Article submitted by: minkyaw thuyein on 14-Jan-2013  
အစားမတော် တလုပ် ၊ အသွားမတော် တလှမ်း ၊
ဒို.လူကလေးများ ဆိုသလေး ။


လဘ်ပေး လဘ်ယူမှူ ဒို.ရန်သူတဲ့လား ? ၊ လဘ်ပေး လဘ်ယူ ဆိုတာတွေကို ဘယ်သူမှ ကြိုက်ပုံမရဘူး ၊ လက်ခံပုံ မရှိဘူး ၊ မကြိုက်သလိုနဲ့ တပြောထဲ ပြောနေကြတာကြားရတယ် ၊ ကိုယ်က ပြောတော့ ကိုယ့် စကားဘဲပေါ့လေ။ ပြောခြင်တာသာ ပြောနေကြတယ် ၊ ကိုယ်ဟာကိုယ်ရော ကင်းကြ ရှင်းကြရဲ.လား ?


အရင်က မကင်းရင် အခုကင်းအောင် လုပ်ကြရလိမ်.မယ် ၊ ကိုယ်က ပေးသူဘဲ ဖြစ်စေ ယူသူဘဲဖြစ်စေ အဂတိ လိုက်စားသူဖြစ်တယ် ၊ မကြိုရင် မလိုလားရင် ကိုယ်ကိုတိုင် ရပ်တန်းကရပ် ၊ သူများ လဲ ကိုယ်. နောက်ကလိုက်လာပြီး ရပ်ကြလိမ့်မယ် ။ လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှုဆိုတာ အဖေါ်အပေါင်းလို တယ်၊ လက်ခုတ်တီး သလို တဖက်ထဲ တီးလို.ရတဲ့ ကိစ္စမဟုတ်ဘူး။


ဒိရင်ကလဲထပ်တလဲလဲ ပြောဘူ.တယ် ၊ လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှု ကင်းလိုရင် မိမိကိုယ်တိုင် ကင်းရဲ.လား ဆိုတာစစ်ပြီး ကိုယ့်ဟာကို ကင်းအောင်လုပ် သူများကို နောက်မှပြော ၊ ကင်းကြောင်း မှန်ရာ ကို သစ္စာဆို ဘုရားသခင်ထံ တိုင်တည်ရဲ သလား? ရွှေတိဂုံ ၊ ဆူးလေ၊ ဘိုတထောင် တို.မှာ ဘုရားစူး ကျိန်ရဲ သလား ? ဒါပေမဲ့ လဘ်ပေး လဘ်ယူ အဂတိလိုက်စားမှူတွေကို လူတိုင်းလိုလိုက တနည်းမဟုတ်တနည်း နဲ့ ကျူးလွန် လိုက်စားနေကြတယ် ဆိုရင် မှန်မလား ?



ရင်ထဲရှိတာ စွတ်ပြောရရင် အစွန်းထွက်ပြီး ငရဲတွေ ကြီး ကုန်လိမ့်မယ် ထင်တယ် ၊ ကြီးခြင်လဲ ကြီးစေတော့ အများကောင်းစားဘို.၊ နိုင်ငံတော်နဲ. နိုင်ငံတော်သားတို.အတွက် လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှု ကင်းရှင်းဘို.ပြောသင့်တယ်ထင်တာကို ပြောရမယ်။ လဘ်ပေး လဘ်ယူမှူ ၊ အဂတိလိုက်စားမှု ဆိုတာတွေ ဟာ နည်းအမျိုးမျိုး အဖုံဖုံနဲ.ရှိတယ် မရည်မတွက်နိုင်အောင် များပြားတဲ့ မျက်လှဲ. ၊ လက်လှဲ.၊ န၀လှဲ. ပညာ တွေဆိုရင် ပို မှန်လိပ်မယ် ။


ဒို.တတွေအားလုံးမှာ ဘာသာတရား ဆိုတာတွေ ဆိုဆုံးမစကားတွေ အသီးသီး ရှိကြပေမဲ့ ဒါတွေကို ဒို. လိုက်နာခြင်းမရှိ. လုပ်သင့်တာမလုပ်ရင် မလုပ်သင့်တာလုပ်ရင်ကို ဒို.တတွေဟာ အဂတိ လိုက်စားနေပြီ ဖြစ်တယ် ။ ပိုက်ဆံယူ လက်ဆောင် တံစိုး ထိုးမှ မဟုတ်ဘူး ၊ ကြောင်သူတော် ကြွက်သူခိုး၊ ဟစ်ပိုခရစ် စာရင်းဝင်သွားရင် ကိုဘဲ အဂတိလိုက်စား သူတွေဘဲ လို.အကြမ်းအားဖြင့် ပြောလိုရတယ် ။


လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှု နဲ.ပါတ်သက်ပြီး နှိမ်နင်းရေး တိုက်ဖျက်ရေး ပပျောက်ရေးအတွက် မြန်ာမာနိုင်ငံမှာ တချိန်က ဦးနု လက်ထက်ကတည်းပ စ သုံးလုံး ( ဘီ အက်(စ) အိုင်) ဆိုတာဖွဲ.ပြီး. အကြီး အကျယ် ၀ါဒဖြန်.ဆောင်ရွက်ခဲ့တယ် ၊ လှိုင်းကြီး လှေအောက် တောင်ကြီး ဘ၀ါးအောက် မီးများတော့မီး ရေများတော့ရေ လို.ပြောရင် နားလည်ကြမလား မသိဘူး ? နှိမ်နင်းရေး တိုက်ဖျက်ရေး ပပျောက်ရေးအစီ အစဉ်ကိုယ်တိုင် နှိမ်နင်းရေး တိုက်ဖျက် ခံရလို.ပပျောက် မတတ်ဖြစ်သွားရ တယ် ။


ဒီပြသနာကို လူတော်တော်များများဟာ ရှူဒေါင့်အမျိုးမျိုးကနေ အမြင်အမျိုးမျိုး
နဲ.မကြာခဏဆိုသလိုတင်ပြ သွားကြတာတွေ.ရပေမဲ့ တကယ်တော့ နှိမ်နင်း တိုက်ဖျက်ဘို.တိတိကျကျ ဖြစ်မြောက်အောင်လုပ်နိုင်ဘို. အကြံဥဏ် နည်းလမ်း
တွေ ပေးသူ မရှိသလောက် နဲ လှတယ် ၊ ဘယ်လိုယူဆရမလဲတောင် မသိဘူး? လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှုတွေဟာ ကမ္ဘာနဲ့တ၀ှန်းကျယ်ပြန်.စွာ ဖြစ်နေတယ် ဆိုတာလဲ ဒို.အသိဘဲ ။ ကမ္ဘာတည်စ ကတည်းက ရှိနေတယ် ဆိုရင်ရော မှားမလား ။


အစက ပြန်ကောက်ရမယ်ဆိုရင် လဘ်ပေးသူ မရှိရင် လဘ်ယူသူမရှိဘူး ၊ ပေးသူ အပြစ်လား ယူသူရဲ. အပြစ်လား? ပေးသူ ယူသူ အတူတူဘဲ ၊ ၂ ဦးစလုံး အဂတိ လိုက်စားတာဘဲကိုး ၊ လဘ် လာဘ လက်ဆောင် တံစိုး ထိုးခြင်းဟာ ၊ မိမိ အပြစ်မှလွတ်ကင်း/သက်သာရအောင် ၊ မိမိလုပ်ငန်း ကိုင်ခန်း များချောမွတ် အောင်မြင်ရအောင် ၊ ပူဇော်ခြင်း(သို.) စတေးခြင်း များလို.ပြောလို.ရတယ် ။


၃၁ ဘုံရဲ. အထက်ဘုံတွေဖြစ်တဲ့ နတ်ပြည် ၆ ထပ်နဲ့ ဗြဟ္မာဘုံ ၂၀ တောင် အလကား မရောက်ဘူး၊ နိဗ္ပာန် ဆိုတာ မမှန်းနဲ.တော့ ၊ လဘ်ပေး လဘ်ယူ သူဟာ ငရဲ ၄ ထပ်ကို သွားရတတ်သတဲ့။ ယုံကြသလား ? တကယ် ယုံကြည်တယ်ဆိုရင် ဘာကြောင့် လဘ်ပေးသူ/လဘ်ယူသူ ဖြစ်နေကြတာလဲ - အဂတိလိုက်စား နေကြတာလဲ ?


အူမ မတောင့်လို.သီလ မစောင့်ဘူးဆိုပြီး အဓိပါယ်မရှိတဲ့စကားတွေ ပြောကြ အုံးမလို.လား ? မဆိုင်တာ တွေ ၊ အူမတောင့်သူတွေလို.ဆိုနှိုင်တဲ့ သန်းကြွယ်
တွေ ကုဋေကြွယ်တွေ လဘ်ပေး လဘ်ယူမှူ နဲ့ ကင်း တယ်လို. ဆိုခြင်သလား?
သူတို.က ပိုတောင် ဆိုးအုံးမယ် လိုအပ်ရင် လူတောင်သတ်ကြတယ် တဲ့ ။


အဂတိလိုက်စားမှု နှိမ်နင်းရေး တိုက်ဖျက်ရေး ပပျောက်ရေး ကို မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့တာ ဦးနု ၀န်ကြီးချုပ်ဘ၀ ကတည်းကဘဲ ။ ဦးသန်းရွှေ လက်ထက်ကတောင် ဒု ဗိုလ်ချုပ် ဦးခင်ညွန်.အပါအ၀င် စစ်ဗိုလ်ချုပ်တွေ ကို လူမြင်ကောင်း လူကြားကောင်းအောင် ထောင်ထဲ သွင်းပြလိုက် သေး တယ်၊ ၀မ်းချုပ် ဆီးချုပ်တွေကို ၀မ်းသွား ဆီးသွားသက်သာအောင် ၀မ်းနှုတ်ဆေး ၊ ဆီးဆေးကြွေးလိုက်သလိုရှိပေမဲ့ ၊ နောက် ဘယ်တော့မှ ၀မ်းချုပ် ဆီးချုပ် မဖြစ်တောပါဘူးလို အာမ မခံ နိုင်ဘူး လေ ၊ တခြား လူတချို.တော့ လူရော နာမယ်ပါ ကြက်ပျောက် ဌက်ပျောက် ပျောက်သွားတာ ဘယ်သူမှ သတိထား
လိုက်မိပုံမရှိဘူး၊ ပြီးတော့လဲ ပြီးသွားတာ ဘဲ မဟုတ်လား။ ဒါဘာလဲ ဆိုတော့ အသွားမတော် တလှမ်း ၊ အစားမတော် တလုပ် ဆိုတဲ့ မြန်မာ စကား ၊ တန်ဆေး လွန်ဘေးလို ဆို တာကလဲ ရှိသေး မဟုတ်လား? ကြာကြာ ၀ါးမဲ့ သွား အရိုး ကြည့်ရှောင် တဲ့ ။


ဒို.နိုင်ငံနဲ.ဒို.လူမျိုးဘဲ မဟုတ်ဘူး ၊ လဘ်ပေး လဘ်ယူမှူ ၊ အဂတိလိုက်စားမှု
ဟာ နည်းအမျိုးမျိုး အဖုံဖုံနဲ. ကမ္ဘာအရပ်ရပ်ကို ပြန်နှံ.နေတာ ၊ တာဝန်ရှိ ပုဂိုလ်တွေက လဘ်ပေး လဘ်ယူမှူ ၊ အဂတိလိုက်စားမှု တွေ ကို တရားဝင်အောင် ဥပဒေဘောင်ဝင်အောင်တောင် ဥပဒေပြု နေကြတယ် ။


သာသနာရေးပါတ်ဝန်းကျင်တွေမှာပါ အမည်အမျိုးမျိုးပေး ကင်ပွန်းအမျိုးမျိုး
တတ်ကြတယ် ၊ သိက္ခာ လွတ် ၀တ်နည်းလွတ် တွေ ရှိသေးရင် လူ.လောက ပါတ်ဝန်းကျင်မှာတော ပြောမနေနဲ.တော့ ။ နိဗ္ပာန်ရောက် ကြောင်း တရားတခု ။ အလှူပေးခါ ရှင်ပြုပါ ၀ိဟာရာတော်ကျောင်းနဲ. ဇရပ် တန်စောင်းလှူ ပါ သံဃာတော် တွေ ဆွမ်းကျွေး ၊ မရှိ နွမ်းပါးသူတွေကို ဖိတ်ခါ စားကြပါ သောက်ကြပါ ကုန်သလောက်လှုပါ တဲ့ ?

ကောက်ခြင်တဲ့ အဓိပါယ်သာ ကောက်ကြပေတော့ ။ ဒါတွေ မလုပ်နိုင်ရင် နိဗ္ပာန် ဆိုတာ စိတ်ကူးထဲတောင် မထည်.နဲ့လို အဓိပါယ်ဖေါ်ရမလား ဘဲ။

တလုံးတည်းသော စကားကတော့ လှူ ခြင်း - တန်းခြင်း ၊ တနည်းအားဖြင့်
ဒါန ဆိုတာဘဲပေါ့ ၊ အဲဒီစာရင်းထဲ ၀င်တွားရင် ဘယ်သူမှ ဘာမှ လုပ်လို.မရတော့ဘူး ။ နိုင်ငံရေးလောက စီးပွားရေးလောက က နိုင်ငံရေးသမား စီးပွားရေး သမားတွေဟာ ဘာသာရေးဆိုင်ရာစကား တလုံးဖြစ်တဲ့ ဒါန
ဆိုတာကို ဘယ်လို အလွဲသုံးစား ပြုနေကြတယ်ဆိုတာ တွေ.နှိုင်တယ် ၊ ကိုယ်ကျိုး - အများအကျိုးလို. ခွဲခြားပြောအုံးတော့ ၊ ကိုယ်ကျိုးကတော့ တနည်းမဟုတ် တနည်း ပါတာဘဲ ခံစားဘို.ဘဲ ။


ဒါတွေ အားလုံးဟာ ကိုယ့်ကို လူသိများအောင် နတ် ဗြဟ္မာ အားလုံးက အသိအမှတ်ပြုအောင် ကြော်ငြာတာ ကိုယ့်ကိုထောက်ခံအားပေးအောင် လဘ်ထိုးတာဆိုရင် ဘာပြောခြင်သလဲ ?


ခရစ်ယန်ဘာသာကရော ဘာပြောထားသလဲ ? ကိုယ်လုပ်သမျှအပြစ်တွေကို ယေရှုက ခံတယ်တဲ့လား ? ကောင်းကင် ဘုံမှာရှိတဲ့ ခရစ်တော်ထံ အိပ်ရအောင် တဲ့ လား ? ဒါဟာ မှန်ခဲ့ရင် ယေရှုခရစ် ကိုယ်တိုင်က သူကို ယုံကြည်အောင် သူ.ကို အားထားအောင် သူ.ကို လေးစားကိုးကွယ်အောင် တနည်း လဘ်ထိုးတာ ဟုတ်ဘူးလား ၊ ယေရှုကိုယ်တိုင်က အပြစ်ရှိသူကို အပြစ်မယူဘူး၊ ဒီအပြစ်
ကိုသူက ခံမယ်ဆိုတာ အဂတိ လိုက်စား တာဘဲ လို.မြင်တယ် ။

နိုင်ငံရေးလောကမှာ လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှူတွေ ကတော့ ရှယ်ဘဲ ၊ အားလုံး တရားဝင် တယ် တရားမျှတတယ် ။ ပြည်တွင်းရော ပြည်ပနဲ့ ဆက်ဆံရာမှာ တွေ.ရတယ် ၊ ကိုယ့်အမြင်ပြောရရင် ၊လဘက်ရည်တခွက်
သောက်ဘို.လဖက်ရည်ဘိုးဆိုတာပါ အကျုံးဝင်တယ် ၊ ထမင်းဆိုင်မှာ ထမင်း တပွဲ ကြွေးတာလဲ ပါ တယ် ၊ ပရိုတိုကေါတွေ ပရိုရှည်ကေါတွေ နဲ. ထမင်းရေပူ
လာ လျှာလွဲ ပြောမနေနဲ့.တော့၊


ဗုဒ္ဒဘာသာမှာ နိဗ္ပာန်ဏ ပစ္စယော ဟောတု လို.ဆိုလေ့ရှိတယ် ၊ မိမိပြုသမျှ
ကောင်းမှုသည် နိဗ္ပာန်သို. ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ သတည်း တဲ့ ။ နိဗ္ပာန်ရောက်ခြင်လို. လုပ်ကြတာ နိဗ္ပာန်ဆိုတာ မျှော်လင်.ချက် ၊ စိတ်ကူး ထဲမှာတောင် မရှိရင် လုပ်ကြပါ့မလား ? မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာ မထွန်းကား
သေးတဲ့ ကာလနဲ့ ထွန်းကားကာလ ဘယ်လောက် ကွဲပြားခြားနားတယ်ဆိုတာ
လေ့လာစရာ အချက်အလက် တွေ မတွေ.မိဘူး၊


လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှူတွေဟာ ကင်ဆာ လို ကု မရတဲ့
ရောဂါဖြစ်ပေမဲ့ ခေတ်ပေါ်ရောဂါ တခုတော့လဲ မဟုတ်ပြန်ဘူး ၊ ပြောရမယ်
ဆိုရင် ၊ လူတယောက် ဘုရင် ဖြစ်ပြီ မင်းဖြစ်ပြီ ဆိုရင် ဘုန်းကြီး လာပြီဆိုရင် ရွှေတော်ခြင်လို. မျိုးတော်ခြင်လို.ကိုယ့်သမီး တောင်ပေးတဲ့ ဖအေ မအေ တွေ တပုံကြီးဘဲ ၊ သူတို.ဟာသူတို. ဖါခေါင်းကြီးတွေ ဖြစ်သွားတာကိုတောင် သတိ
မရှိအောင်ကို ဂုဏ်မွှန် အာဏာ ပါဝါ မွှန်နေ ကြတယ် ။ ဒါဟာ လဘ်ပေး လဘ်ယူမှူ အဂတိလိုက်စားမှူတွေ ကို ပေါ်လွင် ထင်ရှားစေတာဘဲ ။


ခြေမကောင်း ခြေဖြတ် ၊ လက်မကောင်း လက်ဖြတ် ၊ ခေါင်းမကောင်း ခေါင်းဖြတ် ကြဘို.ဘဲ ရှိတော့တယ် ။ ကောင်းသူကို ကယ် ၊ မကောင်းသူ ကိုဖါယ်ရှား ခြင်း မပြု မလုပ်နိုင်သမျှ လဘ်ပေး လဘ်ယူမှူ အဂတိ လိုက်စားမှူတွေပပျောက် ဘို. မလွယ်ဘူး ၊ နိုင်ငံတော် စည်ပင်သာယာ တိုးတက်ဘို.မလွယ်ဘူး ။


လူ.အခွင့်အရေး ဆိုတာနဲ. တိုင်းရင်တော့ လောကမှာ လူတွေ မလုပ်နိုင်တာ မရှိ သလောက်ဘဲ ၊ လုပ်သင့် သလား မလုပ်သင့်ဘူးလားဆိုတာ နဲ.တိုင်းမယ်ဆိုရင်
တော့ လူဆိုတာ လူ.အသိဥာဏ် လူ.အသိတရား လူ.ကျင့်ဝတ် တွေရှိရလိမ့်မယ် ၊ ဒါတွေကို သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်ရာ ဘာသာ ဆိုတာတွေက သင်ပြတယ်လို.ဘဲ ပြောခြင်တယ် ၊


တနည်းပြောခြင်တာက သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်ရာ ဘာသာတွေရဲ. သွန်သင်ဆုံးမ သြ၀ါဒတွေဟာ လူ.အခွင့်အရေး တွေကို ဟန်.တားနှောက်ယှက် ပိတ်ပင်နေတယ်ဆိုရင် အဲဒီ ဘာသာ ကို စွန်ပစ်.လိုက်ကြ ဘို.ဘဲ ရှိတော့တယ် ။


နားလိုက် အုံးမယ်လေ - ပျော်ပျော် ပါးပါး ပေါ.