Article submitted by: minkyaw thuyein on 11-Mar-2013  
ဘယ်ရှူ ဒေါင့် ကကြည့် မလဲ ?(၁)
ဒို.လူကလေးများဆိုသလေး ၊



နိုင်ငံရေးမှာ အဖျက်သမား အကြမ်းဖက်သမား သူပုန် သူကန် ဆိုတာမရှိဘူး သစ္စာဖေါက်လောက်ကောင်ဆိုတာမရှိဘူး နို်င်ငံရေးအကျဉ်းသား ဆိုတာမရှိဘူး၊ အားလုံး ဟာ တိုင်းချစ်ပြည်ချစ်တွေ နိင်ငံတော်နဲ့ နိုင်ငံသားတို.အတွက်သူ.နေရာ နဲ့သူ သူ.နည်းနဲ့သူ ဆောင်ရွက်နေကြတာချည်းဘဲ၊ လူအခွင့်းအရေး ပဋိန်ဥဉ် ကုလစာတမ်းမှာတောင် ခွင့်ပြုဖေါ်ပြထား သလိုလို ပြောနေကြတယ် ။



လေထဲ တိုက်အိမ်ဆောက် ။ ကြွက်သေတခု အရင်းပြုဆိုတဲ့ ပုံပြင်တွေ ကြားဘူးကြပါလိမ့်မယ် ၊ကိုယ်ကိုယ်တိုင်လဲ စိတ်ကူးယဉ်ဘူးကြပါလိမ်.မယ်၊ လ ပေါ် လူတွေရောက်ခဲ့ တယ် ဆိုတာဟာ စိတ်ကူးယဉ်မှူက စခဲ့တာပါ ။ လူတွေဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ်ရှိကြတယ် ၊ တခါတလေမှာ စိတ်ကူးယဉ်သူကို ဘေးလူတွေက အရူးလို.တောင် ထင်ကြတယ် ၊ သူတို.လဲ စိတ်ကူးမယဉ် ဘူး သူတွေ မဟုတ်ပါဘူး၊ စိတ်ကူးတွေယဉ်ပြီးး ယောင်ယမ်း ကန်မိလို. အိုး ခွက် ပန်းကန် တွေတောင် ကွဲရှ ဆုံးရှုံးရတာကို ရှက်လို. ၀န်မခံနိုင်ဘူး။ သူသူ ငါငါ အားလုံးဟာ စိတ်ကူးယဉ်နဲ့ အရူးကြီး အရူးလေး ဖြစ်နေကြသူတွေ လို.ပြောရင် ဘယ်သူ.ကိုမှ စော်ကားတာ မဟုတ်ပါဘူး ၊ မြင်တဲ့အတိုင်းပြောတာပါ ဘုရားဟောမှာလဲ လူတွေဟာ ဥမ္မတက္ကော လို. ရှိပါတယ် ။ အရူးပြောလို.ဒေါပွရမယ်ဆိုရင် ဘုရား ဂေါတမ ကိုသာ အပစ်တင်ပေတော့။



ကလိထိုးရင် ယားတတ်သူတွေရှိတယ်။ မြန်မာဆိုတာ ၂ ယောက်ထဲ နေရင် တောင် မတဲ့ဘူး၊ ရန်ဖြစ်တတ်ကြတယ် တဲ့၊ မြန်မာမှဘဲလား စကားပြော မတဲ့ရင် ဖြစ်တတ်တာဘဲ ၊ အဓိပါယ်ကောက်မှားရင် ဖြစ်တတ်တာဘဲ။ ဒါကြောင့် များလား မြန်မာတွေဟာ စကားသိပ် အပြောဘူး နှုတ်ပိတ် ရေငုံနေကြတာ
များတယ် တဲ့။ ဟုတ် လိမ့်မယ် ၊ စကားများ များပြောရင် အမှားပါတတ်တယ် တဲ့ ၊ အလုပ်များများ လုပ်ရင် ထောင်ကျ တတ်တယ် တဲ့ လား ၊ တမျိုးကြီးဘဲ နော်၊ ဒါကြောင့်ဘဲလား မသိ၊ မလုပ် မရှုတ် မပြုတ် လို.လဲ ပြောကြတာထင်ပါရဲ့ ။



နိုင်ငံထူထောင်ရာမှာလဲ နိုင်ငံသားတွေ ဟာ သူတို.နိုင်ငံကို ဘယ်လို တည်ထောင်ရရင် ကောင်းမလဲဆိုတဲ့ စိတ်ကူးတွေ ရှိကြမှာကတော အမှန်ပါ၊ အနဲဆုံးတော့ သူတိုတဦးချင်းဟာ သူတို.ဘ၀ကို ကောင်းအောင် ဘယ်လို တည်ထောင်မယ် ဆိုတဲ့ အကြောင်းကောင်းတွေ စိတ်ကူးကြံစည်မှူတွေ နည်းလမ်းရှာဖွေမှူတွေ တော့ရှိမှာပါဘဲ ၊ ဒီလို နိုင်ငံသားတွေ နဲ.ြ့ပည်စုံတဲ့ နိုင်ငံတခုဟာ အင်္ဂါ ၅ ပါးထဲ က အရေးကြီးတဲ့ အင်္ဂါတပါးပြည့်စုံနေပြီ ဖြစ်ပါတယ်၊ နိုင်ငံ/တိုင်းပြည်ကို နိုင်ငံသား/တိုင်သူပြည်သားတွေက တည်ဆောက်တာဖြစ်ပါတယ်၊ အစိုးရ ဆိုတဲ့ထဲမှာ ပါဝင်သူတွေဟာလဲ တိုင်းသူ ပြည်သားတွေက ရွေးကောက်တဲ့ တိုင်းသူပြည်သား အချို.သာဖြစ်ပါတယ် မိုးကျ ရွှေကိုယ်တွေ မဟုတ်ပါဘူး။



မှန်ပါတယ် ၊ ဒီလူတွေထဲက ဘယ်သူ ဟာ ဖွတ် ထွက်တဲ့ တောင်ဘို.လဲ ဆိုတာ တနိုင်ငံလုံးက နောက်မှသိရမှာ သူနဲ့ အနီးဆုံးသူတွေကတော့ သိမှာပါ ၊ အဲ ဒါဘာဖြစ်သလဲ ဒီမိုကရေစီဘဲမဟုတ်လား လို.တောင် သတ္တိပြလိုက်
အုံးမယ် ၊ ဒီကလဲ ဒီမိုကရေစီမှာ လူကိုသည ပြောထားပါတယ်- တောင်ဘို.နဲ့ ဖွတ်မပါ ပါဘူးလို. ထောက်ပြမှာဘဲ ။ တောင်ဘို.ကို ဘုရားမှတ်သူတွေ ထွက်လာတဲ့ ဖွတ်ကို အနဲဆုံး တောင်ဘို.စောင့် နတ်ကြီးလို ထင်မှတ်သူတွေရဲ့ အသိပညာဥာဏ်ကို ခန်.မှန်းနိုင်ပါလိမ်မယ် ။ ဘယ်သူက ဘယ်သူကိုရွေးလိုက်
တယ် တိတိကျကျ ပြောဘို.ခက်သည့်တိုင် သူတို.မဲဆန္ဒနယ် သိရင် ၊ အဲဒိနယ်
က မဲဆန္ဒရှင်တွေကြားမှာအသိပညာဥာဏ်နဲသူတွေ ရှိကြတယ် ဆိုတာ သေချာ
ပေါက် သိရတယ်။ ဒါတွေဟာ သတိထားရမဲ့ အချက်တွေပါ၊


ကိုယ်အတတ်နဲ့ကိုယ်ဆူး နှုတ်လိုမရ ဘူး ၊ ဘယ်သူမပြု မိမိမှူ ဆိုတာတွေ ဟာ ဒါမျိုးတွေဘဲတွေ ဖြစ်ပါလိမ့်မယ် ။ ဖွဲ့စည်းပုံအခြေခံမှာ ပြည်သူကိုစားလည်ကို ပြန်လည် ရုတ်သိမ်းနိုင်ခွင့်ပေးထား တယ် ။ လုပ်ပုံ လုပ်နည်းတွေလဲပြောထား
တယ် ကိုယ် ကြိုက်တာ မကြိုက်တာနဲ့ ဘာမှမဆိုင်ဘူး မဲဆန္ဒရှင်တွေရဲ. သဘော
လို.ဆိုထားတယ် ။



၁၉၄၈ ခုက လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာ အချိုလူတွေစွပ်စွဲပြောဆိုသလို ပန်ကါအောက်မှာ စာပွဲ ကုလားထိုင်နဲ့ထိုင်ပြီး ဒူးနှံ့ဇိမ်ခံ ကိုယ်ကျိုး ရှာနေကြတာဟုတ်မယ်မထင်ဘူး ၊ လုံးဝမရှိုဘူးလို.တော့လဲကိုယ့်အနေ နဲ့တာဝန်မခံနိုင်ဘူး၊ ဘာဖြစ်လိုလဲဆိုတော့ အချို.လူတွေဟာ တပ်ကထွက်ပြီး ပုဂလိကစီးပွားရေး ကောင်းရောင်း ကောင်းဝယ်လုပ်စားကြတာတွေ.ရှိတာတော့ သိတယ် ၊ ဘယ်လိုအဆက်အသွယ်တွေနဲ.လဲတော့ မသိဘူး။ အထက်က လူကြီးတွေနဲ့ အဆက်အသွယ်ရှိသူ ၊ ပါတီကို

ငွေလှုလို.တနည်း အားဖြင့် အခွင့်အရေး ၀ယ်ယူတာလား ၊ မျက်နှာလုပ် တာလား ၊ လဘ်ထိုးတာလား ၊ ဘာ့ကြောင့် လှုတာလဲလို. တွေရင်း ၊ နိုင်ငံတော် အစိုးရကို ပေးဆောင်ရမဲ့ ၀န်ဆောင် ခတွေ အပြည့်အ၀ ပေးဆောင်ပြီြး့ပီလား၊ အားလုံးကင်းရှင်း ပြီးသား ဆိုရင် နိဗ္ပာန်န ပစ္စယော ဟောတု ဘဲလို.ဘဲ ထင်မိတယ်၊ ကိုယ်ထင်ခြင်တာထင်လို.ရတယ်လေ ၊ သာဓု ၃ ကြိမ်ခေါ်ရမယ် ၊ ဘယ်သူ.ကို ဘာမှ မစွပ်စွဲဘူး၊ သူခိုး ဒါးပြ လူလိမ် လူကောက်ဆိုတာ နိင်ငံတကာမှာ ရှိတယ် ။ လှူသူဟာ အဖျက်သမား ဗုံးခွဲသမားတွေကို ရော ဒီလိုများ လှူနေသလားလို.တော့ ကိုယ်ဟာ ကို ကြိတ်ပြီး တွေးမိတာတော့ အမှန်ဘဲ။ မဖြစ်နိုင်ဘူးလို. မပြောနိုင် ဘူးလေ။ ဆက်ကြေးပေးတာတို. ပရှိတက်ရှင်းဖီး ဆိုတာတွေက လဲ ရှိသေးသမို.လား ။ ဘယ်ကရောက်လာတဲ့ ထုံးစံ ယဉ်ကျေး မှူတွေ လဲ တော့ မသိဘူး ။



ဆက်ပြောရရင် ၁၉၄၈ ခုက လွတ်လပ်ရေးခဲ့တဲ့မြန်မာနိုင်ငံမှာ ခေတ်မီ ဖွံဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်ဆိုသူ တွေအားလုံး၊ အစိုးရ အသီးသီးတွေအားလုံးက မူဝါဒတွေချ၊ စီမံကိန်းတွေချပြီးနည်းအမျိုးမျိုးနဲ.ဆောင်ရွက်ခဲ့ကြတာကို လူတိုင်း သိခြင်မှသိမယ် ။ မသိသူလဲရှိမယ် ။ မသိခြင်ယောင်ဆောင်သူတွေလဲရှိမယ် ။ နိုင်ငံ ထူထောင်ရတာထိမ်းသိမ်း ရတာ ခေါင်းဆောင်တွေ ဘယ်လောက်ခက်ခဲ ရှိခဲ့သလဲဆိုတာ သိသူတွေ သိကြပါ
လိမ့်မယ် ။



စကားအရာ ပြောရရင် တော့ မြန်မာနိုင်ငံ တိုးတက်ဖွံ.ဖြိုး အောင် လုပ်ဘို.နေနေသာသာ မြန်မာနိုင်ငံရှိနေတာတောင် တသက်လုံး ဖုတ်တဲ့ ငါးပိ ရှိလေတောင် မထင်သူ ၊ ဗမာဆိုရင် မသိခြင်ပါဘူးလို.ပြောခဲ့သူ ၊ မကောင်းတတ်လို. အမေ သေခါနီးမှ မြန်မာနိုင်ငံကို လေယဉ်မောင်းသမားပို.ပေးလို အူယားဖါးယား ရောက်လာတဲ့ အမျိုးသမီးကို မြန်မာတွေ က ဖအေ့မျက်နှာနဲ. ပုခူံးပေါ်ထမ်းတင်လိုက်ကြတာမှာ နိုင်ငံနဲ့ လူမျိုးကို ချစ် ချစ် တချစ်ထဲ ချစ်သွားတာ ၊ ချီးကျရာပျော်တဲ့ ကြက်မကြီး တကောင်နဲ.ဘာမှ မခြားဘူး ။ ဘာကြောင်.များပါလိမ့် ၊ လှိုင်းစီး လေစီး ရေစီးနဲ့ လိုက်ရတာ သိပ်တော့ မခက်ပါဘူး ။ ဒါတွေကတော ပြီးခဲ့ပါပြီ။ လူဆိုတာ သူဇါဂနဲ့ သူဘဲမို.သတိတော့ထားရမယ် ၊ ရရင်ရ မရရင်ချ စိတ် ကလေး ကတော လူတိုင်းမှာ
ရှိကြတယ် ဆိုတာ သူလဲ သိမှာဘဲ ။ သူ.အကြောင်း သိသူတွေ အမှန်ကိုသိတဲ့ မျက်မြင် သက်သေတွေ နားကြားသက်သေ တွေ မသေကြ သေးပါဘူး ။ ပြောမကောင်းလို.ဘာမှ ထူးမှာ မဟုတ်ဘူးဆိုပြီး သူကိုညှာတာတဲ့သဘောနဲ. မပြောဘဲ နှုတ်ဆိတ်နေကြတယ်၊ မှန်ပါတယ် ဘာမှလဲ ပိုထူးလာမှာ မဟုတ်
ပါဘူး၊၊



ကြားဘူးကြမှာပေါ့ ကူလအတွင်းရေးမှူုးချုပ် တယောက်ဖြစ်ဘူးတဲ့ Kurt Waldheim ( Austria )ဟာ နာဇီပါတီဝင် အမှုထမ်း ဖြစ်တယ်ဆိုတာ သူ သမတလောင်းအဖြစ် စာရင်းတင်မှ ဖေါ်ထုနတ်ခဲ့ကြတယိ ကုလမှာ ၁၀ နှစ် ၁၀ မိုး လုပ်နေတုန်းကတော့ ဘယ်ခွေးမှမဟောင်ခဲ့ဘူး၊ ဘယ်လူမှလဲ ပါးစပ် မဟ ကြဘူး ။ နာနာဘာဝ ၀ိနာဘာဝ ဆိုတာ ရှိတယ် သူရဲချောက်တတ်တယ် ဆိုတာရှိတယ် ၊ မြန်မာတွေလဲ အစိမ်းသေ သေတဲ့ သူရဲတွေရဲ့ အချောက်ခံ
နေကြရပုံ ရှိတယ် ။



၁၈၈၆ ခုမှာ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်က မတရားသိမ်းပိုက်တုန်းက မြန်မာနိုင်ငံဟာ သီပေါမင်း စိုးစံ နေတဲ့ တခုတည်းသော နိုင်ငံ ဖြစ်တယ် ။ တခုတည်းသော မြန်မာနိုင်ငံတည်ထောင်ခဲ့သူတွေ ၊ တည်ထောင် ဘို.ကြိုးစား သူတွေမှာ အောင်မြင်သူတွေရှိသလို မအောင်မြင်သူတွေလဲ ရှိကြတယ် ၊ အောင်မြင်သူတွေ ဟာ မြန်မာ အင်ပိုင်ယာ ဆိုတာတောင် တည်ထောင်နိုင်
ခဲ့ကြတယ် ၊ နောက်ပိုင်းမထိမ်းသိမ်းနိုင်လို.တခုထဲသော မြန်မာနိုင်ဖြစ်ဘို.နေနေ သာသာ ရှိတဲ့ နိုင်ငံ မပြို ကွဲသွားရအောင်ဘဲ ခေါင်းဆောင်တွေမနဲ
ကြိုးစားခဲ့ရတယ်။ လမ်းကတော့ မဆုံးသေးပါဘူး ။ မြန်မာနိုင်ငံဆိုတာ တချိန်က ပျောက်သွားဘူးတယ် ဆိုတာ မှတ်မိကြမှာ ပေါ့။ နိုင်ငံတော် ဟာ အဒွန်.မရှည် ဘူးလို.ပြောရမယ်လား ၊ မတည်မြဲသေးဘူးလား ဘဲ။



အသက်ပေါင်းများစွာပေး၊ စတေးပြီး ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရခဲ့တဲ့ မြန်မာနိုင်ငံမှာ မြန်မာတွေအားလုံး ဟာ လွတ်လပ်ရေး ဆိုတဲ့စကားကို သူ.ကျွန်သဘောက်ဘ၀က လွတ်မြောက်ရေး လို ဘဲ နားလည် လိမ်.မယ် ၊ အမေရိကန်ပြည်ထောင်စုမှာ ၁၈၆၁ မှ ၆၅ ထိ ကျွန်စံနစ်ဖျက်သိမ်းရေးစစ်ပွဲ (သို.) အမေရိကန် ပြည်တွင်းစစ် ဆိုတာဖြစ်ခဲ့တယ်။ ကပ္ပလီ ဆိုတဲ့ လူမဲ နီးဂရိုး တွေ ကျွန်ဘ၀က လွတ်မြောက်ခဲ့ကြတယ် ၊ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်ဟာ ပြင်သစ် ၊ အင်္ဂလိပ်. မက္ကစီကို တိုနဲ့စစ်ဖြစရတာ လွတ်လပ်ရေး
စစ်ပွဲတွေ တိုကခိုက်ခဲ့ရတာ မနဲဘူး ။ မြန်မာတွေဟာ ကျွန်ဘ၀ကို ဘယ်နည်း ဘယ်ပုံနဲ့မှ ပြန်မရောက်ဘူးလို.မှတ်ခဲ့လိမ့်မယ် ၊ ဒါကတော ကျွန်ပြုနည်း ဘယ် နှမျိုးရှိတယ် ဆိုတာ မြန်မာတွေလိပ်ပတ်မလည် လို.လဲဖြစ်လိမ့်မယ် ၊ လူပါး မ၀ လို.လဲ ဖြစ်နိုင်တယ် ၊ တကယ်တော့ မြန်မာတွေဟာ ရိုးသားသူတွေမို.လဲ သူများလှဲ့ခြင်တိုင်း လှဲ.ံတာကို ခံနေရတာဘဲ ၊ သနားစရာသတ္တ၀ါတွေ ဆိုရင်ပို မှန်မယ် ။



မေတ္တာ ထားခြင်း၊ ခွင့်လွတ်ခြင်းတွေရဲ့ ဏ္ဍုတိယ တန်ခိုးတွေနဲ့အခုဆိုရင် နိုင်ငံရေး ၊စီးပွားရေး လူမှုရေး တွေမှာ သူ.ကျွန်သဘောက် ပြန်ဖြစ်လာကြပြီ ဆိုတာတောင် ရိတ်စားမိကြပုံမရှိဘူး ။ အူမ မတောင်.လို သီလ မစောင့်နိုင်ဘူး များပြောကြမလား မသိ ။ ဘာသာရေး သာသနာရေး ပိုင်းမှာဆိုရင်လဲ ခရစ်ယန်နဲ့ အစ္စလမ် တို.ကြားမှာ ထွန်.ထွန်.လူး နေရတယ် ၊ ဘာသာ သာသနာထွန်းကားရေးတာဝန်ရှိသူတွေဟာ လုပ်ရမဲ့ အလုပ်မလုပ် ၊ မလုပ်ရမဲ့ အလုပ်လုပ်ပြီး အဂတိလိုက်စားနေကြတယ်။ ဖြစ်ခြင်း ပျက်ခြင်းဟာ သဘာဝ လို. မြန်မာတွေ စွဲမြဲစွာယုံကြည်ကြတယ် ။ ဟောသူက လဲဟောတယ်၊ ပြောသူကလဲ ပြောတယ် ။ ပျက်လျှင်အစဉ် ပြင်လျှင်ခဏဆိုပြီးလဲဆိုရိုးစကား
ရှိတယ် ပျက်တာကို ပျက်တဲ့အတိုင်းဘဲ ထားရင် ထာဝရ အစဉ် အပျက်ကြီး ဖြစ်နေလိမ့်မယ်၊ ပြင်လိုက်ရင် ခဏနဲ့ကောင်းသွားနိုင်မယ်၊ ဒီကတော့ ဒီလိုဘဲ
သဘော ပေါက်တယ် ။


တခုထဲသောမြန်မာနိုင်ငံဖြစ်ရေးဆိုတာကို အစဉ်တစိုက်ဆောင်ရွက်ထိမ်းသိမ်းခဲ့.လိုလဲပြည်ထောင်စုသမတမြန်မာနိုင်ငံ ဆိုတာ ဒီနေ.တည်ရှိနေပေမဲ့ခေါင်းဆောင်
တွေဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေကြရသလိုဖြစ်နေတယ် ၊ မြန်မာစကား
မှာ ပြည်ထောင်စု ဆိုတာ ရှင်းနေတယ် ၊ အင်္ဂလိပ်စကားမှာ ယူနီယံ နဲ ယူနိက်တက် ဆိုတာကွဲတယ် ၊အနှစ်သာရခြင်း မတူတာတွေ ဖြစ်နိုင်တယ် ။ စကားအသုံးအနှုန်း ကွဲပြားမှု ဟာ အနှစ်သာရ ကွဲပြားမှုကို ဖေါ်ပြတယ် ။ စကားလုံး လေသံကွဲုမှု ကြောင့်လဲ အဓိပါယ် ကွဲပြားခြားနားမှုကို ဖြစ်စေတာ

အမှန်ဘဲ ၊ လောကကြီးမှာ မတူသော အချင်းအရာတွေဟာ တပုံကြီးဘဲ ။ ဒါကြောင်လဲ ယူနီယံ မဟုတ်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကို လိုလားကြောင်း တချို.ကတင်းခံ နေကြတယ် ။ ဆိုဗီယက်က ယူနီယံ ခဲ့တာကြောင် မြန်မာတွေ

ကလဲ ယူနီယံ ခဲ့ တာလားလိုယူဆရင် ဖယ်ဒရယ် ကရော ဘယ် ဖယ်ကို ဒရယ်ကြတာလဲ လို.မေးမယ် ၊ အမေရိကန်စံနစ်ဟာ မြန်မာတချို.လို လူမျိုးနဲ့ ဘာသာပေါ်မှာအခြေ မခံဘူးဆိုတာပြောဘူး ပြီး ပြီ။



မြန်မာနိုင်ငံတခုတည်းသော နိုင်ငံမဖြစ်စေလိုသူတွေက ကွဲပြားခြားနား
နေတဲ့ တိုင်းရင်းသားလူမျိုးစူတွေ အကြောင်း ပြခဲ့တာ ၁၉၄၈ ခုနှစ်မတိုင်ခင်
ကတဲ ကဘဲ၊ အင်္ဂလိပ်အုပ်ချုပ်ခဲ့တာဆိုတော့ သူတိုအပေါ်ဘဲ သတ္တုချရမယ်၊ သူတို. အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေအားလုံးဟာ အကွဲအပြဲချည်းဘဲ၊ ဒို.ရဲ့ အိမ်နီးချင်း
ကုလားပြည်ဆိုရင် ၃ နိုင်ငံ ကွဲရတယ်၊ တရုတ်ပြည်ဆိုရင် လဲ ၃ နိုင်ငံကွဲရတဲ့ သာဓကတွေ ရှိတယ် ။ မြန်မာကို တနိင်ငံထဲဖြစ်ဘို. ၁၉၅၈-၅၉ မှာ ကြိုးစား ပြန်တောလဲ ၁၉၆၁ ခုမှာ လူမျိုးစု အချို.ရဲ့ချိန်းချောက်မှူတွေကြောင့်(ပထစ) အစိုးရဟာ အစစအရာရာ ဘာမှ မထိမ်း နိုင်တောတဲ့ အခြေရောက်လို. ၁၉၆၂ ခုနှစ်က စစ်ဖက်က အာဏာသိမ်းပြီ်း မြန်မာနိင်ငံဟာ မြန်မာပိုင် ဖြစ်လာတာ
တွေ ကို လူတွေကိုယ်တိုင်ပါဝင်ခဲ့ပေမဲ့ တန်ဘိုးမထားခဲ့ကြဘူး ။ တဖက်ကလဲ ဆီ ဆံ ဆား ငြုတ် ကြက်သွန်. ထမီ အင်္ကျီ ခွဲတန်းချနေတာကို တန်းစီနေခဲ့
ကြရလို.လဲ၊ သူတိုဘာလုပ်လို.ဘာကိုင်တယ်ဆိုတာမသိ၊ သတိထားခြင်မှ ထားလိုက် မိကြမယ်၊ အတိမ်အနက်ကိုမသိ ၊ တနေ. ၄ ကျပ် နေ.တွက်ရရင်
်ပြီးရော နဲ့ ကျေနပ်နေခဲ့ကြတယ်။၊


အဲဒါလို မြန်မာနိုငငံရဲဖြစ်ပျက်ပြုပြင်ပြောင်းလဲမှုတွေကိုကြုံခဲဘူးသူတွေကတော့ မြန်မာနိင်ငံရော နိုင်ငံသား တွေရဲ့ လူနေမှုအဆင့်အရပ်ရပ်ဟာ ဘယ်လောက် တိုးတက်တယ်၊ မတိုးတက်ဘူး ဆိုတာ သိကြတယ် ။ ခေတ်ကာလ ကွဲပြား ခြားနားသလို၊ ကွဲပြားသောလူတွေရဲ့ အသိစိတ်တွေကလဲ ကွဲပြားတယ် ။ လူနေမှု အဆင့်အတန်းဟာလဲ အစိုးရရဲ. အထွေထွေ မူါဒတွေနဲ့ပါတ်သက်
ခြင်းမရှိဘဲ ၊ ကွဲပြား ခြားနားကြတယ် ဆိုတာရှိတယ် ။ အစိုးရ တွေက ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး လို ပြော ကြတယ် ၊ ဘယ်သူတွေအပိုင်းက ချိုးယွင်းသလဲဆိုတာကတော့ ကိုယ့်ရှူဒေါင်နဲ့ ကိုယ်ပေါ့။

ဆက်ရန်