Article submitted by: minkyaw thuyein on 25-Apr-2013  
မြန်မာတို.အတွက် စေ တလုံးပိုင်ရှင် ?
ဒို.လူကလေးများဆိုသလေး၊





ဒီမိုကရေစီ ဆိုတာ ဘာလဲ ၊ လူ.အခွင့်အရေးဆိုတာဘာလဲ ။ပြုပြင်ပြောင်းလဲရေးဆိုတာဘာလဲ ။ ဒီ ၃ လဲကို အခုချိန်ထိမှ မြန်မာတွေ မသိသေးဘူးဆိုရင် ၊ မနုသတ္တဘာဝ ဒုလ္လဘ ဆိုတဲ့ ရတောင့်ရခဲတဲ့ လူ.ဘ၀ဟာ အရှုံးကြီး ရှုံးရချည်ရဲ့ ၊ အဓိပါယ်က မြန်မာတွေ ဗလာနတ္တိ Empty ဖြစ်နေကြပြီ လို.ပြောတာနဲ့ အတူတူဘဲ ၊ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတာ ဒါများလား မောင်တို.? မြန်မာတွေကို သေစေ ရှင်စေ လို. ဆိုနိုင်တဲ့ “ စေတလုံး ပိုင်ရှင်ဟာ ဘယ်သူတွေလဲ “?





မိမိကိုယ် မိမိ အခါအားလျှော်စွာ လေ့လာစမ်းစစ်ကြဘို.လိုသလား ၊ ဒီနေ.မွေး၊ မနက်ဖြန် သေမဲ့ သင်္ခါရ လောက ကြီးထဲကရုပ်ဆောင်နေတဲ့အပုတ်ကောင်
ကြီးမို.ကံစီမံရာဘဲ၊ ဘာမှပြုပြင်ပြောင်းလဲနေစရာမလို ဘူးတဲ့ လား ၊ဘယ်သူကပြောသလဲ ? အင်္ဂလိပ်ဆန်ဆန် ပြောရင်တော့ destiny , fate ဆိုတာတွေဘဲ ၊ ပေါ့ပေါ.တန်တန်ဘဲ တွေးကြ ယူဆကြမလား ? ဘယ်လို အဓိပါယ်ပေါက်ကြ မယ်တော့ မသိဘူး။





ဂေါတမဗုဓ္ဒ ၊ ဂျီးဇက် ခရိုက် ၊ မိုဟာမက်နဲ့အခြား သဘောတရားရေး ဆရာကြီး တွေ ပြောဟောခဲ့ တဲ့ စကားတွေကို အပေါ်ယံ မကြည့် ဘဲ အတွင်းအနှစ်သာရ ၊ အမှန်တကယ် ဆိုလိုသည့် အဓိပါယ်တွေကို ရေရေ
လည်လည် ကိုယ်တိုင်နားလည် သဘောပေါက်ကြဘို.လို တယ် လို. ယုံကြည်
တယ်။





ဂေါတမ ဗုဓ္ဒဟာ မဟာဗေါဓိပင်အောက်မှာထိုင်ပြီး ဘုရားမဖြစ်သမျှ ငါမထဘူးဆိုတဲ့ လုံလ ၀ိရိယ ဇွဲနဲ့. သတ္တလောက. သင်္ခါရလောကနဲ.သြကာသ လောကကြီး ၃ ပါးကို သုံးသပ်ခဲ့ တာမှာ မိမိရဲ့ဆင်ခြင်တုန် တရားနဲ့ အကုန်အစင်
သဘောပေါက်နားလည် ခဲ့တယ် ၊ ဘုရားအဖြစ်ရောက်ခဲ့တယ် ၊ သူတပါးကိုလဲ ဝေဌနိုင်ခဲ့တယ်၊ လမ်းပြနိုင်တယ်လို့ ဆိုတယ်။ သူဟောတဲ့ထဲမှာ မကောင်းတာ မပါဘူးဆိုတာတော့တွေ. ရမယ်။ လေ့လာမယ်ဆိုရင် ဂေါတမ ကိုယ်ရေးပိုင်း၊ သူ.အကျင့် သီလနဲ့ ဂုဏ်တွေ၊ သူဟောတဲ့ တရားတွေ သူကိုယ်တိုင် လက်တွေ.
ကျင့်ကြံနေထိုင်သွားတာတွေကို တွေ.ရမယ်။ ဘယ်သူကမှ သူ.ကိုဆရာလုပ် သင်ကြားပြသခဲ့တာ မဟုတ် ဘဲ သူသာလျှင် ဆရာတပါး ဖြစ်ခဲ့တယ် လို.ဆို
တယ်။





ဆိုလိုတာက ဒို.တတွေဟာ လောက ၃ ပါးထဲမှာ ပါဝင်နေကြတာမို.လဲ အိုမင်း ယိုယွင်းလာတာနဲ့အမျှ ကိုယ့်ကိုကိုယ် စမ်းစစ်ဝေဖန် ကိုယ် စိတ်နဲ့
ကိုယ့်ကိုယ် ကိုယ့်အသိတရားနဲ့ကိုယ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပို်င်းဆိုင်ရာပြုပြင်
ပြောင်းလဲမှုတွေ လိုအပ် သလို လိုတိုး ပိုလျှော.လုပ်ကြရလိမ့်မယ် ။ သူအို သူနာ ဖြစ်လာသည့်တိုင် သူသေမဖြစ်မီမှာတော့ လိုအပ်နဲ့ဆေးဝါးတွေကို မှီဝဲသုံးစွကြတယ်။ သေတနေ. မွေးတနောဆိုပြီး တောအချိန်တန်ရင် သေလိမ့မ.်ဆိုပြီး ကိုယ်.ကိုကိုယ် ဥပက္ခာ မပြုကြဘူး.။





တနည်းအားဖြင့်စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရောရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်
တွေပါ ၊ စိတ်ဓါတ် ၊ အကျင့် စာရိတ္တ၊ အပြုအမူ အပြော အဆိုအမူအရာ ၊ အနေအထိုင်၊ အစားအသောက်၊ အ၀တ်အစား ဆင်ယင်မှု အပါအ၀င်မှစပြီး လိုအပ်တာ တွေကို ပြုပြင်ပြောင်းလဲ ကြဘို့ လိုတယ် ။၊ ပြုပြင်ပြောင်းလဲမှုဟာ တကယ်တော လိုအပ်တယ်၊ သဘာဝလဲ ကျတယ် ။ လူသားဆိုရဲ့ ကမ္ဘာမှာ လူသားတိုရဲ့ လိုအပ်ချက်တွေ ဟာ အခါအားလျှော်စွာလိုအပ်နေတာမို. ပြုပြင်
ပြောင်းလဲမှု တွေကို လူသားတွေ ကိုယ်တိုင်ကပြုပြင် ပြောင်းလဲခြင်း၊ ထိမ်းသိမ်းခြင်းတွေ ပြုရမှာဖြစ်တယ် ။




ဒီနေရာမှာ “ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အသိတရား” လို့ ဆိုထား လေတော့၊
သူတပါးစိတ်နဲ့ ကိုယ့် ကိုယ်၊ သူတပါးစိတ်က ကိုယ့်ကို ဖမ်းစားလွှမ်းမိုး မနေဘို.အရေးကြီးတယ် ဆိုတာ ကိုယ်ကိုယ်တိုင် သိဘို.လိုတယ်၊ ဂေါတမ ဟောတရား
တွေကို လိုက်နာနေလိုလဲ . သူများသြဇာ လွှန်းမိုးနေတာမဟုတ်လား။ ကို.ရဲ လွတ်လပ်မှု ဆုံးရှုံးနေရတာ မဟုတ်လားလို.တော့ဖြင့် ဂွစကားမပြောကောင်း
ပါဘူး။ ဆိုလိုတာကို နားလည်ပါလိမ့်မယ်။ ဂေါတမဟာ ကောင်းတာကိုသာ ညွှန်
ပါတယ် ၊ သင်ပါတယ်။ သူကိုယ်တိုင်ဟာလဲ သူစကားအတိုင်းနေထိုင်ကျင်.ကြံ
သွားတာပါ။ အခုခေတ် အခေါ် ဟစ်(ပ)ပိုခရစ်။ ကြောင်သူတော် ကြွက်သူခိုး
တယောက် မဟုတ်ပါဘူး။





သူများက ကိုယ့်ကို ပြုပြင်မှာ မလိုလားရင် ၊ ကိုယ်ကို ကိုယ် ပြုပြင်
ရလိမ့်မယ်။ သူများက ကိုယ်ကို ပြုပြင်ပြောင်းလဲတာ ကို ခံမလား? ကြိက်ရာ ရွေးကြပေါ့။ အကောင်းဖြစ်အောင် ၊ အဆိုးဖြစ်အောင် ၂ လမ်းထဲက ဘာကိုရွေးကြမလဲ ?


“ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်၊ ကိုယ့်အသိတရား” ဆိုတာဟာလွတ်လပ်ခြင်း
ဆိုတာနဲ့လူ.အခွင့်အရေးဆိုတာတို. ရဲ. မူလအခြေခံ သာဖြစ်တယ် လို. ဆိုခြင်
တယ် ။ သူတပါး ဖမ်းစားခံရတာ၊ အပ ပယောဂမှီတာတို.ဟာ မိမိရဲ.လွတ်လပ်မှု
ကိုလုံးဝဆုံးရှုံးစေတယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည် နားလည် လက်ခံထား
ရလိမ့်မယ်၊





မေးပါရစေအုံး လူ.အခွင့်အရေးဆိုတာကို ပြောနေကြသူတွေ ဟာ လူ. ၀တ္တရား လူ.တာဝန်တွေဆိုတာကို ရော သိကြမဲ့လား ၊ တာဝန် မသိရင် လူ.အခွင့်အရေးခံစားမှု မရှိဘူး ဆိုရင် ကိုယ်ကဘာတာဝန်မှ မယူဘဲ ၊ တတ်အားသမျှ ပါဝင်ဆောင်ရွက် ထည့်ဝင်ခြင်းမရှိဘဲနဲ့ အခွင့်အရေးကျတော့ အပြည့်အ၀ ခံစားမယ်ဆိုတာ ဟာ တရားပါ့မလား၊ မျှတပါ့မလား၊ လက်ခံ နိုင်သလား ? အဲ သလိုတတပ်တအားပါဝင်မှု မရှိသူတွေ ကတော. ပြုပြင်
ပြောင်းလဲမှူု ဆိုတာ အချိန်တန်ရင် သူ.ဟာသူ ဖြစ်လာလိမ့်မယ်လို. ယူဆပြော
ဆိုကြမှာဘဲ။ သူတို့ကိုယ်တိုင် မပါဝင်လို. တနည်းနှောက်ယှက်နေလို. နှေးကွေးနေရတာ ကိုတော့ ထည်.မပြောကြဘူး။





ပြုပြင် ပြောင်းလဲ ရေးဆိုတဲ့စကားကို လူတကာ ပြောနေကြတယ် ၊ လူတကာ ဟောနေကြတယ်။ ပြောနေ ဟောနေတဲ့ သူတွေ ကိုယ်တိုင် ဘာတွေ ပြုပြင် ပြောင်းလဲနေကြသလဲ ၊ တန်ဘိုးရှိလှတဲ့ စကားတလုံး အဓိပါယ်ပြည့်စုံ တဲ့.စကားတလုံးဟာ အပေါစားဖြစ်သွားအောင် ၊ အဓိပါယ်မဲ့ ဖြစ်သွားအောင် လုပ်နေကြသူ တွေရှိနေတာကို တွေ့နေရတော့ ယူကျုံးးမရ အောင် ၀မ်းနဲ့ ကြေကွဲ စရာဘဲ၊၊





ပြုပြင်ပြောင်းလဲရေးဆိုတာဟာ သူများလုပ်တာ ကို ပုံတူကူး ချတာလဲ မဟုတ်သေးဘူး။ စကားအားဖြင့်ပြော ရပြန်ရင်၊ လူနဲ့ပါတ်ဝန်းကျင်တို.ရဲ့ အညမည သဘောတရားလိုဘဲ ဆိုဆို. လူနဲ့ ပါတ်ဝန်းကျင်တို.ဟာ အပြန် အလှန် မှီတင်းဆက်ဆံ နေကြတာမှာ၊ ပါတ်ဝန်းကျင်ကြောင့် လူတွေ ပြောင်းလဲ ရသလို လူတွေကြောင့် ပါတ်ဝန်းကျင် ပြောင်းလဲ ရမှူတွေရှိတယ်ဆိုတာ ၂၁ ရာစု ဒီကမ္ဘာမှာအထင်အရှားတွေရတယ်။





များသောအားဖြင့်ဒီလို အပြောင်းအလဲ တွေတိုင်းမှာ ကြိုက်တာ မကြိုက်တာ ၊ လက်ခံတယ် မခံဘူး ဆိုတာ ရှိမယ် ပြုပြင်ပြောင်းလဲမှူတိုင်းမှာ ဆန်.ကျင်တုန်ပြန်မှုတွေ မဆိုင်တဲ့ သက်ရောက်မှုတွေ ရှိစမြဲ မို. ပဋိပက္ခ ဆိုတာကတော အနဲ့နဲ့ အများဆိုသလို ပါလာမှာ ဧကန် မုချ ဘဲ ။ ဒီပဋိပက္ခတွေ ကြီးထွားမလာအောင် ထိမ်းသိမ်းနိုင်ဘို.အရေးကြီးတယ်။





ဘယ်လိုပြု့ပင်ပြောင်းလဲ မှု မျိုးမဆိုပေါ်လာနိုင်တဲ့ အကျိုးဆက် အကောင်း အဆိုးကို ရင်ဆိုင်ဘို.လဲ ဒို.တတွေ ကြိုတင် အသင့်ပြင်ထားဘို. လိုတယ် ၊ နောင်ခါလာ နောင်ခါ ဈေးလို.တော့ဖြင့် မထေမျက်မြင် ဂရုမစိုက် ပြုလို.မရဘူး။ အင်္ဂလိပ် စကားနဲ့ ပြောရရရင်၊ “ Every action has its equal and opposite reaction” လို.ဆိုတယ် ။ ဒီစကားမှာလဲ Equal ဆိုတာနဲ့ Opposite reactions လို.ဆိုထားလေတော့ အကောင်း ချည်း ဘဲ မျှော်လင့်
နေလို မရဘူး ဆိုတာကို ဖေါ်ပြနေတာ ထင်ရှားပြန်တယ် ။





မြန်မာနိုင်ငံကို ၊ ပြုပြင်ပြောင်းလဲ ရေးတွေ လုပ်ဘို့ ဆိုတာဟာ ဘာတွေကို ပြုပြင်ပြောင်းလဲ ကြမှာလဲ ဘယ်သူတွေက လုပ်ကြမှာလဲ - ဘယ်သူတွေ အတွက်လဲ ? အဖေ.အတွက်လား ၊ အမေ.အတွက်လား၊ ညီအကိုမောင်နှမ

ရင်းချာ တွေ အတွက်လား၊ ပထွေးတွေ၊ မိဒွေးတွေ၊ ဖအေတူ မအေကွဲ ၊ မအေတူ ဖအေ ကွဲ ညီအကိုမောင်နှမတွေ အတွက်လား ။ အားလုံးကို ကိုယ်မိသားစုဝင်တွေဘဲ လို.သဘောထား ကြီးကြီးနဲ့ လက်ခံနိုင်ပါ့မလား ?

အခုတောင် တချို.ညီအကိုမောင်နှမရင်းချာ တွေဟာ မိသားစုထဲမှာ သူတို. မပါခြင် သလို.နဲ. စိမ်းကားနေကြတာတွေ ရှိ နေသေးတယ်။





စစ်အစိုးရ ဆိုတာကနေ ရွေးကောက် တင်မြောက်တဲ့ အရပ်သားအစိုးရ ဆိုတာကို ပြောင်းလဲ လိုက်လို.၊ စီးပွားရေးတံခါးဖွင့် ၀ါဒဆီပြောင်းလဲ လိုက်လို. ။ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲကြောင့် နောက်ဆက် ပြောင်းလဲလာ

မှာတွေကို ဘယ်လိုရင်ဆိုင်မလဲ ၊ ဖြေရှင်းမလဲ ၊ လက်ပိုက်ကြည့်နေတော့

မလား ။ ပြုပြင် ပြောင်းလဲရေး ဆိုတာဟာ မကောင်းတာကိုကောင်းအောင်
၊ ကောင်းတာကို ပိုကောင်းအောင်၊ လိုအပ်တာကို ဖြည့်စွက်ပြီး ပြည့်စုံအောင်
လုပ် တာတွေလို. အကြမ်းအားဖြင့် မှတ်ယူနိုင်တယ်၊





ပြုပြင်ပြောင်းလဲ ဆိုတာမှာ သူဟာသူဖြစ်လာတာတွေ မဟုတ်လူ. လူတွေက လပ်ကြရမှာဖြစ်တယ်ဆိုတာ ကြိမ်ဖန်များစွာပြောဘူးတယ်။ အချို.က ပြုပြင်ပြောင်းလဲရေး လုပ်သူတွေ ကို “ ပြုပြင်ပြောင်းလဲရေးဝါဒီတွေ “ လို.ခေါ်
လိုက်ရင် အဓိပါယ် တမျိုးပြောင်းသွားတတ်တာ ကိုလဲ ကြုံဘူးတယ်၊ ဒါတွေကတော. ပြုပြင်ပြောင်း လဲရေးကို မလိုလားတဲ့ အစွန်းရောက်သမား(၀ါဒီ) တချိုရဲ့ အသုံးအနှုံးတွှေဘဲ။ အင်္ဂလိပ်စကားနဲ့ပြောရပြန် ရင် ပြုပြင်ပြောင်း
လဲရေးသမား Reformists နဲ့ ပြုပြင်ပြောင်းလဲရေး ၀ါဒီဆိုပြီး လူသိများတဲ့ စကားအသုံး အနှုံးဟာ နိုင်ငံရေးလောကမှာ အဓိပါယ် သိပ်ကို ကွာခြားတယ်
ဆိုတာတွေ.ရတယ်။





မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်စို.မှုတွေကို အီးယူ ဥရောပ အဖွဲ.က လွန်ခဲ့တဲ့ ဧပြီ ၂၂ ရက်က ရုတ်သိမ်း ကြောင်း ကြေငြာပြီး ၊ မြန်မာ နှစ်သစ်ကူးမှာ လက်ဆောင်အဖြစ်ပေးခဲ့တာလို.ဆိုရမှာပေါ့ ။ မြန်မာနိုင်ငံက လက်ရှိအစိုးရ ရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ သဘောခွေ.သွား၊ အကြိုက် တွေ. သွားလို.ဘဲ လို. ဆိုသူကဆို နေတယ် ၊ ဟုတ်မဟုတ်တော့ မသိဘူး။ အချို.သူတွေကတော မြန်မာနိုင်ငံမှာ ရှိသမျှ ရူရှားတို. တရုတ်တို. လက်ထဲရောက်သွားမှာ၊ မြန်မာနိုင်ငံဟာ တရုတ်(သို.) ရုရှား သြဇါခံ ဖြစ်သွားမှာ ကို ဥရောပက အစိုးရိမ်ကြီး စိုးရမ်လိုဘဲလို. ပြောနေကြတယ်။





“မစားရတဲ့ အမဲ သဲနဲ ပက်” ဆိုတဲ့ စကားကို၊ ကိုယ်လိုခြင်တဲ့ အဓိပါယ်
ဖေါ်ရရင်၊ မြန်မာ. ခေါင်းဆောင်တွေဟာရုပ်သေးရုပ်တွေ မဟုတ်ကြဘူး။ ဥရောပ ဆိုတဲ့ ရုပ်သေးဆရာရဲ. ကြိုးဆွဲရာ ကတဲ့ ရုပ်သေးရုပ် မဟုတ်တဲ့ အတွက်ဘဲ ။ ဒီလိုလုပ်နိုင်အောင်ကလဲ ရူပ်သေးဖြစ်ခြင်သူတွေ အဖြူဆိုရင် အသေရရ အရှင်ရရ၊ အာဏာသာရမယ်ဆိုရင်. ကို့ယ်သား သမီးဘဲ ကို. မြေပေါ်ချ နင်းရ နင်းရ အသေချ နင်းမယ်ဆိုတဲ့ သူတွေရှိနေတာကို အကဲခတ်မိ
တဲ့ ဥရောပသားတွေက ဟိုတုန်းကအတိုင်း မြန်မာတွေကို တဖြေးဖြေးချင်း ဒါးချက်ပေါင်း ၁၀၀၀ နဲ့ တဖြေးဖြေး အသေသတ်ခဲ့တယ်လို. ဆိုရမယ် ။





အမြင်ကိုဘဲ ထင်ကြည်ရရင် သမတ သိန်းစိန် အပါအ၀င် မြန်မာ့ခေါင်း
ဆောင်တွေ ဘယ်သူတွေဟာ သူများကြိုးဆွဲရာ က တဲ့ ရုပ်သေးရုပ်ဖြစ်နေကြပြီ
လဲ ဆိုတာ ကိုတော. သေချာပေါက် မပြောနိုင်ဘူး။ အတိုက်အခံ ခေါင်းဆောင်
ရယ်လို. လူသိနေသူ တယောက်ကတော. ရုပ်သေးဆိုတာ ထင်ရှားတယ် အနောက်ဖက်ကို အထူးအားကိုးတာ ထင်ရှားတယ် ။ မြန်မာနိုင်ငံကို စီးပွားရေး
ပိတ်စို.မှုတွေနဲ့ အကြပ်ကိုင် ချုပ်ပြီးတုတ်ပြီး လုပ်သူတွေက သူတို.စကားအရ Freedom ဆိုတာကို ရေပက် မ၀င် ပြောနေတာတွေ ဟာ အတော်တော. ရီစရာ
ကောင်းတယ် ။ ဖရီးဒန်းဆိုတာ စည်းနဲ ကမ်းနဲ့ပါ ၊ ကလးနားနဲ့ပါ လို.ပြောတော
မကြိုက်ကြဘူး ၊ သူတိုနားလည်တဲ့ ဖရီးဒန်းဆိုတာဘာလဲ ဆိုတာကိုလဲ သူတို.
ဟာသူတို သိလဲ မသိ ရှင်းလဲမပြနိုင်၊ ဝေလေလေနဲ့ သံယောင် လိုက်နေတာ
ကလွဲလို. ဘာအဓိပါယ်မှမရှိဘူး ။





တော်လိုက်အုံးမယ် ပျော် ပျော် ပါးပါး ပေါ့၊