Article submitted by: minkyaw thuyein on 23-Feb-2013  
ဘယ်သူ အပစ်ကင်းသူလဲ ?
ဒို.လူကလေးများဆိုသလေး









မှန်ပါတယ် အသိတရားရှိသူ - မရှိသူ၊ ကျွတ်တန်းဝင်သူ မ၀င်သူ ၊ ဘုရားပွင့်

မှန်းတောင်မသိသူတွေ ရှိတယ် ဆိုတာမှန်ပါတယ် ၊ ဂေါတမ တရားကို အခုချိန်ထိ လက်မခံသူတွေ ရှိနေသေးတာကိုက သက်သေ ခံနေပါ တယ် ။ ဒါကတော့ ဂေါတမကို ဘုရား ၊ ဂေါတမ တရားကိုမှ တရားလို.မှတ်ယူ နေသူ

တွေ အတွက် ဖြစ်ပါလိမ်.မယ် ၊ ဂေါတမ ကိုယ်တိုင် ဂင်္ဂါဝါလု သဲစုအမျှသော

ဘုရားများရှိခဲ့ ဘူးကြောင်း ဟောဘူးတယ် လို.သိရပါတယ် ။ ဒါကိုလက်ခံရင် အခြားဘုရားတွေနဲ့ အခြားတရား တွေရှိတယ်ဆိုတာလက်ခံရလိမ့်မယ် ။

ဥပမာဘဲ ပြောရရင် ဘုရား ၉ ဆူ ၊ ၂ ကြိတ် ၈ ဆု ဆိုတာ မျိုးတွေ ပေါ.။









ဒီလိုလက်မခံသူတွေရှိနေလို.၊ လူတွေဟာ ကံ ၅ပါးကိုစောင့်ထိမ်းကြခြင်း

မရှိကြဘူးဆိုရင်။ ဂေါတမ အပစ်လား လူတွေရဲ.အပစ်လား ? အဆင်း ဘီးတတ် တာ လွယ်ပါတယ် ။ ဒီကယူတဲ့ အဓိပါယ် ကတော့ မြန်မာနိုငံမှာလဲ

ဒီနည်းနှင်နှင်ပါဘဲ ဘုရားတွေကများလိုက်တာလို. ပြောဘူး ပါတယ် ၊ နှိုင်းရတာတော့မကောင်းပါဘူး ၊ ဘယ်ဘုရားက ဘာဟောဟော မြန်မာနိုင်ဟာ ၊ သုခ ဘုံဖြစ်ဘို. လူတွေက လုပ်ကြရမှာ ဖန်တည်းကြရမှာ ဆိုတာကို လူတိုင်း လူတိုင်းကသိရမယ်။ ဒီနေရာမှာ ဒီမိုကရေစီ အားကိုးနဲ့တယောက်တပေါက်

လုပ်နေကြလို.မဖြစ်ဘူး။ ငါလုပ်ခြင်တာ ငါလုပ်မယ် ငါ့အခွင့်အရေးဘဲ လို.ပြောဆို လုပ်ကိုင်နေလို.မဖြစ်ဘူး၊ ငါသာမှန်တယ် အားလုံးမှားတယ်လို.လုပ် နေလို.မရဘူးလို.မြင်တယ်၊ ခုချိန်ထိ မြန်မာတွေ မသိကြသေးရင် ဘယ်တော့မှ သိကြမှာလဲ ။








အကောင်းဆုံးကတော့ ကိုရင်ကြီးဘဲ ဖြစ်စေ ဒီကဘဲ ဖြစ်စေ မအုပ်ချုပ်

ရင် ခေါင်းမဆောင်ရင် မကယ်ရင် မြန်မာနိင်ငံနဲ့မြန်မာလူမျိုးတွေ ကောင်းစားဘို.မမြင်ဘူး သေဖွယ်ရာသာရှိတော့တယ် လို. ပြောရမလိုဖြစ်နေပြီ။









မှားမှန်ရွေးဘို့က ခတ် ခက်ခက် တဲ့ ၊ ကိုယ်ကိုယ်တိုင် အမှားအမှန်ဘာဆိုတာ


မသိလို. အရွေူးရ ခက်တာဖြစ်လိမ့်မယ် ၊ ကိုယ်က သိပြန် တော့လဲ သူများကမသိလို. လက်မခံတာတွေ ၊ ခံယူချက် ချင်းမတူရင် အသိချင်းတူဘို.ခက်တယ် ဆိုရင်ပိုမှန်လိမ့်မယ်။ အားသာသာလောက် ဆိုတော့ ဘယ်ဟာက အားသာ ဘို.လိုမလဲ အမှားက လား-အမှန်က လား ၊ အမှားဖြစ်စေ အမှန်ဖြစ်

စေ တခု စီဘဲရှိတာမို. မမှားရင် မှန်ရမယ် ၊ မမှန်ရင် မှားရမယ် ဘဲ ၊အမှန်ကို

အမှန်အတိုင်း အမှားကိုအမှား အတိုင်း၊ ဘာကြောင့်လက်မခံနိုင် ကြတာလဲ ? တခုထဲသော အမှန်တရားဆိုတာရှိသလား၊ ရှိရင် ဒါကို အားလုံးက ဘာကြောင့်

မမှားသော အမှန် ရယ်လို. လက်မခံကြတာလဲ?









ဒီနေရာမှာ ပြောရရင် ၊ မင်္ဂလာ ဆိုတာ ဘာ ဘာလဲ လို. မေးတော့ ဂေါတမက အဖြေ ၃၈ ခု ပေးခဲ့ တယ် ၊ အမှန်တရားဆိုတာ တခုထဲ မဟုတ်ဘူး ဆိုတဲ့ အဓိပါယ်ဘဲလို.ယူဆရမလား၊ စောဒကတက် စရာဘဲပေါ့။ တခြားကိစ္စတွေလဲ အများကြီးရှိပါသေးတယ် လေ ၊ သစ္စာ ၄ ပါး တို.ဘာတို.ပေါ့ ။ မြန်မာတွေဟာ အူဝဲ ဆိုကထဲက ဗုဓ္ဒ၀င် ၅၅၀ နိပါတ်တွေ ၊ ဓမ္မပါဒတွေကို လူကြီး တွေကဖတ်ပြလို.၊ အိပ်ယာဝင်ပုံပြင်တွေလိုပြောပြလို.၊ ဘုန်းကြီးတွေ

ကလဲ ဟောကြတာတွေနဲ့ပါ နားညီးနေတာဘဲ ၊ စာတွေ.တွေ အတော်ဘဲပြည့်

စုံနေကြ ပုံဘဲ ၊ ဒါတွေသြာေ့ပာရရင် မြန်မာတွေ အတော်ဘဲ အနေရ အသေရ ကြပ်နေတယ် ဆိုတာ ဟုတ်မယ်။ ဒါကြောင့် နိုင်ငံရေးမှာဘာသာရေး ၀င်မပါ

စေလိုသူ တွေရှိသလို ၊ ဘာသာရေးကို ခုတုန်းမလုပ်ဘို. ဟြေထားတယ်၊ ဘာသာရေးဟာ လူတွေ ယဉ်ကျေးတိုးတက် မှူရဲ့ အခြေခံဖြစ်တယ်လို. ယုံကြည်

ကြသူတွေလဲ ရှိတယ်။









ကြုံလို.ပြောရရင် လူဘ၀ကို ရှောင်တိမ်းသူတွေဟာ လူတွေနဲ့ကင်းအောင်နေကြ တရားဓမ္မဟော ကြားပြီး ညွှန်စရာရှိညွှန် သတိပေးစရာရှိရင်ပေး ၊ လူကိစ္စအ၀၀မှာ ၀င်မရှုတ်နဲ့လို.ပြောရမလား၊ ဘုရားဟောထက်ပိုပြီးလဲ သူတို့ဟောနိုင်ကြတာလဲ မဟုတ်ပါဘူး ဆိုရင် ရိုင်းရာများကျသွားမလား၊ တခြားဘာသာတွေက ဘုန်းကြီး ရဟန်း မယ်သီလနဲ မြန်မာနိုင်ငံက ဗုဓ္ဒဘာသာ ဘုန်းကြီး ရဟန်း မယ်သီလ အရေအတွက် ဘယ် သူတွေကများမလဲလို.လဲ မကြာခဏ စဉ်းစားမိတယ် ၊ ဒီထဲမှာ အစစ်အမှန်

ဆိုတာ ဘယ်သူတွေလဲလို.မေးရ စစ်ဆေးရအောင်ကလဲ ကိုယ်ကတော့ အရည်အချင်း မမီတာအမှန်ဘဲ ။ လူတွေအနေနဲ့ကလဲ ဗုဓ္ဒဘာသာဝင်လို.ပြောရလောက်အောင် လောဘ ဒေါသ မောဟတွေများပြီး ဘာကိုမှ မရောင့်ရဲ

နိင်ကြ ၊ ဘယ်သူကိုမှ မကျေနပ် ၊ ကောင်းတယ်မထင် ၊ ထင်ပြန်ရင်လဲ ကောက်ရိုးမီးလို၊ ဝေလေလေဆိုတဲ့ စကားတွေဟာ မြန်မာတွေနဲ့အပ်စပ်

ပါတယ်၊ သူများကောင်းစား ကိုယ်ထက်သာသွားတာကို မမြင်သာ မရှူစိမ်.၊

့် ခွဲခြားပြောစရာတခုကတော့ မညီမျှ သေးတဲ့ လူ.အလွှာတွေလို.ပြောရမလား မသိဘူး၊ သမရိုးကျစကားကတော့ တောသား မြို.သား ၊ ခေတ်မီသူ. ခေတ်နောက်ကျသူတွေ လို.ပြောရင် သဘောပေါက်ကြလိမ့်မယ် ထင်ပါတယ်၊









မြန်မာနိုင်ငံဟာ ဗုဓ္ဒဘာသာနိုင်ငံဖြစ်နေလို. နိင်ငံ့အရေးကိစ္စတွေကို ဘုရားကု ကုနေလို.မရ ဘူး၊ သိပ္ပံနည်းနဲ.လက်တွေ ကျရမယ် ၊ ဘုန်းကြီးရဟန်းတွေလဲ သူတို. အလျှောက် ဘာသာ သာသနာ ဆိုင်ရာကိစ္စတွေမှာ ၀င်လုပ်ရင် ၀င်လုပ် ၊ ဒါပေမဲ့ လူကိစ္စတွေမှာ ၀င်မရှုတ်ကြဘို.အရေးကြီး တယ်၊ မြန်မာနိုင်ငံ မှာ ဘုန်းကြီး ရဟန်းတွေ သီးသန်.နေရာ အထုးနေရာတွေ ပေးကြပါတယ် ပညာရှိတွေ အဖြစ် စာပေတတ် ပုဂိုလ်တွေအဖြစ် မှတ်ယူလေးစားလျှက်ပါ ၊ ခေတ်မကုန်သေးဘူး ၊ ဒါကို ရပိုင် ခွင့် အခွင့်ကောင်းကြီး အဖြစ် သူတို.ကိုယ်သူတို.အပေါ ကြီးတွေ ဖြစ်အောင်

လုပ်နေကြရင်တော့လဲသူတို. ကြောင့်ဘဲ့ ဘာသာ သာသနာပါ ပျောက်လိမ့်အုံး

မယ်။ ဘာညာမသိ ဘုန်းကြီးဝင်ရှူတ်လိုတိုင်းပြည်ပျက်ခဲ့ရဘူးတာ ပြောဘူးပါ

တယ်လေ။









တညီတညွတ်ထဲ ဆိုတာနဲ. ညီညွတ်ကြဘို.ဆိုတာဟာကွာခြားပုံရှိပါတယ် ။ စစ်တပ်ထဲမှာ တသွေး တသံ တမိန်.ဆိုတာကို အလေးထားရတာပါ ၊ မဟုတ်ရင် တိုင်ပြည် ၁၀ ပါးမှောက်ကုန်ပါလိမ့်မယ် ၊ အမိန်.မနာခံ မှုတွေ ရှိကြတယ်ဆိုတာလဲ အခြေအနေပေါ်တည်ပြီး ဖြစ်လာတဲ ကိစ္စတွေပါ ။ ရလဒ် ပေါ်မှာ ကြည့်ပြီး ခွင့်လွှတ်ခြင်း ဆုချဂုဏ်ပြုခြင်း၊ အပစ်ပေးခြင်းလိုအပ်ရင် အသေသတ် ကွပ်မျက် ခြင်းမျိုးပြုတယ်လို. ကြားဘူးပါ တယ် ။









ထပ်ပြောရရင် ခတ်များများနဲ့ အားသာသာလောက်ဆိုရင်တောင်အလုပ်ဖြစ်

်လောက်ပါပြီ တဲ့၊ အဲဒါ ဒီမိုကရေးစီဘဲပေါ။ ဒါပေမဲ့ ရေစီတာလား မီးစီတာလား ရေလိုခြင်သလား ဆီလိုခြင်တာလား ၊ ရေများရေနိုင် မီးများ မီးနိုင်ဆိုတာဟာ သတိ အင်မတန်ထားရပါတယ် ၊ အမှား အမှန် ကို လမ်းလွဲသွားစေ နိုင်ပါ တယ်။ ရေနဲ.ဆီကတော့လဲ တခြားစီပါ။









ဒါကိုဘဲပြောနေတာ မဟုတ်လား၊ လုပ်နိုင်တာ တွေအများကြီးရှိတယ်လုပ်မလား

မလုပ်ဘူး လား ဘဲ ၊ အနာသိရင် ဆေးရှိတယ်ဆိုတဲ့ စကား ၊တခြားဆေးတွေနဲ့

မပျောက်ရင် ကွင်နိင်ဆေးဘဲဖြစ်စေ ဆေးခါး ကြီးဘဲဖြစ်စေ ၊ တမာရွက်ပြုတ်ဘဲ

ဖြစ်စေ၊ ခါးမှသာခါး ရောဂါပျောက်အောင်တော့မျက်စေ့ မှိတ် နှာခေါင်း ပိတ်ပြီး မျြိုချရမှာဘဲ၊ မုန်းလို.မဟုတ်ဘူးလေ ၊ ရက်စက်မှကြေကွဲတဲ့ ၊ Sometimes you have to be cruel to be kind လို.ပြောရင် အပြည်ပြည်ဆိုင်ရာတို.နား လည်ပါ

တယ် ၊သူတို. လဲ လုပ်နေ(ကျူးလွန်) နေကြတာဘဲ ။ သူတို. လုပ်တော့ ကောင်း

တယ် သူများလုပ်တော့ဆိုးတယ် ဆိုတာတွေက စပြီး မတရား မမျှတတာတွေ ဖြစ်နေတာ၊ လက်နက်အားကိုးနဲ့ဘဲ ၊ အာဏာဆိုတာ သေနတ် ပြောင်းဝက လာတယ် ဆိုတာ မှန်တုန်းဘဲ ရှိနေတုန်း ဘဲ ။ ငြင်းကြစမ်းစေခြင်တယ် ။









ခေါင်းဆောင်ဆိုတာ အမျိုးမျိုး ၊ ကိုယ်ဟာကိုယ်ထလုပ်လုပ်၊ လူနဲစုကဘဲ ရွေးရွေး ၊ လူများစုကဘဲ ရွေးရွေး ခေါင်းဆောင်ဟာ ခေါင်းဆောင်ဘဲ ၊ လူအကြိုက်လိုက်ပြော လူအကြိုက်လိုက်လုပ်တဲ့ ခေါင်းဆောင်လား၊ လူအများအတွက်လိုအပ်တာကိုလုပ်ပေးတဲ့ခေါင်းဆောင်လား ဒါဘဲကွာမယ်၊ လူတွေအနေနဲ.ဘယ်သူ.ကို ထောက်ခံကြမလဲ ဆိုတာ စိတ်ဝင်စားစရာပေါ့ ။









ဘုန်းကြီးတွေ သင်္ကံန်းဝတ်ကြတာ အပူ အအေး မှဲ. ခြင် မြွေ ကင်း သန်းတို့မှ ကာကွယ် ရန်လို.ဆိုတယ်၊ မှဲ. ခြင် မြွေ ကင်း သန်း မရှိတဲ့အရပ်မှာ ကိုယ်တုံးလုံးနေမယ်လိုတော့ ယူဆလို. မရပါဘူး ၊ ဂေါတမဘုရားပွင့်ရာ ဘာရာဏသီ ဗုဒ္ဒဂယာမှာဘဲ ကိုယ်တုန်းလုံးနဲဘာကျင့်နေကြတယ် မသိရတဲ့ ပုဂိုလ်တွေ တွေ.ခဲ့ရဘူးတယ်၊ အကျင့်လွန်တယ်လို.တောင် မပြောဝံ့ပါဘူး ၊ သူတို.လိုကိုယ် မကျင့် နိုင်တာတော့ အမှန်ဘဲ ဆိုတာဝန်ခံတယ် ၊ ဒါကြောင့်ဘဲထင်ပါရဲ့ သင်္ကန်း

လေးတော့ဝတ်ဘို. ဟော တာဖြစ်မယ် ၊ ပိုး ဖဲ ကတ္တီပါ ဘန်ကောက် သင်္ကန်း

ဆိုတာကတော့ ခေတ်အလိုက်တိုးတက်လာတာ တွေဖြစ်လိမ့်မယ်၊ သစ်ခေါက်ဆိုး ပံ့သကူ သင်္ကန်း မ၀တ်လို.တော့ ဘုရားရဲ့အမိန်.မနာခံတာ

အန်တု တာ ဟုတ်ခြင်မှ ဟုတ်မယ် ။ ခေတ်နဲလျှော်ညီ လာတာကို အပြစ်ပြော

ကြ မလား၊တိုးတက်လာတာ လို.လက်ခံမလား ၊ ဆုတ်ယုတ်တာလား၊ တဲကျောင်းသီတင်းသုံးတဲ့ ဘုန်းကြီးတွေ တိုက်ကျောင်းလေအေးစက်နဲ့

နောက်ဆုံးပေါ်တိုယိုတာ ကရိုလာနတ်ရထားနဲ.ဈာန်သဘော ဒေသဇါရီ ကြွနေတဲ့ ကိုယ်တော်တွေ ဒုနဲ့ဒေး၊ ဘုန်းကြီးဝတ်စား တာတောင် ကိုယ်ကျိုး မပါဘူးလို.ခုခေတ်မှာပြောလို.မရ နိင်ဘူး ၊ ဘုရားဟောနဲ. ညီမညီ စစ် မနေ

နဲ့တော့ မြင်တာနဲ့ သိတယ် ။ ကိုယ်လဲ သင်္ကန်းဝတ်ဘူးတာဆိုတော နဲနဲပါးပါး သိတယ် ။









လွန်ခဲ့တာနှစ် ၂၆၀၀ ကျော်တုန်းက ဘုရားဟောခဲ့တာဆိုတော၊့ ဘုန်းကြီးတို.ရဲ.ဖွဲ.စည်းပုံ အခြေခံ ဥပဒေကို တဖြေးဖြေး ပြင်ဆင်နေ တယ်ထင်တယ်၊ သူမရှိတော့တဲ့ နောက်ပိုင်း ပြင်စရာရှိရင် ပြင်ပါ လို. ဘုရားကလဲခွင်ပြုခဲ့တယ်လို.အချို.ဘုန်းကြီးရဟန်းတွေက အသေမှတ်ထား

တယ် ။









စစ်အေးကါလ ဆိုတာတကယ်ရှိသလား။ ကျုပ်တသက်မှာတော့ မကြုံဘူးပါဘူး ၊ နိင်ငံတိုင်းဟာ စစ်ကို ရင်ဆိုင်ဘို.အနဲအများဆိုသလိုပြင်ဆင်

ထားကြတယ် ၊ ခေါင်းဆောင်ဆိုတာ စစ်လဲတိုက်တတ်ရမယ် - ငြိမ်းချမ်းရေးလဲ ဆောင်ရွက်နိင်ရမယ်လို. လူကြီးတွေ ပြောတာကြားဘူး ပါတယ်။ မြန်မာ့

ခေါင်းဆောင်တွေဟာ ဒီနေရာမှာ တော့ အပြစ်ပြောစရာ မမြင်ပါဘူး ။ နန်းမတော်မယ်နု ၊စုဘုရားလတ်တို.နဲ အခြားသော သူ.ကျွန်မခံ အာဇာနီမတွေ ရှိဘူးတယ်လို.သိရပါတယ်။









ကျုပ်တို.ခေါင်းဆောင်တွေ မှန်သမျှ ဘယ်ခေါင်းဆောင်မှ သောက်သုံးမကျ

ဘူးလို. ဆိုရင်တော့လဲ လွန်တာပေါ့ ။ ကိုယ့်အသိလား။ သူများအပြောလား ဘယ်သူပြောသလဲ လေသံကြားတရားနာတာ ဘဲလား ။ သူတိုသာအသုံးမကျ

ရိုးမှန်ရင် ပြည်ထောင်စု သမတမြန်မာနိုင်ငံ လို.တောင်ခေါ်စရာ ရှိတော့မယ် မဟုတ်ဘူး ၊ သူတိုဘာလုပ်သလဲ ကိုယ်ဘာလုပ်ဘူးသလဲ ဆိုတာနဲ့ နိုင်းယှဉ် ကြည့်ရင် ကောင်းမှာပါ ။









ကမ္ဘာ.ရာဇ၀င်မှာ လီယိုနီးဒတ်(စ) ခေါင်းဆောင်တဲ့ စပါတန် ၃၀၀ ဆုံးရုံးရတာ သစ္စာဖေါက်တွေ ကြောင့်ဘဲဆိုတာကို ထပ်ပြီး သတိပေးပါရစေ။ ၆၅ နှစ်အတွင်းဘာမှပြတ်ပြတ်သားသားမလုပ်နိုင် တာတွေဟာ အကြောင်း

အမျိုးမျိုးတွေ ရှိပါတယ် ၊ ပြင်ပ ပယောဂ တွေကြောင့်၊ သစ္စာဖေါက်တွေ ကြောင့်လဲ အပါအ၀င်ပါဘဲ ဆိုတာ လက်မခံခြင်နေ သိတော့သိပါလိမ့်မယ် ၊ မြန်မာ့လွတ်လပ်ရေး အချုပ်အခြာအာဏာပိုင်မှုတွေကိုထိခိုက် နေပြီ ဆုံးရှုံး

နေပြီဆိုတာ မြန်မာတွေ သိကြရဲ့လား ၊ အသက်ရှင်နေနိုင်ရေးဟာ အရေးကြီး

တာမှန်ပါတယ် ၊ ဘယ်လို အသက်ရှင်နေထိုင်မှာလဲဆိုတာ ကိုရော သိကြရဲ့

လား ?









၁၉၈၈ ခုက ပြည်သူတွေ ဆန္ဒထုတ်ဖေါ်ခဲ့ကြတုန်းက ခေါင်းဆောင်ခဲ့သူတွေဟာ အကျိုးဆက်တွေကို ထည့် မစဉ်းစားခဲ့ ကြဘူးလား ။ အာဏာရမှ ဆက်လုပ်မယ် ဆိုပြီး ချိုထား ခဲ့ပုံရတယ်။ ဒီလိုဆိုရင် လုပ်ရတာ မခက်ပါဘူး ၊လွယ်တာမှသိပ်ကိုလွယ်ပါတယ်၊ လိုခြင်တဲ့လူကို လိုခြင်တာ ပေးလိုက် ၊ နောင်ခါလာနောင်ဈေးတွေ သိပ်များနေတယ် ၊ ကလေး အငိုတိတ် သွားဘို.အရေးကြီး တယ်၊ ဒီငိုသံကြောင့် ဘေးလူ သူတပါးတွေကိုပါ အနှောက်အယှက်ဖြစ် နေတယ် ။ ကလေးဆိုတာ နို.ဆာတိုင်း သေးစိုတိုင်း ငိုမှာဘဲ ။ အငိုရပ်လဲ ခဏဘဲ ပေးတာနဲ့ရောကျေနပ်မလား ပြီးရော လား ၊ ဘေးဘယ်ညာကို လှည့်ပြီး သေးမပန်းရင် တော်သေးတယ်မှတ် ။









မြန်မာနိုင်ငံရဲ.အခြေအနေမှန် အရပ်ရပ်ကို နိုင်ငံသားတိုင်းသိသင့် သိထိုက်

နေပြီ။ ကောင်းသထက် ကောင်း အောင်ဘာလုပ်သင့်ပြီလဲ ဆိုတာကို အခုချိန်ထိ ပွင့်ပွင့်လင်းလင်းထုတ်မပြောဘဲ ဆရာစား ချန်၊ မြုံစေ့စေ့ အတွတ်တွက် နဲ.ညီးနေ ညူနေကြသေးတယ်။ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ ၊ ကိုယ့်ရွေး တဲ့ခေါင်းဆောင်ကို သူကတမျိုး ၊သူရွေးတဲ့ခေါင်းဆောင်ကို ကိုယ်က

တမျိုး ၆ ပြား မပြောနဲ့ ၂ ပြား တောင်မတန်အောင် ပြောနေကြတာ. ကိုယ်ကိုယ်

တိုင်က ဘယ်နှပြားတန်သလဲ ဘာတွေလုပ်ခဲ့ဘူး သလဲ ?









မြန်မာတွေဘဲ။ ကိုယ့်စကားလား သူများစကားနားဝင်နေတာလား ပယောဂ၀င်နေကြသလားဆို တာလား တော့ မသိဘူး ၊ သိတာက ကိုယ်ခံစွမ်းအားနဲရင် ပယောဂ ၀င်တတ်တယ် အပမီတတ် တယ် ဆိုတာဘဲ၊









လူမျိုးဘာသာ ဆိုတာတွေဘေးချိတ်ပြီး ။ နိင်ငံတော်နဲ.နိုင်ငံသားဆိုတာ ကိုရှေ.တန်းတင် ကြရင် ကောင်းမယ် ၊ ဒို.နိင်ငံ ဒို.လူမျိုး အတွက် ဒို.ခေါင်းဆောင်တွေကို တဦးချင်း ကောင်းမယ်ထင်တဲ့ အကြံဥာဏ် တွေ ပေးကြဘို.လိုတယ် ၊ အကြံပေးအဖွဲ.ဖွဲ.ပြန်ရင် သူမပါရလို. ငါ မပါရလို. သူ.လူ ငါ့လူဆိုတာတွေနဲ့ ရှုတ်ကုန်အုံးမယ် ၊ ကလေးဆန်ဆန် ငါမပါရလို. သူမကောင်းဘူးလို.ပြောခဲ့တာတွေ၊ အခု ငါ ပါ ရပြီလေ၊ လာမယ် ကြာမယ်တဲ့ လား၊ ဘယ်တော့လာမှာလဲ ဘယ်လောက်ကြာမှာလဲ ခန်မှန်းချက်ကလေးများ

မပေးနိုင်ဘူး လား ၊ လိုရမယ်ရ အထုတ်ကလေးများြ့ပင်ထားရအောင် နိုင်ငံရေးဆိုတာ ဒါတွေဘဲ လို.မမွေးခင်ကထဲက သိတယ် ။








ဆက်ရန်