Article submitted by: minkyaw thuyein on 21-Jan-2013  
ငြိမ်းချမ်းရေးတဲ့ လား - အဲဒါ ဘာလဲ?
ဒို.လူကလေးများဆိုသလေး ၊

ငြိမ်းချမ်းဘို.ဆန္ဒ အမှန်တကယ် မရှိရင် ငြိမ်းချမ်းရေး မခေါ်နဲ့။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဘို. ဆိုတာ ဘယ်သူကမှ တပ်မတော်ကို ဖြစ်စေ ၊ အစိုးရကိုဖြစ်စေ ၊ ပြည်သူ. လွှတ်တော်အပေါ်ဖြစ်စေ မလိမ့်တပါတ် ။ နှပေါက်တပေါက် ရိုက်ပြီး ဖိအားပေး ၊ လယ်ပင်းညှစ်လို.မရနိုင်ဘူး ဆိုတာကို ပြီးခဲ့တဲ့ အတိတ်က အတွေ. အကြုံတွေက ပြောနေတယ် ။ ငြိမ်းချမ်းရေးကို တပ်မတော်ကရော အစိုးရရော ၊ ပြည်သူတွေကပါ လိုလား တယ် ဆိုတာသိလို.လဲ ပျော့ကွက်နှိုက် အကြပ်ကိုင်ဘို.လဲမကြိုးစားနဲ. မရဘူး။


တပ်မတော်နဲ.အစိုးရကို သတိပေးလိုတာက တိုင်းပြည်လူထု နစ်နာနေတာ ကြာလှပါပြီကိုယ်ညီရင်းအကို တွေဘဲလို. သဘောထားနေတာတွေ လက်တဆုတ်ဆာဘဲ ဆိုပြီး ညှာတာထောက်ထားခဲ.တာတွေဟာ နောက်ဆုံး တပ်မတော်ကပါ အလိုတူ အလိုပါ စားနေတာဘဲ ဆိုတဲ့ ယိုးစွတ်ချက်တွေနဲ. အခြားစွတ်စွဲချက် တေနဲ့ပါ တပ်မတော် အပေါ်ဘဲ အပြစ်ပုံချနေတာတွေ ရှိတယ်။


ငြိမ်းချမ်းရေးဆိုတာ တိုက်မယူဘဲ မရဘူးတဲ့ လား - ဟုတ်လား ၊ ဒါဖြင့် စိန် လိုက်လေ ၊ တပ်မတော်ကလဲ နိုင်ငံတော်နဲ. နိုင်ငံတော်သားတွေကို ဘယ်လိုကာကွယ်ရတယ်ဆိုတာ ပြသရလိမ့်မယ် ၊ အထူးသဖြင် နိုင်ငံတော်ရဲ့ ကချင်ပြည်နယ်မှာ ဥပဒေဘောင်အတွင်းနေထိုင်ကြတဲ့ လုပ်သားပြည်သူတွေ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်ရေး ၊ နိုင်ငံ့အကျိုး တဖက်တလမ်း ပံ့ပိုးထမ်းရွက်ရေးတို.ကိ ကြေညာက်ထိတ် စိုးရွံ.မှု ကင်းရှင်းစွာဆောင်ရွက်
နိုင်ရေးတို.ကိုအာမခံ ချက်ပေးနိင်ရေး ၊ အပြောနဲ့မဟုတ် အလုပ်နဲ့လက်တွေ. ပြရလိမ့်မယ် ။


မြန်မာပြည်သူတရပ်လုံး ဟာ ငြိမ်းချမ်းရေးအတွက် အဘိုးဆားနား အမျိုးမျိုး ပေးခဲ့ ရပြီ။ ရလေ လိုလေ အို တစ္ဆေ ဆိုသလို သူပုန်သူကန်တွေက နောက်ထပ် အကြပ်ကိုင် လယ်ညှစ်နေတာ ကို လက်မခံနိုင်ဘူး ၊ တပ်မတော်ကို တာဝန် ပေး အပ်ထား တယ်၊ ၁၉၆၇ ခုနှစ်ကလို ပြည်သူတရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်ကပါ ထွက်လာရင် ကချင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးတွေ ပါ ပါ လာ လိမ့်မယ် ။


တဖက်ဖက်ကမှ ချွင်းချက်မရှိ လက်နက် ချရင်တောင် စစ်ရပ်ဆဲသွားတာ
လောက်ဘဲ ရှိမယ် ငြိမ်းချမ်းရေး ဆိုတာ မဖြစ်နိုင်/ မရနိုင်ဘူး ဘဲ ။ ကေအိုင်အေ လက်နက်ချရမယ်ဆိုရင် အားမတန်လို.မန်လျှော့ရတာမျိုး အရှုံးပေးရတာမျိုး၊ သိက္ခာကျရတာမျိုး ဖြစ်လို.လဲ ရန်စ မအေးနိုင်ဘူး ။ ဒီတော့ ၊ မြန်မာ့တပ်မတော်/ မြန်မာအစိုးရက လက်နက်ချရမှာလား ? ရာဇ၀င်တွေ ရိုင်းကုန်လိမ့်မယ် ။


မြန်မာ့ တပ်မတော်ကို ကေအိုင်အေက အပြီးအပိုင် ခြေမှုန်းလို.ရမယ်မထင်နဲ့ ၊၊ အောက်ကလဲ နေ ဟာဒီးလဲ မလျှော့ဆိုတဲ့ စကားလို. တပ်မတော်က တိုက်ရင် လိုက်ရင် သူများ ပုဆိုးခြံထဲ ၀င်ပြေးပြီး အသံညောင်နဲ့ ကယ်ပါ ယူပါ တဆာဆာဟောင်နေတဲ့ခွေးတွေ ငကြောင်တွေ ။ မြန်မာ့တပ်မတော်ရဲ့ အနေအထားဟာ ကေအိုင်အေကို လက်မြောက်အရှုံးပေး ရမဲ့အနေအထား
မဟုတ်ဘူး ဆိုတာနားလည်ထားကြဘို.ကောင်း တယ် ။


ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာ စစ်ရေး အခြေအနေပေါ် မူတည်ပြီး ဖြစ်လာရတာမျိုး ၊ ကိုယ်က အနိုင်ရနေရင် ဖြစ်စေ ၊ ကိုယ်က အရှုံးပေါ် တော့မဲ. အခြေအနေမှာ ရှိလာရင်ဖြစ်စေ ငြိမ်းချမ်းရေး ခေါ်သံထွက်လာ တတ်တယ် ။
ဟိုတုန်းကထည်းက ဒီကောင်တွေ ဒီလိုလုပ်တတ်တဲ့ သောက်ကျင့်တွေ ရှိတယ် ဆိုတာ အကြိမ်ကြိမ် သတိ ပေးပါသူတွေရှိပေမဲ့ အစိုးရနဲ. တပ်မတော်ဟာ သဘောရိုး သဘောထား ကြီးလွန်းအားကြီးတယ် ။ ဒါဟာ ကိုယ်.ဒုက္ခ ကိုယ်ရှာတာဘဲ ဆိုတာ ထပ်ပြောဘို. လိုသေးသလား ?


ကေအိုင်အေ ကိုင်တဲ့ လက်နက်တွေဟာ တရုတ်ပြည်လုပ် တွေလို.သိရတယ် ၊ လက်နက်ဆိုတာရောင်းဝယ် ဖေါက်ကားနိုင်တဲ့ပစ္စည်း ၊ နည်းအမျိုးမျိုးနဲ. ရနိုင်တယ် ။ မေးနိုင်တဲ့မေးခွန်းတွေက ကေအိုင်အေကို တရုတ် ပြည်သူသမတ နိုင်ငံအစိုးရကဖြစ်စေ ၊ ပြည်နယ် အစိုးရကဖြစ်စေ ၊ တရုတ်ကွန်မြုနစ်ပါတီကဖြစ်စေ ၊ ပုဂလိက လုပ်ငန်းရှင်တွေက ဖြစ်စေ ကူညီထောက်ပံ့နေသလား? ပြည်တွင်းစစ် လို.ပြောခြင်ရင် ပြည်ပ အထောက်အပံ့တွေ ပါဘို.မလိုဘူး ၊


ပြည်သူ.လွတ်တော်ရဲ့ ငြိမ်းချမ်းရေး တိုက်တွန်းချက်နဲ.တခဲနက် ထောက်ခံချက်ဟာ ဘယ်အကြောင်းပေါ် မှာ အခြေခံသလဲ ? လွှတ်တော်ထဲမှာ ကေအိုင်အေကိ ထောက်ခံတဲ့ ကိုယ်စားပြု တဲ့ ဆက်သွယ်/ဆက်နွယ် နေတဲ့ နိုင်ငံရေးပါတီ ကေအိုင်အေရဲ့ နိင်ငံရေးတောင်ပံ ပါတီ ထိုးဖေါက်ဝင်ရောက် နေပြီလား ?


လွှတ်တော်ရဲ့တိုက်တွန်းချက်ဟာ ပြည်သူဆန္ဒ လား ? ကေအိုင်အေကို နောက်ဆုံး အခွင့်အရေး ပေးခြင်းဘဲ လို.ရိုးသာစွာ မြင်တယ်၊ အပြတ်ရှင်းဘို. အချိန်တန်နေပြီ ။ ပြည်သူ.ဆန္ဒကတော့ အပြတ်ရှင်းရေးဘဲ ။ အရပ်သူအရပ်သား တွေ ထိခိုက်နစ်နာမှူဟာ ရှောင်လို.မရဘူး ၊ အနဲနဲ.အများဆိုတာတော့ ရှိမှာဘဲ ။ သူပုန်မိသားစုထဲမှာ မပါဝင်တဲ့ သာမန်အရပ်သားတွေ ဆိုတာ နဖူးမှာဂျိုပေါက်နေတာမဟုတ်လို.သိဘို.ရာ ခက်တယ် ၊ ကေအိုင်အေဟာ သူတို.မိသားစုတွေရော တခြားအရပ်သူ အရပ်သားတွေကိုပါ ခုတုန်းလုပ်နေ အကာအကွယ် ယူနေတာဘဲ ။


လိုရင်းပြောရမယ်ဆိုရင် ကေအိုင်အေ လက်နက်ချဘို.မလိုဘူး ၊ လက်နက်ကိုင် တိုက်ပွဲကို စွန်.လွှတ်ရမယ် ၊ ဒီမိုကရေစီဘောင် ထဲ ၀င်လာရမယ် ။ ဘောင် အတွင်းက လှူပ်ရှားရမယ် ။


ငြိမ်းချမ်းရေးဆိုတာ ၊ လူအများ လိုလားတယ် လိုအပ်တယ် ၊ တိုင်းပြည် စည်ပင်သာယာ ၀ပြောမယ် တိုးတက်မယ် စသဖြင့် အကြောင်းတွေပေါ့လေ၊ လူကြားလို.ကောင်းရုံ စကားတွေမဟုတ်ဘူး။ အဓိပါယ် မရှိ ပေါ့ပျက်အောင် ပေါ့ ၊ အရင်ကလဲ ပြောဘူးတာတွေရှိပါတယ် ။ သာဓကတွေလဲ အများကြီး ။


ငြိမ်းချမ်းရေး အတွက် အဘိုးဆားနား ကို ဘယ်သူပေးမှာလဲ ? ဒို.မြန်ပြည်မှာ တိုင်းပြည်နဲ.လူမျိုး နစ်နာနေရ တာကြာပြီ လို. ပြောနေပေမဲ့ ၊ ပြောလဲ ပြော ပြောဘဲ ၊ ဒီပြောသံတွေကို ဘယ်သူကြားသလဲ ။ ဂရုစိုက်နား ထောင်သလဲ ၊ ဘာလုပ်ကြသလဲ ။ ငြိမ်းရေးးခေါ်သံ တောင်းဆိုသံတွေ ရိုးရိုးသားသား
မဟုတ်ဘူး ဆိုတာ သိသာတယ် အကွက်ဆင်တာ ထင်ရှားတယ် ၊ တချို.တွေဟာ တပ်မတော်ကိ သူပုန်ဖြစ်အောင်တောင် ပြော နေကြတာငတော လွန်လွန်းအားကြီးတယ် သူခိုးက လူ လူ အော် တာသူတိုဘဲ ပေါ့ ၊။


မြန်မာ နိုင်ငံမှာ ၁၉၄၈ ခုကစပြီး အခုထိ နှစ်ပေါင်း ၆၅ နှစ်အတွင်း ။ လက်နက်ကိုင် သောင်းကျန်းသူ အသင်းအဖွဲ. အသီးသီးတို.နဲ.အစိုးရ အသီးသီး တို.ကြား ငြိမ်းချမ်းရေးဆွေနွေးပွဲ ဘယ်နှကြိမ် ဘယ်နှခါ လုပ်ခဲ့ပြီး ပြီလဲ ၊ ဘယ်နှခါ ပျက်ခဲ့သလဲ ၊ ဘာကြောင့် မအောင်မြင်ရတယ် ဆိုတာတွေကို ပြည်သူအများ ရှင်းရှင်းသိရအောင် ထုတ်ပြန်ကျေညာသင့်တယ် ။


မျိုးဇက်သစ်တွေသိရအောင် လိုအပ်ရင် နောက်ကြောင်း ပြန်သင့်တယ် ။
စစ်နဲ.ငြိမ်းချမ်းရေး ဟာ တွဲနေတယ် ၊ စစ်တိုက်နိုင်ရင် ငြိမ်းချမ်းရေးလဲ လုပ်နိင်ရမယ် ။ ငြိမ်းချမ်းရေးဆိုတာ ပြောနေရူံနဲ့ မပြီးဘူး ၊ တဖက်သတ် ၊ တယောက်ထဲ ရခြင်လို.လဲမဖြစ်ဘူး ၊ တဦးထဲ လုပ်လို.ရတာမျိုး မဟုတ်။ ဆန္ဒ ရှိရုံနဲ.လဲ မပြီးဘူး၊ ဆန္ဒတွေ အာသီသတွေ ပြင်းရမယ် ၊ မရ ရအောင် လုပ်ရ
မယ်၊ စစ်တိုက် ခြင်လို. တိုက်တာ ဆိုရင် ၊ ငြိမ်းချမ်းရေးကို လဲ လိုခြင်ရင် ရနိုင်ရမယ် ။


လက်ထဲမှာလက်နက်ဆွဲကိုင်ထားနေ သမျှ ၊ ငြိမ်းချမ်းရေးလိုခြင်တဲ့ ဆန္ဒတွေ အာသီသတွေ လျှော့နဲ နေလိမ့်မယ် ဖြစ်တယ်။


ကမ္ဘာ.အဖွဲ.အစည်းကြီးဖြစ်တဲ့ ကုလ တောင် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး
ရအောင် မလုပ်နိုင်ရင် မြန်မာ့အဖွဲ. အစည်းကြီးဖြစ်တဲ့ မြန်မာလွတ်တော်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချပ်းရေးရဘို. ဘာလုပ်နိုင်မှာလဲ ၊ ဆွေးနွေးဘို. တိုက်တွန်း
တာဟာ တိုက်တွန်းရမယ် ။ တိုက်တွန်းချက်ဟာ မလွဲမသေ လိုက်နာရမဲ့ အမိန်.ညွှန်ကြားချက် မဟုတ်ဘူး၊ စစ်မြေပြင် စစ်မျက်နာမှာ တကယ်တွေ. ကြုံရင်ဆိုင်
နေရတဲ့ လက်ရှိအခြေအနေတွေပေါ်မှာ အခြေခံပြီး တပ်မတော်က ဆောင်ရွက်
သွားဘို.ဘဲ ဖြစ်တယ် ၊


တပ်မတော်ဟာ နိုင်ငံတော် လုံခြုံရေး ၊ နိုင်ငံတော်နဲ့ နိုင်ငံတော်သား အားလုံးကို ပြည်နယ် ဒေသ မခွဲခြားဘဲ စောင့်ရှောက် ကာကွယ်နေတာသာဖြစ်တယ်၊ တပ်မတော် လုပ်ရမဲ့ အလုပ်ကို တပ်မတော်သိ တယ် ။


လူကြားကောင်းတဲ့စကားကို လူတိုင်းပြော တတ်တယ် ။ ဒါမျိုးတွေ ရိုးနေပါပြီ ။


တော်သေးပြီနော် ပျော် ပျော် ပါး ပါး ပေါ့ ၊