Article submitted by: minkyaw thuyein on 2-Feb-2013  
ကချင် အရေး လေ့လာခြင်း ။
ဒို.လူကလေးများ ဆိုသလေး ။


ဒို.နိုင်ငံ ဒို.လူမျိုး ကြီးပွားတိုးတက်ဘို. ဒို.အားလုံးမှာ တာဝန်ရှိတယ် ၊ ဒါပေမဲ့ ဒို.လူမျိုး ဒို.နိင်င ဆိုတာဘာကို ပြောတာလဲ လို. ဒို.ကလေးတွေက မေးလာရင် အဖြေရကြတ်မယ် ။ အဖြေမှန်က ဘာလဲ -ဒီအဖြေပေးလို. ရော ကြေနပ်ကြ
မှာလား - သိလိုရော ဘာထူးမလဲ - မသိလိုရော ဘာထူးမလဲ ?



စဉ်းစား ချင့်ချိန် ပိုင်းခြားစိပ်ဖြာနိုင်ဘို.ရာ ခိုင်လုံတဲ့ အချက် အလက် တွေ ရှိဘို.လိုပါလိမ်.မယ်။ တွေ.ရှိရတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ရှေ.ကို
ဘာဆက်လုပ်ကြမယ်ဆိုတာ ဆုံးဖြတ်ကြရမှာ ဖြစ်တယ် ။


ငါ့မျက်စေ့ ပုလင်းကွဲ နဲ့ အတင်းဖြဲ ကြည့်လိုက်တဲ့ အခါ ကချင်ပြည်နယ်ဆိုတာ
ဟာ မြန်မာနိုင်ငံမြောက်ဘက်စွန်း တရုတ်နိုင်ငံနဲ. နယ်ချင်းစပ် ၊ အနောက်ဖက်
မှာ အိန္ဒိယ ၊ တောင်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ. ရှမ်းပြည်နယ်တို.ကြား နယ်မြေ ကို ခေါ်တယ် ၊ ၁၉၆၀ ခုတွေအတွင်း မြန်မာ-တရုတ်နယ်ခြား သတ်မှတ်မှုတွေ မလုပ်ရ သေးမီက ဒီနယ်ရဲ့တချို.နေရာတွေကို တရုတ်က သူပိုင်ကြောင်း ဆိုခဲ့
ပေမဲ့ နယ်ခြားသဘောတူစာချုပ်တခု ကို မြန်မာနဲ.တရုတ်တို. လက်မှတ်ရေးထိုး
နိုင်ခဲ့ကြတယ် ။


ဖွဲ.စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပထစ အစိုးရစီစဉ်တဲ့ အစီးအဝေးကြီး တရပ်ဟာ လူမျိုးစုအချို.ရဲ့ ချိန်းချောက်မှု အန္တရယ်ကြောင့် အထမမြောက်ဘဲ စစ်ဖက်က အာဏာသိမ်းမှူ နဲ.အဆုံးသတ်ခဲ.ရတယ် ။ ဒါက ဘာကို ပြသလဲ ဆိုရင် နိုင်ငံရေးသမားတွေ ရဲ့ မရင့်ကျက်မှူ ၊ အပေးအယူ မလုပ်နိင်မှူ ၊ အထူးသဖြင်. ဒို.တိုင်းပြည်နဲ့ ဒို.လူမျိုးကို ဒို.အားလုံးက ဒို.တိုင်းပြည်နဲ့ ဒို.လူမျိုး ရယ်လို. အတူတကွ လက်မခံနိင်ကြ လို.ဘဲ ဆိုတာကိုတွေ.ရတယ် ။


မြန်မာ တရုတ် နယ်ခြားစာချုပ် ၊ ပထစ အစိုးရစီစဉ်တဲ့ ဖွဲ.စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစီးအဝေး ကြီး ပျက်ရခြင်းတို.ဟာ ကချင်လူမျိုးရေးဝါဒီ တချို. စောင့်မျှော်နေတဲ့ မဟာ အခွင့်အလန်းတွေဘဲ ၊ မြန်မာ တပ်မတော်ထဲက ကချင်
တပ်ဖွဲ.တွေဟာ ကိုင်ထားတဲ့လက်နက်တွေနဲ့တောခိုခဲ့ကြတယ်လို.တချို.မှတ်တမ်း တွေက ဆိုတယ် ။ KNU ကရင် တွေ တောခိုတာကို သွားသတိရ
တယ်။


အရေးကြီးတာကတော မြန်မာနိင်ငံ ဂျောက်ထဲ ကျတော့မဲ့ ဆဲဆဲ မို. တပ်မတော်က ကယ်ဆယ်လိုက်တယ် ဆိုတာ ဘဲ ။ ကယ်ဆယ် တာလဲ ဖြစ်မယ် ဂျောက်ချတာလဲ ဖြစ်မယ် ။


တပ်မတော်ဟာ တပ်မတော် အလုပ်လုပ် ၊ နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ် ၊ တဦးအလုပ် တဦးဝင်မရှုတ် နဲ့.၊ နိုင်ငံရေးသမားတွေဖန်တည်းတဲ့ စစ် ကို တပ်အတော်က တိုက်နေရတယ် ၊ တပ်မတော်ကိုစစ်တန်းလျှား ပြန်စေလို
သူတွေရဲ. အတွင်းစိတ်ဟာ ယုတ်မာတယ်ဆိုတာ နိုင်ငံတကာမှာ တွေ.ရတယ် ။


မြန်မာ့ လွှတ်တော်ထဲမှာ စစ်ဖက် (ကာကွယ်ရေးအဖွဲ.) ကိုယ်စားလည်တွေ ရှိနေတာ အသစ်အဆန်းမဟုတ် ဘူးဆိုပေမဲ့ နိုင်ငံရေးသမားတွေ ဘ၀င်မကျ
ဘူးဆိုတာကတော့ ၊ မကျစရာဘဲ ။ နိုင်ငံရေးသမားတွေနဲ.သူတို. ရဲ.အပေါင်း
ပါတွေဟာ လုပ်ခြင်တိုင်း လုပ်မရ ၊ ရှုတ်ခြင်တိုင်း ရှုတ်မရ ဖြစ်နေတယ် ။


တပ်မတော်ရဲ.တာဝန်ဟာ ဖွဲ.စည်းပုံ အခြေခံ ဥပဒေ ကို ကာကွယ်ဘို.လဲ ပါတယ် ဆိုတာ လူတိုင်းသိရမယ် ။


ပြောခြင်တာတွေလဲ ပြောကြပါစေ အဓိက ကတော့ ၁၉၄၈ ခုနှစ်ကပြည်ထောင်စု
ုသမတ မြန်မာနိင်ငံတော် ရဲ့ ယေဘုံယျ အခြေအနေတွေဟာဘာမှမပြောင်းလဲ
ဘူး ၊ ဟိုတုန်းကလဲ ဒါဘဲ ၊ အခုလဲ ဒါဘဲ ဘာပြသနာမှ ပြေလည်တယ်လို.မရှိ ၊ ကိုယ့် ဂျောင်ထဲ ကိုယ်ပိတ်မိနေတာ ကိုယ်ဟာကိုယ်တောင် သိသူ နဲလိမ်.မယ် ။


လေ့လာစရာတွေကများပါတယ် ၊ ကိုယ်လေ.လာခြင်ရာကိုသာ လေ.လာပေ
တော့ ၊ သတိထားရမှာက ရေးခြင်တဲ့ လူတွေက ရေးခြင်ရာတွေ ရေးထား ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖေါ် - ပုံနှိပ် ဖြန်.ဝေခွင့် ဆိုတာနဲ့ဘဲ ထင်ပါ ရဲ.။ ဟုတ်တာ မဟုတ်တာ အပ ထား ၊ မှန်တာမှားတာ အလေးမထား ဖတ်ကောင်း
ရင် ကိုယ်စိတ်နဲ့.ကိုက်ရင် ကိုယ်ကြိုက်တာကိုယ်ယူအသေမှတ်ထားလိုက်တာဘဲ
၊ ဖြစ်သင့် မဖြစ်သင့် ဆိုတာကတော့ တခြားပေါ့။ တချိန်မှာ သမိုင်းမှတ်တမ်း ဖြစ်ခြင် ဖြစ်လာလိမ့်မယ် ။


နိုင်ငံတွင်းမှာ လမ်းတွေဖျက် ၊ တံတားတွေ ဖျက် ၊ ဗုံးဖေါက် မိုင်းခွဲနဲ.ပြည်သူဘဏ္ဍာတွေကို ခိုးယူရောင်းစား ၊ ကာကွယ်သူတွေ( တပ်မတော် သားတွေ) ကိုသတ်ဖြတ်နေတာဒင်မက - ကမ္ဘာ.သားကောင်း လူငယ်တွေ ကိုပါ မူးယစ် ဆေးဝါးနဲ. မှိုင်းတိုက်ဖျက်ဆီးနေတယ် ၊ အစိုးရနဲ.လက်လှမ်းဝေးရာက နယ်သူ
နယ်သားတွေကို လဲ ချုပ်ချယ်ပြီး သူတိုရဲ့ မှောင်ခိုလုပ်ငန်းတွေမှာ အဓမ္မ မတရား
ခိုင်းးစေနေတယ် ၊ နယ်သူနယ်သားတွေ ဟာ ဘာမှမတတ်နိုင်၊ အခြား ဘာမှ
လဲမလုပ်နိုင် မစားနိုင်၊ အသက်ရှင်နေနှိုင်ရေးအတွက် ကေအိုင်အေ
သေနတ် နဲ.တေ့ပြီး ခိုင်းသမျှ ခေါင်းငုံ. လုပ်နေကြရတာဖြစ်တယ် ၊ ပုန်းဆိုပုန်း ပြေးဆိုပြေး ပြောဆိုပြော ထိုင်ဆိုထိုင် ထဆိုထ က ဆို က ကြရတယ် စသဖြင့်
ဘဲ ပေါ့ ။


ကေအိုင်အေ လက်အောက်မှာရှိနေတဲ့ နယ်သူနယ်သားတွေကို အစိုးရအနေနဲ.ကယ်ဆယ်ဘို.ရာ မြွေမသေ တုတ်မကြိုး လက်ဘို.လိုအပ်တယ် ၊ အထူးသဖြင့် ဒုက္ခသယ်ဖြစ်နေကြသူတွေကို ပြန်လည် လက်ခံ နေရာ ချထားရေးမှာ သူတို.ရဲ့ ပူးပေါင်းဆောင်ရွက်မှူကို အများကြီးလိုတယ် သူတိုအနေနဲ.ပြည်သူ.အစိုးရကို လုံးဝ ယုံကြည် စိတ်ချမှုရှိလာအောင် ပြည်သူတရပ်လုံးကလဲ ၀ိုင်းဝန်းကူညီကြရမယ် ။ တပ်မတော်ရဲ့ အဓိက တာဝန်ကတော ဒုက္ခသယ်တွေကို ကေအိုင်အေ ရဲ့ရန်မှ ကာကွယ်ပေးရေးဘဲ ။


မြေအကျယ်အ၀န်း ဧရိယာ ၃၄၃၇၉ စတုယန်း မိုင် ။ လူဦးရေ ခန်.မှန်းချေ ၁ သန်း ၅ သိန်းခန်. ရှိပြီး ၊ လူမျိုး အားဖြင့် ကချင် ၃၇ % ၊ ဗမာ ၂၉% ၊ ရှမ်း ၂၅ % ၊ ချင်း ၀.၈ % ၊ ကရင် ၀.၂ % နှင့် အခြား ၇.၆ % အသီး သီးတို. အခြေချ နေထိုင် ရာ ပြည်နယ် တခုဖြစ်တယ် ။ယုံကြည်ကိုးကွယ်ရာဘာသာအဖြစ်လည်း ၊ ဗုဓ္ဒဘာသာ ၅၇.၈ % ၊ ခရစ်ယန် ၃၆.၄ % ၊ နတ်ကိုးကွယ်မှူ ၂.၉% ၊ ဟိန္ဒူ ၁.၂% ၊ အစ္စလမ် ၁.၆ % နှင့် အခြား ၀.၁ % တို.အသီးသီး ရှိကြကြောင်းလည်း မှတ်တမ်း များက ဆိုထားတာတွေရတယ် ။


ကချင်ပြည်နယ်မှာ ကချင်လူမျိုး အနေနှင့် အများစုဟုပြောဆိုရသည် မှန်သော်
လည်း အခြားလူမျိုးတွေ စုစုပေါင်းလိုက်ရင် ကချင်လူမျိုးဦးရေထက် ပိုလွန် နေပြီး ကချင်လူမျိုးဆိုသည်မှာ ပြည်နယ် လူဦးရေ၏ ၃၇ % ခန့်ပင်ဖြစ်တယ် ၊ အခြားလူဦးမှာ ၇၀ %ခန်.ပင်ဖြစ်တယ် ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ် ။


ထိုဒေသကို ယခုချိန်မှာ ကချင်လူမျိုးအများစုကို အစွဲပြုပြီး ကချင်ပြည်နယ် ဟု ဖွ.ဲစည်းပုံအခြေခံဥပဒေ အရ သတ်မှတ် ခေါ်ဆိုပေးထား ခြင်းကို ယင်း ပြည်နယ်
အတွင်း အလားတူ အများနှင့်အတူနေထိုင်ကြတဲ့ အခြား သူများက ချိုသည် ခါးသည် ၊ ချဉ်သည် ဆပ်သည် ဖန်သည် လို.တလုံးတပါဒ မှ ၀င်ရောက်ပြောဆို
ခြင်းမရှိ ခြင်းမှာ ကချင် လူမျိုးတို.ကို ကြောက်ထိတ် စိုးရွံ.စိတ်ကြောင့်မဟုတ် ၊ အသိပညာနဲပါးခြင်း ကြောင့်လည်း မဟုတ်ပေ ဘူး။


ကချင်ပြည်နယ်ဟာ ပြည်ထောင်စု သမတ မြန်မာ နိုင်ငံတော်ရဲ့ နယ်မြေဒေသ
တခုဖြစ်တယ် ၊ ဒီနယ်မြေဒေသတွင်းမှီတင်းနေထိုင်ကြသူအားလုံးဟာ လူမျိုး
မရွေး ၊ ဘာသာမရွေး ငြိမ်းချမ်းစွာ အတူတကွ နေထိုင် စားသောက် ကြပြီး ။ တဦးကိုတဦး လေးစားကူညီမှူတွေအခြေခံပြီး မိမိတိုမှီတင်းနေထိုင်ရာပြည်နယ်
် ဒေသ တိုးတက်ရေးကို ရှေ.ရှူ ဆောင်ရွက်ကြရမယ် ဆိုတာကို စွဲမြဲစွာ ယုံကြည်
လက်ခံထားကြလို.ဘဲဖြစ် တယ်။


ကေအင်(န)အို ( KNO) ဆိုတဲ့ အဖွဲ.ဟာ ၁၉၉၉ ခုနှစ် ဇန္န၀ါရီကမှဖွဲ.ခဲ့တဲ့ နိုင်ငံရေးအဖွဲ.တခုဖြစ်ပြီး ၊ ဒိမတိုင် မီက ကေအိုင်အို ( KIO) ဟာ ကေအိုင်အေ ( KIA) ရဲ့ ဦးစီး အဖွဲ.လို.သိရတယ် ။ အင်္ဂလိပ်စကားပြော နိုင်ငံ တွေ မှာ ရောက်
ရှိနေတဲ့ ကချင်ခရစ်ယန်တွေကို ကချင် ခရစ်ယန်ဘုန်းကြီးတွေ ၊ ကေအိုင်အေ/ကေအိုင်အို အဖွဲ.၀င်တွေက ဦးစီးပြီး တခြားခရစ်ယန်အသင်းတွေနဲ. ပူးပေါင်းပြီး လိုအပ်တာတွေ ထောက်ပံ့နေတာဘဲ ။


ဒီနေရာမှာ ဒီမိုကရေ စီ ဆိုတာဘာလဲ လို.မေးရမလိုဖြစ်နေတယ် ၊ ပြည်နယ်
လူဦးရေ ၃၇ ရာခိုင်နှုန်းက ဒီမိုကရေစီ လား ကျန် လူဦးရေ- ၇၀ % က ဒီမိုကရေစီလား ၊ ပြည်နယ်ရဲ့ ဗုဓ္ဒဘာသာ ၅၇.၈ % က ဒီမိုကရေစီလား ၊ ခရစ်ယန် ၃၆.၄ % က ဒီမိုကရေစီလား ? ၃၇ % နှုန်းရှိကချင်တွေအားလုံးဟာ သူပုန် ငသောင်းကျန်းတွေတော့ လဲ မဖြစ်နိုင်ဘူး ။


အဖြေသိရင် ဘယ်သူမှ မပြောပါနဲ. ကိုယ့် စိတ်ထဲ ကိုယ်ထားပါ ၊ အဖြေပေါက်
်ကြားရင် အသတ်မခံရတောင် အရိုက်ခံရ နိုင်ပါတယ် လို.ပြောရမလား မသိဘူး။ အကြောင်းကတော လူတချို.ဟာ လူမျိုးရေးဝါဒီ အဖြစ်နဲ. အစွန်းရောက်နေကြ
သလို ၊ ဘာသာရေးအစွန်းရောက်မှုတွေနဲ့လဲ သောင်းကျန်း နေကြလို.ဘဲ ။


ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပြီး သောင်းကျန်းနေတဲ့ ကေအိုင်အေအဖွဲ.ဆိုတာဟာ ပြည်နယ်က ကချင် လူမျိုးဦးရေ ၃၇ % ရဲ့ဘယ်နှရာခိုင်နှုန်းကို ညွှန်းနေတာလဲ ၊ ၃၇ % နှုန်းသော ကချင်လူမျိုးတွေကိုကိုယ်စား ပြုပါတယ် ဆိုတာတောင် မျက်စေ့မိတ် ယုံရမလိုဘဲ ၊ ကေအိုင်အေ ကိုဘယ်သူက
တင်မြောက် တာလဲ ဘယ်သူကို ကိုယ်စာြး့ပုတာလဲ ၊ စာတတ်ပေတတ် ဘယ်လောက် ပါသလဲ မေးရင် ရှုတ်သထက် ရှုတ်ကုန် လိမ့်မယ် ။


ကချင်ပြည်နယ် လူဦးရေ ၇၀ % ကျော်ရဲ့ အကျိုးစီးပွားကို လှစ်လှူရှူုပြီး ၃၇ % သာရှိတဲ့ ကချင်လူမျိုးတို.ရဲ့ အကျိုးစီးပွားသာ အဓိက ဆိုရင်လဲ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တခြားလူမျိုးတွေကို ဦးသိန်းစိန် အစိုးရနဲ.တပ်မတော်က ကာကွယ်ပေးခြင်းမရှိရင် ၊ နယ်သူနယ်သားတွေဟာ သူတို.ကိုယ်သူတို.ကာကွယ် ဘို.သီးခြားစီစဉ် ရလိမ့် မယ်။ ပြည်သူ.စစ်အဖွဲ. - ကာကွယ်ရေးအဖွဲ. ဆိုတာတွေ ပြန်လည် ဖွဲ.စည်းကြရ လိမ့်မယ် ဒါမှ သဘာဝကျတယ် ။ ဒါမှ တရားမျှတ မှန်ကန်တယ် ။


လမ်းတွေဖျက် ၊ တံတားတွေ ဖျက် ၊ ဗုံးဖေါက် မိုင်းခွဲနဲ. နယ်သူနယ်သားတွေကို သတ်ဖြတ်နေတဲ့ သူခိုး ၊ ဒါးပြ လူသတ်သမား တွေထက် ဘာမှမပိုတဲ့ ကေအိုင်အေ တွေကို ဦးသိန်းစိန်နဲ.လွှတ်တော်က ညှာတာစရာ ဘာတွေများ ရှိနေသလဲ ?



ကေအိုင်အေ အဖွဲ.ဟာ ဦးသိန်းစိန် ခွင့်ပြုချက်နဲ.ဖွဲ.စည်း ထားတာလား ။ ကေအိုင်အေအဖွဲကိုမတိုက်ခိုက် ဘို.တိုက်ခိုက်နေတာတွေ ရပ်ဆဲဘို.တပ်မတော်ကိုဘာကြောင့် တိုက်တွန်းရတာလဲ ၊ ချွင်းချက်ကလေး တောင် မထားတော့ ဘူးတဲ့လား ခလေးတို. အဖေ ကိုသိန်းစိန် ရေ. ။ ဘယ်သူ.အသက်သွေးနဲ.ငြိမ်းချမ်းရေး ဆု မျှော်ကိုးနေပြန် သလဲ ?



လူတကာမြှောက်တိုင်းလဲ မြောက်မနေနဲ.တော်ရေ့ ၊ တကယ် ငြိမ်းချမ်းခြင်ရင် ရသေ့သာ ၀တ်ပြီး တောထွက် ရိပ်ကြီး ခိုပေတော့ ၊။


ဦးသိန်းစိန် ၊ ပြည်သူလွှတ်တော် ၊ တပ်မတော်တို.ဟာ တဦးချင်းဖြစ်စေ ပူးပေါင်း
ရွေ.ဖြစ်စေ မဆင်မခြင် လက်လွတ် ဘရမ်းဘတာလုပ်ကိုင်ဆောင်ရွက်ကြလိမ့်
မယ်လို.တော့ မထင်ဘူး။ ဒါပေမဲ.သူတို.လဲဘဲ လူထဲ ကလူတွေ ၊ဘယ်သူတွေက
ဘယ်ဖက်ကနေ အဂတိလိုက် မတရားဖိအားပေးနေတယ်တော့ မသိဘူး၊ ၀က်အူ
်တရစ်ချင်းရစ်တာလဲ ခံရလိမ့်မယ် ။


ငြိမ်းချမ်းရေးဆိုတာ ဖြူ နီ ၀ါ ပြာ ရယ်လို. အရောင်မရှိသလို၊ အလုံး အ၀ိုင်း အပြား အရှည် လေးဒေါင် ရယ်လို.လဲ ပုံစံ မရှိတဲ့ အတွက်တော့ ပြောရ ခက်
တယ် ၊ ဘာဘဲ ဖြစ်ဖြစ် ဒီကနေ.ဖြစ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရတာ မနက်ဖြန်မှာ တမျိုးဖြစ်လာနိင် တယ်/


ပြောစရာတွေကတော့ အများကြီးပါ - သူများပြောဘို.ထားလိုက်အုံးမယ် ၊

ပျော်ပျော်ပါးပါးပေါ့ ။