Article submitted by: minkyaw thuyein on 3-Apr-2013  
မြန်မာ တို.နှင့် ၉၆ ပါးသောရောဂါ ။
ဒို.လူကလေးများဆိုသလေး ။


လူလယ်လို အပြောခံရမှာ စိုးရိမ်သလား ၊ လူလိမ် လူကောက်လို.ပြောမှာကိုရော
ဘယ်လိုသဘောရသလဲ? ကိုယ့်ကိုကိုယ် လိမ်ညာသူ ဟာ သူတပါးအပေါ် လိမ်
ညာဘို. ၀န်မလေးဘူး ။ ကောဋဟဋတွေ သတိထားပါ လို. သတိပေးသူက ပေး
တယ် ။ ဒါကတော့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို စဉ်းစားဝေဖန်နိုင်တဲ့ အသိဥာဏ်နဲ့
သိနိုင်တယ် ဒိတ္ထမျက်မြင် သက်သေ တယောက်လောက်ကို တန်ဘိုးရှိတယ် ။ တချက်စဉ်းးစာဘို.က. မီးစ မရှိလဲ မီးတောက် မရှိနိုင်ဘူး ဆိုလားဘဲ ။


လယ်ရမယ် ဂျင်လို လယ်ရမယ် လူဟာ လယ်လယ် ၀ယ်ဝယ် ရှိရမယ် လူလယ်
ဖြစ်ရမယ်လူလိမ်လူကောက် တော့ မဖြစ်သင့်ဘူး။ ကိုယ်က တကယ်လယ်ရင် ကိုယ်အပေါ် ဘာအညစ်အကြေးမှ မကပ်နိုင်ဘူး ၊ ကိုယ် တကယ်လယ်ရင် ကိုယ့်အပေါ်ဘယ်သူမှ လူလယ် မကျနိုင်ဘူး ။ ကိုယ်လယ်တိုင်းလည်း သူများ
အပေါ် လူလယ်ကျစရာမလိုဘူး ။ လယ်လယ်ဝယ်ဝယ် ဆိုတဲ့ စကားက ကြား
ကောင်းတယ် ၊ လူလယ် လို. ဆို လိုက်ရင်တော့ တမျိုးကြီးဘဲ ။ မြန်မာတွေ အပေါ် လူလယ်ကျနေတယ်ဆိုတာကနေ ဗိုလ်ကျနေတယ် ဆိုတာထိဖြစ်ရ
အောင် ဒီ ဗိုလ်က ဘာဗိုလ်လဲ ၊ ဗိုလ်လား ဘို လား? ဘယ်က ဘို တွေလဲ - ဘာဘိုတွေလဲ ? ဗိုလ်မှန်ရင်ဖြစ်စေ ဘိုမှန်ရင် ဖြစ်စေ ဗိုလ်ကျရမယ် ဆိုတဲ့ ဓလေ.ထုံးစံ လား ဗိုလ်ကျနိုင်ခွင်.ရှိတယ် ဆိုတာလား? အချို.ကလဲ ဗမာ ကျတယ် လို.ပြောကြတယ်။

အင်္ဂလိပ်စကားမှာ “ Rolling stone gathers no moths” လို.ဆိုတယ်၊ တိုက်ရိုက် ပြန်ဆိုမလား၊ အဓိပါယ်ကို ဖေါ်ပြမလား? မြန်မာ မှာတော့ “ လည်လွန်းတဲ့ ဘီး ချီးသင့် ” လို. ဆိုတာကို တွေ.ရတယ်၊ ကြားဘူးကြမှာပေါ့၊ သူတိုဟာဆန်.ကျင်ဖက်လား၊ သူတို.လဲသူတို.နေရာနဲ့ သူတို.၊ သူတို.အဓိပါယ်
်နဲ့ သူတို.ဘဲ ပေါ့ ၊ ဒို က မြန်မာတွေ ဆိုတော့ ဒို.အဓိပါယ်နဲ့ ဒို.ဘဲလိုဆိုမလား?


လွှတ်တော်ထဲမှာ စစ်သားတွေရှိနေတာ တချို.လူတွေသိပ်မကြိုက်ဘူး ၊ ဘာကြောင့်မကြိုက်သလဲ ဆိုတာတော့ အကြောင်း အကျိုးနဲ့ရှင်းဘို.လိုလိမ့် မယ်။ ရှင်းချက်ရှိရင်လဲ တင်ပြလေ၊ စဉ်းစားကြတာပေါ့၊ ဟုတ် ဘူးလား။ ရှိတော့ရော ဘာဖြစ်သလဲ ၊ “ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူရေး -လက်တွဲ
ဆောင်ရွက်ရေး - ပြန်လည်ပေါင်းစည်းရေး - ညီညွတ်ရေး ” စသည် စသည်ဖြင့် အကောင်းအမြင်နဲ့ကြည့် လို.ရပါတယ် ။ ထုံးစံမှ မဟုတ်ဘဲဆိုတာတော့ မပြော
ပါနဲ့. ။ ထုံးစံမဟုတ်တာတွေ မြန်မာနိုင်ငံမှာ အများကြီးရှိ ပါတယ် ၊ ပြောရရင် စွယ်စုံကျမ်း ဘယ်နှတွဲလောက် ထွက်မယ်တောင် မသိဘူး။ ဒီမိုကရေစီဆိုတာ
က အစ ၀တ်စား ဆင်ရင်မှုထိ အဆုံး ထုံးစံ မဟုတ်တာတွေကတော့ ပြောမနေ
နဲ့တော့။


ဒီလိုသာပြောရတယ် ၀ါးလုံးသိမ်းရမ်းသလိုဘဲ ဖြစ်နေပြီ ၊ကျေးလက်တောရွာက လူတွေ တနည်းအားဖြင့် တောသားတွေ လို.ဘဲ ခေါ်မလား ၊ခေတ်ပညာမတတ်
တဲ့ဘုန်းကြီးကျောင်းထွက်တွေလို.ဘဲ ဆိုမလား. ဒီလို ခွဲခြားမှူတွေဟာ ဘယ်
တုန်းက ပေါ်လာတာလဲ? ဘယ်သူတွေက ခွဲခြားတာလဲ ?


တောင်သူလယ်သမားတွေ ကြားမှာ မြန်မာမှုတွေ ထုံးစံတွေ မပျောက်သေးဘူး ဆိုတာတော့တွေ.ရတယ် ။ မြို.သားတောသားဆိုတာက တော. အခုမှ ကွဲ့ပြား ခွဲခြားနေတာတော့ မဟုတ်ပါဘူးလေ။ မြို.သားတွေ လူလယ်ကျသမျှ တောသား
တွေ ခံခဲ့ရတာ သမိုင်းစဉ် တလျှောက်ပါဘဲ ၊ တကယ်တော့တောသားတွေဆိုတဲ့
တောင်သူလယ်သမားတွေ စိုက်တဲ့ ဆံ ကို ဒို.အားလုံး စားနေ ကြတာဘဲ မဟုတ်
လား၊ မြို.သားတချို.ကတော့ သူတို.ဟာ ခေတ်မီသူတွေအဖြစ်နဲ့ နိုင်ငံခြားက တင်သွင်းတဲ့ ယိုးဒယား ဆံ။ ဂျပန် ဆံ ၊ အိန္ဒိယ ဘတ်(စ)မာတီ၊ အမေရိကန် လောင်းဂရိန်း ဆံစားတာလို.ပြောခြင်ပြောလိမ့်မယ် ၊ ဒါကြောင့်လည်းသူတို. မြို.သားတွေ လူလယ်ကျနေတာ လူပါးဝနေတာဖြစ်နိုင်တယ် ၊ ဒီလိုလူတန်းစား၂ ရပ် ရှိနေတာကိုအခြေခံပြီး အရာရာမှာ ပဋိပက္ခရောဂါ ဆိုတာကို ဖန်တည်းနေ တာသာ ဖြစ်တယ်။


၁၉၁၇ ခုနှစ် ဘော်ရှိဗစ် တော်လှန်ရေး အပြီးမှာ လူတန်းစားညှိဘိုအသက်ပေါင်း
များစွာပေးကြိုးစားခဲ့တာ အကြောင်းမျိးုမျိုးကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ ရုံဒင်မက လူတန်.စား ပဋိပက္ခဟာ ကြီးထွားပြီး တိုးသထက်
တိုးလာလာခဲ့တယ် ။ ဒီမတိုင်ခင်ကလဲ စာဖတ်သူတိုင်း သိထားပြီး ဖြစ်တဲ့ ၁၈၆၁ -၁၈၆၅ ကာလ သမတအေဘရာဟင် လင်ကွန်း လက်ထက်မှာ ကျေး
ကျွန် စံနစ်ဆိုတာကို ဖျက်သိမ်းခဲ့တယ် ဆိုရပေမဲ့ အကယ်တော့ ကျေးကျွန်စံနစ် ဆိုတဲ့ စကားရပ်နဲ့ အေဘရာဟင် လင်ကွန်းတို.သာ ပျောက်သွားခဲ့ ပြီးကျေးကျွှန်
တန်းစားဟာ နည်းအဖုံဖုံ နဲ. ရှိနေဆဲ လို.ြေ့ပာနိုင်တယ် ၊ လူမျိုး ဘာသာ အသား
အယောင် အဖြူအမဲ ခွဲခြမ်းခြင်း ဆိုတာတွေကလဲ ရှိသေးတယ် ၊ ဖွံဖြိုးတိုးတက်
သောဟာ နိုင်ငံ၊ ဖွံ.ဖြိုးမှုနဲသော နိုင်ငံ ဆိုတာတွေ ဟာ လူ တွေ ရဲ့ ဖန်တည်းမှူ
ဘဲ ၊ လူလူချင်း မတူဘူးလို.ပြောရမလား၊ လူသာလျှင် ပထာဏ ဆိုတော့လဲ ကြိုကကြပုံမရှီဘူး ၊ စံနစ်ကွဲပြားခြားနားနေ တာကို ပျောက်ကွယ်သွားအောင်
မလုပ်နိုင်သလို. လူတန်စား ခွဲခြားမှူကို ဘယ်လိုမှ ပပျောက်သွားအောင် မလုပ်
နိုင်ဘူးဆိုတာကို လက်တွေ.မှာ တွေ.နေရတယ် ၊၊


သူများနိုင်ငံတွေ မပြောနဲ့ မြန်မာလိုနိုင်ငံမျိုးမှာ အထင်ရှားဆုံးတွေ.နေရတယ် ။ အခိုင်းအစေ ဆိုတဲ့ လူတန်း စားတရပ် မြန်မာနိုင်ငံမှာ အထင်အရှားရှိနေတယ်၊
“အိမ်စေ”ဆိုတဲ့စကားလုံးအပြည့်အစုံကတော့”အစေခံ” ဆိုတာဘဲ၊ ဘယ်အလုပ်
သမားဥပဒေနဲ.မှ အကျုံးမ၀င် ၊ မကာမိ တဲ့ လူဌားစားမှု လူရောင်းစားမှု လူကုန်
ကူး မှုဆိုတဲ့ ဒေသဆိုင်ရာကျွန်စံနစ်တခုထက် ဘာမှ မခြားဘူး။ အလုပ်သမား
နှင့် အလုပ်အကိုင် ရှာဖွေရေးလုပ် ငန်းတွေဟာလဲ ဥပဒေတွင်း က လူ ကုန်ကူး
နေမှုတွေ လူလူချင်း သိသိသာသာ ခေါင်းပုံ ဖြတ်နေတာဘဲ လို. မြင် တယ်။


ဗုဓ္ဒကိုယ်တိုင် ဟောထားတာက မမြဲခြင်း ၊ အရာရာသည် မမြဲ ဘူးဆိုတာဘဲ ။ ပြုပြင်ပြောင်းလဲခြင်းဟာ မမြဲခြင်းဆိုတာ ကိုထင်ရှားစေတယ် ၊ မမြဲတာကို မြဲအောင် လုပ်မနေနဲ့ ဒုက္ခတွေ ဖြစ်ကုန်လိမ့်မယ် ။ ကာလံဒေသံ အင်္ဂမ်ဒနမ် လို. ဆိုထားတာလဲ ရှိသေးတော့ ၊ ပြုပြင်ပြောင်းလဲရေးတွေကို အလျှင်းသင့်သလို စည်းစံနစ်နဲ့လုပ်ပေးရမယ် ၊ သူ.ဟာသူ ပြုပြင်ပြောင်းလဲ လာတာကို စောင့်နေ
ရင် ၊ ပြုပြင်ပြောင်းလဲရေးတွေ ဟာ ဒီရေလှိုင်းလို ရုတ်တရက်နဲ့ တကယ်ရောက် လာရင် ကိုယ်က အသင့်မဖြစ်သေးရင် မနိုင်မနင်းတွေ ဖြစ် ကုန်နိုင်တယ် ။
ဥပမာ မြစ်ချောင်း ကမ်းပါးတွေ ဒိုက်တွေ တာတွေ ကို ပြုပြင်ခြင်းမရှိရင် ၊ လယ်တွေ ကဇင်းတွေ ပြုပြင်ခြင်း မရှိရင် လေကြီး မိုးကြီး ရေကြီးပြီး စူနာမီ တဲ့အခါ ၊သောက်သောက်လဲ သေကြေ ပျက်ဆီးခြင်းနဲ့ မလွဲ မသွေ ကြုံတွေ.ကြရ တယ် ဆိုတဲ့ သဘောဘဲ ။


ကြည့်ကြစမ်းရအောင် ၊ မြင်တာ တွေ.တာတွေ တချို.ကိုပြောမယ်နော် ၊ မြန်မာ.
လေကြောင်း ပြောင်းစီးကတည်း သတိ ထားမိတာကတော့။ မြန်မာဖြစ်ရတာ တန်ဘိုး မရှိပါလား ဆိုတာဘဲ ။ ဒါကြောင့်လဲ မြန်မာတွေကြားမှာ ‘ အဖြူ မြင်မှ လူထင်တယ် ‘ ဆိုတဲ့ စကားရပ်ပေါ်လာတာဘဲ ဖြစ်လိမ့်မယ် ၊ လူတွေဟာ လူမျိုးဘာသာမရွေး အခွင့်အရေးတန်းတူ ရှိကြတယ် ဆိုတာကို သိထားသူ တယောက်အနေနဲ့ဘယ်အခွင့်အရေးကိုမှ ဘယ်အကြောင်းကြောင်းနဲ.မှ ပိုပြီး
မျှော်လင့် ဘူး၊ မျက်နှာထိ မျက်နှာထားနဲ့ လူကိုကြည်တာပြောဆိုတဲ့လေယူ
လေသိမ်း ကိုယ်ဟန်အမူအယာ တို.က ကိုယ့် ကို ခွဲခြား ဆက်ဆံနေမှန်းသိရ
တယ် သိသာတယ် ၊ ကိုယ်လူမျိုးက ကိုယ်လူမျိုးကို ခွဲခြား ဆက်ဆံခံရတာ ဟာ အထင်မဟုတ်ဘူးနော် ။ လက်တွေ.တွေ ၊ လူမျိုးခြားကို ရိုင်းရိုင်းဆိုင်းဆိုင်း
ဆက်ဆံ ရမယ်လို.လဲ မဆိုလိုပါဘူး။ ကိုယ်လူမျိုးတော့ ကိုယ် သိဘို.ကောင်းပါသေးတယ် လို.သာ ဆိုခြင်တာပါ။


မုန်ဟင်းခါးဆိုင် ၊ ခေါက်ဆွဲဆိုင် လဘက်ရေဆိုင်ကအစ ဂါးဒင်းရက်စတောရင့်
စားသောက်ဆိုင် အမျိုးမျိုးမှာ ဧည့်ကြို စားပွဲထိုး လုပ်နေကြတဲ့ လူငယ်အလုပ်
သမားတွေကို စားသုံးသူ ဖေါက်သယ် မြန်မာဆိုတာတွေက ဘယ်လောက် လူ မဆန်စွာ ဆက်ဆံ ကြတယ် ဆိုတာလဲ ကြုံးဘူးမှ သိကြလိမ့်မယ်။ သူတို.အိမ်က အိမ်ဖေါ် ( အစေခံ) ၊ ကားမောင်း ခြံစောင့် ဥယဉ်အလုပ်သမားတို.ကို ဘယ်လို
ဆက်ဆံကြတယ် ဆိုတာလဲ ကိုယ်တိုင် မြင်ဘူး တွေဘူးမှ သိကြလိမ့်မယ်၊ နိုင်ငံခြားကလာတဲ့ ဧည်သယ် ကို ကြွားခြင် လို. ရှိုးပြခြင်လို.ဆိုရင်လဲ ။ အကြွား
မှားနေပြီ ကိုရင်တို.ရေ့၊၊


သီးခံပါခင်ဗျာ ၊အားမနာတန်း ပြောရရင်တော့ အိမ်ဖေါ် (အစေခံ)အများစုဟာ တောင်ပေါ်သား လူမျိုးစုဝင်တွေ၊ မိန်းခလေးတွေသာ ဖြစ်ကြတာကိုလဲတွေ.ရလေတော့၊ သူတို.ကို အိမ်ရှင်တွေက ဘယ်လိုများဆက်ဆံကြလိမ်မ့ယ် ဆိုတာ မတွေးဝန့်ဘူး၊သူများနိုင်ငံတွေကအကြောင်းတွေတော့ နားမဆန်.အောင် ကြား
နေရတာတွေ ရှိတယ် ။ ကေါလဟဠ ဟုတ်မဟုတ် တော့ မသိဘူး။


“ ဒီဟာတွေ ကို ကျုပ်တို.က ကျွေးမထား မွေးမထားရင် ဒီဟာတွေ ငတ်ပြတ်
ကုန်မှာပေါ့ သူတိုမနေခြင်ရင် အချိန်မရွေး ထွက်သွားနိုင်တာဘဲ” လို.လွယ်လွယ်
နဲ့မိုက်မိုက် မဲမဲပြောတတ်သူကလဲ မရှားဘူး ။ ဒို.နိုင်ငံ နဲ့ ဒို.လူမျိုးတွေကြားမှာ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ ညီညွတ်ရေး၊ သဟဇါတဖြစ်ရေးကို ဘယ်လို ပံ့ပိုးမှူတွေ ဖြစ်လာစေမယ် ဆိုတာတော့ မခန်.မှန်းနိုင်အောင်ဘဲ။

ရန်ကုန်လေဆိပ်ထဲ ရောက်တော့လဲ ပတ်စပို.ကွန်ထရိုးနဲ.ကတ်စတန်တို.က စစ်လိုက် ဆေးလိုက် မေးလိုက်မြန်းလိုက်တာ ကိုယ့်ကိုကိုယ်တောင်ကို ရာဇ၀တ်
ကောင် ၀ရန်းပြေးလား တရားခံပြေး စာရင်းဝင်နေသလားလို.တောင် သင်္ကာ မကင်းဖြစ်မိတယ် ။ ကိုယ့်ကိုကိုယ်တောင် မသတီ တော့ဘူးဆိုရင် မှန်မလား ဘဲ ၊ ဟိုဘက် တိုးရစ်(စ) ကောင်တာမှာ တော့ မြန်မာအရာရှိတွေ အမှုထမ်း
တွေဟာ နိုင်ငံခြားသားတွေနဲ. ပြုံးပြီး ပလူးနေတယ် လို.ပြောရမလားဘဲ၊ ဒါတွေဟာ အစိုးရ အမိန်.အရလား၊ ဌာန ဆိုင်ရာ ညျွန်ကြားချက်အရလား? အဲဒါကြောင့် ဟိုတလောက “ နောင်ဘ၀ ခွေးဖြစ်ရင် တောင် မြန်မာနိုင်ငံမှာ သွားမဖြစ်ပါရစေနဲ့” လို.ဆုတောင်းမိတာဖြစ်တယ်။ မပြောနိုင်ဘူးလေ ဂေါတမဗုဒ္ဒ နုစဉ် တချိန်က ခွေးဖြစ်ခဲ့ဘူးတာကို ၅၅၀ ဇါတ်တော်ထဲမှာ ဖတ်လိုက်ရဘူးတယ်။


မြန်မာတွေနဲ့ ပါတ်သက်ပြီး ပြောစရာတွေကတော့ အများကြီးဘဲ ဘယ်က စ ပြောရမယ်တောင် မသိဘူး။ ယိုသူမရှက် မြင်သူရှက် ဆိုတာထင်ပါရဲ့တီးတိုးမမှန်
သတင်းလွှင့်ရမလား၊ ပြောရမလား သျှာသွက်တယ်၊ နောက်ကျောကို ဒါးနဲ့ ထိုးရ
မယ် ဆိုရင် တော့ လက်သွက်တယ် ။ အဲဒါ မြန်မာ တဲ့ လေ၊ မယုံမရှိနဲ့နော်၊ ၀က်(ပ)ဆိုက် တွေပေါ်မှာကိုတွေ. နေရတယ်၊ တချို.တွေများဆိုရင် ဆွေးနွေးကြရ
အောင်ဆိုတော့လဲ မဆွေးနွေးဘူး။ ဘာမှ အကြံပြုခြင်း တင်ပြဆွေးနွေး ခြင်း ၊ အမြင် ဖလှယ်ခြင်းတွေ မရှိ ဘဲ ၊ အချောက်တိုက် ဗလာချီဆဲရေးတိုင်းထွာနေကြ
သူတွေဆိုတာတွေ.ရတယ်၊ လူ.အခွင့်အရေး အရ ဆိုတာဘဲ ထင်ပါရဲ့။ သူတို.အနေနဲ့ ဒီလိုဘဲ နားလည်ကြတာကိုး ။ သင်သူတွေ ညံ့လို.လား သူတိုကိုယ်တိုင်
က နာယူနိုင်မှုစွမ်းအား မရှိလို.၊ အားနဲလို.ဘဲလား၊


ဂေါတမ ဗုဓ္ဒ ဟောတဲ့တရားတွေ သင်္သကရိုက်ဘာသာမှ ပါဋိ သို. ၄င်းမှ မြန်မာ
ပြန် လို.အကြမ်းအားဖြင့်သိရတယ် ။ ဘာသာပြန်တယ်ဆိုတာ တိုက်ရိုက်ပြန်ဆို
ြိုခင်း၊ အနက်သဘော အဓိပါယ်ကို ဖွင့်ဆိုခြင်း၊ သဘောပေါက် နားလည် သူတွေ
နားလည်တယ် ၊နားမလယ်သူတွေရှိတယ်၊ (ကိုယ်လဲ ဒီအထဲ ပါခြင်ပါမယ်) မကြားဘူးသူတွေတောင်ရှိမယ်။ ဒီထဲမှာ အနှစ်သာရ ဆိုလိုရင်း အနက်အဓိပါယ်
ကို နားလည်သဘောပေါက် မြီးစမ်းမိရင်ဘဲ ၉၆ ပါးသော ရောဂါပျောက်နိုင်တယ်
လို.ဆိုတော့ မယ်။


ပျော် ပျော် ပါး ပါး ပေါ့။