Article submitted by: minkyaw thuyein on 16-Mar-2013  
မူဆိုတာ လူက လုပ်တာပါ မောင်ဆို.ရယ် ။
လူသားတို.ဖန်တီးသော မူဝါဒစံနစ်နဲ့လူသားများ။

ဒို. လူကလေးများဆိုသလေး ၊


တရားဟောတယ်ဆိုတာ လွယ်ပါတယ် ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကွက်စိတ် ဆိုတာ ထင်ရှားဘူးတယ် ၊ ကွက်စိပ်ဆရာ တဲ့ လေ ၊ တယောက်
ထဲသမားမို. တချို.ကအရူး. တချိုက ပညာရှိတပါး မဟုတ်သည့်တိုင် ဗဟုသုတ
ကြွယ်သူ အဖြစ် အသိအမှတ်ပြုကြတယ် ၊ သူခေတ်နဲ့.တော့ သူတွင်ကျယ် သပေါ့ ။ ဒို.မြန်မာ နိင်ငံမှာ ဆရာတွေ များပေမဲ့ လူတိုင်းဟာ ကွက်စိပ်ဆရာ မဖြစ်ပါဘူး ၊ ဗုဒ္ဒဘာသာမှာလဲ ဘုန်းကြီးတိုင်း တရားမဟောနိုင်ဘူး လို. စည်းကမ်းချထားတယ်လို. သိရတယ် ၊၊ ဘုန်းကြီးတွေ စည်းကမ်း အညီကျင့်ကြ
နေထိုင်သလား မနေဘူးလားဆိုတာကတော့ ဘုန်းကြီးစည်းကမ်းနားလည်
သူတွေဘဲ သိမယ် ။ ဘေးက စောင့်ကြည်.နေတဲ့ သာမန်လူ အနေနဲ့တော့ မသိဘူး ။ ဘုန်းကြီးတွေကို စည်းကမ်းအရ အရေးယူရတဲ့ အဖွဲ.လဲ ရှိတယ်လို.သိရတယ် ၊ ဘုန်းကြီး ဟာ လူစစ်စစ် အမှန်ဖြစ်ကြောင်း ပဉ္စဉ်းမတက်မီ ကိုရင်ကြီးဘ၀နဲ့ သိမ် အ၀င် အစစ်ခံရတယ် ၊ ဒါကြောင့် ဘုန်းကြီးတွေဟာ ဘုန်းကြီး ဥပဒေရော ၊ လူ. ဥပဒေကိုပါ လိုက်နာကြ ရမယ် ။ တရားဥပဒေ စိုးမိုးရေးဆိုတာမှာ ဘုန်းကြီးသူ တွေ ကင်းလွတ်ခွင်.ရသလား ? ဒါတော့ မသိဘူး ၊ သူတို.မှ အာဘတ် ဖြေကြတယ်ဆိုတာတော.ရှိတယ် ။.


ဘယ်သူ.ကို မှ မစော်ကားဘူး ၊ ခေါင်က မိုးလုံရဲ.လားလို.မေးရင် မသိသူတွေ ရှိမှာမို.၊ ဘုရား တရား သံဃာ မိဘ ဆရာ သမား တဲ့ဘုရားဆိုတာကတော့
မရှိတော့ ပါဘူး၊ တရားဆိုတဲ့ သူပြောခဲ့ တဲ့ စကား ဆုံးမ သွန်သင်ချက်တွေ ၊ သံဃာဆိုတဲ့ သင်္ဃန်းဝတ်တွေ ၊ မိဘနှဲ့ဆရာသမားဆိုတာကတော ပြောဘို.လိုအုံးမလား သူတို. အားလုံးတွေ ပြောဆိုဆုံးမ သွန်သင်ချက်တွေကို နားထောင်လိုက်နာရင် တခြား ဘာဥပဒေ လိုအုံ.မတဲ့လား ?


ဒီမိုကရေစီ ဆိုတာ ကို လူတွေက ရေရေလယ်လယ် မသိ မလေးစားရင် လက်တွေ.မလိုက်နာရင် ဒီစံနစ်ဟာ အလုပ်မဖြစ်တဲ့ စံနစ်. ဟန်ပြစံနစ် အယောင်ဆောင် စံနစ်လို. ယူဆနိုင်စရာရှိတယ်. အစိုးရဆိုတာဟာလဲ .လူတွေကို လွတ်လပ်ခွင့် တွေ လူ.အခွင်.အရေးဆိုတာတွေ ဆိုတာတွေနဲ့ ဘန်းပြပြီး ၊ တဖက်ကလဲ လိုက်နာ ရမဲ့ စည်းကမ်းတွေ ပေးရမဲ. အဘိုးဆာနာ
တွေ သတ်မှတ် ကောက်ယူနေတာ ဟာ ဒီမိုကနေစီကို ဘောင်သွင်းကန်.သပ် နေတာဘဲ ၊ လွတ်လပ်မှူဆိုတာဘောင်ထဲ ကသာ ဖြစ်တယ်ဆိုတာကို အထင်
အရှားပြနေတယ် . ဒါပေမဲ့ လူတွေကတော့ လွတ်လပ်မှု. လူအခွင့်အရေး
ဆိုတာလေး လက်ကိုင်ထားပြီး ဥပဒေစည်းကမ်း ဘောင်တွေ ကို မတရား
ဘူးလို.ပြောမယ်ဆိုရင်တော့၊ ကိုယ့်အတွက် တရားတာဟာသူများအတွက်
မတရားတာ ဖြစ်မယ် . သူများအတွက်တရားတာဟာ ကိုယ်.အတွက် မတရား
တာဖြစ်ခြင်ဖြစ်မယ် ။ တရားတာဟာ ဘာလဲ လို.မေးရတော့မယ်ပေါ့၊


ဒီမိုကရေစီစံနစ်အရ ညှိနိုင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်တာဟာ အချိန်
ဘယ်လောက်လိုမလဲ ? ဖြစ်ဘို.မလွယ်သလောက် ပျက်ဘို.သိပ်လွယ်တယ် ၊ ဗဟိုဦးစီး ချုပ်ကိုင် မှူစံနစ် ၊ တချက်လွှတ် အမိန့်နဲ ဆောင်ရွက်တာဟာ အချိန်ဘယ်လောက်လိုမလဲ ? လူကြိုက် မကြိုက်တော မသိဘူး၊ ဖြစ်ဘို.လွယ်တယ် ပျက်ဘို.လွယ် တယ် ။ ဖြစ်ရင် ပျက်မယ် ၊ ဖြစ်သမျှဟာ ပျက်ဘို.ချည်းဘဲ ၊ စဉ်းစားကြည့်ကြစမ်းပါ ။


ဒီကအမြင်ကတော့ ၂ ခု စလုံးဟာ လူသာလျှင် အဓိက ဘဲ ။ လူ မပါဘဲ ဘာမှမဖြစ်နိင်ဘူး လို.ပြောမယ်။ လူသာလျှင် အဓိက ဆိုလို. ဆိုရှယ်လစ်
စကားလို.မထင် ပါနဲ့.၊ သား/သမီးကို ဘယ်လိုမွေးတာလဲ လို.၊ အမေ့ကို
မေးကြည်.ပါ ပြောပြပါလိမ့်မယ် ။


စိတ်ကူးအကြံအစည် တူသူ နဲ့ မတူသူတွေကြား သဘောတူချက်တခုရရင် အကောင်းဆုံးဘဲ ၊ ရဘို.ကတော ခဲယဉ်းပါလိမ့်မယ်။ ဒီသဘောတူချက်က ဘယ်တော.ရမှာလဲ ။ ဒါကြောင့်မဲခွဲပြီး ဆုံးဖြတ်ကြပြန်တယ် ဒီဆုံးဖြတ်ချက်
ကိုလဲ မလိုက် နာသူက မလိုက်နာပြန်တော့၊ စိတ်မရှည်သူတွေက ရုတ်တရက်
ထပြီး ဆုံးဖြတ်ချက်ကိုဖြစ်စေ တခြားကောင်းမယ်ထင်ရာ၊ မှန်တယ် ထင်ရာကိုဖြစ်စေ လုပ်လိုက်ကြ ရော၊ ဘာလဲ လုပ်လုပ်ကျန်သူတွေက နှောက်ယှက်နေကြအုံး မယ် ၊ အတူတကွ လုပ်သူတွေကလဲ အားသွန်ခွန်စိုက်
မရှိကြပြန် ရင်တော. ဘာမှဖြစ်လာမယ်မဟုတ် ဘူး ။


ရိုဘုတ် စက်ရုပ်၊ ကွန်ပြူတာ၊ အော်တိုမစ်ရှင်း၊ ရီမုတ်ကွန်ထရိုး ဆိုတာတွေ အားလူံး ကို လူတွေ က ဖန်တီးပြီး လူတွေ က ခလုပ် နှိပ်ရတာ ဘဲ ၊ ပျက်သွားရင်ပြင် ရပ်သွားရင်ပြင် လူတွေကဘဲ ပြု့ပင်ပေးရတယ် အစားထိုးပေး
ရတယ် စသ ဖြင့်ပေါ့ ။ လူမပါရင် ဘာမှ မပြီးပါဘူး နဲတာ များတာ ဘဲ ကွာပါ
လိမ်.မယ် ၊ လူလောက ကြီးမှာ လူ.နဲတကွ လူဖန်တည်းတဲ့ပစ္စည်းအ၀၀နဲ့ သဘာဝ ပါတ်ဝန်းကျင်ကြီးတခုလုံးဟာ အနိစ္စ ဒုက္ခ အနတ္တ သင်္ခါရ ဆိုတာနဲ့ ကင်းလွတ်
တာရယ်လို. မရှိပါဘူး အနှေးနဲ့ အမြန် ယိုယွင်းပျက်ဆီးရပါတယ်။။


ဒီမိုကရေစီစံနစ်နဲ့ တိုးတက်မှု နှေးကွေး သူတွေရှိသလို. ဗဟီုဦးစီး ချုပ်ကိုင်မှု နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေလဲ ရှိတယ်။ ဒီနေရာမှာ လူတွေ ရေးစွဲချမှတ်တဲ့ မူဝါဒတွေကို လူတွေက ဘယ်လို.ဘယ်လို ကျင့်ထုံးတွေ ချမှတ် အကောင်အထည် ဖေါ်ကြတယ် ။ အစိုးရနဲ့ ပြည်သူကြား နားလည်မှု အချိတ်အဆက် ဘယ်
လောက်ရှိတယ်ပေါ်မှာ မူတည်တယ် ။ ဘယ်သူမဆို ဆောင်ရွက်ရင်း တခါ
တလေမှာ ချွတ်ချော်သွားတာတွေရှိမယ်၊ တခါလေမှာ ချမှတ်တဲ့မူတွေမ
အောင်မြင်အောင် ဘေးဘီကနှောက်ယှက်တာတွေကြောင့်ဖြစ်မယ်၊ အထူးသဖြင
အစိုးရနဲ့ ပြည်သူကြား ပူးပေါင်းဆောင်ရွက်လို.မဖြစ်အောင် နည်းအမျိုးမျိုးနဲံ.နှောက်ယှက်နေတာဟာ သူတပါးတိုးတက်ကြီးပွားသွားမှာကို မနာလို မရှုစိမ့်
သူတွေ ၊ ကြီးးပွားသွားရင် ကိုယ့်သြဇါ ကျဆင်း သွားမှာ ၊ ကိုယ့်အုပ်ထိမ်းမှု တနည်းအားဖြင့် ကိုယ် လက်ဝါးကြီး မအုပ်နိုင်တောမှာကို ကိုစိုးရိမ်နေသူတွေဘဲ ဖြစ်မယ်။


ခက်နေတာက မြန်မာတွေဟာ ကလေးတွေလား ၊ အရွယ်ရောက် သူ လူကြီး
တွေလား ၊ နိုင်ငံရေး၊ စီးပွားရေး လူမှူရေး နဲ့ တခြားတခြားသော သူတို.ကိုယ်တိုင်ရဲ့အရေးတွေကို ဘယ်လောက် စိတ်ဝင်စားကြသလဲ -လေ့လာကြ
သလဲ? ရောယိမ်း ဘသားရိမ်း ဝေလေလေ ဆိုတဲ့ စကားတွေကို လူကြီးတွေက ဘာကြောင့် ထားခဲ့သလဲ၊ ဖြစ်နေလို.လား မဖြစ်စေခြင်လို.လား ? ကကြီး ခခွေး က စ သင်ဘို.လို မလား ၊ အေ ဘီ စီ ဒီ် ကလား ? သင်လို့ရောတတ်
မလား သင်မဲ့ဆရာရှိသလား? ဘယ်နည်းနဲ့ သင်မလဲ ? ဆရာတွေ ဌားဘို.ရတယ် ဆိုတော့လဲ အိုကေ ဘဲပေါ့၊ ဘယ်လောက်ကြာကြာ အိုကေမယ် ဆိုတာတော့ မသိဘူး၊ အခု တောင် မြန်မာမှု တွေ ပျောက်ချင်းမလှ ပျောက်
နေပါပြီ၊ ၊ မြန်မာမှု ဆိုတာ ဘာကိုပြောတာလဲ ? ( နောက်ပိုင်းတွင် သီးခြားဆွေးနွေးအုံးမယ် )


ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြုပြင်ပြောင်းလဲနေတဲ့ လောကကြီး
ထဲမှာ ၊ ကိုယ် ကိုယ်တိုင်နဲ့ အရာရာ ဟာ အနိစ္စ ဒုက္ခ အနတ္တ သင်္ခါရ တို.ရဲ့ သားကောင်ဖြစ်နေရတာ ကို သိပါရင်နဲ. သံယောဇဉ်ကြီး အစွဲအလန်းကြီး
နေကြတာဟာ ဘာအဓိပါယ်ရှိမလဲ ၊ နိုင်ငံရေး မူဝါဒတွေ စီးပွားရေးမုဝါဒတွေ၊ လူမျိုရေး ဘာသာရေး သာသနာရေးတွေမှာရော အစွဲကြီး စွဲ နေကြလို.ရော ဘာအဓိပါယ်ရှိပါ့မလဲဆိုတာ စဉ်းစားဘို.များလိုလေမလား ။

နိုင်ငံရေး ၊ စီးပွားရေးမူဝါဒတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.ိုအတွက်
ကလွဲလို. ဘယ်သူ.အတွက်လဲ ? နိုင်ငံတိုင်းဟာ သူတို.နိုင်ငံ သူတို.နိုင်ငံသား
တွေအတွက် လုပ်နေကြ တာဘဲ လို.ဆိုရင် သူတို.နိုင်ငံသားတွေ အပေါ်မှာရော. သူအများနိုင်ငံနဲံ.နိုင်ငံသား တွေ ပေါ်မှာဘာ ဘာကြောင်. ခေါင်းပုံဖြတ် အမြတ်
ကြီးစား မတရားလုပ်နေကြ သလဲ? သင့်တော်တဲ့ အမြတ် အစွန်းဆိုတာကတော့ ယူကောင်းတယ် ၊ခေါင်းပုံဖြတ် အမြတ်ကြီး စားလို ပြောရလောက်အောင်တော့ မဖြစ်သင့်ဘူး။ လူတွေဟာ လူလူချင်းတောင် လူလို.မမှတ်ကြသေးတာ ၊ဘယ်သူ
က လူ လဲ ဆိုတာကတော ကိုယ့်အမြင်နဲ့ ကိုယ်ပေါ.လို ပြောရင် မှန်မလား? လူ လူချင်း လူ လို.မမြင်တဲ့ မူ ၀ါဒ ဘယ်က စတာလဲ ဘယ်သူတွေ ထွင်တာလဲ?


ကိုယ်.ဟာကို တနေရာရာမှာ အေးအေးဆေးဆေးတယောက်ထဲ ထိုင်ပြီး ဒီနေ.ငါ ဘယ်သူတွေအပေါ် ဘာတွေ မတရားပြော၊ မတရားလုပ်ခဲ့သလဲ ဆိုတာတွေ ကို တရားဓမ္မ ဆိုတာတွေနဲ့ ပြန်ပြီး ဆန်းစစ်ကြည့်ကြသလား ၊ ဘာတဲ့.လဲ ? ကိုယ်လုပ်သမျှ ဘာမဆို တရားတယ် တရားနည်းလမ်းကျတယ်တဲ့လား? သူများလုပ်သမျှဟာ မတရားဘူးပေါ့၊ ဒါမှမဟုတ် ကိုယ် က အသာမရ တာမှန်
သမျှ ဘယ်အရာမှ မတရားဘူး လို. ဆိုမလား ? ကိုယ်ချင်းဆာ ကြည့်ကြလေ ၊ ကိုယ်ချင်းဆာဆိုတာရော သိကြရဲလား။ မျှတတယ်ဆိုတာ ဘာကိုပြောတာလဲ ? သာတူညီမျှ ဆိုတာကလဲ ရှိသေးတယ် ၊ ဒီမေးခွန်းတွေကို ဒိုတတွေ အတိအကျ
ဖြေနိင်ဘို. အခက်အခဲရှိမယ် . ဘာကြောင့်လဲ ဆိုတော့ သူသူ ငါငါ ဒို.အားလုံး
ဟာ အတ္တ စွဲနေကြလို.ဘဲ ။


လူတွေဟာ ကိုယ့် ၀င်္ကဘာထဲက ကိုယ် မထွက်နိုင်ကြအောင် ပိတ်မိနေကြတယ် ။ မူတွေကို လူတွေက ရေးစွဲချမှတ်တာ မှန်ပေမဲ့ အချိန်နာရီ အလိုက အခြေအနေ
တွေဟာ တရွေ.ရွေ.ပြောင်းလဲ နေတာ မို. လူရေးတဲ့ မူတွေကို လှေ နံဒါးထစ် ပုံသေယူလို.တော့ မရဘူးဆိုတာ ကို တွေရမယ်၊ ဒီနေ.ဟာဒီနေ. မနက်ဖြန်ဟာ နောက်တနေ.ဘဲ။ တရွေ.ရွေ.ပြောင်းလဲမှုတွေ ကို မမြင်သာနိုင်ပေမဲ့ ရုတ်တရက်
ပြောင်းမှု ဆိုတာတွေလဲ ဖြစ်တတ်တယ်။ မီးတောင်တွေလို တငွေ.ငွေ. လောင်
နေရာက ဗြုန်းကနဲ ပေါက်ကွဲ တဲ့ အခါမျိုးမှာ ဘေးပါတ်ဝန်းကျင်အပေါ် မဆိုင်
သော ဆိုးကျိုးသက်ရောက်မှုတွေ ကျရောက်လာရင် မီးတောင် ပေါက်တာဟာ တချို.လူတွေအတွက် ကမ္ဘာ မီးလောင်တာနဲ့ ဘာမှ မခြားဘူး ။ ခံနိုင်သူခံ သေသူသေ ပျောက်သူပျောက်ဘဲ ။ တချို.များဆိုရင် ကျောက်ဖြစ် ရုပ်ကျွင်းတောင်ဖြစ်သွားကြတယ် ၊ အခုခေတ်မှာ တချို.လူတွေဆိုရင် ကြေးရုပ် သံရုပ် တွေ အဖြစ်တွေ.ရတယ် ။

ရုပ်တု ကိုးကွယ်ခြင်း အလေ့အထ မြန်မာတွေမှာ ရှိတယ် ။ ဗုဒ္ဒဘာသာကို အနော်ရထာ ချီးမြင့်ခဲ့တာတောင် ဒီနေ.ထိမြန်မာတွေမှာ နတ်ကိုးကွယ်မှူ ရှိနေတာကို အထင်အရှားတွေရတော့ ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု
ဆိုတာဟာ မြန်မာနိင်ငံမှာ ရှိနေတာကို ဘယ်သူက ဘာတွေပြောနေကြသလဲ ? ဂျီ အီး ဂျီ လန်.ဆိုတာ များလား ?


လူ က ရေးစွဲချမှတ်တဲ့ မူတွေဝါဒတွေ ဟာ လူတွေက သူတို. တွေကြုံရင်ဆိုင်
နေရတဲ့ အခက်အခဲပြသနာတွေကို ဖြေရှင်း သူတို.လိုအပ်ချက်တွေကို သူတို.
ဘာသာ ရေးသားပြဌာန်းပြီး လိုက်နာဆောင်ရွက်ကြဘို. ရည်ရွယ်ခဲ့တာဘဲ ၊ မလိုက်နာသူကို ဘာလုပ်မယ် ဆိုတာလဲ တခါတည်းပြဌာန်းတယ်။ ခေါင်းဖြတ် လက်ဖြတ် ခြေဖြတ် တံကျင်သျှို ရေဖျောက် ဝှေးသင်း နားဖေါက် ကြိမ်ရိုက် စသဖြင်ြ့ပစ်ဒါဏ်ဆိုတာတွေ ရှိတယ် ၊ တချို.နိုင်ငံတွေ မှာ ဒီနေ.ထိ ဒီပြစ်ဒါဏ်
တွေကိုပေးတုံးဘဲ ၊ ရိုးနေလို.ဘယ်ခွေူးတကောင်မှတောင်ဟောင်သံမကြားရ
ဘူး၊၊

ပြောပြောနေတဲ့ အနောက်ဖက် ၊ အရှေ.ဖက် မူဝါဒဆိုတာတွေ ကွဲပြားမှူကြောင့် လိုက်နာသူတွေ ကွဲပြားပြီး စစ်တွေ ဖြစ်လိုက်ကြတာ မပြီးတော ဘူး။ ကိုယ်မူ ကိုယ်ဝါဒနဲ့ ဘာကြောင့် အေးအေး မနေနိုင်ကြတာလဲ ၊ မကြာခဏ မေးခွန်းကို. အဖြေပေးနိုင်သူမရှိပါဘူး ၊ အားလုံးဟာ ကျည်းလန်.စာ စားနေကြတာပါ၊ ဒီနေ
ရာမှာ ကိုယ်ချင်းဆာစိတ် ဆိုတာကတော . ကိုယ်က သူများအပေါ် ဗိုလ်ကျ ခြင်ရင် ကြံစည်နေရင် ၊ သူများက ကိုယ့် အပေါ် ဗိုလ်ကျမှာဘဲလို.ထင်နေု စိုးရိမ်နေတာဘဲ ။


ဗိုလ်ကျတယ် ဆိုတာ ကံ ၅ ပါးကျူးလွန်သူတွေရဲ့ အကျင့်ဆိုး ။ သူများပစ္စကို တန်ရာတန်ဘိုး မပေးဘဲ နည်းမျိုးမျိုး တိုက်ခိုက်လုယူ နေတာတွေ၊ ဗိုလ်ကျလို.ရတဲ့သူအပေါ်ကျတယ် ၊ အရပ်ရပ်မှာ ကျင့်သုံးနေတယ်၊ ခံခြင်သူလဲခံ မခံခြင်
သူလဲ ခံ ဘဲ။ ဒီနေ. ဒို.မြန်မာနိုင်ငံနဲ့ မြန်မာတွေ သူများဗိုလ်ကျတာ ခံနေရ သလား-မခံနေရဘူးလားဆိုတာကတော့ ကိုယ့်အဖြေနဲ့ ကိုယ်ရှိကြမှာဘဲ ၊ မခံလို.ရောဘာလုပ်နိုင်သလဲ ၊ ဘာတတ်နိုင်သလဲ ?


မြန်မာတွေ ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်နိုင် ကြရဲလား? ဒီမေးခွန်းမေးရတာ
တောင် ခပ်ရှက်ရှက် ဘဲ ၊ နိုင်ငံတကာနဲ.ချစ်ကြည် ရင်းနှီးစွာဆက်ဆံပြီး စီးပွား
ကုန်သွယ် ရောင်းဝယ် ဖေါက်ကားတယ် ဆိုတာကတမျိုး ၊ သူများကြား ကောင်းအောင် ပွစိပွစိလုပ် ၊ နောက်ဆုံး ကိုယ်ကဘဲ သူများလုပ်သမျှ ခံလိုက်ရ
တယ် ဆိုတာကတဖုံ ၊ မတူဘူးလေ။


ကိုယ်.တိုင်းပြည်ကောင်းစားဘို.ရာ ကိုယ့်တိုင်းပြည်ကို ရောင်းစား ရပါတယ် လို.ပြောမလို.လား ၊ ဒီလိုရောင်းရတာဟာ ပြည်သူလူထုအတွက်ပါ တဲ့ လား- သူတိုရဲ့ ဆန္ဒမှန်တွေပါ လို. ဆင်ခြေတက်မလို.လား? ရပါတယ် အလျှေက်
ကောင်းရင် အထောင်းသက်သာ သတဲ့ ၊ ထစ်ကနဲဆို လူထုနဲ့ သာကိုင်ပေါက်ကြ ၊ လူထုဟာ ဂေါ့(ဒ) ဖြစ်မှန်းမသိ ဖြစ်နေပြီ လို.ပြောရင် တနည်း အားဖြင်. ဟုတ်နေတယ် မငြင်းနိုင်ဘူး. ။ လူ တိုင်းဟာ ဂေါ့(ဒ) နေကြတော့ ဂေါ့(ဒ) လဲ ကြောင်နေပြီ . ဘယ်သူကို ကယ်ရမယ် ဘာလုပ်ရမယ် မသိ မင်းတို.လဲ လုပ်ခြင်တာလုပ် ၊ ငါတို.လဲ လုပ်ခြင်တာ လုပ်မှာပေါ့ ။ မင်းတိုနဲ့ ငါတို. အပေး
အယူမျှ ရင်ြ့ပီးရောပေါ ၊ ဒါဆိုရင် အားလုံး လွတ်လပ်ကုန်ကြပြီ ဘြာေ့ပာစရာ
လိုသေးသလဲ ? ဥပဒေတွေ ဘေးချိတ်ထားလိုက်စမ်းပါ တဲ့ လား ?


တော်သေးပြီ ပျော် ပျော် ပါးပါး ပေါ့ ။