Article submitted by: minkyaw thuyein on 16-Mar-2013  
ဘယ်ရှုဒေါင့် က သုံးသပ်မလဲ ? ( ၃ )
ကိုရင်ကြီး။



မှန်ပါတယ် အဖြေရှာရင် မယေယျာတာတွေ အများကြီးတွေ.ရမယ် ၊

သောင်းခြောက်ထောင်သော ပြသနာတွေကို သောင်းခြောက် ထောင် သော မတထောင်တို.ရဲ့သား သမီးတွေက ဖန်တီးခဲ့ကြတာလဲ ဖြစ်ပါတယ် ၊ လွယ်လွယ်ပြောကြတဲ့ အူမ မတောင့် လို. သီလ မစောင့်နိုင်ကြ လို. ဘဲ ဆိုတာဟာ ရိုးနေပြီ ၊ စကားအရာ အားဖြင့် ပြောသာပြောနေရတယ် သိပ်တော့ အဓိပါယ်ရှိမယ် မဟုတ်ဘူး။ သီလကို အရင်စောင့် မလား ၊ နောက်မှစောင့်မလား

ဆိုတာ ကိုယ့်အခြေအနေနဲ့ ကိုယ်ပေါ့ ၊ ကျုပ်တို. ဗုဒ္ဒဘာသာတွေလေ ။ မမေ.ကောင်းပါဘူး ။ သ်ီလကို အရင် ဆောက်တည်ရတယ်လို.နားလည်ထားတယ်





မမေ့ခင် ကြားဖြတ်ပြောလိုက်မယ် ဒီနေ. ပါလီမန်ဟာ သက်တန်း ၃ နှစ်ဘဲ ရှိပါသေးတယ် ၊ အမတ်တွေအားလုံး ကုလားကါ ပင့်လိုက်လို. သာ ကမန်းကတန်းထွက်လာကြတယ် ၊ သူတို.ကိုယ် သူတို.တောင် ဘာကောင်

တွေမှန်းသိကြတာမဟုတ်ဘူး ။ သူတိုဟာ ဗဟုသူတ အတွေ.အကြုံရှိကြသူတွေ မဟုတ်ပါဘူး ။ ၀ါးလုံးခေါင်ထဲမှာ လ သာနေကြသူတွေ ဆိုရင်မှန်ပါလိမ့်မယ် ၊

သူတို.ဆီက ဘာတွေများမျှော်လင့် နေသလဲ ကိုရင်ကြီးရဲ့၊ မျှော်သူသာမောရ မယ် လို.သတိပေးပါရစေ ။ ဒီကြားထဲ ဆိုင်းသံ ဘုံသံ ကြေးစည်သံ ကြားရင် အူ သူတွေကလဲ ရှိသေး တယ် ၊ သူတို.ဟာသူတို.တောင် ဘာ ကောင်ဆိုတာတော့ သိဘို.ကောင်းတာပေါ့ ။





တခုတောရှိပါတယ် . ဖီး(လ) ၀ပ်(ခ) ဆိုတာဈ လုပ်ရင်းသင် သင်ရင်း လုပ် ရတာမျိုးပါ ၊ သဘောတရား စာတွေ.တွေကနေ လက်တွေလုပ်ရတဲ့ အါချိန်မှာ စာထဲ မပါတာတွေ စာထဲက အတိုင်း မဟုတ်တာတွေလဲ တွေ နိုင်ပါတယ် ၊ အဲဒီအချိန်မှာ ကိုယ့်ဦးနှောက် ကိုယ် လွှာသုံးဘို. အသိဥာဏ် ဟာ အရေးကြီးတဲ့ ဂဏ္ဍက ပါဝင်ရမှာပါ ။





ရေကြည် မြက်နုရာ ဆိုနဲ့ စကားနဲ့ကြည့်ရင် မြန်မာနိုင်ငံဟာ ကြည် လိုက်သမျှ ရေ ၊ နုလိုက်သမျှ မြက် လို. ပြောခြင်တယ်၊ ရှေးဘ၀ ပါရမီ ကြောင့် ရတနာ ၃ ပါးပေး လို.ရတဲ့ ဆုလပ်တွေပေါ. ဗျာ၊ ကုဋေ ၈၀ ကြွယ်တဲ့ သူဌေးသားလို မြန်မာတွေ သေရင် အသုဘ ချစရာ ဘာမှ မရှိလို.၊သရဏဂုဏ်တောင်မတင်

နိုင်၊ ကောင်သေ ကို ဠင်းတ စားသွားရတယ် ။ ရေကြည်ပြီး မြက်နုလှတဲ့ ကျုပ်တို.ရဲ့ မြန်မာနိင်ငံကို လိုခြင်သူတွေ ပေါလှပါတယ် ။ ဘယ်လိုနည်းနဲ့ဘဲ ရရလိုခြင် ကြပါတယ်ဆိုတာ ယုံတော့ ။ မြန်မာနိုင်ငံဟာ ပစ္စည်းသယံဇါတ ပေါများတာမှန်ပေမဲ့ လူ သယံဇါတ အင်မတန်နဲပါတယ် ။ လုပ်တတ် ကိုင်တတ်

သူ မရှိဘူးလို.ဆိုလိုတာပါ။







မြန်မာတွေံဟာ သဘာဝဓမ္မ ဆရာတွေ ။ အလေ.ကျပေါက် သစ်ပင်က သစ်သီးကိုခူးစားမယ် ၊ သစ်ကိုင်းကို ချိုးပြီး ထင်းအဖြစ် မီးထိုးမယ် ။ မြက်သီး မြက်ဥတွေ တူးစားမယ် ၊ မြစ်ချောင်းကမ်းပါး ကို မပြုပြင် ၊ မြေပြိုရင် ချောင်းပြို

ရင် လယ်မြေ ယာမြေတွေပေါ်ရေ.ွှပြီး အိမ်ဆောက် မယ် ၊ အိမ်သာ ဆောက်မယ်

် ။ ဒါတွေကတော့ အနဲဆုံးပါ ပြောရင် မဆုံးပါဘူး။





ဒီလိုလူတွေကို ပညာပေးဘို အစီအစဉ်တွေကို လုံလောက် အောင် စီစဉ်ရမယ် ၊. ကျုပ်ပြောတဲ့ ထဲမှာပြည်သူလုထုကို ပညာပေးဘို. လက်တွဲ ခေါ်ဘို. ပြည်သူနဲ အစိုးရတို.အချိတ်အဆက် ရှိဘို.လိုတာတွေ ပါ ပါတယ် ။ အစိုးရ တခုထဲ က ဖြေရှင်းနိုင်ဘို. မဖြစ်နိုင်ပါဘူး ၊ လူထုအားကို အများကြီးလိုပါတယ်လို. ၊ သာသာ

နဲ.လဲပြောခဲ့တယ် နာနာနဲ့လဲ ပြောခဲ့တယ်။





ကိုယ့်ပေါင်ကို လှန်ထောင်းရတာ အင်မတန်နာပါတယ် ၊ မြင်သူကလဲ ရှုစိမ်.လိမ်မယ်မဟုတ်ဘူး၊ ကိုယ့်ကိုတောင် ပစ်တင်ရှူံချလိမ့် အုံးမယ် ။ သိပါတယ်လေ ဒါပေမဲ့ ရှေ.မျက်နှာနောက်ထားပြီးပြောရမှာဘဲ ကောင်းစေခြင်

လို.ပါ။ မပြင်မချင်းပြောရမှာဘဲ ပြေ ရုံကလွဲပြီး ဘာမှ ကိုယ်ထိ လက်ရောက် မလုပ်နိင်တာ ကိုတော့ ၀မ်းနဲမိတယ်၊ ယူကြုံးမရဖြစ်မိတယ် ၊ ရင်ထုမနာဖြစ်

်ရတယ် အားမလိုအားမရ တွေ ဖြစ်ပါတယ်၊ ကြိတ်မနိုင်ခဲမရ နဲ့မျိုးသိပ်မရလို အံ ထွက်လာတယ် လိုဘဲ ပြောရမလား ၊ တဖက်ကလဲ ၀မ်းသာတယ် တပ်ပျက်မှာ ဗိုလ်လုပ်ရမှာ သိပ်တော့ မဟန်ဘူး ၊ ဒီမိုကရေစီမှာ ကျုပ် သာ စတေးခံရဘို.များတယ်၊ မှန်တာ မှားတာနဲ့ အဆိုင်ဘူး ။





တချို.ယုံကြည်သလို ကမ္ဘာဟာ ဘုရားသခင်ဆိုတာက ၇ ရက်နဲ ဖန်ဆင်းခဲ့ တာ ဖြစ်ကောင်းဖြစ် လိမ့်မယ်၊ ဒါပေမဲ့ သူဖန်ဆင်းတုန်းက လူ ၂ ယောက် ထဲပါ ။ ဖန်ဆင်းတဲ့အချိန်ကစပြီးလဲ သူ.စကားနားမထောင်လို.ပြသနာတွေပေါ်ခဲ့တာဘဲ နောက်ဆုံး ဘုရားသခင် ကတောင် လက် မြောက်သွားရတာလို.ပြောရရင် မှန်တာကိုပြာတာလို.လဲ လက်ခံပါ ၊ ဘယ်ဘုရားပြောစကားကိုမှ ဘယ်သူမှ နားမထောင်ရင် လူတွေဟာ သမိုင်း မှတ်တမ်းတင်ကာလမတိုင်မီနဲ. အခု ကါလ ဘာမှ မခြားပါဘူး ။ မြန်မာတွေကို သိကြားမင်းလဲ လက်မြောက်တယ် ၊ သူတို.အတွက် ဘယ်ဘုရားမှလဲ ကောင်းပုံမရှိဘူး၊ နောက် ဘုရားလဲ မပွင့် သေးဘူး။





မြန်မာတွေအတွက် မြန်မာခေါင်းဆောင်တွေ ဘယ်ခေါင်းဆောင်မှ ကောင်းတာမရှိဘူး ၊ ခေါင်းဆောင်တွေမကောင်းလို.သာ မြန်မာတွေ ဒီလို ဖြစ်ရတာလို.ယုံအောင် သူတို.ကိုပြောထားသူတွေက ပြောထားတယ် ။၊ မြန်မာတွေ(လူတွေ) မကောင်းလို.မဟုတ်ဘူး ၊ အသစ်မှကောင်းတယ် ထင်တဲ့ မြန်မာတွေ ၊ ကောင်းလဲ ခဏဘဲဆိုတာ ခေါင်းဆောင်လုပ် ခြင်ရင်သူ

တွေသိရမယ် ၊ ခေါင်းဆောင်လုပ်ခြင်ရင် ဖျာလိပ် လိပ်ထား၊ သေတ္တာရှည်အသင့် ၀ယ်ထား ။





တိမ်မှန်ရင် အဖျား အနားမှာ ငွေယောင် သန်းမြဲ ဆိုတဲ့ စကားအရ မျှော်လင့်ချက်ရောင်ခြည် ဟာ အမြဲဘဲ ရှိနေပါတယ် လို ယုံကြည်နေရ ပါတယ် ။ လမ်းဆုံးရင်ရွာ တွေ.မယ်လို.လဲ မြန်မာမှူမှာ ဆိုပါတယ် ။ မြန်မာနိုင်ငံ မြန်မာလူမျိုးအားလုံးဟာ ဒီမျှော်လင့်ချက်ရောင်ခြည်ကို တုန်းခုလိုလှမ်းရင် ၊ မမီတဲ့ ပန်းဟာလောကမှာ မရှိသေး မောင်တွေး ကြံယူခါ တံကျူနဲ့ ချူရင် အလွယ်တကူပါလို. ကိုအံ့ကြီးကတဆင့် မြို.မငြိမ်း ကပြောထားပါတယ် ၊ လမ်းဆုံးထိ ကိုယ်ဟာကိုယ် မလျှောက်ရင် လဲ ရွာဆိုတာတွေ.လိမ်.မယ် မဟုတ်ဘူးပေါ့။





သဘောတရား ပြောစကားတွေနဲ့ ပြည့်နေတဲ့ နွံအိုင်က ရုန်းထွက်ဘို.ကျုပ်တို.မြန်မာတွေ ကိုယ်တိုင် ကြိုးပန်းရမယ် ။ ပေါ်လာ စရာရှိတဲ့ စိတ်ဆင်ရိုင်းကို ပညာချွန်း အုပ်ဘို. လိုနေတယ် ချွန်းနဲ့အုပ်ရမယ် ဆိုရင် ။ ကျွမ်းကျင်တဲ့ ဆင်ဦးစီးလဲ လိုလိမ့်မယ် ။ ဥာဏဗလ ၊ စာရိတ္တဗလ ပြည့်စုံရင် ကျန်တဲ့ ဗလတွေကို စုစည်း ထိမ်းသိမ်းနိုင်မယ်ဆိုတာ ပြောဘို. လိုမယ် မထင်ပါဘူး။

လုံမလေးဘဲ ဖြစ်စေ. ကိုသိန်းစိန်ဘဲဖြစ်စေ တခြားသူ တယောက်ယောက်ဘဲ ဖြစ်စေ ၊ ချွန်ူးမပါဘဲ ဒီဆင်ရိုင်းတွေကိုမထိမ်းနိုင်ပါဘူး၊ဆင်ယဉ် တောင် မကြာခဏ ရိုင်းစိတ်ပြန်ဝင်လို.အဆုံးစီရင် လိုက်ရတာတွေ ကြားဘူးမှာပေါ့ ။ ရိုင်းစိတ်ဝင်လာနဲ့ ဆင်ဟာ လူနဲ.ပါတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်လာမှာ မို. မလုပ်မဖြစ် လုပ်လိုက်ရတာဘဲ မုန်းလို.ဟုတ်ဘူး ။





အုပ်ချုပ် ရမဲ့သူတွေကို အအုပ်ချုပ်ခံရမဲ.သူတွေက တာဝန်ပေးတာဟာ ဘာကြောင့်လဲ ? သူတို.ဘာမှ မလုပ်ခြင်လို. တရားခံရှာတာ မဖြစ်နိုင်ဘူးလား? အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသူတို.ကြား အသိစိတ် ပညာအရည်အချင်းဟာ သိပ်ကွာ

နေလိုလဲ မဖြစ်ဘူး လို.မြင်တယ် ။ ၂ ဦးစလုံးကတော စာရိတ္တ ခိုင်ကြရမယ် ။





ကိုရင်ကြီးပြောတဲ့ စဉ်းစားတွေးခေါ်ဆုံးဖြတ် နိုင်မှုဟာ၊ ဥာဏဗလ စာရိတ္တဗလ တို.နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ် လို.ပြောခြင်တယ် ။ မနေ.က ပြောသလို မင်းတို.လဲ လွတ်လွတ်လပ်လပ် လုပ်ခြင်တာလုပ် - ငါတို.လဲ လူပ်ခြင်တာလုပ်ဆိုတဲ့ လွတ်လပ်မှုမျိုးကိုတော့ အားမကျ မိတာအမှန်ဘဲ ။ ဒီထဲက မြန်မာနိုင်ငံကို ဘယ်သူပိုင်သလဲ ဆိုတဲ့ မေးခွန်း အရ မြန်မာတွေ လုပ်ခြင်တိုင်း လုပ်လို.မရတာတွေရှိနေတယ် ဆိုတာတော့ မမေ့အပ်ဘူး ၊ လုပ်ခြင်တိုင်းလုပ်ရင် ဖြစ်ခြင်တိုင်းဖြစ်ကုန်လိမ့်မယ် ကောင်းကျိုးထက် ဆိုးကျိုးက များတဲ့ သာဓကတွေ အများ ကြီးရှိတယ် ။





ဥာဏဗလ ၊ စာရိတ္တဗလ ပြည်စုံ.ဘို. အားသွန် ခွန်စိုက် တတပ်တအားဆောင်

ရွက်ကြရမယ် ဆိုတာ ရှင်းရှင်းလေးဘဲ ၊ ဒီဗလ တွေ နဲ့ ပြည်စုံတဲ့ မြန်မာတွေဟာ

ဘယ်သူကို ခေါင်းဆောငဘဲ တင်တင် သူတိုကိုယ်တိုင်ဘာလုပ်ကြရမယ်ဘာတာဝန်တွေ ယူကြရမယ်ဆိုတာ သူတိုအသိစိတ်နဲ့သူတို သိကြပါလိမ့် လုပ်ကြပါလိမ့်

မယ် ၊ ခိုင်းဘို.တောင် လိုမယ် မထင်ပါဘူး ။ အဆိုရှိတဲ့ ပြသနာတွေလျှော့ပါးလာ

နိုင် ပါတယ် ။ နှစ် ၂၀ လောက်နဲ ဖြစ်အောင် မလုပ်နိုင်ရင် နှစ် ၂၀၀ ပေါ့ဗျာ ၊

နှစ် ၂၀၀ ဆိုတာ ဖင်လှဲ.ခေါင်းလှဲ.နဲခဏလေးပါ ။





နိုင်ငံကိုဘယ်လိုထူထောင်ကြမလဲအဖျက်တွေအနှောင့်တွေကိုဘယ်လိုဖယ်ရှားကြမလဲ တဲ့ ကိုရင်ကြီးက ဘယ်လို လုပ်ခြင်တယ် ဆိုတာ ပြောလေ ၊ ငါသာဆို ဘယ်လိုလုပ်မယ်ဆိုတဲ့ စိတ်ကူးလေးတော့ ရှိမှာပါ ။ ၀ိုင်းပြီး စဉ်းစားကြတာပေါ့ ကိုယ်.မေးခွန်းဟာ ကိုယ့်ဟာကိုယ် တော့ အဖြေရှိမှာပေါ့။ အဖြေမရှိရင် မေးခွန်း ထုတ်လို. မရပါဘူး လို. လူကြီးတွေ ပြောဘူးပါတယ် ၊၊





သူများကို ကြိုးချည်တာ ၊ အထူးသဖြင် ကြိုချည် ကြိုးစွဲခံရတဲ့ အစိုးရတွေ ခေါင်းဆောင်တွေ ကိုယ့်အမေ့လင် ၊ ကိုယ့် ဖအေ ရင်းဘဲ ဖြစ်စေ မကြိုက်ဘူး။ ပညာစမ်းတာလဲ မကြိက်ဘူး ၊ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆိုတဲ့ မြန်မာစကား

ရဲ့ အနှစ်သာရ က တိုင်ပင်ဆွေးနွေးဘို.ဘဲ လို ယုံကြည်ထားတယ် ။ နိုင်ငံတော် တိုးတက်ဖွံဖြိုးရေးအတွက် ကိုယ်မှာအကြံဥာဏ်ကောင်းတွေများရှိရင် ရိုးသားစွာ

ကိုယ်ကျိုးမငဲ့ဘဲ တင်ပြသင့်တယ် ။ နင်တို.တတ်ရင် နင်တို.လုပ်ကြငါက ဘာလို.

နင်တို.ကို သင်ပေးရမှာလဲ ဆိုတာ ကတော့ တကိုယ်ကောင်း ဆန်လွန်းတယ် လို. ဆိုခြင်တယ် ။





ကိုရင်ကြီးနဲ့ ကျုပ်တို.ရဲ ဆွေးနွေးမှုကို စိတ်ဝင်စားသူတွေ ရှိနေတယ် ဆိုတာ သတိထားမိမှာပေါ့။ သူတို. သဘောထားတွေ ဘယ်လိုဘဲ ရှိရှိ သူတို.ကိုလဲ လေးစားရမယ် ဒါဟာအရေးကြီး တယ် ၊





ဒီနေ.မြန်မာနိုင်ငံဟာ ယေဘုံယျအားဖြင့် အေးဆေးနေတယ်၊ ၃ပွင့်ဆိုင်ကြိုး

ပန်းမှု လို. ဆိုရင် မမှားဘူး၊ ဘယ်သူမှလဲ မဏ္ဍပ်တိုင်ဖက် တက်ပြစရာမလိုဘူး ။ ၄ ပွင့်ဆိုင်ဆိုရင် သာပြီးကောင်းမှာ ပေါ့ ။ အရိုးမျာတယ် ချီးခါးတယ် မလုပ်ဘဲ ရတာကို အမြတ်လို.ဘဲ တွက်ရမယ် ။ စကားနာထိုး စကားရည် လုနေစရာ

မလိုပါဘူး။





ဒီနေ.လုံမလေးနဲ့ သိန်းစိန်၊ နောက်နေ့ ဘယ်သူတွေ ပေါ်လာမယ် မသိဘူး။ ပုဂိုလ် ကိုးကွယ်မှူတွေ မရှိသင့် တော့ဘူးလို ထင်တယ် ၊ နိုင်ငံနဲ့ လူမျိုးတို.အတွက် ပေါ်လစီတွေ ဟာ အဓိကဖြစ်သင့်တယ် ၊ မစ္စစ်အဲရစ်ဟာ မစ္စစ်အဲရစ်

ဘဲ . သူကို ကြိုက်သူရှိသလို မကြိုက်သူလဲ ရှိတယ် ဆိုတာလက်ခံရမယ် ၊ ကိုသိန်းစိန်ကိုလဲ ဒီအတိုင်းဘဲ ။ သူတို.နေရာကို ကိုယ်ရောက်တဲ့ အခါ ကိုယ်လုပ်ခြင်တာလုပ် ၊ ကိုယ့်ကိုလဲ ကြိုက်သူ ရှိမယ် မကြိုက်သူရှိမယ် ၊ မမုန်းရင်ကံကောင်း ။ အခုချိန်မှာကိုယ်ဟာ လွတ်လပ်စွာ အကြံဥာဏ်ပေးနိုင်

တယ် ဘယ်သူကမှ ကိုယ့်ကို ကြိုး ချည် မထားဘူးဆိုတာကိုဘဲ ၊ ၀မ်းသာ ။





သူများနောက်လိုက်ရင် ကိုယ့်ကိုကိုယ် နဖါးကြိုး တတ်တာဘဲ လို.သာမှတ်လိုက်

တော့ ၊ ကိုယ့်အမြင် ကိုသာ ပြောပြတာပါ ၊ လူမှန်ရင် လူတိုင်းမှာ လူအခွင်အရေး

ရှိပြီးသားဘဲ ။





ပျော် ပျော် ပါး ပါးပေါ့ ။