Article submitted by: minkyaw thuyein on 22-Jan-2013  
ပြောမရ ရင် ဒေါသတွေ ထွက်ကုန်ပါလိမ့်မယ်
ဒို.လူကလေးများ ဆိုသလေး ၊


ပြောမရရင် ဒေါသတွေ ထွက်ကုန်ပါလိမ့်မယ် ။ အမဲရိုးက ဟင်းအိုးတောင် အားမနာဘူး ထင်တယ် ဆိုတဲ့ အတိုင်းဒေါသထွက်နေသူတွေ ကိုလဲ တွေ.နေရတယ် ။ ဒေါသ ထွက်ခြင်ထွက် လက်တော့မပါစေနဲ.ပေါ့၊ လက်ယား ရင် မါလကာသီးကိုင်ထား တခုခုကိုင်ထား။ ပြောမရလို.လဲ အပြောမရပ်နဲ.ပြောစရာ
ရှိတာပြော ၊ မပြောတော့လဲမပြီးဘူးတဲ့ ၊ မပြောတော့လဲ မပြောရ ကောင်းလား
လို.ကိုယ့်ကိုဘဲ အပြစ်ပြောလိမ်အုံးမယ် ။ ၀က်ဖြစ်မှတော့ ချေး မကြောက်နဲ့
တော့ကိုယ်.လူ ။


ချက် ကထဲကိုက အသားမဟုတ် အရိုးဘဲ ရလို. အရိုးဘဲ ချက်တာ ၊ ဘယ်အိုးနဲ.ချက်ရင် သင့်မယ်ဆိုတာ ကိုယ်က မသိရင် ကိုယ့်အပြစ်ဘဲ မဟုတ်လား? ဒါကြောင့်တော့ စိတ် မညှိုးပါးနဲ. အမဲရိုးကိုလဲ အပြစ် မတင်ကောင်းပါဘူး ။ အရိုးထဲမှာ ချဉ်ဆီ တွေ အများ ကြို်က မကြိုကတော မသိဘူး ။


ဘုရားလဲ ဖူး-လိပ်ဥလဲ တူး ဆိုတာဟာ ၊ အကောင်းအမြင်နဲ.ပြောတာဖြစ်ပါလိမ့်မယ် ၊ ကုသိုလ်လဲရ ၀မ်းလဲဝ လို.ဆိုတာတမျိုးပေါ့ ၊ ဒါပေမဲ့ ဘုရားဖူးလို. ရသမျှ ကုသိုလ်လေးဟာ လိပ်ဥတူးတာနဲ့ဘဲ ကျေသွားပြီမို.ကိုယ့် အတွက် ဘာများ ကျန်တော့ လို.လဲ ? အမြတ်မရတဲ့ အပြင် အရင်းထဲက စိုက်နေရတယ် ။ ဖွတ်မရ ဒါးမဆုံး ဆိုတာထက်တော့ တော်သေးတာပေါ.လို. ကိုယ့်ကိုကိုယ် သက်သာအောင်ဘဲ ဖြေကြတော့မှာလား ?


လှူဘို.တန်းဘို.ဆိုပြီး ကြက်တွေ သတ် ၀က်တွေသတ် အမဲတွေပေါ်လိုက်
ကြတာ၊ ရလိုက်ကြမဲ့ ကုသိုလ် တွေ မနဲပေါင်ဘူး၊ ဘုရားဖူးဆိုတော့
ဘယ်ဘုရားလဲ၊ ရေလယ်က ဘုရားလား၊ သောင် ပေါ်ကဘုရားလား ၊ တောင်ပေါ်က ဘုရားလား ၊ မြန်မာ နိုင်ငံမှာ ဘုရားတွေ ဘယ်လောက်ပေါတယ် ဆိုတာ လန်ချားသမားလုလားတောုင် သိတယ်လိုပြောဘူးတယ်လေ ၊ သဲပုံစေတီတွေပါ ထည့်လိုက်ရင် ခြေချစရာ မြေနေရာတောင် မရှိဘူး ၊ အခုထိလဲ ဘုရားတွေ တည်လို.မပြီးသေးဘူး ၊၊


အကောင်းဖက်ကပြောရရင် မြန်မာတွေ အလုပ်မရှိလို. အလုပ်နေရာ ဖန်တည်းရအောင် ဘုရားတည်တာ ဖြစ်နိင်တယ်၊ ဘုရား ပြီးရင် တဆက်ထဲ ပေါ်လာတဲ့ ဘုရားဈေး ပေါ် မှီပြီး စီးပွားကုန်သွယ်မှူ တိုးတက် ဖြစ်ထွန်းလာစရာ ရှိမယ် ။ ဘုရားဈေး ဆိုလို. အထင်မသေးနဲ.နော် ပစ္စည်းစုံတယ် ။ ခိုကြော် ဂျိုးကြော် စာကလေးကြော် ခိုဥ ဂျိုးဥလဲ ရမယ် ဆတ်သားခြောက်လဲ ရမယ် ။


တချိန်ကတော့ ဘုရားပွဲ ခင်းရင် ၄ ကောင် ဂျင် ၊ ၆ ကောင်ပေါက် ၊ အနီထောင်နဲ.တချို.မြို့ ရွာနယ်ပယ် တွေမှာ ၃၆ ကောင် တောင် ကစားနိုင်တယ် ၊ ဖဲ ၀ိုင်း လဲရှိတယ် ၊ နောက်ခန်းထဲမှာတော့ ထန်းရေ အရက်နဲ. လူသားပါ ရနိုင် တယ် ၊ လိုတာ ရမယ်လို. ဘဲ ပြောကြပါစို. ။ အမေရိကန်ပြည်ထောင်စု ကာလေဖိုးနီးယားနယ် လပ်(စ( ဗေးဂတ်(စ) လောင်းကစား မြို.ဆိုတာ မပြောပလောက်ပါဘူး ၊ ဒို.ဘုရားပွဲလောက် မစီပါဘူး ။


ဘုန်းကြီးကျောင်းတွေ ကလဲ များပါဘိ ၊ ရွာဦးကျောင်း ၊ ရွာထိပ်ကျောင်း ၊ တောရကျောင်း သုဿန်ကျောင်း ကမ္မဌာန်းကျောင်း စာသင်တိုက် တဲ့။ နောက် ဘာရှိသေးသလဲ ? တရားစခန်းဆိုတာတွေလဲ ရှိသေးတယ် ။ ဒါတွေက ဥပမာပေးတာပါ ၊ လိုတာ မလိုတာတွေ တော့ မသိဘူး ၊၊


ဒါတွေဟာ ဘာကိုပြသလဲ ဆိုတော့ မြန်မာနိင်ငဲမှာ တရားမရှိ တဲ့ လူတွေ အတော်များနေတယ်ဆိုတာကိုသာ ပြနေတာ ။ ၊ ဒို.နိုင်ငံဟာ ဟာ ဗုဒ္ဒဘာသာ နိုင်ငံ ဆိုတော့လဲ ဒါတွေဟာ သဘာဝ ကျပါတယ် ။ အခြားဘာသာတွေ ဖြစ်ကြ
တဲ့ ခရစ်ယန်တွေ မွတ်စလင်တွေ ကလဲ ချပ်(ချ)တွေ ၊ ဗလီတွေ လမ်းဒေါင့်တိုင်း
မှာ လိုခြင်နေကြ တယ်၊ သာတူညီမျှ ဖြစ်အောင် တဲ့ လေ ၊ လူ.အခွင့်အရေး ဘာသာရေးလွတ်လပ်မှူ တွေပေါ့ ၊


ဒီထဲမှာ ဗုဒ္ဒဘာသာ တရားသည်သာလျှင် တရားလို. စွဲကိုင်ပြောနေတဲ့ ဘုန်းကြီး
တွေ ဘာပြောကြမလဲ ဘာလုပ်ကြမလဲ ။ ဘုန်းကြီးဆိုလို.ပြောရရင် သူတို.လဲ ငိုစား ရီစားထဲမှာ ပါတယ် ။ သံဃာ စားသော ဆွမ်းတနပ် ဆိုတဲ့ ထဲက သံဃာ ( ဘုန်းကြီး) ဆိုတာ ၀ိနည်း သိက္ခာတွေနဲ့ အညီ ကျင့်ဆောင်နေကြတဲ့ သံဃာတွေ
ကိုသာ ဆိုလိုတယ် ။ ၀ါဝါ ၀တ် ကတုန်းပြောင်တိုင်းကို မဆိုလိုဘူး ။


မြင်ခြင်တာကို မြင်ခြင်သလိုသာမြင်ကြပေတော့၊ တခုတော့ ရှိတယ်၊ ဒါတွေဟာ မြန်မာဆိုတာ မြန်မာ့ အကျင့် ဓလေ့ထုံးစံ ယဉ်ကျေးမှု အနုပညာ ၊ လူနေမှူ စံနစ်နဲ.ဘဲ မြန်မာ့ ၀ိနည်းသိက္ခာတွေနဲ့ဘဲပေါ့၊၊


မြန်မာဆိုတာ မြန်မာဆိုတာ နိင်ငံသားဖြစ်တဲ့ ကိုယ့်လူမျိုးအားလုံးပါတယ် လေ ၊ ဗမာ ဆိုတာ ကတော့ ဗမာလူမျိုးစုဝင်တွေလို.ဘဲ ခွဲခြား ပြောရလိမ့်မယ်၊ ဒီလိုပြောရတာကလဲ တခြားမဟုတ် ၊ ဒီလိုဘဲ နားလည်ထားတယ် ။ မှားတယ်လို.ပြောပြော မှန်တယ်လို.ဆိုဆို ။


ဒို.အားလုံးရဲ. ဒို.ပြည် ဒို.မြေကို လူမျိုးကြီး လူမျိုးငယ် အားလုံးကို ခြုံမိတဲ့ မြန်မာနိုင်ငံလို.ဘဲ ခေါ်ကြရ အောင်လို. အမျိုးသားညီလာခံကြီး က သဘောတူ
ချမှတ်ခဲ့ ပြီး ပြည်သူတရပ်လုံးကလဲ ဖွဲ.စည်းပုံအခြေခံ ဥပဒေအဖြစ် တခဲနက်
ထောက်ခံ အတည်ပြုခဲ့ပေမဲ့ သဘောမတူသူ မကျေနပ်သူကတော့ ရှိတာဘဲ ပေါ့ ၊ ဒီမိုကရေစီမှာ ဒါမျိုးတွေဟာ ဆန်း တာမှ မဟုတ်တာ ။


ဒါပေမဲ့ မစ္စစ် အဲရစ် လို နိုင်ငံရေးလုပ်စားခြင်တဲ့ ပုဂိုလ်တယောက်က မြန်မာလို.မခေါ်နိုင်ဘူး ဗမာလို.ဘဲ ခေါ်မယ် ဆိုတော့ ဒီအမျိုးသမီး ဘာသဘောနဲ ပြော
တာပါလိမ့်ဆိုတာ ဥာဏ်မမီလို. နားမလယ်နိုင်အောင် ဖြစ်ရတယ်။ သူက လဲ ဘာကြောင့်ဆိုတာ မရှင်းသလို ဘယ်သူကမှ ဘာကြောင့်လဲ လို. တိုက်ရိုက် မမေး ဘူး ဘူး ။ သူ မထောက်ခံတဲ့ဥပဒေမို. သူ မလိုက်နာနိုင်ဘူး ၊ ချိုးဖေါက်
တာလား ?



အမျိုးသား ပြန်လည်ရင်ကြားစေရေး ဆိုတာမှာ အမျိုးသမီး ဆိုတာမပါလို. ထင်ပါရဲ.၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာတွေနဲ. မစ္စစ် အဲရစ်ဟာ ဒို.ရဲ.ဘယ်လူမျိုးစုဝင်လဲ ဆိုတဲ့ မေးခွန်းတော့ ကြားဘူးတယ် ၊ ဖြေသံတော့ မကြား ဘူး ဘူး၊ အထူးသဖြင်. ဗမာ လူမျိုးကြီးဝင် လူမျိုးစုငယ် တခုခုက လားဆိုတာ ဆက်မေးဘို.အခက်တွေ.နေတယ် ။ ၂ ဖက် မိဘများဖြစ်ကြတာ ဦးအောင်ဆန်း အမိ ဒေါ်ခင်ကြ ည်တိုရဲ. ဂျင်း(န)ဗီဇ တွေကို ဘယ်သူမှအလေး မထား ခဲ့ကြပါဘူး ၊ ပြသနာ မဟုတ်ခဲ့ဘူး ၊ ဒို ခေါ့င်းဆောင်တွေဟာ ဒို.ခေါင်းဆောင်တွေဘဲ ပေါ့၊ ဒို.ဘုရင် တွေဟာ ဒို.သခင် တွေဘဲ ဆိုတဲ့ စိတ် ဒို.အများမှာရှိတယ် ။


လွတ်လပ်ရေး တိုက်ပွဲ စတယ်ဆိုရင်ဘဲ ၊ လူမျိုးကြီး လူမျိုးငယ် ဆိုတာတွေ ပြောစရာစကားအဖြစ်နဲ့ ပေါ်လာ တယ် ဘယ်သူ လက်ချက်လို. ထပ်ပြောဘို.လိုသေးသလား ? တချို.ကများဆိုရင် ကြံဖန်ပြီး ဗမာတွေဟာ ဗမာလူမျိုးကြီး ၀ါ
ဒနဲ. တခြားလူမျိုးစုတွေ အပေါ် ဗိုလ်ကျနေတယ် လို.တောင် စွပ်စွဲတယ် ။


အဲသလိုပြောသူ တွေဟာ အင်္ဂလိပ်လက်ထက် ဆိုတာတုန်းက ဘယ်သူ.အတွက် ဘာတွေ လုပ်ခဲ့တယ်ဆိုတာ သူတို.ဟာသူ တို.သိမှာပေါ့ ၊ ထမင်းချက် အ၀တ်လျှော် ကလေးထိမ်း ခြံရှင်း ဖိနပ်တိုက် လုပ်ရတာကိုဘဲအဟုတ်ကြီးမှတ် ဂုဏ်ယူခဲ့ကြတာ မဟုတ်လား ။ သူတို. ပထွေးတွေ အားကိုးနဲ. ဗမာတွေကို နှိမ်ခဲ့ကြတာ ၊ သူတို.ဟာသူတို. မလုံမလဲ ဖြစ်ပြီး ဗမာတွေကိုဆက်ပြီးတိုက်ခိုက်
နေတာ မြန်မာတပ်မတော်နဲ့ ခေါင်းဆောင်တွေသာ အထိမ်း မတော်ရင် ။ ဒုတိယ မြောက် ဦးအောင်ဇေယျ ( အလောင်းဘုရား) ပေါ်လာစရာ အကြောင်း
ရှိတယ် ။


ဖွဲ.စည်းပုံအခြေခံဥပဒေကို ပြင်ရမယ် လို. မစ္စစ်အဲရစ် တတွတ်တွတ်ပြောနေ
တယ် နိုင်ငံကိုလဲ လွှတ်တော် ထဲမှာ ဘယ်လို ရည်ညွှန်းခေါ်ဆိုတယ် ဆိုတာ
တော့ နားနဲ့ စပ်စပ် မကြားဘူး ဘူး ၊ ထင်ခြင်တာ ထင်ရရင် တော့ သူ ဗမာ ပါ လို.ဆိုပြီး လူအများစုဖြစ်တဲ့ ဗမာ လူမျိုးကြီး လူမျိုးငယ်တွေကို အကြိုက်ပေးနေ ပုံဘဲ ၊ ဗမာ လူမျိုးကြီး စိတ် ရှိမရှိ မသိဘူး ၊ ဒါပေမဲ. မြန်မာစကားမှာ - အပြော
မတတ်တော့ ဆဲ သလို ဆိုတာ တော့ ရှိတယ် လေ ၊ သူပြောလိုက်သမျှ ကြားရတာ နားမှာ ဂလန်.ချည်းဘဲ ၊ မုန်းလို. ဟုတ်ဘူးနော် ။ အကျိုးဆက်တွေ
က တော့ ဖြစ်လာမဲ့အကြောင်းကြောင်းတွေ ပေါ်မှာ မူတည်မယ် ။


လွှတ်တော်ထဲမှာလည်း ဘာတွေ အဆိုတင် အခြောက် ကင်နေတယ် မသိဘူး၊ ကြားရခဲ တယ် ၊ နားရှုတ်သွားကြသလား ? မရှုတ်ကြပါနဲ. မစ္စစ်အဲရစ်ဟာ ဗမာလူမျိုးကြီး ၀ါဒဆိုတာကို မြင့်တင်ဘို. ကြိုးစား နေပုံရတယ် ၊ တနည်းအား
ဖြင့်လဲ ၊ ဗမာတွေကို ကျန်လူမျိုးစုတွေက အထင်မှား ပြီး ၀ိုင်း တီးဘို. တနည်း တလမ်း လှုံ.ဆော်နေတာရော မဖြစ်နိုင်ဘူးလို.ဘယ်သူပြောနိုင် မလဲ? ပါလီမန် လွှတ်တော်ထဲမှာ ဘာတွေ ဖြစ်နေသလဲ ။ သိတဲ့ လူတွေက မသိတဲ့ လူတွေကို
အသိပေးဘို.ကောင်းတယ် ။


မပြောမပြီး မတီးမမြည် တဲ့။ ပုဂိုလ်ရေးမပါ ပါဘူး အချက်အလက်တွေ တင်ပြ
တာပါ ၊ ကျားချင်းတူသည့်တိုင် အစင်း ၊ အပြောက် ကွဲသေးတယ် ဆိုတာတော့ သိဘို.ကောင်းတယ် ၊ မှို မှန်း ငြူတ်ကြည်ပွေ. ( ? ) မှန်းသိကြရင် တော့ ကောင်းတာပေါ့ ။


ခဏရပ်လိုက်အုံးမယ် - ပျော်ပျော် ပါးပါး ပေါ.