Article submitted by: minkyaw thuyein on 17-Jan-2013  
အရင်းစစ်တော့ - အမြစ် မြေကပါ တဲ့ ။
လူကလေးများ ဆိုသလေး ။


ရွှေပေလွှာ ဆိုတာကြားဘူးကြမှာပေါ.၊ အနောက်ဖက်နိုင်ငံတွေမှာလဲ ရှိတယ် ၊ ချိန်းလက်တာ လို. တချို.ကခေါ်ကြတယ် ၊ သေသေ ချာချာ ဖတ်ကြည်ရင် ဗေဒင်ဟောစာတမ်းးလိုလို ၊ သင်္ကြန်စာလိုလို တဘောင်တွေ ဟောချက်တွေနဲ.၊ ရှေး အီဂျစ် နိုင်ငံ ဖေရိုး ဘုရင်တွေ ဂူပေါ်က ကျိန်စာတွေ လိုလိုဘဲ ၊ မထိနဲ့.မကိုင်နဲ.ငရဲကြီးတတ်တယ် ဆိုတာကတမျိုး ဘာလုပ်ရင် ဘာဖြစ်မယ် ၊ကောင်းကျိုးဖြစ် စေမယ် ၊ ဘာမလုပ်ရင် ဘယ်လို အဆိုးသက်ရောက်မှုတွေ ရှိနိုင်တယ် လို.ဆိုထားတဲ့ ချိန်းချောက် သတိပေး ချက် စာတမ်းလို.လဲ ပြောလို.ရတယ် ၊ ခုခေတ်လဲ ဒါမျိုးတွေ တချို.နေရာတွေ မှာ ရှိတုန်းဘဲ ၊ ယုံခြင်ယုံမယုံခြင်
နေ ဘဲပေါ့။


လူတိုင်းဟာ ကိုယ့်လောက် သိခြင်မှသိမယ် ၊ သူ.မှာလဲ သူသိတာရှိသလို မသိတာတွေရှိမယ် ။ သိတိုင်းလဲ မှန်ခြင်မှ မှန်မယ် ။ အကြောင်းအကျိုးနဲ.အကောင်းအဆိုး အပြုသဘော ထုတ်ဖေါ်ဆွေးနွေးကြရင်လူမျိုးရော နိုင်ငံပါ အကျိုးရှိ မယ်ဆိုတာ စိတ်ရိုးသဘောရိုး နဲ.လူတွေ သိထား လက်ခံ ထားတဲ့ အချက်ဘဲ ။


နိုင်ငံရေးသမားဆိုတာတွေရဲ့ အကျင့်တွေကို လူတိုင်းလဲ သိတယ် ။ သူတို.ကို သူတို. လူတွေက ရွေးလိုက် တာ သူတို.အကျိုးဆောင်ဘို.ရွေးလိုက်တာ သူတို.အကျင့်ချင်းတူလို. အကျင့်တွေကို ကြိုက်လို.ဘဲပေါ့။ နိင်ငံရေးသမားဆိုတာ လူထဲက လူတွေဘဲ ဆိုတော့လဲ ပြောရတာ အခက်သားဘဲ ။


ပြောစရာ တခုတော ရှိတာပေါ လေ မြန်မာစကားဘဲ ၊ သစ်မရခင် ၀ါးဘောင်တင် ဆိုလား၊ ၂၀၁၀ ခုက စခဲ့ ရတဲ့ ၊ ဒီမိုကရေစီ ဟာ သစ် အဆင့်မရောက်သေးတဲ့ ၀ါး အဆင့်မှာဘဲ ရှိနေသေးတယ် ။ အုဌ်အဆင့် ရောက်ဘိုဆိုတာတော့ မစဉ်းစားနဲ.အုံး။ ဒီဝါးစည်းကိုဘဲ မပြေ ရအောင် ဘယ်သူက တာဝန်ယူမလဲ စောင့်ကြည့်ထိမ်းသိမ်းမလဲ ဆိုတဲ. မေးခွန်းကိုဘဲ ပြန်ရောက်လာ ပြန်ပြီပေါ့ ။


အထူးသဖြင့် ပါတီနိင်ငံရေးသမားဆိုတာ ပေါ်ပင်တွေ။ ဒီမိုကရေစီမှာ ခွေးသူတောင်းစားတောင် လွှတ်တော် အမတ်ဖြစ်နိုင်တယ် ၊ သူ.ကိုရွေးတဲ့ လူတွေရဲ့ အသိပညာဥာဏ် ဗဟုသူတ ဘယ်လောက် ကြွယ်ဝကြတယ် ဆိုတာပေါ်မှာဘဲ မူတည်တယ် ။ တိုက်ပြေး - ပစ်ပြေး တွေ လို.လဲ ခေါ်နိုင်တယ် ။ အနည်းဆုံး ပါလီမန်သက် တန်း ၄/၅ နှစ် ဆိုရင်ဘဲ အတော်စားသာတယ်လို. ပါတီနိုင်ငံရေးသမားတွေကယူဆနေကြတာ ။ ကင်းလွတ်ချက် တွေလဲ အများ
ကြီး ၊၊ တခြား ခံစားခွင့်တွေ ကတော့ ပြောမနေနဲ.တော့၊ ပြောစရာက နိုင်ငံ့
အရေး လုပ်တဲ့ နိင်ငံရေးသမားနဲ. နိင်ငံရေး လုပ်စားတဲ. နိင်ငံရေးသမား ဆိုတာကို အများပြည်သူ ကွဲကွဲပြားပြား မသိသေးသမျှ ၊ ဒို.ပြည်နဲ. ဒို.တတွေ
ဟာ ပင်လယ်ထဲ စက်ရပ်နေတဲ့ သင်္ဘောနဲ့ ခရီးသယ် တွေလို ရေစီးရာ လှိုင်းထဲ မြောနေမှာဘဲ ။


အခုခေတ် မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားဆိုတာ စစ်တပ်ကို ဆဲရေးတိုင်းထွာ ဆန့်ကျင်နေကြတဲ့ သူခိုး ဒါးမြ တေလေ တွေ ၊ သူပုန်(သောင်းကျန်းသူ)တွေ ။ ယေဘုံယျအားဖြင့် ပြောရရင် ပုလိပ်ကို ငွေပေးပေါင်းပြီး ဥပဒေ မလေးစား ချိုးဖေါက်နေသူတွေ ကို ကိုယ်စားပြုနေသူတွေဘဲ လို.ပြောရင် ၀ါးလုံး ချီးသုတ်ရမ်းတယ် လို.များ ဆိုအုံး မလား?



မြန်မာနိုင်ငံမှာ မကြာမီ အတိတ်ကာလတုန်းက အခြေခံသဘောတရားသင်တန်း
- ဗဟို နိုင်ငံရေးသိပ္ပံ ဆိုတာတွေ ဖွင့်ပြီး အခြေခံ နိုင်ငံရေးပညာတွေ ပေးခဲ့
တယ် ၊ အကောင်းမမြင်ကြဘူး ။ နိုင်ငံရေး မျက်စေ့နဲ. နား ဖွင်.ပေးတယ်လို.
မမှတ်ကြဘူး ၊ ထားပါတော့ လေ။


မြန်မာတို.ရဲ့လောကနဲ.ပါတ်ဝန်းကျင်မှာ ဘာသာတရား နဲ့ လူကြီးသူမတွေရဲ့ ဆိုဆုံးမသြ၀ါဒတွေ ဆိုတာတွေ ပုံထားရင် မြင်မိုရ်တောင် ဧ၀ရက်တောက် ထိပ်တွေကိုကျော်သွားနိင်တယ်၊ ရာသီဆိုးဝါး အေးလွန်းလို. အသက်ရှူခက်တတ်လို. မြန်မာတာတွေ တောင်တက်ဘို.မကြိုးစားကြဘူး။ သြ၀ါဒတွေ များလွန်းလို. ဘာကို နားထောင်ရမှန်းမသိတော့တာလဲ ဖြစ်နိင်တယ် ၊ သိတာလေးတွေလဲ ခေါင်းးဆေးမင်္ဂလာ ၊ ခေါင်းလျှော် မင်္ဂလာတွေကြောင့် ခေါင်းထဲက ပျောက်သွားသလား မမှတ်မိကြတော့ဘူး နားယှံနေကြတာလဲ ဖြစ် နိုင်တယ် ။။



တခြားပုံပြင်တွေနဲ. မါဃလုင်ရဲ့ ပုံပြင်တောင် မမှတ်မိတော့ဘူး ၊ မေ့ထားလိုက်တာဘဲ ကောင်းပါတယ် လို. မြန်မာတွေ ယူဆကြပုံရှိတယ် ။ ဒါမှမဟုတ် မြန်မာပြည်မှာ မြန်မာတွေချည်းဘဲ မဟုတ်ကြတော့ လို.လား?


အကြောင်းစုံ မသိရတော့လဲ ဘယ်ကစပြီး ဘာကိုဆွေးနွေးရမယ် မသိဘူး။ တကယ်တော့ ဆွေးနွေးတဲ့ အဆင့်ကို မရောက် တာ များပါတယ် ၊ ကိုယ်အမြင် ရှုဒေါင့်ကို ကိုယ် လွတ်လပ်စွာ တင်ပြနေကြတာဘဲ ဖြစ်တယ်။ ဖတ်ရုံဘဲ ၊ ဆွေးနွေးခြင်းသည် ဝေဖန်ခြင်း လေကန်ခြင်းတွေပါတတ်တယ် ။ မြန်မာတွေမှာ ဆွေးနွေးတဲ့ အကျင့် မရှိကြဘူး ၊ ဆွေးနွေးစရာအကြောင်းလဲ မရှိဘူးလို.လဲ ပြောလို.မရဘူး ၊ မြန်မာ့အကျင့် က ၊ မကြိုက်ရင် ထ ရိုက်တတ်တယ် ၊ သေသည် အထိများတောင် လုပ်ကြတယ်။


ဆွေးနွေးတဲ့ အကျင့်ရအောင် ဝေဖန်ခြင်း လေကန်ခြင်း သီးခံပါ လို.ပြောဘူးပါတယ် ၊ ကိုယ်ပြောတိုင်း လူတကါ ထလုပ်ကြလိမ့်မယ်လို.တော့ မမျှော်လင့်ပါဘူး ။ ပြောစရာရှိတာကတော့ ပြောရမှာဘဲ ဆိုတာလဲ ဟုတ်ပါတယ် ၊ လူတိုင်းနားလည်တဲ့ စကားနဲ.ပြောရင် ပိုကောင်းတာပေါ့ ၊ ပိုပြီး အရာရောက်တာပေါ့ ၊


လူတိုင်းဟာ ငါ. လောက် မသိဘူး ၊ ငါ့လောက်မတတ် ဘူးလို. ထင်ရင် ငါပြောတာကို သူတို.နားလည်မှာ မဟုတ်ဘူးလို.ယူဆပါ ၊ အသိချင်း အတတ်ချင်းမှ မတူဘဲ ကိုး ၊ သူတို.ကို လမ်းတ၀က်က ဆင်းပြီး ကြိုပါ ။ သူတို.နားလည်အောင် သူတို.နားလည် မဲ့ စကားနဲ.ပြောပြပါ ။ ပဟေဠိတွေ စကားဝှက်တွေ လုပ်မနေပါနဲ့ ၊၊


ဆင်းပြီး ကြိုပါ ဆိုလို.လဲ ငါ့အဆင့် နိမ့်တော့မှာပါလား လို.ဆိုရင်တော့ ၊ တပည့်တော်လဲ မလျှောက်တတ် တော့ပါ ဦးဇင်းကြီး ၊ ဒီနေ.တော့ ကန်တော ဆွမ်းပါဘဲ လို. ပြောရတော့မယ် ။


တဦးပေါ်တဦး မထားခဲ့တဲ့ စေတနာတွေ - မရှိခဲ့တဲ့ စိတ်ချယုံ ကြည်မှူတွေ ' တည်ဆောက်ကြလို.ဆိုတာ ဌက်ပြောသီး အခွန်ခွာစားတဲ့ အလုပ် မဟုတ်ပါဘူး ၊ ခေတ်ချင်းကွာ အသိချင်းကွာ ဗဟုသုတ အတွေ.အကြုံ ချင်းကွာနေတာတွေကို
ညှိယူရမှာကတော့ အများကြီး ဘဲ ။


နွားအိုကြီးတွေ ဘေးဖါယ် နွားပေါက်တွေကို လွှတ်ထားလိုက် ဆိုတော့လဲ မဖြစ်သေးဘူး ။ အထိန်းအကွက် ဆိုတာရှိကောင်းတဲ့ အရာ ။ အရာ ဆိုလို. လမ်းထိပ်ကွမးယာဆိုင်နဲ.ကုလားကို ပြောတာ မဟုတ်လူး နော် ၊


ကုလားကို ကုလားလို. မခေါ်ရ ဥပဒေ ဘယ်တော့ ထွက်လာမယ်မသိဘူး ၊ အဲသလိုဘဲ ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် ဗမာ တွေကို ၊ ဗမာ ဆိုပြီး မခေါ်ရ ဥပဒေ မနက်ဖြန် ထွက်လာရင် သိပ်ကောင်း မယ် ၊ ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် ဆိုတဲ့ လူမျိုးကြီးတွေကို အစွဲပြုပြီး ဖွဲ.စည်း သတ်မှတ်
ထား တဲ့ ပြည်နယ် ဆိုတာတွေကိုလဲ ဖျက်သိမ်း လိုက်ရင် ပိုတောင် ကောင်းအုံး
မယ် ။


ဒို.ပြည်ကို လူ.ပြည် လို.ဘဲခေါ်ရအောင်ကလဲ လူဘယ်နှယောက်ရှိသလဲဆိုတာ
အရင်စာရင်းကောက်ရလိမ့် အုံးမယ် ။ မကြာတော့ပါဘူး ထင်ပါရဲ. အခုဆိုရင် တချို.က လိပ်/ကန် တူးဘို. အကြောင်းမရှိ အကြောင်းရှာ မြေလှန်နေပြီ။ အကောင်းဖက်က ကြည့်ရင်အကောင်းချည်းဘဲ ပေါ့ ၊ သေသေချာချာကြာကြည့်
ရင် နောက် ကွယ်မှာ ဘီလူးမ က မွေးတဲ့ မင်းသားးခေါင်းစောင်းထားတဲ့ဘီလူး
တွေ ချည်းဘဲ ဆိုတာ တွေ.လိမ့်မယ် ။ ဘီလူးဆိုတာ လူသား စားသတဲ့ ၊


၂၀၀၈ ခု ဖွဲစည်းပုံအခြေခံ ဥပဒေ ပုဒ် ၃၇ (က)၊ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး ၊ မြေပေါ် မြေအောက် ၊ ရေပေါ် ရေအောက် ၊ လေထုအတွင်းရှိ သယံဇာတ အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည် တဲ့။ ကြည့်ရတာ Spitfure တိုက်လေယာဉ်တွေဟာ သယံဇာတ ဆိုတဲ့ စကားထဲမှာ အကျုံးဝင်ပုံ မရှိဘူး ၊ မြန်မာ မပိုင်ဘူး ရေအဆုံး ကုန်းတ၀က် စကားတောင် အကျုံးမ၀င်ဘူး ၊ ကုန်းတွင်းမှာမြှုတ်ထားခဲ့ပေမဲ့ ရေတွေ ၀င်နေတယ်လို.ပြောတယ် ။ ရေ လား ကုန်းလား ဆိုတာ နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ယူရရင်ဘယ်သူနိုင်မယ်
ထင်သလဲ ? ကိုယ်.အမြင်ပြောရရင် မြန်မာ့ လေတပ်မတော်က ၁၉၄၈ ခုက
တည်းက ပိုင်ဆိုင်သင့်တာဘဲ ။ လိပ်/ကန်နဲ့ မြန်မာ ဘာတွေ တိတ်တိတ်ပုန်းထား
တာတွေ ရှိသေးသလဲ မပြောတတ် ဘူး ။


ကြူံအုန်းပြောရရင် မြန်မာပြည်မှာ ဖအေ မပေါ်- လင်ကောင် မဖေါ်နိုင်တဲ့ လိပ်/ကန် ကပြားကလေးတွေ မွေး လာတော့ ဘယ်သူကမှ ငါ့ပစ္စည်းလို.ပြောပြီး ယူမဲ့လူ မွေးမဲ့လူတောင် မရှိဘူး ။ အားလုံး ယေရှုခရစ် လို နီးရာလူကို အဖေ တော် လိုက်ရတယ် ၊ ဒါဟာ မအေး မနေတတ်လို.ဘဲ ဖြစ်မှာပေါ့ လို. မအေးကိုသာဘဲ အပြစ်ပုံချရ တော့တယ် ။


၁၉၄၂ ခု က ၂၀၁၂ ခုထိ နှစ်ပေါင်း ၇၀ ကြာအောင်လဲ ဘာမှ မလုပ်ဘဲ နေခဲ.တယ် ၊ ၁၉၄၈ ခု မြန်မာတွေ လွတ်လပ်ရေးရခဲ့တာတောင် ဒီပစ္စည်းတွေ မြန်မာပိုင်မဟုတ်လေဘူး ၊ ၁၉၈၇ ခုနှစ်လောက်က မဆလ အစိုးရ လက်ထက်ကထဲကလဲ တွေ.ထားတဲ့ပစ္စည်းတချို.ရှိတယ် လာကြည်.ပါ ၊ လာယူပါ လို. ကမ်းလှမ်း ဘိတ်ခေါ် တော့ အင်တင်တင်နဲ့ အိုက်တင်ခံနေခဲ့ကြတယ် ။


ဒို.နိုင်ငံလို.ခေါ်တဲ့ ဒို.ပြည် ဒို.မြေဟာ ၁၉၃၅ ကမှ အင်္ဂလိပ်က ဥပဒေနဲ.ပြဌာန်း တည်ထောင်ပေးလိုက်လို. တရားဝင် ဖြစ်ပေါ်ရပ်တည်လာတဲ့ နိုင်ငံတခုဆိုရင် ဘာပြောကြမလဲ ? ဒို.ကိုလွတ်လပ်ရေးပေးတော့ ဘာစည်းကမ်းတွေ ချမှတ်ပြီး အနှောင်အဖွဲ.နဲ.ပေးတယ် ဆိုတာလဲ လူတိုင်းအသိ အမြင်ဘဲ ၊ ပြောမယုံကြသူ တွေလဲ ရှိပေါ့လေ၊ မသိတာတွေလဲ ရှိအုံးမှာသေချာတယ် ။


မြန်မာနိုင်ငံဘဲခေါ်ခေါ် ဗမာနိုင်ငံဘဲ ပြောပြော အခုဆိုရင် ဒီနိုင်ငံဟာ မြေလှန် ခံနေရတယ်ဆိုတာ မြန်မာ တွေ/ ဗမာတွေ သိကြရဲ.လား ? လေယာဉ်ပျောက် ရှာတယ် တဲ့ ၊ လူပျောက် ရှာတယ် တဲ့၊ အ၀င် အထွက် ကောင်းအောင် ၊ ရှောရှော ရှူရှူ ဖြစ်အောင် ဒို.လူမျိုးတွေ ဖင်လှန်ပြီး ဆီ စွတ် ခံနေကြရတာ တောင် ကိုယ်. ဟာကိုယ် သိပုံမရဘူး ။။


တိုက်တိုက်ဆိုင်ဆိုင် မြစ်ကြီးနား ဆိုတာ ကချင်ပြည်နယ်ကမြို. ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ ပြည်နယ်တခုသာဖြစ်တယ်၊ ကချင်ပြည်နယ်ဟာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ကချင်နိုင်ငံတခု မဟုတ်ဘူး ဆိုတာ မြန်မာတိုင်း နားလည်အပ်တယ် ၊


ဒို.မြန်မာပြည်မှာ ဒို.မြန်မာတွေပိုင်တာ ဘာတွေလဲ လို. မေးရတော့မဲ့အပေါက် - မေးဘို.လိုသေးသလား ? စစ်ခေါင်းဆောင် ကိုနေ၀င်းနဲ.မဆလ ၊ ကျောထောက်နောက်ခံ စစ်တပ်ကို ၀ိုင်းဆော်တာ မြန်မာပြည်ကို မြန်မာပိုင် လုပ်မိတာက စတာဘဲ ဆိုရင် မှားမလား? နိုင်ငံတော်နဲ. နိုင်ငံသားတို.ကို အကာအကွယ် လွန်သွားပုံရတယ် ။

၁၉၈၈ ခုမှာ အင်္ဂလန်က မစ္စစ် အဲရစ် ဆိုတာလဲရောက်လာရော အရိပ်တွေဟာ အကောင်ဖြစ်လာပြီး ဘောင်ဘင်ခတ်တော့တာဘဲ ဆိုတာကို တွေ.ကြုံခဲ့ကြရတယ် ။

နောက် များမှဘဲ အလျှင်းသင့်သလို တင်ပြအုံးမယ် ပျော်ပျော်ပါးပါး ပေါ.