Article submitted by: minkyaw thuyein on 7-Mar-2013  
တရားဥပဒေ စိုးမိုးရေးတဲ့ လား ။
ဒို.လူကလေးများဆိုသလေး ။

ဒီဘာသာရပ်ကို အလျှင်းသင့်တိုင်း မကြာခဏပြောဘူးပါတယ် ။ နောက်ဆုံး ၂၀၁၂ ခု အောက်တိုဘာ ၁၂ ရက် က ပြောခဲ့ဘူးတယ် ။ နားမငြီးပါနဲံ.မောင်တို.ရယ် အလိုအပ်ကြီး လိုအပ် လို.ပါ၊ အခုဟာကို Up-date or Revision လို.ဘဲမှတ်လိုက်ပါ၊ သတိဆိုတာ ပိုတယ်လို.မရှိပါဘူး တဲ့။

ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆိုတာဟာ ဥပဒေရဲ့ကင်းလွတ်ချက်တွေမဟုတ်
ပါဘူး ဥပဒေဘောင် အတွင်းက အတိုင်းအတာ အကန်.အသပ်နဲ.သာ ဖြစ်တယ်ဆိုတာ သိကြဘို.လိုပါတယ် ။ ဒေါသ ပါသွားတာ ၊ စိတ်လိုက်မန်ပါ ဖြစ်သွားတာကို စိတ်ရောကိုပါ ဖြစ်သွားတယ် ၊ တက်ကြွစွာဆောင်ရွက်တယ်လို.လျှောက်လှဲလို.မရပါဘူး ။ တက်ကြွ လွန်းရင် အားကြီးသွားတဲ့ အခါ ဒီမိုကရေစီနိုင်ငံတွေမှာတောင် လူအများအေးချမ်းသာယာစွာနေမှူကို နှောက်ယှက် ခြင်းဆိုတဲ့ (Disturbing the Peace) ဆိုတာနဲ့ တရားစွဲ ရုံးတင်ခံရနိုင်တယ် ၊ ကိုယ်အဓိပါယ်နဲ့ ကိုယ်ပြောရရင်တော့ သူတပါးရဲ အေးချပ်းသာယာစွာ နေထိုင် သွားလာ လုပ်ကိုင်ခွင့် လူ.အခွင့်အရေးကို ဖေါက်ဖျက်ခြင်းဘဲ ။ သောက်မြင် ကပ်လို. လုပ်တဲ့ ဥပဒေပုဒ်မ မဟုတ်ဘူး။

တရားဥပဒေစိုးမိုးရေးဆိုတာ အင်မတန်မှကြားလို.ကောင်းတဲ့ လေသံဘဲ ။ ကရ၀ိတ်သံကြိုးကြာသံတို.လို သာယာပါ ပေတယ် ။ မှန်တာပြောရရင် ကြိုးကြာ ဌက်ကိုတော့ သိတယ် မြင်ဘူးတယ် အသံလဲကြားဘူးတယ် ၊ ကရ၀ိတ် ဆိုတာ ကိုတော့ ရန်ကုန်ကကန်တော်ကြီးထဲမှာဘဲ မြင်ဘူးတယ် အသံတော့ မကြားဘူး ဘူး ၊

ကမ္ဘာပျက်တုန်းက ကမ္ဘာဦးအစ တိရိစ္ဆာန်ကြီးတွေ ပျောက်သွားတယ် လိုသိရတယ် ။ လူတွေကတော့ အပုန်းကောင်း လို.လွတ်ခဲ့ဟန်ရှိတယ်။ ကန်တော်ကြီးထဲက ကရ၀ိတ်ဟာဘယ်ကာလကျရင် ရုပ်ကြွင်းဖြစ်မလဲ
မသိဘူးလို.လူတွေ က ပြောကြတယ် ၊ ကရ၀ိတ်ကြီးက အခုတောင် ကျောက်ဖြစ်နေပြီ တဲ့ ။

ပြောခြင်တဲ့အကြောင်းက တရားဥပဒေစိုးမိုးရေးပါ ။ တရားဥပဒေ စိုးမိုးရေးလို. ကြားလိုက်ရတော့ မြန်မာနိင်ငံမှာ တရားဥပဒေ မရှိသလို၊ မစိုးမိုးသလိုဖြစ်နေလို.ဘဲလား ထင်စရာပါ ၊ စဥးစကြည့်ပြန်တော့ အစိုးရက ဥပဒေ အရ ပြင်းတန်စွာ အရေးယူတာတွေကို မခံနိုင်လို. မကြိုက်လို.လား ၊ ဥပဒေတွေကဘဲ မတရားလို.လား၊ ဥပဒေ ထိမ်းသိမ်း သူတွေကဘဲ မတရားလုပ်နေကြလို.လား၊ ဥပဒေလိုက်
နာရမဲ့သူတွေကဘဲ ဥပဒေမဲ့သူ သူခိုး ဒါးပြ လူလိမ် လူကောက် ၊ သူပုန် သူကန်
တွေကို ဥပဒေအရ ထိရောက်စွာ အရေးယူစေခြင်လို.လား အစရှိတဲ့ လား
ပေါင်းများစွာဘဲ ပေါ.။ ပြောမယ်ဆိုရင် သူဖက် ကိုယ်.ဖက်ပြောစရာတွေကြီး
ဘဲပေါ။

တရားဥပဒေ စိုးမိုးစေခြင်သူကရော ဥပဒေတွေကို ဘယ်လောက်လေးစား
လိုက်နာသလဲ။ဒီလိုမေးခွန်းမျိုးကို တချို.က ကြိုက်ပုံ မရှိဘူး ကိုယ့်ဟာကိုယ် မလုံလို.ဘဲလား၊ အာဏာဟူသမျှဖီဆန်ကြ ငါပြောတာလုပ်-ငါလုပ်သလို မလုပ်နဲ့ လို. ဆိုနေတာလား ၊ ကလိ ထိုးရင် လူတွေဟာ ယားတတ်တယ် ။ နိုင်ငံရေးမှာ ကလိ ထိုးတာ ထေ့တာ ငေါ့တာတွေ ဟာ မဆန်းဘူး၊ ကိုယ်ကိုယ်
တိုင်က ယားတတ်ရင် သူများကို ကလိမထိုးနဲ့ပေါ့၊ သူများကိုလဲ မထေ့နဲ့ မငေါ့နဲ့.၊ ဒီလိုပြော လိ.ု တရားတယ် ထင်သလား။ တရား ဆိုတာက ပြောရရင်
ကိုယ်ချင်းဆာ တရား ဘဲ ပေါ့ ၊ ပြောဘူးပါတယ်။

ကမ္ဘာမှာ ပဌမဆုံး သော ဥပဒေဟာ ဟာမူရာဘီ ဆိုသူပြုစုတဲ့ ဥပဒေ ၁၂ ကျမ်းလို.ကျော်ကြား အသိအမှတ်ပြု မှတ်တမ်းတင်ထား ကြတယ်၊ ခရစ်ယန်ကျမ်းစာမှာ "ဆိုင်နိုင်"တောင်ပေါ် တက်သွားတဲ့ မိုးဇက်ကို ဂေါ့(ဒ) ပေးလိုက်တဲ့ ပညတ်တော် ၁၀ ပါး ဆိုတာလဲ ရှိသေးတယ် ၊အခြေခံ ဥပဒေ လို.များဆိုမလား ။

မြန်ာမာနိုင်ငံနဲ.ပါတ်သက်ရင်တချိန်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေဟာ တချက်လွှတ် အမိန်.ဆိုတာတွေနဲ့ ဒါးမိုးပြီး အုပ်ချုပ်ခဲ့တယ် ဆိုတော့ ဘယ်လိုနားလည်ရမှန်းတောင် မသိတာအမှန်ဘဲ။ ဘုရင် ဘုရားတည်တာမှာ အုတ်စီဘို ပျက်ကွက်ြကတဲ့ ကလေး ၂ ယောက် (ရွှေဖျင်းညီနောင်) ကို သင့်တော်သလို ဆုံးမလိုက်ပါလို.ဘုရင် အနော်ရထာအမိန်.ရှိတော့၊ ၂ ယောက်စလုံးကို ကျန်စစ်သားက အသေ သတ်ပစ်လိုက်သတဲ့ ။

ရွှေဖျင်းညီနောင်ဟာ ကုလားကပြားတွေ မို.လား၊ ဘုရင်အရေးပေးတာ ခံရသူတွေ မို.လား၊ လူကြီးတွေစကား နားမထောင် ဆော့လွန်းပြီး ဘုရင်ကလွဲရင် အခြားလူတွေကို လူမမှတ်လို.မျက်မုန်ူကျိုးနေကြလို. ထိလဲ မထိရဲကြတော့ ဘုရင့်အချစ်တော် ကျန်စစ်သား ကိုဘဲ ဒီမိုကရေစီ အရ ၀ိုင်းမြောက်ပေးလို့ဘဲလား ။ စဉ်းစားစရာတွေကတော တပုံကြီးဘဲ ကိုယ်ကြိုက် သလိုသာ စဉ်းစားကြပေတော့ ။

အစ္စလမ် ဆိုတဲ့ မွတ်စလင် နိုင်ငံ တချို.မှာ ခိုရန်ကျမ်းခာ ရှီယားဥပဒေနဲ.အုပ်ချူပ်ကြတယ်လို.သိရတယ် ဘယ်ဥပဒေ တွေနဲ့ဘဲ အုပ်ချူပ် ချုပ် ဥပဒေ လိုက်နာသူ ချိုးဖေါက်သူတွေကတော့ ရှိစမြဲဘဲ ။ ဥပဒေတွေကို မိမိအပါအ၀င်လူတိုင်း ကလိုက်နာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အုပ်ချုပ်သူတွေ ရဲ.တာဝန်။ ဒါဟာ အဓိက။

မြန်မာနိုင်ငံဟာ ဗုဒ္ဒဘာသာနိုင်ငံ ဖြစ်တာတော. မှန်တယ် ၊ နေ.စဉ် ကံ ၅ ပါး ၊ ၁၀ ပါး စောင့်ထိမ်းကြဘို.အပါအ၀င် ဘာဘာ ညာညာတွေ ပြောထားပေမဲ့ ပစ်မှုတစုံတရာ ကျုးလွန်ခဲ့ရင်. ဘယ်လို အပစ်ပေးမယ် ဆိုတာကတော ဘုရင် ပေါ်မှ ဘဲ တည်တယ်လို. သိရတယ် ၊ ဗုဒ္ဒဘာသာ ဥပဒေရယ်လို.တော့ မကြားဘူး ဘူး ထူံးတန်းစဉ်လာ ဓလေ့အရ ဆိုတာတော့ ကြားဘူးတယ်၊ ၊ ဘုရင်ဟာ စေတလုံးပိုင်ရှင် ရှင်စေ သေစေ. လူတိုင်းရဲ့ အသက် ဦး ဆံ. ဥစ္စာ ပစ္စည်း တွေကိုပါ ဘုရင် ပိုင်တယ်၊ ဘုရင် ပေါ်မှာ မူတည်တယ်၊သူစီမံရာခံရ
တယ် လို.လူကြီးတွေ ပြောတာ ကြားရ မှတ်ရဘူးတယ် ။

ဓမ္မသတ် ၊ ရာဇသတ် ဆိုတာတွေ ဥပဒေ လောကမှာရှိတယ် ၊ တရားမမှု ရာဇသတ်မှု ဆိုတာမျိုး၊၂ မျိုးခွဲထားတယ် လို.ဆိုတာကြားဘူးတယ် ။ မြန်မာနိုင်ငံမှာ ဘုရင် အုပ်စိုးစဉ် ခေတ်က နန်းတော်အပြင်က ဟစ်တိုင် ဆိုတာမှာ လာရောက် တိုင်ကြားကြရတယ် တဲ့၊ ယနေ.မန္တလေးနန်းတော်ရှေ. မုဒ်ဝမှာ ဟစ်တိုင် ဆိုတာကို အထင်အရှား တွေ.ရတုန်းဘဲ။ အဲဒီအချိန်က ဆန္ဒပြပွဲတေံယ ချီတက်ပွဲတွေ ဘုရင်ကို ဆန်ကျင်ပွဲ တေါ့မှာ ပြည်သူလူထု ကိုယ်ထိ လက်ရောက် မပါဘူး နန်းတွင်ထဲမှာဘဲ ကြိတ်ဖြစ်သွာြး့ပီးမှ ဘယ်သူ
ဘယ်ဝါ နန်းတက် အုပ်ချုပ်.နေပြီလို.ကြေငြာတာ တွေ ဘဲ ရှိခဲ့တယ် လို.သိရတယ် ၊ သူပုန် သူကန်ထကြွ မြိုရွာ မငြိမ်သက်မှူတွေ အကြောင်းလဲ ကြားရတတ် တယ် ။

မြန်မာနိုင်ငံအကြောင်း နားထောင်လိုက်ရင် အခုတလော ဆန္ဒပြမှူတွေ နေရာတကာမှာ ဆိုသလို ၊ ပေါ်ပေါက်နေတယ် ဟိုဟာ မကျေနပ်လို. ဒီဟာ မရလို.။ ဒါလိုခြင်လို.၊ ဥပဒေတွင်းက လုပ်နေကြတာလား အပြင်က လုပ်နေ
ကြတာလား။ အသိစိတ်နဲ့ ရိုးသားစိတ်နဲ့လုပ်နေကြသလား၊ သူများမြောက်ပေး
လို. လုပ်နေတာလား ။ ဥပဒေကို လေ.လာထားကြ သလား၊ ဥပဒေကို သိကြရဲ့
လား နားလယ်ကြရဲ.လား။ တရားဥပဒေ စိုးမိုးစေခြင်ရင် လူတိုင်ဟာ တရား
ဥပဒေကို သိရှိ နားလယ်ကြရမယ် ၊ အကြောင်းရယ်ဖြစ်လာရင် ဥပဒေကို နားမလယ်လို.ပါ၊ မသိလို.ပါ လို. ထုချေ လျှောက်လဲ စောဒက တက်လို.မရဘူး၊

ဒါမှမဟုတ် ဥပဒေ ရှိရှိ မရှိရှိ ၊ ဥပဒေက ဘာဆိုဆို ကိုယ်လူပ်ခြင်တာလုပ်မယ် ၊ ကိုယ်လိုခြင်တာ ကိုယ်ရမှဖြစ်မယ်၊ ရရင်ရ မရရင်ချ ဆိုတာ ရှိထားတယ် လေ။ ဖြစ်သမျှအကြောင်း အကောင်းကြီးဘဲ ဆိုတာ၊ အကျိုးဆက်ဖြစ်ပေါ်မှူတွေကို အပြုံးနဲ့ ဆီးကြို မယ် ရင်ဆိုင်မယ် ဆိုတဲ့ သဘောလား ။

ဥပဒေကဘာဘဲ ဆိုဆို ဥပဒေထိမ်းသိမ်းသူတွေက ဘယ်လောက်ဘဲထိမ်းသိမ်း လိုက်နာစေ ဘယ်လောက်ဘဲ တရား တရား၊ လိုက်နာသူတွေက လိုက်နာနေစေ ၊ မလိုက်နာသူတွေက လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီ လိုက်ရင်။ ဥပဒေတွေ ဟာ အလကားနီးနီး တန်ဘိုးမရှိဖြစ်သွားတယ် ။ ဒီမိုကရေစီ လူသတ်မှူတွေကို မကြာခဏဆိုသလို မြန်မာနိုင်ငံမှ တွေ.ရ တယ် ၊လူအုပ်နဲ.၀ိုင်းဖွဲ.ပြီး ဥပဒေ
ချိုးဖေါက် ကျုးလွန်မှူတွေကို ဒီမိုကရေစီ စံနစ်မှာ များသောအားဖြင့်တွေ.ရတယ်။ ဂိုဏ်းဖွဲ.တယ် ဆိုတာ တယောက်ထဲ လုပ်ရဲတဲ့ သတ္တိမရှိလို. သူခိုးသေ
ဖေါ်ညှိတာဘဲ ။ အောင်မြင်ရင် ဟီးရိုး လူစွမ်း ကောင်း ။ များသောအားဖြင့် လူဆိုးဂိုဏ်း ဆိုတာသာကြားဘူးတော့ ဂိုဏ်းဖွဲသူတွေဟာ လူဆိုးတွေဘဲ လို.ယူဆနိုင် စရာရှိတယ် ။

ဒီမိုကရေစီ စံနစ် ၀ါဒကျင့်သုံး သွတ်သွင်းတဲ့ အာဘောင် အာရင်းသန်သန်နဲ.ဟောပြောနေကြသူ ကိုယ်တိုင်ကျူးလွန် ကြတယ်၊သူတပါးကိုလဲအားပေးကြ
တာကို တွေ.ရတယ် ။ တရားဥပဒေစိုးမိုးရေးလို.အသံကောင်းဟစ်သူ ကိုယ်တိုင်
တရားဥပဒေကို ဘယ်လောက် လိုက်နာနေသလဲ ၊ အစိုးရက ဘာမှ မလုပ်နိုင်ဘူး မလုပ်ရဲဘူး ဆိုရင် ပိုမှန်မယ် ။ အကြေားင်းကြောင်းနဲ.မျက်နှာလိုက်
ခဲ့တယ်။ အစိုးရဟာ ဥပဒေစိုးမိုးအောင် မလုပ်နိုင်ဘူး ဆိုပြီး သတ္တုချခံရတာဘဲ အဖတ်တင်တယ်၊ အစိုးရဟာ သူများ အကွက်ထဲဝင်သွားတာပေါ့ ။

တနည်းအားဖြင် ကိုယ်.အမြင် ကိုယ်ရှူဒေါင့်ကနေပြောရရင် တရားဥပဒေ
စိုးမိုးရေးဆိုဟာ ဘာမှမဟုတ်တဲ့ဈေးစစ်ကွက် ထွင်ကွက်ဘဲ သူများနိုင်ငံ
တွေမှာလိုဘဲ မြန်မာနိုင်ငံမှာ ဥပဒေကို ငွေနဲ့ဝယ်ရင်ရတယ်၊ လဘက်ရည်/မုန်.ဘိုး ခေါက်ဆွဲ ဘိုးလို.လဲ မြန်မာနိုင်ငံမှာ လူသိများတယ် ၊ တသက်လုံးက ရှိနေခဲ့တာ။ မြန်မာ့ယဉ်ကျေးမှူ ထုံးတမ်းစဉ်လာ တရပ်လို တောင် ဖြစ်နေပြီ ၊ အရီုးဆွဲနေပြီ ၊ ဒါတွေမသိခြင်မှ အဆုံးပါ ။

ဥပဒေစိုးမိုးတယ် ဆိုတာ ကောင်းပါတယ် မကောင်းဘူးလို. ဘယ်သူကမှမပြော
ဘူး ၊ စည်းကမ်းလို.ပြောရင် မြန်မာ တွေ လန့်ဖြန်.သွားတတ်ကြတယ် ၊ အခု
ဥပဒေတွေ သွတ်သွင်းလာတော့ အနေရအထိုင်ရ ကျဉ်းကြပ်လာကြပြီလေ ၊ မလွတ်လပ်ကြတောဘူး။ ဥပဒေတွင်းက နေဘို.ဆိုတာ စရိတ်စက မနဲဘူး ။ ကိုယ်.မြေ ကိုယ်ခြံ ဆိုတဲ့ထဲ မှာ ကိုယ် အိမ်ကိုယ် ဆောက်ခြင်တိုင်း ဆောက်လို.မရဘူး သတ်မှတ်စည်းကမ်းဘောင်ထဲကသာ ဆောက်လိုရမယ် ၊ လိုက်နာရမဲ့ စည်းကမ်းတွေကတော့ တပုံကြီးဘဲ ၊ ကိုယ်မြေ ကိုယ်ယာလိုဘိုးဘွာံးပိုင်သလေး
ဘာလေး ညာလေးနဲ့ လေ အာမနေ နဲ့ နော် မြေခွန်ယာခွန်ဆိုတာပေးဆောင်
ရမယ်။ မဆောင်ရင် ဥပဒေအရ အရေးယူခံရမယ် ။

အများနဲ့ ပါတ်သက်လာရင် အများအတွက် ပုဂလိကပိုင် မြေတွေ ယာတွေကို အများသုံးဘို. အများအကျိုးအတွက် အစိုးရက ပြည်သူပိုင်မသိမ်းးတောင် တန်ရာတန်ဘိုး ပေးပြီးဝယ်နိုင်တယ်၊ မကျေနပ်ရင် လိုအပ်ရင် ရုံးတော် လျှောက် ရုံးအမိန်.နဲ့ တန်ရာတန်ဘိုး ပေးပြီးဝယ်နိုင်တယ် ။ ရောင်းသူ ၀ယ်သူ
ဟာ ရုံးမိန်.ကို အတူတူုနာခံကြရလိမ့်မယ်။

ဥပဒေဆိုတာ ဆိုတာ မြော့ကြိုးလို ရှုံ.လို. ဆွဲဆန်.လိုလဲရတယ်လို.ယူဆသူတွေ
ရှိတယ်၊ မမှားပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ပစ်မှုကိုဝန်ခံသူတွေ ဖြောင့်ချက်
ပေးသူတွေ အပေါ် ဥပဒေက ထိုက်သင့် သလို သက်ညှာတယ်၊ မြန်မြန်ပြီး ခြင်ရင် မြန်မြန်ဝန်ခံလိုက် ၊ ကိုယ့်လူတွေအပေါ်သစ္စာဖေါက်လိုက်၊ကိုယ်လွတ်
ရုန်းလိုက်၊ ဒီလိုဆိုတော့လဲ ဥပဒေက တမျိုး ကြီးပါဘဲလား လို. မပြောနဲ အုံး၊ ဒါဟာ နိုင်ငံတကာ့ ကျင့်နှုန်း ။

ဒါဖြင်.တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာလဲ ? ဥပမာ ၁၉၈၈ ခု အရေးပေါ်
ကာလ အုပ်ချုပ်နေ သူတွေဟာ စစ်ဥပဒေ အရ အုပ်ချုပ် ခဲ့တယ် ၊ အဆိုရှိတဲ့ ပုဒ်မ ၁၄၄ ဆိုတာ ရာဇသတ်ကြီးဥပဒေ (ပစ်မှုဆိုင်ရာ) အရပ် ဥပဒေဖြစ်ပြီး ၊ဆိုထား တဲ့ လူ ၅ ယောက်ထက်ပိုပြီး မစုဝေးရဘူးဆိုတာ စုဝေးမှုရဲ့ ရည်ရွယ်
ချက် ဦးတည်ချက်ပေါ်မှာ တည်တယ် ၊ ဒီဥပဒေ နဲ့ပုဒ်မဟာ အင်္ဂလိပ် လက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေ ၊ ဗမာတွေကိုကြောက်လို.ဘဲ ပြောပြော ဥပဒေတွင်း က လူသတ်မှုရဲ့ ကြိုတင်ြ့ပင်ဆင်မှုတရပ်အဖြစ် မြင်ရတယ်၊ ၁၉၈၈ ခုအချိန် အဲဒီကာလမှာ စစ်အစိုးရ က ချက်ခြင်း လုပ်လိုက်တဲ့ ဥပဒေ မဟုတ်ဘူး၊
ဒါကိုသိရဲ့သားနဲ့မသိခြင် ယောင်ဆောင် ပြီး မလိုတမာပြောသူတွေက ယုတ်မာ
တဲ့စိတ်နဲ့ပြောခဲ့ကြတာ ၊၊

အခု ဆန္ဒပြပွဲတွေ၊ ချီတက်ပွဲတွေ ကန်.ကွက်ပွဲတွေ ထောက်ခံပွဲတွေ ရေပန်းဆန်း
လာနေတာမှာ တရားသဖြင့်စုဝေးမှု ဟာ အချိန်မရွေး မတရား စုဝေးမှုတရပ် ဖြစ်သွားနိုင်တယ်၊ စုဝေးခွင့် ရပြီးသားဘဲ ဖြစ်စေ အခြေအနေအရလိုအပ်လာလို.
လူစူခွဲဘို.သက်ဆိုင်ရာတို.ကအမိန်ု.ပေးတဲ့ အချိန်ကစပြီး ဒီအမိန်ဟာအထက်က
အမိန်.တွေ ခွင့်ပြုချက်တွေကိုလွှမ်းမိုးတယ် ရုတ်သိမ်းပစ်လိုက်တယ်၊ဘာကြောင့်
လဲဆိုတော့ အခင်းဖြစ်နေတဲံ့နေရာမှာ လုံခြုံရေးတပ်ဖွဲနဲ့ နယ်မြေတရားသူကြီး
တဦးဦးဟာ အသင့်ရှိနေပြီး သူုကိုယ်တိုင် မျက်မြင်ဖြစ်နေတဲ့ အတွက်. လူစုခွဲဘို.အမိန်.ကို နေရာမှာတင် လက်မှတ်ထိုး ထုတ်ပေးတယ်၊ ဒီအမိန်.ကို မနာခံရင် ရုန်းရင်းဆန်ခတ်တွေ ဖြစ်နိုင်တယ် ဆိုတာ အသိပေးပါရစေ။ ပုဒ်မ ၁၄၄ နဲ့မိသွား
မယ် ၊ ရှေ.အလားအလာတွေ မြင်နေရတယ် သတိထားကြ ဘို.ဘဲ ဥပဒေ စိုးမိုး
ဘို.ဆိုတာ ကိုယ့် အပေါ်မှာလဲ မူတည်တယ်လို.ပြောခြင်တယ် ကိုယ်က ဥပဒေ မချိုးဖေါက်ရင် ဥပဒေဟာ သူဟာသူ စိုးမိုးနေမှာဘဲ၊ ဥပဒေက မဖေါက်ပြန်ဘူး လူတွေကသာ ဖေါက်ပြန်ကြတာ လို.ဘဲ ပြောတော့မယ် ။

နားလိုက်အုံးမယ် ပျော်ပျော် ပါးပါးပေါ.