Article submitted by: minkyaw thuyein on 11-Jun-2013  
ကျမ သမတကြီး ဖြစ်ခြင်တယ် တဲ့ လား ၊
ဒို.လူကလေးများဆိုသလေး ။

မြန်မာနိုင်ငံ ရှေ.အနာဂါတ် ဟာ မရသေးသော စည်းစိမ်ကို ရအောင်၊ ရပြီးသား စည်းစိမ်ကို ဘယ်လောက် ထိမ်းသိမ်းနိုင်သလဲ ဆိုတာပေါ်မှာ မူတည်တယ် ။
မြန်မာမှု အသိုင်းအ၀ိုင်းနဲ့ပါတ်ဝန်းကျင်မှာ ဟိရ ဥတ္တပ ဆိုတဲ့ ရှက်ခြင်း ကြောက်
်ခြင်း တရားဆိုတာ ရှိတယ် ။ ဒါကို မြန်မာအားလုံး သိရှိ လက်ခံထားတာဘဲ ၊ အရှက်အကြောက် မရှိသူကို ဘယ်လို ခေါ်တယ်ဆိုတာလဲ သိကြတယ်။ တခြား
လူမှုပါတ်ဝန်းကျင်မှာလဲ ရှိတယ်။ အကြောက်တရားဆိုတာ မရှိရင် ၊“အကြောက်
တရား ’’ဆိုတဲ့ စကားလုံးလဲ ပေါ်လာစရာအကြောင်းမရှိဘူး ၊ မြန်မာစကားကိုက
‘ရိုသူမရှက် မြင်သူရှက်’ လို.ဆိုထားပါတယ် ၊ မြင်သူတွေသာ ရှက်နေရတာ၊ မမြင်သူတွေကတော့ အရှက် မရှိကြဘူး ပေါ့။ အသက်နဲ့ လူလုပ်တာလား အရှက်
နဲ့ လူ လုပ်တာလား မေးစရာလဲ မလိုတော့ဘူးလာ။


ခေတ်ကလဲ ပြောင်း လဲပြီလေ။ ပြောင်းတယ် ဆိုတာအဆိုးဘက်ကိုပြောင်းတာ
လား၊ အကောင်းဘက်ကိုလားဆိုတာတော့ သမိုင်းက သက်သေမခံရင် ကမာရွတ်က သက်သေခံလိမ့်မယ်။


ဝါးလုံး ချီးသုတ်ပြီး မကောင်းသူထိပ် ကောင်းသူထိပ် သိမ်းရမ်းတာတော့ မဟုတ်ပါဘူး။ ကျုပ်ပေါင်တွေလဲ ထောင်းရလွန်းလို ကျေနေပါပြီ. ရင်တွေ လဲ ထုရလွန်ူလို. နာနေပါပြီ၊ ပေါင်နာ ရင်နာရောဂါနဲ့ ဘဲကြွရပါလိမ့်မယ် ။ မစ္စစ်အဲရစ်
နဲ့ ကျုပ် ဘယ်သူ အရင်ကြွမလဲတော. မသိနိုင်ဘူးပေါ.ဗျာ၊ ကျုပ်မကြွခင် ပြော
စရာစကားလေးတွေကိုတော့ ပြောရမယ် သူ.ကိုမုန်းလို ဟုတ်ဘူး. တိုင်းပြည်နဲ့ လူမျိုးကို သူထက်ပြို့ပီး တသက်လုံး ချစ်လာတဲ့လူတွေရှိတယ် လို.ယုံစမ်းပါ လို. သူကို သတိပေးခြင်တာဘဲ။


ခက်တာက အားမနာတန်းပြောရရင် . အုတ်ခဲကို ရျွှေချ ကပ်ပြီး ဘုရား ပုထိုး
စေတီရယ်လို.တည်ထားကိုးကွယ်နေကြတာ.အနဲဆုံး သဲပုံပြီး တံခွန် ကုက္ကား မြတ်လေးပန်း နဲ့ လက်စုံမိုးရှိခိုးနေကြတဲ့ လူတွေရဲ. အသိဥာဏ့် အတွေးအခေါ်
ကို ဘယ်လိုနားလည်ရမယ်ဆို တာ မသိနိင်အောင်ဖြစ်နေရတယ် ၊ လူပုဂိုလ်ကို ရိုသေလေးစား သင့်တယ် ၊ ပူဇော်ထိုကသူကိုပူဇော်ရမယိဆိုတဲ့ ဆုံးမစကား ဘူရားဟောတွေရှိတာမှန်ပေမဲ့ . လူကို ဘုရားအဖြစ်ကိုးကွယ်နေရင်တော့ မိစ္ဆာ
ဒိတ္ထိတွေ ဖြစ်ကုန်တော့မယ် ။ တချို.လူတွေဟာ သူတို.ကိုသူတို ဘုရားလို.တောင်ထင်နေသလား မသိဘူး။ ဘုရားဖြစ်ဘို. ဆုတောင်းနိုင်တယ် ဆိုတိုင်း ဘုရားဖြစ်လိမ်မယ် မထင်ကြနဲ့ လို. ဘဲပြောတော့မယ်၊ နားလည်ကြလိမ့်မယ်
ထင်ပါရဲ့။


မစ္စစ် အဲရစ်(စ) အပါအ၀င် မြန်မာတချို. မြန်မာ အကြောင်းနားမလည် တာတွေ
ဟာ မြန်မာပြည်မှာနေပြီး မြန်မာတွေ နဲ့ မကြီးပြင်း ရလို.ဘဲ၊ ကင်းကွာနေကြလို.ဘဲ။ သူတို.ကိုယ်သူတို.တောင်ဘာမှန်းသိကြရဲ့လား။ အရေခြုံတွေလို.ပြောရင် ကြိုက်မှာ မဟုတ်ဘူး။ လူ.အ ကြိုက်လိုက်ပြော၊ ပန်းပြားပင်လိုလေယူရာယိမ်း
နွဲ့တာတွေ ဟာ ဒီမိုကရေစီ နဲတော့ လိုက်ဖက်ဘဲ၊ ဒါကိုမှ မှန်တယ် အမှန်တရား
ဘဲလို.ဆိုကြ လက်ခံကြရင်တော့လဲကိုယ်ယုံကြည်ချက်နဲ့ ကိုယ်ဘဲပေါ့လေ။
ကံ ကံ ၏ အကျိုးပေါ့။ သူကံနဲ့ သူရှိပါစေ ကိုယ်.ကို မထိခိုက်အောင် နိုင်ငံတော်
နဲ့ နိုင်ငံသားတို အကျိုး မထိခိုက်အောင်တော့ ဆန်.ကျင်ရမယ်၊ ကန်.ကွက်ြကရ
မယ် တိုက်ဖျက်ပစ် ရမယ်။


အကြောင်းက လူတွေ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်ရှိနေတာ လုပ်
ကိုင် စားသောက်နေကြတာကို ပူပူဆူဆူ မညိမ်မသက်ဖြစ်အောင် အခွင့်အရေး
ရတိုင်း မထိခလုပ် ထိခလုပ်နဲ့ ဖျားယောင်း လှုံ.ဆော် နေတာတွေဟာကောင်းတဲ့
အလုပ်မဟုတ်ဘူး ဆိုတာကြောင့်ဘဲ။


သူကိုယ် သူတော. အဟုတ်ကြီး အောင့်မေ့ကောင်းအောက်မေ့လိမ့်မယ် အခု ၂၀၁၃ ရောညက်နေပြီ. ၁၉၈၈ က အတွေးအခေါ် မျိုးတွေကို မစ္စစ် အဲရစ် တယောက် ဖျောက်ပြီး အတွေးအခေါ်သစ်တွေကို တွေ ခေါ်ဘို.လိုနေပြီ။ သူရေးတဲ့ ဇါတ်၊ သူသာဒါရိုက်တာ၊ သူသာ ဦးဆောင်တဲ့ ဇါတ်ကောင်၊ သူ.ကုမ္ပဏီက ထုပ်လုပ်တာ ဆိုတော့၊ မကောင်းလဲ သူဘဲ ကောင်းလဲ သူဘဲ၊ သူ.ဇါတ် သူနိုင် အောင် မကနိုင်လို.လဲ အမေကယ်ပါ. အဖေကယ်ပါ လို. တဆာဆာ
အော်ခဲ့တယ် ။ သူဇါတ်အဖွဲ.ပျက်တာလောက်နဲ့ ပြီးရင်တော့ တော်သေးတာပေါ့၊ ဆူနာမီ လို တခြားသူတွေရဲ့ ဘ၀ကိုရော တိုင်းပြည်ပါ ပျက်ရမှာကိုတော့ လူ.အသိစိတ်ရှိသူဘယ်သူမှ မလိုလား ဘူး လက်မခံဘူး၊ ပြည်သူလူထု နိုင်ငံသား
တွေ ဒီအန္တရာယ်ကို မမြင်ရင် ဆူနာမီ ထဲ ပါသွားမယ်၊ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူ။ အခုထဲက ကြိုတင် ကာကွယ်ကြရမယ်. ဆန့်ကျင် တိုက်ဖျက်ရမယ်။


မစ္စစ် အဲရစ်(စ) ဟာ ရှိန်းမပြီးပါဘူး။ သူရဲချို.ယွင်း အားပြော့ချက်တွေကို ပြုပြင်ဘို. ထောက်ပြရမယ် လုထုကိုလဲ အသိပေးရမယ်။ ဒါဟာ သူ.ကို စေတနာရှိလို.တော့မဟုတ်ဘူး တိုင်းပြည်နဲ့ လူမျိုးအပေါ် ထာရှိတဲ့ စေတနာကြောင့်ဘဲ ။ ဒါဟာ လုပ်သင့်တဲ့ အလုပ်တွေဘဲ. အောက်စဖုတ် တက္ကသိုလ်.ဆရာတယောက်ရဲ.အင်္ဂလိပ် မယားဖြစ်တိုင်း အသိပညာတွေ မကုန် နိုင်မခန်းနိုင် အောင်ရှိနေတယ်လို.တော မထင်ကောင်းပါဘူး၊ ပညာရှိသတိဖြစ်ခဲ ဆိုတာလို သူ.ကိုသတိပေးတာဟာလဲ မလွန်ပါဘူး။ သူကိုယ်တိုင် ကလဲ “ ငါ မသိတာတွေ ရှိပါသေးလား’ ဆိုတာ သိဘို.လိုတယ် ။ ပြင်စရာရှိတာတွေ ပြင်ဘို.လိုတယ်။


နိုင်ငံရေးဆိုတာ တိုင်းပြည်နဲ့ လူမျိုး ကိုချစ်လို. လုပ်ကြစေခြင်တယ် ၊ လက်စား
ချေဘို.၊ ငါတကောကောဘို.၊ ကိုယ်ထင်ပေါ်ဘို. နာမည်ကြော်ကြားဘို.သက်
သက်တော့ မလုပ်စေခြင်ဘူး ၊ အဘို.အဘွား အဖေ အမေတွေလဲ ခုတုန်းမလုပ်
နဲ့ ကိုယ်နာမည်နဲ့ ကိုယ်လုပ်၊ နာမည်ကြော်ခြင်ရင် ဗလာချီ ကိုယ်လုံးတည်းနဲ့ ရန်ကုန်မြို.လည်က ဆူးလေစေတီကို တနေ.တကြိမ် ၅ ရက် ၊ သက်စေ့ ပတ်
ပြေးရင်လဲ ကြော်ကြားနိုင်ပါတယ် ၊ တိုင်းပြည်ကို ဖျက်စရာမလိုဘူး ၊ လူတွေကို
လမ်းမှားလပေါ် ပို.နေစရာမလိုပါဘူး။ လူတွေ အချင်းချင်းကိုလဲရန်တိုက်ပေး
နေစရာမလိုဘူး။


အင်္ဂလိပ်လိုပြောမှ သိမယ် ဆိုရင်တော့လဲ. Strike while the iron is hot ဆိုတဲ့ စကားလို ပူပူနွေးနွေးလေး စားခြင်ပုံရတယ် ၊ သွေး မအေးခင် ( မသေခင်) အာဏာကုန် ရှိ နိုင်ငံတော် သမတကြီး ဖြစ်ခြင်နေတယ်။ နိုင်ငံ့အရေး. တိုင်းပြည်နဲ့ လူမျိုးအရေး လုပ်တာ သမတကြီး ဖြစ်မှဘဲ တဲ့လား? သမတဖြစ်ခြင်လွန်းလို. ဖွဲ.စည်းပုံ အခြေခံကို ပြင်ခြင်နေတာဆိုတာကတော့ လွန်တာပေါ အေရယ်။ လက်ရှိ ဥပဒေကိုဘဲ အရင်လေးစားပါဦး ။ အခုပေးတဲ့ နိုင်ငံ့တာဝန်တွေကို ကျေပြွန်အောင်ဘဲ ထမ်းဆောင်ပါအုံး တော့။ အစားလွန်ရင် ကိုယ့်ဟာကိုယ် အန္တရာယ်ဖြစ်တတ်ပါတယ် ။


ဒီနေ. မြန်မာနိုင်ငံမှာဖြစ်နေတာတွေဟာ ဘာမှ အနယ် မထိုင်သေးလို. ဘာမှလဲ ထင်ရှားမြင်သာ မတွေ.ရသေးဘူး ဆိုရင်မှန်မယ်။ အကောင်းအဆိုး ပြောဘို မလွယ်ပေမဲ့ ကောင်းသွားမှာပါ ဆိုပြီး လဲ စိတ်ချမနေနိုင်ဘူး။ သေသေချာချာ နားစွင့်.လိုက်ရင် ဟိုက တစီစီ ဒီက တညံညံ ပွစေ့ ပွစေ.တွေနဲ့. ခေတ်ပြောင်း ယဉ်ကျေးမှူ တော်လှန်ရေးကြီး တရပ် ထပ်ပြီးပေါ်လာ လေအုံးမလားလို တောင် ထင်မှတ်နေရတယ်။ မျက်စေ့အတင်းဖြဲကြည်.လိုက်ရင် အကောင်း လက္ခဏာ တွေထက် အဆိုး အရိတ်နိမိတ်တွေ ပြနေ တာကိုလဲ တွေ.နေရတယ် ။


မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ များနေမှာပေါ. မစစ္စ် အဲရစ်(စ) က လုပ်ထားခ
ဲ့တာဘဲမဟုတ်လားဆိုတာကို ထပ်ပြောရမယ်၊ ယ ၂၃ နှစ်လုံးလုံး သူကိုယ်တိုင် စီးပွားရေးပိတ်ဆိုတာတွေကို သူအားပေးထောက်ခံခဲ့တာတွေ မေ့ နေသလား။ လမ်းဖွင့်ပေးသူ က အကန်.အသတ်နဲ့ ဖွင့်ပေးတာတောင် အချိန်မရွေးပြန်ပိတ် နိင်တယ် နော် လို.၊ သူကဘဲ အထွန်.တက်လိုက် သေးတယ်။ အခု တစ တစ ဖွင့်ပေးလာပြန်တော့ သူ သမတ ဖြစ်နိုင်ဘို.ရန် ဖွဲစည်းပုံ အခြေခံ ဥပဒေကို
တောင် ပြင်ဆင်ပေးရအုံးမတဲ့ လေ။


အနာဂါတ် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ပြသနာ ဟာ အလုပ်လက်မဲ့ ပြသနာ တဲ့ ၊ အလုပ်လက်မဲ့တွေ ဆိုတာ ဘာကိုပြော့ တာပါလိမ့် ၊ အလုပ်
လက်မဲ့ မရှိတဲ့ နိုင်ငံ ဆိုတာ သိခြင်လိုက်တာ။ လခစား ၊ လုပ်ခစား သူများ
ခိုင်းဖတ် တွေကိုပြောတာလား ၊ ကိုယ်ပိုင်စီးပွား ရေး လဘက်ရည် မုန်.ပဲ
သရေစာ ခြံထွက် ကိုင်းထွက် သီးနှံ ပစ္စည်းရောင်းဝယ်ဖေါက်ကားကြသူတွေ မပါဘူး လား ၊


အလုပ်လက်မဲ့သာပေါရမယ် ။ ကာရေအိုကေနဲ့ ဘီယာဂါဒင်း ၊ ရက် စတောရင့် စားသောက်ဆိုငတွေမှာ ဖြုံးသုံးနေကြ တဲ့ လူငယ် လူရွယ်တွေ ဘယ်ကရတဲ့ ၀င်ငွေတွေလဲ၊ မစ္စစ် အဲရစ် ခေါင်းဆောင်တဲ့ NLD က ရံပုံငွေ တွေနဲ့ ပေးကမ်း
ထောက်ပံ့ထားတာလား ။ ဒီလိုနေထိုင်စားသောက်ရတာ လွတ်လပ်ခြင်းတဲ့ လား။ လွတ်လပ်တဲ့ အရသာကို အပြည့် အ၀ခံစားနေတာတဲ့.လား၊ ဒီငွေတွေ ကုန်တော့ ဘယ်သူတွေကို ရန်ရှာ အုံးမလို.လဲ ? တိုင်းပြည်ရဲ့ တိုးတက်မှု တွေကို
အရှိန်အဟုန် ရအောင် အားပေးနေတာ လို. ပြောခြင်သလား? အင်း - - လုပ်လိုက်ကြဟေ့ မောင်တို.ရေ.။


တာဝန်ရှိ ပုဂိုလ်တွေ ခေါင်းဆောင်တွေက သူအချိန် သူအခါ သူနေရာနဲ့သူ လုပ်သင့်တာတွေလုပ်လာကြတာပေါ်မှာ သူက အချောင် ၀င်ဝင်ပြီး အခွင့်အရေးဘဲ ယူဘို. ချောင်းနေတယ် ၊ သူဟာ အခွင့်အရေးသမား Opportunist တယောက်သက်သက်ဆိုတာ ဒိထက်ပိုပြီး ထင်ရှားစရာ လိုသေးသလား ။


စကားစပ်တုန်း ဆက်ပြောရရင်တော့ ၊ ကျုပ်တိုတွေဟာ မှန်ပါ့ဘုရား . ဟုတ်ပ ဘုရားနဲ့မို. ဘာမှ မတိုးတက်ခဲ့ရဘူးဆိုပြီး သုံးသပ် ချက်ရှိဘူးတယ် ၊ အခုလဲ တခါ “ Yes ma’am , No ma’am ” လုပ်ကြအုံးမယ်ဆိုရင် မြန်မာလွတ်လပ်
ရေးနဲ့ အချုပ်အခြာ အာဏာ ပိုင်မှု ဟာ သက်စိုး ရှည်လိမ့်မယ် မဟုတ်ဘူး ။ လွတ်လပ်ရေး ဆိုတာကို ထည့်တောင်မပြောနဲ့ တော့၊ အဲဒါ ဘာကိုပြောတာလဲ လို. မေးစရာတောင် ဖြစ်နြေ့ပီ ။ ခြုံ ပြောရရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို.ကို ထိပါးနေပြီ ဆိုရင် နားလည်မလား။


မြန်မာနိုင်ငံ ကြွေးရှိနေသမျှ ၊ ကြွေးမဆပ်နိုင်မှာကိုစိုးရိမ် ပူပန်နေရမယ် . မဆပ်နိုင်ရင် ကြွေှးရှင်က ဘယ်တော့ ဘာတွေ သိမ်းမလဲ ဆိုတာတွေ. ကို.လွတ်လပ်မှု ကို ထိပါးနေတယ် ဆိုတာ သိကြမှာပေါ့။ ကြွေးယူကတည်းကိုက ကြွေးရှင်ရဲ့ စည်းကမ်းကို လိုက်ရမှာ ဖြစ်တယ် လေ။ မလိုက်နိုင်ရင် ကြွေးမရ
ဘူး။ ဥိကြမှာပေါ့။

တော်အုံးမယ်။