Article submitted by: minkyaw thuyein on 15-Feb-2013  
မြန်မာ နိုင်ငံ လုပ်ကြံ ခံရခြင်း ။
ဒို.လူကလေးများဆိုသလေး ၊



ဒို.ခေတ် ဒို.အခါ ဒို.မြန်မာ နိင်ငံမှာ ဒို.ခေါင်းဆောင်တွေ ရော ဒို.တိုင်းပြည်ပါ ။ လုပ်ကြံခံခဲ့ ရတယ် ၊ ဒါပေမဲ ၈ရုမမူ မိသူတွေများပြီး သိသူတွေနဲလိမ့်မယ် ။ တချို.ကလဲ သူတိုနဲ့ မဆိုင်သလို သူတိုနဲ့ မပါတ်သက်သလို ၊ လက်ဖျားစိပ်လို. မှလက်ထိပ် မနာနိုင်သူတွေဘဲ ။ ဒီလူတွေ ဘယ်သူတွေလဲဆိုတာ လူတိုင်း
သိတယ် ။ မြန်မာနိုင်ငံလို ပဒေသရာဇ်စံနစ် ထွန်းကားတဲ့ နိုင်ငံမှာ လုပ်ကြံမှု
တွေဟာ သမိုင်းနဲ့ အပြည့်ရှိခဲတာမို. မြန်မာ တို.အတွက် ရိုးနေတဲ့ကိစ္စတွေဖြစ်
တော့ ၊ သီပေါကို အင်္ဂလိပ်က အသာကလေးနန်းချဖမ်းသွားတာကိုတောင် မြန်မာတွေ ပွဲကြည့်သလို လက်ပိုက်ကြည်နေခဲ့ကြတယ်။



၁၈၆၆ ခု နန်းတွင်းအရေးတော်ပုံမှာ အိမ်ရှေစံ ကနောင်မင်းကိုသားမက်တော်သူ
တူတော်သူ မြင်ကွန်းစား မင်းသား မျိုးအေးနဲ့၊ မြင်းခုန်တိုင်စားမင်းသား မျိုးထင်
တို. လုပ်ကြံတာမှာ နောက်လိုက် ငဖြူသီးလက်ချက်နဲ့ ကနောင်မင်း ခေါင်းပြတ်
ခဲ့တယ် ။ အဲဒီအချိန်ကာလက မြန်မာ့အရေးတွေမှာအင်္ဂလိပ်နြဲပင်သစ်တို.၀င်
ရှုတ် နေတဲ့ အချိန်ကာလဖြစ် တယ်လို.သိရတယ် ။ ကနောင်မင်းနဲ.မင်းတုန်း
မင်းတို.ကိုယ်တိုင်ကလဲ ဘုရင်လုပ်ခြင်ကြလို.ပု၈ံမင်း(ဘကြီးတော်ကို)နန်းချ
ခဲ့ကြသူတွေဖြစ် တယ် ၊၊



အဓိကကျတဲ့အချက်ကတော့မြန်မာနိင်ငံကိုခေတ်မီတိုးတက်သောစက်မှုနိုင်ငံတခုအဖြစ်တည်ဆောက် ဘို.မှာ၊ အင်္ဂလိပ်နဲ့ပြင်သစ် စားကွက်လုလူမွေးကြရာမှာ
နန်းတွင်းအရေးတော်ပုံပေါ်ပေါက်လာပြီး ၊ ၁၈၈၆ ခုမှာ သီပေါမင်း ပါတော်မူရတဲ့
အထိဖြစ်ခဲ့တယ်၊ သီပေါကို နန်းချပြီးရင် သူ.ကိုအင်္ဂလိပ်ကနန်းတင်လိမ့်မယ် လို.မြင်ကွန်း မင်းသားက ယုံကြည်ခဲ့ပေမဲ့ အင်္ဂလိပ်က မြန်မာနိုင်ငံကို အင်္ဂလိပ်ပိုင်အဖြစ်သိမ်းခဲ့တဲ့အပြင် အိန္ဒိယရဲ့အစိပ်အပိုင်း ပြည်နယ် တခုအဖြစ်
သတ်မှတ်ခဲ့တယ်၊ မြင်ကွန်းကတော့ ဆိုင်ဂုံမှာ အညတြ အဖြစ် ကံကုန်ခဲ့တယ် ။



အင်္ဂလိပ်ကိုရော ပြင်သစ်ကိုပါ အားကိုးခြင်လှတဲ့ အမေပေးပြီးပထွေးတော်ခြင်
လှတဲ့ မြင်ကွန်းအပါအ၀င် ကိတ္တိမသား သမီးတွေဟာ ဖွတ်မရ ဒါးမဆုံး ဘ၀ တွေ.ကြုံခဲ့ကြရတယ် ၊ပြည်သူတရပ်လုံးကို ကျွန်သဘောက်ဖြစ်စေခဲ့ တာကို သမိုင်းမှတ်တမ်းတွေ မှာတွေ.ရတယ် ။။



သူ.ကျွန်မခံလိုသူတွေကို အင်္ဂလိပ်က ၄ နှစ်ကြာဆက်တိုက် ရက်ရက်စက်စက်
ဆက်လက်ခြေမှုန်း သုတ်သင်ရာမှာ ၀န်သိုစော်ဘွား (၁၈၈၉-၉၁) အပါအ၀င် မြန်မာတွေတပုံကြီး စာရင်းမရှိ အသတ်ခံရတယ်၊ စော်ဘွားခမျာကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့တယ် ၊ သုတ်သင်မှုကြောင့် မြန်မာတွေ ခေါင်း မထောင် နိုင်ခဲ့ဘူး ၊ ဇက်ကျိုးကျခဲ့တယ် ။




ဒီထဲမှာ သုပန္နက ဂဠုံရာဇာ ဆရာစံဟာ ၁၉၃၂ ခုမှာ ကြိုးပေးအသတ်ခံ ခဲ့ရတဲ့အပြင် ၂ ပြားမတန်အောင် သိက္ခာချခဲခဲ့ရတယ် ။ ဗိုလ်ချုပ်အောင်ဆန်းနဲ.အပေါင်းပါ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား ဆိုင်စံထွန်း ၊ ဦးဘချို ၊ မစ္စတာအဗ္ပဒူရာဇတ် ၊ ဦးဘ၀င်းတို. ကိုလဲ လူမသမာတွေက ၁၉၄၇ ခုက အသေသတ်ခဲ့ကြပြန် တယ် ။ ၁၉၄၇ ခုနှစ်ကစပြီးလဲ မြန်မာတွေ အချင်းချင်း
သတ်ဖြတ်နေခဲ့ကြတယ် ။ တဖြေးဖြေးအင်အားချိနဲ့ လာနေတဲ့ မြန်မာနိုင်ငံ၁၉၈၈ ခုကျတော့ ဗိုလ်ချုပ်နေ၀င်းနဲ့ အပေါင်းပါ တစုကို ဒီမိုကရေစီဘက်တော် သားဆိုတာတွေက ခြေရိုက်ချိုးပြီး အရိုးနတ်တင် တချို.ကိုအရှင်လတ်လတ် မြေမြုတ်ခဲ့ ကြပြန်တယ် ။ အဲဒီနောက် မြန်မာတနိင်ငံလုံးကိုပါဆက်ပြီးလုပ်ကြံရာ
မှာ မြန်မာ့စီးပွားရေးကို အသေသတ်ခဲ့လို. လူဘယ် နှယောက် အသက်ပျောက်
ခဲ့ရတယ်ဆိုတာ စာရင်းမတင်နိင်ခဲ့ဘူး ။



အထက်ကပြောခဲ့တာတွေကို ဟုတ်မဟုတ် မှန်မမှန် ရှာဖွေလေ့လာကြဘို.ကောင်းတယ် ၊



တလိမ် နှစ်လိမ် ပွေလိမ်တယ် ရှုတ်တယ် လူညာကြီးပေါ့ကွယ် ပျိုပျိုမေကို ချစ်ပါဘဲနဲ.ယုံအောင် ဖြီးတတ် တယ် ဆိုတာ ကြားဘူးကြသလား၊ မကြားဘူး ရင်လဲ အခုကြားရပြီပေါ့ ။ အဓိပါယ်ကလဲ ရှင်းပါတယ် ။ လိမ်တာ ညာတာ ဖြီးတာတွေဟာ အဓိပါယ်တူကတော့ မမှန်တာကို မှန်သလိုလိမ်ပြောတာ ၊ အမှန်ကိုအမှား ဖြစ်အောင် ညာပြော တာ ၊ မဟုတ်တာတွေကို ဟုတ်သလို စီကာ ပတ်ကုံး လုပ်ကြံပြောတာတွေဟာ ဖြီးတာ တွေဘဲ၊ ၊ ဒါတင်မက ကိုယ် မသိတဲ့ ကိစ္စကိုသိသယောင် ၊ ကိုယ် မမြင်ဘဲ မကြားဘဲ မသိဘဲ နားစွန်နားဖျား ကြားတာတွေကို စိတ်အထင်နဲ. ကိုလိုခြင်သလို ပုံကြီး ချ.ဲ ပြောတာတွေဘဲ ဖြစ်တယ်။ နိုင်ငံနဲ.လူမျိုးကိုချစ်ရင် လူညာကြီးတွေ တော့ မဖြစ်သင့်ဘူး။



နိင်ငံရေးလောက စီးပွာေးရေးလောကတွေမှာ ဒါမျိုး ရိုးနေတယ်ဆိုတာ သိတဲ့
လူလဲ ရှိတယ် မသိတဲ့သူက ပိုများတာပေါ့၊ ဒါတွေကို ၀ါဒဖြန်.လှုံဆော်တာ၊
ကြော်အောင် ညာတာတွေ ကြော်ငြာ တွေ အဖြစ်ရှိနေတယ် ၊ တခါတလေမှာ ဒါမျိုးတွေ တိုင်းပြည်ပျက် နိင်ငံပျက် လူမျိုးပျက်ထိ ဖြစ်တတ်တယ် ။ ဒို.မြန်မာနိုင်ငံရဲ့သမိုင်း ကိုလေ့လာရင် ဒါမျိုးတွေ တပုံကြီးနဲ့ ပြည့်နေတယ် ၊ ဘာမဟုတ်တဲ့ ငါ့ဆံကော စစ် ဆိုတာကြောင့် မဆင်ခြင် မစဉ်းစားမှုကြောင့် သရေခေတ္တရာပြည်ကြီး ပျက်ရဘူး တယ် ဆိုတဲ့ သာဓက မှတ်တမ်းလဲ ရှိထား တယ် ။



ဘာကိုပြသလဲ ဆိုရင် ပညာတတ်နဲပါးခြင်း ၊ စဉ်းစားဆင်ခြင်မှု ကင်းမြဲ့ခင်း အထူးသဖြင့် အသိပညာနဲပါး သူတွေပေါ များတဲ့ အရပ်ဒေသ ၊ နိုင်ငံတွေမှာ ဖြစ်တတ်တယ် ၊ တချို.သော တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ တွေ ဟာ တိုင်းသူ ပြည်သားတွေ ပညာတတ်လာရင် အသိပညာတိုးပွားလာရင် သူတို.ရဲ အရိုက်
အရာတွေ အတွက်အန္တရယ်ရှိ တယ်ဆိုပြီး ချုပ်ချယ် တတ်ကြတယ် ။



လူတွေကိုယ်တိုင်ကလဲ ခြံစိုက် နွားကျောင်း ကလွဲလို ဘာမှ စိတ်ဝင်စားပုံမရှိဘူး ။ ဒါကြောင့် သတ်ရဲမင်းဖြစ် ဆိုတဲ့စကားပေါ်လာပြီး ပညာနဲသူ/မဲ့သူ ၊ အသိပညာ
မဲ့သူ တချို.ဟာ အကြောင်းအမျိုးမျိုးနဲ့ စိတ်ရူးးပေါက်သူတွေဟာ လက်ရုံးနဲ.ဘုန်း တန်ခိုး ဆိုတာ ကို အားကိုးယုံကြည်ခါ ဘုရင်ကိုသတ် ၊ ဘုရင်တက်လုပ် သူတို. လက်ထက်ရောက်တော့လဲ ဖြုတ် ထုတ် သတ် လမ်းစဉ်ချမှတ်ပြီး အုပ်ချုပ်ကြတယ် ၊ ရရင်ရ မရရင်ချ ဆိုတာ ဒါဘဲပေါ့ ။



အသိပညာနဲတယ်ဆိုပေမဲ သူများကို ဘယ် လို သေအောင် သတ်ရမလဲဆိုတဲ. အကြံဥာဏ် စိတ်ကူးကိုတော့ ချီးကျူးရလိမ်အုံးမယ် ထင်တယ်၊ အထင်တော့ မသေး ထိုက်သေးဘူး ။ လူတွေဟာ မတတ်ဘူးဆိုပေမဲ့ ၊ လဘက် ထုတ်တော့ တတ်ကြသေး တယ် လို. မြန်မာစကားရှိတယ် ။ အခုခေတ်အခါမှာလဲ ဒီ ဖြုတ် ထုတ် သတ် လမ်းစဉ်ဟာ ဒီမိုကရေစီ ဆိုတဲ့ စကားအောက်မှာ နည်းအမျိုးမျိုး အဖုံဖုံနဲ. အရှင်သန်ကြီး ရှင်သန်ဆဲဘဲဖြစ်တယ်ဆိုတာကို ကမ္ဘာတ၀ှမ်းမှာ အထင်
အရှားတွေ.နေရတယ်။ ဖြုတ်ထုတ်လိုက် လို.နဲ ပြီးမသွားဘဲသတ်တဲ့အထိရောက်
တဲ့သာဓကတွေလဲအများကြီးတွေနေရတယ်။



အခုချိန်ခါမှာ ကြေးစား လူသတ် သမားဆိုတာ ပေါ်နေပြီဖြစ်တဲ့အတွက် ဘုရင်
လုပ်လိုသူဟာ ကိုယ်တိုင် ထ သတ်စရာ မလိုဘူး လူသတ်သမား ဌါးနိင် တယ်၊ တန်ရာတန်ကြေး ပေးမယ်ဆိုရင် လူသတ်ပေးမဲ့ ကြေးစား လူသတ်သမားတွေ ရှိတယ် ၊ အချို.ဟာတိုင်းပြည်ခေါင်းဆောင်(သို.) တိုင်းပြည်မှာ တာဝန်ရှိ
ပုဂိုလ်တွေ ဖြစ် နေတာကိုလဲ တွေ.နေရတယ် ။



လူသတ်သမားတိုင်းဟာဘဲ ဘုရင်ဖြစ်ခြင်လို.မဟုတ် ကြေးစားခြင်လို.သတ်တာ၊ မထင်နဲ.နော် သူလဲသမိုင်း ရာဇ၀င်မှာ တခန်းတဂဏ္ဍ ယူမှာတော့ သေချာတယ် ၊ နိုင်ငံခေါင်းဆောင်တချို.ဟာ သူတိုကိုယ်တိုင်လူသတ် ဘုရင်လို.လူသိ လူမြင်မခံနိုင်ဘူး ၊ သူများကိုတော့လဲ လူသတ်ဘုရင်လို.ခေါ်ဝေါ်သမုတ်
ရမှာဝန်မလေးကြ ဘူး။ လူသတ်သမားဌားတယ်၊ ပြီးတော့ ဒီလူသတ်သမားကို နောက်တယောက်နဲ့ အစဖျောက်ပစ်တတ်ကြ တယ် ။ လက်သယ် မပေါ်
အောင်ပေါ့၊



သတ်တယ်ဆိုတာလဲ အမျိုးမျိုးရှိပြန်တယ် ၊ လူ.ရဲအသက်ကိုသတ်ခြင်း ၊ လူ.ရဲ နာမည် ဂုဏ်သိက္ခာကိုသတ် ခြင်း ၊ တိုင်းပြည်ရဲ့ စီးပွားရေးကို သတ်ခြင်း ဆိုတာ
တွေဘဲပေါ့ ၊ ဒို.ဘုရင် ဒို.သခင်တွေ၊ ဒို.ခေါင်းဆောင်တွေနဲ.ဒို.တိုင်းပြည်ဟာ
နိုင်ငံရပ်ခြားတိုင်းတပါးသားတွေနဲ့ ၊သူတိုရဲ့.အလိုတော်ရိ အတွင်းသစ္စာဖေါက် လောက် ကောင်တွေရဲ့ သေကြောင်းကြံစည်ခြင်း၊ လုပ်ကြံခြင်း အမျိုးမျိုးကို တွေ.ကြုံခံစားကြရတယ်ဆိုတာလက်တွေ. ဘဲ ၊ ၁၈၂၆ ခုတုန်းက ရခိုင်ပြည်ဘက်က စခဲ့ဘူးတာ မှတ်တမ်းမှာရှိတယ် ၊ တခါ ၁၉၈၈ ခုမှာ ဒီမိုကရေစီ ဘန်းပြပြီး နိုင်ငံရပ်ခြားနဲပေါင်း မြန်မာ့ခေါင်းဆောင်တွေကို သိက္ခာချ ၊ မြန်မာ့စီးပွားရေးကို စီးပွားရေး ကို အသေသတ်ခဲ.ကြတယ် ၊



ဒါတွေကို လေ့လာလိုက်တဲ့ အခါ အသိပညာနဲပါးဆင်းရဲသူတွေ ဗဟုသုတ ဆင်းရဲမွဲတေသူတွေကို အပြစ် တင်ရမလား၊ စိုးမိုးချယ်လှယ်ကြတဲ့ အသိပညာ ဗဟုသုတများသူတွေကို အပြစ်ပြောရမလား ၊ လူတိုင်းဟာ အသိပညာတွေ ဗဟုသူတတွေ အများကြီးလိုတယ်ဆိုတာကို သိလာရတယ်၊ီဒီပညာတွေဟာ
စာတွေ.တွေ ကို လက်တွေ.တွေက အထောက်အကူပြုရ လိမ့်မယ်၊ မိမိကိုယ်
တိုင် ဘယ်လောက်စူးစမ်းရှာဖွေ လေ့လာ နိုင်တယ်ဆိုတာပေါ်မှာမူတည်ပြီး အမှန်အမှားနဲ့ ဘယ်သူတွေဟာ လူလိမ်၊ ဘယ်သူတွေဟာ လူညာ ၊ဘယ်သူတွေ
ဟာ လူဖြီး ၊ ဘယ်သူတွေဟာ လူရှုတ်သက်သက် တွေလဲ ဆိုတာ ခန့်မှန်းနိုင်
မယ် သိလာလိမ့်မယ်ဖြစ်တယ် ။ ငါကသူ.ထက်သာတယ် ဆိုရင်တော့ အဲဒီငါ ဆိုသူဟာ ဘယ်အပိုင်းမှာ သာနေတာလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော၊့



နိုင်ငံရေးလောကမှာ ဘယ်သူတွေ ဘာပြောတယ် ဘာလုပ်တယ်ဆိုတာတွေကို အထောက်အထားတွေ မှတ်တမ်းတင် အသံသွင်း ထားလေတော့ ရှေ.စကား နောက်စကားတွေနဲ့ ကွဲလွဲလာတာတွေ.ရတဲ့အခါ ပြင်ပြောဘို.ခက်တယ် ၊ အဲဒီအခါမှာ လူလိမ် လူညာ စာရင်းထဲကို ၀င်သွားတော့တာဘဲ ၊ ကြားသူတွေက ယဉ်ကျေးသူတွေမို.သူတပါးကို အရှက်မခွဲလိုလို. ဘာမှမပြောဘဲ သီးခံနေတာကိုမှအားမနာ အရှက်မရှိ မျက်နှာပြောင်တိုက်၊ မြင်ကွန်းမင်းသား လို ပြင်ပ တဦးတယောက်အားကိုး နဲ.ဆက်ပြီး လုပ်ကြနေတာ ကတော့ လွန်လွန်းတယ် လို.ဘဲပြောရလိမ့်မယ်။



ဒီလို အလိုတော်ရိတွေဟာ ကိုယ်ရဘို.သာကိုယ်သိ ၊ အကျိုးဆက်ကို ဘာမှန်းမသိကြ၊ ဒီလိုလူကို ဘယ်လို ကိုင်တွယ်ရမယ် ၊ ဘယ်လို သူတို.အတွက် အသုံးချရမလဲဆိုတာလဲ လူလယ်တွေက ဘေးလူတွေကတော့ သိတယ် သိကြလေတော့ ကိုယ် ကိုယ်တိုင်ဟာ လူစဉ်စစ်က လူ သုံးကုန် ဘ၀ ရောက်ရပြီး သူများခိုင်းဖတ် အလုပ်သမားဖြစ်ရတော့တယ်။ ဟိုတုန်းက စကားသုံးရရင် ကျေးကျွန် လို. ဆိုရမှာပေါ့ ။ အရေးကြီးတာက ကိုယ်သာလျှင် ကျေးကျွန်ဖြစ်ရတာ မဟုတ် သူတပါးတွေကိုပါ ခေတ်သစ် ကျေးကျွန် ဘ၀ရောက်အောင်၊ တိုင်းပြည် ကိုပါ ခေတ်သစ် ကျွန်နိင်ငံဖြစ်အောင် ခေါင်းဆောင်ပြီး ပို.ပေးနေတာလို.ပြောခြင်တယ် ။



မြန်မာနိုင်ငံဟာ လွတ်လတ်ရေး မရမီတချိန်ကခေါင်းဆောင်တယောက်
ပါးစပ်ပုတ်နဲ့ မဦး မချွတ် နိမိတ် ဖတ်ဘူးတဲ့ ဖါနိုင်ငံ ဘ၀ ကို ၊ လွန်ခဲ့တဲ့ ၂၄ နှစ်အတွင်းသူ.သမီးလက်ထက်မှာအကောင်အထည်ဖေါ် ခဲ့လို.သိသိသာသာ
ကြီးရောက် ရှိလာခဲ့တယ်။ သိဓ္ဒိတန်းခိုးတွေကို ယုံကြည်အားထားတဲ့ မြန်မာ
တွေဟာ သူတို.တွေ ဖါဖြစ်ရတာ သူတို.သားသမီးတွေ ဖါဖြစ်ရတာ ဘာကြောင့်
ဆိုတာ စူးစမ်းလေ.လာခြင်းမရှိဘဲ အယူသီး အစွဲကြီးနဲ့ ဒို.နင်္ဂါးနီ သိဓ္ဒိတန်းခိုး
ပဒါးရှင်လုံးတွေကြောင့်ဘဲ လို. ယုံကြည်နေကြပုံရှိတယ် ။



ဖါဆိုတာ ပြည်တန်ဆာမှမဟုတ် ကိုယ်ရလိုတာအတွက် လူတကာကို မျက်နှာချို
သွေး ပြီး သူအပါးပြုသမျှ နု နေသူ တွေကိုလဲ ဆိုလိုတယ် ။



မြန်မာတို.ရဲ့ အယူသီးမှူ အစွဲအလန်းကြီးမှုတွေကို တပါးသူတွေက နောကျေ
အောင်သိနေပြီး ပျောညံ့ချက် အဖြစ် အခွင့်ကောင်းယူ။ အကြိုက်ပေး ချယ်လယ်
နေတာကို မြန်မာတွေ ခံနေရတုန်းဘဲ ။ ငြုတ်ကြည်ပွေ.နဲ. သခွါးသီး ခွဲခြား မသိ
ကြသူတွေကလဲ ရှိသေးတယ် ။ ဒါတွေကြောင့် မြန်မာတွေကို ပြု့ပင်ပြောင်းလဲ လာဘို. လုပ်ရမဲ့လုပ်ငန်းတွေက ရှိနေတယ် ဒါတွေကို လုပ်ဘို.သတ္တိရှိ ရဲရင့် အသိပညာရှိ အတွေ.အကြုံ ဗဟုသုတ ရှိတဲ့ တိုင်းချစ်ပြည်ချစ် လီယိုနီးဒတ်(စ) ခေါင်းဆောင်တဲ့ စပါတန် ၃၀၀ လို မြန်မာ သွေးသောက် ရဲဘော် ၃၀၀ လိုအပ်
်နေတယ် ၊၊



ဝမ်းနဲစရာက တချို.ကလဲ လူဘ၀ဆိုတာ ခေတ္တခဏဘဲ ဆိုပြီး အစားကောင်း အနေကောင်းအောင် ပွဲလန်. ဖျာခင်းနေ ကြသူတွေကိုတွေ.နေရတာဘဲ ၊ စီးပွားရေး တံခါးဖွင့်ဝါဒနောက်မှာ မြန်မာတွေ နဲ. မြန်မာပြည်ကို ဘယ်သူတွေက ပိုင်သွားမှာလဲ ? အခုတောင် မြန်မာတွေက တနပ်စားဥာဏ်နဲ.၊ သူတို.ပိုင်ဘို.ဂရန်နဲ့ပေး ထားတဲ့ အိမ်ယာမြေကွက်တွေကိုရောင်းစား နေကြပြီ ။ ဆင်းရဲလွန်း
လို.ပါ တဲ့ ၊ဆင်းရဲတာဟာ မြန်မာပါရမီ ဘဲ တဲ့ ။



မြန်မာတွေ ဘယ်လောက်ချမ်းသာတယ် ဆိုတာကတော့ နိုင်ငံခြားက သယ်လာ
ပြီး ရောင်းတဲ့ရေကို မှ ကောင်းတယ် ထင်နေကြတယ် ၊ မြန်မာပြည်မှာရေ
ရောင်းစားရင်တောင် သူဌေးဖြစ်သတဲ့ ၊ သူဌေးမဖြစ်ခင် ခွေးမဖြစ်ဘို.အရေး ကြီးတယ် ၊ အခြေအနေတွေအရ မြန်မာပြည်မှာ မကြာမီခေတ်သစ် ဦးနာအောက် ဘယ်နှယောက်ပေါ်လာလေမလဲ မသိဘူး ။ မြန်မာတွေကရော ဘာတွေများ ပြန်ရောင်းကြအုံးမလဲ -ရောင်းစရာရှိသလဲ - တိုင်းပြည်နဲ. လူမျိုး
ဘဲလား ?



မရှိလို. လုပ်စားကြတာဘဲ ပျော်ပျော် ပါးပါးပေါ့ ။