Article submitted by: minkyaw thuyein on 28-Dec-2012  
ခေတ်မီ မြန်မာတို. အတွက် အသိတရား ။
place holder


ဒို.လူကလေးများ ဆိုသလေး ၊


ဘာသာတွေ ကွဲပြားခြားနားနေသည့်တိုင် တူညီသော အချက်ကတော့ လူ.ဘ၀မှာ လူတို. ပါတ်ဝန်းကျင်နဲ. သင့်တင့် လျှောက်ပတ်စွာကျင်ကြံနေထိုင်အပ်တယ် ဆိုတဲ့ အသိတရား ကိုဟောတယ် ။


အတ္တ ဆိုတာ မရှိရဘူးလို. ဘယ်သူမှ မပြောဘူး ။ ။ ဂေါတမကလဲ မဟောဘူး ၊ အတ္တ ဆိုတာ ရှိတယ် ၊ ရှိလို.လဲ အတ္တ ဆိုတဲ့ ဒီစကား ပေါ်လာတယ် ၊ အတ္တဆိုတိုင်းလဲ မကောင်းတာချည်းတော့ မဟုတ်ဘူး ။ ရှိသင့် သလောက်
တော့ ရှိအပ်တယ်လို.နား လည်ရမှာဘဲ ။ အတ္တ များလွန်းနေသူတွေဟာ အင်္ဂလိပ်လိုမှ နားလည်မယ်ဆိုရင်တော အီဂိုရစ်(စ ) တွေပေါ့ ၊ ဘယ်သူတွေနဲ့မှ အပေးအယူ ဖလှယ်မှုတွေနဲ့ အဆင်ပြေ အောင် လုပ်နိုင်ကြမဲ့သူတွေ မဟုတ် ၊ အမြဲတန်း သူတို.ကသာ အနိုင် ယူခြင်တဲ့ တကိုယ်ကောင်းသမားတွေ (ဒီ တိတ်တာ) ဆိုတဲ့ အာဏာရှင် အာဏာရူးတွေဘဲအာဏာရရင်ဘာမဆိုလုပ် ကြမဲ့ အာဏာငန်းနေသူတွေ ဖြစ်တယ် ။


လူ ဆိုတာ ကိုယ့်ခြေ ၂ ချောင်းပေါ်မှာကိုယ် မါးမါးမတ်မတ် ရပ်နိုင်မှ သူများကို ကူညီ ဖေးမ နိုင်မယ် ဆိုတာ သဘာဝ၊ ကိုယ်ကိုကိုယ် အရင် ဦးအောင် မါးမါးမတ်မတ် ရပ်နိုင်ဘို.ကြိုပန်းတာဟာ သဘာဝနဲ့ ဆန်.ကျင်နေတာ မဟုတ်ဘူး ။ ဒါကို အတ္တ လို.မပြောနိုင်ဘူး ။


တချို.တွေများဆိုရင် အတ္တဆိုတဲ့ ကိုယ်ကျိုးကို စွန်.ပြီး သူများ(ပရ) အကျိုးဆောင်ရွက်ကြတယ် ပုံတိုပတ်စ အမျိုးမျိုးကြား ဘူးတဲ့ ထဲမှာ ၊ ဂေါတမ နုစဉ် ဝေဿန္တရာဘ၀ က ဇနှီး သား သမီး အသွေး အသား နှလုံး.အသဲမှစ ၍ ခန္ဒာကိုယ် အစိပ် အပိုင်းကို အလှုခံလိုသူရှိက ပေးလှု ပါ့မယ်လို အဓိဌာန်
ခဲ့တယ် ၊ ဒါတောင် အတ္တ ဆိုတဲ့ ဘုရားဖြစ်ခြင်ဇေါကပ်နေလို.ဘဲ ပေါ့ ၊ အခုခေတ်မှာ ဒီလိုဒါန မျိုးတွေံဟာ ခေတ်စားနေပြီး ပေါသလိုဖြစ်လာပေမဲ့ မြင့်မြတ်သော စိတ်ကိုတော့ ဘာနဲ့မှ နိုင်းယှဉ်နိုင်မယ်မဟုတ်ပါဘူး ။ အခုအခါမှာ မယားနဲ.သားသမီးလှုလိုက်ရင် လင့်ဝတ္တရား အဖ၀တ္တရား မကျေပြွန်ရာ ရောက်လိမ်.မယ် ဆိုရှယ်ဆားဗစ် ဆိုတာကို ရှင်းရလိမ်မယ် ၊ အကြောင်းကြောင်းကြောင့် မွေးစားဘို. မွေးစ ခလေးကို စွန့် ပစ်ခဲ့တာ ၊ ငွေကြေးနဲ. ရောင်းစားတာတွေနဲ.တော့ မရောနဲ့ပေါ့လေ ၊ အဓိပါယ် တခြားစီဘဲ၊


ဒီနေ. ဒို.မြန်ပြည်သား တချို.ဟာ ဘာကို မှ တိတိကျကျ လေ.လာခြင်းမရှိ အသိပညာနဲပါး အမြှော်အမြင်နဲနေကြတယ် ၊ ဘာ တရား မှမရှိကြဘူး လို.ဆိုရင် ကြိုက်ကြမယ် မဟုတ်။ ဘယ် ဘာသာဝင်တွေမှန်းလဲ မသိကြ၊ သူတို.တတွေ မိစ္ဆာဒိတ္ထိ ဖြစ်နေလို. ဖြစ်နေမှန်းတောင် မသိကြဘူး ဆိုရင် ပိုဆိုးမယ် ၊ ခေတ်သုံး စကားနဲ.ပြောရရင်တော့ ကွန်မြူနစ်ယောင်ယောင် ဆိုရှယ်လစ်
ယောင်ယောင်န.ဲယောင် ၆၀ နေကြတုန်းဘဲ။ ကိုယ်.ဟာကိုယ်ကြည့် ပြီး မှိုမှန်း မြှစ်မှန်း မသိကြဘူး လို.ဘဲ ပြောရတော့မယ် ။


နိုင်ငံသားတွေထဲမှာလဲ တိုင်းပြည်နဲ.လူမျိုးကို အသက်ပေး ကာကွယ်မယ်ဆိုတဲ့ အဓိဌာန် ရယ်ရွယ်ချက်နဲ့ တပ်မတော်ထဲ ၀င် ၊ အသက်တောင်စွန်.နေကြသူတွေ
လဲ ရှိတယ် ။ ဒီ လူတွေဟာ တိုင်းပြည်တပြည်လုံး လူမျိုးတမျိုးလုံး ပါဝင်တဲ့ ( ပရ ) ဆိုတဲ့ သူများအကျိုး ကိုဆောင်ရွက်နေကြတာဘဲ ၊၊ အရပ်ဖက်မှာဆိုရင် တချို. လူတွေဟာဆိုရင်လဲ ရှိစု မဲ့စုလေးကို မစားရက် မသောက်ရက် ရင်းနှီး
မြှုတ်နှံ ၊ သူတပါးလိုအပ်တာကို သင်တင့်တဲ့အခကြေးငွေ အမြတ်အစွန်းယူပြီး
တနည်း ပံ့ပိုးကြတယ်။ လုပ်ငန်းချဲ. လာတယ် ၊ လူတွေကိုပိုပြီး အကျိုးပြုလာ
နိုင်တယ် ။ ဒါမျိုးတွေဟာ ကမ္ဘာ.လူသားတို. ယဉ်ကျေးတိုးတက်လာရမှုတွေ ရဲ. အခြေခံတွေဘဲ လို.ပြောလို ရတယ် ။ ဒို.အတွေ မမွေးမီ ရှေး ပဝေဏီ ကတည်းက သူဌေး သူကြွယ် လယ်လုပ် ပွဲစား ဆိုတာတွေ့ ရှိခဲ.တာ ဘဲ ။ အခုခေတ်မှပေါ်လာတာ မဟုတ်ဘူး ။


သူဌေး သူကြွယ် လယ်လုပ် ပွဲစား အားလုံးဟာတွေဟာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ တွေဘဲ ၊ ငွေရင်းပမာဏတွေ ကြီးပွားတိုးတက်အောင် ငွေကို သူတို.နည်းနဲ.သူတို.ကစားကြတယ် ၊ လှည်.ပတ်ကြတယ် ။ ဒါကို နားလယ်သူတွေရ.ဲ နိုင်ငံတွေ ဟာ အထွေထွေ အရပ်ရပ် တိုးတက်တဲ.နိုင်ငံ အဖြစ် ရပ်တည်နေကြပြီး ။ ဒါကို နားမလည် သူတွေ လက်မခံသူတွေက ငွေရှင် ကြေးရှင် စီးပွားရေးသမား မမြင်သာ မရှူစိမ့် ဖြစ်ကြတယ် ၊ ရစရာ မရှိ ၂ ပြားမတန် ပြောကြတယ် ၊ နှိမ့်ချကြတယ် ၊ လူဆိုးဂိုဏ်းများသဖွယ် ရိုးစွတ်ပြီး ရန်လုပ်တယ် ၊တချို.ကဆိုရင်လဲ အပြီးအပိုင် ခြေမှုန်းသုတ်သင်ရေး လမ်းစဉ်နဲ. အရင်းရှင် ကို အရင် ရှင်းဘို. ကြိုးစားကြတယ်၊ ကိုယ့်ကို ထမင်းခွန်.တဲ့လက်ကို ဖြတ်တောက်ပစ်ဘို.ကြိုးစား ကြတယ် ။ ဘယ်လောက်များ မိုက်မဲကြသလဲလို.၊ သူများယောင်လို.ယောင်ရတယ် အမောင် တောင်မှန်းမြောက်မှန်း မသိဆိုတော့ အရှေ.နဲ့ အနောက်ဆိုတာရော တကယ် သိကြရဲ.လားလို. ဒွိဟ ဖြစ်မိတယ် ။ နောက် ဆုံးမတော့ သူတို.လဲ ဒီပုတ်ထဲက ဒီပဲပါဘဲ ၊ ဘယ်ခေတ် ဘယ်အချိန်ကာလက မဆို ဘယ် နိုင်ငံမှာမဆို ဆင်းရဲ ချမ်းသာဆိုတာ ရှိစမြဲ ဘဲ ။ ဒါကို ဘယ်သူမှ ချီးတုံး ကြီးနေစရာမလိုဘူး လေထွားနေစရာ မလိုဘူး ၊ ဘယ်သူတွေ ချီးတုံးကြီးတိုင်း ၊လေလယ်တိုင်း နောက်ကလိုက်နေ ရအောင် ဒို.အားလုံးဟာ ချီးစား ခွေးတွေ မှမဟုတ်တာ၊


ဒီနေ. မြန်မာနိုင်ငံဟာ တံခါးဖွင့် စီးပွားရေးမူဝါဒဘဲ ပြောပြော ၊ ဈေးကွက် စီးပွားရေးစံနစ်ဘဲ ဆိုဆို ပြောင်းလဲ ကျင့်သုံး လာနေပြီး ရင်းနှီးမြုတ်နှံမှုတွေ ၊ တနည်းအားဖြင့် ငွေရှင်ကြေးရှင်တွေ သူဌေး သူကြွယ်တွေကို လက်ရပ် ဘိတ်ခေါ်နေပြန် တော့ တခါသေဘူး ပျဉ်းဘိုး နားလည် ကြသူတွေ ကတော့ စောင့်ကြည်.စဉ်းစားကြလိမ့် အုံးမှာဘဲ ။ သူတို.ကိုလဲ အပြစ် ပြောလို. အဖြစ်ဘူး ထင်တယ် ၊ အရင်းရှင်ကို အရင် ရှင်းခဲ့တာ ဘယ်သူ.သဘောထားလဲ ?



ဒီနေ.ကြားနေရတာတွေက ချမ်းသာသူကို ဆင်းရဲသူက ကြည့်မရဘူးဆိုတာဘဲ၊
လူထူသဘောထားလို.ဆိုရမလား? ခေါင်းဆောင်ဟာ လူထုဆန္ဒကိုလိုက်ရောရ
မှာက ဒီမိုကရေစီ လား။ ခေါင်းဆောင်က လုပ်သင့်လုပ်ထိုက်တာကို လုပ်တာက လူထုအတွက်လား? လူထုက ဆန္ဒအရရွေးချယ်တဲ့ခေါင်းဆောင်ချမှတ်တဲ့ မူဝါဒ
လမ်းစဉ်ကို လူထုကိုယ်၌က လိုက်နာခြင်းမရှိရင် ဖြစ်စေ ၊ တခြား ဆန်.ကျင်သူ လူတစုက မလိုက်နာရင်ဖြစ်စေ ၊ ဒီမိုကရေစီဆိုတာ ဘာအဓိပါယ်မှ မရှိတော့ဘူး ။


၁၉၈၀ ခုနှစ်တွေအတွင်းက ဆိုဗီယက် ဆိုရှယ်လစ် သမတ နိုင်ငံမှာ မိုက်ခဲ ကိုဘချော ( Mikhail Gorbachev) ဆိုသူ အကြီးအကဲက ၊ ပယ်ရဲ.(စ)ထရိုက်ကာ( Perestroika) ခေါ် ပြန်လည်တည်ဆောက်ခြင်းလို.အဓိပါယ်ရတဲ့မူ ၊ ဂလပ်(စ) နော့(စ) ( Glasnost ) ဆိုတဲ့ ပွင်းလင်းရေးဝါဒတွေ ချမှတ်လိုက်
ကာမှ သူလဲပြုတ် တိုင်း ပြည်ရော ဆိုရှယ်လစ်ရော ဆိုဗီယက်ရော ပျောက်ချင်း
မလှပျောက်သွားပြီး ကျန်သူတွေက ရုရှ ဖယ်ဒရေးရှင်း တည်နေဘို.ဆိုတာ ဆူပါဂလူး ကျွဲကော် နဲ့ မနဲ ကပ်ထားရတယ် ။


မပြောခြင်လို.သာနေတယ် ။ နေရာတကာဝင် ပါဘို.လဲ အားချိနေခဲ့တော့တယ်။ ဒီကြားထဲ ချက်(ချ)ည သူပုန်ဆိုတာ ပေါ်လာပြီး အာဖဂန်နစ်(စ)တန် ကပြန်လာထဲက ထိုင်းမှိုင်းနေတဲ့ ရုရှားတပ်မတော်ကို စစ်ရေး သွေးပူလေ့ကျင့်
ခန်းတွေ ပေးနေ တယ် ၊ ခွဲထွက် နိုင်ငံ မလောက်လေးမလောက်စား ဂျော်ဂျာ
က ဘယ်သူ.အားကိုးနဲ့ လက်တဲ့ စမ်းတယ်မသိဘူး၊ ငယ်ပေမဲ့ အဆိပ်ရှိတယ်
နော် ဆိုပြီးမနိုင်မှန်းသိရက်နဲ. သြော်ဒေးစ ကို ၀င်တိုက်တာဟာ အမောက်
ထောင်ပြ လိုက်တာ လဲ ဖြစ်နိုင်တယ် ၊ ရှရှားးကလဲ ကျောင်းမှန်း ကန်မှန်း
သိအောင် လုပ်ပြလိုက်တယ် ။ တောင်ပိုင်းလွတ်လပ်ရေးကြေငြာတာကို
အသိအမှတ်ပြု ထောက်ခံပြီး လုံခြုံရေးတာဝန်ယူ လိုက်တယ် ၊


အကျိုးဆက်တွေကို ကြိုတင်ထည့်သွင်းစဉ်းစား ခြင်း မရှိဘဲလုပ်လိမ့်
မယ်တော မဟုတ်တန်ဘူး ၊ ဒါမျိုးလုပ်တယ်ဆိုတာ ဖြစ်သမျှရင်ဆိုင်မယ် သူများချယ်လှယ်တာ ခံရတာ ထက် သေတာက မှ မြတ်သေးတယ်လိ.ု စိတ်ကူး
ပေါက် ပုံရတယ် ၊ ရုရှားကို မထိနဲ. မီးပွင့်သွားမယ် ဆိုတဲ့သဘောဘဲ။


သူ.ကိုယ်သူ ကာကွယ် နိုင်ပါတယ်ဆိုတာ ဘေး ဘယ် ညာက သက်ဆိုင်သူ
တွေကိုလဲ အတိအလင်း သတိပေးလိုက်တာ ပြလိုက်တာလဲ ဖြစ်မယ် ။ နယူးကလီးယား လက်နက်တွေနဲ. တောင်တင်း တဲ့ တပ်မတော်သာ မရှိခဲ့ရင် ရုရှားဘာဖြစ်မယ် ဆိုတာ မစဉ်းစားရဲဘူး ၊ ရုရှ ဖယ်ဒရေးရှင်း ဆိုတာတောင် ကျန်ပါ့မလားမသိ ဘူး ။ သမိုင်းမှတ်တမ်းအရ ရုရှားဟာမကြာခဏ အပြင်လူတွေရဲ.လုပ်ကြံ ခံရတာကို တွေ.ရတယ် ။


မြန်မာနိုင်ငံ ကိုဘယ်လိုမြင်ကြမလဲ ? မြင်ခြင်သလိုသာမြင်ကြပေတော့ ၊ တခုတော့ရှိပါတယ်ရုရှားတွေနဲ.မြန်မာတွေဟာ လူချင်းတူသည့်တိုင် အရာရာမှာ အသက်ရှုချင်းတော့ ကွာတယ် ဆိုတာ လေ.လာသူတွေ သိပါတယ်။ ပြောမယ်ဆိုရင် မြန်မာ.တပ်မတော် ဟာ လေ့ကျင့်သားရ အရေ၀ နေတဲ့ ၀ါရင့်
တပ်မတော် တခုဖြစ်ပြီး ၊ သူတို.တာဝန်သူတို.သိ ၊ တာဝန် ကျေပြွန်တဲ.တပ်မတော် တခုဖြစ်တယ် ၊ အရွယ်ချင်းတူရင် လက်နက်ချင်းတူရင်
ဘယ် တပ်မတော်ကိုမှ ၊ ဘယ်ရန်သူကိုမှ ဘာမထီတဲ့ မြန်မာ့ ဇါနည် စစ်သည် သွေးသောက်တွေနဲ.ဖွဲစည်းထားတဲ့ တပ်မတော်ဖြစ်တယ် ။ မြန်မာ့တပ်မတော်မှာ နူးကလီးယာ လက်နက်တွေ မရှိပေမဲ့ ကိုယ်ကိုကိုယ် ကာကွယ်ခွင့်အရ ကာကွယ်ဘို.အသင့်ဘဲ ။


မြန်မာ့တပ်မတော်ကို အညှိုးကြီးနဲ.ဖျက်ဆီးခြင်နေတဲ့သူတွေရှိတယ် ၊ အကြမ်းနည်းနဲ. မဟုတ်ရင် အနုနည်းနဲ. ၀င်ပြီး ဖျက်ဆီး လိမ့်မယ် ၊ ဖျက်လို.မရရင် ၊ မြန်မာ.တပ်မတော်ကို နိုင်ငံခြားသြဇာခံတဲ့ စစ် တပ်တတပ် ထက်မပိုစေလိုသူတွေ ရှိတယ် ။ တပ်မတော်နဲ. မျိုးချစ်တွေကလဲ ဒါကိုသိတယ် ၊ သတိမလစ်ဘူး။ တပ်မတော်ကို နိုင်ငံရေး ၊ စီးပွားရေး လူမှုရေး ၊ ဘာသာရေး ဖက်ကနေ တိုက်ခိုက်နေတယ်၊ တပ်မတော်ဟာ အားလုံးကို ကာကွယ်ရမဲ့ တာ
ဝန် ရှိတယ် ။ တိုင်းပြည်ရဲ. လုံခြုံရေး ၊ ငြိမ်ဝပ်ပိပြားရေး ၊ တရားဥပဒေ စိုးမိုး
ရေးတို.အတွက် တာဝန်ရှိ တယ် ၊ အကျင့်ပျက် နိုင်ငံရေးသမား တွေ အဂတိ
လိုက်စားပြီး နိုင်ငံနဲ. လူမျိုးကို နည်းအမျိုးမျိုးနဲ ဖျက်ဆီးတာ ရောင်းစား တာကို လက်မခံနိုင်င်ဘူး ။


ကြုံလိုပြောရရင် ၁၉၅၅ ခုမှ ၁၉၇၅ ခုထိ အရှေ.တောင် အာရှ ဒေသ နိုငံတွေအပေါ် အမေရိကန်ပြည်ထောင်စု က တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ် စစ် ဆိုတဲ့ ကွန်မြုနစ်ဆန်.ကျင်ရေးစစ်မှာ ဖြန်းမျှအသက် ၁၉ နှစ်သာရှိကြတဲ့ အမေရိကန် စစ်သားလေး တွေဟာ စစ်မြေပြင်က အိမ်အပြန် မျက်နှာကောင်း
မရဘဲ ဖနှောက်နဲ.ပေါက်ခံခဲရတယ် ။ မသမာ နိုင်ငံရေးသမားတွေ ဖန်းတီးတဲ့
မသမာစစ် ကို စစ်သားတွေက တိုက်ခိုက်ပေးရတာဖြစ်တော့ စစ်သားတွေလဲ မသမာ စစ်သားတွေအဖြစ် အမြင်ခံရတယ် ။


အမေရိကန်စစ်သားတွေ စည်းကမ်းဖေါက်ကြတာ ၊ စစ်ရာဇ၀တ်မှူကျူးလွန်တာ ၊ လူသားတို.အပေါ် လူလူချင်းဆာနာ ထောက်ထားမှု ကင်းတဲ့အမှု တွေဟာ ဖုံးနေ ဖိနေတဲ့ကြားက မကြားချင်မှအဆုံး မမြင်ခြင်မှအဆုံး ဘဲ ပေါ်လာတယ် ၊၊ ဟော်လီဝုပ် လုပ်ဇါတ်တွေမဟုတ်တဲ့ အဖြစ်မှန်တွေ ကို သက်ဆိုင်ရာတို.က အစဖျောက်ပစ်ခဲ့ကြတယ် ၊ ဂျနီဗါကေါ်ဗဲရှင်း တွေ ဘေးချိတ် ၊ သူတို.လက်ညိုး ထိုးခံရသူဟာ ရန်သူလို.သတ်မှတ်ခံရတယ် ။ အရပ်ဖက် တရားရုံးမဟုတ်တဲ့
စစ်ခုံရုံး တွေကို သုံးတယ် စစ်ထောင်တွေထဲမှာ ကာလအပိုင်းအခြားမရှိ မတရားချုပ်နှောင်ထားတယ်။ သူတို.သတ်မှတ်တဲ့ လူဆိုစာရင်းဝင်သူတွေကို သေသည် အထိ လူမဆန်အောင် ညှင်းပန်းနှိပ်စက် တာတွေကို တရားဝင် လုပ်ပိုင်ခွင့် တခုအနေနဲ. အင်အားကြီး နိုင်ငံ တချို.ရဲ့ ခေါင်းဆောင်တွေက တကမ္ဘာ.လုံးကို မျက်နှာဗြောင်တိုက် ပြောခဲ့တယ် လုပ်ပြခဲ့တယ် ။ ဘယ်ခွေး
တကောင်မှ ထ မဟောင် ဘူး ။ အထူးသဖြင့် မြန်မာ အင်းခွေး မျိုး ကြံစုံ တွေပေါ့ ။


ဒါကို မြန်မာစကားနဲ. ဆီလျှော်အောင်ပြောလိုက်တော့ ( သတ်ရဲ မင်းဖြစ် ) ဆိုတာဘဲပေါ ၊ ဘယ်သူတွေ ဘာတတ်နိုင်ကြ သေးသလဲ ? ဘယ်သူသေ သေ ငတေမာရင် ပြီးရော ဆိုသလိုပေါ့။ သတ္တိရှိရင် လာခဲ့လေ လို.တိုက်ရိုက် မခေါ်တာဘဲ ရှိတယ်၊ ရုရှား တရုတ်အပါအ၀င် ဘယ်သူတွေ သတ္တိရှိကြသလဲ? ဒီနေရာမှာ သတ္တိဆိုတာဟာ သတိ အသိတရား လို. ဆိုခြင်တယ် ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ.၊ ဘယ်သူ တရားပျက်ပျက် ကိုယ် မပျက်နဲ.ဆိုတာကို လက်ကိုင် ထား ရမယ် ။


မြန်မာတပ်မတော်ဟာ နိုင်ငံနဲ.လူမျိုးတို.ကိုပြည်တွင်း ပြည်ပ အန္တရာယ်မှ ကာကွယ်ပေးရမဲ့ တာဝန်ရှိတယ် အခြားခြား သော နိုင်ငံ ကြီးငယ်တွေရဲ့ တပ်မတော်တွေနဲ.ဘာမှမခြားဘူး ၊ နိုင်ငံတော် လုံခြုံရေးအတွက် ကြည်းရေ လေ ရဲ ဆိုတဲ့ လက်နကကပိုင် တပ်တွေမှာ တာဝန်ရှိတယ် ။ နိုင်ငံတော်လုံခြုံရေး ခိုးသားဓါးပြ ကင်းဝေးရေး ရပ်ရွာအေးချမ်းသာသာရေး တို.အတွက် လက်နက်ကိုင် တပ်ဖွဲ.တွေမှာ တာဝန်ရှိတယ် ။ အထူးသဖြင်.လက်နက်ကိုင် သောင်းကျန်းမှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်ကို တောင့်တင်းအောင်လုပ်ရမယ် တဖက်ကလဲ စည်းကမ်းထိမ်းသိမ်းပေးရမယ် ။ သူတို.လေး တွေ အများစုဟာ လူငယ်လူရွယ်တွေ မို.တာဝန်ထမ်းဆောင်ရာမှာ ချွှတ်ချော်မှုတွေ ဖြစ်လာတာ ရှိမှာဘဲ ။ စစ်သားမဟုတ်ဘဲအရပ်ထဲမှာ မူးယစ်သောက်စားပြီး ရာဇတ်ဝတ်မှူ အမျိုးမျိုးကြူးလွန်နေတဲ့အရပ်သားတွေလဲ ရှိနေတယ် ၊ သာသနာ့ဝန်ထမ်း ဘုန်းကြီးတွေ ထဲမှာတောင် စည်းကမ်းဖေါက်
သက္ခာဖေါက် ၀ိနည်းဖေါက် ဘုန်းကြီးတွေ ဒုနဲ.ဒေး ၊ သူတိုအားလုံးဟာ လူတွေ ချည်းဘဲ ၊ ခြောက်ပစ်ကင်း သူတော်စင်တွေမဟုတ်ကြဘူးဆိုတာကိုနားလည်
ရမယ် ၊


သူတပါးနဲ့နိုင်းယှဉ်ကြည့်မှ လဲ နားလည် နိုင်မယ်။ တပ်မတော်ထဲမှာ ကိုယ့်သားကိုယ့်သမီးတွေဘဲ ၊ သတင်းစာတွေ ကြည်.လိုက်ရင် မိန်းခလေးတွေဟာ ဗမာကြီးတွေနဲ.လက်ထပ်တာမတွေ.ရဘူး ဗိုလ်လေးတွေ ဗိုလ်ကြီးတွေ နဲ. လက်ဆက်ကြတာ ၊ ဗလယ်ချိုင့် နဲ.ဗကုံးဘဲ ကွာပါတယ် ။ တကယ်တော့ ဗိုလ်(ဘို)တွေ ချည်းပါဘဲ ။


နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးနဲ.ရောက်နေကြတဲ့ မြန်မာသစ်တွေ ၊ မြန်မာဟောင်း တွေထဲမှာ တပ်မတော်နဲ.ကင်းတဲ့ သူရယ်လို. မရှိသလောက်ပါ ။ သူတို.၀န်မခံရဲရင် ဂျင်းပိုး ( ဗီဇ ) တွေ စစ်ကြည့်ရင် သိပါလိမ်.မယ် ။ သူတို.ကိုလဲ ေƜ