Article submitted by: minkyaw thuyein on 26-Feb-2013  
ကျန်စစ်သား စောလူးကို ခိုးသလို ။
ကိုရင်ကြီး ။


ဗုဓ္ဒ၀င်ထဲမှာ ပုဏ္ဍားတယောက် ဂျောက်ထဲကျနေတာကို ဘုရားအလောင်း
မျောက်မင်းက ကယ်ဘူးတယ်၊ ကယ်တင်ရှင် မျောက်မင်း ကို ပုဏ္ဍားက
ကျောက်ခဲနဲ.ထုတဲ့အတွက် ပုဏ္ဍားမြေမြိုခံရဆိုတဲ့ ပုံပြင်ရှိတယ် မှတ်မိမှာပေါ့ ။



တခါ မြန်မာရာဇ၀င်သမိုင်းမှာလဲ စောလူးမင်းကို ကျန်စစ်သား ကယ်ဘို.ကြိုးစား
တာမှာ ကျန်စစ်သားသာ ဖနောင့်နဲ့ တင်ပါး တသားထဲကျ အောင်ပြေးခဲ့ရတယ် ၊ စောလူးကို ငရမန်းကန်းက အဆုံးစီရင် ကွက်မျက် ပစ်ခဲ့သတဲ့ ။



မြန်မာနိုင်ငံကိုလဲ ကယ်လိုသူ ကိုအောင်ဆန်းနဲ့ လူတစုက ကယ်ခဲ့ပြန်တော့လဲ သူတို.တစုဘဲအသတ်ခံရ တယ် ။



နောက်လူတွေကလဲ အကြိမ်ကြိမ်ကယ်ဘို.ကြိုးစား ပေမဲ့ မြန်မာတွေကကယ်မှန်း
မသိ ကျန်စစ်သား ငါ့ကိုခိုးနေပါသည် လို.အော်ဟစ်ကြပြန်တော့၊ ဘယ်သူမှ မြန်မာတွေကို ကယ်နိုင်မယ် မဟုတ်ဘူး ကယ်သူရော၊ အကယ်ခံဘို.လိုသူရော ဒုက္ခရောက်ဘို.ရှိတယ် လို. ဒီကပြောရင် ကိုရင်ကြီးဘာများစောဒကတက်ခြင် ပါသလဲ ?




လူ ဆိုတာ သန္ဒေ ကောင်းဘို.လိုပါတယ် ၊ ဘာသာတရားတိုင်းဟာသန္ဒေကောင်း
ဘို. ဆုံးမကြ ပါတယ် ၊ အကောင်းအဆိုး အမှားအမှန် ခွဲခြားပြီး ကွဲကွဲပြားပြား
သိဘို.လိုပါလိမ့်မယ်။



ဟိုနေ.ကပြောခဲ့သလို အမှန်ဆိုတာတခု ၊ အမှားဆိုတာလဲ တခုမို.မျက်စေ့ရှုတ်
စရာ နားရှုတ်စရာ မရှိတဲ့ အတွက် ခေါင်းရှုတ်စရာလဲ လိုလိမ့်မယ် မဟုတ်ပါဘူး ရှုတ်စရာတွေ ပေါ်လာရင် ခေါင်းအေးအေးနဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ကြပါ
လိမ့်မယ်။



ကိုရင်ကြီး ရဲ. ကောင်းသွားမှာပါ - ကောင်းသွားမှာပါ ဆိုတဲ့အကောင်းမြင်ဝါဒ ကိုတော့ ချွင်းချက်ထား ချီးကျူးပါတယ်။ ဘယ်တော့ကောင်းမယ်ဆိုတာ ကိုရင်ကြီးလဲ ပြောနိုင်လိမ်မယ်လို. ရိုးသားစွာမထင်မိပါဘူး။ တချို.လူတွေ
ပြောတဲ့ လာမယ် ကြာမယ် ဆိုတာတွေလဲ ရိုးနေပါပြီ ။



ပြုပြင်ပြောင်းလဲရေး လမ်းပေါ်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ရုပ်ပိုင်းဆိုင်ရာပြောင်း လဲမှူတွေကို သာ အားထားပုံရတယ် သူတိုရဲ့ စိတ်ပိုင်းဆိုင်ရာကို ဂရုမစိုက် ပြုပြင်လိုကြပုံ မရှိဘူးလို.မြင်တယ် ၊၊ အကောင်း အဆိုးဟာ အကြောင်းအကျိုး ဖန်တည်းသူ လူဆိုတာပေါ်မှာဘဲ တည်ပါတယ် ။



မြန်မာမှုမှာ အသူရာနက် တဲ့ ဂျောက်ကြီးဆိုတာ ရှိနေတယ်လို. လူကြီးတွေက ပြောဘူးကြောင်း လိုရမယ်ရ တဆင့်ကြားသိစေလိုပါတယ် ။ ဒါကြောင့် ဂျောက်ကျတယ် ဆိုတဲ့စကားကို မြန်မာတွေသုံးလေ.ရှိပါတယ်။



ကိုရင်ကြီးပြော တဲ့ ဘယ်သူမပြု မိမိမှု ဆိုတာဟာ ၅၅/၆၀ သန်းသော မြန်မာနိုင်ငံသား အားလုံး မဟုတ် သည့်တိုင် ၊ အထက်ကပြောတဲ့ ပုဏ္ဍားမျိုး ၊ စောလူးမျိုးတွေနဲ့.လဲ သက်ဆိုင်လိမ့်မယ်လို.ယူဆပါတယ်။



ပျော်ပျော် ပါးပါး ပေါ.။