Article submitted by: minkyaw thuyein on 8-Jan-2013  
မင်းကျင့်တရား ငါကျင့်ဘို.မလိုဘူး တဲ့လာ&#
ဒို.လူကလေးများ ဆိုသလေး၊


ကြားဘူးတာလေးတွေ ပြောပြစမ်းခြင်တယ် ဗဟုသုတပေါ့လေ ဟုတ်လား ။ အချင်းချင်းနားလယ်မှု တိုးပွားလာရတာပေါ့ ။ ဆက်ဆံမှူ ပိုကောင်းပိုပြီးအဆင်
ပြေရတာပေါ့ ချောမွတ် လာရတာပေါ့ ။



တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူဟာ မင်းကျင့်တရား ၁၀ ပါးနဲ.ပြည့်စုံရမယ်လို.ဆိုဆုံးမစကားများရှိထားပါတယ် ။ လူတိုင်းကလဲ ထပ်တလဲလဲ ဒီစကားဘဲ ပြောနေကြတာပါ ၊ မင်း တို.ကျင့်ရမဲ.တရား ၁၀ ပါး တင်မကပါဘူး အများကြီး
ရှိပါတယ် ၊ ဒါတွေကို ကိုယ်တိုင် နားလည်မှလဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ
တွေ ဘာလုပ်လို. ဘာကိုင်နေတယ် ဆိုတာသိကြလိမ့်မယ် ။ ဘယ်လိုအရည်အချင်း ပြည့်စုံသူကို တိုင်းပြည် အုပ်ချုပ်ဘို.ရွေးကောက်တင်
မြောက်သင့်တယ်ဆိုတာတွေ သိလာလိမ့်မယ်၊ ရွေးကောက်ခံရသူဟာ လဲ ဘယ်လို ကျင့်ရမယ်ဆိုတာသိဘို.လိုတယ် ။ လူတိုင်းဟာ ရွေးကောက်ခံ နိုင်ခွင်.ရှိတယ် အစိုးရဖြစ်နိုင်တယ် ၊



မင်းကျင့်တရား ၁၀ ပါး( ရာဇဓမ္မ) ဆိုတာတွေဒင်မက တခြား ၁၂ ပါး၊ မင်းတို.အား ၅ ပါး၊ ရာဇဂုဏ် ၈ ပါးတို.ကို ဆက်ပြီးလေ.လာမှ ပြည်.စုံမယ်၊ တနည်း
ပြောရရင် ပြည်သူလူထု ကိုယ်တိုင်ဟာ ကိုယ်စားပြုသူတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ် နေတာလို. မှတ်ယူရတာမို. ဒီတရား အားလုံးဟာ ပြည်သူတရပ်လုံးပါ သိရှိ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို.နားလည်အပ်တယ် ။



တချိန်က ကိုယ်မင်း ကိုယ့်ချင်း သူတလူ ငါတမင်း ဆိုတာတွေလဲ ရှိတယ် ။ ဒီ မင်းဆိုတာတွေအားလုံးဟာ ထီးဆောင်းမင်းတွေ ဖြစ်ကြတယ် တဲ့၊ ၊ ထီးဖြူ
ဆောင်းမင်းဆိုတာလူကြီးတွေပြောတာ ကြားဘူးတယ် ၊ ထီးမဲ ဆောင်းမင်း ရှိတယ်လို.တော မကြားဘူး ဘူး၊ ဒီမင်းတွေ အားလုံးဟာသူ.ဟာ သူထီးဖြူ ဆောင်း ကြတာချည်း ဘဲတဲ့ ။ ဒီထဲမှာကတော့ ဧကရာဇ်မင်း ဆိုတာကတော့ အားလုံးရဲ. အပေါ်က ဘဲ တဲ.၊ သူက ဆင်ဖြူတောင် စီးသတဲ့ ။



ကဲ အဲဒါ ကမ်းကုန်ဘဲ ၊ ဒိုြ့မန်မာတွေဟာ လူဖြူ မပြောနဲ့တော့ တိရိစ္ဆာန်ဖြစ်တဲ့ ဆင်ဖြူတောင်မှ တန်ဘိုးထာြး့ပီး တော် ၀င်သွားတယ် ။ ဆင်ဖြူ တော် တဲ့ ။ ဖြူ ရင် တိရိစ္ဆာန်တောင် လူ ထက် မြတ်နေတာ မြန်မာအသိုင်းအ၀ိုင် တချို.မှာ တွေ.နေရတယ် ။



ဒို.လို အပူပို်င်းဒေသ သမနွေးပိုင်း ဒေသမှာ နေပူ မိုးရွာ အခါမလပ် လူတိုင်း
ကတော့ ထီး တမျိုး မဟုတ် တမျိုးဆောင်းကြတာဘဲ ၊ အထက်ကပြောတဲ့ ထီးဟာ အထွဋ်အထိပ်ဘုန်းသဘာရှိ သူတွေ ဆောင်းတဲ့ အထွဋ်အမြတ်ထီးကို ပြောနေတာ ။ ရုံးသွား ရုံးပြန် မမ ဆောင်းတဲ့ ပုသိမ်ထီးလဲ မဟုတ် ၊ မဒါး စက်ရုံက ထုတ်တဲ့ ဖဲထီးလဲ မဟုတ် ၊ ဘုန်းကြီးပျံ ရှင်လောင်းဆောင်းတဲ့ ရွှေထီးလဲ မဟုတ်ဘူး ။



စကားအားဖြင့်ပြောရရင် တိုင်းပြည် အုပ်ချုပ် တဲ့ မင်း ဆိုတာဟာ အခုခေတ်မှာ ပြည်သူလုထုက ရွေးကောက် တင်မြှောက် တဲ့ အစိုးရကို ဆိုလိုပုံရှိတယ်လို. ယူဆရမှာဘဲ ၊ တချိန်က ဒို.မြန်မာနိုင်ငံ မှာ ရာထူးရာခံ ရှိရင် မင်း လို.ရည်ညွှန်း
ခံရတယ် ၊ ရွာသူကြီးတောင် သူကြီးမင်း တဲ့၊ သူဌေးကတော့ သူဌေးမင်း ဘဲပေါ့ ၊ ဒါကိုကြည်.ရင် ဒို.မြန်မာတွေဟာ မင်း ဆိုတာကိုလဲ အတော်ကြိုက်ပုံရှိတယ်၊ မင်း ဖြစ်ခြင်ကြသူတွေလဲ အားလုံးလိုလိုဘဲ လို.ပြောရင်ရမယ် ။ မင်းတွေဟာလဲ ခွေးပေါ ချီးပေါ ပေါလာ လို. နောက်ပိုင်းမှာ မင်း ဆိုတာကို ဘုရင် ဆိုတာနဲ့ ခွဲပြီးပြောလာကြပြန်တယ် ။



ကွာခြားချက် တချက် တချိန်က တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ( ဘုရင်တွေ) ဟာတနည်းမဟုတ်တနည်းနဲ. သတ်ရဲမင်းဖြစ် ဆိုတဲ့ စကားအရ ကိုယ်ဟာကို.မင်း လုပ်ကြတယ် ၊ တခြားသော မင်း တွေကို သုတ်သင်ရှင်းလင်းပြီး မင်းလုပ
်ကြတယ် ၊ ခေတ် စကားအရ အာဏာသိမ်းတယ်လို.ပြော လို.ရ တာပေါ့ ၊



အာဏာသိမ်းတယ် ဆိုတာလဲ အကြောင်း အမျိုးမျိုး နည်းအမျိုးမျိုး အဖုံဖုံ ရှိတယ် ၊ ဘာဘဲ ဖြစ်ဖြစ် အာဏာသိမ်းတာဟာ အာဏာလိုခြင်လို.သိမ်းတာဘဲ ။ သူတို.စိတ်ထဲမှာ ဘာရှိ တယ်ဆိုတာ ဘယ်သူသိမလဲ၊ အခုခေတ် နိုင်ငံရေး သမားတွေ အားလုံး တယောက်မကျန်ကတော့ တိုင်းပြည်အတွက်လူမျိုး
အတွက် လို.အော်နေကြတာ ဘဲမဟုတ်ဘူးလား ? သူတို.အတွက်လို.တယောက်မှ မပြောဘူး၊ အလကားလဲ လုပ်တာမဟုတ်ဘူး အခကြေးငွေ ၊ အထူးအခွင့်အရေးတွေ ယူပြီး လုပ်နေကြတဲ့ ၊ တနည်းအားဖြင့်ပြောရရင်
ကြေးကြီးစားတွေဘဲ ။



သူတို.သားသမီးတွေဟာလဲ သူတို.အရှိန်အ၀ါနဲ. ပြည်တွင်းပြည်ပမှာ ပညာ
ဆည်းပူး ရာထူး ရာခံ လုပ်ကောင်း ကိုင်ကေါင်း တွေနဲ.၊ ဒါတွေသာ ကလေး
ဆန်ဆန် အမနာပ ပြောရရင် ပုဂိုလ်ရေးတွေ ဆန်ကုန်လိမ့်မယ်၊ ဒါကြောင့် သူ.ခေတ်နဲ.တော့ သူတွင်ကျယ် ဆိုတဲ့ စကားပေါ်လာတာ အားလုံးကို ခြုံမိပါတယ် ။
ပြောခြင်တာက ပြည်သူလူထုက ရွေးကောက်သည်ဖြစ်စေ ၊ ကိုယ့်ဟာကိုယ် ဘဲမင်းတက်လုပ်လုပ် အာဏာဘဲ သိမ်းသိမ်း၊ တိုင်း ပြည် နိုင်ငံတော်ကို အုပ်ချုပ်
ဘို. တာဝန်ယူတာ၊ တာဝန်ပေးခံရတာ ဘဲ ဖြစ်တယ် လို.မှတ်ယူရမယ် ။



အာဏာတွေ ပါဝါတွေ ဆိုပြီး အရူးချီးပန်း စကားလုံးတွေ စွပ်သုံး နေလို.အလ
ကား ၊ ရည်ရွယ်ချက်ဟာ နိုင်ငံတော်နဲ.နိုင်ငံသားတိုရဲ.လူနေမှူဘအဆင့်အတန်း
ကို မြင့်သထက် မြင့်အောင် ကောင်းသထက်ကောင်းအောင် လုပ် ပေးဘို.ဘဲ ။
ဒီနေရာမှာ ခလုတ် ခသင်း ဆူးညောင့်တွေကို ရှင်းပစ်ဘို.ကအုပ်ချုပ်သူရ.ဲတာန်
၊ ဒါမှသာ သူတာဝန်တွေ ကျေပြွန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။



အုပ်ချုပ်သူ မင်းကျင့်တရား ၁၀ ပါးနဲ.ညီညွတ်ဘို.ရာ၊ အအုပ်ချုပ်ခံပြည်သူတွေရဲ.ပြည်သူ.နီတိ ၊ ဘယ်လောက်တာဝန်ဝတ္တရားကျေပြွန်တယ် ဆိုတာပေါ်မှာလဲ မူ တည်လိမ့်မယ် ၊၊



အစိုးရဆိုတာ ပြည်သူ စိတ်မကြည်တိုင်း ထစ်ကနဲရှိ ပိတ်ကန်ရမဲ့ အိမ်မှာ ချီး
ကျွေးပြီး မွေးထားတဲ့ခွေး မဟုတ်ဘူး ဆိုတာ သိရမယ် ။ ဒီခွေးတောင် အကန်
မတတ်ရင် ကိုယ့်ကို ပြန်ဟတ်တတ် တယ်၊ သားသမီး မကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာခေါင်းဆိုသလို ပြည်သူလူထုက ရွေး ကောက်တင်
မြောက်တဲ့ အစိုးရမကောင်း ရင် ဘယ်သူ.ခေါင်းလဲ ?




အစိုးရဆိုတာ နိုင်ငံတော်နဲ. ပြည်သူတွေအကျိုး လုပ်သင်.တာလုပ်ဘို.ဘဲ ။ ပြည်သူဝန်ထမ်းဆိုတာ မှန်ပေမဲ့ ချီးကျုံး သမား ခိုင်းဖတ်တော့ မဟုတ်ဘူး ၊ ပြည်သူ.ကျွန်လို.တော့ဖြင့် အယူမမှားကောင်း/မနှိမ့်ချကောင်းဘူး၊၊ သူတို.ဟာလဲ မင်းတို.ငါတို.လို လူတွေထဲက လူဘဲဆိုတာသိထား ၊ လူလူချင်းဆက်ဆံ လူလူချင်းလေး စား၊ သူတို.လုပ် နေတဲ့ တာဝန်တွေကို လေးစား ။


တဦးမေတ္တာတဦးမှာ ဆိုတဲ.မြန်မာစကားဟာ အဓိပါယ်ရှိတယ် ၊ ဒို.မြန်မာစကား
မှာ ကျီးရိုသေမှ ဘုတ်ရိုသေ ဆိုတာတောင် ရှိသေးတယ် ။ ဒီစကားတွေနဲ. အဓိပါယ်တူ နိုင်ငံခြားဘာသာနဲ.စကားတွေလဲ ရှိပါလိမ့်မယ်။ ကျောင်းနေဘူး စာဖတ်ဘူးသူတွေ သိကြမှာပါ ။ သိရုံနဲ.မပြီးဘူးလေ လိုက်နာကျင်သုံးကြရမှာ ။


တိုင်းပြည်ကို ပြုပြင်ရမှာက တိုင်းသူပြည်သား သူတို.ကိုယ်တိုင် စိတ်နေသဘော
ထား အပြူအမူ အကျင့် အကြံ အနေအထိုင် အပြောအဆိုတွေ လိုအပ်တာကို ပြုပြင်ဘို. လိုတယ် ။ လူတိုင်းဟာ မင်းကျင့်တရားရော ငါက ကျင့်ရမဲ့ တရားတွေ
ပါ နားလည် သဘောပေါက်ထားရင်၊ ဘယ်သူဘာ လုပ်နေတယ်၊ဘာကြောင့်လုပ်
နေတယ် ဆိုတာ သိထားရင် ဘာမဆိုလုပ်ကိုင်ပြောဆိုရတာ ဆက်ဆံရတာ လွယ် တာပေါ့ မဟုတ်ဘူးလား ၊


အချိန် မနှောင်းသေးပါဘူး ကိုယ်ကောင်းရင် ခေါင်း ဘယ်မှမရွေ.ပါဘူး ၊ သန်းခေါင် ထက်တောလဲ ညဥ့်မနက်ပါဘူး မောင်တို.ရယ် ၊ ပျက်အစဉ် ပြင်ခဏ ပါ တဲ့ ၊


ပျော် ပျော် ပါး ပါး ပေါ့ ။