Article submitted by: minkyaw thuyein on 17-May-2013  
သမမျှတသောအမြင်နဲ ကြည့်ရအောင်လား(၁)
ကိုရင်ကြီး။


ပြောရမှာ တွေ တွေးမိလိုက်တာနဲု့ ရင်ကြပ်လာတယ် ၊ မပြောရင်လဲ အသက် မရှုနိင် ဖြစ်သွားမယ်။ ဒါကြောင့် ထွက်သက် ၀င်သက် မှန်မှန်လေး ရှုရှိုက်ရင်း ပြောရတော့မယ် ။ သီးခံပြီးနားထောင်နိုင်ရင် ကောင်းပါတယ်။ ကျုပ်ပြောတဲ့ စကားတွေ မှာ အဖြေရှာတွေ.နိုင်ပါစေ လို.ဆန္ဒမွန်ပြု လိုက်ပါတယ် ။




အဆိုးဆုံး အခြေအနေတွေကို မြန်မာတွေ ကျော်ခဲ့ ပြီ တဲ့ ဟုတ်လား ၊ ဟုတ်ရဲ.လား ၊ ဟုတ်မှဟုတ်ရဲလား ကိုရင်ကြီးရဲ. ။ကျုပ်သက်တန်းမှာ တခြား
ပါတ်ဝန်းကျင်နိုငံတွေ နဲ့နိုင်းယှဉ်ချိန်ကြည့် ရရင် ၊ ကျုပ်အမြင်မှာတော့ မြန်မာတတွေဟာ အဆိုးဆုံးလို.ပြောရလောက် တဲ့အခြေအနေလဲ မရောက်သေးဘူး အကောင်းဆုံး ဆိုတာလဲ မရောက်သေးပါဘူး ၊ လာပါလိမ့်မယ် လာလိမ့်မယ် လိုဘဲ ပြောပါရစေ ။ဆုတော့ မတောင်းဘူး၊ ဆုတောင်းတာအယုံအကြည်မရှိ ၀ါသနာ မပါဘူး။ တဖက်ကဆုတောင်းရင် တဖက်က ကျိန်ဆဲသလိုရှိလိမ့်မယ် ၊ အချို.ဘာသာတွေမှာ ဆုတောင်းတာ ကျိန်ဆဲတယ်ဆိုတာ ရှိတာ သိတယ်မဟုတ်လား ။




ခေါင်းဆောင်တွေဟာ ခေါင်းအေးအေးထားပြီး ခေါင်းဆောင် နိုင်ဘိုလိုတာကိုတော့ သိတယ်။ သူတိုလဲ သိကြမှာဘဲ၊ ကာလ ဒေသ ပုဂ်ဂလ ကိုနှိုင်းဆအပ်တုံ ဆိုတော့ အတိုင်းအတာ တခုထိတော့ ဆောင်ရွက်ကြမှာပါဘဲ ။ ကံ ယုံပြီး ဆူးပုံတော့ နင်းကြမယ် မဟုတ်ပါဘူး။.

ဒီနေရာမှာ ပြောခြင်တာပြောခြင်တာက ဦးနေ၀င်းတယောက် ၊ ဗုဒ္ဒဘာသာ
အရပြောရရင် အခု ဘယ်ဘုံကိုရောက်နေသလဲ တော့ မသိဘူးပေါဗျာ။ တိုင်းပြည် ဂျောက်ထဲ ကျမှာကို ဖြစ်ခြင်တာဖြစ်စေ( ကံယုံပြီးစူးပုံမနင်းဘူ) လို.ဆိုပြီး သူပစ်မထားဘူး ။ သူလုပ်သင့်တယ် ထင်တာကို ရဲတင်းစွာလုပ် ခဲ့တယ် ။ သူရဲ.ခေါင်းဆောင်မှု ကြောင့်သာမဟုတ်ရင် ၊ မြန်မာနိုင်ငံဆိုတာ ဘာလဲ ဟဲ. လို. မေးရမှာ၊ အရှိကိုအရှိအတိုင်ပြောတာကိုရင်ကြီးသိက္ခာတင်နေတာမဟုတ်
ဘူး၊ တင်ရင် လဲ ကျုပ်ရဲ. လူ.အခွင့်အရေှး ဗမာတယောက်ရဲ အခွင့်အရေး
အတိုင်း တင်ခွင့်ရှိတယ် ။ ကျေးဇူးဆိုတာ ကျန်ရှာတင်ရပါတယ် ၊ ကျေးဇူး
မတင်ရင်တောင် ကျေးဇူးကန်းစရာမလိုပါဘူး တဲ့။ လူကြီးသူမတွေပြောတဲ့ စကားပါ၊ ကျုပ်ပြောတာမဟုတ်ပါဘူး။




မြန်မာတတွေ သဘောတရား နွံ ထဲက ထွက်ပြီး လက်တွေ. လုပ်ကြဘို. အချိန်တန်နေပြီ။ . လက်တွေ.လပ်ဘို. အကြောင်းမပြောဘဲသဘောတရားး တွေ ဘဲ ဆက်ပြောပြီး ဟောပြော အချိန်ဖြုန်းနေကြတော.မှာလား? ကျုပ်တို. မမွေးခင် ၊ ကျုပ်တို.မိဘ ဘိုးဘွားမျာ. မမွေူးခင် ကတည်း ဘုရားဟော တရားဒေသနာတွေ ၊ သဘောတရား ပညာရှင်တွေ လက်တွေ. ပညာရှင်တွေ
ဟောကြ ပြောကြ သွန်သင်ဆုံးမတာတွေ မကောင်းတာတခုမှ ပါပုံမရှိ ပါဘူး၊ နားတွေလဲ ညီးနေပါပြီ. နားတွေလဲ ပြီယိုနေပါပြီ ။ ရည်ညွှန်းခြင်သူကိုသာ
ရည်ညွှန်းတော့ ။အမှန်ချည်းဘဲ ။ကျုပ်တို အားလုံး ကိုယ်ယုံကြည်ရာ သန်ရာ
သန်ရာ လိုက်နာ လေကျင့်အားထုပ်ခဲ့ကြမယ်ဆိုရင် မှန်မယ် ၊ သိဒတ္တ ဂေါတမ ကတောင် ၊အခါအားလျှော်စွာ တရားနာ ယူခြင်း ၊ တရားဆွေးနွေးခြင်းများ ပြုရင် မင်္ဂလာရှိ ပါတယ်လို.သတိပေး ဟောခဲ့ပါတယ် ၊ ၂၄/၇ လုပ်နေရမယ်
လို. မဟောဘူး။ ဂေါတမ စကားတွေဟာ အခြားဘာသာဝင်တွေအတွက်
မဆိုင်ဘူးလို. မပြောနိုင် ပါဘူး ၊ လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံး အတွက် သက်ဆိုင် တဲ့ မှန်သောတရား လို. ဘဲ ကျုပ်ပြောတော့မယ် ။




ကိုရင်ကြီး မကြာမီက ပြောခဲသလို ဘုရားပွင့်မှန်းတောင် မသိသူတွေ ရှိပါသေးတယ် ။ တရားနာဘို. တရားဆွေးနွေူဘို.ဆိုတာတော့ စကားထဲ ထဲ့မပြောပါနဲ့တော့။ ဒါဟာလဲ အရှိကိုအရှိအတိုင်း ပြောနေတာဘဲ မဟုတ်လား ။ လူဆိုတာ လူမျိုးနဲ့တိုင်းပြည် ရှိကြသူချည်းဘဲ ၊ သူ.နည်းသူ.ဟန် န.ဲလဲ တိုင်းပြည်နဲ.လူမျိုးကို ချစ်နေကြတာဘဲ ၊




ကိုရင်ကြီးပြောသလို သမမျှတသောအမြင် ဆိုတာအရေးကြီးတယ်ကိုရင် ဆိုတာလေးကို ဆိုတဲ့အတိုင်းမြင်ကြည့် ကြရအောင် ။ ကျုပ်တို. မြန်မာနိုင်ငံ ဆိုတဲ့ နိုင်ငံမှာ လူမျိုးပေါင်း ဘယ်နှမျိုး ရှိသလဲ ? ဒီလူမျိုးတွေဟာ ကိုယ် လူမျိုးကိုယ် ချစ်တာတော့ ဟုတ်ပါပြီ ။ သူတို.နိုင်ငံ သူတိုတိုင်းပြည်က ဘယ်မှာလဲ?၊ သူတို.နေတဲ့ မြေဟာ သူတို.မြေ သူတို.နိုင်ငံဘဲ မဟုတ်လား ? အဲဒီမြေကိုလဲ သူတိုချစ်တယ် မြတ်နိုးတယ်။ ယုံမှားမရှိနဲ့ ကိုရင် ကြီး။




သူတလူ ငါတမင်း ဆိုတာတွေကို ကောင်းသော ရည်ရွယ်ချက်ကြီးနဲ့ ၁၉၅၈-၅၉ တုန်းက ကိုနေ၀င်း ဆောင်ရွက်တာကို တွေ.ခဲ့ရတယ်၊ သူကကောင်းပေမဲ့ တခြားလူကကောင်းခြင်မှ ကောင်းမှာ ပေါ့ ၊ ရခိုင်နိုင်ငံတော် မွန်နိုင်ငံတော် ဆိုတာတွေဟာ မြန်မာနိုင်ငံမှာ တချိန်ကရှိခဲ့တဲ့သီးခြား ဘရင့်နိုင်ငံတွေဘဲ ။ သူတို.ရော သူတို.လူမျိုး ၊ သူတိုနိုင်ငံကို မချစ်ဘူး မမြတ်နိုးဘူးလို.ထင်သလား ကိုရင်ကြီး ? သမမျှတသောအမြင် နဲ့မြင်ကြည့် ရင် အဲသလိုဘဲ မြင်ရမယ်။ ကျုပ်တို.ကိုယ်တိုင် အတိတ်က လုပ်ခဲ့တာတွေဟာ သူတပါး ကိုလိုလိုနီပြုခဲ့တာလား၊ ကိုလိုနီစံနစ်ကို တွန်းလှန်ခဲ့တဲ့ ကျုပ်တို. ဟာ ဘယ်သူကိုမှ ထပ်ပြီး ကိုလိုနီပြုစရာမလိုဘူးဆိုရင် ဘာပြောမလဲ? အမှားပြင်ကြဘို.လိုတယ် ဆက်မှားနေစရာမလိုဘူး ။




ဒို.အရှင် ဒို.သခင်ကို မျှော်မှန်းရည် ယနေ.တိုင် မေ့မရပါတော့သည် ကြားဘူးသလားကိုရင်ကြီး ၊ သီပေါမင်း ပါတော်မူတာကို ဖွဲဆိုထားတဲ့ တေးဘဲ။ ထိုင်ပြီး ဘာမှမလုပ်ဘဲ မှော်မှန်းရည် နေလိုမရဘူး၊ ဂေါဝိန်ဆိပ်က သူရိယ သင်္ဘောပေါ်တက်ရတဲ့ သီပေါနဲ့ စုဘုရားလတ်ကို လူတွေဟာ မျော့က်ပွဲကြည့်သလို ကြည့်နေခဲ့ကြတာ။ ဆပ်ကပ်ပွဲ လှောင်အိမ်ထဲကတိရိစ္ဆာန်တွေအလား ၀ိုင်းကြည့်နေခဲ့ကြတာ ဘယ်သူတွေလဲ ၊ ဆူးပုံနင်းခဲ့ကြ သူတွေမဟုတ်လား ၊ ကင်းဝန်မင်းကြီး ဦးကောင်းလို ၊ တိုင်းတာမင်းကြီး ဦးတိုး တိုလို ကိုယ်လူ သူဖက်သားတွေ ကါ(လ)နယ် စလေဒင်လိုလူတွေနဲ. ပ လူး ခဲ့ကြတဲ့ ရလဒ်တွေဘဲပေါ့ ။ သီပေါဟာ အိန္ဒိယမှာ နှစ် ၃၀ ကြာ အကျပ်ချုပ် ခံနေရရင်း ကုံန်ခဲ့ရဲ့တယ် ။ မြန်မာတွေ ဒါမျိုး ထပ်တလဲ ကြုံရတော ဆူးပင် မဟုတ်ရင် The Will of God ဘဲပေါ့ ။ ကိုယ် မဟန်ရင် ဘုရားတရား ကိုပါ ခုတုန်းလုပ် ဘုရားဟော တွေ လူအပြောတွေကိုညွှန်းညွှန်းနေကြတာလဲ မဆန်းပါဘူး ။ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ဆိုတာကို ဗမာတွေပြောနေရင် ၊ ရခိုင်တွေ၊ မွန်တွေက ရော သူတို.မင်းတွေ ပါတော်မူတော့ သူတို.တွေဘယ်လိုများ ခံစား ဖွဲ.ဆိုကြမယ်ထင်ပါသလဲ? ယူဆပါသလဲ ။ သမမျှတသောအမြင်နဲ့ မြင်ကြည့်ပါ။




လူထုအားကို ခေါင်းဆောင်တိုင်းလိုတယ် ၊ အစိုးရတိုင်းလိုတယ် ၊ နိုင်ငံတိုင်း
လိုတယ်။ အစိုးရနဲ လူထုအစေးမကပ်ရင် ဘယ်တိုင်းပြည်မှမခံနိုင်ဘူး။ အစိုးရဟာ ပြည်သူလူထုကို နိုင်ငံရေး စီးပွာရေး အရ ထိမ်းနိုင်ဘို.လိုတယ် ။ အထူးသဖြင် ပြင်ပက နိုင်ငံရေး စီးပွားရေးနဲ့ တိုက်ခိုက် နေချိန်မှာ အတွင်းလောက်ကောင်တွေကို ထိမ်းထားနိုင်ဘို. အလိုဆုံးဘဲ ။ နိုင်ငံတော် လုံ.ခြုံရေး အမျိုးသားလုံခြုံရေးတွေ ထိပါးလာနိုင်တယ် ၊ နိုင်ငံတခု မဖွံဖြိုးတာ မတိုးတက်တာဟာ နိုင်ငံသားအားလုံးရဲ. တာဝန်။ ပြင်ပ ပယော၈ လဲ ကင်းဘို.လိုတယ် ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှူနဲရတာ ဘာကြောင်.ဆိုတာ ပြောဘို.လိုသေးသလား? ကိုယ်ဟာကိုယ် မသိကြဘူးလား? အစိုးရ၊ ပြည်သူ၊ ပြင်ပလူ အားလုံး တာဝန်ရှိတယ်၊ ဒါဟာ သမမျှတ သောအမြင်နဲ့ကြည့် လို မြင်တာဘဲ ပေါ့။ ၀ မရှီဘဲ ၀ိ လုပ်လို.မရ ဘူးလို.ဆိုတယ်မဟုတ်လား ? ပရိတ် ၁၁ သုတ် နေစဉ်ရွက်နေလို တိုင်းပြည်တိုးတက် စည်ပင်သာဟာ ၀ပြော အေးချမ်းလာလိမ့်မယ်လို. ကျုပ်တော့ မယုံဘူး။




တိုင်းပြည်ပျက်လုဖြစ်ပါစေကိုယ်နဲ့မဆိုင်သလိုနေတဲ့သူများအများရှိသလိုကိုယ်ကျရာနေရာကနေအသက်စွန့်ဆောင်ရွက်နေသူုများလဲရှိပါတယ် မှန်လိုက်လေ ကိုရင်ကြီးရယ် ၊ သွေးထွက်အောင်မှန်တယ် မှန်တဲ့လူတွေ ကျကုန်ပြီ ၊ ကိုရင်ကြီးလဲ ကျ မသွားဘို.အရေးကြီးတယ် လိုတော့ ပြောဘူးတာမှတ်မိတယ် နော်။ ဒါပေသိ ဒီမိုကရေစီကိုက အနဲနဲ.အများဆိုတာခွဲထားလေတော့၊ ဒီမိုကရေစီဟာ ဘယ်ဘက်ကိုလိုက်မလဲ ဆိုတာ မေးစရာ လိုမယ်မထင်ဘူး။ မျိုးချစ် ပြည်ချစ် ရုံနဲ. မပြီးသေးဘူး၊ အရည်အချင်းရှိသူ ၊ ရည်အချင်းပြည့်ဝသူ ၊ အမှန်ကိုပြောရဲ လုပ်ရဲ သူတွေ အရေအတွက်များဘို.လိုတယ်။ တယောက်ကောင်း နှစ်ယောက်ကောင်းနဲ့လဲ မရဘူး။ ကျုပ်တို.တတွေ အားလုံး သန္ဒေ အကျင့် မကောင်းတာရှိရင် ကိုယ်ဟာကိုသိ ၊ ပြင်ကြရမယ် ။ အနျားအကျိုးအတွက် အများနဲ့ ပေါင်းလုပ်ကြရာမှာ အဓိပါယ် တူညီသော အမှန် ဆိုတာကို ရှာဖွေကြ ရမယ်၊ ကိုယ်လိုခြင်တဲ့ အဓိပါယ်တခုထဲနဲ့ တော့ မဖြစ်ဘူး ဆိုတာ သေချာတယ်။




အခြေအနေတွေ ဟာ အချိန်မရွေး ။ တရွေရွေ သော်လည်းကောင်း ၊ တဟုန်တိုးသော်လည်းကောင်းပြောင်းလဲ နေတာပါတယ် ၊ ဘာကိုမှ လှေနံ ဒါးထစ်မှတ်လို.မရနိုင် ဘူး ။ အထူးသဖြင့် Supersonic ဒုံးယဉ်ကို လှည်းကြမ်းနဲ့ ဖြစ်စေ လှည်းယဉ်နဲ့ ဖြစ်စေ ၊ ဈာန်သမာပါတ်နဲ့ ဖြစ်စေ လိုက်လိုမရဘူးဆိုတာ အစိုးရ ရော ပြည်သူလူထုရော သိဘို.လိုတယ် ။
ကိုရင်ကြီးရဲ့  ဝေ ဘန်တာလူတိုင်းတတ်ပါတယ် ဒါပေသိအကျိုးအကြောင်းနဲ့
အချက်အလက်နဲ့ဝေဘန်ဘို့က လူတိုင်းမတတ်ကြဘူး။ အဲဒီလိုဝေဘန် တတ်တယ်ဆိုအုန်း၊ စေတနာနဲ့လားကိုယ်လိုရာဆွဲသုံးသလားဆိုတာတွေ
ခွဲခြားဘို့လိုအုံးမယ်ဗျ။ တဲ့ ။ ဒါကတော့ ကျုပ်မပြောတတ်ဘူး ဗုဒ္ဒသာ ရှိရင် ပြောနိုင်ပါလိမ့်မယ် ၊ ကျုပ်ပဲဖြစ်စေ ကိုရင်ကြီးဘဲ ဖြစ်စေ စေတနာနဲ့ ပါဆိုတာကို ဘုရားစူး ကျမ်းကျိန် ပြောရအုံးမှာလား ။ စေတနာဆိုတာ လုံးလုံးလေးလား ပြားပြားလေးလား ? အရောင်အသွေးကရော ဘယ်လိုလဲ ကိုရင် ကြီး?






ဦးနေ၀င်းဟာ ဘယ်လိုလူမျိုး ဆိုတာ ဘယ်လိုလူမျိုးလဲ သိပါရစေ၊ ကောင်းတာကဘာတွေလဲ မကောင်းတာကဘာတွေလဲ ? ဦးသန်းရွှေ ကရော ဘောင်းဘီမချွတ်ရဲဘူးဆိုတာ ဘာကြောင့်လဲ ၊ ပုရွက်ဆိတ် ၊ ခြင် ၊ ယင် ၀င်မှာစိုးလို.တဲ့လား ၊ ဘာတွေကြားလိုလဲ ၊ ဟုတ်သတင်း၊ လုပ်သတင်း လေးများ ရှိရင် မျှပါအုံး ။




ဘာဘဲ ဖြစ်ဖြစ်ပေါ့ဗျာ မြန်မာပြည်စစ်တလင်းပြန်မဖြစ်ဘို့ရယ် စစ်တုရင်ခုံပေါ်က နယ်ရုပ်လေး လို ချကျွေးတာမခံရ ဘို့ရယ် မြန်မာတိုင်းမှာ တာဝန်ရှိပါတယ်။ တဲ့။ ဟုတ်လိုက်လေဗျာ၊ ဆက်ဟောပါအုံး ။ ဒါတွေကိုဘဲ ဒီကလဲ ပြောနေခဲ့တာမဟုတ်လား . အရှေ.တောင် အာရှ ဒေသ ဟာ အင်အားပြိုင် နိုင်ငံကြီးတွေရဲ. စစ်ရေးလေ.ကျင်ရေး ဒေသဖြစ်ခဲ့တာ၊ အခုဆိုရင် အရှေ.အလယ်ပိုင်းမှာ အာရုံစိုက်နေကြပေမဲ့ ကိုရီးယား တောင် တရုတ်ပင်လယ် ထဲကအရေးတွေ ဟာ အရှေ.အလယ်ပိုင်း ပြီးရင် တပါတ်ကြော့ဘို. နွှေးထားတာလား အာရုံလွှဲထားတာလား စဉ်းစားရမယ်။




တကယ်လို.များ ကိုရီးယားစစ် ပြန်ဖြစ်ခဲ့ရင် တရုတ်နဲ အကန်အသတ်ဖြစ်စေ အချင်းများ၊ ပဋိပက္ခဖြစ်ခဲ့ရင် မြန်မာပြည် ဘယ်ဘက်က ပါမလဲ ? ဒုတိယ ကမ္ဘာစစ် အတွင်း ကတော့ ၂ ဖက်စလုံးဘက်က ပါခဲ့တယ်။ အမေရိကန်တွေ မြစ်ကြီးနားမှာ လေယဉ်တွေ လက်နက်တတ်ဆင်ပြီး ၊ တရုတ်ပြည်တွင်း ချိန်ကေရှီုက် ဆီ ပို.ပေးခဲ့တဲ့ နမူနာတွေ ရှိတယ် ။ မြန်မာနိင်ငံကို အသုံးချခဲ့တယ် ၊ ဂဠုံဦးစော ကောင်းမှု ကုသိုလ် သူ.လက် ထက်က သူကိုယ်တိုင်စီစဉ်ပေးခဲ့တာလို.သိရတယ် ။ မြစ်ကြီးနား ဆိုတာ သတိထားမိသလား ကိုရင်ကြီး? စပစ်ဖါးယား တွေတောင် အဲဒီပါတ် ၀န်းကျင်မှာ မြှုတ်ထားတယ် လို. မနေ.တနေ.ကဘဲ လေကြော်ခဲ့ သေးတယ် လေ။ မြန်မာနိုင်ငံမှာ အင်္ဂလိပ် မရှိခဲ့ရင်ဖြစ်စေ ဂျပန်မရှိခဲ့ရင် ဖြစ်စေ ဗုံးချခံရမယ် မဟုတ်ဘူး အပျက်အစီးတွေ ရှိမယ်မဟုတ်ဘူး။ မြန်မာတွေ သေခဲ့မယ် မဟုတ်ဘူး ၊ မြန်မာပြည် ပြာပုံဖြစ်ခဲ့မယ်မဟုတ်ဘူး ၊ အိမ်နီးချင်း ယိုးဒယားကို သာဓက
အဖြစ်ကြည့်နိုင်ပါတယ်ပါ ။




ကချင်ခရစ်ယာန်သမတနိုင်ငံတို့ ကရင်ခရစ်ယန်သမတနိုင်ငံတို့ ထောင်ချင်သူများကိုအိမ်နီးချင်းနိုင်ငံထဲအမြန်ဆုံးပို့ပေးလိုက်တာအကောင်းဆုံး။ ကိုယ်နယ်နမိတ်ထဲတော့ဆက်မထားသင့်တော့ဘူးဗျ။ တဲ့၊ ဒါက သိပ် လောဂျစ်ကယ် ဖြစ်တဲ့ စကားတော့မဟုတ်ဘူး ၊ သူတိုလဲ ဘယ်မှ မသွားနိုင်ဘူး သူတို.ကို ခေါ်မဲ့ ယူမဲ့ စေတနာရှင်လဲမရှိပါဘူး။ ဒါက ဘာလဲဆိုရင်၊ ၀မ်းကမ်း
ထရီး - ၀မ်းပီးပဲလ်- ၀မ်းတပ်မတော် ဆိုတာဘယ်လောက် နီးစပ်နေပြီ ၊ဘယ်လောက်လိုသေးတယ်ဆိုတာကို ကိုရင်ကြီးသဘော ပေါက်ပုံ ပြတယ် ။ ဒါကြောင့်.လဲ ဘာလုပ် စေခြင်တယ် ဆိုတဲ့ ဆန္ဒထုတ် ဖေါ်လာတာဘဲ ။ ပြင်ပ ပယောဂတွေ မပါရင်. မြွေမသေ ဒုတ်မကြီုးဆောင်ရွက်လို.ရတဲ့နည်းတွေ အများကြီးရှိပါတယ် ။ သီရိလင်္ကာလို အစိုးရသက်တမ်း ၄/၅ နှစ်အတွင်း အပြတ်ရှင်းပစ်နိုင်တယ်။ သမမျှတစွာကြည်ရင် သူတို.အိမ်ဟာ သူတို.အိမ်ဘဲ ဆိုတာတွေ.ရမယ်။. တကယ်တန်းကျတော့ ကချင် ရော ၊ ကရင်ရော၊ ရှမ်းနဲ.တခြားသောင်းကျန်း
တွေဟာ အနဲ စုပါ။ လူမျိုးစွဲ ဆွဲပြောရမှာတောင် အားဏာပါတယ် ။ ကောက်သင်းကောက် သလို ကောက် သွားဘို.လိုပါတယ်။ ပစ်ရှိ ပစ်မဲ့ ခွဲခြား ဘို.လိုတယ်။ သူတို.သဘောပေါက်တယ်ဆိုရင် တော့ အတိုင်းထက်အလွန်ပေါ့ ဗျာ၊ သူတို.လက်နက် စွန်ြ့ပီး ဥပဒေဘောင်ထဲ ရောက်လာလို.မှ တာဝန်ရှိ
သူတွေက သမမျှတ မဆက်ဆံ ရင်တော့ သူတို.ကိုလဲ အပစ်ဆိုလို.ဘယ်ဖြစ်မလဲ ။




နေပါအုံး ၊ စိန်အောင်မင်း က ဘာတွေများပြောလို.လဲ ? ငါ ပြောမယ် ရွှေရှင်ဘုရင်ရဲ. နင် ဆင်ချင် အုံး တဲ့လား ? စိန်အောင်မင်း ကဘဲပြောပြော ၊ ရွှေမန်း တင်မောင်ဘဲ ပြောပြော၊ မြို.တော် သိန်းအောင်ဘဲ ပြောပြော ။ နိုင်ငံရေးစကားတွေဟာ တော်ရုံတန်ရုံ ယုံဘို. ခက်ပါတယ် ။ စစ်မှုထမ်း
ဟောင်းတွေ နိုင်ငံရေးသမား ဖြစ်လာရင် စကားအသူံးအနှုန်းတွေဆင်ခြင်အပ်တယ်၊ အခုပြောလဲ ဒီစကား နောက်ပြောလဲ ဒီစကား ၊ တိုးတိုးပြောလဲ ဒ်ီစကား ကျယ်ကျယ် ပြောလဲ ဒီစကားပါဘဲ မဟုတ်လား ။




ကိုရင်ကြီးက ဘာကောင်ဖြစ်ခြင်လို. လဲ။ အကောင်ဖြစ်ခြင်လို.လုပ်နေတာလိုမှတ်ယ&#