Article submitted by: minkyaw thuyein on 1-Jan-2013  
တပ်မတော် အတွက် နှစ်သစ် အဓိဌာန်
ဒို.လူကလေးများဆိုသလေး ။


ဘာမထီ တဲ့ မြန်ပြည်သား ဇာနီဘွားတွေ ။ နိုင်ငံရေးမှာ ၀င်မရှုတ်နဲ.မဟုတ်တဲ့သူကို တီး ကို တီးပစ် ။



နိုင်ငံတော်နဲ.နိုင်ငံတော်သားတို.ကို ဘယ်သူတွေက ကာကွယ် စောင့်ရှောက် ကြမလဲ ? နိုင်ငံတော်နဲ့နိုင်ငံ သားတို.ရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမလဲ ? ခေါင်းအေးအေးထား စဉ်းစား ကြည့်ကြ စေခြင်တယ် ။ စစ်ဖြစ်အောင် ဖန်တည်း
သူ စစ်ကြေငြာသူဟာ နိုင်ငံရေးသမား ။ စစ်တိုက်ရသူဟာ အသေခံရသူဟာ
စစ်သား လို. ပြောဘူးပါ တယ် ။ နိုင်ငံရေးသမား တွေရဲ. ချယ်လှယ်မှူကို
တပ်မတော်ဟာ မခံထိုက်ဘူး။ ဒို.လူလောကကြီးဟာ အရာရာမှာ တရားခြင်မှ တရားမယ် ၊ မတရားတာတွေချည်းဘဲလဲ မဖြစ်နိုင်ဘူး ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မဖြစ် နိုင်ဘူး ၊ လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ်မယ် ။



ရှေ.မဆက်ခင် ဒီနေရာမှာ အတိအလင်းပြောခြင်တာက ၊ ကိုယ့်အမြင်အယူအဆ သဘောပြောရရင်၊ မြန်မာ့တပ်မတော်ဟာ ဘယ်သူ တဦးတယောက် ၊ ဘယ် တဖွဲ.တစည်းရဲ. သီးသန်.အိတ်ဆောင် ကိုယ်ပိုင် တပ်မတော် မဟုတ်ဘူး၊ ရှိခဲ့ဘူးတဲ့ ခါးပိုက်ဆောင်တပ်တွေကို ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်ဆိုတာ တပ်မတော် သမိုင်းကိုလေ.လာရင် သိနှိုင်တယ် ။ တပ်မတော်ဟာ နိုင်ငံတော် နဲ. နိုင်ငံသားတို.ကလွဲရင် နိုင်ငံအုပ်ချုပ် နေတဲ့ အစိုးရ ၊ အကြီးအကဲ သမတ တို.ရဲ.လက်အောက်ခံတောင် မဖြစ်သင့်တဲ သီးခြား လွတ်လပ်တဲ့ အမျိုးသားတပ်မတော် တရပ်သာ ဖြစ်ထိုက်တယ် ။
အစိုးရဆိုတာ နိုင်ငံရေးပါတီ တခုသော်လည်းကောင်း တပါတီထက်ပို၍ သော်လည်းကောင်းကို ကိုယ်စားပြု နေကြတာပြည်သူကရွေးကောက်တင်
မြောက်တဲ့ အစိုးရဆိုတာ နာမည်ခံဘဲ ရှိတယ် ။ ဘာကြောင့်လဲဆို တော့ အဲဒီအစိုးရကို ဘဲ မဲမပေးခဲ.တဲ ၊ မထောက်ခံတဲ့ ၊ ကန်.ကွက်တဲ့ ၊ ဆန်.့ကျင်တဲ့ ပြည်သူလူထူ မဲဆန္ဒ ရှင် တွေဟာ တင်းပြည့်ဘဲဖြစ်တယ် ဆိုတာတွေ.ရတယ် ။ ဒီထဲမှာ ဝေလေလေတွေလဲ တပုံကြီးပေါ့ ၊ ရောင်တော်ပြန် ရောလွှတ်တွေလဲ အများကြီးဘဲ ဆိုတာတွေ.ရမယ် ။



ဒီလိုလူတွေ နဲ. အခြေအနေကြားမှာ အမျိုးသားတပ်မတော်ဟာ ကြားနေသင့်တယ် ၊ ဘယ်လူမျိုးစု ၊ ဘယ်ဘာသာကိုမဆို ဘက်မလိုက် ကာကွယ်ရမယ် ကြားနေ ဆိုတဲ့ စကား ဟာ လုံလောက်တယ် လုံးဝ အဓိပါယ်ရှိတယ် ။



ဒါကြောင့်လဲ တပ်မတော်ဟာ တပ်မတော် ဦးစီးချုပ်နဲ့သူ.ရဲ.တိုက်ရိုက်အမိန်.ကတပါး တခြား ဘယ်သူကိုမှ နာခံစရာ မလိုဘူး လို မြင်တယ် ၊ တပ်မတော်ဦးစီးချုပ် ကို အသင့်တော်ဆုံး ဖြစ်သင့် ဖြစ်ထိုက်သူတွေထဲက အစိုးရက ဖြစ်စေ၊ နိုင်ငံတော် သမတ ဖြစ်စေ ခန်.အပ်တဲ့ အခါမှာ (ကိုယ့်လူ) ဆိုတာမျိုး မဖြစ်စေရအောင် လွှတ်တော် ၂ ရပ်စလုံးက ထောက်ခံအတည်ပြုသူ ဖြစ်သင့်တယ် ၊ ခန့်ထားသည့်အချိန်ကစပြီး ဦးစီးချုပ်မှာ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး လုံခြုံရေးအတွက်လုပ်သင့်သမျှကို အခြေအနေအရ သီးသန်. လွတ်လပ်စွာ လုပ် သွားရမယ် ဖြစ်တယ် ။ အစိုးရကိုရော နိုင်ငံတော် သမတ ကိုပါ မျက်နှာ နာနေစရာ မလို ဘူး ။ နိုင်ငံ တော် သမတ ဟာ နိုင်ငံရေးပါတီ တခုခုကို ကိုယ်စားပြု တက်လာသူဖြစ်တယ်ဆိုတာ မမေ.အပ် ဘူး ။



နို်င်ငံတိုင်းမှာ နိုင်ငံတော်နှင့်နိုင်ငံတော်သားတို.ကို ပြည်တွင်း ပြည်ပအန္တရာယ်
များမှ ကာကွယ်စောင့်ရှောက် ရန် အမျိုးသားတပ်မတော် ဆိုတာ ရှိစမြဲဘဲ ၊ တချို.တပ်မတော်တွေဟာ အန္တရာယ်ဆိုတဲ့ ရန်သူတွေ၊ ရန်သူ ဖြစ်ဘို.အလား
အလာ ရှိသူတွေကို သူတို.နိုင်ငံနယ်နိမိတ် ထဲ အရောက်မခံဘဲ ရန်သူရဲ. နယ်
နိမိတ်ထဲကို ၀င်ရောက်ပြီး ကြိုတင် တိုက်ခိုက်ခြေမှုန်း သုတ်သင်ပစ်တတ်ကြ
တယ်။ ကြားခံနယ်မြေတွေ ဖန်တီးကြတယ်၊ အမြဲတန်းစစ်အခြေခံစခန်းတွေ ဖန်တီးကြတယ်။ စစ်ကောင်စီတွေ စစ်ထောက်လှမ်းရေး ဌာနတွေဖွင့်လှစ်ကြ ပြီး တနိုင်ငံအပေါ် တနိုင်ငံကထောက်လှမ်းနေတာတွေ မြင်တွေ.နေရတာဘဲ ။ အဆန်းမဟုတ်ပါဘူး ။



နိုင်ငံတော်နဲ.နိုင်ငံသားတို.ကို အန္တရာယ်ပြု ရန်ပြု သူဟာ တပ်မတော်ကို စိန်ခေါ်တာဘဲ ဖြစ်တယ်ဆိုတာ ဒို.မြန်ပြည်မှာ လက်တွေ.မျက်မြင် ဒိတ္တ
ဖြစ်တယ် ။ ရန်သူကို ရန်သူမမြင်ဘဲ ၊ မိတ်ဆွေကိုရန်လုပ်ခဲ့တာတွေ၊ တပ်မတော်ကို ၀ိုင်းပြီး အမဲဖျက်ဘို. ကြိုစားခဲ့ကြတယ် ။



ဒါကို အမြင်ရှု.ဒေါင့် အမျိုးမျိုးကကြည့်ပြီး အဓိပါယ် အမျိုးမျိုး ဖေါ်ကြတယ် ၊ အားလုံးမှန်ကြပါတယ်၊ ဒါပေမဲ့ ရန်သူဟာ ရှုံးရှုံး နိုင်နိုင် ရန်သူဘဲ ၊ ရန်သူဟာ မိတ်ဆွေဘယ်တော့ မှ မဖြစ်ဘူး ၊ တချိန်က ရန်သူဖြစ်ခဲ့ကြ သူတွေဟာ အကြောင်းကြောင်းကြောင့် သဟဇါတ ဖြစ်ရုံကလွဲလို. ရင်းနှီး ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေ မဖြစ်နိုင်ဘူး ။ ရှုံးသာဟာ လွတ်လပ်ရေး အချုပ်အချာ
အာဏာ ကိုပါ ဆုံးရှုံးရတဲ့ သူများသြဇါခံ နိုင်ငံတနိုင်ငံ ဖြစ်သွားရတယ် ၊ ဆိုတာကို တော်ရုံတန်ရုံ လူတွေနားလည်မယ် မဟုတ်ဘူး ။



ပြီးခဲ.တဲ့ရက်ပိုင်းတွေ ထဲတုန်းက (ခေတ်သစ် မြန်မာတို. သိရမဲ့ အသိတရား) ဆိုတာမှာ U.S.S.R ပြိုကွဲ တဲ့အကြောင်း သိသင့်သိအပ်တဲ့ အချက်တချို ဖေါ်ပြ သတိပေးခဲ့ပြီးဖြစ်တယ် ၊ လေလာကြဘို.ဘဲသုံးသပ် ကြဘိုဘဲ နှိုင်းယှဉ်ကြည့်ကြ
ဘို.ဘဲ ။



ကွန်မြူနစ် ၀ါဒကို ဒီမိုကရေစီ ဘောင်တွင်းက နိုင်ငံရေးလွတ်လပ်မှုကို လူ.အခွင့်အရေးတရပ် အနေနဲ့ တောင် ၊ ခွင့်မပြုနိုင်ဘူး ဆိုရင် လွတ်လပ်ရေးဆို ( ဖရီးဒန်း) ဆိုတာဟာ ဘာလဲ ဆိုတဲ့ မေးခွန်းဟာ တိုးလို.တန်းလန်းဖြစ်နေမှာဘဲ ၊ အဖြေတွေကတော များပါတယ် ၊ အဓိက ကတော့ ကွန်မြူနစ်ဝါဒဟာ အရင်း
ရှင်ခြင်း လုပ်နည်းလုပ်ဟန် ကွဲလွဲကြတဲ့ အရင်းရှင်ဝါဒတွေချည်းဘဲ လို. ဆိုခြင်
တယ်။



အနောက်အုတ်စုဟာ သူတိုရဲ.(စုပေါင်း) စွမ်းအားကို ပဌမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) မှာရော ဒုတိယ ကမ္ဘာစစ် ( ၁၉၃၈ - ၁၉၄၅ ) မှာပါ လေ့လာ သုံးသပ်
မိပြီး ဒီစွမ်းအားကို အသုံးချပြီး ဆိုဗီယက် ကိုရော တရုတ်ကိုပါ အပြုတ်ဆော်ပြီး ကမ္ဘာကို လိပ်/ကန် ၂ ဦးပိုင် ဖန်တီးဘို. အစီအစဥချခဲ့တယ် ရုရှားနဲ့တရုတ် တို.မှာသာ တောင်တင်းတဲ့ မျိုးချစ်တပ်မတော် ၊ နူးကလီးယား အပါအ၀င် နောက်ဆုံးပေါ်စစ် လက်နက် ပစ္စည်းကရိယာတွေသာ အချိန်မီ မရှိခဲ့ရင် ကမ္ဘာ.သမိုင်းဟာ တမျိုးတဖုံပြောင်းလဲသွားစရာရှိတယ် ၊



၁၉၈၅ ခုလောက်က အက်ကွဲ လာတဲ့ ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမတ နိုင်ငံဆိုတာဟာ ၁၉၉၁ ခုမှာ လုံးဝ ဖျက်သိမ်းပစ်လိုက်ရတယ် ၊ သို.သော် စစ်မှန်သော ခေါင်းဆောင်တွေ မျိုးချစ်တွေရဲ.လုံလ ၀ီရိယ ကြိုးပန်းချက်
ကြောင့် ရုရှားဖယ်ဒရေးရှင်း ဖြစ်လာ ခဲ့တဲ့ ရှရှားဟာ ဘယ်သူသြဇာခံ ရုပ်သေး
ရုပ် တရုပ် မဖြစ် ခဲ့ဘူး ၊ သမတ ဘောရစ်(စ)ယာ(လ်)စင်က ကေဂျီဘီထောက်
လှမ်းရေး ညွန်မှုး ဗလါဒီမီယာ ပူးတင် ကို ၀န်ကြီးချုပ် ခန်.ပြီး နောက် ယာယီ သမတအဖြစ် ဆက်ခန်.ခဲ့တာဟာ အမျှော်အမြင်ကြီးတဲ့ လုပ်ရပ် တခု လို.ဘဲ ဆိုရလိမ့်မယ် ။



နိုင်ငံ ကို စိတ်ချရတဲ့သူ လက်ထဲလွဲတာ ၊ နိုင်ငံကို ထိမ်းသိန်းနိုင်မဲ့သူရဲ. လက်ထဲလွှဲတာဟာ အဓိကနဲ့ အရေးအကြီးဆုံးအချက်ဘဲ ၊ အဲဒီတုန်းက ယာ(လ်)စင်သာ လူရွေးမှားခဲ့ ရင် ရုရှားဟာ အသူရာနက်တဲ့ ဂျောက်ကြီးထဲကို ထိုးကျဘို.ဘဲ ။ အထူးသဖြင့် ရှရှားတပ်မတော်ရဲ့ အနေမှန်မှု ရပ်တည်ချက်မှန်မှူ
ဟာ အထိက ကြတယ် ။ မြန်မာနိုင်ငံ ဟာ ဂျောက်ထဲကျဘို.ကြုံခဲ့ရတာတွေကို တပ်မတော်က ကယ်ခဲ့ရပါတယ် ဆိုတာကို အကြောင်းအကျိုးနဲ.ယုံသူ မယုံသူ
ရှိတယ်။ တကယ်တော့ မြန်မာ့တပ်မတော်ကို ဘယ်သူတွေက မလိုလားဘူးလဲ ဆိုတာ သိနေမြင်နေရတာဘဲ ။



တပ်မတော် ဆိုတဲ့ စကားအသုံးအနှုန်းကို အချို.မြန်မာတွေ ကြိုက်ခြင်မှ ကြိုက်မယ် ၊ အထူးသဖြင် လူမျိုးစု သူပုန်တွေ နားကြားပြင်းကပ်လိမ့် ၊ တချို.လူတွေအတွက်ကတော ပျားသကာဘဲ ၊ တခြားအကြောင်းတွေ တော့ အသေးမစိပ် တော့ပါဘူး ။ လူဆိုတာ သူ.အတွေ.အကြုံ သူခံစားချက်ဆိုတာ
တွေ ရှိကြတာဘဲ ။ မကြိုက်သူရှိရင် ကြိုက်သူရှိတယ် ဆိုတာကို သဘာဝ
အဖြစ်နဲ့တော့ အနဲဆုံး လက်ခံရလိမ့်မယ် ။



ဆိုကြပါစို.၊ အမေရိကန်ပြည်ထောင်စု ၊ တရုတ်ပြည်သူ.သမတ နိုင်ငံ ၊ ရုရှား ဖယ်ဒရေးရှင်းတို.မှာ အင်အား တောင့်တင်းတဲ့ အမျိုးသားတပ်မတော် တွေ မရှိခဲ့ရင် ၊ ကမ္ဘာမြေပုံဟာ တမျိုးတဖုံဖြစ်လိမ့်မယ် ။ ၀ါဆော စစ် အုတ်စုဆိုတာ မရှိတော့တာ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီ ၊ ဘာကြောင့် နေတိုးစစ် အုတ်စု ရှိနေသေးတာ လဲ ။ ၀ါဆော မရှိတဲ့နောက် နေတိုးဟာ အတော်အလုပ်ရှုတ်
နေတုံးဘဲ ။ နေတိုးအုတ်စုဆိုရာမှာ အမေရိကန် သာလျှင် ဦးစီးခေါင်းဆောင် ဆိုတာကို မမေ့အပ်ဘူး ၊ ကြုံတုန်း ပြောရရင် ဒုတိယကမ္ဘာစစ် မှာ အမေရိကန် ဟာ အင်္ဂလိပ်ကိုတောင် ၂ ပေါက် တပေါက် ရိုက်ခဲ့တာ။ အင်္ဂလိပ် ဘာမှ မတတ်နိုင်ဘူး ၊ အင်္ဂလိပ်ကသူတို. လူမျိုးနဲ.နိုင်ငံ ရှိသေးတာကိုဘဲ အမေရိကန်ကို ကျေးဇူးတင် ၀မ်းသာနေရတာ ၊ အဓိပါယ်က ကိုယ်ကကျူး ကိုယ်.ဒူးတောင် မယုံရဘူးဆို တာကို ပြလိုက်တာဘဲ ။ ဒုတိယကမ္ဘာစစ်မှာ နိုင်ရက်နဲ့ အရှုံးကြီးရှုံးရသူက တော့ အင်္ဂလိပ်ဘဲဆိုတာကို သိကြဘို့ဘဲ ။



သေချာစွာ သုံးသပ်ရင်တော့ ၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ် ပြီးကထဲက အမေရိကန်ဟာ သူ.နိုင်ငံကို မပြန်တော့ဘဲ ရောက်ရာအရပ်မှာ တပ်စွဲထားတယ် ။ သမတ အိုက်စင်ဟောင်ဝါ ဟာ ဥရောပ ကို နာဇီဂျာမဏီ လက်ကအောင်မြင်စွာ
ပြန်ပြီးသိမ်းပိုက်ခဲ့တဲ. မဟာမိတ် တပ်အားလုံး စစ်သေနာပတိချုပ် ဖြစ်တယ် ၊ တပ်တွေစွဲထားခဲ့ရတဲ့ အကြောင်းရင်းတခုကို ရိုးရိုးပြောရရင်၊ ကွန်မြူနစ်တွေကို ဟန်.တားဘို. အပြီးအပိုင် ခြေမှုန်း သုတ်သင်ဘို. လိုရမယ်ရ ထားခဲ့တာဖြစ် တယ် ၊ ရုရှားတွေဟာ သူ.လူမျိုးကို သူနိုင်ငံကို ဘယ်လိုအသက်ပေးကာကွယ်
တယ်ဆိုတာ သမိုင်းက သက်သေခံနေတယ် ။ ရှရှားတွေကို ရီးတီးယားတား ယားတားလပ်ုလို.မရဘူး ။



၁၉၄၈ ခု မြန်မာ့လွတ်လပ်ရေးရပြီး ပြည်ထောင်စုဖွဲ.ကတည်းက ပြည်ထောင်စု
ကို ဖြိုဖျက်ပစ်ဘို.တိုင်းရင်း သားတွေကို အပြင် သူတွေအကြံဥာဏ်အထောက်
်အပံတွေပေးခဲ့တယ် ၊ ဒို.ခေါင်းဆောင်တွေနဲ. ဒို. တပ်မတော်သာ သတိလစ်ရင် ဒို.အားလုံးခံရမယ်။ ဘယ်သူတွေကို ဒို.ကျေးဇူးတင်ရမှာလဲ ? ဒို.တပ်မတော် နဲ.ခေါင်းဆောင်တွေသာ မကယ်ရင် ဒို.မှာ နိုင်ငံတော် လို.ခေါ်စရာ မြေတောင် ရှိမှာ မဟုတ်ဘူး။ အတွင်းက ရော အပြင်ကပါ ညှတ်ဆော်တာ အမျိုးမျိုးကို ဒို.ခံရတယ် ။ နောက်ထပ်လဲ ဒို.ကို တီးဘို.ကြိုးစာနေဆဲ ဘဲ ။



မြန်မာတပ်မတော်ကို လိုသော်ရှိ မလိုသော်ရှိ သတိပေးလိုတာက တပ်မတော်ဖြစ်လာရင် ဘယ်သူ.ကြေးစား မှမဟုတ်ပါဘူး ၊ အလုပ်ဆိုတာ ပြီးဆုံးအောင် မလုပ်နိုင်ဘူးထင်ရင် အစကတည်းကိုကာ မစ တာဘဲ ကောင်း
တယ် တဲ့ ။



နိုင်ငံတော်နဲ.နိုင်ငံသားတိုကိုဘဲ ကာကွယ်စောင့်ရှောက်ဘို.တာဝန်ရှိတယ်ကိုယ်.နိုင်ငံက နိုင်ငံရေးသမား တွေကိုတောင် မယုံနဲ. ငါ့လူ သူဖက်တော်သား ပွဲစားတွေ ၊ ရောင်းသူဆီကရော ၀ယ်သူဆီ ကပါ ပွဲစားခ ယူနေကြတာ နိုင်ငံမှာ မြင်နေရတယ် ။ ဟိုတလောက အိုဘားမားရဲ မြန်မာနိုင်ငံခရီးမှာ ပြောသွားတဲ့ စကားတွေကို ပြန်ကြည့်ရင် အမေရိကန် တပ်မတော်ဟာ ကမ.္ဘာမှာ အင်အား အကြီးဆုံးဖြစ်ပေမဲ့ အရပ်သားဖြစ်တဲ့ သူ.ကို နာခံရပါတယ် လို ဟြေခဲ့တာကို ယုံခြင်ယုံ မယုံရင် ပုံပြင်လိုသာမှတ် ပေါ့ ၊ သာထကအဖြစ်ပြောခြင်တာက သမတ သက်တန်း ပဌမ ၄ နှစ်ပြည်.လို ဒုတိယ သက်တန်းဘဲ စနေပြီ ၊ သူ.တပ်တွေ အာဖဂန်က ရုတ်သိမ်းဘို. ၊ အီရတ်က ရုတ်သိမ်းဘို.၊ ဂန်တန်နမို စစ်ထောင်ပိတ် ဘို.ဆိုတဲ့ စစ်ဦးစီးချုပ် တယောက် အနေနဲ့ ပေးတဲ့ အမိန့်တွေ ကိုက် ဘယ် စစ်သူကြီးကမှ လိုက်နာဆောင်ရွက်တာ ဒို.တော့ မတွေ.သေးဘူး ၊ အိုဘားမား ဟာ နိုင်ငံရေး သမား ၊ နိုင်ငံရေးစကားပြောမှာဘဲ ။



မြန်မာနိုင်ငံမှာလဲ နိုင်ငံရေးလောကထဲကို နှုတ်သီးကောင်းလျှာပါးတယောက် ရောက် နေလေရဲ.၊ ပြည်ပ နိုင်ငံတွေနဲ. စစ် မဖြစ်ရသည့်တိုင် မသင်မတင့် ဖြစ်အောင် ၊ ပြည်တွင်းမှာလဲ အချင်းချင်း စစ်မီးပွားအောင်လုပ်ခြင်နေပုံတွေ.ရ
တယ်၊ သူ.ကိုထောက်ခံနေတဲ.လက်နက်ကိုင်သူပုန်တွေကိုလဲ အထင်အရှားတွေ.နေ ရတယ် ။ သူ.ကိုထောက်ခံတဲ့ ပြည်ပနိုင်ငံတွေ ဘယ်အထိ ထောက်ခံမယ်
ဆိုတာ က အစိုးရ အနေနဲ.ရော တပ်မတော် အနေနဲ.ပါ သတိထား သူတိုရဲ. ဖြီးလုံး ဖျန်းလုံးတွေ လှဲ.ကွက်တွေထဲ ဘယ်လောက် ကျွှံသွားမလဲ ဆိုတာ ပေါ်မှာ မူတည်လိမ့်မယ် ။



နောက် မှ ဆက် ဆွေးနွေူးအုံးမယ် ၊ ပျော်ပျော် ပါးပါးပေါ့ ။