Article submitted by: minkyaw thuyein on 24-Dec-2012  
ခေတ်မီတိုးတက်ရေးနဲ.့ပါတ်ဝန်းကျင်ထိမ်)
ခေတ်မီတိုးတက်ရေးနဲ.့ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး

ဒို.လူကလေးများ ဆိုသလေး ၊

ကိုယ့်ကိုကိုယ်မှန်ထဲကြည့်ပြီး ရုပ်လှသလားလို.မေးတော့ မှန်က မနှင်းဖြူ ကအလှဆုံးလို.ပြောသတဲ့ ။ ဂင်္ဂါငါး နဲ. ရမုံနာ ငါးတို အလှပြိုင်ကြဘို.လေထွားရာမှာ လိပ် ကို ခုံသူကြီးထားလိုက်ကါမှ ငါလိုဝိုင်းဝိုင်းစက်စက် မင်းတိုနဲ.မတူတယ် ရုပ်အလှ မှာကွယ် ကျုပ်ကသာတယ် မုချပါတကယ် ဒါတောင် ဦးရွှေလိပ်က ရေမချိုးရသေးဘူးလို.ပြောသေးသတဲ့ ၊ ကဲ အဲဒါသာကြည့်ကြပေတော့ ။ ကိုယ်ထက် လှတဲ့ သူတွေ အများကြီးဘဲ ၊ ကိုယ်ကလွဲရင် ဖွဲနဲ.ဆံကွဲ ဆိုတာကတော ကိုယ့် ရဲ.ထင်မြင်ယူဆချက်ဘဲ ဖြစ်လိမါ့မယ် ၊ မြန်မာစကားတွေဟာ စုံသလောက်လဲ အဓိပါယ်ပြည့်စုံ ပါပေတယ် ။

ဒို.တတွေ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်ကြသလဲ ? ဒို.ဘာတွေမှားနေသလဲ ချို.ယွင်းနေသလဲ အားပျော့နေသလဲ ၊ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတို.မှာ ဘာတွေ လိုအပ်နေသလဲ ဆိုတာ မသိရင် အမှန်ကို မသိရင် လက်မခံရင် ဒို.ဘာမှ တိုးတက် အောင်လုပ်နိုင်ကြ လိမ့်မယ် မဟုတ်ဘူး ။ ကိုယ့်ကိုကိုယ် စမ်းစစ်ဝေဖန်ခြင်းမရှိ ၊သူများ ဝေဖန်တာလဲ မခံနိုင် ကိုယ်ကသာ သူများကို စွပ်ဝေဖန်နေလို.တော့ သိပ်မစွန် ဘူး ဆိုတာ သိအပ်တယ် ။

ထမင်းရေပူလာလျှာလွှဲ ၊ ရောင့်ရဲတင်းတိမ်မှုဆိုတာနဲ.တော့ ၀မ်းချမနေကြနဲ.၊ တကယ်ရောင့်ရဲ ရဲ့လား? ဒါက အရှုံးသမား တွေရဲ.လက်သုံးစကားလို.ပြောရမှာကတော့ ၀မ်းနဲပါတယ် ၊ မြန်မာတွေ လုပ်တတ် ပြောတတ်တဲ့ အကျင့်ဖြစ်လာပြီ ဒီလိုဆိုရင် မကောင်းတော့ဘူး ၊ ကိုယ့်စိတ်သက်သာအောင် ပြောတဲ့စကား။ မစားမတဲ့ အမဲ သဲနဲ.ပက်ဆိုတော့လောက် တော့ မဆိုးဘူးပေါ့ လေ ။ ဒို.နိုင်ငံ ဒို.လူမျိုးထဲမှာ မစားရတဲ့အမဲ သဲနဲ့ပက်သူတွေ အများကြီး ဘဲ။ မြင်နေ တွေ.နေရသား ဘဲ ။ ဘာလုပ်နိုင်လို.လဲ ။ ဒါဟာ တိုင်းပြည် တခုမှာ ရှိအပ်တဲ့ လိုအပ်တဲ့ တန်ဆာပလာ လား၊ အတိုကောက်ပြောရရင် သူတိုဟာ ပြည့်တန်ဆာ တွေ ပေါ့ လေ ဟုတ်လား ?

ဘယ်သူ အပစ်ကင်းသလဲ ဆိုတဲ့ အမေးကို မဖြေနိုင်လို. အဂတိမှူတွေ တိုးခြင်တိုင်းတိုးနေတာ ဘဲ ဆိုရင်ရော ? ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လောဘ ဒေါသ မောဟ မကြီးဘို. ၊ လိုသည်ထက် မပိုကြဘို. ဆိုတာတွေကို ဆုံးမတာမှာ အစွန်းမရောက်ကြပါနဲ.ဆိုတဲ့ စကားနဲ့ချုပ် ထားတယ် ။ ဒါကို လုံးဝ သဘောပေါက် လက်ခံကျင့်သုံးအပ် တယ် ၊ လောဘ ဒေါသ မောဟ ဆိုတာ ဘယ်သူမှ မကင်းဘူး ရှိသင့်တာတွေရှိမယ် လိုအပ်တာထက် မပိုစေနဲ. ။

လူဆိုတာ ပုခုံး ၂ ဖက်ကြားခေါင်းပေါက်ပြီး မတ်တတ် သွားတာမို. လူ လို.ခေါ်တယ်ဆိုရုံနဲ.တော.မလုံလောက်သေးဘူး၊ အခြားအခြားသော လူတွေနည်းတူ ဒို.မတိုးတက်ရင် ဒို.လူကြီးတွေ ညံ့လို.ဘဲ လို.ပြောတာမကြိုက်ရင် ဒို.ကိုယ်တိုင်ညံ့ လို.ဘဲ ပေါ. ၊ ဒို.လူ မဟုတ်ဘူးလို.ပြောရင်ရော ကြိုက်မလား ?

မှန်ပါတယ် ပစ္စည်းသင်္ခါရ လူသင်္ခါရ တဲ့. အနိစ္စ ဒုက္ခ အနတ္တ တဲ့. ဒီတရားတွေ ပေါက်ပြီး မတိုးတက်ခြင်ရင် တောကိုဝင် တောမှာနေ ဥပုဒ်ရက်ရှည်စောင့်ပြီး တောမှာသေကြပေါ့ ၊ တောဝင်ဆိုလို တောခိုခိုငးတာမဟုတ်ဘူးနော် ၊ဂေါတမ လို တော ၀င် မျှတအောင် ကျင့်ကြံ နေထိုင်စားသောက်ဘို. သူပြောဆိုလမ်းပြ သွားတာကိုလိုက်ဘို.ပြောနေတာ ။ ခေတ်မီ တိုးတက်သော မြန်မာနိုင်ငံ ဖြစ် ဘို.ရာ အနိစ္စ ဒုက္ခ အနတ္တ ဆိုပြီး နေ.စဉ် ၁၀၈ ကြိမ် ရွတ်ဖတ်သရဇယ်နေလို. မရဘူး၊ ပရိတ်ကြီး ၁၁ သုတ် ရွတ်ပြီး မေတ္တာဘာဝနာတွေ ပွားများနေလိုလဲ မရဘူး ။ နားလည်သလိုလိုနဲ. အကုန်ရောပြီး အကုန်ရှုတ်ကုန်မှာကိုလဲ သတိထားရ လိမ့်မယ်။

ခေတ်မီတိုးတက်သော မြန်မာနိုင်ငံ ဆိုတာကို ဘယ်သူက တည်ဆောက်မှာလဲ ? မြန်မာနိုင်ငံကို မြန်မာတွေကသာ တည်ဆောက်ကြရမှာ ဖြစ်တယ် ဆိုတာ ထပ်ပြောနေစရာလိုသေးသလာ ? ဟိုလူမကောင်းဘူး ၊ ဒီလူ သောက်သုံးမကျ ဘူး ၊ ဘယ်သူ ဆိုး တယ်လို.ပြောရအောင် ကိုယ်က ဘယ်လောက် သောက်သုံးကျနေသလဲ - ကောင်းနေလို.လဲ ? အကြံကောင်းအစည်ကောင်း ရှိရင်ပေးကြပါ လို.ပြောထားသားဘဲ ၊ ကိုယ်နေရာ မရလို.မပေးခြင်ဘူးလား? နိုင်ငံတော်နဲ. နိုင်ငံသားတို. အတွက်လား ကိုယ့်အတွက်လား ?

ဆရာဝန်ကို လူနာက မိမိခံစားနေရတဲ့ ဝေဒနာကို အတိအကျ ရှင်းရှင်းပြောပြနိုင်မှသာ ဆရာဝန်က ဘာရောဂါဆိုတာ ခွဲခြားနိုင်မယ် လိုအပ်တဲ့ဆေးဝါး ရှောင်ရန် ဆောင်ရန်တို.ကို အကြံပြုနိုင်မယ် ၊ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာဘို. လိုလိမ်.မယ် ။ မိမိ ကိုယ်တိုင်ဆရာဝန် တယောက်က်ဖြစ်ခဲ့ရင်တောင် မိမိကိုယ် မိမိ ဝေဒနာရောဂါ မရှာသင့်ဘူး ဆေးဝါး မညွှန် သင့်ဘူးလို. အဆိုရှိတယ် ။ အားလုံးကောင်းစေခြင်လို.ဘဲ ။။

မြန်မာစကားမှာ ငါးစာသာပေး ကွန်ချက် မပြနဲ့လို.ဆိုထားတယ် ၊ အနောက်ဘက် စကားကတော့ ငါးစာပေးရင် တနပ် ဘဲစားရမယ် ၊ ကွန်တလက်ပေးရင် တသက်လုံး ငါးရှာစားနိုင်တယ်လို.ဆိုတယ် ဘယ်သူမှန်တယ် မှားတယ်ဆိုတာတော. စဉ်းစားကြည့်.ကြပေါ့ ၊ စာတွေ.လက်တွေ. တွေကိုပါ ထည့်ပြီး စဉ်းစားသင့်တယ် ။

မြန်မာတွေမှာ ခေတ်မီတိုးတက်တဲ့ အတွေးအခေါ်တွေ အကြံအစည်တွေ ဗဟုသုတတွေ အသိပညာတွေ ရှိကြဘို.လိုမယ် ဆိုတာ မကြာခဏပြောဘူးပါတယ်၊ မြန်မာတွေဟာ တကယ်တော့ မညံ့ပါဘူး ၊ ရာဇ၀င်သမိုင်းကို ပြန်ကြည့်ရင် ဒို.တတွေဟာ သူခေတ် သူအခါနဲ့ ခေတ်မီ တိုးတက်တဲ့ နိုင်ငံ တခုဖြစ်ခဲ့ပါတယ်ဆိုတာကို ရုပ်ပြ ရာဇ၀င်သမိုင်းမှတ်တမ်း တွေမှာအထောက်အထား တွေ ခိုင်လုံ.စွာ တွေရတယ် ၊ ဒါတွေကို လေ.လာသင့်တယ် မှတ်သားသင့်တယ် အတုယူ ထိမ်းသိမ်းသင့်တယ်။

ဒို.ရဲ.ရရှိပြီးသားတိုးတက်မှူတွေကို ဒို.မထိမ်းသိမ်းနိုင်ခဲ့ဘူး ၊ အနိစ္စကို အလွယ်တကုနဲ့ အညံ့ခံ လွန်းတယ်။ လူကြီးတွေ မိဘတွေကို ပြစ်တင် ဝေဖန်တာတွေဟာ ပွန်မြူနစ်တွေရဲ. မူဝါဒ အလေ.အကျင့်တွေလို.ဆိုတယ် ။ ဒို.မမွေးခင်က ဒို. နိုင်ငံနဲ.ဒိုလူမျိုး တိုးတက်ကြီးပွားဘို. ဒို.လူတိုင်းမှာ တာဝန်ရှိတယ် ။ သားသမီးမကောင်း မိဘခေါင်း တပည်.မကောင်း ဆရာ့ခေါင်းဆိုတာတွေဟာ မြန်မာစကား စစ်စစ်တွေဘဲ မဟုတ်လား၊

ကိုယ်ကျိုးရှာကြတယ် ဆိုတဲ့ စကားပြောထွက်သူတွေဟာ သူတို.ကိုယ်တိုင် ဘာတွေလုပ်နေကြသလဲ ဆိုတာ သူများမသိ စေခြင်လို. အာရုံဏ်လွှဲတာဘဲ။ ကိုယ်ဟာကိုယ် လင်ယူသားမွေး တိုင်ပြည်နဲ.လူမျိုး ဘယ်သူဘယ်ဝါဆိုတာတောင် မသိအောင် မွှန်နေတဲ့သူက သူများအကျိုး တိုင်းပြည်နဲ့ လူမျိုးအကျိုး ဘာတွေများ လုပ်ခဲ့လို.လဲ ပြစမ်းပါ ။ စိုင်ကေါ်လို. ခြုံပေါ်ရောက်ခဲ့သူ. သွေးအိုင်ထဲမှာ သူများခင်းတဲ့ ကေါ်ဇောပေါ်မှာထိုင်နေသူက သူကိုသူ ပဌမမြောက် အလီဇဘက်(သ်) ဘုရင်မ လို.အထင်ရောက်ပြီး ၀တ်ရုံခင်းပေးသူ ဆာဝေါလ်တာ ရယ်လေး ( ၁၅၂၂ - ၁၆၈၂ ) ကို သူကောင်းပြုမယ် ဆိုရင် ပြုစရာပါဘဲ. နောက်တက်ဘုရင် ပဌမမြောက် ဂျိမ်း လက်ထက်မှာ ဆာဝေါလ်တာ ကွက်မျက်ခံရတာတွေ ရှိဘူးတယ် ။

မြန်မာ့နိုင်ငံရေးကို ဘယ်သူတွေက ဘယ်လို ကုလားဖန်ထိုး နေသလဲ ကြိုးင်္ဆံနေသလဲ . ရုပ်သေးတွေအပြစ်လား ကြုးဆွဲသူ တွေအပြစ်လား ?

အောင်ဆန်းနာမည်ကို ဘုံးဘောလအော အလွဲသုံးစားလုပ်ပြီး အရေခြုံ အကာအကွယ်ယူနေကြတယ်။ တချို.ကလဲ အဘိုး အဖွား နံမည်တွေ ကြံဖန် သုံးကြတယ် ၊ ဘာ နန်းဆက် တွေတည်ထောင်ကြအုံး မလို.လဲ မသိဘူး ၊ သိထားကြဘို.က မြန်မာလွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူတွေ အသက် ပေးခဲ့ကြသူတွေ ဟာ အောင်ဆန်းတယောက်ထဲ မဟုတ်ဘူး ။ အောင်ဆန်းအရင် အများကြီးရှိတယ် . သူတိုအချိန် သူတို.အခါနဲ. တိုင်ပြည်နဲ.လူမျိုးအတွက်ကို သူတို.လုပ်ရမဲ့ လုပ်အပ်တဲ အလုပ် ဆိုတဲ ခံယူချက်အပြည်.အ၀နဲ့ သက်စွန်.ဆံဖျားဆောင်ရွက်ခဲ့ကြတယ် ၊ ပေါ်ပြူလာဖြစ်ခြင်လို. နာမယ်ကောင်း ရရုံသက်သက် တော့ ဟုတ်မယ် မထင်ဘူး ။

အားမနာတန်း ပြောရမယ်ဆိုရင် အောင်ဆန်းဟာ ဂျပန်ကိုရော အင်္ဂလိပ် ကိုပါ ၂ ပေါက် တပေါက် ရိုက်တဲ့ ဒါဏ်ကို ခံသွားရတာ ၊ အောင်ဆန်းကို လူသတ်မှုနဲ.လဲမစွဲ သစ္စာဖေါက်လို.လဲ မစွဲဘဲ အင်္ဂလိပ်က မျက်စေ့ မှိတ်ထားခဲ.တာ တွေ့ရှိတယ် ၊ ဒါတွေကို ဘာပြောရမလဲ ၊ အဖြစ်ကို အဖြစ်အတိုင်း ပြောရရင် ဂျာမန်တွေ အီတလီတွေ ဂျပန် ထိပ်တန်း စစ်ခေါင်း ဆောင်တွေကိုတော့ ကွပ်မျက်ခဲ့တယ် ။ အာဇာနီ ဘယ်သူမှ မဖြစ်ဘူး၊ အာဇာနီတေါအဖြစ်နဲ. ကိုးကွယ်ဘို. တောင် ခွင့်မပြုဘူးဆိုတာ သိကြရဲ.လား ၊အောင်ဆန်းဟာ ယေရှုခရစ်လို သက်တန်းတိုပြီး အာဇာနီ တဦးဖြစ်ရတာ အင်္ဂလိပ်ရဲ. လက်ချက်လား လို. မေးစရာ ၊ သူ.သမီးကိုပါ လိပ်/ကန် တို.က ကောင်းကောင်းအသုံးချနေတာကိုတွေ.ရလို. တော့ အောင်ဆန်း ဘာတွေ ကြိတ်ကြံ ခဲ့သလဲ လို. သံသပတွေဝင်လာရတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္မဘာသပျောက်ကွယ်ပြီး အောင်ဆန်းဘာသာ ပေါ်ထွန်းလာတော့ မလားလို.တောင် ထင်မှတ်ရအောင် အစွန်းတွေက ထွက်ခဲ.တယ် ။

ဒို.မြန်မာတွေ မညံ့ပါဘူးဆိုပေမဲ့. အရာရာကို သိနေ တတ်နေ ကြတာတော့ မဟုပ်ာဘူးး။ ညံ့ကွက်/ပြော့ကွက် တွေရှိလို. လဲဒို.သူများလက်အောက် ရောက်ခဲ့ရတာ ၊ တိုင်းပြည်နဲ.လူမျိုးပါ ပျောက်တော့ မတတ်ဘဲ ၊ ဒါတွေကို ပြုပြင်ရအောင် မီးမောင်းထိုးထောက်ပြ ပြန်တော့ တချို.က ကိုယ်လူမျိုးကို ကိုယ် ဒီလိုမပြောပါနဲ.ဟိုလိုမပြောပါနဲ့ မနှိမ်ပါနဲ့ဆိုပြီး ပြင်းထန် စွာ ကန်ုကွက်ပြီး သူတို.ရဲ မျိုးချစ်စိတ် ဆိုတာကိုပြကြတယ် ၊၊ မသိရင်မေး မစင်ရင် ဆေးတဲ့။ မြန်မာစကားတွေဟာ ပြီး ပြည့်စုံပါတယ် ။

မျိုးချစ်စိတ်နဲ.ကိုင်ပြီးပေါက် ပြောလာတော့ တချို.က ပြောရမှာတွန်.သွားတယ် ၊ တွန်.တရာမလိုပါဘူး ၊ခက် လဲ မခက်ဘူး မြန်မာစကားမှာ လက်မ မကောင်းလက်မ- လက်ညှိုးမကောင်း လက်ညှိုး လို.ဆိုထားတာဘဲ ။ ကိုယ့် လူမျိုး မညံ့ရလေ အောင် ပြော့ကွက်နဲရလေအောင် ပြုပြင်ဘို.ပြောတာတွေဟာ ပြောအပ်တာတွေဘဲ ။ လူမျိုးနဲ.တိုင်းပြည်ကိုချစ်လို. မျိုးချစ် စိတ်နဲ့ပြောတာ ဘဲပေါ. ။ ဒီချစ်စိတ် ကို အလွဲသုံးစားမပြုဘဲ နည်းလမ်းမှန်ကန်စွာနဲ့ ချစ်တတ်ကြဘို.လိုတယ်လို.လဲထပ်ပြီး ပြောခြင်တယ် ။

သူနည်းသူ.ဟန်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ထောက်ပြနေကြတာဘဲ ၊ ကိုယ့်လူမျိုးကို သူများပြောတာ မခံနိုင် ဘူး သူများက လာပြီးဆရာလုပ်တာ မခံခြင်ဘူး ၊ ပြောစရာရှိရင် ကိုယ်ဘဲပြော ခြင်တယ် ။ ဆရာလုပ်စရာလဲ မလိုဘူး နည်းပေး လမ်းပြ တာဟာ အာဏာရှင် မဟုတ်ဘူး ။ အခုတော့ သူများက ဆရာလုပ်တာတွေ မခံခြင်လဲ မျက်နှာချိုသွေးပြီး ပြုံးဖြဲပြီး ခံနေရ တယ်ဆို တော့ ကောင်းကြ သေးရဲ. လား မောင် တို.။ လူငယ်တွေ မကောင်းတာဟာ လူကြီးတွေ မကောင်းလို.လူကြီးတွေ ကိုယ်ကျိုးရှာတယ်ဆိုရင် လူငယ်တွေ ကိုယ်ကျိုးရှာကြတာဘဲ ။

တချိန်က ဒို.ရဲ.တိုးတက်မှုတွေကို မမြင်ဘူးတော့ မူးမြစ်ထင်ဆိုတဲ့ စကားလို ဒို.ဂုဏ်မောက်ခဲ့ကြတယ် ဒို.ဟာဒို.ဖျက်ဆီး ကြတယ် ၊ ဒို.ကို မနာလို ၀န်တိုသူအပြင်သူတွေက လာပြီး ဖျက်ဆီးပြန်တော့ ဒို.မကာကွယ်နိုင်ခဲ့ဘူး၊ တိုးတက်လိုသူတွေ တိုးတက်ပြီး မတိုးတက်ခြင်သူတွေ က မတိုးတက်ခြင်ကြတာက တောသားမြို.သား လူတန်းစား ကွဲလာခဲ့ရပြန်တယ် ၊ ဒို.တနိုင်ငံထဲလဲ မဟုတ်ပါဘူး ၊ ကမ္ဘာ. ဒေသတွေ အတော်များများကို လှည်ပါတ်လေ.လာလိုက်တဲ့ အခါ အရှေ.ခြမ်းမှ အနောက်ခြမ်း အထိ အခု ၂၁ ရာစုကို ရောက်နေတာတောင် မတိုးတက်ခြင်သူတွေ မတိုးတက်သေးသူတွေ ၊ ကမ္ဘာဦး အစလူသားများလို အ၀တ်မပါ ဗလားကိုယ်ထီး ၀တ်လစ်စလစ် အတိုင်းနေထိုင် စားသောက်နေကြတုန်းဆိုတာတွေ.ရ တယ် ။ ဘယ်သူက ဘယ်သူကို အပြစ် တင် ရန်ရှာနေတာ လဲ - အလုပ်မရှိ လဥ သန်းရှာနေတာလဲ ? သူတို.ကို ခေတ်မီ တိုးတက်လာအောင် ဘယ်လိုမှလုပ်လို. မရသေးဘူး ၊ သူတို.အတွေးအခေါ် အသိဥာဏ်ကိုက နှစ်ပေါင်းသိန်းသန်းမှာကျန် ရစ်ခဲ့တယ် ၊ သမိုင်းမှတ်တမ်း မတင်မီ ခေတ်အတိုင်း ရှိနေဆဲဘဲ ၊သူတိုတွေ အသင့်မဖြစ်ကြသေးဘူးဆိုရင် နှိမ်တယ်လို. ပြောမလား? ပြောမယုံ ကျြံမှသိကြလိမ့်မယ် လို.ဘဲ ဆိုရမှာပေါ့ ။ သူတို.လဲ လူ တွေဆိုတော. လူ.အခွင့် အရေးခံစားပိုင် ခွင့်နဲ့ဘဲလေ ၊ အတင်းအကြပ် တိုးတက် ခိုင်းလို.တော့ မရဘူး၊ ရန်ုကုန်က ဘတ်(စ)ကားမှ မဟုတ်တာ ။ မြန်မာတတွေ ရော အသင့်ဖြစ်ကြပြီလားဆိုတဲ မေးခွန်းကို မကြာခဏ ကြားဘူးတယ် ။

ဒီထဲမှာ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုတာ တွေကလဲ ပါလာသေး တယ် ၊ သူတိုအကြံနဲ.သူတို.ဘဲပေါ့ ၊ ဒါကို ပိုပြီးနားရှင်း အောင်ပြောရမယ်ဆိုရင် မကြာမကြာ လုပ်နေကြတဲ့ ကမ္ဘာ.ခေါင်းဆောင်တွေရဲ. climate change conference ဆိုတာ တွေကို လေ.လာရင် ဘယ်လောက် hypocrite နိုင်ကြသလဲလို. ၊ ပါတ်ဝန်းကျင်ထိမ်း ခြင်သူ(မတိုးတက်ခြင်သူ) ကို ပါတ်ဝန်းကျင် မထိမ်းခြင်သူ (တိုးတက်လိုသူ) က ပိုက်ဆံနဲ့ပေါက်ပြီး အခွင့်အရေးတွေကို ငွေအားနဲ့ ၀ယ်ယူကြတယ် ။

ဒို.မြန်မာနိုင်ငံကို ခေတ်မီတိုးတက်သော စက်မှုနိုင်ငံ ဖြစ်ဘို.ဆိုတဲ့ ဒို.ခေါင်းဆောင်တွေ ရဲ.အိပ်မက်တွေဟာ လေထဲတိုက် အိမ်ဆောက် ၊ သဲထဲရေသွန် ဆိုတာမျိုးများ ဖြစ်နေမလားလို. စိုးရိမ်သောကဖြစ်မိတယ် ၊ အခုလက်ရှိအစိုးရရဲ့ တိုတောင်း တဲ့ သက်တမ်းမှာဒင်ဘဲ လက်ရှိ ဆောက်လုပ်ဆဲ အရင်အစိုးရလက်ထက်ကဆောက်လုပ်ခဲ့တဲ့ ဖွဲဖြိုးတိုးတက်ရေး လုပ်ငန်း ကြီးငယ်တွေကို အဆိုးအမြင်နဲ့ကြည်ြ့ပီး ပျက်လိုပျက်ဆီး ကန်.ကွက်နေကြတာတွေရတယ် ။ အဖျက်သမားတွေက တမင် ဖျက်ဆီးနေကြတာလဲ တွေ.ရတယ် ။

မြန်မာနိုင်ငံ ခေတ်မီတိုးတက်ရေး ဟာ မြန်မာနိုင်ငံသားတိုင်းရဲ. တာဝန် ၊ သူများက ဒို.ကို ပိုက်ဆံပေးနေတာဘဲ ဘာ တိုးတက်ဘို.လိုသလဲ လိုြေ့ပာရင် ကိုယ်ဘာပြောလို.ဘာဆိုနေတာ သိကြရင်တော့ ကောင်းတာပေါ့ ။ ပြောပြရမယ် ဆိုရင် လက်ဝေခံ စားရတယ်ဆိုတာ ကိုယ့်ကို ဘ၀တုံးအောင် ၊ ကျွန်ဖြစ်အောင် ၊ ကိုယ်.ဦးနှောက်ကို သုံးမရ အောင်၊ ထိုင်းမှိုင်း အောင် လုပ် လိုက်တာဘဲ ဆိုတာ သတိထားမိလိုက်ရဲ့လား ၊ ကိုယ် အခန်.သားစားရတာဆိုပြီး သူများမျက်ခုံး ပေါ် စင်္ကြံန် လျှောက် တာလို.လဲ အယူမမှားနဲ.၊ လူဖျင်း လူပြင်း ဖြစ်အောင်လုပ် လိုက် တာဘဲ ဆိုတာ သတိပေးပါရစေ ။ အကျိုးဆက် ကက