Article submitted by: minkyaw thuyein on 24-Feb-2013  
ခွေးတောင် မဖြစ်ရ ပါလို၏ ဘုရား။
ဒို.လူကလေးများ ဆိုသလေး၊

အချို.ကတော့ ဌက်ဖြစ်တောင် တကိုင်းထဲ နားအုံးမယ်လို.ဆိုကြတယ် ကြားဘူးကြတယ် မဟုတ်လား ။ အားရစရာ အားကျစရာပါဘဲ ။ အင်း - - - မပြောခြင်လဲ ပြောရအုံးမယ် ။ နားမထောင်ခြင်ရင်လဲ နေကြ။ ဒါကြောင့် တိုတိုဘဲ ပြောတော့မယ် ။


မြန်မာနိင်ငံဟာ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ရှိကြတဲ့အပြင် တိုင်းတပါးသား တရုတ်ကုလား နဲ.အခြားလူမျိုးတွေလဲ ရှိကြတယ်၊ မြန်မာနိုင်ငံဟာ ဗုဓ္ဒဘာသာ
နိုင်ငံပြီး အခြားကိုးကွယ်ရာဘာသာ အယူဝါဒတွေဖြစ်တဲ့ ဟိန္ဒူ ၊ မွတ်စလင်၊ ခရစ်ယန် ဂျိန်းနဲ့ ဂျူးအပြင် နတ်ကိုးကွယ်မှူတွေလဲရှိပြီး အေးချမ်းးသာယာ လွတ်လပ်စွာ ပြန်.ပွား ထွန်းကားနေကြတယ် ။


ဘာသာရေးပိုင်းမှာရော လူမျိုးရေးပိုင်းမှာပါ ပြည်သူတွေအားလုံးဟာ ဘယ်အရပ်
ဘယ်ဒေသမှာမဆို အေးချမ်းသာယာစွာဆက်ဆံပေါင်းသင်းနေကြတာဖြစ်တယ်
မြန်မာနိုင်ငံမှာ လူမျိုးရေး/ဘာသာရေး ပဋိပက္ခ ဆိုတာဟာ ပြောရလောက်
အောင်တောင် မရှိဘူး၊ မကြားဘူး ဘူး။ ဘာပြသနာမှ မရှိဘူး။


ကြားရတဲ့လေသံတွေဟာ သူတို.ကိုယ်သူတို.လူမျိုးကွဲလို.ယူဆနေတဲ့ မြနိာမာပြည်ဘွား လူ အချို.၊ မြန်မာ တိုင်းရင်းသား မမှတ်ယူသူအချို.က လူမျိုးနဲ.ဘာသာကို အလွဲသုံးးစား ခုတုန်းလုပ်ပြီး လူကြားအောင် ဟစ် နေကြ
တာ ပြည်ပ အကူအညီနဲ့ ဥပဒေမဲ့ လက်နက်ဆွဲ ကိုင်ပြီး လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခဖြစ် နေသယောင် ပြည်ပ မီဒီယာတွေကိုပင့်ပြီး တဆင့် ပုံကြီးချဲ. ၀ါဒဖြန်.၊ သူတိုရဲ. ဥပဒေမဲ့အကျိုးစီးပွားတွေလုပ် နေတာဘဲ တရား
သယောင် သူတို.ကိုယ်သူတို.ကာကွယ်နေကြရ သယောင် လန်ကြုတ်ဇါတ်ခင်း
နေကြတာ ဖြစ်တယ်။


တကယ်တော့ သူတို.အဆိုရှိတဲ့ လူမျိုးစုအတွက်ဖြစ်စေ ၊ဘာသာအတွက်ဖြစ်စေ ၊ ဒေသအတွက်ဖြစ်စေ တိုးတက်ဖွံ.ဖြိုး ရေးအတွက်ဘာမှလုပ်ပေးနိုင်တာမရှိဘဲ၊ သူတို.ခေါင်း ဆောင်ဆိုသူ ကိုယ်ကျိုးရှာ တချို.ရဲ. သားသမီးတချို. ဆိုရင် နိုင်ငံ
ခြား ပို. ပညာသင်စေပြီး သူတို.စီးပွားရေး ဈေးကွက်ချဲ့ထွင်နေကြတာဖြစ်တယ်၊ ငွေကစားနေကြ တယ် ၊ မှောင်ခို စီးပွားရေးနဲ.သောင်းကျန်းနေ ကြ တယ် ၊သူတို.နိုင်ငံခြားမှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်း တွေဟာ အပြည်ပြည်ဆိုင်ရာ မါဖီးယားဂိုဏ်း၊ စစ္စလီဂိုဏ်း၊ ယာကူဇါ ဂိုဏ်းနဲ.တခြား ဒရပ်ကါတဲ(လ) ဆိုတာ
တွေလိုဂိုဏ်း တွေနဲ မဆက်သွယ်ဘူးလို.လဲ သေချာပေါက် ပြောဘို.ခက်တယ် ။


မြန်မာနိုင်ငံအတွက်ကတော့ ဥပဒေမဲ့မှောင်ခိုလုပ်ငန်း တွေ ဖြစ်ခြင်ဖြစ်မယ် ၊ တဖက်ကအစိုးရအနေနဲ့က တော့ သူ.ဖက်က စီးပွားလုပ်ငန်းရှင်တွေဟာ သူတို.နိုင်ငံရဲ့ ဥပဒေဘောင်အတွင်း ဖြစ်ကောင်းဖြစ်မယ်မို. လွှတ်ထားတာလဲဖြစ်နိုင်
တယ် ။ မြန်မာနဲ.သူတိုနိုင်ငံကြားမှာ ကြားခံနယ်မြေ ရှိစေလိုလို.လဲ ဖြစ်နိုင်
တယ် ။

မူးယစ်ဆေးဝါးထိမ်းသိမ်းရေး ၊ နှိမ်နင်းရေးပိုင်းမှာ အားမရစရာ တွေကတော့
ရှိနေတယ်၊ ရွှေသမင်ဘယ်တာ ကထွက်တယ်ဆိုတာ တိကျတဲ့ အထောက်
အထား သက်သေနဲ. ပြနိုင်ဘို.ရာ ဘယ်တုန်းကမှ ဘယ်လိုမှ မလွယ်တဲ့ကိစ္စဘဲ။ အပြည်ပြည်ဆိုင်ရာရဲအဖွဲ.ကြီး ကိုယ်တိုင်တောင် ဘာမှမလုပ်နိုင်တဲ့အခြေအနေ
မှာရှိ နေတယ် ။


သူတို.ဘယ်သူတွေနဲ့ဥပဒေမဲ့ စီးပွားကုန်သွယ်နေတယ် ၊ ဘယ်ကလက်နက်တွေ
ရနေ တယ်ဆိုတာတွေကို ကြည်ရင် သိသာပါတယ် ။ ဒီသောင်းကျန်းတွေဟာ ၂ နိုင်ငံနယ်ခြားဒေသတွေမှာ လှုပ်ရှားနေကြတာမို.သူတိုနဲ့ဆက်သွယ် ကုန်သွယ်
နေတဲ့တဖက်ကသူတွေဟာလဲ ဥပဒေမဲ့ မှောင်ခိုကုန် ကူးသူတွေဘဲ လို ယူဆရ
တယ် ၊ တဖက်အစိုးရတွေ ၀န်ထမ်းတွေ ပါဝင်ပါတ်သက်မှု ရှိမရှိ တိတိကျကျ ဘာမှ ထုတ်ဖေါ်ပြော နိုင်ခြေမရှိဘူး၊၊


မြန်မာနိုင်ငံဟာ ဘင်္ဂလာဒတ်(ရှ) ၊ အိန္ဒိယ ၊ တရုတ် ၊ ယိုးဒယား( ထိုင်း) တို.နဲ့နယ်ချင်းစပ်နေတာမို.၊ရောင်း ၀ယ်ဖေါက်ကားလို.ရသမျှ တချို.သော ဆံရေ
စပါး ရွှေငွေကျောက် သံပတ္တမြား ပယင်းဒုတ္ထာ သားငါးနဲ့ သစ်ပါမကျန် မှောင်ခို
လုပ်ငန်းရှင်တွေရဲ လက်ထဲမှာ ရှိနေသေးတာကို ၀န်ခံရလိမ်မယ်။ နယ်ခြားဒေသ
ကို ၂ ဖက် အစိုးရ တို.က လုံခြုံအောင်မထိမ်းသိမ်း နိုင်သေးဘူးဆိုတာကို ထင်ရှာစေနေတယ်။ ဟိုဖက် ဒီဖက် ဥပဒေမဲ့ ကူးလူးနေတဲ့ ကုန်တွေ ကုန်သည်
တွေအပြင် လူကုန်းကူးနေတာတွေ အရ သိနို်ုင်တယ်၊ တနည်းအားဖြင့် အဆိုပါ
နယ်ခြားဒေသတွေမှာ ဥပဒေ စိုးမိုးမှု ဥပဒေထိရောက်မှူ မရှိဘူးဆိုတာကို တွေ. ရတယ် ၊ တရားဥပဒေစိုးမိုးစေသူတွေ အထူးသိအပ် သတိချပ်ဘို.ဘဲ ။


ဒီနေ. မြန်မာနိုင်ငံမှ ကချင်လက်နက်ကိုင်တစုနဲ့ မြန်မာနိင်ငံအစိုးရ ကိုယ်စား
လည်တစုတို.ဟာ ပြသနာကို တရုတ်ပြည်ထဲမှာ သွားပြီး ဆွေးနွေးနေကြဘို. သဘောတူခဲ့ ကြတယ်လို.သိရတယ် ။ ၊ တရုတ်နိုင်ငံဟာ သူရဲ.အကျိုးစီးပွား
( နိုင်ငံရေး စီးပွားရေး )ကာကွယ် ဘို.ဆိုပြီး ဘယ်လောက် ပါဝင်ပါတ်သက် ၀င်
စွက်တယ် ဆိုတာတော အတိအကျမသိရပေမဲ့ သူရဲ့အကျိုး စီးပွားမပါဘဲတော့လဲ
ကြီးဒေါ်ရဲ့နွား ကျောင်းမှာမဟုတ်ဘူး။ တနည်းအာဖြင့်လဲ သူနယ်စပ်မှာဖြစ်နေတဲ့
ကိစ္စ္စ၊ သူမြေပေါ်မှာ ကချင်ဒုက္ခသယ် ဆိုတာတွေကိုလက်ခံထား ထားရတဲ့ ကိစ္စ
ကြောင့် သူ ပူပင်သောကရှိမယ်ဆိုရင်လဲ ရှိစရာဘဲ ။ အခြေအနေကို သူသိခြင်
သူစိတ်ချလက်ချ ရှိလိုတယ်ဆိုတာ သဘာဝကျ တယ် ။


ဒါပေမနဲ့ အဆိုးအမြင်နဲ့ပြောမယ်ဆိုရင် မြန်မာနိုင်ငံပြည်တွင်းရေး (သို.) လူမျိုးအချင်းချင်းပြသနာမှာ တရုတ် က ၀င်ပါတာဟာ အစဉ်အလာ တခုဖြစ်လာပြီး အခြားသူတွေကလဲ သူတို.စိတ်ဝင်စားရာတခြားကိစ္စတွေမှာ
သူတိုရဲ့ အကျိုးစီးပွားကာကွယ်ရန်ဆိုပြီး ၀င်ရောက် စွပ်ဖက် ချယ်လည် ခြင်ကြမှာလည်းနားလည်ရလိမ့်မယ၊် ဒါတွေကိုတော့ အထူး သထိထားရလိမ့်
မယ်။


ဘာကြောင့်လဲဆိုတော အတိတ်ကမြန်မာနိုင်ငံမှာ ဘိန်းဘုရင် ခွန်ဇါခေါင်းဆောင်
တဲ့ မွန်ထိုင်းလက်နက်ကိုင် တွေကို အမေရိကန်ပြည်ထောင်စုက လိုအပ်တဲ့ အကူအညီပေးပြီး သူတို.လူအဖြစ်မွေးခါ ၊ မြန်ာမာပြည်တွင်း စစ်စခန်းတွေ ဒုံးကျည်စခန်းတွေဆောက် မြန်မာအရေးရော တရုတ်အရေးမှာပါ ၀င်ရောက်
စွက်ဖက်ဘို. ကြိုးပန်းဘူးတဲ့ သာဓကတွေ ရှိခဲ့ဘူးတယ် ။


မှတ်တမ်းတွေ အဆိုအရ ကချင်တွေဟာ ပဌမနဲ့ ဒုတိယ ကမ္ဘာစစ်တွေ မှာ အင်္ဂလိပ်နဲ့ အမေရိကန်မဟာမိတ် တို.ရဲ့ ကြေးစားစစ်သားတွေ အဖြစ် အမှူထမ်း
ခဲ့ကြတယ်ဆိုတာ လူတိုင်းအသိဘဲ ။ မြန်မာနိုင်ငံကိုဗြိတိသျှ အင်္ဂလိပ်တို.အုပ်ချုပ်
စဉ်က ဗမာနှိပ်ကွတ်ရေး အစီအစဉ်မှာ သူတို.အင်္ဂလိပ်ဖက်က ပါဝင်တဲ့ အခန်းကဏ္ဍကို ကချင်တချို.စိတ် မလုံမလဲ ရှိနေခဲ့ကြတာမှာ တရုတ် မြန်မာ နယ်ခြား
သတ်မှတ်ခဲ့တာကို အကြောင်းမရှိ အကြောင်းရှာပြီး ၁၉၆၁ ခုမှာ အစိုးရကို ပုန်ကန်ခဲ့ကြတာဘဲ၊ တခြားအခြေအနေဆိုးတွေ အလားအလာဆိုးတွေကြောင့် မြန်မာ့တပ်မတော် က အာဏာ သိမ်းခဲ့တာကိုမှတ်မိကြလိမ့်မယ်။


ကချင်လက်နက်ကိုင်တွေဟာ နိုင်ငံရေးအရရော စစ်ရေးအရပါ ရှုံးနေပေမဲ့ အစိုးရအနေနဲ့က (ရေနစ်သူကို ၀ါးကူလို.ထိုး) ဆိုတာမျိုး မဖြစ်စေလိုတဲ့ အတွက်
ငြိမ်းချမ်းရေးအခွင့်အလမ်းတွေအခါအခွင့်သင့်တိုင်းပေး လေ့ရှိတယ် ၊ သို.သော် ကချင်လက်နက်ကိုင်တွေဟာ အလိုလိုက်အမိုက်စော်ကားဆိုတဲ့စကားလို ခွေးမြီး
ကောက် ကျည်ထောက်စွတ် ဆိုတဲ့ စကားလို.ဖြစ်နေတယ် ၊အားမနာတန်းပြောရ
ရင် သူတို.ကိုယ်သူတို.လဲ Jesus Christ နဲ. ဆွေနှီးမျိုးစပ် တော်သလိုလိုတမျိုး စကောတလန်နယ်သားတွေဘဲ ဖြစ်သယောင် တဖုံ ယုံကြည်နေကြသူတွေ ဖြစ်
တယ် ။ သူတို.ကိုဘယ်သူတွေမြောက် ပေးနေသလဲ လို. မေးစရာတောင် လိုမယ် မထင်ဘူး။ သမိုင်းလေ့လာရင် သိမယ် ။


အခု မြန်မာနိုင်ငံအစိုးရနဲ့ ကချင်လက်နက်ကိုင်တို. ဖြေရှင်းရမဲ့ ပြသနာဟာ အကန်.အသတ်နဲ့သာဘဲ ဖြစ် လိမ့်မယ် ၊ ရောက်ရှိ နေတဲ့ အခြေအနေက စ ရလိမ့်မယ်၊ ကမ္ဘာဦးအစ မဟာသမတမင်းတို.အထိ ဖြစ်စေ၊ ဘုရားသခင် ကမ္ဘာကြီးကို ဖန်တည်းတယ် ဆိုတဲ့ အချိန်ထိ သွားဘို လိုအပ်မယ် မဟုတ်ဘူး လို.မြင်တယ် ။


မြန်မာသမိုင်းမှာ အင်္ဂလိပ်နဲ့ပြင်သစ် စားခွက်လုလို.မြန်မာနိင်ငံပျက်ခဲ့ရတာ ၊ အင်္ဂလိပ်နဲ့ ဂျပန်လုလို. မြန်မာ နိုင်ငံ ဖွတ်ဖွတ်ညက်ညက် ကျေခဲ့ရတာ ။ ဘယ်သူကြောင့်လဲ လို.တော့ မမေးကြနဲ့နော် ။ အခု တရုတ်က တဖက်၊ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တို.ကတဖက်ကြောင့် မြန်မာနိုင်ငံကို ၀ိုင်းဝန်း
ကူညီ ခေတ်မီ တိုးတက်အောင်ဆောင်ရွက်ပေးကြမယ်ဆိုရင် တော့အတိုင်းထက်
အလွန်ပေါ့ ၊ ယခင်က ချစ်ကြည်ရေး အထောက်အပံ့တွေ နှောင်ကြိုးမဲ့အကူအညီ
တေပေးဘူး ရှိဘူးပါတယ်။


ဒါမှ မဟုတ်ဘဲ လူမွေး စားခွက်လု ကြအုံးမယ်ဆိုရင် ဗီယက်နမ်၊ ကမ္ဘောဒီးယား လားအိုတို.လို စစ်မြေပြင် ဖြစ်ရအုံးမယ် ၊ ကိုရီးယား ၂ နိုင်ငံလိုဘဲဖြစ်စေ၊ တချိန်က ၂ နိုင်ငံ အခွဲခံရဘူးတဲ့ မြန်မာနိုင်ငံလိုပြန်ဖြစ် ရအုံးမယ်၊ ဒီတခါမှာ ၂ နိုင်ငံမှာဒင် မရပ်တော့ဘဲ မါရှယ်တီးတိုးအလွန် ယူဂိုစလားဗီးယားနိုင်ငံလို အစိပ်စိပ်အမွှာမွှာ ဖြစ်ရမယ်ဆိုရင်တော့ နောင်ဖြစ်လေရာ ဘ၀တိုင်း မြန်မာနိုင်ငံ
ရဲ့ ဘယ်အပိုင်းမှာမှ လူမပြောနဲ့ ခွေးတောင် မဖြစ်ရ ပါစေနဲ့ လို. ဆုတောင်းရ လိမ့်မယ်။


ဒါလောက် ဆို ဒီနေ. တော်လောက်ပါပြီ ပျော်ပျော် ပါးပါး ပေါ.။