Article submitted by: minkyaw thuyein on 21-Mar-2013  
ဒီက ပြောခြင်နေတာ ကြာပြီ လေ ။
ဒို.လူကလေးများ ဆိုသလေး ၊

အထူးသဖြင် မြန်မာ့နိုင်ငံရေးလောကမှာ နိုင်ငံရေးသမား စစ်စစ်ဆိုတာ မရှိသလောက်ဘဲ၊ နိုင်ငံရေးသမားကို နိုင်ငံရေး လုပ်စား သူလို.ပြောရမှာတော့ အားဏာတယ် ။ ကြားရတာ တမျိုးကြီးဘဲ၊ မမှန်သောစကားတော့ မဟုတ်ပါဘူး ၊ အင်္ဂလိပ်လို Professionals လို.ပြောရင်လဲ ကြေးစားလို.နားလယ်သွားမှာ
စိုးတယ် ၊ လက်ခံကြမလားတော့မသိဘူး၊ နိုင်ငံရေးသမားဆိုတာ မွေးလာတာ
မှမဟုတ်တာ၊ နောက် နိုင်ငံရေးသမား တမျိုးက အပျော်တမ်း သမား Armatures လို.ဆိုမှာပေါ့ နော် ။


မြန်မာနိုင်ငံမှာ ဘယ်လို နိုင်ငံရေးသမားမျိုးတွေ လဲ ဆိုတာတော့ ကိုယ့်ဟာကိုယ်
သာ ဆင်ခြင်ကြည့်ကြပေတော့။ ပြောခြင်တာက မြန်မာနိုင်ငံက အမေချာတွေ အဖေချာတွေ နိုင်ငံတကာက ပရော်ဖက်ရှင်နယ်တွေနဲ့ ယှဉ်လိုက်တဲ့အခါကျ တော့ နောက် ပြန် လှည့်ပြေးရင် မြန်မာက ပဌမ ပန်းဝင်မှာပေါ့ နော် ။ စဉ်းစား
သာ ကြည့်ကြပေတော့ ။


မရှက်တန်း ပြောရရင် မြန်မာတွေဟာ ဘယ်သူနဲ့မှ ဘာမှယှဉ်ပြိုင်လိုမရလောက် အောင်ဖြစ်နေတယ် ၊ ဒီမြန်မာတွေ တချိန်က မြန်မာ အင်ပါယာ တည်ထောင်ခဲ့တယ် ဆိုတာ ယုံတမ်းစကားများဖြစ်နေမလား ၊ ဒီလိုတော့လဲ မဟုတ်သေး ပါဘူး ? တရုတ်သမိုင်း ယိုးဒယားသမိုင်းနဲ့ အရှေတောင် အာရှနိုင်ငံ တချို.ရဲ့သမိုင်းတွေကို ဖတ်ကြည့်ရင် မြန်မာတွေ တချိန်က အရှိန်အ၀ါတွေတောက်ခဲ့ ဘူးတာကို တွေ.ရမယ် ။ သူများပေါ် ထိပ်ကွက်ဘူးတယ်ဘဲ ဆိုခြင်ဆို၊


မြန်မာတို.ကို မနေ.တနေကထိ သမိုင်းအရ ကြောက်လန်.နေသူတွေဟာ ကြေးစားကာကွယ်ရေးသမား တွေ ဌားပြီး သူတို.ကိုယ်သူတို. ကာကွယ်နေ
ခဲ့ကြတယ် မြန်မာအချင်းချင်းရန်လုပ်ခြင်သူတွေကို နည်းအမျိုးမျိုးနဲ့ ကူညီ ထောက်ပံ့ ခဲ့ကြတယ်ဆိုတာ လူတိုင်းအသိဘဲ ၊ မြန်မာကလဲ ခြေလှမ်းမမှား ဘယ်သူ အကူအညီမှမယူ ကိုယ်ကိုကိုယ် ကာကွယ် နေခဲ့တယ်၊ ဟိုတုန်းကလို
သာမျိုးဆိုရင်ဖြစ်စေ ၊ အကျိုးဆက်တွေကိုမဆင်ခြင် စိတ်လိုက်မန်ပါ ဒေါသနဲ့
သာ လုပ်တော မှာ ၊ မြန်မာဟာ ရန်လိုသူ ရန်ရှာသူ မဟုတ်။ သူတပါးတွေ အပြင်လူတွေ ရန်ရှာလာတာကိုလဲ ရှောင်တတ်တဲ့ မြန်မာ့ခေါင်းဆောင်တွေကို ချီးကျူးလို. မကုန်နိုင်ဘူး ။


ဒီနေ.လွှတ်တော်ထဲမှာ ဘယ်လိုနိုင်ငံရေးသမားမျိုးတွေလဲ ဆိုတာ ခန့်မှန်း
လောက်တယ်၊ လူတိုင်းမှာ ပဌမဆုံးအခွင့် အရေးဆိုတာတော့ ရှိသင့် ရှိထိုက်
တယ်၊ လုပ်ရင်းသင် သင်ရင်းလုပ၊်(ဖီး(လ်)အိတ်စပီးရီးယန်.)ပေါ့။ ဒီလိုနဲ.တဖြေးဖြေး ရင့်ကျက်လာကြရမှာဘဲ၊


လွှတ်တော်ထဲမှာဘဲ စစ်တပ်ကလဲ စောင့်ကြည့်နေပုံရှိတယ် ၊ ဒါကို နိင်ငံရေး
သမားတွေက လိုလားကြပုံ မရှိဘူး၊ ဘာကြောင့်လဲ ? သူတိုလုပ်ခြင်တိုင်း မလုပ်နိုင်မှာမို.လား ဘာလုပ်ခြင်လို.လဲ ? ထုံးစံ မဟုတ်ဘူး လို.ပြောခြင်
သလား ? ဒါဖြင့် ဒီမိုကရေစီဟာ မြန်မာ့ ထုံးစံလား လို. မေးစမ်းပါရစေ ။


မြန်မာစကားမှာ မင်းသွေးတစက်ပါရင် မင်းဖြစ်နိုင်တယ် ဆိုတဲ့ စကားနဲ့ နိုင်းယှဉ်ကြည်မယ်ဆိုရင် ဘိုးဘွားမိဘမျိုးရိုးနဲ့ နိုင်ငံရေး လုပ်သူတွေကို ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားအဖြစ် လက်ခံရတော့မယ်၊ မလုပ်ခြင်မှ နေ ပေါ့လေ၊ ဒီအသိုင်းအ၀ိုင်းထဲကို တခြားသူ မ၀င်ရဘူး အ၀င်မခံဘူးလို.တော့လဲ မဟုတ်သေးဘူးပေါ့။ မလုပ်ခြင်သူတွေရဲ့လစ်လပ် တဲ့နေရာကို တခြားသူနဲ့ ဖြည့်စွက် လိုလိမ်.မယ် ။ လူ.အခွင့်အရေးအရလဲ နိုင်ငံရေးလုပ်ခြင်ရင် လုပ်ခွင့်ရှိရမယ်။ နိုင်ငံရေးလုပ်တာ ဟာ နိုင်ငံရေးရှုတ်တာ သက်သက်တော့ မဖြစ်ကောင်းဘူးပေါ့ ၊ မြန်မာနိုင်ငံမှာ ဖြစ်တတ်တာတွေကို သိကြသားဘဲ ။


လူသတ္တ၀ါဟာ လေ့ကျင့် သင်ကြားပေးလို ရတဲ့ သတ္တ၀ါမျိုးထဲမှာ ပါတာမို. နိုင်ငံရေးကိုလဲ သက်မွေးဝမ်းကျောင်းပညာ ရပ် တခုအနေနဲံ.လေ့ကျင်သင်ကြား
ပေးလို.ရတယ်၊ နိုင်ငံရေးလုပ်မဲ့ သူဟာ သူပညာစည်းဘူးစဉ်က ဘယ် ဘာသာ
ရပ် တွေ ယူခဲ့ လေ.လာခဲသလဲ ၊ အတွေ.အကြုရှိခဲ့သလဲ ဆိုတာတွေကို ထည့်
သွင်းစဉ်းစားဘို. လိုမယ် ။ မွေးကထဲက သွေး တစက်ပါလာဘို.လိုမယ် မဟုတ်ပါဘူး ။


နိုင်ငံရေးသမားဆိုတာ မောင့်ကြက်သရေ ခေါင်းပေါင်း ၊တိုက်ပုံဝတ် ၊ လွှတ်တော်
တက်ပြီးအိပ် ငိုက် နေတဲ့ နိုင်ငံရေးသမား ၊ တောင်စဉ်ရေမရတွေ တပြစ်ပြစ်ပြော
နေတဲ့နိုင်ငံရေးသမားဆိုတာတွေကိုပြောနေတာမဟုတ်ပါဘူး ၊ ကိုယ်အမြင် ကိုယ်.ရှုဒေါင့်က ပြောရရင် နိုင်ငံ့အရေးကို ဘယ်နေရာကဘဲဖြစ်ဖြစ် ဆောင်ရွက်
နေတဲ့ နိင်ငံသားတိုင်း ကို နိုင်ငံရေးသမားချည်းဘဲ လို့ ဆိုခြင်တယ် ။


မြေပေါက် မြောင်းတူး က အစ အုဌ်စီ သရွင်းကိုင် ၊ သူနေရာနဲ့ သူ.ပေါ ။ နိုင်ငံရေးကို စိတ် မ၀င်စားဘူး ၊နိုင်ငံရေးသမား မဟုတ်ဘူးလို ပြော ကောင်း
ပြော ကြလိမ့်မယ် ၊သူတိုဘာလုပ်နေတယ် ဆိုတာကို မသိလို.သော်လည်း
ကောင်း သိရက် နဲမပြောပလောက်စရာလို. လျှော့တွက်ပြီးပြောနေတာဖြစ်
ကောင်းဖြစ် ကောင်းဖြစ်မယ် ။


စစ်သားလုပ်ရတာလဲ နိုင်ငံရေးသမားလိုဘဲ မိမိနိုင်ငံရဲ နိုင်ငံရေး၊ သူတပါးနိုင်ငံရဲ့ အရေးတွေကိုပါ အမြဲ စောင့်ကြည့် လေ့လာနေရတာဖြစ်တယ် ။ သူတာဝန်ကျေပြွန်အောင် သူ.အလုပ်သူ ကျွမ်းကျင်ရမယ် ။ မြန်မာ့အရေး ကမ္ဘာ့ အရေးတွေ သိရမယ် ၊ စစ်သားလဲ စစ်သားအလျှောက် နိုင်ငံအရေးဆောင်ရွက်
နေတဲ့ နိုင်ငံရေးသမားဘဲ လို. မြင်တယ် ။ ခွဲခြားရင် မှားသွားလိမ်.မယ် ။


မျိုးကောင်းမျိုးသန်.ဆိုတာ အရေးကြီးပါတယ်၊ မျိုးကောင်းမျိုးသန်.ဖြစ်ရင်
တောင် ရေကောင်းမြေသန်.ဘို.လဲ လိုပါလိမ့် အုံးမယ် ။ အရေးကြီးတာက လူတိုင်းဟာ ကျရာတာဝန်. ကြိုက်ရာအလုပ်ကို ကျေပြွန်ကျွမ်းကျင်စွာ ဆောင်ရွက်ကြဘို. ဘဲ ။ ဒီလိုဆောင်ရွက်ရာမှာ တခြားလူတွေနဲ ရိုက်ချက်ညီရင် သာယာညှင်းပြောင်းသော နားဝင်ချိုဖွယ်ရာ တေးသံသာ ထွက်လာလိမ့်မှာဘဲ
ဖြစ်တယ်။ တယောက်တပေါက် တီးနေတဲ့သံစုံတီးဝိုင်းဟာ အသံသာစုံတယ် သာယာညှင်းပြောင်း ညိမ်.ညောင်းလိမ့်မယ် မဟုတ်ပါဘူး ။

မြန်မာနိုင်ငံမှာ ဘာတွေ လုပ်ရမယ်ဆိုတာတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ကြိုတင်ကာကွယ်မှုတွေကို အခုက စပြီးလုပ်ဘို.လိုတယ် ။ ဒီနေ. နိုင်ငံရေး
သမားတွေ စစ်သားတွေ လက်တြွဲ့ပီး တက်ညီ လက်ညီ မလုပ်နိုင်ရင်ဖြစ်စေ ၊ နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ် ၊ စစ်သားဟာ စစ်သားအလုပ် လုပ်ဆိုတာတွေ
ဟာ၊ တကယ်တော့ သိပ် အဓိပါယ်မရှိ ဘူး၊ နိုင်ငံနဲ့ ပါတ်သက်လာရင် အားလုံး
သော နိုင်ငံသားတို.ရဲ့ အလုပ်ဘဲ လို ခံယူနိုင်ကြရမယ် ။


အထူးသဖြင့် မြန်မာနိုင်ငံမှာ မြန်မာတပ်မတော် ( စစ်သားတွေ) ဟာ နိုင်ငံရေး
သမားတွေ ဖန်တီးတဲ့ စစ်ကို မတိုက် ခြင်လဲ တိုက်နေရတယ် ၊ တိုက်ခြင်လဲ တိုက်နေရတယ် ။ မြန်မာနိုင်ငံရေးသမားတွေဟာ သူတပါးနိုင်ငံ က နိုင်ငံရေး သမားတွေ စစ်သားတွေလို သူတပါးနိုင်ငံမှာသာ စစ်ပွဲဖန်တည်းနိုင်မယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာ ကိုယ်.အချင်းချင်း တိုက်ခိုက်နေစရာမလိုဘူး ။


ပြောရမယ်ဆိုရင် ပြည်တွင်းနိုင်ငံရေးသမားတွေကဘဲ ဖြစ်စေ ၊ ပြည်ပ ပယောဂ
ကြောင့်ဘဲ ဖြစ်စေ ထောင်ထားခြားနား နေသူတွေအပေါ် မြန်မာ့တပ်မတော်ဟာ အောင်မြင်နေတယ်ဆိုတာကို မျက်မြင်တွေ.နေရတယ် ၊ ဒါကို မကြည့်စိမ့် မရှု
စိမ့်တွေ ၊ တပ်မတော်ကို မယှဉ်နိုင်သူတွေက တပ်မတော်နဲ့ တပ်မတော်သား
တွေကို အမျိုးမျိုးအပုတ်ချ တုန်းဘဲ ။

မြန်မာ့တပ်မတော်ကို စတင်ဖွဲစည်းကထဲက ဘယ်သူတွေက မလိုလားဘူးလဲ ၊ ဘယ်သူတွေကဖျက်သိမ်းစေခြင်သလဲ ဆိုတာကိုလဲ အားလုံးသိတယ် ၊ ဒီထဲက ဒို.မြန်မာတိုင်းရင်းသားတွေကို သုံးပြီး ဒို.ကို ဒို.ဆီနဲ့ ပြန်ကြော်တာ ဘယ်သူ တွေလဲ ဆိုတာ လဲ အားလုံးသိတယ် ။


တပ်မတော်ကို မလိုမုန်းထားစိတ်နဲ့ အိပ်ယာဝင်ပုံပြင်တွေဖန်တီး ၀ါဒဖြန်ခဲ့တာ
တွေဟာ နောက်ဆုံးတော့အိပ်ယာထဲမှာ ဘဲ ပျောက်သွားပြီ ၊ ၀ါဒဖြန်.သူတွေကို ဘယ်သူကမှ အယုံအကြည် မရှိ ဖြစ်သွားတော့တယ်။

ဒီနေ.ပါတီစုံလွှတ်တော် နဲ့ အစိုးရဟာ ထင်ရှားတဲ့ သာဓကဘဲ ။

တော်သေးပြီ ပျော် ပျော် ပါး ပါး ပေါ့ ။