Article submitted by: minkyaw thuyein on 4-Mar-2013  
မေးခွန်းပေါင်း သောင်းခြောက်ထောင် ။
ဒို.လူကလေးများ ဆိုသလေး ။



ဒို.တိုင်းပြည်ကောင်းစားဘို.ရာ ဒို.အားနဲ့ဒို.တာဝန်မှန်သည် တဲ့ ဟုတ်ပါ့မလား ? ။ ဒါကို ဘယ်သူတွေဘယ်လောက် နားလယ် သဘောပေါက်
ကြသလဲ ? ဒါဖြင့် ဒို.တိုင်းပြည် ကောင်းစားဘို. ဘယ်သူတာဝန်လဲ?
ဒို.တိုင်းပြည်ကောင်းစား ရင် ဘယ်သူတွေကောင်းစား ဘို.လဲ ?



မြန်မာပြည်ဟာ သယံဇါတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ မြန်မာတွေဟာ ဆန်စားပြီးကြီး တဲ့လူမျိုး ၊ မထင်နဲ့နော် မြန်မာတွေဟာ သခင်မျိုးတွေ တဲ့ ။ ဒါဖြင့် ဘယ်သူတွေက မြန်မာတွေအကြောင်းအမနာပဘာတွေပြောနေကြတာ
လဲ?



ကြည့်ကြရအောင် ၊ ဒို.မှာ ဘာအားတွေ ရှိသလဲ ? အားဆိုတာ ဗလငါးတန်ကို ဆိုလိုတယ်ထင်ပါရဲ့ ၊ ကာယဗလ၊ ဥာဏဗလ ၊ ဘောဂဗလ ၊ စာရိတ္တဗလ ၊ မိတ္တဗလ ဆိုတာတွေဖြစ်ပါလိမ့်မယ်။ ဒို.မှာ ဘယ်ဗလတွေရှိပြီး အားကောင်း နေသလဲ၊ ဘယ်ဗလတွေ အားနဲချို.ယွင်းနေသလဲ ၊ ကိုယ်ဟာကို စမ်းစစ်ကြဘို.ဘဲ ။



ဘယ်လို တာဝန်တွေ ရှိသလဲ-ဘယ်တာဝန်တွေကို ကျေပြွန်ကြ သလဲ ? တယ၀န်ဆိုတာဘာလဲ ။ ဒါတွေအားလုံးဟာ သူများပြောမှသိရမှာလား ကိုယ့်ဟာကိုသိရမှာလား-သူများက လုပ်ပေးရမှာလား-ကိုယ့်ဟာကိုယ်လုပ်ကြ
ရမှာလား? ကိုယ်ကပေးနိုင်ရင်သူများကို ခေါ်ခိုင်းလို.ရသတဲ့ ခေါင်းဆောင်
ဆရာစော ကလွယ်လွယ်နဲ့ပြောဘူးတယ် ။ သူပြောပုံက ကိုယ်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထဆိုတာနဲ့တော့ တခြားစီဘဲ ၊ ဟုတ်တော့ ဟုတ်တယ်။ လွယ်ပါတယ် ။ တချိန်က ကုလားတွေခေါ်ပြီးချေးကျုံး သေးကျုံးခိုင်းခဲ့သေးတာ
ဘဲ ။ ကိုယ့်ချီး ဘယ်လောက် နံတယ် ဆိုတာ လူသိသွားတာပေါ့၊ ဂုဏ်ယူစရာ
မတွေ.ပါဘူး။



ဒို.မြန်မာတွေဟာ မြန်မာအင်ပါယာတောင် ထူထောင်ခဲ့ တာ ၊ ဒါတွေက
တော့ အသေးအဖွဲပါ ပြောဘို.တောင် မလိုဘူး၊ ဒို.တွေဟာ ရွှံ.နဲ့ထုံး ၊မြေကြီးနဲ.ကောက်ရိုး ရောပြီး သနင်းကိုင်တဲ့ ကမ္ဘာကျော် အဆောက်အဦးကြီး အချိုကို အမြင့်ဆုံး တောင်တွေပေါ်မှာ ၊ မီးတောင်တွေပေါ်မှာ ဆောက်လုပ်ခဲ့တာ
အခုထိ တည်ရှိနေတယ်။ ဦးပိန်ဆိုတဲ့ ကုလားဒိန် ကတောင် သစ်တုန်းတွေနဲ့
တံတား ဆောက်ခဲ့တာ၊ ပြည်သူ.ဘဏ္ဍာ ဘုံးလို.ဆိုပြီး ကွက်မျက်ခံရတယ်လို.
မှတ်တမ်းမှာ တွေ.ရ တယ်။ လုပ်ရမှာ ကြောက်နေကြတာလဲ မဆန်းပါဘူး ။



ရွှေ ငွေ ကျောက်သံပတ္တမြားကတော့ ပေါသလားမမေးနဲ့ လူတကိုယ်စာစီ ခေါင်းကခြေထောက် ဖုန်းအောင်ရှိတယ်၊ ဘုရားတွေ စေတီတွေကို ကြည်.အုံးမလား ၊ ရွှေမရှိတဲ့ ဘုရား စေတီ အတော်နဲပါတယ် ။ သူခိုး ဒါးပြတွေ အုပ်ချုပ်တုန်း က နည်းအမျိုးမျိုးနဲ မတရားထုတ်ယူသွားတဲာ အဘိုးတန် ပစ္စည်း အမျိုးမျိုး စာရင်း မပါသေးဘူး ၊ သူတိုနိုင်ငံရောက်လို. ပြတိုက်အချို.ကိုသွားလေ့လာရင် သူများနိုင်ငံတွေ အသီးသီးက သူတို.ခိုးသွားတဲ့ ပစ္စည်းတွေနဲ့ ပြည့်နေတာကို တွေ.ရ တယ် ။



ဒို.တွေမှာ ဗလတွေ သုံးမကုန်အောင်ရှိပါသေးတယ် ၊ ဥာဏဗလ စာရိတ္တဗလတွေ အကြောင်းတော့မေးမနေ့ပါနဲ့ ၊မြန်မာတွေဟာ ဗုဒ္ဒဘာသာတွေ မို.ပြည့်ဆုံနေကြမှာပါ ၊ ဗလ ငါးတန်ကို လိုရင် သုံးဘို. သိမ်းထားတာဆိုရင်လဲ အခု ချိန်ဟာ အချိန်ကောင်းဘဲ ၊ရွှေဈေးကျမှာစိုးလို. ဆက်ထိမ်းထားသလား ၊ မြန်မာ့ငွေဈေး ကျနေတာ နှစ်တွေချီ ရှိနေပြီ ဆိုတာ လဲ သတိ မလစ်ကြနဲ့အုံး ၊ တမင် လုပ်ထားတာဆိုရင်လဲ ရေရှည်မှာ ဘယ်လောက် နစ်နာကြတယ်ဆိုတာ တွက်မိကြရဲ.လား၊ ရွှေ ငွေ ကျောက်သံ ပတ္တမြား ရော တိုင်းပြည်ရော လူတွေပါ အပေါစားတွေ ဖြစ်ကုန်ပြီ ၊ ရွှေမ၀တ် ရရင်ဘဲ သေတော့ မဲ့ မယ်မင်းတို. ရဲ. ။ ၀တ်တော့လဲ ၂၄ ပဲရေ အခေါက်တုံး တဲ့။ ရွှေခါးပါတ်နဲ့ ရွှေဆီးပုံ ၊ ( chastity- belt) သူများတကာတွေဟာ ရွှေ့ကို အာမခံတင်ပြီး သုံးငွေကိုတန်ဘိုးတက်စေ
တယ်ဆိုတာ ဘုရားတကာတွေဂေါပက တွေလဲ သိဘို.ကောင်းတယ် ။



သတိရတုန်းပြောရရင် မြန်မာပြည်က ရှေးဟောင်းအဆောက်အဦးတွေ ထိမ်းသိမ်းဘို.လုပ်နေတယ်ဆိုတဲ့ ဆရာတွေ ဟာ ဒါမျိုးတွေ အကြောင်းတော ပြောသံ မကြားရဘူး ၊ သူတိ. အဖေတွေ လက်ထက်က ကိုလိုနှီ သခင်ကြီးတွေ ဆောက်သွားတဲ့ အဆောက်အဦးတွေကို ကုလ အကူအညီနဲ့ ပြုပြင် ထိမ်းသိမ်း
ကြမယ်လို. သဲ့သဲ့ ကြားလိုက်တယ် ။ ရွာသားအလှူရွာသူကြီးကောင်းမှူဆိုလား၊ သူတို.စီစဉ်တာဆိုတော့ သူတိုစည်းကမ်း သူတို.စိတ်ကြိုက် သူတိုချွင်းချက် နဲ့ ဘဲပေါ့၊ ဒီအတိုင်းဘဲ ဖြစ်ရမှာဘဲ ။



လူကြီးတွေ မကောင်းလို.လား-လူကြီးဖြစ်လာကြတဲ.လူငယ်တွေညံ့လို.ဘဲလား? လူကြီးတွေ အစိုးရတွေ ခေါင်းဆောင် တွေ မစွန်လို.တဲ့၊ ပြောသူကြေ့ပာနေတယ် ? ပြောသူကရော ဘယ်လောက်စွန်သလဲ၊ ငါကလွဲရင် ဘယ်သူမှ မကောင်း ဘူး ဆိုတဲ့ လူ လား ? သူကလဲ သူကိုယ်တိုင် ထမလုပ်နိင်ပေမဲ့ လုပ်နိင်သူတွေ၊ လုပ်နေကြသူတွေကို အပြုသဘောနဲ့ အကြံပြုနေတာဘဲ လို. ယူဆရမယ် ။ အားမလိုအားမရဖြစ်တဲ့ အခါ ဒေါသသံလေးတော့ အနဲ ဆုံး ပါလာမှာဘဲ ဆိုတာ နားလယ် ထားတယ် ။



သမိုင်းစဉ်. အတိတ် ပဉ္စုပန် တို.ကို လေ.လာရင်အနာဂါတ်အတွက်ဘာလုပ်ရ
မယ်ဆိုတာ သိကောင်းတယ် ။ပြောမဲ့ သာပြောရတယ် မြန်မာနိုင်ငံဘာဖြစ်နေလို.လဲ မြန်မာတွေ ဘာဖြစ်နေသလဲ ၊ ဖြစ်တယ်ဘဲ ပြောပြော မဖြစ်ဘူးဘဲ ဆိုဆို၊ လူတွေကတော နေ.စဉ်အသက်မွေးကြောင်း၊ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေကြတာ ဘဲ ။


မြင်ခြင်သလိုသာမြင်တော့၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ မြန်မာတွေ နားလည် လက်ခံထားပြီးသား။ ဘ၀ဆိုတာ ရယူ ခြင်းမဟုတ် ပေးဆပ်နေရခြင်းးဖြစ်သည် ဆိုတာကို မြန်မာတွေ နားလယ်ပြီးသား။ ဒုက္ခ အဖုံဖုံဟာ လူဖြစ်ကတဲက မွေးကထဲက ကပ်ပါလာတယ်ဆိုတာ သဘောပေါက်ပြီးသား ။ ခံနိုင်ရည် ရှိပြီးသား Immune system ကောင်းခဲ့တယ် အခုမှ ရလေ လိုလေ အို တစ္ဆေ ဖြစ်လာပြီ၊ နွားမြင်တိုင်းလက်ညှိးထိုးနေတဲ့ အရူးကို အမဲသားကျွေးမိသလို
ုဖြစ်နေတယ်၊ အရူးကို အမဲသားမကျွေးပါနဲ့.လို.လူကြီးတွေ ပြောကြဘူးတယ်။ ပြောထားတာ မရဘူး ၊ နွားသားစားပြီး နွားစိတ်ဝင်နေ ကြတော့ နဖါးထိုးခံရတာ နဲသေးတယ် ။ ဒီလူတွေဟာ လောဘ ၊ ဒေါသ မောဟ တွေနဲ့ လိုခြင်တတ်မက်မှု
တွေများလာ နေတယ် မြန်မာ တွေမှ ဟုတ်ရဲ.လား ဗုဒ္ဒဘာသာတွေမှ ဟုတ်ရဲ့
လား? ဘယ်သူတွေက အရူးကိုအမဲသားကျွှေးလိုက်ကြ တယ် မသိဘူး ။




တိုင်းပြည် တိုးတက် ဖွံ.ဖြိုး ခေတ်မီခြင်ရင် ကိုယ်ကဘာတွေ ပြင်ဆင် ဆောင်ရွက်ရယ်ဆိုတာ သိဘို.လိုလိမ့်မယ် ၊၊ ဒို.တိုင်းပြည်ကောင်းစားဘို.ရာ ဒို.အားနဲ့ဒို.တာဝန်မှန်သည် ၊ စစ်ဘေးစစ်ဒဏ်မှုကြောင့် ပြာဖြစ်ခဲ့ တဲ့ ဒို.ြ့ပည်ကို သာ ရည်၊ ထူထောင်ဘို.ရာ တိုင်းရင်း ဘွားစစ် ဒို.တာဝန်ဖြစ်သည် တဲ့ ၊ ဒို.ပြည်မှာ စစ်ဘေးစစ်ဒါဏ်တွေ ကင်းရှင်းသွား ပြီ လား၊ တိုင်းရင်းဘွား ဆိုတာ ဘယ်သူတွေလဲ ?



အချုပ်ပြောရရင် ဒို.တတွေဟာ ဗလ ငါးတန် ဆိုတာတွေကို လိုအပ်တဲ့နေရာမှာအားဖြည့်ဘို.ဘဲရှိတယ်၊ ဒါလောက် တော့နားလယ်ကြမှာပေါ့ ဒို.အားလုံးဟာ လူက မွေးတဲ့ လူတွေဘဲ ။



တော်သေးပြီလေ ပျော်ပျော် ပါးပါး ပေါ့ ။