Article submitted by: minkyaw thuyein on 27-May-2013  
မင်းကျင့်တရား(ရာဇောဝါဒ) နဲ့ ငါ ကျင့်တရား
ဒို.လူကလေးများဆိုသလေး ။


ထစ်ကနဲ့ ရှိ မင်းကျင့်တ၇ား ၁၀ ပါး၊ မင်းကျင့် တ၇ား ၁၀ ပါး နဲဘုန်းကြီးတွေ
ရော လူတွေပါ တတွတ်တွတ် ပြောနေကြတာ ကြားရတယ် ။ အင်္ဂလိပ် စကား
ကျွမ်း ကျင်အားကျ သူတွေကလဲ Good Governance ဆိုတာကိုလဲ မကြာခဏ ပြောသံကြားရသေးတယ်။ ဒီလိုပြော ပြောနေကြတဲ့ ဘုန်းကြီးရော လူတွေပါ သူတို ကိုယ်တိုင် ဒီတရားဆိုတာတွေ နဲ.အညီ ဘယ်လောက်နေထိုင် ကျင့်ကြ
ံကြတယ် ဆိုတာတော. သူတိုဟာ သူတိုဘဲ သိကြလိမ့်မယ်။


အမေရိကန် ပြည်ထောင်စု သမတ ဟောင်း မစ္စတာ ဂျင်မီကာတာ က A government as good as its people " ဆိုပြီး စာအုပ် တအုပ်ရေး ပုံနှိပ်ဖြန်.ချီခဲ့တယ် ဆိုတာ သိရတယ၊် ဘယ်သူ.ကိုမှ ပု၈လဓိဌာန်နဲ.ရည်ရွယ်ပြီးပြောခဲ့ပုံ
တော့ရှိမယ် မထင်ဘူး။ ကိုယ်လိုခြင်တဲ့ အဓိပါယ်သာ ကိုယ် ဖေါ်ကြပေတော့၊ ဘယ်လိုဘဲ ဖေါ်ဖေါ် မြန်မာနိုင်ငံအတွက် ကတော့သိပ်မှန်တဲ့ စကား လို.ဘဲ
ပြောတော.မယ် ။ အကြောင်းနဲ့ အကျိုး cause and effect ဆိုတာ ၊ နေရာ
တိုင်းမှာ ရှိပါတယ် ၊ ဒါဟာလဲ မှန်သောတရားပါဘဲ ဆိုတာကို အကြိမ်ပေါင်း
မရေမတွက် ပြောခဲ့ ပြီးပါပြီ။ မြန်မာတွေ ဟာ သူတို.ဟာသူတို စကားပုံ တွေထဲမှာ နွံနစ်သလိုနစ်နေကြတာပါ ဒီနွံထဲက ရုန်းမထွက်နိုင်ကြပုံရှိတယ်
ဆိုတာကိုလဲ ပြောဘူးပါတယ် ။


ငယ်ငယ်ကကြားဘူး ဆိုဘူး တဲ့ ပေါင်းပင် ဘာကြောင့် ကိုင်းရတယ် - ဗျိုင်းနား
လို.ကိုင်းရတယ် ဆိုတာကစပြီး ငါ့ဝမ်းပူဆာ မနေသာလို ကိုက်ရတယ် ဆိုတဲ့
လင်္ကာလေး ကို အချို.က မဆီမဆိုင် ပေါက်ကရတွေ လို.ပြောခြင် ပြောကြလိမ့်
မယ်၊ ဆိုလိုရင်းသဘောကတော့ အကြောင်းနဲ့ အကျိုး ဆိုတာ ရှိစမြဲပါ ဆိုတာကို
ဒီလင်္ကာလေး ကပြောနေတာဘဲ လို.ကိုယ့်အနေနဲ့ သဘောပေါက်တယ် ။


<ဒါကို နားလည်သဘောပေါက်ရင် နိုင်ငံသားတွေ နဲ.နိုင်ငံ တခုရဲ့ဖြစ် ပျက်
ပြင်ပြောင်းလဲ မှူ အကြောင်းနဲ့အကျိုးတွေကို လဲ နားလည် သဘောပေါက်ကြ
လိမ့်မယ်။ ဒီအကြောင်းအကျိုးတွေကို ဆင်ခြင် နိုင်ကြဘို.ဘဲ ။ ၁၉၈၈ ခုက
စပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေ . အခု ဖြစ် ပျက်နေတာတွေဟာလဲ
အကြောင်းတွေ နဲ့ ပြည်စုံနေတယ်။ အကောင်းတွေ အဆိုးတွေနဲ့ ဒွန်.တွဲနေ
တယ်၊ ဘယ်လောက်ကောင်းပြီး ဘယ်လောက်ဆိုး တယ် ဆိုတာတွေကတော ကိုယ့်အမြင်နဲ့ ကိုယ်ဘဲ ပေါ့။


ကျုပ်တို.ဟာ ဗုဓ္ဒဘာသာတွေ ပါ ၊ ဂေါတမ ဗုဓ္ဒ ဟောကြားတဲ့ တရားတွေဟာ စုပုံလိုက်ရင် မြင့်မိုရ်တောင် ထက် ကျော်သွား မြင့်သွားလိမ့်မယ် လို.ယူဆနိုင် ပါတယ် ။ လူကြီး သူမစကားတွေ ကလဲ တောင်လိုပုံနေ ပါတယ် ။ ဒါပေမဲ့ ဘယ်သူတွေက ဘာတွေ ကိုနားထောင် လိုက်နာကြသလဲဆိုတာ ပေါ်မှာလဲ မုတည်ပါတယ် ၊ မြန်မာစကားမှာ အစားမတော် တလုပ် ၊ အသွားအတော် တလှမ်း လိုလဲ ဆိုထားတာရှိတယ်။ ဘာတွေ အစားမှားခဲ့ သလဲ ၊ ဘယ်လို
ခြေလှမ်းတွေ မှားခဲ့ သလဲ . ပြန်လည် စမ်းစစ်ကြည့်ကြဘို.လိုလိမ့်မယ်ထင်
တယ် ။


မြန်မာနိုင်ငံအစိုးရ နဲ့ပါတ်သက်ရင် တချို.က ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟ
ကျမ်းဆိုတာကို ရည်ညွှန်းကြပါတယ်၊ မှန်တာပြောရရင် ကိုယ်တိုင်မဖတ်
ဘူးတော့၊ ဘုရားဟောထက် ကောင်းသလား ၊ သာသလား? ဦးဘိုးလှိုင်ကရော
ဘယ်ကျမ်းတွေကို မှီငြှမ်းပြု ပြီးရေးခဲ့တာ လဲ ဆိုတာ မသိဘူး။


မင်းကျင့်တရား တွေ ၊ Good Governance ဆိုတာတွေကို ကောသလမင်းကြီး အားဆုံးမတဲ့ တေသကုဏ ဇာတ်မှာအမှတ်မထင်ဖတ်လိုက်ရဘူးတဲ့ အပြင် ၊ အောက်ပါကောက်နှုတ်. ချက်တွေကိုလဲ တခြားနေရာတွေမှာ တွေ.ရ ဖတ်ရ
ပါတယ် ။


ဗုဒ္ဒဘာသာမှုအရ မင်းတို.ကျင့်ရသော တရား ၁၂ ပါးဆိုတာ၊ ရတနာ ၃ ပါး ပြစ်မှား ခြင်းမရှိခြင်း ။ အ၀ိဇ္ဖာကို ရှောင်ခြင်း ။ အလှုပေးသသူကိုနှစ်လိုခြင်း ၊ ပညာရှိကို မြတ်နိုးပေါင်းသင်းခြင်း။ လျှင်စွာအလှုပေးခြင်း၊ ဓမ္မသတ် ပြဌာန်း ခြင်း၊ ပုံစံနည်းနာ နာယူခြင်း၊ ပုံပြင် ပြုခြင်း(စံနမူနာထူခြင်း)။ ပဉ္စသီလ ဆောက်တည်ခြင်း၊ အမျက်ချုပ်သိမ်းခြင်း၊ အကုသိုဒွါဒသ ကိုပြုခြင်း၊ ပြည်သူ လူ ရဟန်းတို.အားကောင်းစွာအုပ်ချုပ်ခြင်း ။


ရာဇဓမ္မ တ၇ား ၁၀ ပါး က ၊ အလှူပေးခြင်း ၊ သီလဆောက်တည်ခြင်း၊ ပေးကမ်း
စွန့်ကျဲခြင်း၊ ဖြောင့်မှတ်သောနှလုံးရှိခြင်း၊ နူးညံ့သိမ်မွေ.ခြင်း၊ ချွှေတာခြိုးခြံခြင်း၊
အမျက်ဒေါသ မရှိခြင်း။ ပြည်သူတိုအား ငြင်းဆဲ နှိပ်စက်မပြုငြင်း ။ သီးခံခြင်း၊ ချုပ်ချယ်မှု မရှိခြင်း ။


မင်းတို.ကျင့်သော သင်္ဂဟ တရား ၄ ပါး ဆိုတာပါသေးတယ်။ အခွန်အတုတ်ကို ၁၀ စု တစုသာ ယူခြင်း၊ အမှုထမ်းတို.ကို ၆ လတကြိမ် မျိုးစေ့ ရိက္ခာပေးခြင်း ပြည်သူတိုအား အရင်းထုတ်ပေးပြီး ၃ နှစ်လည်မှ တံပိုး ခံခြင်း ၊ နှစ်လိုဖွယ် စကားကို ဆိုခြင်း ဆိုတာတွေကို တွေ.ရတယ် ၊ တခြားဟာတွေလဲ ရှိအုံးမယ် ထင်ပါတယ်။


လူတို.ကျင့်ရမဲ အကျင်.တွေက ဘာတွေ လဲ ဆိုတာမေးဘို.လိုအုံးမလား ၊လူတွေ
ဟာ ဘယ်လိုကျင်ကြံနေထိုင်သင့်တယ် ဆိုတာ ဂေါတမ ဗုဓ္ဒ ကိုယ်တိုင် က ဟောပြီးသား ဖြစ်တယ်ဆိုတာ အကြွင်းမဲ့ ယုံပြီးသားပါ၊ မင်းတို. စိုးတို.ဆိုတာ လူထဲကလူ တွေပါ။ မင်းဆိုး မင်းညစ်ဆိုတာ လူတွေထဲက လူတွေဘဲ မင်းတို.ကျင့်ရမဲ့ အကျင့် သီလတွေဟာလဲ လူတွေ ကျင့်ရမဲ့ အကျင့်သီလတွေနဲ. ဘာမှ ခြားပုံမရှိဘူး ဆိုရင် မှန်လိမ့် မယ် ၊ ခြားနားမဲ့ပုံမရှိဘူးလို. ပြောရင် ရမလား။ သူတော် ကောင်းရှိရင် သူယုတ်မာဆိုတာ တွဲနေပါတယ်။ လူတိုင်းတော့လဲ
မဟုတ်ဘူးပေါ.၊ အရေအတွက် နဲတာများတာ ကွာခြင်ကွာမယ်။ အင်္ဂလိပ် မှာတောင် Good and Evil ဆိုပြီးရှိထားတာကိုတွေ.ရတယ်။


မင်းကောင်းမင်းမြတ် - မင်းဆိုးမင်းညစ် ဆိုတာတွေလဲ ကြားဘူးပါတယ် ၊ သရက်စေ့ဟာ သရက်ပင်နဲ.သရက်သီး၊ မန်ကျည်စေ.ဟာ မန်ကျည်းပင်နဲ.မန်ကျည်းသီး ဘဲ ရမှာဘဲ ဆိုတာကို တော့ တက္ကသိုလ် မရောက်ခင်ကတည်းက အဖေပြောလို. သိထားပါတယ်။


မစ္စတာ ဂျင်မီကာတာ ပြောတဲ့ A government as good as its people " ဆိုတာဟာ သိပ်ကို အဓိပါယ်ရှိတယ် အင်္ဂလိပ်လို ပြောလိုက်မှဘဲ ရှင်းသွား
တော့တယ် လို ဆိုရမှာပေါ့ နော်။ ကျုပ်တို.မြန်မာလောကမှာ မကြာခဏပြော
နေတာကတော့ သူ.အိုးနဲ့ သူ.ဆံ-တန်ရုံဘဲ ဘဲဆိုတာကို မြန်မာတွေ ကိုယ်
တိုင်သဘောပေါက်ပုံ နားလည်ပုံမရှိဘူး လို.ဆိုရတော့ မလား ? ဗဟုသုတ ဆိုတာ ရှာကောင်းပါတယ် မင်းကျင့် တရား ၁၂ ပါးထဲက ပုံစံနည်းနာ နာယူခြင်း၊ ဆိုတာ ဒါကို ဆိုလိုသလား ဘဲ။


ကျုပ်တို.ပါဝင်ဆွေးနွေ တင်ပြနေတာတွေဟာ တဦးတယောက်အတွက် ပုဂလ
ဓိဌာန် ပုဂိုလ်ရေး မဟုတ်ဘူး အများသူငါ အတွက်ဘဲ။ အမဲရှီရင် အဖြူရှိတယ်. အကောင်းရှိရင် အဆိုးရှိတယ်ရှုဒေါင့်အမျိုးမျိုးကကြည့်ရင် အမြင်အမျိုးမျိုးတွေ.ရမယ် ပိုပြီးပုံပေါ်မယ် ဆိုတာဘဲ။


မင်းကောင်း မင်းမြတ် ဆိုတာ ဟာ လူကောင်းသူကောင်းတွေထဲက ပေါ်လာရ
တာ ဘဲ ဆိုတာကို မမေ.အပ်ဘူး ၊ သူများကောင်းတာ မကောင်းတာ ထားပါအုံး ၊ ကိုယ်က ဘယ်လောက်ကောင်းတယ်ဆိုတာတော့ ကိုယ်သိဘို.လိုလိမ့်မယ် ထင်တယ်။


ရိုးရိုးပြောရရင်တော့ မင်းကျင့် တရားရှိရင် ငါကျင့်တရားလဲ ရှီရလိမ်.မယ် လေ၊ ဟုတ်ဘူးလား ?


တွေ.အုံးမယ် - ပျော်ပျော် ပါး ပါးပေါ.