Article submitted by: minkyaw thuyein on 29-Dec-2012  
ကျွတ်တန်းဝင်ထိုက်/ မထိုက်သူ ။
place holder




ဒို.လူကလေးများဆိုသလေး ၊



သူများရူးတိုင်း ကိုယ်လိုက်ရူးဘို.မလိုပါ ။ အရူးကို အမဲသား မကြွေးပါနဲ.နွားမြင်တိုင်းလက်ညှိုးထိုးနေပါလိမ်.မယ် တဲ့။ ယဉ်ယဉ်လေးနဲ.ရူးနေသူကို သိပါ ၊ သွက်ချာပါဒ ထက်ပိုပြီးသတိထားသင့်ပါတယ် ။ ပုဂိုလ်စွဲ မရှိသင့် ။ တရားဆိုတာကိုယ်မှာသာရှိပါတယ် စသဖြင့် စသဖြင့်တွေ ပေါ့။



မြန်မာစကားမှာ ပေးကားပေး၏ မရ ကြွေးကားကြွေး၏ မ၀ ဆိုတာရှိပါတယ် ။ အသိတရားဆိုတာ ဂေါတမ ၊ ကွန်ဖြူးရှပ် ၊ ယေရှုခရစ်နဲ.မိုဟာမက်တို.က ဘယ်လောက်ဘဲ ပေးပေး ရထိုက်သူမှ ရတာသာဖြစ်တယ် ။ ယူတတ်သူမှ ရပါတယ် ၊ ဗုဒ္ဒ တရားအတိုင်းပြောရရင် ကျွတ်တန်းဝင်သူ ကျွတ်တန်း မ၀င်
သေးသူ လို.ပြောရမလား မသိဘူး ၊



ဒို.လူလောကနဲပါတ်ဝန်းကျင်မှာ နက်နဲသော အတွေးအခေါ်-သဘောတရားများ တွေး ခေါ်မျှော်မြင်ရေး ဆရာကြီး သမားကြီးတွေ အများကြီးဘဲ ၊ လေါလေါဆယ်မှာတော့ ဂေါတမ ၊ ကွန်ဖြူးရှပ် ၊ ယေရှုခရစ်နဲ.မိုဟာမက်တို.နာမည် ကြီး တာစားနေကြတယ် ။ ပြီးခဲတဲ့ရက်ပိုင်းတုန်းကဘဲ တူညီသော အချက်များ ဆိုတာကိုပြောခဲ့သေးတယ် ။ အားလုံးဟာ မကောင်းမြစ် ရာ ကောင်းရာညွှန်လတ် ချည်းဘဲ၊ လိုက်နာတာ မနာတာ ဒို.တာဝန် ။ သူတို.ကို ခုတုန်း လုပ်စရာမလိုပါဘူး၊ ဒီလိုပြောရတာကတော သိကြတဲ့ အတိုင်း အချို.က သူတို.ကို အလွဲသုံးစားပြု ခုတုန်းလုပ်နေ ကြတယ် ။



ဒီလို ပညာရှင်တွေကိုတောင် တချို.က ဘုရားဆိုပြီး သူတို.ဟာသူတို.ကိုးကွယ်
နေရက်နဲ.တောင် ခုတုန်းလုပ် အလွဲသုံးစားပြုနေ ကြသေးရင် ၊ လူတွေဟာ လူလူချင်း ခုတုန်းလုပ် အလွဲသုံးစားပြုကြမှာကတော့သေချာတယ်၊ တွေ.လဲတွေ.နေရတဲ့ မျက်မြင် ဒိတ္ထ တခုဘဲ ။ လူ ဆိုတဲ.ထဲမှာ နိုင်ငံရေး လုပ်စားနေတဲ့ နိုင်ငံရေးသမား ဆိုတာ တွေလဲပါတာ ပေါ.။ အနောက်တိုင်းက အဆို တခုမှာ (လူဆိုတာ တယောက်ကိုတယောက်က အသုံးချဘို.ဘဲ) လို.ဆိုတယ် ၊ (အသုံးချဘို.)ဘို.ဆိုတဲ့ စကားရပ်ကိုတော့ ကိုယ်ဟာကိုယ် အဓိပါယ် စီစစ်ရလိမ်.မယ် ။



တရားအမျိုးမျိုးဟာ ခြုံလိုက်ရင် အသိတရား ဆိုတာပါဘဲ ၊ ဂေါတမ ၊ ကွန်ဖြူးရှပ်
၊ ယေရှုခရစ်နဲ.မိုဟာမက်တို. ဟာ အသိတရားများသူတွေလို.ယုံကြည်ရတယ် ။ သူတို.ဟာ လေါကကြီးကို လေ့လာပြီး သိလာတာတွေကို ဒို.ကို ပြန်ဖေါက်သယ်
ချကြတာဘဲ. ဒါတွေကို တရားအဖြစ်နဲ့ဒို.ကလက်ခံပေမဲ့ နက်ရှိုင်းတဲ့သဘော
တရား တွေကို သဘောမပေါက်ကြလို.လား ၊ လိုရင်းကို အဓိပါယ် နားမလယ်ကြ
လို.လားမသိ ၊ လူတွေနေတဲ့ လူ.လောက ကြီး ၊ လူ.ကမ္ဘာကြီး တခုလုံးဟာ ကမ္ဘာဦးအစ ဆိုတဲ့ အချိန်ကစပြီး ငြိမ်းချမ်းသာယာ တယ်လို.ကို မရှိဘူး ။
ဒါဟာ ဘယ်သူ.တာဝန်လဲ ?



ဂေါတမ ၊ ကွန်ဖြူးရှပ် ၊ ယေရှုခရစ်နဲ.မိုဟာမက် အချိန်ကာလနဲ.ဒေသ ကွဲပြား
တာကိုတွေ.ရတယ် ဆိုပေမဲ့ ။ အဲဒီ အချိန်ကာလနဲ.အခု ဒို.နေတဲ့အချိန် ကာလမှာ ကမ္ဘာကြီး လောကဓါတ်ကြီး ဘာတွေဖြစ်နေတယ်ဆိုတာကို လေ့လာ ကြရင် ဒို.မှာ အသိတရားတွေ ၀င်လာမယ် ၊ ရလာမယ် ၊ တိုးလာမယ်၊။ ဒါဟာအရေးကြီးတယ် ။ ဘာဖြစ်လို.လဲ ဆိုတော သူများ ပြောလို.မဟုတ် ကိုယ့်ဟာ ကိုယ် လေ့လာသိရှိရတာ ဖြစ်တဲ့အတွက် ကိုယ့်ဘ၀ ကိုယ်ဖန်တီး ဘို.အပြင် သူများကိုတောင် ဝေဌနိုင်လိမ့်အုံးမယ် ။ တနည်းအားဖြင့်ပြောရရင် ကိုယ်ဟာ ကိုယ်တရားရှာတွေ.လို. တရားပေါက်တယ် ဆိုကြပါစို.။ သူတပါးကိုလဲ ဝေဌနိုင်တယ် ၊ နောက်တနည်းကလဲ ဂေါတမ ၊ ကွန်ဖြူးရှပ် ၊ ယေရှုခရစ်နဲ.မိုဟာမက် ဆိုတဲ့ ပုဂိုလ်စွဲတွေ ဖျောက်ပြီး အရှိကို အရှိအတိုင်း မြင်ကြလက်ခံ လာကြမှလဲ ဖြစ်လိမ့်မယ်။ အစွဲ ဖျောက်လိုဆိုတာဟာ လုံးးဝ စွန်.ပါယ်ဘို.အဟုနဘူးဆိုတာကို နား
လည်စေခြင်တယ် ။ ဒါဟာကောင်းကျိုးကိုသာ ဖြစ်စေမယ် ။ သူတို.ကိုတောင် ပုဂိုလ်မစွဲကောင်းပါဘူးဆိုရင် တခြားသာမန်လူတွေ ထဲက ဘယ်သူ.ကို ပုဂိုလ်စွဲ ကြအုံး မလို.လဲ ? ဒို.တတွေ ပုဂိုလ် မစွဲသင့်ကြတော့ဘူး ထင် တယ် ။



ဒို.အားလုံးဟာ အကောင်းကိုသာ မျှော်လင့်ကြတာဖြစ်ပေမဲ့ကောင်းတာဘာတွေ လုပ်ပြီး ဘာအကောင်းတွေကို မျှော်လင့်နေကြတာလဲလို. ကိုယ့်ကိုကိုယ် မေးရ
မယ် ။ အကောင်း အဆိုး ဆိုတာကတော သဘောတရားရေး ဆရာကြီးတွေ
ပြော တဲ့ အတိုင်းဘဲဆိုတာထက် ၊ ကိုယ်ဘယ်လိုယူဆဆုံးဖြတ်တယ်ဆိုတာသာ အဓိက ဖြစ်နေ ပုံရတယ် ။၊ အတွေးမတော်လို့ ဘေးချော်တာတွေရှိမယ် ။ ဒါကြောင့်လဲ ပြောခြင်ရာပြော ၊ ထင်ခြင်ရာထင်ဆိုပြီး ကိုယ်ပြောခြင်တာကို
ပြောရမယ်၊ လုပ်ခြင်တာကိုလုပ် ၊ လုပ်သလိုမဖြစ်ရင် ဖြစ်သလိုသာ လုပ်
တော့ဘဲ ။ အဲဒါ လက်တွေ.တရား တွေ ။ ဆွေးနွေးခန်းကို မရောက်နိုင်တော့
ဘူး။ အချိန်ကုန်ရုံဘဲ ရှိမယ် လို ယူဆနေသူတေါရှိမယ်၊၊



အခွင့်သာတုန်း ပုံပြင်လေးတခု ပြန်ပြောပြခြင်တယ် ၊ကြားဘူးသူများရှိကြပါ
လိမ့်မယ် ၊ အတွေးအခေါ် ပညာရှင် တယောက်ဟာ တနေ.မှာ အရိပ်ကောင်း သစ်တပင် အောက် တယောက်ထဲထိုင်ပြီး ကြိမ်ဖန်များစွာခေါင်းက ဆံပင်တွေ
ပွတ်လိုက် မုတ်ဆိပ်မွှေး နှုတ်ခန်းမွှေးတွေကို ပွတ်လိုက်နဲ.နက်နက်နဲနဲစဉ်းစား
ခန်း ၀င်ခဲ့သတဲ့။ ရက်ကြာလာတဲ့ အခါ ။ ပညာရှင်ရ.ဲ ဂုဏ်ကို လေးစားသူ လမ်းသွားလူငယ် တယောက်က မနေနိုင်တော့တဲ့ အဆုံး စူးစမ်းတဲ့ အနေနဲ့ အနားကပ်ပြီး ပြီး မရဲတရဲနဲ. ဘာတွေများ ဒါလောက် အတွေးနယ်ချဲ.နေပါသလဲ ဦး ခင်ဗျာ၊ သိခွင့်ရှိရင် ကျနော့ကို သိခွင့်ပေးပါ တဲ.။ ဒီတော့ ပညာရှင်က အေးကွဲ.မောင်ရဲ. ဆံပင်နဲ.မုတ်ဆိပ် ဘယ်ဟာက အမြစ် ဘယ်ဟာက အဖျား ဖြစ်မလဲဆိုတာ စဉ်းစားနေတာလို. ဖြေလိုက် တော့ ၊ အဖြေတွေ.ရင် ကျနောတို.ကို လဲ ဝေမျှဘို.မမေ.ပါနဲ. ဦးရယ် ဆိုပြီး ခရီးဆက်ထွက် သွားတယ် တဲ့ ။



အသိတရားဆိုတာ သမုဒ္ဒရာထဲက ရေလိုဘဲ များပြားပါတယ် ။ အသိတရား
များပြား သူတွေဟာလဲ ပင်လယ်တွေ သမုဒ္ဒရာတွေကို ကူးဖြတ် နှိုင်ကြပြီး ၊ လှိုင်းကြီး လှေအောက် ၊ တောင်ကြီး လှိုင်ဖေါက် ၊ မြစ်ကြီး တံတားဆောက် ခဲ့ ကြတာ လူတွေဘဲ ဖြစ်ပါ့မယ် ။



လူဟာ ဖန်တီးရှင်လဲဖြစ် - ဖျက်ဆီးရှင်လဲ ဖြစ်တယ်ဆိုရင် ဘယ်သူမှ မငြင်းနိုင်

ဘူး၊ လူ.စွမ်းအားဟာ တိုင်းတာလို. မရပါဘူး ။ လူ.စိတ်ဟာ ဆန်းကျယ်တယ် ၊
စိတ်ရဲ.အသွားနှုန်းကို ဘယ်ပြဒါးတိုင်နဲ့မှတိုင်းတာ လို.မရပါဘူး ၊ အသံထက် လျှင်မြန်တဲ့ အသွားနှုန်း ရှိတဲ့အလင်းရောင်ရဲ.အသွား နှုန်းထက် အဆပေါင်း
များ စွာ လျှင်မြန်ပြီး တချိန်ထဲမှာဘဲ စိတ်ဟာ နေရာ ပေါင်းမြောက်များစွာကို
ရောက်နှိုင်စွမ်းရှိတယ်လို.တတ်သိ နားလယ်သူ စူးစမ်းလေ့လာသူ လူကြီးသူမ
တွေ ပြောလို မှတ်ရဘူးပါတယ်။



စိတ်ဟာတည်ငြိမ်မှုမရှိ၊ စိုးမိုးဘို.မလွယ်ကူပါဘူး တဲ့။ ဒါကို သိလို.ဘဲလူ.စိတ်ကို တည်ငြိမ်အောင်ထိမ်းသိမ်း ကြဘို. ဖမ်းမိနှိုင်ဘို.နည်းလမ်းတွေ ဆေးဝါးတွေကို လူတွေကဘဲ ဖန်တီးကြပါတယ် ၊ စိတ် ပိုင်းဆိုင်ရာနှဲ. မကင်းနှိုင်ကြတဲ့ တတ်သိ
နားလယ်သူ စူးစမ်းလေ့လာသူ လူကြီးသူမတွေကဘဲ စိတ်ကြွဆေး ဆိုတာတွေကို တဖက်ကနေ ဖန်တီးကြပြန်ပါတယ် ။



ကောင်းကျိုးကို ရည်ရွယ် မြော်ကိုးစေလိုလို. ဖန်တီးခဲ့မှုတရပ်ဟာ မရည်ရွယ်တဲ့ ဆိုးကျိုးသက်ရောက် မှုပါ တပါတည်း ပါလာလေ့ရှိတာကိုလဲ တွေ.ရတတ်ပါ
တယ် ။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ကောင်းကျိုးနဲ.ဆိုးကျိုး
ဟာ ဒွန်.တွဲနေတာကို တွေ.ရပါတယ၊် ။ပေါ်ထွက်လာမဲ့ အကျိုးဆက်တွေကို ဆက်ပြီး ထိမ်းသိမ်းနိုင်ဘို. နောက်ထပ် ဖန်တီးမှု တခု ထပ်ပြုရပြန်တာမို. ဆင့်ကဲဆင့်ကဲအလုပ်တွေနဲ လူဟာ စိတ်ရော ကိုယ်ပါ နွမ်းနယ်ပန်းလျှ လာ
တယ် ၊ ဆေးပါတ်မမီရင် ဥမ္မတကော ဆိုတာထက်လွန်တဲ့ စိတ်တဇ္ဈဝေဒနာ ကပ်တော့တာဘဲ ၊ ရိုးရိုးပြောရင် ရူးတာဘဲ ပေါ. ။



ရူးတာဟာအခြေခံအားဖြင့် သွက်ခြာပါဒဆိုတာနဲ့ ယဉ်ယဉ်လေးရုးဆိုပြီး ၂ မျိုးရှိတယ် တဲ့။ ပဌမမျိုးကတော့ လူသိလွယ်တယ် ထိမ်းမနျှိုင်သိမ်းမရ ၊ အသိတရားလုံးဝလက်လွတ် သူကိုယ်သူရော သူတပါးကိုပါ အန္တရယ် ပြုနိုင်
တာမို. ထောင်သွင်းအကျဉ်းချ ထားရတဲ့အထိဖြစ်တယ် ၊ ဒုတိယမျိုး ကတော
ယဉ်ယဉ်လေးမို.မသိသာ ဘူး ၊ အသိတရားလုံးဝကင်းလွတ်နေတာ မဟုတ်
သူလိုငါလိုဖြစ်လို.မသိသာပေမဲ့ ၊ နေမြင့်လေ အရူးရင့်လေ ဆိုတဲ့စကား ရှိတယ် ၊ ဦးနှောက်ထဲအောင်းနေတဲ့ (အရူးစပေါ့(တ) )ကို ဘယ်နေ.ဘယ်ချိန်မှာ နေရောင်ခြည်တန်းက တိုက်ရိုက် ထိမယ် မသိဘူး ။ ပိုပြီးသတိထား ရမယ်။



မြန်မာနိုင်ငံမှာ ယဉ်ယဉ်လေးနဲ.ရူးနေသူတွေ ဘယ်လောက်ရှိမယ် မသိနိုင်ဘူး ။ အရူးအရူးချင်းလဲ သိချင်မှ သိမယ် သိချင်လဲသိမယ်။ လက်ညှိုးထိုးရင် ကိုယ်ပါ ပါသွားမှာစိုးလို.လဲဖြစ်လိမ့်မယ် ၊ ကိုယ်ရူးတာကို ကိုယ်မသိ သူများ ပြောမှ သိရ
တာ ၊ ကိုယ်.ဟာကိုယ်တော့ အကောင်းချည်းဘဲ သတိပေးခြင်တာတခု ကတော့
အရူးနဲ.အမဲသား မတည့်ဘူးတဲ့၊ အရူးကို အမဲသား မကြွေးပါနဲ. တဲ့ ။



လူတွေကို သူတိုယုံကြည်ရာကိုးကွယ်ရာ ဘာသာတိုင်းက သွန်သင်ကြတာမှာ စိတ်ကို ထိမ်းသိမ်းဘို.ကိုလဲ သင်ပြ ကြပေမဲ. ဘယ်သူမ တော့အောင်မြင်ကြ တယ်လို.မကြား ဘူးသေးဘူး ၊ လွန်ခဲ့တဲ.နှစ် ၂၆၀၀ ပါတ်ဝန်း ကျင်မှာ ဂေါတမ ဆိုတာ တယောက်ရှိခဲ့ဘူးပြီး သူနည်းကို တချို.လူတွေက လိုက်နေ ကြတယ် ။
ဗုဒ္ဒဘာသာဝင်တွေဘဲပေါ.၊ တရားစခန်းဝင်ကြတယ်၊ စိတ်ကို သန်.စင်ဘို. ထိမ်းသိမ်းဘို.ကြိုးစားနေကြလေရဲ.။ ဘာမှ မလုပ်တာထက်ဆာရင် ၊ဒုတ်ဆွဲ ဒါးဆွဲတွေ ထက် ဆာရင် အများကြီးတော်သေးတာပေါ့၊ အဲဒါဟာ မိမိရော သူတပါး ပါ အန္တရာယ် ကင်း ဘေးရှင်းစေတဲ့ နည်းဘဲ ။



တကယ်တော့ အခုအချိန်အခါမှာ ဘာသာတရားမျိုးစုံတိုရဲ.သင်ကြားဆုံးမ မှူ
ကြောင့် လူအားလုံးတို.ဟာ အကောင်း အဆိုး အကြောင်းအကျိုးဆိုတာတွေ သိသင့်သလောက်သိနေကြတာဘဲ ၊ ဂေါတမ ၊ ကွန်ဖြူးရှပ် ၊ ယေရှုခရစ်နဲ.မိုဟာမက်တို. အားလုံးကလဲ သူတို.အလျှောက် သူတိုဒေါင်.ကနေ တရားတွေ
ကို အယုတ် အလပ် အမြတ် မရွေးဘဲ တမျိုးထဲ တညီတညာထဲ ဘဲ သင်ပြတယ် ။ ဘာကို ဘယ်လိုခံယူတယ် ဆိုတာကတော့ မိမိရဲ့လက်ခံနိုင်မှူစွမ်းအား အသိ
တရားပေါ်မှာ ဘဲ တည်ပါတယ် ။



တော်သေးပြီလေ ပျော် ပျော် ပါးပါး ပေါ.