Article submitted by: minkyaw thuyein on 11-Mar-2013  
ဘယ် ရှူဒေါ့င့် ကကြည့် မလဲ ( ၂ )
မနေ.က အဆက် ။

အဲဒါလို မြန်မာနိုင်ငံရဲဖြစ်ပျက်ပြုပြင်ပြောင်းလဲမှုတွေကိုကြုံခဲဘူးသူတွေကတော့ မြန်မာနိင်ငံရော နိုင်ငံသား တွေရဲ့ လူနေမှုအဆင့်အရပ်ရပ်ဟာ ဘယ်လောက် တိုးတက်တယ်၊ မတိုးတက်ဘူး ဆိုတာ သိကြတယ် ။ ခေတ်ကာလ ကွဲပြား ခြားနားသလို၊ ကွဲပြားသောလူတွေရဲ့ အသိစိတ်တွေကလဲ ကွဲပြားတယ် ။ လူနေမှု အဆင့်အတန်းဟာလဲ အစိုးရရဲ. အထွေထွေ ၀ါဒတွေနဲ့ပါတ်သက်ခြင်း
မရှိဘဲ ၊ ကွဲပြား ခြားနားကြတယ် ဆိုတာရှိတယ် ။ အစိုးရ တွေက ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး လို ပြော ကြတယ် ၊ ဘယ်သူတွေအပိုင်းက ချိုးယွင်းသလဲဆိုတာကတော့ ကိုယ့်ရှူဒေါင်နဲ့ ကိုယ်ပေါ့။


အစိုးရတွေဟာ လူထဲက လူတွေဘဲ ၊ အစိုးရတွေရဲ့ မူတွေဝါဒတွေဟာ လူတွေက ရေးစွဲတဲ့ မူဝါဒတွေဘဲ ဖြစ်တယ်။ လူမကောင်းရင် မူလဲမကောင်း
နိုင်ဘူး၊ မူ မကောင်းတာဟာ လူမကောင်းလို.။ မူမကောင်းလို. ပြင်ပြန်ရင် လူခင်လို. မူပြင်တယ်လိုပြော ကြပြန်တယ် ၊ မြန်မာစကားမှာ ပုဂိုလ်ခင်မှ တရားမင်ဆိုတဲ့စကား ရှိလေတော့ ၊ မြန်မာတွေဟာ သူတိုဟာ သူတို.ဘာ
ပြောလ.ိုဘာလုပ်နေကြတယ်ဆိုတာသိကြရဲ့လား လို.ဘဲ မေးခြင်တော့တယ်၊ ကောင်းသူဘယ်သူမှ မရှိတော့ဘူးလား ၊ မြန်မာတွေအတွက် ကောင်းတာ ဘယ်ဟာမှမရှိဘူးပေါ့ ။


တချိုကလဲ ဆိုရှယ်လစ်ရဲ့ ဒါဏ် ၊ ပြည်သူပိုင်သိမ်းခြင်းရဲ့ ဒါဏ်ကိုခံရတာဘဲ လို.ပြောကြတယ်၊ တချို.ကလဲ မ၀ံ့တ၀ံ့ မရဲတရဲ ၊ မိမိရရ မလုပ် လို. လို.ဆိုတယ် ၊ တချို.ကလဲ တပ်တွင်း/ ပါတီတွင်းသစ္စာဖေါက်တွေကြောင်.လို.ပြောကြပြန် တယ် ၊ ဒီကတော့ အစိုးရတွေနဲ့ ပြည်သူတွေဟာ အချိတ်အဆက် မမိကြဘူး လို.ဆိုခြင်တယ်၊ တဦးနဲ.တဦး နားလည်မှုအလျှင်းမရှိကြလို.ဘဲ ၊ ဝေလေလေတွေ
ကြောင့်ဘဲလို.ပြောမယ်။ မြန်မာနိုင်ငံမှာ ဝေလေလေ တွေရှိနေသမျှ ဘယ်တော့ မှ ကောင်းစားမှာ မဟုတ်ဘူး လို.လဲ ပြောခြင်တယ် ။


မင်းကောင်းမင်းမြတ် မင်းဆိုးမင်းညစ်ဆိုတာတွေဟာ လူတွေဘဲ။ သူဌေး သူကြွယ် ကုန်သယ်ပွဲစား လယ်လုပ် ဆင်းရဲ သား ဖုံးတောင်းယာစကာ ဆိုတာလဲလူတွေဘဲ ဆိုတာကို သမိုင်းမှတ်တမ်းတင်ကထဲက ရှိနေတာတွေ.ရတယ် တပြေး ညီဖြစ်အောင် ညှိယူမယ်ဆိုတာ အရူးတွေပြောတဲ့ စကား။ အရူးစကား ကို ယူံသူတွေဟာ သူတို.လိုဘဲ ရူးနေကြသူတွေ ဘဲဖြစ်တယ် ။
မကြာခဏပြောဘူးတဲ့ ကိုယ်လုပ်မှကိုယ်စားရ ဘယ်သူမပြုမိမိမှုဆိုတာတွေဟာ ပုဂိုလ်တဦးတယောက် ထဲအတွက် သီးသန်ရည်ရွယ်ထားတဲ့စကားတွေမဟုတ်
ပါဘူး၊ လူအားလုံးအတွက်ဖြစ်တယ်လို.ခံယူတယ် ၊ လောကမှာ အောင်မြင်မှု ၊ မအောင်မြင်မှု၊ ဆုံးရှုံးမှု ဆိုတာတွေ ရှိမြဲဓမ္မတာပါ ။ ချို.ယွင်းအားနဲမှူတွေ
ကိုသာ ထောက်ပြပြောဆိုကြ တာဟာ ပိုပြီးအားကောင်းစေခြင်လို. ပြုပြင်စေခြင်
လို.၊ အပြုသဘော ပြောနေတာပါလားလို. အကောင်းအမြင်နဲ.မြင် လို. ရနိုင် ပါတယ်၊ အပစ်အနာအဆာ ရှာနေတာဘဲလို. ကြက်ခေါင်းဆိတ် မခံ ၊ မျက်ပြူး
စံလန်ဖြစ်စရာမလိုပါဘူး။ အပစ်အနာ အဆာ ဆိုတာလူတိုင်းမှာရှိတယ် လူတွေ
နေတဲ့ တိုင်း နိုင်ငံတိုင်းမှာရှိတယ် ဆိုတာ သိပြီးသား။


ဒီထဲမှာ လူတွေဟာ အကောင်း ဖြစ်သမျှဆိုရင် သူတို.နာမယ် ၀င်ယူမယ် ၊ မကောင်းတာ ဆိုးတာဆိုရင် သူတို.နဲ့ ဘာမှ မဆိုင်သလို ဥပက္ခာပြု သူတပါးပေါ် ပုံချတာတွေကတော့ ကလေးဆန်တာလား ၊ မရင့်ကျက် တာလား၊ မောဟလွန်
နေလို. လား၊ လူလယ်လုပ်နေကြတာဘဲလား၊ ဂေါတမ သာရှိရင်သေချာပေါက်
ပြောနိုင်မှာဘဲ။ အထူးသဖြင်.သူတိုသာသိ ၊ သူတို.သာတတ် ဆိုတဲ့ ဆရာမရှိ အာခေါင် လှံဆူးမဲ့ ဥဗျိုင်း မျိုးတွေကလဲ ရှိနေတယ်။ သူတို.ဟာ သင်ကြားလို.မရတဲ နားပင်း မျက်ကန်းတွေဆိုရင် မှန်မလား မသိဘူး ။ လည်ပင်းရိုး ခိုင်ပြီး ဟိုဟိုဒီဒီ ဘေး ဘယ်ညာ လှဲ့မရလို. ရှုဒေါင်.အမျိုးမျိုးက မကြည်.နိင်ဘူး ။
ထပ်ရှင်းရရင် မြန်မာ့ခေါင်းဆောင်တွေဟာ သန်.ရှင်းတိကျသော ဘက်မလိုက် ကြားနေ၀ါး နဲ့ ဂုဏ်ယူခဲ့တယ်၊ ဘယ်သူ. ရုပ်သေးမှ အဖြစ်မခံ ၊ ဘယ်သူကြိုးဆွဲ လယ်ပင်းကြိုးတတ်တာကိုမှ မခံခဲ့ဘူး ၊ နိင်ငံရေး စီးပွားရေး လွတ်လပ်မှူ အချုပ် အချာ အာဏာပိုင်မှု ကို တန်ဘိုးထားတယ် ၊ ပြည်သူတွေကိုလဲ ဘယ်သူရဲ့ ခေတ်သစ် ကိုလိုနီကျေးကျွန်မှ မဖြစ်ရအောင် ကာကွယ်ခဲ့တယ်။


ဒါပေမဲ့ ဘက်မလိုက်ကြားနေ၀ါဒရဲ.တံဆာခံ ယစ်ကောင်ဟာ ပြည်သူတွေဘဲ
ဖြစ်ရတာ ၀မ်းနဲ စရာဘဲ ။ မြန်မာနိုင်ငံနဲ့ ခေါင်းဆောင်တွေ ပန်းပြားပင်တွေလို
ိမကျင့် ၊သစ်ကြီး ၀ါးကြီးပင်တွေလိုကျင့်ခဲ့ပေလို. သူတော်စင်လဲ မဖြစ်ခဲ့ဘူး ။
ရင်ထုမနာပေါ့ ။


မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးသက်တန်း ၆၅ နှစ်အတွင်း ခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပအန္တရာယ်ကိုထိရောက် စွာကာကွယ်ရင်း နိုင်ငံတော်နဲ့နိုင်ငံသား
တို.လုံခြုံရေးတိုးတက်ဖွံဖြိုးရေးတို.ကို ရှေ.တန်းတင် ဆောင်ရွက်ခဲ့ကြတယ် ၊ ခေတ်မီဖွံဖြိုးတိုးတက်မှူတွေဟာ အတိုင်းအတာနဲ့ ရရှိအောင် ဆောင်ရွက်ခဲ့တယ်
လို.ဆိုရင်၊ ဆိုသူဟာ ဆင်ကြီးဂဠုံချီ ဇါတ်ကြီးဖွဲ.နေတယ် လို.တောင်ပြောကြ
လိမ့်မယ် ။ ပြောသူတွေဟာ မြန်မာနိုင်ငံဆိုတာ မရှိရအောင် ၊ ပြိုကွဲအောင် အစိုးရနဲ့ မြန်မာ့တပ်မတော်ကို မနှစ်မြို.မလိုလား မလိုမုန်းထားနဲ့ ပြော ဆိုနေကြ
တဲ့ အဖျက်သမားတွေသာ ဖြစ်တယ် လို.ဆိုခြင်တယ် ။ အခုချိန်ထိ သူတို.တတွေ ပြုပြင်ပြောင်းလဲကြခြင်းမရှိသေးဘူး ဆိုတာတွေရတယ်။


တိုင်းတပါးသားလက်အောက် ကျွန်သဘောက်အဖြစ်ရောက်ခဲ့ရဘူးတာကို သတိပေးနေတာဟာ နောက်ထပ် ဘယ်လို နည်းနဲ့မှ ကျွန်မဖြစ်စေခြင်လို.ဘဲ ၊ အထက်က ပြောခဲ့တဲ့ စကား အသုံးအနှုန်းသံတူကြောင်းကွဲတွေကိုသတိမထား
ရင် ဒုက္ခ အများကြီး တွေ.စရာရှိတယ် ၊ ရှေးကဖြစ်ဘူးတာတွေ ကို သင်္ခဏ်းစာ ပြပြောရလိမ်မယ် ။ မယ်ဒွေးကို မြွေမြို တာ တရစ်ရစ်နဲ.တဲ့ ၊ နောက် မယ်ဒွေး
တယောက်ကတော့ ဘုရင်ကတော်(မိဘုရား)ဖြစ်ခြင်လွန်းလို.ဆိုလားနောက်ဆုံး
အချဉ် သိတ် ခံခဲ့ရတဲ့ ပုံပြင်လဲ ရှိဘူးတယ် ။


မိန်းမ မာယာ သဲ ၉ ဖြာ ပရိယယ်တထောင် ဆိုတာဟာ၊ မိန်းမတွေဒင်မှမဟုတ်
ဘူးနော် မိန်းမကျင့် မိန်းမကြံ ၊ မိန်းမလို မိန်းမရ ရှိသူတွေ လဲဒီအကျင့်မျိုးရှိတတ်
တယ်လို. ပြောရင်း တခန်းရပ်လိုက်အုံးမယ် ။


ပျော် ပျော် ပါးပါး ပေါ့ ။