Article submitted by: minkyaw thuyein on 19-Mar-2013  
ဘယ် ရှူ ဒေါင့်က သုံးသပ်မလဲ ( ၄ )
ကိုရင်ကြီး။



ဒီမိုကရေစီဟာ ငယ်မွေးခြံပေါက် မဟုတ်ပါဘူး ပြည်တွင်းထွက်ပစ္စည်းမဟုတ်ပါ

ဘူး၊ ဖေါ်ရင်းမေ့(ဒ်) ဖြစ်ပါတယ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ၁၉၄၈ ခုထဲကတကြိမ် အခုတကြိမ် အဓမ္မ သွတ်သွင်းခံရတယ် ၊ ဖရန်ချိုင့်(စ) နဲ. ဖေါက်ကားခ လိုင်စင်ခ ပေးဆောင် နေရတာဆိုရင် မှန်သောစကား လို. ဆိုမလားဘဲ ။ (ဒီမိုကရက်တစ်) မြန်မာ နိုင်ငံဟာ သွေးနု သားနု မီးဖွားပြီးစ မီးနေသယ် နဲ့ နာရီပိုင်းဘဲ ရှိနေသေးတဲ့ လူမမယ် ခလေး လန်.ဖြန်.သွားရင် ဆူံးရှုံးရမှာကို သတိထားရမယ်၊ မီးနေသယ် သွေးတက် ၊ သွေးလေ ခြောက်ခြား သွားနိုင်တယ် ၊ ကလေးရော လူကြီးပါ ဒုက္ခ အကြီး အကျယ် တွေ. နိုင်တယ် ဆိုတာကိုတော့ အားလုံး သတိထားရလိမ့်မယ် ။



အပြောကျယ်လှ တဲ့ ကိစ္စများမြောင် လူတိုဘောင်မှာလူတွေမလုပ်နိုင်တာ

မရှိဘူးမလုပ်ရသေးတာသာ ရှိတယ် ဆိုတဲ့ စကားအရ ။ လွယ်တာ ခက်တာ

ရှိကောင်းရှိမယ်။ လုပ်သင့်တာ မလုပ်သင့်တာရှိကောင်း ရှိမယ် ? လုပ်သင်.တာကိုလုပ် မလုပ်သင့်တာကိုမလုပ်မိဘို.အရေးကြီးတယ် ၊ ဒါကြောင့် ပညာရှိသူ တွေက လူတွေကို အလျှင်းသင့်သလို လိုအပ်တာတွေ သွန်သင်ခဲ့

ကြပါတယ်၊ နားလည်တာ မလယ်တာနားထောင် တာ မထောင်တာ သူတို.အပူမဟုတ်ဘူး သူတိုကတော့ ပြောသင့်တာပြောခဲ့တာဘဲ။ နားမထောင်တာ ထောင်တာ ကျုပ် တို.အလုပ် လိုက်နာတာမနာတာ ကျုပ်တို.အလုပ် ။ အားလုံးကိုသာ အားလုံးကတပြေးညီ နားထောင်ခဲ့ကြရင် ကျုပ်တို. ကိုရင်ကြီး

တို.ပြောစရာ စကား တောင် ရှိတော့မယ် မဟုတ်ဘူး၊ ညီညွတ်ရေး တို.ဘာတို.ဆိုတာ ပြောစရာဘယ်လိုတော့မလဲ၊





စကားတွေက များလှပြီလေ နားတွေပူ မီးတွေတောက်ကုန်ပြီ။ ဘာတွေဘဲ ပြောခဲ့ ပြောခဲ့ လက်တွေ.မကျတဲ့ သဘော တရားသငက်သက်တွေတော့ မဟုတ်ပါဘူး သူတိုအတွေ.အကြုံနဲ့သူတို.ကိုယ်ထိလက်တွေ ဖြစ်ခဲ့တာတွေကို

နောင်လာ နောင်သားများဖြစ်တဲ့ ကျုပ်တို.အတွက်ရှောင်နိုင်/ဆောင်နိုင်အောင် မှာစကား အဖြစ် ထားခဲ့ကြတာဆိုတော့ ကျုပ်တို. ကလက်တွေ.ကိုယ်တွေ.လိုက်နာကျင့်ဆောင်ဘို.တာဝန်ဘဲ၊ ဒီထဲမှာ ဂေါတမ ဗုဒ္ဒဟောစကားလေး ဖြစ်တဲ့ မဉ္ဖိမပဋိပထာ လေး ဖြူးလိုက်ရင် ၊ ကိုရင်ကြီး ပြောတဲ့ အားလုံးအစဉ် ပြေသွားကြမှာပါ၊ ကောင်းသွားကြမှာပါ ဆိုတာကို မျှော်လင့်နိုင်မယ် ။





အမေရိကန်ပြည်ထောင်စုက ဘိုးအေကြီးတွေရဲ့တွေးခေါ်မျော်မြင်ရေးသဘော

ထားတွေ အကောင်အထည် ဖေါ်ရာ မှာ စာတွေ မှတ်တမ်းတွေအရသိရှိခဲ့ရပေမဲ့ အခု ဒီနေ.အမေရိကန်ပြည်ထောင်စု သူ.ကိုယ်သူက လွဲရင် ဘယ်သူမှ တရားမျှတမှု မရှိသလို ကမ္ဘာလှည့်ပြီး ပြောဆို ပြုမူဆောင်ရွက်နေတာတွေကို ကျုပ် မကြာခဏထောက်ပြခဲ့ တယ် ။ မြင်ခြင်တဲ့ ဘက်ကသာ မြင်ကြပေတော. ။ ပွင့်ပွင့်နဲ့ ဒဲ့ဒိုးပြောရမယ်ဆိုရင် အခု ၂၁ ရာစုမှာတောင် ဒီလိုလုပ် နေသေးရင် ပြီးခဲ့တဲ့ ၁၇ ရာစုက ဘာတွေ ဘယ်လောက်လုပ်ခဲ့တယ်ဆိုတာကိုသမိုင်းမှတ်

တမ်းတင်ထားတာ နဲသေး တယ် ထင်တယ်၊ ။ ကိုယ်မြင်ခြင်တာမြင် ကိုယ်ထင် ခြင်တာထင်လို.ရပါတယ်။ ယဉ်ကျေးမှု မတိုးတက်သေးတဲ့ အချိန် ကာလက အဖြစ်တွေပါလို.လဲ့ ဆင်ခြေ တက်နိုင်တယ် ။ ၂၁ ရာစု လုပ်ရပ်တွေ

ဟာ ယဉ်ကျေးတဲ့ တိုးတက်တဲ့ လူတွေရဲ. လုပ်ရပ် တွေလို. မျက်စေ့ စုံမှိတ်ပြီး လက်ခံရတော့ မယ်ပေါ့ ။ သြစတွေလီးယား နိုင်ငံမှာလည်းဌာနေတိုင်းရင်းသား

အဲးဘရင်ဂျင်းနီး တွေဟာ ခေါင်းမထောင်နိုင်ပါဘူး၊ အရက်ကြိုက် တတ်လွန်းလို.

ထင်ပါရဲ့.။ လူ.ဘ၀ ရှုံးနေတဲ့ ဘ၀ ပြုန်းတောမဲ့ လူသားတွေဘဲ ။





စကားစပ်လို.ပြောရရင် ၊ ကိုယ်နဲ့ မဆိုင်တာ ပြောရတာတော့မကောင်းပါဘူး၊ သူတို.ကိစ္စနဲ့သူတိုပေါ့၊ ကျုပ်တို.ကိစ္စဟာ ကျုပ်တို.ကိစ္စဘဲ မဟုတ်လား၊ ယဉ်ကျေးသူတွေဟာ ဒီလိုဘဲ စည်းခြားထားပါတယ် ။ လောကကြီးတခုလုံးဟာ ကိုယ်နဲ့ ဆိုင်ပါတယ်၊ ကိုယ်ဝင်စွက်စရာမလိုဘူး၊ သင်္ခဏ်းစာ ယူနိုင်စရာတွေ အများကြီးပါ ၊ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ ကို လုံးဝ သဘောပေါက် လက်ခံဘို.လိုပါတယ် ။





မှန်ပါတယ် ကောင်းတာ ရှိသလို မကောင်းတာလဲ ရှိတယ် ၊ ကောင်းတာ မကောင်းတာတွေ ဘေးချိတ် ။ လုပ်သလို မဖြစ်ရင် ဖြစ်သလိုလုပ် ။ ဒီလိုလုပ်မှ ဖြစ်မယ်ဆိုရင် ဒီလိုဘဲ လုပ်ရလိမ့်မယ် ။ ဆေးခါးကြီး သောက်ရသလိုပေါ့ဗျာ ။ သောက်ခြင်ရင်လဲသောက်၊ မသောက်ခြင်လဲသောက်ဘဲ ၊ သောက်ဘို.လိုရင် သောက်ရလိမ့်မယ်လို.ပြောရင် ပိုမှန် လိမ့်မယ်။ ပြတ်သားတဲ့ လုပ်ဆောင်မှု

များ လို.ဘဲ ဆိုကြပါစို.၊ ဒါးထက်ထက်နဲ့ ခုတ်ရင် လူဆန်တယ်၊ ဒါးတုံးနဲ့ လှီးရင်လူမဆန်ဘူး ၊ ညှင်းပန်းရာရောက်တယ်။ ဒါးနဲ.တော့ဒါးနဲ.ဘဲ ခုတ်တာနဲ.လှီးတာ အသုံးအနှုန်း ကွဲပြားတယ် အဓိပါယ် ကွာတယ်။ ဘာကြေုာင်.လဲ ဆိုတော လူတိုင်းဟာ ကိုယ် အဘိဓာန်စာအုပ်နဲ့ကိုယ်လာပြီး ကိုယ်အဓိပါယ် ကိုယ်ဖွဲ.ဆို နေကြလို.ဘဲ ။ စကားဆိုတာ မဆုံးပါဘူး ကုန်တယ်လို.လဲ မရှိပါဘူး။ ထပ်ပြီးပြောရရင် ခေါင်းဆောင်ဆိုတာ လူထဲက လူပါဘဲ ။





မြန်မာနိုင်ငံတိုးတက်ရေးဟာ ပြည်သူလူထုကိုယ်တိုင် ဦးစွာ တိုးတက်ဖွံ.ဖြိုး ရပါလိမ့်မယ် ။ အဆိုရှိတဲ့ စည်းကမ်းတွေရှိမှ လဲဖြစ်ပါလိမ့်မယ်။ အစားစည်းကမ်း၊ အ၀တ်စည်းကမ်း ၊အနေစည်းကမ်းဆိုတာတွေဟာ လူတွေကျန်းမာဘို.၊ ဦးနှောက် ဖွံ.ဖြိုးဘို.၊ ခန္ဒာကိုယ်ထွားကြိုင်းသန်မာဘို.အထိ ရောက်တယ် ဆိုတာကို လူတွေ သိဘို.လိုပါတယ်။ အကောင်းအမြင် ပေါ့ဗျာ ၊ စည်းကမ်း ဆိုတာ လူတွေကို ချုပ်ချယ်တာဘဲ လို. အဆိုးမြင်တဲ့ သူကို ဘယ်လိုခေါ်ရင် ကောင်းမလဲ ။ အယူ လွဲပြီး သရဲ ဖြစ်နေသူလား ။ မိစ္ဆာဒိဌိ လားဘဲ ပေါ့ ၊ မြန်မာနိုင်ငံ တ၀ှမ်းနဲ.ကျုပ်တို.ပါတ်ဝန်းကျင်မှာ ဘယ် နှယောက် တောင် ရှိနေသလဲ ?







ခေါင်းဆောင်ဆိုတာတွေဟာ လူတွေက ခေါင်းဆောင်အဖြစ်ဘို.ရွေးလိုက်တဲ့ လူထဲက လူတွေပါ လို. ကျုပ် မကြာခဏပြောဘူးပါတယ် ဘယ်လိုအရည်အချင်း

တွေကြောင့် ဘယ်လိုအရည်အချင်း ရှိသူတွေက သူတို. ကိုရွေးလိုက်တာ လဲ ? ဒါကြောင့် အောက်ခြေက စဘို.လိုပါတယ်။ မြန်မာ့ခေါင်းဆောင်တွေ ညီညွတ်ဘို.ရာ မြန်မာတွေ ညီညွတ်ရပါလိမ့်မယ် ၊ ညီညွတ်ရုံ.နဲ့ မပြီးပါဘူး။ ညီညွတ်ဘို.က အခြေခံ ယုံကြည်ချက်ခြင်း တူဘို.လိုပါတယ် ။ သဘောမတူတာရှိရင်တာင် မတူကြဘူးဆိုတဲ့ အချက်ကို သဘောတူကြတယ် ဆိုတာ မှာရပ်ပြီး ၊ ပဋိုပက္ခထိ မရောက်အောင် ထိမ်းထားနိုင်ဘို. လိုပါတယ် ။



တကယ်တော လုံမလေး ဟာ တယောက်ထဲပါ ၊ သူ ဘာတွေဘဲသိသိ ဘာတွေဘဲတတ်တတ်အတွေ အကြုံအများကြီး လိုနေသေးတာတွေ.ရတယ် ၊ သူနဲ.အတူ ရှိသူတွေဟာ သူ.လောက် သိခြင်မှ သိမယ် တတ်ခြင်မှတတ်မယ်၊ သူတို.အချင်းချင်းညှိယူဘို.လို လိမ်အုံးမယ် ဆိုတာလဲတွေ.နေရတယ် ၊





ဒီမိုကရေစီခေါင်းဆောင်ဆိုတော့လဲ ဒီမိုကရေစီကို မျက်ခြေပြတ်လို.လဲမဖြစ်ဘူး ဆိုတာ သူကောင်း ကောင်းသိပုံရတယ် ။ သူပြောတဲ့ စကားတွေ

ကိုလေ.လာရင် သူလဲ အနေရ အထိုင်ရ ကြပ်နေပုံ ဘဲ ။ ဘယ်တော့ နှုတ်ထွက်

သွားမလဲလို.တောင် မကြာခဏ ထင်မိတယ် ။ သူ.လူတွေဟာ သူထင်သ

လောက် မဟုတ် ဘူး၊ သူမျှော်လင့် သလောက်မဟုတ်ဘူးဆိုတာကို သူလဲ သိပုံရတယ် ၊ ဘုရားပြီး ငြမ်းဖျက် ဆိုတဲ့ စကားလို သူ.လူတွေကသူ.ကို ကန်မထုတ်ရင်တော်သေးတယ် မှတ်၊ ဒါမျိုးတွေ နေရာတကာမှာဖြစ်တတ် တာဘဲ၊ သူအနီးအနားရှိသူတွေကို သူ ပညာပေးနိုင်ပေမဲ့ နားလည်နိုင်တဲ့ အခြေခံရှိမှလဲ ဖြစ်လိမ်မယ့်၊ သူကိုယ်သူအာဏာရှင်တယောက်ဖြစ်ခဲ့ရင်တောင် နိုင်ငံတ၀ှမ်း အချိန်တိုနဲ့တော့ မဖြစ်ဘူးထင်တယ် ၊သူကိုယ်တိုင်လဲ လူစင်စစ်က ခွေး မဖြစ် အောင် မနဲ သတိထားနေ ရတဲ့ ပုံရှိနေတယ် ၊ တလှမ်းမှားလို ချော်လဲတဲ့ ဘိုးသူတော်ကို တောင်မွှေးက မထူနိုင်သလို ပေါ့ဗျာ ၊





လူအပြောင်းအလဲ ရှိမှာကတော့ မလွဲပါဘူး ၊ ငကန်းသေ ငစွေ မလာဘို.အရေးကြီးတယ် လူထုအပေါ်ဘဲ သတ္တုကျမယ်၊ လူတွေကို လူတွေကဘဲ ရွေးအုံးမယ် မဟုတ်လား။ ပြီးခဲ့တဲ့ အပိုင်းက အမာခံတွေ အမြုတေ တွေ တင်းပြည့်တွေ တင်းမပြည့်တပြည့်တွေတောင် ဘာဖြစ်ကုန် သလဲ ၊ သူတို.တွေ ဘယ်ရောက်ကုန်ကြ သလဲ၊ ကိုရင်ကြီးမှတ်မိမှာပေါ့ ။ ကျစ်လစ်လှပြီလို.မှတ်ယူခဲ့ကြ တာ ဘဲ မဟုတ်လား ၊





ဘာသာ သသနာတွေဟာ သူတိုဒာနဲသူတို.သန်.ရှင်းပြီးသားပါ ၊ ညစ်ပတ်အောင်

လုပ်နေတာ အလွဲသုံးစား လုပ်နေတာ လူတွေနဲ့.အယောင်ဆောင် သင်္ဃန်းဝတ်တွေဘဲ ။ ဘာသာတိုင်းမှာ ဒါမျိုးတွေရှိကြပါတယ်၊ ဘာသာတရားကိုင်းရှိုင်း

သူတွေက အဲသလိုလူတွေ ပုဂိုလ်တွေကို လက်မခံ ကြတာမှန်ပေမဲ့ ဖယ်ရှားဖေါ် ထုတ်ဘို.တော့ ၀န်လေးကြမယ်ထင်တယ်။



တဆက်ထဲပြောခြင်တာက မြန်မာနိုင်ငံနဲ့ မြန်မာတွေကောင်းစားဘို. လူတို.အတွက် ရှိသင့် တဲ့ ဗလ ၅ တန်ဆိုတာ ၊ တကယ်သာ ပြည်စုံမယ် ဆိုရင် ၅ တန် ကုန်တင် ထရပ်ကားကြီး ၅ စင်း၊ အစင်း ၅၀ ၊ အစင်း ၅၀၀ မကတို.နဲ့.တောင် သယ်ယူလို.မနိုင်အောင် များပြားလှလိမ့်မယ်၊ ဒါကိုသဘောပေါက် ကြလို.ထင်ပါရဲ့ မနိုင်တဲ့ ၀န်ကိုမထမ်းလိုကြ ပုံရှိကြ တယ် ။





ဥာဏဗလ စာရိတ္တဗလအကြောင်း ပြောခြင် ဆိုခြင် ဆွေးနွေးခြင်ပုံ မရှိကြဘူး ။ ဘာကြောင့်လဲ ။ ဥာဏဗလ စာရိတ္တဗလ ဟာ ဘယ်လောက် အရေးကြီး အရေးပါတယ် ဆိုတာ ပြောလို.မဆုံးနိုင်လို.ဘဲ စည်းကမ်းဆိုတဲ့ အကြောင်းပြောရင် ၊ တီ ကို ဆားနဲ. တို.လိုက်သလိုဆိုတော ကိုရင်ကြီးဘဲ စဉ်းစားံကြည့်လေ။ မြန်မာတွေ ဘာစည်းကမ်းကိုမှ ကြိုက်ပုံမရှိဘူး ။





မြန်မာတွေဟာ ဗုဓ္ဒဘာသာတွေ၊ ဗုဓ္ဒယဉ်ကျေးမှု ဟာ မြန်မာ့ ယဉ်ကျေးမှူဘဲ . အခြားဘာသာတွေ နဲ့ နိုင်းယှဉ်ကြည့် ခြင် ကြည့်နိုင်သေးတယ် ။ ယဉ်ကျေးမှူဆိုတာထဲမှာ စည်းကမ်းပါလာတယ် ။ သံဃာတွေ အတွက် ချနဲ့ စည်းကမ်း၊ လူတွေအတွက် စည်းကမ်းစတဲ့ စည်းကမ်းတွေ နေရာတကာမှာ တွေရတယ်၊ ဘာသာတိုင်းမှာ တွေရတယ် ၊မြန်မာမှူ မှာ လူ.စည်း နတ်စည်း ခွေးစည်း ဆိုပြီး စည်း ၃ စည်း ပြောစမှတ် ရှိတယ် ။ စည်းမရှိတဲ.လူ ဟာ ဘာသာတရား မရှိတဲ့ သူ လို.မှတ်ယူရမှာ ဘဲပေါ့ ။



တခါ ဥာဏဗလ ဥာဏ်ပညာကြီး ခြင်း ၊ စာရိတ္တဗလ အကျင်.စာရိတ္တသီလ သမာဓိ ပြည်စုံခြင်း ဆိုတာဟာ အဓိက ဖြစ်ပြီး ၊ ကာယဗလ ခွန်အားကြီးခြင်း ၊ ဘောဂဗလ ပစ္စည်းဥစ္စာ ပေါများခြင်း ၊ မိတ္တဗလ မိတ်တွေ သင်္ဂဟပေါများခြင်း တွေကိုပါ ဖြစ်စေတယ် ၊ ကာမိတယ်လို. ဆိုလိုက်ပြန်တော့ ၊ အဲဒီမှာ ၀က်ဝက် ပိုကွဲ သွားပြန်ပါရော ။ ဒီ ဗလ ၂ တန်နဲ.ဘဲ မြန်မာတွေဟာ သူတို.ဟာသူတို. မနိုင်မနင်းနဲ့.ထိုင်နေရာက မထနိင် ဖြစ်နေပုံရှိတယ် ။ အတော်ကို လေးနေပုံရှိပြန်တယ် ။





စာရိတ္တဗလ ဆိုတော့ စကားသစ် စကားဆန်းလို.များ ထင်နေကြသူတွေ ရှိနေမလား၊ နားများမလည်လို့လား ဘဲ၊ နားမလည်စရာဘာရှသလဲ ၊ လူဘိန်း နားလည်အောင်ပြောရရင် အဂတိလိုက်စားမှု သောက်ကျင့်ဆိုး တွေ ကင်းရှင်း

ဘို.ကိုပြောတာဘဲ ၊ ဘယ်လိုယူဆရမလဲ ? ဥာဏ်ပညာနဲပါးပါတယ် ၊ဆိုတာကို

မခံခြင်လို. လား ၊ ဥာဏ်ပညာတိုးပွား အောင် ပညာ ဗဟုသုတရှာရမှာကို ရှက်လို.လား ၊ ၊ သူများ ဆရာလုပ်မှာကို လက်မခံနိုင်လို.လား။ ဘယ်သူ.ကို ဆရာတင်ရမယ် မသိလို.လား ။ ဒီလိုဆိုရင်လဲ ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ ဆိုတဲ့ ဆရာ ၃ ပါးထဲက၊ လက်ဦးဆရာပီထိုက်စွာ ပုဗ္ပါစရိယ မိနဲ့ဖ. ၂ ပါးနဲ့ ကို မြင်ဆရာနဲ့ ကြားဆရာတွေကို မပြတ်စည်းကပ်ရင် အခြား ဘယ်သူ.မှဆရာ တင်နေ စရာမလိုဘူး. ကိုယ့်ဟာကိုယ် လေ.လာသိမှတ်လို.ရပါတယ်။ဘယ်ဆရာဘဲ ဖြစ်ဖြစ်ကိုတော့ မမေ့ကောင်းဘူး ၊ မြန်မာမှူမှာ ဘုန်းကြီး တပါး အကြောင်း ကြားဘူးကြမှာပေါ့၊ သူ.ကို စာမတတ်ဘူး ငြုတ်ကြည်ပွေ.အတက် ပေါက်မှ စာတတ်မဲ့ သူလို. အလေးမစားလှောင်ပြောင်ကြသတဲ့ ၊ မခံနိုင်လို.ကြိတ်ပြီး စာသင်ခဲ့ရာက စာတတ် ရုံတင်မက စာမေးပွဲပါအောင်ခဲတဲ့ ဦးကြည်ပွေ. အဖြစ် ကျော်ကြားခဲ့ ရတယ် လို.မှတ်သားရဘူးပါတယ် ။





မြန်မာနိုငံမှာ အသက်အပိုင်းအခြားမရှိ ပညာသင်နိုင်ဘို. အခွင့်အလန်းတွေ ပေးထားတယ် ။ သက်ကြီး တက္ကသိုလ် ၊ လုပ်သားကောလိပ်၊ စာပေးစာယူ

သင်တန်း၊ စက်မှု လက်မှုကျောင်း အသက်မွေးဝမ်းကျောင်း ပညာတွေ အပါအ၀င် အခြားပညာ သင်ဌာနတွေ အသီးသီး ရှိကြပါတယ် ၊ ခုဆိုရင် ပုဂလိကတွေ ဖွင့်တဲ့ ပညာသင်ဌာနအမျိုးမျိုးလဲ အပြည့်ရှိနေပါတယ် ။ လူတိုင်းဟာ ဦးကြည်ပွေ.ဖြစ်နိုင်ပါတယ၊် ပညာမယူရင် ကိုယ် သာ ညံ့ရာရောက်ပါမယ်၊ ။ ပညာမရှိရင် ၊ နဲရင် သူတပါးမလေးစားလှောင်ပြောင်တာ ခံရနိုင်ပါတယ်၊ အဆိုးဆုံးက သူတပါး ခိုင်းဖတ် ၊ သူ.စိတ်နဲ့ကိုယ့် ကိုယ်.ဖြစ်ရပါလိမ့်မယ် ။ ဥာဏဗလ ဆိုတာ အချိန်အပိုင်း အခြားမရှိ ရယူနိုင်ပါတယ် ။ စွန်.အ နားမကြား မျက်ကန်း သူတွေတောင် ပညာယူလို.ရကြပါ တယ် ။ ဗဟုသုတ ကြွယ်ကြပါတယ် ။





ဥာဏဗလပြည့်စုံရင် အမှားအမှန် ပိုမို ဝေဖန်ပိုင်းခြားနိုင်ပါလိမ့်မယ် ၊ အမှန်ကို လက်ခံနိုင်ပါလိမ့်မယ်၊ အမှားနဲပါလိမ့်မယ် အမှားကျုးလွန်ဘို.လမ်းနဲ့ဝေးပါ

လိမ့်မယ် ၊ ဖြစ်လာတဲ့ အမှားကို အမြန်ပြင်ဆင်နိုင် ပါလိမ့်မယ် ၊ ဥာဏဗလ ပြည့်စုံကြရင် တာဝန်အရအုပ်ချုပ်သူရော တာဝန်ပေးသူ အအုပ်ချုပ်ခံတွေကြား နားလည်မှူ အပြည့် ရှိကြမျာမို. နိုင်ငံသားအားလုံးစည်းလုံးညီညွတ်ကြပြီး နိုင်ငံတော် အေးချမ်းသာယာဘို. မျှေင်လ့င်ရပါတယ် ။ အပ ပယောဂ မ၀င်ဘို. အရေးကြီးပါတယ်။ ၀င်မလာအောင်လဲ တားဆီးနိုင်ကြရမယ် ။

ဆက်ရန်