Article submitted by: minkyaw thuyein on 28-Feb-2013  
မြန်မာနိုငံမှာ ဘာတွေ ဖြစ်နေသလဲ ?
ကိုရင်ကြီး၊


မြန်မာနိုင်ငံမှာဖြစ်နေတာတွေကိ နတ်မျက်စေ့ ပုလင်းကွဲနဲ့ အတင်းဖြဲ ကည့်လိုက်
တဲ့အခါ တိုတိုနဲ့လိုရင်း တဲ့တဲ့ နဲ ဒဲ့ဒိုးနဲ့ တိုက်ရိုက်ပြောရရင်တော့ကွန်မြူနစ်
သန္ဒေနဲ.မြန်မာတွေ အရင်းရှင်စံနစ်ကို ကြိုတင် အရင်ရှင်းဘို.ကြိုးစားနေတုန်း
ဘဲ ရှိတယ် လို.ပြောရလိမ့်မယ် ၊ ဒါကိုပြော ဘို.ဆိုတာကိုက စ ပြီး ခက် နေတာ
ကို တွေ.ရမယ် လို.ပြောရင် ဘဲ လုံလောက်လိမ်မယ်ထင်တယ်၊ တထွာပြရင်
တတောင်မက မြင်တဲ့ ကိုရင်ကြီးအတွက် မဟုတ်သည့်တိုင် ကျန်သူတွေ နားလည်မလားလို.ဆက်ရေးတာ ကိုရင်ကြီးမဖတ်လဲ ရတယ်။ အမေးရှိမှ အဖြေရှိမယ်ဆိုတဲ့ ဗေါဓိသတ္တ တို.ထုံး နှလူံးမူရလိမ်မယ်၊


ပြောစရာတွေက များသား ။ ကြားဘူးတဲ့ပုံပြင်ထဲက ရွာဦးကျောင်းဘုန်းကြီး
တပါးလိုကျင့်လိုက်ရင်များ ကောင်းမလား စဉ်းစားမိတယ် ၊ ဒီလိုပါ မူလ ကျောင်းထိုင် ဆရာတော်ပြန်လွန်လို. ဘုန်းကြီးတပါးပေးဘို.သံဃကောင်စီ
ကိုတောင်းတော့ မကြီး မငယ် အရွယ်လတ် ဘုန်းကြီးတပါးရခဲ့ပါတယ်၊ ရောက်ကတဲက ဆွမ်း စားချိန်မှတပါး အခန်းအောင်းနေလေ့ရှိပါတယ် ။ အဖိတ်ဥပုတ် မပြောနဲ့ အခါကြီး ရက်ကြီးတွေမှာတောင် တရားမဟော ဘူးတဲ့ ၊ ၊အများကလဲ ဘုန်းကြီတရားခန်းဝင်နေတယ်လို.အကောင်းဘဲ မှတ်ပါတယ် ။ တနေ. မနေနိုင်တဲ့ တကာ တကာမတွေက ဘာကြောင့် တရားမဟောသလဲ မေးတော့၊ ဟောစေခြင်မှန်း မသိ ၊ တကာ တကာမတွေက တရားမတောင်း ကြလို.မဟောမိဘူးလို.ဘဲ ဖြေသတဲ့ ။ ဒါနဲ.နောက်လာမဲ့ ဥပုတ်မှာ တရားဟော
ဘို. စီစဉ်လိုက်ကြတယ် ။ ဆိုတဲ့ဥပုတ်ရောက်တော့ လူတွေထမင်း စားပြီး တရားနာ ဘို.အသင့် ဖြစ်ကြပြီဖြစ်ကြောင်း ဘုန်းကြီးကို လျှောက်လိုက်တယ်. ၊ ဘုန်းကြီးကလဲချောင်းတချက်ဟန်. လိုက်ပြီး ၊ ဒီနေငါဟောမဲ့တရားသိကြ
သလားလို.ခပ်တည်တည်နဲ့မေးတော့ ပရိသတ်က မသိကြောင်း မှန်ရာ ပြန်လျှောက်လိုက်ကြသတဲ့၊ ဘုန်းကြီးက မသိတဲ့ သူတွေကိုဟောနေလို.အပိုဘဲ ဆိုပြီး အခန်းထဲ ၀င်သွား တော့တယ် ။ နောက် ဥပုတ်ကျတော့ လူတွေက သိပါတယ်ဘုရား ဆိုလိုက်တော့ သိသူတွေကို ဘာဟော နေစရာလိုမလဲ ဆိုပြီး အခန်းထဲ ၀င်သွားပြန်တယ် ။ တတိယဥပုတ်ကျပြန်တော့တဖက်ပရိတ်သတ်က
သိ ကြောင်း၊တဖက်က မသိကြောင်း ညှိပြီးလျှောက်လိုက်ပြန်တော့ သိသူတွေက
မသိသူတွေကိုပြန်ဟော လိုက် ကြဆိုပြီး ပြန်ဝင်သွားသတဲ့. ၊ နောက်နေ. အာရုံ.ဆွမ်းပို.သူက ပြောမှ ကျောင်းမှာ ဘုန်းကြီး မရှိပြန် တော့တာကို တရွာလုံး သိရတော့သတဲ့ ။


အဆုံးက စ ပြောရမယ် ဆိုရင် ခက်တော့ခက်တယ် ဆိုတာ မလွယ်လိုပေါ့ ၊ ဒါကြောင့်ဘဲ မပြောဘဲနေခဲ့ တာများပါပြီ ၊ အထက်ကပြောတဲ့ ဘုန်းကြီးလို နောက်ဆုံးကျောင်းက ခွာခဲ့ရတယ်လိုဘဲ ညေပာပါရစေ ။ ခက်တဲ့ အလုပ်ကို
အောင်မြင် ပြီးမြောက်စွာလုပ်နိုင်မှ ဟီးရိုး လူစွမ်းကောင်းဘဲ သူခိုးလဲ သူခိုး ဒါးပြလဲ ဒါးပြ သူနေရာနဲ့ သူဘဲ ၊ မြန်မာ့ သမိုင်းမှာ ကျားတွေ ၀က်တွေ ဌက်တွေ ရှုးပျံတွေ သတ်နိုင်လို.မင်းဖြစ်တဲ့ ပြူစောထီး ၊ လူ ၄ သိန်းအင်အားနဲ့ ညီမျှတဲ့ ကျန်စစ်သား ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး ၊ ငထွေးရူးတို. ၄ ယောက်အတူုတကွကျရာ တာဝန်ထမ်းဆောင်ကြတယ် ကျန်စစ်သား မင်းဖြစ်
ခဲ့ပြန်တယ် ။


သူခိုးကြီးငတက်ပြားကလဲ သူဟာသူတော့ ဘုရားတဆူ တည်ခဲ့တဲ့ ဘုရားတကာဘဲ လို.လဲ သိရတယ် ။


ကိုရင်ကြီးက ကြိမ်ကိုင်သင့် က ကိုင် လို.ဆိုပါတယ်၊ သိမ်မွေ.တဲ့စကားတလုံး
ပါ ။ အနောက်ဖက်အသုံးအနှုန်း မှာလဲ Carrot and Stick လို.ဆိုထားပါတယ် ၊ ချော့ချီ တခါ ချောက်ချီတလှည့် လို.ပြောရင်လဲ အိုကေ ပါဘဲ။


ဒီကပြောတဲ့ သတ်ရဲ မင်းဖြစ် ဆိုတာကတော့၊ ကြမ်းပါတယ် ရိုင်းတယ်လို.လဲ ဆိုနိုင်ပါတယ် ။ အရင်လို လမ်းအိုလိုက် လို.ဆိုရင် လိုခြင်တဲ့ အဓိပါယ် မရောက်မှာစိုးလို.ပါ ။ ဒါတွေဟာ မြန်မာစကား စစ်စစ် တွေပါ၊ သူနေရာနဲ.သူ လိုအပ်လို.လူကြီးတွေထားခဲ့ပါတယ် လိုရမယ်ရ ပေါ့။ မြန်မာနိုင်ငံ ဗုဒ္ဒဘာသာ ဖြစ်ရတာကိုက လိုအပ်လို.ဖြစ်တာ၊ မြန်မာတွေ တရားမရှိလို. တရားစစ် တရားမှန်မရှိဘို.လို.ဆိုရင် ပိုမှန်လိမ့်မယ် ။ အကြောင်းရှိလို.ဖြစ်တာဆိုရင် မှားမယ်မထင်ဘူး။ ယဉ်ကျေးမှု ပျောက်တော့မဲ့ မြန်မာနိုင်ငံမှာ ယဉ်ကျေး သိမ်မွေ.တဲ့ အပြောအဆို အပြုအမူအယာ အကျင့် တွေကို လူတွေ နားမလယ်
တော့ဘူး ၊ အိမ်မှာ မွေးထားတဲ့ ခွေးတွေကြောင်တွေလို တိရိစ္ဆာန်တွေကမှ
နားလည်လိမ့်အုံးမယ် ။ သူတို.လဲ လူ.အကြောင်းကို လူ ထက် သိကြလို.သာ အနေ ချောင်ကြတယ် ။


မကြာခဏလဲ ပြောဘူးပါတယ် ။ နေချင်းညချင်း နဲ့တည်ထောင်တဲ့နိုင်ငံတခုဟာ အမေရိကန်ပြည်ထောင်စု ဘဲလို. ဆိုနိင်ပါတယ် ။ ဒါတောင် နှစ် ၂၀၀ ကျော် ၃၀၀ ကြာပါတယ် ။ အနိထ္ထာရုံ အိထ္ထာရုံတွေကတော့ များသလား မမေးနဲ.လူမျိုးစုခေါင်းဆောင်တွေ၊ ပြည်သူက ( တချို.) ရွေးကောက်တင်မြောက်တဲ့ ပြည်သူ သမတဆိုတာတွေဟာ သေနတ်ပြောင်းဝမှာ လွတ်လပ်စွာ လဲသေကြ
တာတွေနဲ့လဲ ပြည်.နေတာဘဲ၊ ဒါတွေဟာသူများနိုင်ငံကိစ္စတွေ ဖြစ်ပေမဲ့ နိုင်ငံ
ထူထောင်တဲ့ နေရာမှာ ပေးရတဲ့ အဖိုးအခတွေပါ ဆိုရင် ကျုပ်တို.အတွက်လဲ မှတ်သားစရာချည်းဘဲ ပေါ. ။


ကမ္ဘာ သမိုင်း နိုင်ငံတကာ့သမိုင်းတွေကို အကြမ်းဖျင်း လေ.လာကြည့်တဲ့အခါ နှိုင်းယှဉ်ကြည့်တဲ့အခါ ၊ နိုင်ငံတခုတည်ထောင်တာ အနုနည်းမရရင် ၊ အကြမ်း
နည်း အသိတရားနဲ့မရရင် အကြောက်တရား နဲ့ပါဘဲ ။ ဘယ်လိုဘဲဖြစ်ဖြစ် ဆန်.ကျင် ခုခံအတိုက်အခံလုပ်မဲ့သူတွေဟာလဲအသင့်ရှိနေ ကြမယ်ဘဲဖြစ်တယ် ၊ ဒီထဲမှာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေအထိကမဟုတ် ၊ အနိုင်ရရေးသာ အထိက၊ ထော်လော်ကန့်လန်. အတိုက်အခံလုပ်မှ စားဝင်အိပ်ပျော်တဲ့ ပုလိပ်
ကတော် တွေလဲ ပါသပေါ.ဗျာ။ သူလက်ထက်ကျရင် ဘာမျှော်လင်.ရမယ် မသိဘူး။


စကားစပ်လို.ပြောရရင် ပုလိပ် တွေဟာလဲ သမိုင်း စဉ်လာအရ ပြင်လို.မရ ငရဲ ပြည်ကို တိုက်ရိုက်သွားကြခဲ့ သူတွေ ဘုရားတရား မကြားနိုင်သူတွေထံမှာ ပါတယ် ။ ၊ တိုင်းပြည်ဖျက် သစ္စာဖေါက် ဆိုသူတွေထဲမှာ သူတို.လဲ ပါတယ် ၊ ပုလိပ်တွေကို ရဲ ဆိုပြီး နာမည် အမျိုးမျိုးနဲ့ ပြင်ဆင်ဖွဲ.စည်းပေမဲ့ ပုလပ်ဟာ ပုလိပ်ဘဲ. အစိုးရရဲ.လက်ကိုင်ဒုတ် ပြည်သူ.ချဉ်ဖတ်၊ ပုလိပ်ဟာ တနည်းအား
ဖြင့် အင်မတန်ဆိုးဝါးလှတဲ့ ပုလိပ်ရောဂါ မျိုး ။ မြန်မာနိုင်ငံမှာ ဆွဲကပ်နေတဲ့ ပုလိပ်ရောဂါဟာ ကုဌနူနာ ဖြစ်လာနေပြီ လို.ဘဲ ရှေ.မျက်နှာနောက်ထားပြီး
ပြောရတော့မယ်။


သဘာဝအရ ဆန္ဒဆိုတာတွေရှိလာ ပေါ်လာကြတယ် ၊ပြင်းပြလာတောဆန္ဒတွေ
ကို ထိမ်းမရရင် ထုတ်ဖေါ်လာတယ် ၊ ဗုဓ္ဒဘာသာအနေနဲ့ ဒီဆန္ဒဟာ လောဘ၊ ဒေါသ ၊ မောဟ တွေနဲ့ ကင်းရဲ.လားဆိုတာ ဦးစွာ စဉ်းစားဘို.လို လိမ့်မယ် လို.မြင်တယ် ၊ ရုတ်တရက် ဆန္ဒစော ပြီး ဘာကိုမှ မဆင်မခြင် မလုပ်သင့်ဘူး ။့ ကိုယ်လဲ မလုပ်နဲ့. သူများကိုလဲ တိုက်တွန်းအားပေး ထောက်ခံခြင်း ၊ နောက်လိုက်ခြင်း ၊ ဦးဆောင်ခြင်းတွေ မပြုသင့်ဘူး ။ တရားတယ် ၊ မတရား
ဘူးဆိုတာ ဥပဒေက မဆိုဘူး မိမိရဲ့အသိစိတ် ကိုယ်ချင်းဆာနာစိတ်ကဆိုတယ်၊ ဥပဒေကတော့ ဘာမလုပ်ရဘူး ။ ဘာမကိုင်ရဘူး ဘာလုပ် ဘာကိုင်ရင် ဘာဖြစ်
မယ် ဆိုတာသာပြောထား တာသာဖြစ်တယ်။ တရားဆိုတာ ကိုယ်မှာသာ ရှိသ
တဲ့။


မြန်မာနိုင်ငံဟာ ဗုဓ္ဒဘာသာနိုင်ငံဆိုပေမဲ့ ၊ ၆ ပစ်ကင်း သဲလဲစင် နိုင်ငံမဟုတ်ဘူး ၊ လူတချို.က သတ္တ၀ါအား လုံး အတွက် ဖြစ်နိုင်သမျှ သုခဘုံတခုဖန်တီးလိုပေမဲ့ အားလုံးဟာ စိတ်တူသဘောတူ တက်ညီလက်ညီ ရှိကြရင် တောင် အတော်ကြီး လုပ်ကြရမှာ၊ ဒီ သတ္တ၀ါအားလုံးအတွက် ဆိုတဲ့ အသိစိတ် တခုထဲကိုဘဲ သဘောတူကြရင် အတော်.ကိုအလုပ်ဖြစ်လိမ့်မယ်။


အကောင်းကြိုက် သူဟာ အကောင်းမြင်ရင် အကောင်းမှန်းသိတယ် ၊ အကောင်း
ကိုသိရင် အဆိုးကိုလဲ သိတာပေါ့။ အကောင်းမြင်လို အကောင်းမထင်သူ ဟာ အဆိုးမြင်လို.လဲ အဆိုးမှန်းသိမှာမဟုတ်ဘူး၊ အဲဒါ ခက်တယ် ။ လက်ခံသည်
ဖြစ်စေ ၊ မခံသည်ဖြစ်စေ လူဆိုတာ သူ.အဆင့်အတန်းနဲ.သူရှိကြတယ်။ သူကြီး
ပြင်းလာရတဲ့ ပါတ်ဝန်းကျင်ရဲ့ အရိပ်တွေ အယောင်တွေ သန်းနေတာဖြစ်တယ် ၊



အနိစ္စ ဆိုတာ လူတောင်မလွတ်ဘူး ၊ လူနဲ့ ပါတ်သက်ရာ ကိစ္စအရပ်ရပ် လူ.ပါတ်ဝန်းကျင် အားလုံးမှာရှိတဲ့ တာပလာ၊ ပလာဇာတို. ပလာတာတို. အထပ်တရာ တို. ချပါတီတို.ရော လွတ်မယ်ထင်သလား? တရားနဲ့ရှူရင်ရတယ်၊ လူ.သဘော လောကီအရေးနဲ့ပြောရင် ဟောင်းရင် ပြင်ရမယ်။ အသစ်ဆောက်လုပ်ရမယ် ။ ဆောက်လုပ်ရေး စည်းကမ်း ဥပဒေနဲ့မညီခဲ့ရင် ညီဖြစ်အောင်လုပ်ရလိမ်မယ် ။အသစ်ဘယ်လိုကောင်းပေမဲ့ အဟောင်း ကိုတော့ တလယ်လယ် ဆိုတာဟာ လက်တွေ.မကျတော့ဘူး ၊ အဟောင်းလည်နေရင် မြန်မာနိုင်ငံအမှိုက် ပုံကြီး ဖြစ်သွားမယ် ၊ လူတွေလဲ အမှိုက်ပုံထဲမှာနေပြီး အမှိုက်ဖြစ်သွားမယ်၊ အမှိုက်
ပုံ ထဲက လူရဲ့ ဘ၀ဟာ အမှိုက်ပုံမှာ တွေ.ရတဲ့ တခြား လူမဟုတ်တဲ့ သတ္တ၀ါ
တွေနဲ့ ဘာမှ မခြားဘူး ။


မြန်မာနိင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခြင်ရင် လုပ်ဘို.လိုရင် ၊ မြန်မာတွေကိုယ်တိုင်သောက်ကျင့်တွေ ပြောင်းဘို.လိုတယ်။ ပြုပြင်ပြောင်းလဲ
ရေး ဆိုတာဟာ မကောင်းတာကိုကောင်းအောင်လုပ်တာ၊ ကောင်းနေ တာကို
ပိုပြီိးသာလွန် ကောင်းမွန်တိုးတက် ဖွံ.ဖြိုးအောင် ခေတ်မီအောင်လုပ်ဘို.ဘဲ . ကောင်းနေတာကို ဖျက်ဆီးဘို. မဟုတ်ဘူး ။ မေ့လိုက်ကြရလိမ့် မယ်။


စပ်ကူး မတ်ကူးကာလမှာအရာရာဟာ စိတ်တိုင်းကျ ဖြစ်ခြင်မှဖြစ်မယ်၊ ပြောရ
မယ်ဆိုရင် ပြီးခဲ့တဲ့ဆိုရှယ်လစ်ဥပဒေတွေဟာ အဖိနှိပ်ခံလူတန်းစား တောင်သူ
လယ်သမား အလုပ်သမားတွေကို အလေးထားကာကွယ် ပေးထားတာဖြစ်
်တယ်၊ အရင်ဒီမိုကရေစီ လက်ထက် ကလဲ အလုပ်သမားရပိုင်ခွင့် ဆိုင်ရာ
ဥပဒေတော့ ရှိ တာကို သိတယ် ၊ အခု ဒီနေ. မြန်မာနိုင်ငံဟာ ဥပဒေမဲ့ နိုင်ငံ ၊ ဥပဒေ မရှိတဲ့ နိုင်ငံတခု မဟုတ်ဘူး ။ မြန်မာတွေဟာ တောထဲမှာသေ၊ သစ်ပင်တွေပေါ်မှာနေသူ တာဇံတွေ ဂျန်းဂ(လ်)ဲဂျင် တွေ မဟုတ်ဘူး ။


အာဏာသည် ၊ပြည်သူလုထု ထံမှ ဆင်းသက်သည် ဆိုတဲ့ စကားကြောင့် ပြည်သူလူထု ကိုယ်တိုင်ဟာ အဖိနှပ်ခံ လူတန်းစားဘ၀ကနေဖိနှိပ်သူလူတန်းစား
ဖြစ်လာပြန်ရင်လဲ မဟုတ်သေးဘူး ၊ အမှန်တကယ် လိုအပ်တာတွေကို ဆန္ဒ ထုတ်ဖေါ် ပြသင့်တယ် ။သက်ဆိုင်သူတွေက လုပ်ပေနိုင်ဘို.လဲ အချိန်ပေးရမယ် ။ မျက်လှဲ.ပြသလို အခု ဆိုအခု ဘာမှ မဖြစနိုင်ဘူး ။ ဒါကို မဖြစ်ရကောင်းလားလို
.ဆိုပြီး မလိုအပ်တဲ့ဖိအားတွေ ပေးလာရင် အကြပ်ကိုင်လာရင် ပေးလာတဲ့လူထု အုတ်စု ကိုယ်တိုင်ဟာ ကျုပ်အမြင်မှာတော့ ဖိနှိပ်သူတွေဘဲ ၊အခြားလူထုကိုပါ
အလွဲသုံးစားလုပ်သူတွေဘဲ။


မြန်မာနိုင်ငံမှာ ချယ်လှယ်လိုရတဲ့ လူ ဆိုတာတွေ နေတဲ့နိုင်ငံဖြစ်အောင်ပြောပြီး မြန်မာတွေကို အ အ အန တွေလို ဆက်ဆံခံရတာဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဥပဒေအကျိုးဆောင်တွေကိုယ်တိုင် အဂတိလိုက် စားနေတာ ဖြစ်လိမ့်မယ် ၊ ကွန်ထရိုက်စာချုပ် ချုပ်ဆိုဘို.မှာ လိုက်နာရမဲ့ဥပဒေလမ်းညွှန်
ချက်တွေ အတိုင်း ဖြစ်စေရမယ်။ ကိုယ့်ကိုကိုယ် လယ်ပင်း ကြိုးကွင်းစွပ်မယ်
ဆိုတာသိရင် ဘယ်သူမှ ဘယ်သဘောတူချက်ကိုမှ လက်မှတ်ထိုး လိမ့်မယ်
မဟုတ်ဘူး ၊ ဥပဒေအကျိုးဆောင်ဆိုတာ ဒါမျိုးတွေမဖြစ်ရအောင်ကိုယ့်အမှု
သယ် ကိုယ်ကာကွယ်ပေး ရမယ်၊ ၂ ဖက် အကျိုးဆောင်တွေ ပေါင်းပြီး ညစ်တာ
ဆိုရင်တော့ Fraud Squad စ သုံးလုံး အဖွဲ.ကို တာဝန်ပေးရလိမ့်မယ် ဘဲ ။


စီးပွားရေးတံခါးဖွင့်လို. အထုတ်အထည်နဲ့ ၀င်လာသူကို ၀ိုင်းလုမယ် ရိုက်လုမယ်
ဆိုရင်တော့လဲ ဟုတ်ကို မဟုတ်တောဘူး ၊ ၀င်လာသူကလဲ အရှုံးအမြတ် ကြိုတင်မတွက်ဘဲ ၊ အကျိုးမရှိဘူးဆိုတာ သိရင်လာမှာလဲ မဟုတ်၊ သူမလာရင် ကိုယ် ခက်မယ် သူတို.ကအပေါ်စည်း သူတို.လည်ပင်းကို ကိုယ်ကညှစ်ဘို.ကြိုး
စားရင် ကိုယ့်လည်ပင်းက ဒါဏ်ရာကိုယ်လဲ ကိုယ်မမေ့နဲ.အုံး လို.ပြောရမယ်။
တရားမျှတမှု ဆိုတာ ၂ ဖက်စလုံး နားလည်ကြရင် ကောင်းမယ် ။


လောလောဆယ် မြန်မာနိုငံမှာ မကြာခင်ကအထိ စီးပွားရေးပိတ်ဆို.ခံခဲ့ရတာကို အရှေ.တောင် အာရှ နိုင်ငံတွေက လာပြီး ဘိုင်ပွတ်နေခဲ့တာ၊ ယိုးဒယား၊ စင်္ကာပူရောက် မြန်မာတွေ အပါအ၀င် အလုပ်သမား အလုပ်အကိုင်
ရှာဖွေရေး ပွဲစားတွေက စီစဉ်ပေးတဲ့ အလုပ်သမားတွေတောင် လှိမ့်ပြီးခံနေရ
တာ ခေါင်းပုံဖြတ် ခံရတာ ILO က ဘာလုပ်ပေးနိုင်လို.လဲ။ နိုင်ငံတကာအလုပ်
သမား အဖွဲ.ကြီး (အိုင်အယ်အို) က စောင့်ကြည့် နေတဲ့ကြား က ဆိုတော IL0 နဲ.အလုပ်ရှင်တွေ ပေါင်းပြီး မြန်မာအလုပ်သမားတွေကို ၀ိုင်းဆော် ဖိနှိပ်နေ ပြန်ပြီ ဆိုတာထင်ရှားနေတယ် ။ ကွန်စပေရေစီ လကပ်ပြီး လူကုန်ကူး နေတာပေါ့။


တနည်းပြောရရင် ဆန်မရှိဘဲ အစားမကြီးသင့်ဘူးလို.ပြောစမှတ်ရှိတယ်၊ ကိုယ့်အိုးဘယ်လောက်ကြီး တယ် ဆိုတာ ကိုယ်သာသိကြမယ် ။ အလုပ်သမားဘ၀ နဲ့ ကိုယ့်လုပ်အား တတ်ကျွမ်းမှူ ကိုအရင်းပြုပြီး လုပ်ကိုင် စားသောက် တာ။တတ်ကျွမ်းမှူကိုလက်နက်အဖြစ်သုံးဆွဲပြီး ဓါးပြ တိုက်စား
တာတော့ မဖြစ် ကောင်းဘူး။ စဉ်းစဉ်းစားစားလုပ် ကြဘို.ကောင်းတယ် ၊
အတွေ.အကြုံတွေလဲ ရှိကြသားဘဲ့။


တချိုနိုင်ငံတွေမှာ အထူးသဖြင် ရုံးပိတ်ရက် ဆိုတာဟာ အထိကအားဖြင့် အစိုးရ ပိတ်တာမှန်ပေမဲ့ ပုဂလ္လိက လုပ်ငန်းတွေကတော့ ၂၄/၇ ဖွင့်တယ် သတ်မှတ်တဲ့ အချိန်ပိုကြေးသော်လည်းကောင်း လုပ်ခ အပြည့်နဲရက်အားသော်လည်းကောင်း အစားပေးတယ် ၊ဒါမှမဟုတ် နေ ညဥ့် အလယ် ဆိုပြီး Shift ခွဲတယ် နှစ်စဉ် ခံစားခွင့် လစာပြည့်နဲ့အားလပ်ခွင့်ကို မယူမနေရဘူး ၊ နှစ်စဉ် Holiday ဆိုတာ မရှိမဖြစ် မရ မဖြစ် အခွင့်အရေး၊ ချောင်းသာ ငွေဆောင် ငပလီ လူစည်တာပေါ့။


သိထားဘို.က သူတို.လဲ ဒီနေ. ဒီအခြေအနေထိရောက်လာဘို.ရာ ဘယ်က စ ခဲ့ကြသလဲ နောက်ကြောင်း ပြန် ကြည့်ဘို.လိုတယ် ၊ မြန်မာတွေ ဘယ်က စ ပြီးဘယ်အဆင့်ကိုရောက်နေပြီလဲ ၊ သူတို.ဟာသူတို.လဲ သိဘို.လိုတယ်။ တချိန်က မြန်မာနိုင်ငံမှာ ဘယ်သူကမြောက်ပေးလို.လဲတော့မသိဘူ