Article submitted by: minkyaw thuyein on 19-Feb-2013  
မြန်မာနိုင်ငံ လုပ်ကြံ ခံရခြင်း(၃)
ကိုရင်ကြီး ၊

ပြောတာတွေ မှန်ပါတယ် ဒီကဆက်ပြောရရင် သီးခံပြီးသာနာထောင်တော့၊



နိုင်ငံတော်ဟာ ဘယ်သူလက်ထဲမှာဘဲရောက်ရောက် ပြည်ပကစွက်ဖက်မှု
ဆိုတာကတော့ တခါမဟုတ် တခါ ဒီနေ.မဟုတ် မနက်ဖြန်ကြုံမှာဘဲ ၊ နိင်ငံကြီးတွေတောင် နေ.စဉ်နဲ.အမျှဆိုသလို သူများကြံစည်တာခံနေရ တာ ၊ သူများထက်မသာတောင် တန်းတူတဲ့ အစစ အင်အားရှိလို. ခံသာနိုင်နေတာဘဲ ။ အင်အားနဲ့တဲ့နိုင်ငံ ငယ်တွေအပေါ် ဗိုလ်ကျ အနိုင်ယူ ပြီး ကိုယ်.ကိုကိုယ်
လူစွမ်းကောင်းကြီးတွေလုပ်နေကြသူကိုမှ အထင်ကြီး တဲ့ မြန်မာတွေကလဲ ရှိသေးတယ် ။ သူတို.စိတ်နေသဘောထားအမှန်ဟာ ဘာလဲ ဆိုတာကို ပြနေတယ်။ လာရောက်စွက်ဖက်လှဲပါ လို.ဖိတ်ခေါ် တာကတော့ သစ္စာဖေါက်
တွေဘဲ ကိုရင်ကြီးရေ.။



မြန်မာတွေ သခင်စိတ်ပျောက်ပြီး ကျွန်စိတ်ပေါက်နေကြတာကို သခင်စိတ် ပြန်ပေါက်အောင် လုပ်ပေးဘို. ကြိုးစားသူကျတော့လဲ ဘယ်သူသခင် လဲဆိုတဲ့မေးခွန်း သခင်လုပ်လိုသူတွေကများနေပြန်တော.ဒုန်ရင်း ရောက်လို. အတော်ကိုအပြောရခက်တယ် ။



Unionism ဖြစ်စေ Federalism ဖြစ်စေ ဒီလူတွေဘဲ ၊ သဟဇါတ မဖြစ်ရင် သိကြားမင်းဆင်းလာလို.လဲ အချိန်ကုန်ရုံဘဲ ရှိမယ် ။ နောက်ဘုရား ပွင်ြ့ပီးတာ
တောင် ပဋိပက္ခ ဟာမငြိမ်းဘူး ကိုရင်ကြီး ။ လူကြီးတွေ ပြောဘူးသလို. တဖက်ဖက် လုံးဝပျက်ဆီးရင် ဖြစ်စေ ၊ ၂ ဖက်စလုံး ပျက်ဆီးရင်ဖြစ်စေ ၊ ၂ ဖက်ပေါင်းဖက် သွားရင်ဖြစ်စေ ပဋိပက္ခ ချုပ်ငြိမ်းနိုင်မယ် ။ မြန်မာနိုင်ငံမှာ အစိုးရ အထက်ထက်က ၂ ဖက်ပေါင်းဖက် သွား ဘို.ဆိုတဲ့ တတိယနည်း
ကိုဆောင်ရွက်ခဲ့ တာ အောင်မမြင်မှု မရဘူးဆိုတာ ထင်ရှားတယ် ။



ဒီလိုဖြစ်ရတာတွေရဲ့ အရင်းအမြစ် အဓိက မြန်ာမာတိုရဲ ဓလေ့ ထုံးစံ ယဉ်ကျေးမှူ
အစဉ်အလာတွေ ဘဲ ပေါ့ ၊ တချိန်က တိုင်းပြည်အုပ်ချုပ် မင်းလုပ် သူတွေဟာ လက်ရုံးအားကိုးနဲ့ ရတဲ့ သူုတို.စည်းစိမ်ကို ကာကွယ်ဘို.၊ မင်းသွေး တစက်ပါရင် မင်းဖြစ်ထိုက်တယ်ဆိုပြီး သူတိုရဲ့ မင်းဆက် တည်ထောင်ဘို.သာ လုံးပန်းနေခဲ့
ကြတယ် ၊ နန်းတော်(သို.) ခံတပ် အလုံအခြုံထဲကမထွက် ကိုယ်အသိုင်းအ၀ိုင်း
နဲ.ကိုယ်နေ ပြည်သူနဲ.ကင်းကွာ ၊ တမြို. တရွာ တမင်း ဆိုသလို မင်းမူခဲ့ကြတာ
တွေ စစ်ပြိုင်ခဲ့ကြတာတွေ ၊ ပြည်သူတွေ ကိုယ်တိုင်ကလဲ ကိုယ်လုပ်မှကိုယ်
စားရဘ၀ထဲက လိုအပ်ရင် စစ်မှုလဲ ထမ်းပေးရ ၊ ဘုရင့်ဘဏ္ဍာလဲဆက်ရ မဆက်နိုင်ရင် သမီး ပေးပြီး ယောက္ခမတော်လိုက်ရတယ် ၊ ဘုရင့်ယောက္ခမ ဆိုတာ တော်ရုံ တန်ရုံ မဟုတ်ဘူးနော် ။



ကြုံတုန်း တဆက်ထဲပြောရပြန်ရင် ဒီမိုကရေစီခေတ်ရောက်လာတာတောင် ဘယ်သူကဘယ်လောက် မင်းသွေးပါတယ်ဆိုပြီး မင်းရူး-ရူးနေကြတဲ့ သောက်
ရူးတွေကလဲ တပုံကြီးဆိုတာ ကိုရင်ကြီးသိသားဘဲ ။ သူတို.မင်းမျိုးခြင်း မသိ
မသာတမျိုး ၊ သိသိသာသာတမျိုး လှဲ.ပြီးထောက်ခံ နေကြရတာကလဲ အမော။
စလေမြိုက ငခွေး အနွယ်တွေလား ၊ ၁၈၆၆ ခု နန်းတွင်းအရေးတော်ပုံက စင်ကျလာတဲ့ အကြံပေး စလေ ဦးပုည အနွယ်တွေလားတော့ မသိဘူး ကိုရင
်ကြီးရဲ. ၊ မထင်နဲ့နော် သူတို.လဲ နေရာရအောင် ယူတတ်ကြတယ် ၊၊



ရှေးမြန်မာတွေဟာ လက်လုပ်လက်စား မအားမလပ်လို.ဘ၀ကူးကောင်းဘို.ဘုန်းကြီးကျောင်းတောင်အဖိတ် ဥပုတ် မှန်မှန်မရောက် ၊ ရောက်ပြန်တော့လဲ ဘုန်းကြီးက ထုံးစံအတိုင်း နိဗ္ပာန်ရောက်ကြောင်းတရားတွေ သာစွပ်ဟောနေ
လို. တရားရတာ မရတာတော့ မသိ ၊ အိပ်ငိုက်ပြီးပြန်လာ ၊ သီးနှံစပါး အထွက်
ကောင်း ဘို. ကျတော. ရွာပိုင် လယ်ပိုင် ရှင်ကြီး ရှင်ငယ် ရှင်ဖြူ ရှင်ညိုတွေကို ပသ ၊ ပရိတ်တွေ နင်းရွတ် ၊ စပါး ထွက်မထွက်တော့ မသိ ၊ ကိုယ်လုပ်နေတဲ့ လယ်ကတော့ ကုလားလက်ထဲပါသွား တယ် ။



ပြည်သူဟာ ခေါင်းဆောင် ၊ ခေါင်းဆောင်ဟာပြည်သူဘဲ ကိုရင်ကြီး ။ ကျောသား
ရင်သား မခွဲခြားနဲ့လေ။



နောက်ဆုံးမတော့ တဆက်ထဲပြောရပြန်ရင် ပြည်သူတွေ ကို ပညာပေးဘို.တာဝန်ရှိသူတွေ ရှိတာမှန်တယ် ပြည်သူတွေကလဲ ပညာလိုခြင်ရမယ် . မပြည့်ဝမှု မရင့်ကျက်မှူ ဘဲ အဖတ်တင်တယ် လို.ဘဲ အတိုချုံးပြောလိုက် တော့မယ် ၊၊

နောက်မှ ပြောကြသေးတာပေါ့ ၊ ပျော်ပျော်ပါးပါး ဘဲ ဟုတ်လား။