Article submitted by: minkyaw thuyein on 2-Mar-2013  
ပြောရတော့မယ် ကိုရင်ကြီးရဲ့ ။
ကိုရင်ကြီး ၊



ပြောတော့မယ်နော် သီးခံပြီးသာ နားထောင်တော့ ၊





မြန်မာနိုင်ငံမှာ ၂၀၁၀ ခု က နိုင်ငံရေး လွတ်လပ်မှူနဲ.ဒီမိုကရေအရ အထွေထွေရွေးကောက်ပွဲလုပ်ခဲ့ပါတယ်၊ ရွေးကောက်ပွဲမဖြစ်အောင် ဖျက်သူတွေ၊ ကန်.ကွက်သူတွေကြားက ဖြစ်လာတဲ့ ရွေးကောင်ပွဲမှာ ၊ မဲပေးသူတွေ မပေး သူတွေရှိပါတယ် ၊ ရလဒ်ကိုကျေနပ်သူတွေရှိသလို မကျေနပ်သူတွေလဲရှိပါတယ်၊ ရွေးကောက်ပွဲကို ဝေဖန် ရှုံ.ချသူတွေ လဲ ရှိပါတယ် ၊ ၀င်ပြီး အရွေးမခံဘူးလို. တင်းခံနေသူတွေလဲရှိပါတယ် ။ ကျင်းပဖြစ်လို.သူတို.မဲဆန္ဒနယ်ကမဲဆန္ဒရှင် တွေရွေးကောက်တင်မြောက်

လိုက်ကြသူတွေ လွှတ်တော်ထဲရောက်လာသူတွေဖြစ်ပါတယ်၊ လူထုက ရွေးကောက်ခြင်း မရှိတဲ့ စစ်ဖက် ကိုယ်စားလယ်တွေလဲလွှတ်တော်ထဲမှာ

ရှိကြပါတယ် ။ သူတိုရဲ.မိသားစုထဲကတောင် ကြိုက်သူမကြိုက် သူဆိုတာ ရှိကောင်းရှိပါလိမ့်အုံးမယ် ၊ အားလုံးဟာ ကိုရင်ကြီးနဲ့ ကျုပ်တို.အကြိုက်ဖြစ်ခြင်

ဖြစ်ပါလိမ့်မယ်။





အရှိကိုအရှိအတိုင်း ပြောရရင် မြန်မာနိုင်ငံမှာ ဒစ်တိတ်တာရှစ်(ပ)ဆိုတဲ့ အာဏာရှင်စံနစ်၊ စစ်အုပ်ချုပ်ရေး ကာလ တရပ် တခန်းရပ်ခဲ့ပါတယ် ။ စစ်အုပ်ချုပ်ရေး ( စစ်အစိုးရ) ကိုတောင် လက်ခံသူလက်မခံသူရှိခဲ့တယ် ရွေးကောက်ပွဲ အပြီး အစိုးရကို နိုင်ငံတကာက လက်ခံခဲ့ကြတာဖြစ်တယ်၊ မပြောပလောက်တဲ့ ချွင်းချက်လေးတွေ တော့ရှိတာပေါ့၊ချွင်းချက်တို.စည်းကမ်း

တို.ဆိုတာ နေရာတကာမှာရှိတတ်တာမျိုးပါ ကိုရင်ကြီးရယ် ။





ကိုရင်ကြီးသိသားနဲ. ဒီမိုကရေစီကိုယ်တိုင်ဟာ အပစ်အနာအဆာ မကင်းပါဘူး ဒီမိုကရေစီ နိုင်ငံတွေဘဲ သူများကို ဒီတိတ် လုပ်နေကြတာ လက်နက်နဲ့ စစ်ရေး ချိန်းချောက်မှု စီးပွားရေး ချိန်းချောက်မှူုတွေအပြည်.နဲ့ပါ. ဘာမလုပ်ရဘူး။ ဘယမကိုင်ရဘူး ဘယ်သူနဲ မပေါင်းရဘူး၊ မသင်းရဘူး၊ ငါ.ကိုမထောက်ခံရင် ငါ့ကိုဆန်.ကျင်သူ ၊ ငါ့မိတ်ဆွေ မဟုတ် ရင် ငါ့ရန်သ၊ူ သူရဲ့မိတ်ဆွေဟာလဲ ငါ့ရန်သူဆိုတာတွေဟာ၊ ဒီမိုကရေစီရဲ့ အဓိပါယ်ပြည့်ဝမှူ အနှစ်သာရတွေဘဲပေါ့၊ အဲဒီတော့ ၊ ဒိတိတ်တာ ဆိုတာဘယ်သူလဲ အာဏာရှင်ဟာဘယ်သူလဲ၊စစ်အုပ်ချုပ်ရေးဆိုတာ ဘာလဲဆိုတာ ကျုပ်လို လူကတော သိတယ် ခွေးတွေ သိမသိတော့ ကျုပ်လဲ ခွေး မဟုတ်လို. မပြောတတ်ဘူး။







မျက်နှာမထောက် အားမနာတန်းပြောရမယ်ဆိုရင် ဆိုရှယ်လစ်ဇင်းဆိုတဲ့ လူအများကောင်းစားရေးဝါ ဆိုတာကို သွားလေ သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာအမျိုးသားခေါင်းဆောင်တွေအားလုံး ပြည်သူရွေးရော မရွေးရောတွေက ကမ္ဘာကို အသိပေးအကြောင်းကြား ကျင့်သုံးခဲ့တဲ့ လမ်းစဉ်ပါ ၊ ကွန်မြူနစ် မဖြစ်စေလိုလို.ကွန်မြူနစ်ပါတီကိုတောင် မတရား အသင်းကြေငြာပေးခဲ့ရတာ အယောင်ဆောင် ဒီမိုကရေစီ၊ ဖရီးဒန်း၊ အင်ဒီပင်းဒင့်၊ ဆိုဗရိန်တီ တွေနဲ့စခဲ့ တဲ့ မြန်မာနိုင်ငံမှာ အပစ်သာပြောရမယ် ဆိုရင် ကျုပ်အိမ်က ခွေး ။ လမ်းပေါ်က ခွေးတွေလဲ အားလုံးပါတယ်လို. ကျုပ်ပြော ခြင်တယ် ၊ ကိုယ်ကိုကိုယ် သူတော်စင် ၊ ဂေါတမလို.ထင်နေကြသူတွေဟာ၊ ဂေါတမ ကိုယ်တိုင်ဟောတဲ့ ဥမ္မတကော ဆိုတာတွေဘဲလို.လဲ ဆိုခြင်တယ် ။ ဒါက ကျုပ်အမြင် ။







မဆန်းပါဘူး အဆင်းဘီးတတ်တဲ့ အကျင့်ဟာ လူတချို.မှာ ရှိပါတယ် ။ အလုပ်လုပ်တဲ့ လူဟာ အမှားအယွင်း လုပ်မိ နိုင်တယ် ၊ ဘာမှ မလုပ်တဲ့လူဟာ ဘာမှမမှားနိုင်ပေမဲ့၊ ဘာမှမလုပ်တာကိုက အချောင်ခို ရေသာခို နေတာဘဲ၊ သူများ လုပ်စာ ကို ဆောက်ရှက် မရှိ အချောင်စားသမားလို.ကျုပ်ကတော့ ပြောမှာဘဲ ။ ဘာမှမလုပ်ဘဲ စကားများများ ပြော ရင်တောင် စကားထဲမှာ အမှားပါတတ်ပါတယ် ။ အချို.က စကားထဲက ဇါတိပြကြပါတယ်။







မြန်မာဆိုတဲ့ လူမျိုးဝင် အားလုံးတို.ရဲ. ထုံးတမ်းစဉ်လာ ဓလေ. ယဉ်ကျေးမှုလိုဘ

ဲ ဆိုခြင်ဆို ၊ ဗုဒ္ဒဘာသာ ယဉ်ကျေးမှု လိုဘဲ ပြောပြော ကါး(လ်)မတ်(ခ်) တို.၊ အိန်ဂျယ်တို.မပေါ်မီကထဲ က ဆိုရှယ်လစ် ကွန်မြုနစ် စံနစ်တွေရှိတယ်ဆို တာ တွေ.ရမယ် ၊ ခရစ် မပေါ်မှ ကာလက ဆိုကရေးတီးတို.၊ အရစ်(စ်)တိုတယ်တို.ဟာ ဆိုရှယ်လစ်စံနစ်ရဲ့ဖခင်ကြီး တွေလို. သမိုင်း သုတေသီများက

မှတ်တမ်းးတင်ကြပါတယ်။







အကြမ်းဖျင်းပြောရရင် လီနင် ရဲ့ ၁၉၁၇ ခု ဘော်ရှဗစ် တော်လှန်ရေးအပြီး ၊ စတာလင်တို. ဂိုရှယ်တို. မော်စီတုန်းတို. ခေတ်မှာ စစ်ဘေူစစ်ဒါဏ်ကြောင်ြ့ပာဖြစ်ခဲ့ရတဲ . သူတိုနိုင်ငံတော်ကို တင်း ကြပ်သောစည်းကမ်း၊ ချွေတာ ချိုးခြံ ရေးစံနစ် လူအများကောင်းစားရေးအတွက် လူအများက ၀ိုင်းလုပ်ြကရမယ် ဆိုတာတွေ၊ စာတွေ.သာမက လက်တွေ ကျင့်သုံးခဲ့ကြတယ် ၊ ကိုယ်ထူ ကိုယ်ထ ကိုယ်ခြေပေါ် ကိုယ်ရပ၊် ရှိတာကိုစား၊ မရှိရင် ရှိအောင်လုပ်၊ ဘုရားမှာထိုင် ဆုတောင်း နေလို. ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို.ဆိုလာတော့ ၊ ဘာသာတရား

မရှိ ဆန်ယ့င်သူတွေလို စွပ်စွဲတယ်။ နိုင်ငံရေးစကား၊ လူတိုင်းသိတဲ့ စကားနဲ့ပြောရရင် လူလူချင်း ခေါင်းပုံဖြတ် လူကိုကျေးကျွန်လုပ်ပစ်တဲ့ ၀ါဒရှင် တွေနဲ. ၀ါဒရေးမှာ ပဋိပက္ခ အကြီးအကျယ်ဖြစ်ကြတော့ ၊ အရင်းရှင်တွေဟာ အကြမ်းဖက် လက်နက်ကိုင်ပြီး တဖက်ကို တိုက်ဖျက်တယ်၊ တဖက်ကတော့ ၀ါဒရေးသက်သက်နဲ့ တိုက်ပွဲဝင်တယ် လက်ပါးစေတွေ ကိုအသုံးပြုတယ် ၊ ၂ ဦး ၂ ဖက်စလုံးဟာ ဘယ်သူသေသေ ငတေမါရင် ပြီးရောချည်းဘဲ လို.ပြော ခြင်တယ် ။ ကျေးကျွန် စံနစ် ဖျက်သိမ်.းတဲ့ အီဘရာဟင် လင်ကွန်း ကိုတောင် သတ်ပစ်ပြီး ကြေးစားကျေးကျွန် စံနစ်ကိုထူထောင်ြကပြန်တယ် ။







ရှင်းရရင် ဆိုဗီယက် ရုရှားတို. တရုတ်ကွန်မြူနစ်တိုဟာ ကိုယ်တိုင် စစ်မတိုက်

ဘူး၊ သူတို.ကိုယ်စားလယ်တွေကိုသာ တိုက်ခိုင်းပြီး လက်နက်ခဲယမ်းမှအစ လိုအပ်တာကို ဘာမဆိုပေးတယ်၊ သူတိုအသားကို မထိသမျှကတော့ ဘာမှထ မလုပ်ဘူး ၊ ပြောရင် နိုငငံရေးကစားနေတာ ၊ ဒီပလိုမေစီနဲ့ ဒီပလိုမက်နေတာ

ဘဲပေါ. ။ လက်နက်ရောင်းတယ် စားနပ် ရိက္ခာနဲ့ အခြားလိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို သင့်တော်တဲ့ဈေးနဲ့ပေးတယ် ၊ အမြတ်ထဲက အထောက်အပံ့ဆိုတာ တွေလဲ ပေးသေးတယ် ၊ မသိတဲ့ သူကတော့ ကိုယ်ဆီနဲ့ကိုယ်ပြန်အကျော်ခံရတာမသိဘူးပေါ့။ ကုလားခတ်တဲ့ရေကုလား ဖင်ဆေးလို.ကုန်တယ်ဆိုတာ မသိအောင် မွှန် နေကြတယ် ။









တနည်းအားဖြင့်ပြောရရင် ကိုလိုနီဘ၀ကလွတ်လာတဲ့နိုင်ငံငယ်တွေဟာ သူတို.ဟာသူတို ရပ်တည်လို.မရဘူး၊ တဦး တယောက်ကိုဖြစ်စေ၊ တဖက်ဖက်ကိုတော့ အားကိုးရလိမ်မယ်လို.တွက်မိတဲ့အတိုင်း၊ ဒါမ မဟုတ် နီးရာဒါး ကြောက်ပြီး အခြေအနေအရ ကျင့်သုံးကြတာလဲ ဖြစ်နိုင်တယ် ။







ပြောဘူးတယ်မဟုတ်လား မြန်မာနိုင်ငံဟာတိကျတဲ့ဘက်မလိုက် ကြားနေ၀ါဒရဲ့ တံဆာခံ၊ စစ်မြေပြင်ကြီး မဖြစ်ခဲ့သည့် တိုင်. အအိအိနဲ့တဖျောက်ဖျောက်နဲ့တော့ တကြွထဲ ကြွနေခဲ့တာ ၆၅ နှစ်ကြီးများတောင်ရှိခဲ့ပြီ ၊ မပြီးသေးပါဘူး ။







ယုံကြည်ချက်ခံယူချက် ဘာကိုယုံလို. ဘာကို ခံယူတာလဲ ။ အထက်ကပြောခဲ့ပါတယ်၊ မြန်မာတို.ရဲ. ယဉ်ကျေးမှူ ထုံးတန်းစဉ်လာ ဓလေ.တွေဆိုတာ။ မြန်မာဆိုတာတွေဟာ ဘယ်မှာမှန်းမသိတဲ့ နိဗာန် ဆိုတာကို ရည်မှန်းပုံဦးတည်ပုံ ရှိတယ် ။ လူ.လောကမှာ သုခဘုံ တည်ဆောက်ရမှာ ၀န်လေးနေပုံရှိတယ် ၊ သူတို.ကိုလဲ အပစ်မပြောနိုင်ပါဘူး၊ လူ.လောက ကြီးဟာ သူယုတ်မာတွေနဲ့ပြည့်နေလို.သူတို.လဲ သူခိုးနားနီး သူခိုး တံငါနားနီး တံငါ ဖြစ်နေတဲ့ ဘ၀က လွတ်မြောက်လို ကြမှာဘဲ ။ ဒါပေမဲ မြန်မာတွေဟာ သူတိုသန္ဒေ ၊ သူတို.ဗီဇနဲ့.သူတိုဇါဂကိုတော့ဖျောက်ဘို.မလွယ် ဘူးကိုရင်ကြီးရဲ့၊ ဘယ်ခေါင်းဆောင်ကမှလဲ ပြည်သူတွေကို ဆန်.ကျင်ပြီးလက်တဲ့စမ်းဝံ့မယ် မဟုတ်ဘူး ။ ခေါင်းဆောင် ကိုယ်တိုင်က လဲ ပြည်သူထဲက ပြည်သူတယောက်

ဘဲ မဟုတ်လား ။







အနှီရောင် ပန်းရောင် ရင့်ရင့် လျှောလျှော့ ပြောမနေပါနဲ.တော့ ကိုရင်ကြီးရယ် ၊ အဖြူရောင်ကိုယ်တိုင်ဟာ အရောင် ၇ မျိုးစပ်ထားတာ လို. သိပ္ပံ သူတေသီ

တွေက အထောက်အထားနဲ့ပြောထားပါတယ် ။ ဇါတ်ပွဲုတိုင်းမှာ ဇါတ်ကောင်နဲ့ ။ ဇါတ်ဆောင်ဆိုတာ ရှိစမြဲ ၊ဆိုက်ပါတ်တွေ မပါလို.လဲ မဖြစ်သေးဘူးလေ ။ ထွက်ဟဲ့ ထွက်ဟဲ့ ဆိုလို.ထွက်လာကြတာ၊ ငါ့ကိုယ်ငါဘာကောင်မှန်း သိကြရင် ပိုကောင်းတာပေါ့ ဗျာ။ ပြောမဲ.သာပြောရတယ် ကိုရင်ကြီး သတိထားမိရဲ့လား လွှတ်တော်ကိုယ်စားလယ် ၇၅ ရာခိုင်နုန်းဟာ ပြည်သူတွေက ရွေးကောက်တင်

မြောက်လိုက်ကြသူတွေလေ ။ ပြည်သူ တွေသာ အထိကဘဲ မဟုတ်လား ?







မှန်ပါတယ် ကိုရင်ကြီး ၊ သူပုန်သူကန် သစ္စာဖေါက်လုပ်မှ နေရာရတယ်လို.ယူဆစရာပါဘဲ၊ သစ္စာရှိသူတွေကအနစ်နာခံ ရမယ်၊ မဟော်သဓ ဇါတ်မှာ သင့်တင့်လျှောက်ပတ်သောနေရာ ဆိုတာကို မဟော်သဓါ ယူတတ်လို.ရပါတယ်၊ ၀ိဒေဟရာဇ်မင်းက ပေးတာ မဟုတ်ပါဘူး ။ ဆိုလိုတာက နေရာယူ

တတ်သူတွေ ဟာ နေရာရကြပါတယ်။







ဘေးပါတ်ဝန်းကျင်၊ အပ ပယောဂ မမီ မ၀င်ရင်ဖြစ်စေ ၀င်လာတဲ့မကောင်းဆိုးဝါးကို မေတ္တာသုတ်တခုထဲနဲ့ဖြစ်စေ၊ ပရိတ်ကြီး ၁၁ သုတ်နဲ.ဘဲ ရွတ်ဖတ် သရဇယ်

့ပီး နှင်နိုင်ရင်ဖြစ်စေ မြန်မာအင်ပါယာသစ် ပြန်ပြီးတည်ထောင်ကောင်း တည်ထောင် နိုင်ပါလိမ့်မယ် ။ အခု ဘောလောဆယ်မှတော. မြန်မာနိုင်ငံပျောက်

မသွားအောင်မနဲကြီးလုပ်ရလိမ့်အုံး မယ် ။ ပြည်သူတရပ်လုံးအတွက် အသိ/အတတ်ပညာရေး အဆင့်အတန်းတွေ မြင့်တင်ရမယ်. ဒါတောင် နှစ် အစိတ် သုံးဆယ် အနဲ့ဆုံးကြာမယ်။







မှတ်မိသလား မိန်းခလေး ထမင်းချက်တတ်ရင်ပြီးရော ၊ ယောက်ျားကလေး နွားကျောင်း တတ်ရင်ပြီရော ဆိုတဲ့ မင်္ဂသုတ် တပုဒ်နဲ့ ဈာန်ရ ကျွတ်တန်းဝင်သွားသလိုလိုတွေ ဒါတွေကို အခုထိ ကျေးလက်ဒေသတောရွာ

တွေမှာ အနဲ့နဲ့အများဆိုသလိုတွေ.ရတုန်းဘဲ ၊ တက္ကသိုလ်ဝင်တန်းအောင်တာတောင် တက္ကသိုလ်တက်ဘို. ခက်သူတွေရှိနေတယ် ။ တက်နိင်ပြန်တော့လဲ တနှစ် ၂ နှစ်မှာ တက္ကသိုလ်ဒါဏ်မခံနိုင်လို. ဒရော့(ပ)အောက် လိုက်ရ ပြန် တယ် ။







နေပြည်တော်မှာ ၄၂၀ ဖွင့်မရဘူးဆိုဘဲ။ နေပြည်တော်မှာလား မြန်မာတနိုင်ငံလုံးမှာလား လင်းစမ်းပါအုံး ကိုရင်ကြီး ရဲ့. ၊ ရာဇ၀တ်မှု ၊ တရားမမှု ဆိုတာတွေထဲမှာ ၄၂၀ ဟာ တရားမမှုထဲပါသွားပြီထင်တယ်။ နစ်နာသူက အကျိုးဆောင် နဲ.တိုင်ပင်ပြီးအထောက်အထားနဲ့.ရူံးကို ဦးတိုက်လျှောက်ရမဲ့အမှု ဖြစ်သွားပုံရတယ် ၊ ပုလိပ်တွေ ပါစရာ မလိုတော့ဘူး ။ ဥပဒေအကျိုးဆောင်တွေ စားပေါက် ၊ ရုံးစရိတ် အကျိုးဆောင်စာရိတ် မခံလိုရင်အမှန်အတိုင်းဖြစ်ရင် ၂ ဦး ၂ ဖက် ရုံးမတက်ဘဲ အပြင်မှာ ကျေအေးကြဘို.ဘဲ ၊ တခုကောင်းတာက စာချုပ်စာတမ်းမရှိဘဲ၊ အကျိုးဆောင်မပါဘဲ ဘယ်သူ နဲ့မှ လက်သိပ်ထိုး မလုပ်ကြဘို.ပညာပေးလိုက်တာလို.ဘဲ ကောင်းဖက်က မြင်တယ် ကိုရင်ကြီးရဲ့။့







ပြောရမှာ အားဏာတယ် ကိုရင်ကြီး၊ ကြားနေကြစကားတွေဘဲ ၊အခုရေတွင်းတူး အခုရေကြည်သောက်ခြင်လို.တော့ မရသေးဘူးပေါ.။ အနယ်ထိုင်အောင်တော့ စောင့်ရလိမ့်အုံးမယ်လေ ။ မြန်မာနိုင်ငံမှာ ဘယ်တော့အနယ်ထိုင်မယ်ဆို တာတော့ ပြောဘို. မလွယ်ဘူး၊ မလိုအပ်တဲ့ မြေပေါ် မြေအောက်လှုပ်ရှားမှုတွေက အများသား ။ ကိုယ်ကလဲညှစ် ပေးအုံးဆိုရမလို ။ ပြည်သူတွေဟာ ဖွဲ.စည်းပုံအခြေခံ ဥပဒေကို မင်္ဂလာသုတ်ကျေညက်သလိုကြေ ညက် ဘို.ဆိုတာ မလွယ်တဲ့ကိစ္စ။ မင်္ဂလာ့သုတ်က လွန်ခဲ့တဲ့နှစ် ၂၆၀၀ ထဲက ဒီအတိုင်းဘဲ မပြောင်းလဲဘူး ၊ဘိုးစဉ်ဘောင်ဆက် အာဂုဏ် ဆောင်ခဲ့ကြတာ ။ ဖွဲ.စည်းပုံအခြေခံ ဥပဒေက

တခြားဥပဒေတွေ ရေးစွဲပြဌာန်းရင် အခြေခံရမဲ့ အချက်တွေ လဲ ပါဝင် တယ်၊ စာဖတ်ဝါသနာပါရင်၊ သိခြင်တာရှိရင် ၀ယ်ဖတ်ကြပေါ. ၊ ပြင်ဆင်မှူုတွေနဲ့ ပြောင်းလဲ နေတဲ့ အခြေခံ ဥပဒေ စာအုတ် ကို စောင်ရေ သန်းနှဲ့ချီပြီး ရိုက်နှိပ် ဖြန်ချီဘို.ရာ လောလောဆယ်ဖြစ်နိုင်ပုံ မရှိသေးဘူး ။ ပြင်ဆင်ချက် ရှိရင် ပြင်ဆင်ချက်ကိုဘဲ ပုံနှိပ်ဖြန်.ချီလိမ့်မယ်ရုပ်မြင်သံကြားရေဒီယိုနဲ.သတင်းစာ

တွေမှာဖေါ်ပြရင်လုံလောက်ပါ တယ်၊ စိတ်ဝင်စားသူ စိတ်ဝင်စားတဲ့ အလျှောက်ပေါ့၊ ကျောင်းသုံးဖတ်စာ တခုအဖြစ် သူငယ်တန်းက စ ပြီး ပြဌာန်း၊ သင်နိုင် ရင်၊ စာမေးပွဲဖြေဘို.လိုအပ်ရင်လဲ လိုအပ်သလိုပေါ့ ၊ ပဌမငယ် ၊ ပဌမလတ် ပဌမကြီး စာချတန်းစသည်တို.လိုပေါ့၊ လောလောဆယ်မှာတော့ ဥပဒေလိုက်စားသူတွေ လေ.လာဘို. အထူးလိုအပ်မယ် ။









ကိုရင်ကြီးဆိုလိုပုံရှိတဲ့ လွှတ်တော်ကိုယ်စားလယ်အဖြစ်ကရုတ်သိမ်းနိုင်တဲ့အကြောင်းလေးတွေ ဆိုတာ ပုဒ်မ ၃၉၆ ဘဲ ဒီအခြေခံစည်းမျဉ်းနဲ့အညီ ဥပဒေပြူ ပြဌာန်းပြီးပြီလား ၊ အရင်ရှိရင်းဆွဲ ဥပဒေ အသက်ဝင်တုန်းလား။ သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းကတိုင်ကြားခံရသူဖြစ်ရမယ်ဆိုတော. မြန်မာတွေဟာ ဘယ်လိုဟာတွေလဲ ၊ မြန်မာ့သတ္တိဆိုတာ ၊ ကိုရင်ကြီး အသိသား

ဘဲ ။ စခြင်သာ စမယ် အဆုံးထိတော့ မလိုက်ဘူးဘဲ ။ တိတိကျကျ တရားဝင် လက်မှတ်ရေးထိုးတိုင်ကြားရမယ်ဆိုရင် သူတို.မသိခြင်တော့ဘူး။







ပါးစပ်သေနတ်ပစ်ရာမှာ မြန်မာကိုဘယ်သူမှ မမီဘူး။ ဘာနဲ့ နှိုင်းရမယ်တောင် မသိဘူး။ပြည်သူတရပ်လုံးအနေနဲ့ကလဲ ငါ့နိုင်ငံရဲ့အရေး ဟာ င့ါအရေးဘဲ လို. နားလယ်သဘောပေါက်ရလိမ်.မယ်၊အသိစိတ် နဲ့စိတ် ၀င်စားရမယ် တက်ကြွကြ

ရမယ်ရုပ်မြင်သံကြားမှာလာတဲ့ကိုယ်နိင်ငံအကြောင်းနိုင်ငံတကာအကြောင်းတွေလေ့ လာရင်ကောင်မယ်၊ မကြည့် မလေ.လာဘဲ၊ ကလေးတွေ ဗီဒီယို ဌားကြည့်

ရင် ဖွင့်ဘို့ ၊ ကိုရီးယား ရုပ်ရှင်လာမှဖွင်ကြည့် ဘို.သက်သက် ဆိုရင် ဗဟုသုတနဲ မှာပေါ့။