Article submitted by: minkyaw thuyein on 24-Mar-2013  
လူ သတ် ၀ါဒနဲ့ဟာ တိုးတက်မှု အတွက်လား?
ကိုရင်ကြီး

ခရီးထွက် အပြင်းပြေဖတ်စရာလေးလို.ဘဲ မှတ်ပေါ့ ၊ လူ တို.ရဲ့ကမ္ဘာကြီးဟာ ဒီနေ.ကာလမှာစင်္ကြာဝဋာနဲ့ ဆက်သွယ်နေ တာမို. လူတွေဟာ ဘယ်နေရာ
ရောက်နေ နေ၊ လူ.ကမ္ဘာနဲ့ အဆက်အသွယ်မပြတ်ပါဘူး မဆက်သွယ်ခြင်မှ
သာနေ ရော ၊ Lap top လေးတလုံး သယ်သွားရင် ဘယ်နေရာကမဆို စင်္ကြာဝဋာနဲ့ ဆက်သွယ်နိုင်တာပါ ။ ခေါင်းရှင်းဘို ၊ ခေါ့င်းဆေးဘို.ဆိုရင်လဲ ၊ ကျန်းမာရေးကို ဂရုစိုက်ပါ ခန္ဒာကိုယ် နွမ်းနယ်ခြင်းမှာ ဦးနှောက် နွမ်းနယ်မှူ ဟာ အဆိုးဆုံးပါ၊ ဒါကြောင့် ရန်ဖန်ရန်ခါ အနားယူခြင်းဟာ အာရောဂျံ ပရမံ
လာဘဏ်ဖြစ်တယ် လို.ဆိုပါတယ်၊ ဦးနှောက်ကို အစာကျွေးတဲ့ အနားပေးတဲ့ နည်းတွေ လိုအပ်ပါတယ် တနည်းအားဖြင့်လဲ ခရီးထွက်ခြင်းဟာ ကိုယ်ရေး ကိုယ်တာ ကိစ္စဖြစ်ကောင်းဖြစ်သည့်တိုင် ၊ မျက်စေ့ဖွင့် နားစွင့်တဲ့ သူတွေအတွက်
မျက်မြင်ကိုယ်တွေ. ဗဟုသုတအသစ် တွေ တိုးပွားလာစေမှာကတော့ မလွဲဧကန်
ပါ ။ ဒီ ဗဟုသုတတွေကို ကြုံတဲ့အခါ အများကိုလဲမျှတမယ်ဆိုရင် လူမျိုး နဲ့ နိုင်ငံကို အထောက်အပံ ဖြစ်ဘို.များပါတယ် ။


မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ ရေးလမ်းပေါ်မှာ ရောက်နေပါတယ် ။ ပြုပြင်ပြောင်းလဲ ရေးကို လူတွေက လုပ်ကြရ မှာပါ. သူဟာသူဖြစ်လာမှာတော့ မဟုတ်ဘူး၊ ဒီတော့ လူတွေကိုယ်တိုင် ဘယ်လောက် ပြောင်းလဲ လာနေသလဲ
ဆိုတာ ပေါ်မှာ မူတည် ပါလိမ့်မယ် ။ ဒါကြောင်.လဲဘဲ ကိုရင်ကြီး ပြောသလို. လူတွေရဲ့တွေးခေါ် မျှော်မြင်မှုတွေကအစ ပြောင်း လဲ ရအောင် ၊ တတ်သိသမျှ တတ်အားသမျှ အကြံပြုနေကြရတာ ဆောင်ရန် တွေ ရှောင်ရန်တွေ ပေါ့ဗျာ ၊့ ဘယ်သူတွေ ဘယ်လောက်ဘဲပြောင်းပြောင်း ၊ပြုပြင်ပြောင်းလဲရေး တွေ ဘယ် လောက်ဘဲလုပ်လုပ် မကြိုက်တဲ့သူ၊ ကြိုက်တဲ့သူ ဆိုတာကတော ရှိနေမှာဘဲ၊ အိမ်ကအမေ ချက်တဲ့ ထမင်း ဟင်းကို မကြိုက်လို.ဘဲ ဖြစ်စေ ညီးငွေ.လိုဘဲ ဖြစ်စေ ။ ထမင်းဆိုင်မှာ သွားစားကြတဲ့ သူတွေရှိတယ် ၊ ထမင်းချိုင့်မှာစားတဲ့ လူတွေရှိတယ် အကြောင်းအမျိုးမျိုးတွေ နဲ့ဘဲ ပေါ.၊


တသက်လုံးက အစွဲအမြဲတွေကိုတော့ နေ.ချင်းညချင်း ပြောင်းလဲလို.တော မလွယ်ပါဘူး ။ ဒါပေမဲ့ မြန်မာတွေ နိုးကြား လာနေကြတာကိုတော့ တွေ.နေရ
တယ် ၊ ၀မ်းသာ အားရစရာတွေ ။ ၀မ်းနဲ့ ကြေကွဲစရာတွေ ကတော့ ရှိမှာဘဲ ။ ပြုပြင် ပြောင်းလဲမှုမှာ မျှော်လင့်တာတွေ မမျှော်လင့်တာတွေပါဘာမဆိုဖြစ်လာ
နိုင်တယ်။ အကောင်းကိုမျှော်လင့်နေတုန်းမှာ အဆိုးကို ရင်ဆိုင်ဘို.လဲ ပြင်ဆင်
ထားရ မယ်လို.ဆိုတဲ့ ပညာရှိတွေရဲ့ စကားကို နားဝယ်ထားရမယ် ။


ကိုရင်ကြီး ပြောတဲ့စကားတွေနဲ.ကျုပ်ပြောတဲ့ စကားတွေဟာ၊ ရေကို ပန်နီခေါ်မလား ၀ါတား ခေါ်မလား၊ အားကွား ခေါ်မလားဆိုတာဘဲ ၊ ရေ ကို ရေ လို.ခေါ်ရင် မြန်မာဆန်ပြီး မြန်မာတွေ လက်ဝါးကြီးအုပ်မှာစိုးလို. ပန်နီ၊ ၀ါတား ၊ အာကွား၊ ၀ါဆား လို.ခေါ်ခြင်သူတွေလဲ ရှိနေတယ်. ရေ ဆိုတာကို သူတို.နားမလည်လိုဘူး၊ မသိခြင်ဘူး သူတို.ခေါ် သလို ခေါ်မှသာ မြန်မာတွေ အမှန်
တကယ် ပြုပြင်ပြောင်းလဲတာဖြစ်တယ်လို. ဆိုပြန်တော မခက်ဘူးလား ။ သူများ တွေက ဘာကို ဘာခေါ်တယ် ဆိုတာသိဘို.လိုတယ် လေးစားရမယ်၊ အရပ်ရပ် ရောက်ဘူးသူ ကိုရင်ကြီးလဲ သိပါ လိမ့်မယ် ၊ ဒီနေ. ကမ္ဘာပေါ်မှာခေါ်ဝေါ်သုံးစွဲ
ွဲနေတာတွေဟာအင်္ဂလိပ်ပေး ထားတဲ့ နာမယ်တွေ အခေါ်အဝေါ်တွေများ ပါ
တယ် ။ သူ.တိုင်း သူပြည့် သူ.လူမျိုးရဲ အခေါ်အဝေါ်တွေက တမျိုးစီပါ။ ဒါတွေကို
မလေးမစားပြုခဲ့တဲ့လို.လဲ အင်္ဂလိပ် ဟာ အင်ပါယာပျောက်ခဲ့ တာဘဲလို.ယူဆ
တယ် ၊ တဖက်သားကို လေးစားရမယ်ဆိုတာကို ကျုပ်တို.လူကြီး တွေက
ကြီးသူ ရိုသေ ၊ ရွယ်တူ လေးစား ၊ ငယ်သူ သနား ဆိုပြီး ဆုံးမခဲ့ပါတယ် ။


မြန်မာသမိုင်းအရ သာမန်သူတွေအတွက်စာသင်ကျောင်းဆိုတာမရှိခဲ့ဘဲ၊ဘုန်းကြီးကျောင်းသာ စာသင်ကျောင်း ပါ၊ အထာရသ ၁၈ ရပ် သင်တယ်ဆိုတဲ့
တက္ကသိုလ် ဆိုတာကလဲ သာမန်သူတွေအတွက် မဟုတ်ပါဘူး ။ အခွင့်ထူးခံ မင်းညီမင်းသားတွေ အတွက်ပါ ၊ သာမန်လူတွေ အတွက်ကတော့ ရွာဦးက နှုတ်တိုက်ချ အာဂုံဆောင်ရတဲ့ ဗုဓ္ဒဘာသာ ဘုန်းကြီူးကျောင်းဘဲ ဖြစ်ပါ တယ် ။


အင်္ဂလိပ် လက်ထက်ဆိုတာမှာလဲ စာသင်ကျောင်းရယ်လို. သတ်သတ်မှတ်မှတ်
ရှိသော်လဲ ၊ဘာသာရေး ကြောင့် တမျိုး၊ ကျောင်းလခကြောင့် တမျိုး၊ အခြား
အကြောင်းတွေထဲမှာ၊ အမေရိကန်ပြည်ထောင်စု သမိုင်း ၀င် အင်ဒီယန်းလူမျိုး ဂျူရန်နီးမိုး (Geronemo) )လို မျိုးချစ် စိတ်ပြင်း ထန်ခဲ့ကြသူတွေဖြစ်ကြလို.ဘဲ၊ ဗမာ တွေဟာ ဒီကျောင်းတွေကိုမသွားနိုင်ခဲ့ကြဘူး၊ မြန်မာ့လူမျိုးစုဝင်
တောင်တန်းသား တွေသာ ခရစ်ယန် မစ်ရှင်နရီ တွေကိုသွားပြီး ဘိုင်ဘယ် ဖတ်စာနဲ့ စစ်ပညာကိုသင်ခဲ့ကြတယ်ဆိုတာရှိတယ် ။ မင်းတုန်းမင်း လက်ထက် ရတနာပုံနေပြည်တော်က ဆရာမတ်ကြီး ရဲ့ ကျောင်း မှာ အခွင့်ထူးခံ မင်းညီ
မင်းသားတွေသာ တက်ကြတာပါ ၊ ခရစ်ယန်ဖြစ်သွားသူတွေရဲ့ စာရင်းတော့ ကျုပ်ဆီမှာရှိပါဘူး ။


မြန်မာနိင်ငံ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဒီသမိုင်းကြောင်းကိုလေ.လာရင် မြန်မာအားလုံးရဲ့ အားသန်ချက် အားနဲချက် တွေကို သိရမယ် ၊အကြောင်း
တွေကဘာတွေ အကျိုးတွေကဘာတွေဆိုတာသိလာမယ် ။ အကြောင်း အကျိုး ဆိုတာ အကောင်းအဆိုးကို ဖြစ်စေပါတယ် ။၊မကြာခဏ သွယ်ဝိုက်တဲ့ နည်းနဲ.ရော ဒဲ့ဒိုးရော ဖြေဘူးပါတယ် ၊ ထပ်လောင်းရရင် အသိပညာဆိုတာကိုယ်.ဟာကိုရှာရပါ တယ်၊ ပညာဆိုတာ ရှာတတ်သူသာ ရပါတယ်၊


အတတ်ပညာကတော. တမျိုး တဘာသာ လို.ပြောရင် မမှားပါဘူး။ ပြောရရင် မင်္ဂလာသုတ်နဲဘဲ အသိပညာလုံလောက်တယ်လို.ထင်ခဲ့ပါတယ်၊ မှန်ပါတယ် ၊ မင်္ဂလာသုတ်အပါအ၀င် ဇါတ်တော်တွေကိုဘုန်းကြီး တွေ ဟောသလောက် အဓိပါယ်လေး လက်ခံပြီး မိရိုးဖလာ ဗုဒ္ဒဘာသာ ဖြစ်နေ ကြတာ များပါတယ် ၊ တရားတော်ရဲ့ အနှစ်သာရ အနက်အဓိပါယ်ကို မိမိလက်တွေ ကျင့်ပြီးတရား
ပေါက်သူနဲ ပါလိမ့်မယ် ။ ဘုန်းကြီးတောင် ဘုန်းကြီးတိုင်း တရားမဟောရဘူး
ဆိုတဲ့ စည်းကမ်းရှိလေ တော့ လူဆိုတာက တရားဟောဘို.ဝေလာ မှဝေးဘဲ လို.ဆိုရမလား မသိပါဘူး၊


မင်္ဂလာ သုတ်ထဲမှာကို အခါအားလျှော်စွာတရားနာအပ်တယ်၊ အခါအားလျှော်
စွာ တရားဓမ္မ ဆွေးနွေးအပ်တယ် လို. ဆိုထားတာကိုး တရားဟောနိုင်တယ်လို.တော့ မှတ်ယူလို. မရပါဘူး ။ ဒါပေမဲ့ တွေနေရ တာက ဘုန်းကြီးတွေတင် မဟုတ် လူပုဂိုလ်တချို.တောင် သူတို.ကိုယ် သူတို. ဘုရားမှတ်နေကြသလား တောင် မသိဘူး၊ ဟောနေပြောနေကြတာ တွေ.ရတယ် ။ သာသာစုံနဲ့ ဟောပြော
နေတဲ့ ဗုဓ္ဒတရားတော် တွေဟာ အခြေခံသာမရှိရင် နားမလည်စရာဘဲ မျက်စေ့ သာလယ်သွားမယ်။ အင်္ဂလိပ်လိပ် လို ဘာသာပြန် ထားတဲ့ တရားတော်တွေကို အင်္ဂလိပ်လိုမှ မဖတ်ရရင် ဗုဓ္ဒဘာသာ စစ်စစ် မဖြစ်ဘူးလို. ခံယူသူတွေများ ရှိ
လေမလား မသိဘူး ။


မြန်မာတွေဟာ အသိပညာတွေ နွံနစ်နေကြတယ်လို. ပြောဘူးပါတယ်။ အတတ်ပညာနဲနေကြတာဖြစ် တယ်။ ဘယ်လောက်များလဲ ဆိုရင် ဆံစပါး အပါအ၀င် လယ်ယာကိုင်းကျွန်းနဲ့စိုက်ပျိုးရေးနိုင်ငံပါလို.တအော် ထဲ အော်နေတဲ မြန်မာန်ုငံဟာ စိုက်ပျိုးရေးပညာတွေကို တိုင်းတပါးသားတွေကို သင်ကြားပြသ
လို.မပြောနဲ့ သူတို.ဆီကတောင် ပညာ ယူ အကူအညီယူနေရတယ်ဆိုတော ထူး လို.ပေါ့နော် ဟဲ ဟဲ ဟဲ ။


ပညာဆိုတာ ဒီလိုဘဲ သင်ယူရတာပါ ။အခုလဲ ကိုယ် မတတ်ကျွမ်းတဲ့ စက်မှူုနိုင်ငံ
အဖြစ် ထူထောင်အုံးမယ် တဲ့ ၊ ရှေ.အနာဂါတ် ဘာတွေ ဖြစ်လာမယ်တော.မသိ
ဘူး အခုလောလောဆယ်တော့ အကြောင်း အမျိုးမျိုးနဲ့ ကန်.ကွက်တာတွေ ဆန္ဒထုတ်ဖေါ်တာတွေ ပေါ်လာနေတယ် အကောင်းအဆိုးကတော့ ၊ချိန်းသော ညဥ့် ဘဲပေါ့ ။ ခေတ်မီ တိုးတက်ခြင်မှူရဲ့ ပေးရတဲ့ အဘိုးဆားနားလား ၊ ပေးရ
တဲ့ တန်ဘိုးနဲ.ထိုက်တန်တဲ့ခေတ်မီ တိုးတက်မှူ ရခဲ့.သလား။ မရခဲ့ရင်တော့ ကိုယ်နာတာပေါ့ဗျာ ၊ ဘာကြောင့်မရသလဲ ၊ ခေါင်းဆောင်တွေကိုဘဲ အပြစ်တင်
လိုက်ကြတာ လွယ်ပါတယ် ။ မအေး ကတော့ အနေသာကြီးပါ ။ နာပေမဲ့ မကောင်းဘူးလို.တော့ သူ မပြောပါဘူး။


ဘာဘဲပြောပြော အဆက်ဆက်သော မင်းတွေဟာ မြန်မာတွေကိုဘယ်လို
အုပ်ချုပ်ရမယ်ဆိုတာ သိကြ ပုံရှိတယ် ၊ အုပ်ချုပ်မှု လျှောရဲသွားတာနဲ့အမျှ တိုင်းပြည်လဲ ပျက်ခဲ့တာဘဲ မဟုတ်လား။ ကိုယ့်အတတ်နဲ့ ကိုယ်လား အမှောင့်
ပယောဂ လား။ အရှိကိုအရှိအတိုင်း ပြောရရင် ဒီနေ.မြန်မာတွေဟာ မြန်မာနိုင်ငံ
သစ်( ပဉ္စမလား ဆဌမ လား)ဆိုတာကို စတင် ထည်ထောင်နေကြပုံ ရှိပါတယ် ၊ ယီယားဇီးရိုး လို.ပြောရမလား သက္ကရာစ် သုည က စဘို. ပြင်ဆင်နေကြပါ
တယ် ၊ သက္ကရာဇ်ဟောင်းကို ဘယ်တော့ဖြိုမလဲတော မသိဘူး. အသင့် ဖြစ်ရင် ဖြိုကြလိမ့်မယ်လို.ဘဲ အကြမ်းဖျင်း ယူဆ ရမယ်၊ သာသနာသက္ကရာဇ် ၊ ကောဇာသက္ကရာဇ်၊ သက္ကရာဇ်သစ် ၃ ခု တွဲ သုံးကြတာပေါ့ ၊ မြန်မာတွေ ဒီလောက်တော့ တတ်နိုင်ပါတယ် ၊ အသေးအဖွဲတွေပါ ဘဲ။


အခုအချိန်မှာ မြန်မာတွေ နိုးကြားလာကြပြီလို.ဆိုရမလား၊ လွတ်လပ်စွာ ပွင့်ထွက်လာတယ် ။ လွတ်လပ်စွာ ပြောခြင် တာတွေပြော၊ လုပ်ခြင်တာတွေလုပ်
နေကြတယ်၊ ကောင်းနိုးရာရာ တွေဘဲဖြစ်မှာပေါ့ ၊ ဖြစ်ခြင်တာ တွေ ဖြစ်နေတာ
လဲ တွေ.ရတယ်၊ လူမျိုးရေး ဘာသာရေးတွေနဲ့ အခြားအရေး ၆ ရေးတို.ကို ဦးတည် ပြီး လုပ်ကိုင် ဆောင်ရွက်နေပုံရှိတယ်အခြားနိုင်ငံတွေကိုအမှတ်မထင်
လေ.လာကြည့်ရင် နှစ်ပေါင်း ၇၀၀၀ -၈၀၀၀ ထိမ်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုတွေ ထုံးတန်း စဉ်လာ ဓလေ.တွေဟာ ၊ ဒီမိုကရေစီနဲ့ လူ.အခွင့်အရေး အတင်းအဓမ္မ သွတ်သွင်း ဖzက်ဆီးခဲ့.လို. နေချင်း ညဥ့်ချင်း ပျောက်ကုန်ရတယ်၊၊


လက်ရှိအသက်ထင်ရှား ရှိသူတွေကို ရာလီနှစ် ၁၀ လီနှစ် တွေနဲ့ ချီပြီး နှောက်ယှက်နေတာ ၊သေလိုက် ရတဲ.လူတွေ၊ နိုင်ငံတွေမှာ လူသေ ကောင် တွေပြည့်နေပြီး ပုတ်ဆော်တောင် နံဟောင် နေတယ် လို. သိရတယ် ၊ ဒီမိုကရေစီ စံနစ်ဟာ လူသတ်စံနစ် ပါဆိုရင် မှား မလား။ ဖက်ဆစ်စံနစ် ကွန်မြူနစ် စံနစ်တို. နဲ့ဘာများ ကွာခြားသလဲ ။ နှစ်ထောင် ပေါင်းများစွာက သေသူတွေကိုတောင် ရှေးဟောင်း သုတေသန ဆိုတဲခေါ့င်းစဉ်အောက် က အမျိုးမျိုး နှောက်ယှက် ဖျက်ဆီးနေတာတွေ ဟန်.တားနေတာတွေကတော့ ကြည့်သောသူ မြင်၏ ဘဲ ။


ဆိုဗီယက် ပြည်ထောင်စုရဲ့ နောက်ဆုံး သီပေါဘုရင်လို.ဆိုရမဲ့ မီခါရဲ ဂေါ်ဘာချော တယောက် မဟာမြိုင် တေဆေးကြီး ကို ဆရာမောင် ဆေးနီမှုန်.မှတ်ပြီး စားလိုက်မိလို.သူတင်မက တနိုင်ငံလုံး ၀မ်းလျှောသွား ရတယ် ။ ကိုရင်ကြီးပြောတဲ့ နမူနာပေးတဲ့တခြား နိုင်ငံလေး တွေဆီပါ ကူးဆက်သွားပြီး၊ အဲဒီနိုင်ငံလေး တွေရဲ့ ခေါင်ဆောင် တချို.ဟာ သေသူသေ အသတ်ခံရသူခံရ ၊ ယူအက်(စ)ဦးဆောင်တဲ့ အနောက် အုတ်စုရဲ. သြဇါခံ၊ တသွေး တသံ တမိန်.ထဲ့ ရောက်သွားကြ တာ တွေရတော့ ။ တသွေး တသံ တမိန်. ဆိုတာ ဘယ်ဆိုးလို.တုန်းလို ထင်မိတယ် ။ ဒီ တသွေး တသံ တမိန်.ဟာ ဘယ်နေရာမှာ မဆိုရှိတယ် ဆိုတာတွေ.ရတယ်၊ နေရာပြောင်းတာ လူပြောင်းတာခေါင်းဆောင်ပြောင်းတာဘဲ
ဲ ဖြစ်တယ်လို.မြင်တယ်။ ဒီ တသွေး တသံ တမိန်.ပျောက်လို. မြန်မာတွေလဲ ထီးနန်းပျောက်ခဲ့ရတာဘဲ ဖြစ်မယ်ထင်တယ် ။ ပျောက်ဘူး ပေါင်း များလို.လဲ မြန်မာတွေအဘို.မထူးတော့ မဆန်းတော့ပါဘူး တဲ့လား? ထုံနေကြပါပြီ ။


န၀တ အစိုးရလက်ထက် အမျိုးသမီး မပါတဲ့ အမျိုးသားညီလာခံက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခု ဖွဲစည်းပုံအခြေခံ ဥပဒေဟာ အမျိုးသမီးသဘောတူချက်မပါဘဲ အတည်ပြုခဲ့တဲ့ ဒီဥပဒေဟာ ယာယီ ငြမ်း သဘောလား။ ဒီ ဥပဒေအရ ပါတီစုံ ဒီမိုကရေစီရွေးကောက်တွေ ကျင်းပပြီး ပြီ၊ ကိုယ်စားလယ်တွေနဲ့ လွှတ်တော်လဲ ရှိနေပြီ ။ ပြင်ဆင်တယ် လို.ဆိုပြီး ငြမ်းကိုဖျက်ကြတော့မယ် ၊


ဘယ်အခြေခံဥပဒေကို တပ်မတော်က ကာကွယ်စောင့် ရှောက်မှာလဲ? ၊
ကျုပ်အမြင်ကတော သစ္စာဖေါက်တွေကို နိုင်ငံတော်နဲ့နိုင်ငံတော်သားတို.အကျိုးဌာ၊ နောင်လာ နောင် နောင်သားတို. အကျိုးဌာ ဖျောက်ဖျက်ပစ်ရမယ် အဆုံးစီရင်ရမယ်။ လူ.အခွင့်အရေးအရ သစ္စာဖေါက်ခွင့် ရှိတယ် ဆိုတော့လဲ ဘာပြော နိုင်အုံးမှာလဲ ၊ အမေရိကန်နဲ့ အပေါင်းအသင်းဆန်.ရင် လူသတ်ခွင့်
ရှိတယ် လို.ပြောရမလား ? ကိုယ် ကိုယ်တိုင်ဘဲ သတ်သတ် ၊ သူတို့ကိုဘဲ အသတ်ခိုင်း ခိုင်းပေါ့ ။ Rent to Kill Service ဆိုတာရှိတယ် လို.ကြားဘူးတယ် ။


ဒီနေ.တော့ နားလိုက်အုံးမယ် ။ ပျော် ပျော် ပါး ပါး ပေါ့ .