Article submitted by: minkyaw thuyein on 5-Jan-2013  
လေကန်ခြင်းနှင့် ဝေဖန်ခြင်း သီးခံပါ ခင်&#
ဒို.လူကလေးများ ဆိုသလေး


လေကန်ခြင်းနှင့်ဝေဖန်ခြင်း သီးခံပါ ခင်ဗျာ လို.ပြောရတာဟာ နိုင်ငံနဲ.လူမျိုးအတွံက် လူအား ဥာဏ်အား ပစ္စည်းအား ငွေအား ဘာအားနဲ့မှ ပစ္စုပန်ရော အတိတ်ကပါ ထမ်းရွက်ခြင်း မရှိဘဲ သက်သက် လေကန် ဝေဖန် နေသူတွေကို ရည်ညွှန်းပါတယ် ။



ဒီနေ. ၀၄ / ၀၁ / ၁၃ ဟာ မြန်မာလွတ်လပ်ရေးနေ့ ။ လွတ်လပ်တယ် ဆိုတဲ့ အဓိပါယ် နားလည်ကြရဲ့ လား? အင်္ဂလိပ် လက်အောက်က လွတ်မြောက်ခဲ့တယ်
ဆိုတဲ့နေ. ဂျပန်တော်လှန်ရေးနေ. ဆိုတာတွေကို ဒို.တတွေ နှစ်စဉ် နှစ်တိုင်း ဂုဏ်ယူဝင့် ကြွားစွာ ကျင်းပကြတယ် ဆိုတာဟုတ်ပါရဲ.။ ဒီဂုဏ်ကို ဘယ်လို ထိပ်းသိမ်းကြသလဲ / ထိမ်းသိမ်းကြမလဲ ?



မနက် လင်းအားကြီး ၄ နာရီ မိနစ် ၂၀ ဆိုတာ အိပ်ကောင်းတဲ့ အချိန်ဘဲ ၊ နောက်ဆုံး ဒုက္ခအပေး ခံရတဲ့ အချိန်လို.ပြောရင် ရတယ် ၊ နိုင်ငံရေးသမားတွေ
ကတော့ သူတိုလုပ်တာမှန်တယ် ၊ အခါပေး ဦးပုည တွေနဲ့ တိုင်ပင်တွက်ချက် ပြီး ထူးမြတ်သော မင်္ဂလာအပေါင်းနဲ့ပြည်.စုံတဲ့ ရက်ရာဇာမဟာသမယအခါ
တော်လို. ပြောကြတာဘဲ ဟုတ် မဟုတ် ဆိုတာကတော့ ကိုယ်ဟာကိုယ် စဉ်းစားတတ်ရင် စဉ်းစားသာ ကြည့်ကြပေ တော့ ၊




တနေ.လာလဲ ဒီပဲ ၊ တနေ.လာလဲ ဒီပဲ လို.ပြောနေသူတွေကပြောကြတယ် ၊ ဒီလိုပြောရအောင် ပဲ ဘယ်နှမျိုး ရှိတယ်လို.သူတို.သိကြသလဲ ? လေ.လာသူတွေကတော့ ကမ္ဘာပေါ်မှာ ပဲ အမျိုးပေါင်း ၄ သောင်းလောက် ရှိတယ်လို.မှတ်တမ်းတင်ထားကြတယ် ။ ဒို.တတွေ စားနေကျ ပဲတွေ၊ ဆန်တွေ ကိုတောင် ဘာပဲမျိုး ဘာဆံ မျိုးလဲလို. သိသူနည်းပါးလိမ့်မယ်၊ အများကလဲ ပဲဟာပဲပေါ့ ဆံဟာဆံပေါ.လို. ပေါ့ပေါ့ ဘဲပြောလိမ်.မယ် ။



အချဉ်သိပ်ခံရတဲ့ မယ်ဒွေး တယောက် ပုံပြင်လို ( စားမှာစား စကား မများနဲ.ပါးချလိုက် မယ် ) လို.အမေ က ဂုဏ်မောက်ဟောက်လိုက်လို ကြိတ်ပြီးစားရ
ပေမဲ့၊ နောက်ဆုံး အမ ဦးခေါင်း အိုးထဲက ပေါ်လာမှ အမလေး တ ကြလို.တော့ အားလုံး လက်လွန်ကုန်ပြီ လေ ၊ ဘယ်သူမပြူ မိမိမှု ဘဲ မဟုတ်လား?



ပြပြင်ပြောင်းလဲနေသော မြန်မာ နိုင်ငံမှာ ဘာတွေ ပြုပြင်ပြောင်းလဲ နေသလဲ ၊ ဘယ်သူတွေပြုပြင်ပြောင်းလဲ နေသလဲ ? ဒီမေးခွန်းတွေကိုဖြေဘို.ရာ သိပ်ကိုစောလွန်းနေပုံရတယ် ။ စလိုး မိုးရှင်းတွေက သိပ်ကောင်း နေတော.နှေးလွန်းနေလို.အားမလို အားမရတွေ ဖြစ်ရတယ် ၊ ကိုယ် ဖြစ်စေခြင်တိုင်းသာ ဖြစ်ရရင်တော့လဲ ခက်ကုန် တော့မှာဘဲ လို. မှတ်လိုက်ရတယ် ။



မြန်မာ့ အမျိုးသားတပ်မတော်ကို တခုနည်းသောတပ်မတော် လုပ်ဘို.ကြိုးပန်းတာ မအောင်မြင်ဘူးဆိုတာ မောင်ရင် အသိဘဲ၊ ဒါ့အပြင် တထစ်
လျှော့ပြီး တပ်မတော်ရဲ.အစိပ်အပိုင်းအဖြစ် နယ်ခြားစောင့်တပ်အနေနဲ. နိုင်ငံတော်နဲ.နိုင်ငံတော်သားအကျိုးသယ်ဘို.ကြပါဆိုတောလဲမဟုတ်ပြန်ဘူးတဲ့ ၊



ဒီနေ. ပါလီမန်လွှတ်တော်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ် ထီးဖြူအောက်
က အရောင်းမျိုးစုံရှိတဲ့ ထီးဆောင်း လူမျိုးစုပါတီတွေ တွေ.ရတယ် ၊ ၁၉၄၈ ခုက
ဒီမိုကရေစီမှာ သူတို.ဘာကြောင့် ၀င် မ စီ ကြတာ လဲ တော့မသိဘူး ၊ အခု သဘောပေါက်လို. တကယ်ဘဲ လာ စီ ကြတာလား ။ အတွင်းထဲဝင်လှိုက်စား
အနားကပ်ပြီး အသေသတ်မလို.လား ? စိတ်အမျိုးမျိုးနဲ့ပေါ. စိတ်ဆိုတာ အစိုးမရဘူးတဲ့ ။ သူတို.ဟာ ကိုယ်ထီး ကိုယ်နန်း ကိုယ့်ကြငန်း တောင်းနေကြ
သူတွေ/တောင်းခြင်ကြသူတွေဆိုတာ ပြောမှ သိရမှာလား ၊ ပြည်ထောင်စု ဆိုတာမှာ သူတို.မပါခြင်၊ ခွဲထွက်လိုသူတွေဆိုတာ မေ.နေလို.မဖြစ်ဘူး ၊




ယာယီမဟာမိတ် ဆိုတာ အမြဲတန်း စိတ်မချရတဲ့ ခါးပိုက်ထဲက မြွေပွေး ကြောက်စရာကောင်းပါတယ်၊ ဒုတိယ ကမ္ဘာစစ်က လိပ်/ကန်/ဥရောပ မဟာမိတ်တို.ဟာ ဆိုဗီယက်နဲ့ယာယီ မဟာမိတ်အဖြစ်နဲ.နာဇီဂျာမဏီနဲ.ဂျပန်တို.ကို ကြူပင်ခုတ် ကြူငုတ် မကြံရ ဆိုတဲ.စကားအတိုင်း အပြတ်ချဲခဲ့တယ် ဆိုတာ မောင်ရင်တို. အသိဆုံး ။



ဒါတောင်မှဝမ်းနဲစရာက စစ်ပြီးကါလမှာ အနောက်အုတ်စုထဲက လိပ်/ကန်တို.ဟာဆိုဗီယက်ကို ဆက်ရှင်း ဘို.ထိ အကြံ ကြီးခဲ့တယ် ဘာကြောင့် ဆက်မလုပ်
သလဲ ဆိုရင် သူတို.ကိုယ်တို်င် လဲ ဖတ်ဖတ်မော ပန်း ဟိုက်နေကြတယ် အင်္ဂလန်နဲ. ဥရောပကို ပြန်လည်တည်ဆောက်ရဦးမယ် စစ်လက်နက်ပစ္စည်း
တွေ ပြန်လည်ဖြည့်စည်းရအုံး မယ် မသိဘူး ၊ဆိုဗီယက်ကို ဘာလင်တံတိုင်း
ကစပြီး တဒိတဒိနဲ.နှဲ.နေခဲ့တာတွေ.နေရတယ်၊ ဘယ် အလစ်မှာဆော် မလဲ မသိဘူး ၊ မီးရှုးမီးပန်းတွေ ပေါက်ရင် အတော်ကြည့်လို.ကောင်းမယ် ၊ ကိုယ့် ပေါ် မီးပွားကျမှာကို တော့ သတိထား ။ တရုတ်ကိုလဲ ဂျပန် ၊ တောင်ကိုရီးယား
နဲ. ထိုင်ဝမ်တို.ဘက်ကနေ စောင့်ကြည့်ထိမ်းထား တယ်၊



ဒို.နဲ.ဘာဆိုင်သလဲလို.မေးစရာရှိပါတယ် ဆိုင်ပါသော် ကော ဆိုင်သကော မောင်ရင်တို.ရယ် ၊ သမိုင်းလေ.လာ သူတိုင်းသိကြပါတယ်မောင်ရင်ကိုယ်တိုင်လဲ
သမိုင်းမညံ.ဘူးဆိုတာ သိပါတယ် ၊ လေးစားပါတယ် ၊ ဒို.တွေဟာ ကိုယ်ထမင်း
ကိုယ်စား ပြီး အေးအေးဆေးဆေးနေကြတာ မေတ္တာဘာဝနာ ပွားများနေကြ
တာကို မောင်ရင်ပြောသလို အ အ အန တွေအနေနဲ.တခြားလူတွေက ဆက်ဆံကြတာ ကိုခံရတာဟာ မချိလွန်းလိုဘဲ ၊ ကိုယ့်လူ မကောင်း လို.ဘဲ၊ Leonidas နဲ. အာဇာနီ ၃၀၀ သေပွဲဝင်ရတာ မဟုတ်လား၊ ရန် ရန်ချင်း မတုန်
နှင်းနဲ့ ဆိုတဲ့စိတ်ရှိရင် သူတို.ကို အုန်းပွဲ ဌက်ပျောပွဲနဲ.သာ ပူဇေါ်လိုက်ပေါ့ ။



ဒို.မှာ သင်္ခဏ်းစာယူစရာ အိမ်နီးချင်းနိုင်ငံတွေ အဖြစ်သမိုင်းချင်း တူကြတဲ့ နိုင်ငံတွေရှိပါတယ် ၊ လေ.လာပြီး သင်္ခဏ်းစာယူကြပေါ့လိုဘဲ ပြောခြင်ပါတယ် ၊ သတိ ဆိုတာ ပိုတယ်မရှိဘူးလို.ြေ့ပာလိုတာပါ ။ ဗီယက်နမ် ၂ နိုင်ငံပြန်ပေါင်းပြီး
ီတခုတည်းသောနိုင်ငံ ၊ တခုတည်းသော တပ်မတော် ဖြစ်ဘို. ပေးခဲ့ရတဲ. အဖိုး
ဆားနား ကိုတွက်ချက်ဘို. တွက်စက် မရှိပါဘူး ၊ အရှေ.နဲ.အနောက်ဂျာမဏီ ဟာတခုတည်းသောနိုင်ငံ ပြန်ဖြစ်ခဲ့တာ မှန်ပါတယ် ။ သူ.မလဲ နိုင်ငံ တခုဘ၀က ပြည်တန်ဆာ အိမ်ဖြစ်နေရပြီး သူများ ယိုသမျှ ချီး လိုက်ကျုံးနေရ တာကို လေ.လာသူတွေ သိလိမ်.မယ် ၊ ဒါဟာ ဒီမိုကရေစီလာ ကျွန် ဖြစ်တာလား ?



ပြောခြင်တာကတော့ ဗီယက်နမ်လူမျိုးဟာ လူမျိုးစု ဘယ်နှစုဘဲ ရှိရှိ သူတိုဟာ ဗီယက်နမ်ဆိုတာ သိတယ်. ဂျာမန်လူမျိုးလဲ သူတို. ဂျာမန်ဆိုတာသိတယ်။ တရုတ်ကလဲ ဘယ်နေရာရောက်ရောက်သူတို.ဘုံကျောင်းနဲ. ဆိုင်းဘုတ် တင်တာဘဲ ၊ သူတို. တရုတ်ဆိုတာ မမေ့ဘူး. အားလုံးကိုလဲ အသိပေးတယ်၊ ဆီချက် ဘဲကင် ချိုချင်နဲ. မိတ်ဖွဲတယ် ၊ ဂျပန်ဆိုတာကတော့ ဘယ်လောက် ပန်ကြသေးသလဲ တော့ မသိတာအမှန်။ ဒါမှမဟုတ် ဟီရီုရှီမာနဲ.နဂါဆာကီ ကြောင့် အတော်မှတ် သွားပုံရတယ် ။ နိုင်ငံရေး ၊ စစ်ရေး ၊ လူမှုရေးတွေ မှာ အမွှေးကျွတ် နေ ပြီထင်ပါရဲ.သူတိုကိုယ်တောင်သူတိုဘာလူမျိုးဆိုတာသိကြ
သေးရဲ.လား နိပွန် တို.?




ဒို.မြန်မာတွေကတော့ အဖြူမြင်မှ လူထင်တယ် ၊ သခင်ထင်တယ် ၊၊ ကိုယ်လူမျိုး
ကို ကိုယ့်လူမျိုးလို.မထင် ဘူး၊ မလေးစားဘူး ။ မရိုသေဘူး ၊ ဘယ်လောက်များ
ဦးနှောက် ချောင်နေ ကြနေကြသလဲ ဆိုရင် ။ ပြောစရာ တွေကတော့အများကြီး ၊



ဆိုလိုတာက ၁၉၄၈ ခုက ပြည်ထောင်စု စံနစ်နဲ.မှ မဖွဲရင် လွတ်လပ်ရေးတောင်
်ရခဲ့ပါမလား? ဒို.တတွေဟာ အကြပ်ကိုင် ခံရတယ်၊ အပွင့်လင်းဆုံးတနည်း ပြောရရင် မလွတ်လပ် တဲ့ အယောင်ဆောင် လွတ်လပ်ရေး ဆိုတာကို ကြိုက်
သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာတွေ လက်ခံခဲ့ရတယ် ၊ ဒိုမီနီယံ ထက်တော. တော်သေးတာပေါ ။ အဲဒီအချိန်ကြေ့ကွးကြော်သံတချို.ဖြစ်တဲ.( လုံးဝ လွတ်လပ်ရေး၊ ရရင်ရ မရရင် ချ ) ဆိုတာတွေ ကြားယောင်နေပါသေး
တယ်၊ ဒီကြွေူးကြော်သံတွေဟာ အခုချိန်အထိတချို.လူတွေ ကြားမှာ တာစားနေ
တုန်းဘဲ ။ ဂဠုံဆရာစံကို ကာကွယ်ခဲ့တဲ့ ၂ ခါပြန် ၀န်ကြီးချုပ် ၊ နိုင်ငံတော် အဓိပတိ ဆိုတဲ့ ဆင်းရဲသားပါတီမှ ဒေါက်တာ ဘမော် ( ခို.ခို.ကြီး) ကို သတိ
မရလို.မဖြစ်ဘူး ၊ သူ.လက်ထက်တုန်း ကလဲ အယောင်ဆောင် လွတ်လပ်ရေး
ဆိုတာကို ဂျပန်ဆီက ရခဲ့ဘူးသေးတယ် ။



ခေါင်းဆောင်ဆိုတာတွေဟာ ရှေ.အနာဂါတ် အကျိုးဆက် တွေကို စဉ်းစားခြင်လဲ
စဉ်းစားမယ် မစဉ်းစား ခြင်လဲ မစဉ်းစားဘူး ၊ နောင်ခါလာနောင်ခါဈေး၊ နောက်
လူတွေဆက်လုပ်ကြ လိမ့်မယ်လို. သဘောထားခဲ့ ပုံရတယ် ။ မှန်တာပြောရရင် သူတို.အားလုံးပြောနေကြတဲ့ စကားတွေဟာ တမျိုး တဘာသာ ထဲ ဟုတ်ပေမဲ့ သူတို.အချင်းချင်း လက်မတွဲနိုင်တာကိုထောက်ရင် သူတို.စိတ်ထားတွေ စိတ်ထဲ
ရှိတာတွေဟာ ရိုးသားပုံမရှိ ကြဘူးလို.ဘဲ မှတ်ယူနိုင်စရာရှိတယ် ။



အင်္ဂလိပ်အောက် စရောက်တဲ့ မြန်/လိပ် ပဌမ စစ်ပွဲ ၁၈၂၄ ကစပြီး မြန်မာ
နိုင်ငံတော်ဟာ တစချင်း ဖြိုဖျက် ခံရတယ် နောက်ပိုင်း ၁၈၈၆ ခု တတိယ စစ်ပွဲအပြီးမှာ မြန်မာနိုင်ငံတော် ဆိုတာကမ္ဘာ.မြေပုံ ပေါ်က နှစ် ၅၀ ပျောက်ချင်း မလှပျောက်သွားခဲ့ရတယ် ၊ ၁၉၃၅ ခုမှ အင်္ဂလိပ်က ဥပဒေ ပြဌာန်းပြီး မြန်မာ
ပြည်ကို သူတိုပိုင် မြေအလား ဒိုကိုချစ်သက်လက်ဆောင် ပေးခဲ့တာကို ကျေးဇူး အနန္ဒ တင်ရတော့မလို ၊ ကျေးဇူးတင်နေတဲ့ သူတွေလဲ ရှိကြလိမ်.မယ် ၊



မမြင်ဘူးတော့ မူးကို မြစ်ထင်ဆိုတာဘဲပေါ.။ ရီရမှာလဲခက် ငိုရမှာလဲခက် ။ သူတို.လက်အောက်မှာ ပြည်ထောင်စုဆိုတာမကြားဘူးဘူး ၊ ပြည်ထောင်စုဟာ ပြည်ထောင်စု ဘဲ လို. ပေါ့ပေါ့ပြောနေကြသူတွေကို ဘယ်လိုပြည်ထောင်စုလဲလို
မေးရင် သူတို.ကြိုက်တာသူတို. ပြောကြဘဲ ။ အဖြေအမျိုးမျိုးထွက်တော့မယ် ။
စုစုပေါယလို ပြောသူလဲရှိမယ် ၊ ၁၅ ပြည်ထောင် မင်းတပါးစီနဲ.လား - ဘယ်သူ
ဟာ ဧကရာဇ်လဲ ? မြန်မာပြည်ထောင်စုဟာ ဒီနေ.ထက်ထိ အနှစ်သာရ ပြည်စုံ
တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လဲ မဟုတ်သေးတဲ့ အတွက်(တခုထည်းသော
တပ်မတော်နဲ့တခုထည်းသောနိုင်ငံ ) ဖြစ်ဘို.ဆိုတာ မျှော်လင့်ချက် ရည်မှန်းချက်
ဦးတည်ချက်တခုသာဘဲ ဖြစ်တယ် ။ လာမဲ့ ၂ နှစ် မပြောနဲ. နှစ် ၂၀ မှာတောင် ဖြစ်ခြင်မှ ဖြစ်အုံး မယ် မောင်ရင်တို. ရေ. ။ ၂၀၁၅ ခုမတိုင်ခင် ဘာတွေ ဖြစ်လာ
အုံးမယ် မသိနိုင်ဘူး ၊



အရှိကိုအရှိအတိုင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တခုတည်းသော တပ်မတော် ဖွဲ.စည်းရေး ဆိုတာ အခုချိန်ထိမှာတော စိတ်ကူးယဉ် အဆင့်ဘဲ ၊ ဥပမာပြ ပြောစရာတွေကတော့ အများကြီး ပါဘဲ ၊ မောင်ရင်ပြောတဲ့ စကားကို
ဘဲ ပြန်သုံးရရင်(လုပ်စရာရှိတာပြတ်ပြတ်သားသားတော့လုပ်ဘို့လိုမယ်ဗျ ၊ဖြတ်စရာမြန်မြန်ဖြတ်။ ရှင်းစရာမြန်မြန်ရှင်း။ ရှင်းသင့်ရင်ရင်းရမှာဘဲဗျ။) ဒီစကား
ဟာ သိပ်ကိုမှန်တယ် ၊ ဒီကလဲ မကြာခဏ ပြောဘူးပါတယ် (သတ်ရဲမှမင်းဖြစ်) ဆိုတာကလဲ လူကြီး တွေပြောတာကို ညွှန်း ရတာပါ၊ ယှဉ်ကြည့်စရာ လက်ရှိ မျက်မြင် ဒိတ္ထ တွေကလဲရှိနေတယ် လေ ၊ မြန်မာတွေ ဘယ်လောက် လေ.လြာ့ပီး အမြင်ကျယ်နေကြသလဲတော့ မသိဘူး ။ ဘယ်သူ ကရှင်းမှာလဲ ?




ကမ္ဘာ.လူမျိုးကြီးတိုင်း/ နိုင်ငံတိုင်းမှာ လူမျိုးစု ဆိုတာတွေရှိတယ် အရှေ.တောင် အာရှဒေသမှာ လူမျိုးစု အရေးနဲ.ပါတ်သက်လာရင် မြန်မာဟာ အထူးခြားဆုံး. ပေါ်ပြူလာအဖြစ်ဆုံး ၊ တရုတ် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား၊ လေါ ၊ ထိုင်း ၊ ကိုရီးယား၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ မြန်မာ စသည်ဖြင့်၊ ဘရုနိုင်း ဆိုတာ တောင် ပါသေးတယ် ၊ မြန်မာတွေဘာဖြစ်နေကြတာလဲ ၊ မြန်မာ့ခေါင်းဆောင်
တွေ လူကြီးတွေကို မချီးကျူး ဘဲ မနေနိုင်ဘူး - တော်ကြပါပေတယ် ၊ မြန်မာ
နိုင်ငံဟာ တောင်ပိုင်း မြောက်ပိုင်းရယ်လို. မကွဲသေးဘူး၊ အရှေပိုင်း အနောက်
ပိုင်းရယ်လို့လဲ မကွဲဘူး ၊ တော်ပါသေးရဲ.။



မြန်မာ( ဗမာ) ကို ကမ္ဘာသိအောင် ဆောင်ရွက်မည် ရှင်ရဲထွဋ်သည်) ဆိုတဲ့ ရှင်ရဲထွဋ် ဟာဘယ်သူ လဲ? မောင်ရှင်စော လား ၊ ရှင်သန်းရွှေလား ၊ ရှင်သိန်းစိန်လား ၊ ရှင်စောပုလား ? မြန်မာကို ကမ္ဘာ ကတော့ ကောင်းတာရော မကောင်းတာရောသိသွားပါပြီး ၊ အမွှေးဘယ်နှချောင်းရှိတယ် ဆိုတာက အစ သိတယ်၊ မမြင်ခြင်မှအဆုံးပါ ၊ ပွင့်လင်းဝါဒဆိုတာ ဘာလဲ ဘာတွေများသိခြင်ကြ
သေးလို.လဲ?



(အိမ်ကြီးထဲမှာ အိမ်ငယ် ဆောက်ဘို.မလိုပါဘူး) ဆိုတာ သာမန်အနေနဲ့ ဘာမှ စောဒက မတက်လိုပါဘူး ၊ ဓလေ့ထုံးစံအဖြစ် လောင်းရှည်တဲကြီးတွေနဲ.နေလာ
ကြတဲ့သူတွေက စာတတ် ပညာတတ်ဖြစ်လာကြပြီး အခန်းဖွဲ.နေကြရအောင်လို.
ဆိုလာတော့ အကောင်းလား အဆိုးလား စဉ်းစားလာတာပေါ့ ၊ စိတ်ထဲမှာ တမျိုးကြီးဘဲ ၊ လက်ရှိ မြန်မာနိုင်ငံဟာ လူစုလူဝေး အတူတကွ နေထိုင် စားသောက် ကြတဲ လောင်းရှည်တဲကြီး ဘဲ ။ ဒီလို တစုအဝေးနဲ. နေထိုင်စား
သောက်တာ မသင့်ဘူး ၊ ကျန်းမာရေး ထိခိုက်တယ် မလွတ်လပ်ဘူးလို. ခေတ်မီမီ စကားတွေသုံးပြီး အကြောင်းပြပြောဆိုလာတော့ အခန်းခွဲ လိုက်ရတာ
ဘဲ အဖတ်တင်တယ်။ ဆက်ဆံရေး အရင်ကလို မဟုတ်တော့ဘူး ၊ သားနဲ အမိ မောင်နှင့်နှမ အရှုစိမ်.မကြည်စိမ့်တွေ လူသူရှေ.မှာ ဟိရိဥတ္တပ တရားနဲ့ဆင်ခြင်
နေကြသူတွေဟာ အခန်းတံခါးပိတ်ပြီး စန္တယားနှိပ်နေကြတာ လွတ်လပ်ရေး
တဲ. ။



ဒါကြောင့် အခုဆိုရင် ထူးမခြားနား သီချင်းကြီး တပုဒ်ဆိုပြရမဲ.အလား လောင်းရှည်တဲကြီးထဲမှာဘဲ အိပ်ခန်း ပေါင်း ၁၅ ခန်းဖွဲ.စည်းခဲ့ပြန်တယ် ။ ဒီတော့မှလဲ ငါ့နယ် သူ.နယ် ခွဲခြားလာပြီး ငါ့နယ်ထဲကို ငါ့ခွင်ပြုမှ လာရ မယ်လို.ပြောသူကပြောလာနေပြီ။ သူကိုလဲ အဆိုးမဆိုနဲ့လေ၊ အထူးသဖြင့် သာမန် သူတွေ ခရီးသွား ရင်တောင် မြို.၀င်ကြေးဆိုတာတွေ ပေးရပြီး အစစ်ဆေးခံနေ
ရတာ၊ နောက်ဆိုရင် အမျိုးသားမှတ်ပုံတင်/ နိုင်ငံသားလက်မှတ် တောင် လုံလောက်တော့မယ် မဟုတ်ဘဲ နိုင်ငံကူးလက်မှတ်တောင် ကိုင်ပြီး ပြည်တွင်း
ခရီးမှာ ပြည်ဝင်ခွင့် ဗီဇါလျှောက်ရမယ် ဆိုရင်တော ရာဇ၀င်တွေ ပိုရိုင်းကုန်တော့
မယ် မောင်မင်း ၊ အရိပ်အယောင်တွေ တွေ.မြင်နေရတယ် ။



လက်ရှိ ဖွဲ.စည်းပုံအခြေခံ ဥပဒေကို အမျိုးမျိုး အဓိပါယ် ဖေါ်လို.ရတယ် ၊ ဒါကြောင့်လဲ ပြန်ပြီး ပြင်ဆင်ရေးဆွဲ ဘို.လိုတယ် လို. အချို.ကပြောနေတာ ။ ဒီဖွဲ.စည်းပုံ အခြေခံ ဥပဒေဆိုတာ ဟာ အခြားခြားသော ဥပဒေ အရပ်ရပ် ရေးဆွဲဘို. (အခြေခံ) အချက်အလက်တွေ ချထားပေးတယ် ။ ဒီဥပဒေကို ပြင်ဆင် နိုင်တဲ့ အခန်း၊ မပြင်ဆင်နိုင်တ