Article submitted by: minkyaw thuyein on 16-May-2013  
ထားပါတော့လေဆိုလို.မရဘူး၊ (၁)
ကိုရင်ကြီး ။


မထားနိုင်ဘူး လိုတော့လဲ မပြောလိုဘူး။ ပြောရမယ်ဆိုရင် ၊ ဂျင်းစိမ်းနဲ့ မိသလင်သူကျင်မှ ကိုယ်ကျင်မယ် ဆိုတဲ့ စိတ်ထားမှ တန်ရုံကျမယ် လို.ပြောခြင်
တယ် ။


ယူဆလို.ရတာတွေကတော အများကြီးဘဲ။ သိန်းစိန်နဲ့ အိုဘာမာ ဘယ် နှစ်ကိုကြားမှ ကြားစရာမရှိဘူး၊ နိုင်ငံအချင်းချင်း ဆက်ဆံရေး နိုင်ငံရေး၊ စီးပွားရေးကိစ္စ တွေဟာ ကိုယ်ရေးကိုတာ ကိစ္စတွေ မဟုတ်ပါဘူး။ ကျုပ်အမြင်ကို ရှင်းရှင်းပြောရရင် ကိုသိန်းစိန်ကို လူတွေရှေ. နှိမ်လိုက်တာဘဲ ။ တချိုလူတွေစိတ်မှာ သံသယတွေ ပေါ်အောင် လုပ်ပြလိုက် တဲ့ နိုင်ငံရေး လှဲ.ကွက်တခုဆိုတာဘဲ ပေါ့။ မြန်မာစကားနဲ့ ပြောရရင် လူရှေ.မှာ“ ပ လူး ” ပြလိုက်တာဘဲပေါ့ ၊ ဒီစကားဟာ ကောင်းတဲ့စကား တလုံးတော့ မဟုတ်ပေမဲ့ နိုင်ငံရေးလောကမှာ အင်မတန်အရေးပါအရာရောက် ထိရောက်တဲ့ “ဖိုတို အပေါ်ကြုနီတီ ပါဘလစ်စီတီ စတန်.” တခုဘဲ ဆိုရင် ကိုရင်ကြီးနားလည်ပါ
တယ်။၊ ကြိုက်သူ. မကြိုက်သူကတော့ ရှိစမြဲပေါ့ ဗျာ။


အနာသိရင် ဆေးရှိပါတယ် ၊ ဖြေဆေးကတော့ရှိပါတယ်။ သိပ်ရှိတာပေါ့ဗျာ ၊ ဝေဒနာ ဘယ်လောက်ကျွမ်း နေပြီလဲ ၊ ဆေးပေးရင်ရော ဝေဒနာ ရှင် နလံထူဘို. မထူဘို.ဆိုတာထက် ဆေးအာနိသင်၊ ဆေးဒါဏ်ကို ခံနိုင်ရည် ရှိမရှိ မသေချာဘူး ။ ကင်ဆာရော၈ါမှာ နောက်ဆုံး ကီမိုသရဖီ ပေးသလို။ ပျောက်သူ သေသူ ကံ မတူကြပါဘူး။ တနည်းပြောရရင်တော့ ရောဂါမှန်တွေ.လို ဆေးမှန်ပေး လူနာရောဂါ ပျောက်သွားရင် ဇီဝက ဆေးရာကြီး ဆေးမကုရတော့ဘဲ သားကိုလဲ ဆေးကျောင်းမပို.နိုင် ၊ ငတ် ဘို.ဘဲ ရှိတော့တယ် တဲ့ ၊ ရီရမှာလား ငိုရမှာလား အကိုရယ်?


နိင်ငံရေးဟာ အဲသလို ပြောသလောက်မလွယ်ဘူးဆိုတာ ကိုရင်ကြီးသိသားဘဲ ၊ မြန်မာနိုင်ငံဟာ လွတ်လပ်သောအချိုပ်အခြာအာဏာပိုင် နိုငင်ံတခုမဟူတ်ပါဘူးဆိုတာကို ကျုပ်ပြောနေတာ ဘာကြောင့်ကိုနားမလည်နိုင်
ကြတာလဲ မသ်ညဘူး၊ အစိုးရလုပ်တဲ့ လူတွေရော တပ်မတော်ဦးစီးတွေပါ ခြေတွေ လက်တွေကြိုးတုတ်ခံနေရတာ လည်ပင်းကြိုးတုတ်ခံနေရတာ ပြည်သူတွေထဲကပြည်သူတွေကြောင့်ဘဲ ၊ သတ္တိကြောင်တယ် ပြတ်ပြတ်
သားသား မရှိဘူးလို.ပြောလို.လဲမရဘူး ။ အမှန်ကိုလဲ ထုတ်ပြောဘို. မဖြစ်သေး
ဘူး။ ပြည်သူနဲတပ် တသားထဲရှိဘို.လိုတယ်။ ပြည်သူထဲက ပြည်သူတွေဟာ၊ လွတ်လပ်ရေး ၊ လွတ်လပ်ခွင့်တို.ရဲ. ဆိုတာဟာ အစည်းမရှိ အတားမရှိ ကိုယ်လုပ်ခြင်တာကို လုပ်ခြင်တိုင်းလုပ်လို.ရတာမျိုးလို.ယူဆနေတယ်။ သူတိုကိုဟောပြောနေတဲ့ ဂုရုကြီးတွေကလဲ၊ သူတိုကိုယ်တိုင် ကမ္ဘာပေါ်မှာ ဘယ်သူ.မှ ဂရုမစိုက် လွတ်လွတ်လပ်လပ်ကြီး လုပ်ခြင်တိုင်း လုပ်ပြနေတယ် သူများတွေကို မြေညက်ပေးနေတယ် ၊ ဒါကို
အားကျနေတယ်။


မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေပေါများသလောက်လက်နက်ကိုင်သောင်းကျန်း
တွေလဲ ပေါများနေတယ် ၊ အိမ်နီးချင်းနိုင်ငံတွေရော အိမ်ချင်းဝေး နိုင်ငံတချို.ပါ ဒီသောင်းကျန်းတွေနဲ. စီးပွားရေးလမ်းဖြောင့်နေကြတယ်။ အထူးသဖြင့် ဘိန်း. ဘိန်းဖြူတွေ အခြား ဥပဒေမဲ့ မူးယစ်ဆေးဝါးတွေ ကို ဘယ်သူတွေဘယ်မှာ
စိုက်ပျိုးထုတ်လုပ်နေတယ်ဆိုတာ အပြည်ပြည်ဆိုင်ရာဆိုက သိပါရက်နဲ ဘာမှ အရေးယူးဆောင်ရွက်ခြင်း မရှိတဲ့အပြင် ၀ယ်ယူသုံးစွဲခြင်းဖြင့် အားပေးနေကြ
တယ်။ မြန်မာနိုင်ငံအပါအ၀င် ပါကစ္စတန် အာဖဂန်နစ္စတန်. ကိုလံဘီယာ စတဲ့ နိုင်ငံတွေမှာ ဘိန်းဘုရင်တွေ စစ်တပ်ဖဲ.ွပြီး လွတ်လွတ်လပ်လပ်ကြီး လှုပ်ရှားခြင်
တိုင်း လှုပ်ရှားနေတယ်. သူတိုကိုင်တဲ့ လက်နက်တွေကလဲ ဘယ်နိုင်ငံတွေက ထုတ်တဲ့လက်နက် တွေ ဘယ်လိုရကြတယ် ဆိုတာလဲ အတိအကျ သိပါရက်နဲ့ ဘာမှမလုပ် အရေးမယူကြဘူး ဆိုတာကတော့ အံသြစရာဘဲ။ ဘယ်သူတွေက ဘယ်သူတွေနဲ. ကြိတ်ြ့ပီးကြံဖန်နေကြတာလဲ ဆိုတာတော့ ကိုယ်လဲမသိဘုး ၊ ကြားဘူးတာကတော့ အနောက် ဖက် နိုင်ငံကြီးအချို.ဟာနိုင်ငံငယ် တချို.
မှာ သူတိုမကြိုက် မနှစ်သက်တဲ့ အစိုးရကို ဆန်.ကျင် သူတွေဆိုတာ ကို
လက်နက်တွေ အပါအ၀င် လိုအပ်တာတွေဗြောင် ထောက်ပံ့ပေးကမ်းတာတွေ
အထင်အရှားရှိတာ တွေ.ရတယ် ။


အကောင်းအမြင် ကို မျှော်လင့်တာဟာ ကောင်းပါတယ် ၊ စိတ်ချမ်းသာပါတယ်၊ အကောင်းအမြင်ကို မျှော်လင့်နေရုံနဲ့ တော့ မပြီးဘူး။ မကောင်းတာ တွေ မြင်ပါရက်နဲ့ ပြုပြင်ခြင်းမရှိဘဲ ၊ ကောင်းအောင်မလုပ်ဘဲ အကောင်းကို မျှောလင့်နေလို.တော့လဲ မဟုတ်သေးဘူး ထင်တယ်။ အဆိုး မမျှော်လင့် သည့်တိုင် ဘ၀င်မကျစရာတွေ တွေ. တွေ.နေရတော့လဲ အဆိုးဖြစ်လာမှာကို စိုးရိမ်မိတယ် - သောကဖြစ်မိတာအမှန်ဘဲ ။ ကမ္ဘာဖြစ်ရပ်တွေ - မြန်မာ့ ဖြစ်ရပ်တွေကို စာတွေ.ဖြစ်စေ လက်တွေဖြစ်စေ ကိုယ်တိုင် တွေ.ကြုံဘူးတော့ စိုးရိမ်သောက ဗျာပါဒ ရှိရတာဘဲ။ အသိရှိတဲ့ သက်ရှိသတ္တ၀ါ အားလုံး ဟာလဲလိုဘဲ ခံစားကြလိမ့်မယ်။


ပွင့်လင်းမြင်သာ မူဝါဒမှာ ၊ ကိုသိန်းစိန် တယောက် နိုင်ငံတော် လုံခြုံရေး ၊ အမျိုးသား လုံခြုံရေး ကိစ္စတချို.ကို တောင် တိုင်သူပြည်သား လူအများကို အသိပေးအပ်တာတွေ ရှိပါလိမ့်မယ်၊ ကြိုတင် သတိပေးစရာတွေ ရှိပါလိမ့်မယ်။ ဒါတွေအတွက်ပွင့်လင်းဘို. လိုပါတယ် မြင်သာ အောင်လုပ်ဘို.လိုပါ လိမ့်မယ်။ နိုင်ငံအချင်းချင်း ရင်းနှီးတယ် သဟဇါတဖြစ်တယ် ဆိုတာ ကောင်းတဲ့ အရာ
တွေဘဲ ၊ လူမလေးခွေးမခန့် ဖြစ်အောင်တော့ ပလူး ပြနေစရာ မလိုပါဘူး၊၊ ပွတိသဘင်ပွဲတွေ ကျင်းပပေးဘို.မလိုပါဘူး။ အောင်ဆန်းစုကြည်ကိုလဲ ဒီအတိုင်းမြင်တယ် ၊ ဒီအတိုင်းဘဲ ပြောခြင်တယ်။ ယိုသူမရှက် မြင်သူရှက်။

အနောက်တိုင်း ဒီမိုကရေစီ ဆိုတာကို မြန်မာနိင်ငံမှာ ကျင့်သုံးခဲ့ဘူးပါတယ် ၊ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာတွေကို ကိုရင်ကြီးလဲ အသိဘဲမဟုတ်လား၊ မြန်မာတွေ ဒီမိုကရေစီ အလေ့အကျင့်မရှိလို.၊ လိပ်ပါတ် မလည်လို.၊ မရင့်ကျက်လို. ဒီမိုကရေစီနဲ.မရင်းနှီးခဲ့ဘူးလို.ဆိုရင် လဲ ဆိုနိုင်တယ်။ အခုရော ဘယ်လိုလဲ?


ဒီမိုကရေစီ ၊ ဟိုမိုကရေစီ ၊ ငါမိုကရေစီ ၊ သူမိုကရေစီ ၊ ဘယ်သူတွေ ဘာဘဲ စီ စီ၊ တိုင်းပြည် စည်ပင် ဖွံ.ဖြိုးတိုးတက်ဘို.အထိက ၊တိုင်းသူပြည်သား လူအများက ၀ိုင်းပြီးလုပ်ကြရမယ် ဆိုတာကို ဒီမိုကရေစီ ခေါင်းဆောင်တွေရော ဟိုမိုကရေစီ ခေါင်းဆောင်တွေရော အားလုံးကသိကြ ပြောနေကြ၊ ဟောနေကြ
တာဘဲ ၊ ကျုပ်သဘောနဲ့သာဆိုရင် “လူမိုကရေစီ ” လို.တောင် ခေါ်လိုက် ပြောလိုက်ခြင်တယ်။ လူအများကောင်းစားရေးကို လူအများ ၀ိုင်းလုပ်ကြရမယ်
လို. ပြောလိုက်တော့ အချို. က အဆိုးဖက်က အဓိပါယ် တမျိုးကောက
်ကြပြန်တယ် ၊ ရှင်းနေတဲ့ ကိစ္စကို ရှုတ်အောင် ၀ိဝါဒ ကွဲအောင်တမင် လုပ်ပြီး ပဋိပက္ခဖန်တီးပေးနေတာလိုဘဲ မြင်တယ် ။ မရှိတဲ့ ဒီပဋိပက္ခ အရှိအဖြစ် ဖန်တည်း တာကို က ပဋိပက္ခ ရှိစေခြင်လို. ဖြစ်စေခြင်လို.ဘဲဆိုတာ ထင်ရှားပြန်တယ်။


အဓိပါယ်ကို နားမလယ် စကားအသုံးအနှုန်း ကွဲပြားမှု နဲ့ ရန်လုပ်နေကြ
တယ် ။ ဒါဟာ ဘာလဲဆိုရင် တဦးက တဦးကို စိုးမိုးဘို. ကြံနေတာကလွဲပြီး ဘာမှ မဟုတ်ဘူး ဆိုတာတွေ.ရတယ် ။ ကျုပ်နာမယ် မောင်လှ ပါဆိုတော့ မင်းလှခြင်တိုင်း လှလို.မရဘူး၊ ငါ က လှ ဆိုမှ လှရမယ်ဆိုတော့လဲ တမျိုးကြီး
ဘဲပေါ.နော် ။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်က ပြည်တော်သာ စီမံကိန်း ကို လူတွေဟာ စကားထဲ ထည်.ပြောရအောင် တောင် မသိ မလေ.လာကြဘူး ။ ဆိုရှယ်လစ် ဒီမိုကရေစီ မြန်မာဆိုရှယ်လစ် လမ်းစဉ်ဆိုတာကြတော့လဲ ၊ ဘယ်သူက စခဲ့ တာလဲဘယ်သူ ရည်မှန်းချက်လဲ ဆိုတဲ့ အမှန်ကို မလေ့ လာကြဘူး ၊ လေ့လာရမှန်းလဲ မသိဘူး၊ အကောင်းထက် အဆိုးကိုသာ ပြောကြပြန်တယ် ၊ ပြောသူတွေက ဘယ်သူတွေလဲ ၊ အဆိုးတွေဟာ ဘာတွေလဲ လို.မေးတော့ အတိအကျ ဘယ်သူမှ ထောက်မပြနိုင်ဘူး ၊ အဆုံးမတော့ ကျုပ်တို မြန်မာတွေဟာ ဒို.လူကလေးများဘဲ ၊ ဝေလေလေထဲ က ဝေလေလေတွေ အဖြစ်နဲ့ သံသရာ ၀ဲ လယ်နေတယ်ဆိုတာကို တွေ.ရတယ် ၊ ဒီလိုလူတွေကို ခေါင်းဆောင်တဲ့ ဘယ်သူမဆို ဟာသူတိုဟာသူတို. တောင် ရှက် ဘို.ကောင်းတယ် ။ ရှက်တတ်ရင်ပေါ့လေ၊ အနှစ်မရှီတဲ့ တော ကြက်ဆူပင် မင်းမူနေတာမျိုးပေါ. ။


မြန်မာတွေဟာ ရှေ.နောက် ဆင်ခြင် ခြင်းမရှိဘဲ ရတ်တရက် ထထပြီး တရှုးထိုး တဇောက်ကမ်း လုပ်တတ်ကြတယ် ၊ကောက်ရီုးမီးလို ၀ုန်းကနဲ ထ တောက်တတ်ကြတယ် ဆို တာ သိတယ်။ ဒီနေ. မြန်မာတွေ နိုးကြားလာကြပြီလို. ယူဆစရာ ပြောနိုင်စရာလေးတွေ အနဲငယ်တွေ ရပေမဲ့ တကယ် နိုးကြားတာလား ။ အိပ်မက်ယောင်တာလား ၊ အိပ်မက်ဆိုးကြောင့် ဂယောင်ဂတန်း ထလာတာလားဆိုတာတော့ သေချာပေါက် မသိနိုင်ဘူး၊ အကျိုးဆက်တွေကတော့ ရင်ဆိုင်ကြရမှာဘဲ ။


ကျုပ်တို. ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတောင် ကျုပ်တို မြန်မာတွေ မျိုးချစ်
စိတ်နဲ့ အကောင်းဖက်က ရွေးပြောခဲ့ကြတာပါ ဆိုရင် ဘာပြော မလဲ? ပြောကြမယ်ဆိုရင် ဂေါတမ တောင် အပြောမလွတ်ပါဘူးလို.ဘဲ ပြောပါရစေ။ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်နဲ ပေါင်းပြီး နိုင်ခြေမရှိလို.ဘက်ပြောင်း ခဲ့တာ

က စပြောရရင် မြန်မာ့တပ်မတော် ဆိုတာကို အောင်ဆန်း တယောက်ထဲ တည်ထောင်တာလား ၊ ဂျပန်ထောင်ပေးတာလား? ဂျာမန်နဲ့ဂျပန် ကို စစ်ဘီလူးတွေ စစ်ရာဇ၀တ်ကောင်တွေ လို. ရှုံ.ချ ပစ်တင်ထားတော့ ကိုအောင်ဆန်းနဲ မြန်မာတပ်မတော် ဘယ်အခန်းမှာ ရောက်သလဲ ။ နောက်ဆုံးပိတ် အိပ်နဲ့ လွယ် ဆိုတဲ့စကားလို ကိုနေ၀င်းတို. ကိုသန်းရွှေတို. လိုနောက်ဆုံးသူတွေ အပေါ် ပုံကျတော့တယ် ။ မြန်မာခေါင်းဆောင် တွေ ဘယ်သူမှ အကောင်းပြော မခံရ တဲ့ အပစ်အနာအဆာနဲ့ ဂျိုကျိုး နားရွက်ပဲ့ ချည်းဘဲ ဖြစ်နေရတယ် ။


အရေးကြီးတာက မြန်မာတပ်မတော် ဘယ်အခန်းမှာရောက်နေသလဲ မကြာသေးခင် ပြီးခဲ့တဲ့အတိတ်က ဘဲ မြန်မာ့ တပ်မတော်ကို နာမယ်အမျိုးမျိုး ပေးပြီး ရစရာမရှိအောင် ပစ်တင် ရှုံချကြတာ မြန်မာတွေ ဘဲ မဟုတ်လား ။ ဒါလောက်ပြောရင် ကိုရင်ကြီး စဉ်းစား တွေ ခေါ် နိုင်ပါတယ် ၊ သဘော ပေါက်

ပါတယ်။ ကျုပ်တင် မက မျိုးချစ်တချို. အတောက်အထားတွေနဲ့ ပြောဘူးပါ

တယ်။ မြန်မာတပ်မတော်ကို အမြစ်ကပါ နှုတ်ပစ်ဘို. ကြံခဲ့တာ ၁၉၄၅ ခု ဂျပန် လက်နက်ချ ကတည်းကပါဆိုရင် မှတ်မိမှာပေါ.။ ကိုအောင်ဆန်းတောင် တပ်က ထွက်လိုက်ရတယ် ။ စစ်ဘီလူး စာရင်းထဲ အသွင်းမခဲရတဲ ဖရီးဒန်းဖိုက်တာ နောက်မှာ လူထုရှိတာ သူတို.သိတယ်။ ဓါပေနဲ့ ကိုအောင်ဆန်း တယောက် ကြာကြာမခံလိုက်ပါဘူး မဟုတ်လား။


ကြားညှပ်ပြီး အလျှင်းသင့်တုန်း တဆက်ထဲ ပြောရရင် ကိုရင်ကြီးပြောတဲ့ “၀မ်းကမ်းထရီး ၀မ်းပီးပဲလ် ၀မ်းတပ်မတော်” ဆိုတာ ကျုပ်လဲ လိုလား ပါတယ် ၊ ဆရာမောင် ဆေးနီလုံး/ဆေးနီမှုန်.နဲတော့ မရနိုင်ဘူး ။ မဟာမြိုင် တေဆေးကြီး
လို.ဆေးကြမ်း မျိုးနဲ့မှရမယ် ၊ ပြည်သူတရပ်
လုံးက တပ်နောက်မှာရှိဘို.လိုတယ်။ တပ်က ဘာတွေကို ဘာကြောင့် လုပ်နေ
တယ် ဆိုတာကို ပြည်သူတွေ လူံးဝ သဘောပေါက်ရမယ်။ လက်နက်ကိုင် သောင်းကျန်းတွေ ဘယ်သူတွေ ဘာတွေ လုပ်နေတယ် ဆိုတာာ ပြည်သူတွေ သိရမယ် ။ ဒါဒို.ပြည် ဒါဒို.မြေ ဆိုရုံနဲတော့ မရဘူး၊ ဒို.ပိုင်တဲ့ ဒို.ပြည် ဒို.မြေကို ဒို.အားလုံး တပ်နဲ.အတူ ကာကွယ်ဘို.တာဝန်ရှိတယ်ဆိုတာ သိကြရမယ် ၊


၁၉၄၈ ခု မတိုင်ခင် သူ ဘ၀တပါးမပြောင်းခင်က နာမည်ကြော် ‘ အောင်ဆန်း အက်တလီ ’ စာချုပ်ကို မျိုးချစ် ဘယ်နှယောက်ဖတ်ဘူး ကြသလဲ၊ အဓိပါယ် နားလည်ကြသလား၊ သဘောပေါက်ကြသလား ?


အတိတ်အကြောင်းမရေလည်ရင် ပစ္စုပန်ကို နားမလည်နိင်ဘူး ၊အနာဂါတ်အရေးဟာ နှောင့်နှေးလိမ်.မယ် ။ြ့ပီးခဲ့တာတွေ ပြီးပါစေ တော့ လို.လွယ်လွယ်ပြောလု.ိမရဘူး . အတိတ်က ဖြစ်ရပ်တွေ မှာသင်္ခန်းစာယူစရာတွေ
များပါတယ်။ ယူ မယူတော့ လဲ မသိဘူး။


အဆုံးက ပြန်စ ရရင် မြန်မာနိုင်ငံ “ဒီ မိုးက ရေစီး” စံနစ် နဂိုကမှ မိုးများလွန်းလို. မထိမ်းနိုင်မသိမ်း နဲ့ မိုးရေထဲ မြေဆီမြေနှစ် နှုန်းမြေတွေမျောသွား၊မျောသွား
တဲ့ မြေဆီမြေနှစ် နှုန်းမြေနု တွေကို ပြန်ဆယ် နိုင်ခြင်းမရှိပါဘူး. ဆယ်ရမှန်းလဲ မသိကြဘူး ။ မြေဆီမြေနှစ် နှုန်းမြေနု ဆိုတာ အဖိုးမဖြတ်နိုင်ပါဘူး ကိုရင်ကြီး ရဲ.။ မြန်မာနိုင်ငံဟာ အပူချိန်လွန်ကဲပြီး သဲကန္တာရ တပိုင်းဖြစ်တော့မယ် ။


ကိုသိန်းစိန် လမ်းကြောင်းမှန်ရအောင် ဒီလမ်းကြောင်းကို ဘယ်သူက ချပေးမှာလဲ ? အရည်အချင်းဆိုတာ ဘာလဲ ? အဖြေရှာမရတိုင်း it’s the will of God လို.ပြောရင်၊ who is God လိုမေးလာမယ်။ ပြောနေကြ စကားတွေက
တော့ the will of the people, လို.ဆိုတဲ့အတွက် ၊The People is the God လို. ဒီမိုကရေစီ အရ ယူဆ စရာပါ။ God တွေကတော့ များပါတယ် ၊ မြန်မာမှာ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းဆိုတော့ ၊ အတွင်း ၃၇ မင်းဆိုတာတော့ ဟုတ်ပါပြီ အပြင် ၃၇ မင်းက ဘယ်သူတွေဘာလိမ့် ဆိုတာတော့တွေးမိတာ အမှန်ဘဲ။


ဒီမိုကရေစီမှာ ကိုသိန်းစိန် အာဏာရှင်မဟုတ်ပါဘူး ၊ သူလုပ်ခြင်တိုင်းလုပ်မရ ပါဘူး ။ သူမှာ ဘာအာဏာမှ မရှိဘူး ၊ သူအကြိုက် သူရွေးရင်ပြန်ရင် ရွေးခံရသူ ဟာ သူ. ခရိုနီဘဲ လို ဆိုအုံးမယ် ။ပါတီစုံကဖြစ်တဲ့လွှတ်တော်ကိုယ်စားလည်တွေ
ွထဲ က ဘယ်သူတွေကိုသူရွေးမှာလဲ ၊ သူရွေးသူတွေ လွှတ်တော် စစ်ဆေးရေးကေါ်မတီက စစ်ဆေးကန်ကွက်ခြင်း၊ အတည်ပြုခြင်းတွေ လုပ်အုံးမှာလား ။


ဒီကြားထဲ NLD တွေက သူတို.မှာ အာဏာမရှိလို ဘာမှ မလုပ်နိုင်ပါဘူး ဆိုတဲ့ စကားကို ခဏ ခဏပြော တယ် ၊ အာဏာရူးတွေ အာဏာလိုခြင်တာ ငန်းငန်းတက်နေတာကို ဟန်တောင် မဆောင်နိုင်ဘူး ။


“ ပီ့ဆင်တာ(ငြိမ်းချမ်းရေးစင်တာ)” ဆိုတာ အမေရိကန်သမတဟောင်း Jimmy Carter Centre ဂျင်မီကာတာ စင်တာမျိုး များလား။ ဘာစင်တာ ကမှ ဘာပြသနာကိုမှ ပြေလည် ကြေအေး ငြိမ်းချမ်းအောင်မလုပ်နိုင်ပါဘူး ။ ကိုယ်.အကြောင်း လူသိတာလဲ အဖတ်တင်တယ် ။ ဇီဝကကြီးက ကိုယ်.ကို ကိုယ် ငတ်အောင်တော့ ဘယ်လုပ်လိမ့်မလဲ၊ စ ကထဲကိုက ကိုယ်စားရဘို. ကိုယ်.အတွက် ကိုယ်လုပ်တာပါ ၊ ဖျံ ၂ ကောင် အငြင်းပွားမှ မြေခွေး အစားချောင်မယ် မဟုတ်လား ။


လူတိုင်းဟာ ကောင်းတာတွေ မကောင်းတာတွေရှိကြပါ&