Article submitted by: minkyaw thuyein on 14-May-2013  
အရေခွံဆုတ်၊ အသား ခွေးကျွှေး၊ အရိုးနတ်တင&#
သိသာရန်.





ကိုရင်ကြီး၊






မပြောခြင်ရင် မပြောနဲ့. ပြောခြင်ရင် ပြော ၊ ညုမနေနဲ့ ဈေးခေါ် မနေနဲ့ ကိုရင်ကြီး ရေ. ၊ ပြောစရာ ရှိတာတော့ ပြောရမှာပေါ့၊ ပြောတော့ ဘာဖြစ်မလဲ၊ ပြောရင် ကောင်းတာပေါ့၊ သိရတာပေါ့ ၊ ချို.ယွင်းချက်တွေ အားနဲချက်တွေ ပြုပြင်စရာတွေ တွေ.ရတာပေါ့ ၊ပြူပြင်ပြောင်းလဲနေတဲ့ကာလပြုပြင်သင့်တာတွေ

ကိုပြောတာ ပြောသင့်တာဘဲ။ တချိန်ကျရင်. “ အစက ငါမပြောလား” ဆိုပြီး ထောက်ပြ လို.ရတယ်၊ ထေ့ခြင်ငေါ့ခြင်ရင်လဲ ရသေး တယ်။







မပြောတော့ ဘာဖြစ် မလဲ ? မပြောတော့ နောက်ဆုံးမှာ အမေ့လိုဘဲ နားကိုက်ခံရတာဘဲ အဖတ်တင် အရှက်ရသွားမှာဘဲ။ တသက်လုံးကိုယ့် နားပြတ်ကြီး ကိုယ်ကြည့် ပြီး သားအတွက်ရော ကိုယ့် အတွက်ပါ ယူကြုံး

မရနဲ့၊ “ငါ မပြောခဲ့ မိလို ဖြစ်ရလေခြင်း” ဆိုတဲ့ သံဝေဂ ဟာ တသက်လုံး ရလို.မဆုံး အန်တကြိတ် ကြိတ်. တောက်တခေါက်ခေါက် ရင်ထုမနာဖြစ်နေမှာဘဲ ပေါ့။ မပြောခဲ့ကြလို.ဘဲ မဖြစ်သင့်တာတွေ ဖြစ်ခဲ့တယ် မဟုတ်လား ? အခုထိလဲ မပြောဘဲ သံယောင်လိုက်နေ တဲ့ ခေတ်အဆက်ဆက်က ကပ်ဖါးကောင် တွေ မျိုးမတုန်းသေးဘူး ရှိနေတုန်းဘဲ ၊







အခုပြောနေတာက ကိုသိန်းစိန်ကို ကူညီနေတာ ခြကောင်တွေကြောင့် အောက်ခြေက ခြ တွေကို နိုင်အောင်မထိမ်းရင် အိမ် မပြောနဲ့ တိုင်းပြည်ပျက်

ရတော့မယ်၊ ကိုသိန်းစိန်ကိုယ်တိုင် အလိုတူအလိုပါ ခြ ကောင်ကြီးဆိုရင်တောh လဲ. ကိုသိန်းစိန် နေ.ကောင်းရက်သာ သာ ရွေး ၊သက်သာမဲ့ နေရာသာ ရွေးထား အကန်ခံရဘို.ကတော့ သေချာနေတယ် . အမေရိကန်မှာ အိမ်လေး


ဘာလေး ၀ယ်ထားပေါ့ ပေါ တယ် တဲ့ ။







ကိုရင်ကြီး ပြောတာတွေဟာ ကြားဘူးပြီးသား အဆန်းမဟုတ်ပါဘူး ဆိုတာ

တောင် ကျုပ်တို.မြန်ပြည်မှာ ဘာမှပြုပြင်ပြောင်းလဲခြင်း ၃ နှစ်ကြာတဲ့ထိဘာမှ

ှပြောင်းလဲခြင်းမရှိသေးဘူးဆိုတာကို အထင်အရှား ပြနေတာဘဲ. အသေးအဖွဲ

လို မထင်နဲ့နော် သူများလုပ်စာ အချောင်စားခြင်ကြတဲ့ အချောင် သမား မာတိင်္ဂလက်သစ် တွေကို အစိုးရက မွေးထားတာလား၊ ကိုသိန်းစိန် မွေးထား

တာလား ၊ အတိုက်အခံတို.ကဘဲ မွေထားတာလား မေးစရာ။ အစိုးရအပေါ် ပြည်သူတွေ မကျေမနပ်ဖြစ်လာမယ် ။ ဒီ သူတောင်းစား တွေကို ဘုရားလောင်း

တွေ လို.ထင်ရင် ထင်သူဘဲ မှားလိမ့်မယ်။ ဒါကဘာလဲ ဆိုတော့ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ခြင်းမရှိသေးတာကို ပြတယ် ၊ စာရိတ္တ မခိုင်ရင် တခြားဘာမှလဲ ခိုင် မှာမဟုတ်တော့ဘူး။ ခြအုံကို ပျားအုံလို. မမှတ် ကောင်းပါဘူး ၊ ပျားရည် ဆန်းသော လ တောင် ပျားတုတ်မှာကို သတိထား ကာကွယ်ရပါမယ်။







အဂတိလိုက်စားမှုဘဲ ပေါ့။၊ အင်္ဂလိပ်လိုပြောရရင် if you can’t beat them, join them ဆိုတဲ့ စကားလို ၊ လဘ်ပေးလဘ်ယူတာကို ပပျောက်အောင် မနှိမ်နင်းနိင် တော့၊ တရားဝင် ဖြစ်အောင် ဥပဒေဘောင်ခတ် ပေးမယ်ဆိုရင်

တော့ လွန်တာပေါ့ ခက်ရချည်ရဲ. ကိုသိန်းစိန်ရဲ့ လို.ပြောရမယ် အစိုးရ ၀န်ကြီး

ဌာန ရုံးတွေ ဌာနတွေမှာ၊ ဘုရားတွေ ဘုန်းကြီးကျောင်းတွေလို အလှုခံပုံး အပြိုင်ထားနေကြတဲ့ အလှုခံ ဌာနတွေ ဖြစ်ကုန်ကြ ရင် တော့ မကြားဘူးပေါင် မြွေကြီး ၂ ကောင် ကြည့်ဘို. မန္တလေးတောင်ပေါ် တက်ရလိမ့်မယ် ။ သိတယ် မဟုတ်လား ငွေရှင် ကြေးရှင်တချို.က NLD ရံပုံငွေဆိုပြီူ သိန်း၃၀၀ ကျော် လှူတာကို ပါတီခေါင်းဆောင် ဆိုသူကကြ့ပုံးဖြဲပြီး လက်ခံခဲ့ တာ။ အဲဒီပါတီသာ အစိုးရဖြစ်ရင် ဘာတွေ ဖြစ်ကုန်မလဲ ဆိုတာ စဉ်းစားသာကြည့်ပေ တော့ ၊ ဒီပါတီခေါင်းဆောင်ဘဲမဟုတ်လား တရားဥပဒေ စိုးမိုးရေးလေး ဘာလေးနဲ့ အာချောင်ခဲ့တာ လေ၊ ခါးတောင်ကြိုက် မဖြုတ်နဲ့အုံး ကိုရင် ကြီးရေ. လို ဘဲပြောပါရစေတော့။







ရှုဒေါင့်တမျိုးက တနည်းပြောရရင် မြန်မာတွေဟာ အခွန် အတုတ် ( Tax and revenue) ဘယ်ရွေ.ဘယ်မျှပေးရမယ် ဆိုရင် သိပ်ဝန်လေးကြတယ် ၊ အလှုငွေ

ထည့်ရမယ် တတ်အားသမျှ စေတနာအလျှောက် ပေးရတာဖြစ်လို. ၀န်လေး

လိမ်မယ် ဟုတ်ဘူးလို. ကိုသိန်းစိန် ယူဆကောင်း ယူဆလိမ့် မယ် ၊ မြန်မာ

တွေဟာ အလကား (Free ) ရဘို.သာ မျှော်လင့်ပုံရှိတယ် ။ တိုင်းပြည်ကို ဘယ်လိုဘယ်နည်း တိုင်းသြူ့ပည်သားက ထူထောင်ရမယ်၊ တိုင်းသူပြည်သား

မှာတာဝန်ရှိတယ်ဆိုတာ အခုထိ သဘောပေါက် နားလည် လက်ခံပုံ မရှိသေးဘူး ၊ သုပန္နက ဂဠုန ရာဇာ ရဲ.သွေးလို နီ တုန်းဘဲ မခြောက်သေးပုံ ရှိတယ် ။







တိုင်းပြည်မှာ ရသမျှ အခွန်ဘဏ္ဍာ ဟာ ကာကွယ်ရေးစရိတ် အတွက် အများဆုံး ကုန်ကျနေရတာ ဘာကြောင့်ဆိုတာလဲ ပြည်သူတွေ နား မလယ်ခြင် ယောင် ဆောင်နေတယ်။ ကိုရင် ကြီးပြောတဲ့ထဲမှာလဲပါနေပါတယ်၊“လက်နက်ကိုင်

သောင်းကျန်းနေကြတဲ့ အစုအဖွဲ့” အပါအ၀င် အန္တရာယ်အမျိုးမျိုး ၊ နိုင်ငံတော် နဲု နိုင်ငံသားတိုအတွက် လုံခြူံရေးအရပ်ရပ် ကာကွယ်ရေးအတွက် ကုန်ကျစရိတ်

တွေဟာ များပါတယ် ဆိုတာကို ပြည်သူတရပ်လုံး ကလဲ သဘောပေါက် ရမယ်၊

်။ ဒီလက်နက်ကိုင်သောင်း ကျန်းတွေ ဘယ်က လက်နက် ရလို.ဘယ်လိုသောင်း

ကျန်းနေကြတာလဲ ၊ ၆၅ နှစ် ကြီးများတောင် ရှိနေပြီလေ။ ဒါတွေကိုရော ထည်.သွင်းစဉ်းစားကြရဲ့လား ? ဒါတွေကို တောင် မသိရင် မြန်မာတွေ မစင်စားပြီးကြီးကြတာသာဖြစ်လိမ်.မယ်။







ပြည်သူတွေဟာ ဘာတာဝန်မှ မလိုခြင်ကြဘူး၊ သူတို.အပေါ်တာဝန်ပိလာတာနဲ့ အမျှ ။ တနေ.မှာ “သူတလူ ငါတမင်း စံနစ်” င်္ Feကdal States ပြန်ပြီး ကျင်သုံးကြ ရင် ကာကွယ်ရေး အသူံးစရိတ် သက်သာ မယ်များထင်နေကြ

သလား မသိ ဘူး။ သွေးကြောင်းစီး ကုန်မယ်၊စမ်းကြည့်ဘို. မြီးကြည့်ဘိ.မလို

ဘူး ကိုယ်.လူတို.။ ဒီ အရသာကို ကျုပ်တို. ကောင်းကောင်း သိတယ်. ဒီကနေ သူများနိုင်ငံတွေ ဘာတွေ ဖြစ်နေတယ် ၊ ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာ ကျုပ်တို.သိတယ် ၊ ကျုပ်တို. ထမင်းစာပြီး ကြီးတာ၊ ကောက်ရိုးစားပြီး မြက်စာြး့ပီးကြီးတာမဟုတ်ဘူး။







ဖွဲစည်းပုံအခြေခံ ကစပြီးတရားဥပဒေစိုးမိုး စေလိုရင် တရားတဲ့ ဥပဒေဆိုတာ

တွေ ရေးဆွဲပြဌာန်း ရမယ်၊ ကိုယ်ကရေးစွဲတာ ကိုယ်လိုခြင်သလိုသာဆွဲ ပေတော့ ဝေစားမျှစားတွေ အတွက်ကတော့ ခက်လဲ မခက်ပြသနာလဲမဟုတ်။ နားလည်ရမှာက ဥပဒေဆိုတာစာအုတ်ထဲမှာ ရှိတဲ့ဥပဒေအတိုင်း အတိအကျ

လုပ်ရရင်လဲ ဘယ်သူမှလဲ ခံနိုင်မယ် မဟုတ်ဘူး။ ဘယ်အစိုးရမှလဲ သက်ဆိုး

မရှည်ဘူး။ ကျုပ်အမြင်မှာတော့ ဥပဒေမှန်ရင် ကင်းလွတ်ချက် ဆိုတာ မရှိသင့်ဘူး ၊ ပါဘို.မလိုဘူး။ ထွက်ပေါက်မှန်သမျှ အကုန် ပိတ်ပစ်ရမယ် ။







သိန်းစိန်ဘဲ ဖြစ်စေ ၊ အောင်ဆန်းစုကြည်ဘဲ ဖြစ်စေ ပေါ့။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ စကားဟာ လူ.အကြိုက် လိုက်ပြောတဲ့ စကားဘဲ . တရားဥပဒေ စိုးမိုးလိုက်တာ ကိုနေ၀င်းရော၊ ကိုစိန်လွင် ၊ ကိုမောင်မောင်ရော ကိုသန်းရွှေ ရော တခြားသူတွေရော တသီတတန်းကြီးဘဲ ရှေ.တန်းမှာ ကျကုန်တယ် ဆိုတာ သိတယ်မဟုတ်လား ။







ကိုရင်ကြီးကတောင် ၊”အရင်ကလို အထက်စီးက အနိုင်ကျင့်တဲ့ပုံမျိုး စကားလုံး

မျိုး မဟုတ် တော့ဘဲ ချိုသာယဉ်ကျေးမှု့အထိုက်အလျောက်တွေ့လာ ရ တယ်။” ဆိုလာတော့ ၊ ကျုပ်လဲ ရုတ်တရက် ဘာပြောရမှန်းမသိဘူး၊ “ လေချိုသွေးး ဆိုတဲ့ သီချင်း တပုတ်သွားသတိရတယ်? ကြောင်ချီး ပျော့ကြောင်း နံကြောင်း မကြာခင်ကဘဲ ပြောမိသေးတယ် ။







ဥပဒေ စည်းကမ်းအတိုင်းသာ အတိအကျ လုပ်ရရင်လမ်းဘေးခေါင်းရွက်ဗြတ်

ထိုးဈေးသယ်တောင် မခံနိုင်ဘူး ကိုရင် . အဲဒါ ဘယ်တောမှ မမေ.နဲ့ ရှိတာလေး

ကြမ်းညှပ်ပြီးသာမှတ်ထားပေတော့ ။ ဒီကြားထဲ ကိုသိန်းစိန်က အားကျမခံ နိုဘယ်ဆုမှန်းသလား၊ ခွေးချီးတုံးကို ရွှေရည် စိမ်ပြီး ကြာကလပ်နဲ ကပ်တာကို မျှော်လင့်သလား တော့ မသိဘူး ။ သူခိုးတွေ ဒါးပြတွေ လူသတ်သမားတွေ လူလိမ်လူကောက်တွေ သစ္စာဖေါက် သစ္စာမဲ့ တွေကိုမြန်မာနိုင်ငံမှာလွတ်ငြိမ်းခွင့် ဆိုတာနဲ့ အားပေးပြီ ပြညိသူလုထူကိုအန္တရာယ်ပြုနေတယ်လို. ပြောရင် ကိုရင်ကြီးဘာပြောမလဲ ? နိုင်ငံရေး ဆိုတာဒီလို ပါဘဲ တဲ့လား?့







ကျုပ်တို.ဟာ ဗုဒ္ဒဘာသာဝင်တွေပါ ဒါပေမဲ့၊ “ ကျုပ်တို.လူမျိုး သူခိုးရှိသည်” ဆိုတဲ့ သီချင်း လေးလဲကြားဘူးပါလိမ့်မယ် ထင်ပါတယ် ၊လူမျိုးတိုင်းမှာ လူဆိုး၊သူခိုးဆိုတာတွေရှိကြပါတယ် ။ ပြုပြင်ပြောင်းလဲ ရေးဟာ လူတိုင်းပြု့ပင်ပြောင်းလဲ ဘို. လိုပါတယ် ။







နိုင်ငံတော်တည်ဆောက်ရေး တိုးတက်ဖွံဖြိုး ခေတ်မီ အောင်လုပ်ဘို ဟာ နိုင်ငံသားတိုင်းရဲ. တာဝန်ဖြစ်ပါတယ် ၊ စက်မှု နိုင်ငံ အဖြစ် ထူထောင်မယ်

ဆိုတော့ စက် နဲ့ နှိုင်းကြည်.ရအောင်။ စက်တခုရဲ အစိပ်အပိုင်းတခုခု ယိုယွင်းပျက်ဆီးရင်စက်ဟာ မလည်ပါတ်နိုင်ပါဘူး။ ပျက်တာကို ပြုပြင်ရမယ် လိုအပ်ရင် ပြုပြင်ပြီးသား အပိုပစ္စည်း သို.မဟုတ် အသစ် လဲလှယ် ရမယ် ဆိုတာ ကျွမ်းကျင်သူတိုင်း သိကြပါတယ်၊







မြန်မာနိုင်ငံ မှာ မြန်မာတွေ တာဝန်မဲ့ နေလို. မဖြစ်ပါဘူး။ ငွေအားမတတ်နိုင်ရင် လူအား နဲ.ပေါ့ ၊ “ စိတ်သာ ရှင်စော ဘုရား ဟော”’ လို. ဆိုပါတယ်၊ အသိစိတ်လား ၊အကြောက်စိတ် ၂ စိတ် ရှိတာတော့ သိတယ် ၊ အသိစိတ်ရှိအောင် ပညယပေး ပြောဆိုသင်ကြားပြသရမယ်. အချိန်တန်လို.မှမရရင် တွန်းအား ဖိအားတွေ နဲ့ ကြောက်စိတ်သွင်းပြီး လုပ်ခိုင်းရပါလိမ့်မယ်။ ဒါဟာ နိုင်ငံနဲ့ လူမျိုးအတွက် အများအတွက် လုပ်တာမို. ဒီမိုကရေစီ ထဲ အကျုံးဝင်တယ် လို.လဲယူဆတယ် ။







နိဗ္ဖာန်မရှိရင် နတ်ပြည်လဲမရှိဘူး ၊ ငရဲဆိုတာလဲ မရှိဘူးမှတ်။ လူ ၁ ၊ နတ်ပြည် ၆ ထပ် ၊ ဗြမ္ဘာ ၂၀ ။ ငရဲ ၄ ထပ်ဆိုတာကို ယုံသူတိုအတွက် အထူး ပြောစရာလို

မယ် မထင်ပါဘူး။ အသိတရားနဲ့အကြောက်တရား တွဲနေတယ် ။ ဆုလပ်နဲ့ြ့ပစ်ဒဏ်တွဲနေတယ် ဆိုတာ ကိုလူမှန်ရင် သိကြရမယ် ၊ လူအခွင့်အရေး ဆိုတာ လူတွေ အတွက်သာဖြစ်တယ် ၊ တိရိစ္ဆာန် အခွင်.အရေး သပ်သပ်ရှိတယ်လေ။ ကမ္ဘာပေါ်မှာ နမူနာတွေရှိ ခဲ့ ဘူးပါတယ် ၊ လက်ရှိလဲ ရှိနေပါတယ် ၊ ကုလားကြီးနဲ. အရာကြီ့းဟာ အတူတူဘဲ လို. ကျုပ်အဖေ ပြောဘူး တာကို သတိရမိတယ် ။







ရှင်းရရင်၊ ဒီနေရာမှာ ဦးတည်ချက် ၊ ရည်မှန်းချက်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသား

အားလုံး ညီညာအမျှစွာတာဝန်ထမ်းဆောင်ကြမှ ဖွံ.ဖြိုးတိုးတက် ခေတ်မီရေး လာတာရဲ အကျိုး ကြေးဇူးး။ လူ.အခွင့်အရေးဆိုတာတွေကိုညီမျှစွာခံစားကြ

ရမယ်ဆိုတာ သိကြဘို.လိုပါတယ်။ ပုန်းပေါက်နဲ့ဖါးကောက် တယ် လို.လဲ ဆိုဆို၊ ရေဘုံးပေါက်နဲ.ရေခတ်တယ်ပြောပြော အိမ်အပြန် ဖါးတကောင်နဲ့ ရေတခွက်ပါလာရင်ကိုဘဲ ကိုယ့်လင်ဟာ လူတော်၊ လူစွမ်းကောင်း ဘဲ ဖြစ်မှာဘဲ သားသမီးတွေကလဲ ချစ်ကြမှာပါ ၊ စိတ်ချမ်းသာကြမှာပါ။ သိတယ်မဟုတ်လား

မြန်မာတွေအတွက် သိပ်မလိုပါဘူး ။ တခုခုပါလာ ရင် ပြီးပါတယ်၊ နဲတာများတာ ပြသနာ မဟုတ်ပါ ၊ကွမ်းတရာ ရေတမှုတ်လိုဘဲဆိုကြပါစို.၊ စေတနာသာ

ပထာဏတဲ့ ကိုရင် ရေ. ။ အနဲဆုံး မေတ္တာ၊ စေတနာပါရင် ဘဲ ပြီးနေပါပြီ။ ဘာလိုသေးသလဲ? မြန်မာတွေ ဖြစ်သမျှနဲ့ ရောင်ရဲနိုင်ကြပါတယ် ဆို ။







မြန်မာသမိုင်းရာဇ၀င်ကို လေ.လာရင်.ဖြစ်စေ. မြန်မာလူမျိးတိုရဲ. သဘောသဘာဝကို လေ.လာရင် ဖြစ်စေ၊ သူတို.မှာ အသိတရားထက် အကြောက် တရား သာ ရှိကြတာကိုတွေ ရတယ် ၊ မြန်မာနိုင်ငံကို စိုးမိုးအုပ်ချုပ်သူတိုင်းဟာ မြန်မာ

တွေကို ဒါးမိုးပြီး အုပ်ချုပ်ခဲ့ကြတယ်. သက်ဦးဆံပိုင် စံနစ် ဆိုတာ မြန်မာနိုင်ငံ

မှာ ထွန်းကားဘူးတယ် ဆိုတာကိုတွေ.ရတယ်၊ မြန်မာလူမျိုးဟာ ဒါးမိုြး့ပီး အုပ်ချုမ်မှ ရတဲ့ လူမျိုးလို.ပြောရင် လွန် များသွား မလား ဘဲ။ ဒီမိုကရေစီဆိုတာ မနေ.က တနေ.က ပေါ်လာတဲ့ စကားပါ လို.ဆိုရင်ရော လက်ခံနိုင်မလား?







ပြောစရာက အုပ်ချုပ် စိုးမိုသူ ဟာ ဥာဏအား ကာယအား ဘယ်လောက် ပိုင်ဆိုင်ပြည်.စုံသလဲ ? အုပ်ချုပ်မှူ အရည်အချင်း ဘယ်လောက် ရှိသလဲ? ခေါ့င်းဆောင်မှု အရည်အချင်းဆိုတာ ပေါ့ပေါ့ တန်တန် မဟုတ်ပါဘူး။ ပြည်သူကို ပညာပေးရင် ကိုယ့်အတွက် အန္တရာယ်ရှိတယ်လို.ယူဆ သူတွေ ရှိတယ် ၊ ပညာပေးရင်လဲ ပေးသူကို အာဏာရှင် လို. အဆိုးနဲ့ မြင်ကြပြန်တော့

လဲ အခက်သား၊







ဦးသိန်းစိန်ဟာ ဒီပုတ်ထဲက ဒီပဲပါဘဲ ၊ စိန်နားဂါတ်ရောင်နဲ့ပါးပြောင်သူ ဆိုတာ သိန်းစိန်လို လူမျိုးလို.ပြောခြင်တယ် ။ ဘယ်သူ. စိန်နားကပ်လဲ တော မမေးနဲ့.သူ.အနေနဲ့ ဖြေစရာတွေ ရှိကောင်းရှိလိမ့်မယ်ပေါ. အဖြေတိုင်းဟာ မှန်ခြင်မှန် ပါလိမ့်မယ်။ သူကတော့ ရွှေတိဂူံစေတီပေါ်ကို တက်ဘို. မုခ် ၄ မုခ် ၊ တက်ခြင်


တဲ့ မုခ်က တက် ၊ ရောက်ဘို.ဘဲ လို. ဖြေကောင်းဖြေ လိမ့်မယ် ။







သူအနေနဲ့ ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်မပြောင်း ဘဲ နည်းလမ်းပြောင်း

ပြီး ၊ လုပ်သလို မဖြစ်လို. ဖြစ်သလိုလုပ်ရတယ်ဆိုပြီး ဆင်ခြေပေးရင်လဲ ပေးလိမ့်အုံးမယ် ၊ စစ်စကားပြောရရင် မဟာဗြုဟာ ၊ နည်းဗြူဟာတွေပေါ့ ။ ဒါတွေဟာ သူ.တယောက်ထဲ တတ်တာမဟုတ်ပါဘူး။ မြန်မာ့ ဗြူဟာ စစ်စစ်တွေ

လို.ပြောခြင်လို.လား ။ သိန်းစိန် မသေခင် သိထားဘို.က ကမ္ဘာကိုစိုးမိုးနေတဲ့ အနောက် အုတ်စုဟာ သူထက် မဟာဗြူဟာတွေ နည်းဗြူ ဟာတွေကို နားလည် ကျွမ်းတယ်။ လက်တွေလဲ ကျင့်သုံးလျှက်ရှါတယ်ဆိုတာဘဲ ၊၊ သူ.ကိုအချိန်မရွေး အမဲဖျက်သလိုဖျက် နိုင်တယ် ။ လယ်မင်းအညှစ်ခံနေရတဲ့ ကြက် တကောင်းလို သေစေခြင်လဲ ရတယ် ရှင် သေခြင်လဲ ရတယ် သိန်းစိန် ဟာ ဖုတ် ၀င်နေတဲ့ ဖုတ်ကောင်ကြီးလားလို.တောင် ကျုပ်ထင်မိတယ် ။







မှတ်မိပါသေးတယ် Barek O’Bama နဲ သိန်းစိန် ဆုံကြတုန်းက သိန်းစိန်ကို O'Bama က ပုခုံးလေးကိုင်ပြီး ဖအေက သားကို ဆုံးမနေတာမျိုး တွေလိုက်ရ

တော့. အံကြိတ်လိုက်မိတာ သွားတချောင်းတောင် နဲ့ သွားတယ် ကိုရင်ကြီးရဲ.မယုံမရှိနဲ့ ။

နောက် ဆက် တွဲ ကိုကြည့်