Article submitted by: minkyaw thuyein on 11-Feb-2013  
သစ္စာစောင့်သိခြင်း ဆိုတာဘာလဲ ?
ဒို.လူကလေးများဆိုသလေး ၊


တခြားစကားတွေ မပြောခင် ပဌမဆုံးပြောခြင်တာက မြန်မာနိင်ငံမှာအစိုးရ
အဆက်ဆက်ဟာ သူများနိင်ငံတွေမှာ ကြားရခဲတဲလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
တွေကို တပေးထဲ ပေးနေတယ်၊ တည်ဆဲ ဥပဒေတွေအရ ပြစ်ဒါဏ်ထိုက်သင့်သူ တွေကို ဥပဒေအရ အရေးယူမှူတွေ ပြစ်ဒါဏ်တွေ မခံစားထိုက်စေဘဲ၊ နန်းပေး
ပြီးဌက်ပြောပွဲ အုန်းပွဲတွေနဲ့တင်မြှောက် ပသ ပူဇော်နေပုံဘဲ ။ ထုံးစံတွေ ဖြစ်လာ
နေပြီ ဆိုရင် မှာ မလား ?


ဘာမဆိုင် ညာမဆိုင်တဲ့ လူ.အခွင်အရေးအဖွဲဆိုတာတွေက ၀င်ရောက်စွက်ဖက်
်ပြီး နိင်ငံရေးသမားလို. ကဗြည်းတတ် တဲ့ လမ်းပေါ်က တေလေဂျပိုးတွေ ။ လက်နက်ကိုင် ငသောင်းကျန်းတွေ သစ္စာဖေါက်တွေကို အစိုးရ ကိုယ်တိုင်က တမင် မွေးထားတဲ့ မွေးစားသားသ္မီးတွေလား ဆွေမျိုး မိတ်သင်္ဂဟတွေမို.လား၊ ဝေစားမျှစားတွေမို.လား ဆိုတာမေးစရာ ဖြစ်နေပြီ ၊ အစိုးရကိုယ်တိုင်ဟာ အဂတိ လိုက်စားနေပြီဆိုတာ ထင်ရှားတယ်၊ အစိုးရကိုယ်တိုင်ဟာ နိင်ငံတော်နဲ့နိုင်ငံ သားတို.အပေါ်မှာ သစ္စာဖေါက်နေတာလို.ဆိုရင် ဘာပြောမလဲ ? တပ်မတော်
ဘယ်မှာလဲ အမျိုးသား တပ်မတော်ဘယ် မှာလဲ တပ်မတော်ရဲ့အခန်းဂဏ္ဍ ရပ်တည်ချက် အနေအထားက ဘာလဲ လို. မေးရတော့မယ် ။


တောင်းဆိုး ပုလုံးဆိုးသာ ပစ်ရိုးထုံးစရှိတယ်၊ သားဆိုးသမီးဆိုးပစ်ရိုးထုံးစံမရှိ
ဘူး လို. ဆိုရိုးရှိပေမဲ့ ပြည်သူတွေ နားကိုက်ခံရတဲ့အကြိမ်ပေါင်းက မနဲတော့
ပါဘူး မြန်မာတွေ ( ဗမာ) တွေ တနေ.ထက်တနေ့ လူဖြစ်ရှံးနေရတာကို တောင် မရိတ်မိတဲ့ အစိုးရဆိုရင် ဘယ်အစိုးရမှမကောင်းဘူးလို.ဘဲ ဆိုခြင်တော့တယ် ။


မန္တလေးနန်းတွင်းထဲမှာဘဲ ဖြစ်စေ ၊ ရန်ကုန် ၀င်ဒါမီယာဝင်းထဲမှာဘဲဖြစ်စေ။ နေပြည်တော်သစ်မှာဘဲဖြစ်စေ ခလုပ်မထိ ဆူးမညိလုံခြုံစွာနေကြပြီး ၊ ပြည်သူ
တွေကျတော့ ခိုးသား ဒါးပြ သူပုန် သူကန်တွေရဲ့ လက်မှာ ကံတရားရဲ့အစီအမံ ကိုသာခံရမယ်ဆိုရင်တော့ မဟုတ်သေးဘူးထင်တယ် ကိုယ်.လူတို.ရေ. ။ ၁၉၈၈ ကလဲ ရပ်ကွက်ထဲက တေလေဂျပိုး တွေ နိုင်ငံရေးသမား ဆိုတာတွေရဲ့ ဒါဏ်ကို ရပ်ကွက်လူထုခံရ ပြီး ပြီ ။ နောက်ထပ် ဘာအလားအလာတွေရှိနေသလဲ ?


တဦးအပေါ်တဦး လင်နဲ.မယားအစ နိင်ငံတော်နှင့်နိင်ငံတော်သားတို.အပေါ် သစ္စာစောင့်သိခြင်းအဆုံး၊ သစ္စာစောင့်မှု အမျိုးမျိုး ရှိတာမှာ ဘယ်သစ္စာကို
ဖေါက်ဖေါက် ၊ ဘယ်လိုဘဲ သစ္စာမဲ့မဲ့ အားလုံးဟာ အတူတူချည်းဘဲ ။ ကိုယ်
ကိုယ် တိုင်က ဘယ်နေရာ ဘယ်အနေအထားမှာလဲ ဆိုတာ သိဘို.လိုလိမ့်မယ် ထင်တယ်။ သစ္စာစောင့်သူ/သစ္စာမစောင့်သူ/ သစ္စာမဲ့သူ ဆိုတာ ဘယ်သူတွေလဲ သစ္စာဖေါက်ဆိုတာ ဘယ်သူလဲ ? ကိုယ်ဟာကို သိကြမှာပေါ့ အဖြေရှိကြမှာပေါ့ ။ သစ္စာမစောင့်/သစ္စာဖေါက်/သစ္စာမြဲ့ခင်းဟာ လူ.အခွင့်ရေးတခုတဲ့.လား? သစ္စာ
မစောင့်/သစ္စာဖေါက်ရင်/သစ္စာမဲ့ရင် ဘာဖြစ်မှာမို.လဲ- ဘယ်သူက ဘာတတ်နို်င်
သလဲ -ဘာလုပ်နိင်သလဲ ?


ဒီမေးခွန်းဟာ အဖြေအတိအကျမရှိတဲ့ မေးခွန်းဘဲ ၊ ဖြေခြင်သလိုသာဖြေတော့ ၊ ဒီစကားဟာ ဘာမှအဓိပါယ် မရှိတဲ့ စကားတလုံး ဆိုတာကိုဘဲ တွေ.ရတယ် ။ ဒီလိုတော့ မမေးနဲ့.မပြောနဲ့လေ ၊ သစ္စာမရှိ/သစ္စာဖေါက်ရင် ဘယ်သူမှ အကျိုး
မရှိဘူး ၊ ၂ ဦး ၂ ဖက်ရဲ့ ရှိပြီးအကျိုး အားလုံးတောင် ပျက်ဆီး တတ်တယ် လို. ဒီကဖြေခြင်တယ်။


တခြားဘက်ကို လှည့်ကြည်ရအောင် ။ ဒို.မြန်မာနိုင်ငံမှာဆူပူ သောင်းကျန်း ခိုးသား ဓါးပြ အားလုံး နဲ့တကွ လဘ်ပေး လဘ်ယူ အဂတိမှူတွေ နဲ့ ပြည့်နေ
တာမို. ဘယ် သူတွေက သစ္စာစောင့်သိသူ ဘယ်သူတွေက သစ္စာဖေါက်သူလို. ကွဲကွဲပြားပြားပြောရအောင်မြန်မာပြည်ဘွား တိုင်းရင်းသားတွေ ၊ မြန်မာနိုင်ငံ
သား တွေ ၊ ဧည့်သယ်တွေလဲ - သူတို. တတွေ ဘယိုသစ္စာတွေပြုထားကြ သလဲလို.မေးရင် ရော ? သစ္စာ ပြုဘို.လိုသလား?ဒီသစ္စာကို ချိုးဖေါက်ရင်ရော ဘာလုပ်မှာလဲ ? ဥပဒေ ရှိပြီးသားဆိုရင် ဥပဒေအတိုင်း ၊ မရှိသေးဘူးဆိုရင် ဥပဒေတခု အမြန်ဆုံးပြုဘို.လိုနေပြီ ။


မြန်မာနိင်ငံလိုနေရာမှာ ပြည်သူလူထုဟာ သူတို.ဘယ်လောက်လွတ်လပ်နေ
တယ်ဆိုတာ သူတို.မသိ ၊ သူတို.မှာ ရှိတဲ့ လူ.အခွင်.အရေး ကို လူ.အခွင့်အရေး မှန်းတောင် မသိကြဘဲဖြစ်နေကြတယ် ။ လူတွေဟာ ငွေရှိမှတင့်တယ် တယ် ငွေရှိရင် လုပ်သမျှတင့်တယ်တယ် ဆိုတဲ့ လွဲမှားသော အယူအဆနဲ.အဂတိလိုက်
စားနေကြတယ် ။ သူတိုရဲ့ မူလ ရပိုင်ခွင့်တွေကိုတောင် ငွေပေးပြီး ၀ယ်မှ သေချာ
ပေါက် ရမယ် ၊ အဆစ်လေးအမြစ်လေးလဲ ရနိုင်မယ်လို.အဂတိစိတ် နဲ.လုံးဝ ယုံကြည်နေကြတာကို ၀မ်းနဲစွာတွေ.နေရတုန်းဘဲ ။


ဘောက်ဆူးချတယ် ၊ စားဗစ်ချားဂျက်(စ) ၊ တစ်(ပ)(စ) ဆိုတဲ့စကားတွေဟာ မိမိအကျိုးကို ဆောင်ရွက်ပေးတဲ့အတွက် အပြန်အလှန်သဘောအဖြစ် စေတနာ
အလျှောက် အသိအမှတ်ပြုလိုက်တာဘဲ ဂုဏ်ပြုတာဘဲလို.ပြောကြလိမ့်မယ်။ ကိုယ်လုပ်ရမဲ့ အလုပ်အတွက် လုပ်ခ ကြေးငွေ ပေးထာြး့ပီးဖြစ်ပါရဲ့ .ဘေးငွေမျှော်
လင်.တယ်ဆိုတာဟာ ဘာသဘော အဓိပါယ်လဲ? အဂတိလိုက် စာမှုတမျိုး ခွင့်
ပြုထားတာ လား? ၊


လက်ဆောင်ပဏ္ဍာ ပေးတယ်ဆိုတာဟာ အခုမှမဟုတ်ဘူး ကမ္ဘာဦးအစ ကထဲ
က ရှိနေခဲ့တဲ့ လူ.ဓလေ့ လူ.ထုံးစံ တခုလို.ဆိုရင် ရတယ် ။ ဒီလိုဆိုပြန်တော့ အဂတိလိုက်စားတယ် လဘ်ပေးလဘ်ယူတယ် ဆိုတာဘာကိုဆိုလိုတာလဲ? ဒါတွေဟာ နိင်ငံတကာမှာရှိတယ် မြန်မာတနိုင်ငံထဲမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာ
တွေနဲ.မြန်မာနိုင်ငံဟာ လူတကာ အကန် ခံနေရတဲ့ ပြာပုံထဲက ချီးစားခွေးဘ၀ ၊ ဒီဘ၀ကို ဘယ်လိုရောက်ရသလဲ ? လူဘ၀က ခွေးဘ၀၊ ခွေးတောင် အိုးအိမ်နဲ. အတည်တကျ မွေးထား ကျွေးထားတဲ့ ခွေးမဟုတ် ၊ အလေအလွင့် ပြာပုံမှာနေရ
တဲ့ချီးစားခွေးဆိုတော့ ဒီလိုဆိုလွန်တာ ပေါ. အကိုတို.ရယ် ၊၊


နိင်ငံတခုကို နိုင်ငံသားတွေ က တည်ဆောက်တာ ဖြစ်တယ် ၊ ဒီနိုင်ငံ မကောင်း
ရင် ဒီနိုင်ငံသားတွေ အားလုံး မကောင်း ကြလို.ဘဲပေါ့ ။ ဒီလိုပြောလို.တော့ ခံနိုင်ခြင်မှခံနိုင်ကြမယ်လေ ၊ ကိုယ်ကလွဲရင် ဘယ်သူမှမကောင်းဘူး မဟုတ်
လား? ၊ ဒါဖြင့် ကိုယ် ကောင်းတာလေး တခုလောက် ပြောပြစေခြင်တယ် ၊ နိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.အတွက် ဘာတွေ များစွမ်းစွမ်းတမန်ဆောင်ရွက်
်ခဲ့ကြသလဲ လို.။ နိုင်ငံနဲလူမျိုးအတွက် စွမ်းစွမ်း တမန် ဆောင်ရွက်ကြတဲ့ ခေါင်း
ဆောင် ဟောင်းတွေကို ခေါင်းဆောင်သစ်လုပ်ခြင်သူတွေက ထိုးနက်ချက်တွေန.ဲ
အမနာပ အပုတ်ချ ရှုံ.ချ အပြစ်တင် ၊ နိုင်ငံနဲ့ လူမျိုးအတွက် ဘာတခုမှ မလုပ်တဲ့
သူကို ရှာကြံပြီး ဂုဏ်ပြုချီးကြုးထောပဏ္ဍာပြုမှုတွေကို ၊ ကိုယ်နဲ့တန်တယ် မတန်တယ် မသိ ၊ အရှက်မရှိ လက်ခံသူကလဲ ပြုံးဖြဲဖြဲ နဲ့ လက်ခံ တာတွေ.ရတော့ ယိုသူမရှက် မြင်သူရှက်ဆိုသလို အတော်ကိုရွံစရာ ကောင်းလောက်
အောင်ဘဲ ၊ ဆိုဗီယက် ပြည်ထောင်စုဟောင်းက စာရေးဆရာကြီး ဆိုရှယ်နစ်ဇင် နဲ.များ ကွာခြားလိုက်ပါဘိ ။


ကိုယ့်မှာ လွတ်လပ်တဲ့ ကိုယ်.အမြင် ကိုရှူ.ဒေါင့် ဆိုလို. မူးလို.တောင် ရှူစရာ
မရှိ ဝေလေလေနေရာမှာ အရှက်မရှိ မျက်နှာပြောင်တိုက် လိုက်နေကြသူတွေက
နေနိင်ကြတာများ လူတကာနဲ.ယှဉ်ကြည့် ကြစေလိုတယ် ။ ဒီထဲကသူတို. ကဘဲ ဒီမိုကရေစီ ဆိုတော့ ကိုယ်က ဘာပြောရမှန်းတောင် မသိဘူး ၊ ဒီမိုးက ရေစီးများ
ရင် ရေထဲမြောပါသွားလေ မလားလို.တော့ ရိုးသားစွာစိုးရိမ်မိတယ် ။ မြန်မာနိုင်ငံ
ဟာ တချိန်က ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ဘူးတယ်လေ။ မှတ်မိကြ မှာပေါ. ။


အင်္ဂလိပ်လို “ Police State”, မြန်မာလို တိုက်ရိုက်ပြန်တော့“ပုလိပ်နိုင်ငံ” ဆိုတာတွေ ကမ္ဘာ မှာအထင်အရှား ရှိနေတယ်၊ ဘယ်သူ ဘာပြောပြော သူတို.ဂရုမစိုက်ဘူး ၊သူတိုနိင်ငံ သူတို.နို်င်ငံသားတွေ လုံခြုံရေးအတွက် သတ်စရာရှိရင် သတ် ဖြတ်စရာရှိရင် ဖြတ်တယ် ? ဘာလုပ်ခြင်ကြသေးလဲ ?


Police State ဆိုတာ အဓိပါယ်ကတော့ ဥပဒေတွေများပြီး လူတွေကို ချုပ်ချယ်
တဲ့ အစိုးရ အုပ်ချုပ်တဲ့နိုင်ငံ လို. ပြောလို.ရတယ် ။ “ Rule of laws” ဆိုတဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ လူတကာ ကြားလို.ကောင်းတဲ့ စကား တလုံး
ဘဲ ။ မြန်မာနိုင်ငံဟာ တချိန်က ကိုယ့်မင်း.ကိုယ်ချင်းနဲ့ ဂုတ်ပေါ် ဒါးတင် အုပ်ချုပ်
တဲ့ နိုင်ငံဘဲ လို.သိရတယ် ။ ထိုက်သင့် သူတွေအတွက် ထိုက်သင့်တဲ. စံနစ်လား
ဆိုတာတော့ မသိဘူး ၊ ကမ္ဘာသမိုင်းကို လေ့လာကြည်.လိုက် တော့ အဲဒီအချိန်
လောက်က နိုင်ငံတကာမှာ ဂုတ်ပေါ် ဒါးတင် စံနစ်နဲ့ အုပ်ချူပ် နေခဲ့ကြတယ်၊ နယ် ချ.ဲ အင်ပါယာ ဆိုတဲ့နယ်မြေတွေ တိုးချဲ့ကြတယ်ဆိုတာ တွေရတော့ ၊ ဒို. မြန်မာတွေချည်းသက်သက် မဟုတ်ပါလား ဆိုတာကို တွေ.ရတယ် ။ တခြား တူညီချက်တွေ၊ ကွဲပြားချက်တွေလဲ ရှိခဲ့ ကြတာဘဲ ဖြစ်တယ်ဆိုတာ ကိုပါ တွေ.ရပြန်တယ် ။


Police State ဆိုတာ ဥပဒေတွေများပြီး လူတွေကို ချုပ်ချယ်တဲ့အစိုးရ အုပ်ချုပ်
တဲ့နိုင်ငံ လို.ပြောလို.ရ တယ်၊ အာဏာရှင်နိင်ငံတော့ မဟုတ် ဘူး၊ ဘာမှလုပ်မရ ကိုင်မရ မလုပ်နိင်မကိုင်နိင်တော့လဲ မဟုတ်ဘူး ။ ဥပဒေ ဆိုတာ တားမြစ်ပိတ်ပင်
ချက်တွေဖြစ်သလို လုပ်ပိုင်ဆောင်ရွက်နိင် ခွင့်တွေလဲဖြစ်တယ်။ ဥပဒေတွေက ဟာကွက်ရှိသလို ၊ ဥပဒေ အတည်ပြုရသူတွေ ၊ ဥပဒေ အကျိုးဆောင်တွေ
ကိုယ်တိုင်ကလဲ လိုက်နာရမဲ့ ကျင့်ထုံးတွေကို အတိအကျ မလိုက်နာတဲ့ အခါမျိုး
မှာ ချွတ်ချော် တဲ့ အခါမှာ ယိုပေါက်ရှိလာတဲ့ အခါမှာ ဥပဒေဟာထိထိ ရောက် ရောက်ဖြစ်ဘို. ခက်တယ် ။ ဒီလို ယိုပေါက်တွေကို သက်ဆိုင်ရာတို.က ရှာ ဖွေ ပိတ်ပစ်ပေးရမှာဖြစ်တယ် ။


ဥပဒေဆိုတာ မရှိမကောင်း ရှိမကောင်းတဲ့ အရာဆိုရင် တချို.လူတွေက တအံ့
တသြောနဲ့ရီကြ လှောင်ကြလိမ့်မယ်၊ ရီနိင်/ လှောင်နိင်ပါတယ် ။ တဦးတယောက် ထိခိုက်နစ်နာရရင် ဖြစ်စေ ၊ လူအများနစ်နာ ဆူံးရှုံးရရင်ဖြစ်စေ တရားဝင် သက်သေအထောက်အထားခိုင်လုံစွာနဲ့ တိုင်တန်းသူမရှိခဲ့ရင် ဥပဒေ
ဟာ စာအုပ်ထဲမှာသာ ရှိနေတတ်ပါ တယ်။ တခါ တရားဝင်သက်သေ အထောက်
အထားခိုင်လုံစွာနဲ့တိုင်တောသူ ပေါ်လာရင်၊ လမ်းဘေးမှာ ခါတိုင်းလို ကိုယ်လ
ဝယ်စား နေတဲ့ ဘူးသီးငါးဘောင်းကြော် ဘယာကြော်ရောင်းစားနေတဲ့ မခွေးမ ကို ၊လိုင်စင်မဲ့ လမ်းဘေး ဈေးရောင်းမှု ၊ညှော်နံ. တွေ မီးခိုးတွေနဲ. လေကို ညစ်ညမ်းအောင်လုပ်မှု ၊ မီးပွားတွေ လွင့်လို.လဲ မီးမရိုသေမှု၊ ရောင်းရငွေ စာရင်းမပြမှူ ၊ ၀င်ငွေခွန် မဆောင်မှု စတဲ့ အမှုတသီတန်းကြီးနဲ.ရုံးတင်လိုက်
ရင်ပေးလိုက်ရမဲ့ ဒါဏ်ငွေတွေ၊ ခံ လိုက်ရမဲ့ အလုပ်ကြမ်း နဲ့ ထောင်ဒါဏ်တွေ လွတ်ရက်တောင် ရှိတော့မယ် မဟုတ်ဘူး၊ အဲဒါဟာ တရားဥပဒေ စိုးမိုးရေးဘဲ လို.ပြောရင်လွန်တာ ပေါ့ မောင်ရင် ရယ်လို. မပြောနဲ.နော် ။


ဒါပေမဲ့ တရားစီရင်မှု ချွတ်ချော်အောင် မှားယွင်းအောင် Perverting the Course of Justice ဆိုလား၊ ရှာအရိုးမရှိတိုင်း ဥပဒေ ပြင်ပက လိမ်လည် မုသားပြောဆိုမှုတွေ ၊ မတရားသက်သေခ့မှူတွေ ၊ သွေ.ဆောင်ဖျားယောင်း လယ်ညှစ် ဖိအားပေးတဲ့ အဂတိလိုက်စားမှုတွေ၊ လဘ်ပေးမှု၊ ဘောက်ဆူး
ပေးမှု ၊ စားဗစ်ချားဂျက်(စ)ပေးမှု ၊ ၊ တစ်(ပ)(စ)ပေးမှု၊ အပိုဆာရားတွေ တော့ ဘယ်လိုနည်း နဲ.မှ ခွင့်မပြုဘူး ၊ ဒီနေရာမှာ “ဥပဒေပြင်ပ” ဆိုတဲ စကားရပ်ကို ရှင်းရရင် ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေတဲ့ ဥပဒေ အကျိုးဆောင်တွေ
ကို ပေးရတဲ အကျိုးဆောင်ခကို မဆိုလိုပေမဲ.၊ ကိုယ့်အမှုနိုင်အောင် ရုံးမင်း ( တရားသူကြီး) ဂျှုရီ သမာဓိလူကြီးတွေကို လဘ်ပေး လဘ်ထိုးတာတွေတော့ အပါအ၀င် ဖြစ်တယ် ။


နိုင်ငံတော်နဲ.နိင်ငံသားတိုအပေါ်သစ္စာစောင့်သိခြင်းဆိုတာမှာ တပ်မတော်နဲ့တပ်
်မတော်သားတွေဒင်သာမက နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့တူညီသော တာဝန်
်ဝတ္တရားတွေသာဖြစ်တယ်? ဒီတာဝန်ဝတ္တရားတွေကိုကျေပြွန်စွာမထမ်းဆောင်/ ဖေါက်ဖျက်သူ အားလုံး နိင်ငံတော်နဲ့ နိုင်ငံသားတိုအပေါ် သစ္စာဖေါက်သူတွေ
ဘဲလို.ဆိုရင် မမှားဘူး ။


လက်နက်စွဲကိုင် သောင်းကျန်းသူတွေဟာ ဒီမိုကရေစီ နိင်ငံမှာ သူတို.ရဲ ဒီမိုကရေစီမဆန်တဲ့ ဥပဒေဘောင် အပြင်က အကျိုးစီးပွား မှောင်ခိုလုပ်ငန်းတွေ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ၊ အကြမ်းဖက်လုပ်ရပ်တွေ ကိုချက်ချင်း ရပ်ရမယ် ၊ ဒီမိုကရေစီ မဆန်ဘူးဆိုတာ နိင်ငံတော်နဲ့ နိင်ငံသားတို.က အကျိုးမခံစားရဘဲ လက်တဆုတ်စာ လက်နက်ကိုင်တွေ ကသာ ခံစားနေလို.ဘဲဖြစ်တယ် ။ သူတို. ဥပဒေမဲ့ လုပ်ငန်းတွေကို မရပ်ရင် သူတိုကို. နိင်ငံတော် သစ္စာဖေါက်မှု နဲ. အစိုးရက ပြင်းထန်စွာ အရေးယူဘို. ပြည်သူလူထုကတောင်းဆိုတယ်၊ သူတို.ကြောင့် ပြည်သူတရပ်လုံး နစ်နာ နေလှပြီ လို. ခံယူတယ် ။


ဒီမှာတင် တခန်းရပ် နားလိုက်အုံးမယ် ပျော်ပျော် ပါးပါးပေါ့ ။