့်ထား ကိုးကွယ်နေစရာ မလိုဘူး ၊.


မြန်မာနိုင်ငံမှာ မားမားရပ် နေတဲ့ မြန်မာ့တပ်မတော် ကို အားအင် ချိနဲ့အောင်
တင်မက Toy Soldiers စစ်သားရုပ်ကလေးတွေ ဖြစ်အောင် အတွင်း ကရော အပြင်ကပါ ကြံဖန်နေကြတာကို သိရက်နဲ့ ခံနေရင်တော့၊ မအေး တယောက် အလိုတူ အလိုပါဘဲ ဖြစ်လိမ့်မယ်။ သူ.ဟာသူ ခံကောင်းလို.ခံနေတာ အရေး
မကြီးဘူး၊ ကျ့န်မိန်းခလေးတွေရော ယောက်ျားလေးတွေ အတွက်ရော စိုးရိမ်
စရာ သာဖြစ်လိမ့်မယ် ။ သူတိုလေးတွေလဲ ကျား/မ မရွေးပြည့်တံဆာ( ဖါတွေ) ဖြစ်နေကြပြီ ၊ မအေး အလိုတူ အလိုပါလို့ ပြစ်မှု မ မြောက်ပေမဲ့ ၊ စီးပွားရေး
ပိတ်စို.မှုကို မအေးက အားပေးထောက်ခံခဲ့လို. ကျန်ခလေးတွေဟာ ဖါဖြစ်ရ
တာ အလိုတူ အလိုပါ မဟုတ်လို. မအေး ကိုယ်တိုင် ပြစ်မှုမြောက်နေတယ် ။ rule of law အရ ဘာပြောခြင်သလဲ ။ သမတ ဖြစ်ခြင်တာတွေဟာ ဒါကြောင့်
ဘဲလို.ပြောရင် မှားလိမ့်မယ် မထင်ဘူး ။ သမတတွေ ၀န်ကြီးချုပ် တွေဖြစ်ရင် ကင်းလွတ်ချက်တွေခံစားအုံးမယ်လာ? တချို.နိုင်ငံတွေမှာ rule of law ဆိုတာ သူတို.နဲ့ မဆိုင်ဘူး ၊ ရုံးခန်းထဲ ဆေးပြင်းလိပ်သောက်ရင် တောင် အပြစ်မရှိဘူး တဲ့၊၊


Greek သဘောတရားရေး သုခမိန်ကြီး Plato က Good people do not need laws to tell them to act responsibly, while bad people will find a way around the laws. လို. ဆိုခဲ့တယ် ။


ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူသတ်ဝါဒ နဲ့ လူသတ်ကာလ ဟာ အခုထိလဲ ရှိနေဆဲဘဲ ဆိုတာ သိတယ်မဟုတ်လား ကိုယ်ကိုကိုယ် မကာကွယ်
နိုင်ရင် ကိုယ့်လူမျိုး ကိုယ့် တိုင်းပြည်ကိုလဲ ကိုယ်ကာကွယ်နိုင်မယ် မဟုတ်ဘူး
ဆိုတာကတော့ ဗေဒင် မေးစရာမလိုပါဘူး။ တခုတော့ ရှိတာပေါ့လေ ။ တမင်း
ပြောင်းတော့ တမင်းအကြောင်း သိရတာပေါ့ ။ ကောင်းတာ ဆိုးတာတွေဟာ လဲ သူ.ဟာသူရှိလာ၊ သိလာရ ပါလိမ့်မယ် ။ အမှားမဖြစ်ရင်၊ အမှန်မဖြစ်နိုင် ဘူး
ဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်။ အမှန်ဖြစ်ဘို.အရေး အမှားက အရင်လာရ
အုံးမယ် ဆိုတဲ့ သဘောဘဲ ။ မြန်မာရာဇ၀င် သမိုင်းလေ့လာလိုက်ရင်၊ မြန်မာတွေ
နဲ့ မြန်မာနိုင်ငံဟာ ပြင်ပ ပယောဂတွေ ၊ စွက်ဖက်မှူုတွေကြောင့်လွတ်လပ်ရေး ဆုံးရှုံးနေရတယ် ဆိုတာကို သဘောပေါက်သူတွေ ရှိသလို မပေါက်သူ တွေလဲရှိ
တယ် ။ တိုးတက်မှု တွေဟာ ရှိသင့်သလောက်မရှိဘူး ။ မဆုတ်ယုတ် ရုံတမယ်
ဘဲ လို.ပြောရမယ်။


မြန်မာနိုင်ငံ ၊ မြန်မာလူမျိုး ၊ မြန်မာပိုင်တယ်၊ မြန်မာဆိုင်တယ် ဆိုတာတွေဟာ ကျဉ်းမြောင်းတဲ့ ကိုယ်အကျိုးစီးပွား ကာကွယ်ရေး ၀ါဒ လို. ပြောနေကြသူတွေ ဟာ ဘယ်သူတွေလဲ? သူတိုမပါရလို.လား သူတိုပါဘို.ခက်လို.လား၊ သူတို.လုပ်ခြင်တိုင်းမလုပ်ရလို. ချယ်လှယ်ခြင်တိုင်း မချယ်လှယ်ရလို.လား ဘာ လဲ? ပြောရမယ်ဆိုရင် မြန်မာနိုင်ငံ ၊ မြန်မာလူမျိုး ၊ မြန်မာပိုင်တယ်၊ မြန်မာဆိုင် တယ် ကို. ပြည်တွင်း ပြည်ပ သစ္စာဖေါက်တွေက ၀ိုင်း တွယ်ခဲ့ကြတယ် ၊ အခုသူတို အသင့်အတင့်နေရာရလာတော့ လေသံပြောင်း သွားပြီလေ ။ ပထွေးကလဲ ငါးရံ့ ၂ ကောင် မလွတ်အောင် ကျွဲ လို နဖါးကြိုး ထိုြး့ပီး ကိုင်ထား
တယ် ၊ ဘယ်အကောင်မှ မလွတ်အောင်ပေါ့ ။ သိသာလိုက်တာ ။


အရှိကိုအရှိအတိုင်းပြောရရင် ၁၉၄၈ ခု လွတ်လပ်ရေးရခဲ့ တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံ ခေါင်းဆောင်တွေ အားလုံး ဟာ နိုင်ငံတော် ကို လွတ်လပ်တဲ့နိုင်ငံ
အဖြစ် စည်းလုံးအောင် လုပ်ခဲ့ကြသူတွေချည်းပါဘဲ။ ကုန်ဘောင်မင်းဆက် ကုန်ခဲ့တာတောင် ဆက်ခံသူ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံတော်ကို တခု
တည်းသော နိုင်ငံတော်အဖြစ် ထိမ်းသိမ်း ထားနိုင် ခဲ့ကြပါတယ် ။ ဗိုလ်နေ၀င်း
လို ခေါင်းဆောင်တချို.ကဆိုရင် နိုင်ငံတော် ပိုပြိး ကြစ်လစ် သိပ်သည်းအောင် ၁၉၅၈ - ၅၉ တုန်းက စ့ပြီး ကြိုးပန်း ခဲ့တာတွေ ရှိတာတွေ.ရတယ်။ ဒါကို ဆက်ပြီးထိမ်းထားဘို.မကြိုးစားတဲ့ သူတော်စင် မဟုတ်သူတွေက သူ.ကို အပစ်အနာ ရှာကြံပြီး သိက္ခာချ။ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်ကြတယ်။ နေ၀င်း ခမျာ နိပါတ်တော်မှာပါတဲ့ ဂျောက်ထဲကျ ပုဏ္ဍားကို ကယ်မိသလို ခဲထု ခံရတဲ့ မျောက်မင်း လို ဖြစ်ရတယ် ၊ ထိုပုဏ္ဍား မြေမြို ခံရဘုးတယ် လို.ဖတ်ရဘူး
တယ် ။ အကောင်းမမြင်နိုင် မရှု.စိမ့် နိုင်သူတွေ ကတော့ သူ.ကိုကယ်တင်ရှင်လို.
မမြင်ဘဲ မျောက်ကြီး တကောင်အဖြစ်ဘဲ မြင်ကြတယ်။ တရား ရစရာဘဲ ၊။ ရာဇ၀င်မှာ တော့ ကျန်စစ်သား ကယ်တာ မခံလိုတဲ့ စောလူးမင်းဟာ ငရမန်ကန်း
သတ်တာကို ခံရဘူးတယ် လို.ရှိဘူးပြန်တယ် ။


ဒီမိုကရေစီကို ကိုင်တွယ်တတ်ဘို. ၊ သုံးတတ်ဘို.လိုပါတယ် ဆိုတာကို ထပ်ပြီး သတိပေးလိုတယ် ။ တချိန်က မလုပ်တတ် မကိုင် တတ်တွေကြောင့် ဒီမိုကရေစီ
ကို မအယုံအကြည်မရှိသူတွေ ၊ လက်မခံသူတွေ ရှိခဲ့ တယ်၊ အခုလဲ ရှိတုန်းဘဲ ။ ဒီမိုကရေစီဟာ မြန်မာတွေနဲ့မတန်သလိုဖြစ်ခဲ့တယ် အမြစ်တွယ်ဘို.ဆိုတာတော့
ဝေလာမှ ဝေး။ အမြင်ပြောရရင် ဒီမိုကရေစီဟာ သားစိမ်း ငါးစိမ်း လိုပါ ဘဲ၊ မိမိ အလေ့အထနဲ့ အာသီသရှိသလို ချက် စားရတာမျိုးပါ ၊ လူမျိုးတမျိုးနဲ့ ချက်
ပြုတ်စားသောက် တဲ့ ဓလေ့ခြင်းမတူတာ ရှိသည့် တိုင် အမဲသားဟာ နွားသားဘဲ
၊ ငါးဟာလဲ ရေထဲက ရတာပါ ၊ အခေါ်တမျိုးကြောင့် ၀တ္တု သဏ္ဍာန်မယရင်း အရသာ ပြောင်းမသွားပါ ဘူး၊ ကိုယ်ချက် ရင် ကိုယ့်ဟင်း ကိုယ့်အရသာဘဲ ပေါ.။ဒါလောက်ဆိုသဘောပေါက်ကြမယ် ထင်ပါတယ်၊၊


နိုင်ငံရေးလောကမှာ မင်းသားခေါင်း ဆောင်းထားသော ဘီလူးလို.ပြောဆိုလေ
့ ရှိတာမို. ဘယ်နိုင်ငံရေးသမား ဟာ မင်းသား လဲ မင်းသမီးလဲ ၊ ဘီလူးလား သရဲမ လားဆိုတာတော့ အမှန်ကို မြင်နိုင်အောင်ကြည့်တတ်ဘို.လဲ လိုပါလိမ့်
မယ်။ မြန်မာ တို.ရဲ့ နိပါတ်တော် မဟာ ဇနက္က ဇါတ်တော် မှာ ဘီလူး သရဲ တို.ရဲ ပုံပန်းသဏ္ဍာန်တွေကို ဖေါ်ပြထားတယ် ရှာဖွေ ဖတ်ရှု ကြစေ လိုတယ် ။ နဖူး မောက်မောက် ၊ နှာယောင် ကောက်ကောက် ဖနောင့် တိုတို လို. စထားတာ မှတ်မိတယ် ။ ဆံမိတ်ချပြီး နဖူးဖုံး ထားလို. နဖူး မောက် တာ ၊ နှာယောင် ကောက်တာ တွေခြင်မှ တွေ.မယ် ၊ ဖနောင့်တိုတာကိုလဲ ထမီစ နဲ. ဖုံး.ထားလို. မြင်ခြင်မှ မြင်ရ မယ်၊ မြင်အောင် ကြည့်နိုင်ရင်၊ သူရဲ.အပြောအဆိုလေသံတွေ လုပ်ရပ်တွေကို လေ.လာရင်လဲ ဘာဆိုတာ သိနိုင်ပါတယ်၊ ဘီလူး သရဲ အစားခံ
ရ တတ်တယ် ဆိုတဲ့ ဗုဓ္ဒဟော ဇါတ်တော်တွေ ရှိထားတာမို. မယုံမရှိကြနဲ့ နော်၊ သတိသာ ထားကြပေ တော့။


ပုဂိုလ်စွဲ မပါဘဲ အကောင်းကို အကောင်းမြင်နိုင်ဘို. အဆိုးကိုအဆိုးမြင်နိုင်ကြ
ဘိ.ု အရေးကြီး ပါတယ် ။ ဒီလို.မြင်နိုင်ကြဘို.ရန် အသိတရားရှိမှသာလဲ ဖြစ်မှာ
မို. အတတ်ပညာထက် အသိပညာကို ပိုပေးဘို. လိုပါလိမ့်မယ် ၊ မရှီတာထက် မသိတာခက်လို.လဲ ဆိုရိုး ရှိသမို.လား ၊စိတ်ပိုင်းဆိုင်ရာတွေကို အားကောင်း
အောင် အားဆေး ကြွေးဘို.လိုတယ် ။ Material World မှာဘဲ ကျင် လယ်နေ
လို.တော့ သစ္စာ ၄ ပါး တရားကို မမြင်သေးလိုသာဖြစ်ရမယ် လို. နိုင်းရလိမ့်မယ် ။ ကျုပ်ပြောနေတာ လောကီ ကိစ္စ လူတို.ဇါတ် ကိုသာ ပြောနေတာလောကုတ္တရာ
အတွက်က သူဟာသူ နောက်ကလိုက်လာလိမ့်မယ် ပြောစရာ မလိုဘူး။


ကျုပ်တို. တိုင်းပြည်ကတော့ ပျက်မသွားပါဘူး ဘယ်သူပိုင်တယ်. ဘယ်သူ.လက်အောက်ခံဖြစ်တယ် ဆိုတာတွေ ၊ လွတ်လပ်တယ် မလွတ်လပ် ဘူးဆို
တာတွေ၊ အချုပ်အချာ အာဏာပိုင်ဆိုတာတွေ ထည့်ပြောမနေရင် အဓိပါယ် ဖေါ်ဘို မကြိုးစားရင်၊ နှုတ်ပိတ် ရေငုံနေရင် လဲ ပြီးပါတယ် ။ အင်္ဂလိပ် ကဗျာ
ဆရာ Thomas Gray ဆိုသူက Ode on a Distant Prospect of Eton College. ဆိုတဲ့ သူ.ကဗျာမှာ "Yet ah! why should they know their fate? Since sorrow never comes too late, And happiness too swiftly flies. Thought would destroy their paradise. No more; where ignorance is bliss, 'Tis folly to be wise." လို စပ်ဆိုထားတာကို မှတ်သား ရဘူးတယ် ။


ပျော် ပျော် ပါးပါး ပေါ့။