Article submitted by: minkyaw thuyein on 21-Dec-2012  
ဒို. ဆပ်ကြရမဲ့ ရာဇ၀င်ကြွေးတွေ ။
ရာဇ၀င်ကြွေးကို ဆပ်ကြရအောင်(၂)







ဒို.လူကလေးများဆိုသလေး ၊






ရာဇ၀င်ကြွေးကို ဆပ်ကြရအောင် ဆိုတဲ့ ထဲမှာ မြန်မာရာဇ၀င်ပါ လို.ဆိုထားပါရက် ၊ မေးသူက ဘယ်ရာဇ၀င် လဲ ဘယ်သူ.ရာဇ၀င်လဲလို.မေးလာ
တယ် ၊ ဒါကတော့ သက်သက် ဂလန်.တာဘဲ ၊သို.ပေမဲ. အမေးရှိရင် အဖြေ
ရှိရမယ် ၊ အဲသလိုမေး ကထဲကိုက မေးသူဟာ မြန်မာရာဇ၀င်ကို မသိသူ မလေ.လာသူ သို့.မဟုတ် သူဘာလူမျိုး ဘယ်နိုင်ငံသားဆိုတာမသိသူ ၊ တနည်းအားဖြင့် သူ.လူမျိုးဟာ ရာဇ၀င်ရဲ.ဘယ်နေရာမှာမှ မ၀င်တဲ့/မပါတဲ့ လူမျိုးဖြစ်ပုံရတယ် ။




တနည်းအားဖြင့်လဲ မေးလာသူကို ကျေးဇူးတင်တယ် ၊ မေ့နေတာလေး တွေ ကျန်ခဲ့တာလေးတွေ ထပ်ပြောရတာပေါ့ ၊ ပြည့်စုံသထက် ပြည်ုစုံသွားတာပေါ့ ၊



ဆက်ပြောရမယ် ဆိုရင် ဒို.မြန်မာ လူမျိုးစုတချို.ဟာ.ရေးစရာ ဖတ်စရာတောင် သူတို.စာပေ လို.ခေါ်စရာ စာလဲမရှိ ပေလဲမရှိဘူး ဆိုတာကို ကျေကွဲစရာတွေ.ရတယ်။ စာရေး စာဖတ် တတ်ဘို.ဆိုတာဝေးလို.၊ သူတို.ဟာသူတို. ထွင်ရမှန်းလဲ သိပုံမရ သူများထွင်ပေးတော့လဲ မကြိုက် ၊ တချို.တွေဟာဆိုရင် သူများစာ အက္ခရာတွေသုံးပြီး သူတို.စာဖြစ်အောင်ဖန်တည်း တည်ထွင်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်တာမှန် ပေမဲ့ ဖန်တည်းရှင် ဂေါ့(ဒ်) အလား ကိုးကွယ်ကြတာ ကတော့ လွန်တာပေါ့၊ ပိုပြီးဆိုးနေတာက သူတို.ဟာသူတို. ဘာလူမျိုး၊ သူတို.နိုင်ငံ ဘယ်နိုင်ငံဆိုတာ တောင် သိကြပုံမရှိဘဲ ကိုယ်လူမျိုးတွေကိုတောင် ရန်ထောင်နေ တာဘဲ ။








အပွင့်လင်းဆုံး ၀န်ခံရရင် ဒို.ဘုရင်တွေ ဒို.သခင်တွေ ကိုယ်တိုင်က လှစ်လှုရှူ ဂရုမစိုက်လို.ဘဲလား၊ လူ.အခွင့်းအရေးနဲ.လွတ်လပ်မှုဆိုတာကို ဟိုတုန်းကတည်းက လေးစားလွန်းလို.ဘဲလား ၊ ဒို.မြန်မာစာ မြန်မာ အက္ခရာတွေ ရှိပါရက်နဲ့.စာပေမထွင်ပေးခဲ့ နိုင်ဘူး ၊ အကြောင်းအမျိုးမျိုး
တွေတော့ ရှိခဲ့မှာပေါ့လေ ။







ပြောစရာတခုက မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာ ထွန်းကားအောင် ဆောင်ရွက်ခဲ.တဲ့ အနော်ရထာမင်းကြီး ဟာ ကျွဲခတ် လို.နတ်ရွာစံ ကံကုန်ရသတဲ့ ၊ အဲဒီ အချိန်က ကျွဲနတ်ကိုးကွယ်သူတွေ ရှိတယ် ၊ အခုထိလဲ ရှိတုန်း ဘဲ ဆိုတာတွေရတယ် ။ မြန်မာတတွေ ဗုဒ္မဘာသာဖြစ်မှာ ဗုဒ္မသာသနာ ထွန်းကားမှာကို မလိုလားသူတွေ ဟိုတုန်းကထဲက ရှိခဲ့တယ်ဆိုတာသိခဲ့ရတယ် ၊ ဒါဟာ အတွေးနယ်ချဲ.အဓိပါယ်ဖေါ်တာမဟုတ်ဘူး မှတ်တမ်း တွေထဲမှာ တွေ.ရတယ် ၊ဗုဒ္မဘာသာဖြစ်ခြင်တာကိုတောင် ( နင် တို.နဲ.တူသလား တန်သလား) လို. အမေး ခံရဘူးလို. စစ်ဖြစ်ခဲ့ရတယ် တဲ့ ။







ဒါကြောင့်ဘဲလား မသိ ၊ ဗုဒ္မဘာသာ ဖြစ်လိုသူ ဖြစ်ခဲ့ရတဲ့အတွက် မဖြစ်လိုသူတွေကို အတင်းအကြပ် မတိုက်တွန်းဘူး ၊ အင်္ဂလိပ် မကျူးကျော်
ခင်ထဲက လူ.အခွင့်အရေး ပြည့်ဝတဲ့ မြန်မာနိုင်ငံမှာ ဘာသာစုံ သာသနာစုံ ရှိခဲ့တယ် ။








ယေရှုခရစ်ဘာသာ လူမျိုးစု တချို.ကြားထွန်းကားရတာအပြစ်ပြောမယ်
ဆိုရင် ဒို.အသုံးမကျလို.ဘဲလို. ပြောကြပါစို. ။ ဗုဒ္မကိုယ်တော်တိုင် ရဟန်းတွေ
ကို သာသနာပြုဘို. အနယ်နယ် အရပ်ရပ်ကို လွှတ်ခဲတယ်. ဒိုဘုရင်တွေ ဒို.သခင်တွေ က မြန်မာပြည်တွင်း အနှံ.ဈာန်နဲ့ကြွပြီး ဗုဒ္မသာသနာ ပြန်.ပွားအောင် လုပ်နိုင်ခဲ့ ခြင်းမရှိ ၊ ဘုန်းကြီးတွေ ညံ့လို.ဘဲ လို.ပြောရရင်ရပေမဲ့ ၊ တာဝန်
ယူမဲ့သူ ဘယ်သူမှ မရှိခဲ့လို.ဘဲလို. သတ္တုချရလိမ့်မယ် ။








မြန်မာနိုင်ငံဟာ ကိုလိုနီလက်အောက် လုံးဝရောက်ခဲ့တာ ၁၂၅ နှစ်လိုဆိုပေမဲ့ ကိုလိုနီသြဇါ တစတစ ၀င် ရောက်လာတာကို ၁၆ ရာစုလောက်ကစပြီး အထင်အရှားတွေ.ရတယ်၊ သာဓကအနေနဲ့ကတော သံလျှင်မြို. စား ကုလား ငဇင်ကာ (ပေါ်တူကီသား ဖီးလစ်(ပ) ဒီဘရစ်တို)ဟာ မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်ဘို.မုတ္တမ စား ဗညားဒလနဲ.ပေါင်းပြီး တောင်ငူ အထိ တိုက်ခိုက်လာတာကို အောင်မြင် စွာနှိမ်နင်းခဲ့ ရတယ် ။အင်းဝမှာ နန်းစံတဲ့ မြန်မာဘုရင်က တာဝန်ရှိ သူတွေကိုထိုက်သင့်တြဲ့ပစ်ဒါဏ်/ဆုလဘ်တို.ပေးအပ် ချီးမြင့်တယ်အမြင် မှန်ရသူ တွေကို သူကောင်းပြုတယ် ။








မြန်မာဆိုတဲ့ ဒို.တတွေရဲ. ရာဇ၀င်သမိုင်းမှာ ဒို.အချင်းချင်း ရန်တုန်နှင်း တိုက်ခိုက် သတ်ဖြတ်နေခဲ့ကြတာ တွေ ဘယ်တုန်းကမှ ရပ်တယ် လို.မရှိဘူး။ မှတ်တမ်းတွေထဲမှာ တယောက်မဟုတ် တယောက် ဒို.လူမျိုး ဆိုတဲ့ ထဲမှာ ပါဝင်တဲ့ လူမျိုးစုတွေဟာ ကိုယ့်မင်းကိုချင်း ကိုယ်နန်း ကိုယ်ကျခန်းနဲ.နေဘို.၊ တဖက်သားကို လက်ဝါးကြီးအုပ် စိုးမိုးဘို. နယ်မြေတိုးချဲ့ဘို ကြိုးပန်းခဲ့ကြတာ
တွေ ထောင်ထားခြားနား ခဲ့ကြတာတွေ မိမိ ကိုယ်မိမိ ကာကွယ်ခဲ့ရတာတွေ ရှိခဲ့ ကြတယ်ဆိုတာ ငြင်းလို.မရဘူး ။ တကယ်တော့ မြန်မာ့ပြသနာတွေဟာ ပုံလိုက်
ရင် မြင့်မိုရ် တောင်လောက်ဘဲလို.ပြောရလိမ့်မယ် ။







ဒို.တတွေဟာ လူထဲက လူတွေ ဘဲ ကမ္ဘာတခြားဒေသက လူတွေနဲ့ ဘာမှမခြားဘူး ဆိုတာကိုကမ္ဘာ.သမိုင်း လေ.လာသူတိုင်း သိကြမှာဘဲ ။ လူလောကဟာ ရှုတ်ထွေးတယ် . လူတွေရဲ အတောမသတ်နိုင်တဲ့ လောဘ ဒေါသ မောဟ ၊ မရောင့်ရဲနိုင်ခြင်း အလိုမပြည်.နိုင်ခြင်း လိုတာထက် ပိုလိုခြင်ကြတာတွေကြောင့်ဘဲ ။ မြန်မာ တို.ဟာ ဆုပ်ဆူး စားရူးအခြေအနေမှာ အမြဲရှိနေတယ် ၊ ရှေ.တိုးမရ နောက်ဆုတ်မရ ဘဲ။







ဒို.မြန်မာတွေ ဒို.အချိန် ဒို.အခါ က အကြောင်းအမျိုးမျိုးနဲ. နယ်ချဲု.ခဲ့ကြတာ ဘယ်သူမှ အပြစ်မကင်းပါဘူး လို. အကြမ်းဖျင်းပြောရင် ရတယ် ။ တခုတည်းသော နိုင်ငံတော် တည်ထောင်ဘို. လိုအပ်တယ်ဆိုတာကို ခေါင်းဆောင်တွေ အားလုံး လူကြီးတွေအားလုံး သိထား ကြိုးပန်းကြပေမဲ့ အဖထက် သားတလကြီး ၊ နွားလေးနို. နွှားကြီး စို.နေခဲ့ကြတာနဲ့ဘဲ တခုတည်း
သော နိုင်ငံတော် ၊ တနိုင်ငံထဲက နိုင်ငံသား ဆိုတဲ့ အဆင့်ရောက်ဘို.ရာမှာ ခက်ခဲနေကြတယ် ။







တကယ်တော့ လူမျိုးကွဲပြားမှူ ၊ ဘာသာကွဲပြားမှူကြောင်.လို.ပြောလို.တော့မရဘူးထင်တယ် ၊ ဘာကြောင့် လဲဆိုတော ၊ လူမျိုးကွဲပြား ၊ ဘာသာ

ကွဲပြား ၊ အသားအရောင် ကွဲပြားမှူ ယဉ်ကျေးမှူ ဓလေ့ထုံးစံ ကွဲပြား ခြားနားသူတွေ ဟာ တယောက်အပေါ်တယောက် ရန်ငြိုး ရန်လို ရန်စောင်နေကြရင်တော့ အမြဲ ရန်မီးပွား နေမှာဘဲ ။







ကမ္ဘာပေါ်မှာ လူမျိုးကွဲပြား ၊ ဘာသာကွဲပြား ၊ အသားအရောင် ကွဲပြားမှူ ယဉ်ကျေးမှူ ဓလေ့ ထုံးစံ ကွဲပြား ခြားနားသူတွေ အတူတကွ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်နေကြတာ ၊ တဦး လိုတာကို တဦးက ဖြည်.စည်းပေးနေတာတွေဟာ အပြောမဟုတ် လက်တွေ.တွေ ဖြစ်တယ် ။ ဒါဟာ နမူနာကောင်းတွေဘဲ သူတို.လို ငါ တို.ဘာလို.မနေနိုင်ရမှာလဲ ဆိုပြီး ကိုယ်ကို
ကိုယ် မေးခွန်း ထုတ်ကြည့်မိ ကြသလား - အဖြေတွေ. သလား ?







ဗုဒ္ဒဘာသာ ၊ ခရစ်ယန် မွတ်စလင် ဆိုပြီးလဲအစွဲ မကြီးသင့်ဘူး ၊ဘယ် ဘာသာမှ မြန်မာပြည်ပေါက် မဟုတ် ဘူး ၊ အပြင်က သွင်းလာတာတွေဆိုတာ ဒို.အားလုံးသိကြသားဘဲ ။ ပြောပြောနေတဲ့ ပြင်ပ ပယောဂ ဆိုတာ ဒါတွေကြောင့်တော့ မဖြစ်သင့်တာအမှန်ဘဲ ။







လွတ်လပ်ရေးရခဲ.တဲ့ ၁၉၄၈ ခု ကတည်းက မြန်မာနိုင်ငံကို ပြည်ထောင်စုအဖြစ် ပြန်လည်ထူထောင်မှူနဲ. ပြုပြင် မယ်လို. လူကြီးတွေ လက်နဲ.ရေးခဲ.ကြ တာကို လူငယ်တွေက ခြေနဲ.ဖျက်ခဲ့ကြသလိုဖြစ်နေတယ် ။ ကိုယ်.လူကြီးတွေ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ်ကမှ မလေးစား မရိုသေရင် တခြားလူတွေက လေးစား ရိုသေမှာမဟုတ်ဘူး ၊ ကိုယ့်တိုင်း ကိုယ်.ြ့ပည် ကိုယ်လူမျိုး ကိုယ် မရိုသေ မလေးစားရင် သူတပါးက ပိုပြီး တောင် မထေမျက်မြင် ပြုလိမ့်မယ်၊ ဒါဟာ သဓကတွေ အများကြီး ဘဲ ။ လူမလေး ရင် ခွေးတောင် မခံ့ဘူး တဲ့ ၊ ကိုယ့်ကို လူအချင်းချင်းက လေးစားဘို.မြေ့ပာနဲ. ခွေးကတောင် မခန်ု.လေးစားလုပ် မယ်လို. လူကြီး တွေ ပြောခဲ့တာဘဲဖြစ်တယ် ဆိုတာသဘောပေါက်နားလည်ကြရဲ.လား လူကလေးတို.?







ဒို.ထဲက တချို.ကဆိုရင် ပြည်ထောင်စု ဆိုတာတောင် လုံးဝ လက်မခံကြဘူး ၊ တချို.ကလဲ မြွေမသေ ဒုတ်မကျိုး သဘော (ကိုသာတွဲ) လုပ်ခဲ့ကြတယ် ၊ သာရင် တွဲမယ် မသာရင် ခွဲမယ် ဆိုတဲ့ စိတ်နဲ.ပေါ့ ၊ အေးအတူ ပူအမျှ ဆိုတဲ့စိတ် မရှိခဲ့ကြ ဘူး ။ သာတူညီမျှ စိတ်မရှိခဲ့ကြဘူး ဆိုတာတွေ. ခဲ့ရတယ် ၊ ဒို.ခေါင်းဆောင်တွေသာ ညံ့ခဲ့ရင် ဒို.ရဲ.ပြည်ထောင်စု မြန်မာနိုင်ငံဟာ ၁၉၄၈ ခုထဲက ပြိုကွဲခဲ့မယ် ။ ၁၉၅၀ ခုတွေထဲက အစိပ်စိပ် ကွဲခဲ့မယ် ။







ပြောစရာတခုက Marshal Josip Broz Tito ခေါင်းဆောင်တဲ့ ယူဂိုစလားဗီယားပြည်ထောင်စုနဲ. နှိုင်းယှဉ်ကြည့်နိုင် တယ် ။ လူမျိုးစုအစွဲ ရှိတဲ့ နိုင်ငံငယ် ၆ ခု စုစည်း ထားတဲ့ ယူဂိုစလားဗီယား ပြည်ထောင်စုဟာ ၁၉၉၁ မှ ၁၉၉၆ ခုအတွင်းတစိပ်ပြီး တစိပ် ကွဲခဲ့တယ် ။ မြန်မာနိုင်ငံဟာ ဒီလို ကွဲဘို.အခြေအနေတွေ ၁၉၆၂ ခုနှစ်က ထပ်ပြီးကြုံခဲ့ရတယ် ၊ မြန်မာ နိုင်ငံဟာ ယူဂိုစလားဗီယား ပြည်ထောင်စုလို ကွန်မြူနစ် နိုင်ငံတော့ မဟုတ်ခဲ့ဘူး ။







ပြည်ထောင်စု မြန်မာနိုင်ငံတော် ရပ်တည် နေနိုင်ခဲ့တာဟာအပွင့်လင်းဆုံး
ပြောရရင် ဒို.ခေါင်းဆောင်တွေ ဘယ်သူ.ကိုမှ ဦးမညွှတ် လက်အုပ်မချီခဲ့လို.ဘဲ ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး ပြေပြစ်ခဲ့တယ် ၊ မရှိရင် မစား ဘဲနေတယ် မရှိရင် မ၀တ်ဘဲနေတယ် ၊ မကြည့်ခြင်ရင် မျက်နာလွှဲထားကြ ။ဘယ်သူ.ကိုမှလက်ဖြန်.တောင်း မနေဘူး ။ ဒို.ဟာ သူတပါးကျွန်မဟုတ်ဘူး ၊ သူတောင်းစား မဟုတ်ဘူး ၊ ကျွန်ဘ၀ သူတောင်းစားဘ၀ ရောက်အောင် ကိုယ်.ကိုကိုယ် မလုပ်သင့်ဘူး၊







ဒို.နိုင်ငံမှာ ကုန်ဈေး နှုန်းကြီးမားတာတွေဟာ အကြောင်းအကျိုး အမျိုးမျိုးတွေရှိတယ် ၊ ကြည်.သောသူ မြင်၏ ဆိုထားတယ် ၊ မြင်အောင်ကြည်.ကြဘို.လိုတယ် ၊ အဆိုးမြင် ဘက်ကကြည်.ရင်အဆိုး ၊ အကောင်းဘက်က ကြည့်ရင် အကောင်း ၊ သူတပါးနဲ့လဲ အဆိုး အကောင်း နိုင်းယှဉ်ကြည့်ကောင်း
မယ် ။ သရက်သီးတလုံးကို ဒေါ်လာ US$ ၅၀ ပေးရတဲ့ နိုင်ငံတွေ ရှိတယ် ဆို
တာသိကြရဲ့လား? ဗဟုသုတအဖြစ် လေ.လာသင့်တယ် ၊၊








အကောင်းအမြင်တခုပြောရမယ်ဆိုရင်တော့ ။ မြန်မာတွေ ချွေတာခြို.ခြံရေး ဆိုတာနားလည်လာကြပြီ ။ ဘုံးဘော လအော ဖြုန်းတီးတဲ့ အကျင့်တွေ ပပျောက်လာနေပြီ ၊ ထမင်းရေပူချောင်းစီးဆိုလို.အကောင်းမထင်နဲ့.အုံး လွန်ခဲ.တဲ့ နှစ် ၆၀ အတွင်းမှာ လူဦးရေ သန်း ၄၀ တိုးခဲ့တယ် ရှေ.ကိုလဲ တိုးလာလိမ့်အုံး

မယ်လို.ခန်.မှန်း ထား တယ် ၊ ဒါတောင် စိတ်ရှိတိုင်း ထ သတ်လို. သေရတဲ.လူတွေကို စာရင်းထဲ့ မတွက်ဘူး။






ဒီအကျင့်ကောင်းတွေကို တချို.လူတွေက သူတို. ဖါသာ အဓိပါယ် ဖေါ်ကြပေမဲ့ ၁၉၈၈ ခုက ၂၀၁၂ ခုကြား မှာ နိုင်ငံ ကြီးတွေက မြန်မာနိုင်ငံအပေါ် ၀ိုင်ြး့ပီး စီးပွားရေးပိတ်ဆို.ကြတယ် ၊သပိတ်မှောက်ကြတယ်၊ ဒါပေမဲ့ မြန်မာတွေ မြန်မာပြည်ထွက် ပစ္စည်းတွေ နိုင်ငံခြား မပို.ရတော့ မြန်မာတွေ ၀အောင်စား လှအောင် ၀တ်ပြီး ပျော်အောင် အိပ် ရတာပေါ့ ၊ အစားမပျက် အသောက်မပျက် အလုပ်မပျက် အအိပ်မပျက်ခဲ့ပါဘူး ဆိုတာ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ကတောင် အရှက်မရှိ ၀န်ခံရတယ် မဟုတ်လား ?








ကျန်တဲ့လူတွေကလဲ ချော်လဲ ရောထိုင်ပြီး စီးပွားရေးပိတ်ဆို.မှုတွေ ၊ သပိတ်
မှောက်တာတွေ လျှော့ လိုက်ပါ ပြီလို.လူကြားကောင်းအောင် အသံကောင်း
ဟစ်ကြတယ်၊ သေသေချာချာ နားမထောင်ရင် ၊ နတ်မျက်စေ့ ပုလင်းကွဲနဲ. အတင်းဖြဲ ၈ရုစိုက်ပြီး မကြည့်ရင် မြန်မာတွေကို ချီပြီး တုတ်ပြီး လည်ပင်း
ကြိုးကွင်း အသင့် စွပ် ထားတာ ဘယ်သူမှ သတိထားမိလိုက်မှာ မဟုတ်ဘူး ၊ ၊ အထူးသဖြင့် စာမတတ် ပေမတတ်တွေကို အရှိ ကို အရှိ အတိုင်း အမှန်ကို

အမှန်အတိုင်း နားလည် သဘော ပေါက်အောင် အသိပညာပေးနိုင်လိမ့်မယ် မဟုတ်ဘူး ဆိုတာကို ၀မ်းနဲစွာ ၀န်ခံရလိမ့်မယ် ။






ရှင်းရှင်း ပြောရရင် သူတို.တွေမှာ နားလယ်နိုင်စွမ်း မရှိလို.ဘဲ။ နားဝေးသူ
တွေလို.ပြောရင် ရတယ် ။ ဒို.လူမျိုးတချို. စာမရှိ ပေမရှိ စာမတတ်ပေမတတ် အသိပညာနဲပါးရတာတွေဟာ ရာဇ၀င်သမိုင်းနဲ.ချီပြီး ဒို.လူမျိုးစုခေါင်းဆောင်
တွေရော နိုင်ငံ့ခေါင်းဆောင်တွေပါ အသီးသီးမှာ တာဝန်မကင်းတဲ့ ရာဇ၀င်
ကြွေးတခု ဘဲ လို.မျက်နှာပြောင်ထား ပြောရလိမ့်မယ် ၊ သေသေချာချာ
စဉ်းစားကြည့်ရင့် ယူကြုံးမရ ဖြစ် ရတယ် ။






အသိပညာနဲပါးမှူကြောင့် စဉ်းစားဆင်ခြင်တုန်တရား နဲပါးရတဲ့အတွက် သူများ
ပြောတိုင်းယုံတာတွေ ၊ အကောင်းပြောလို.အကောင်းမှန်းမသိတာတွေ စတဲ့ အစွန်းရောက်မှုတွေကြောင့် တခြားတခြားသော သူတွေနဲ.စကား ကောင်း
ကောင်းမပြောနိုင် စကားလက်စုံမကျနိုင် အမှုကြီးငယ် မဆွေးနွေူးနိုင်
ဖြစ်ရတဲ့ အတွက် ပေါင်းသင်းဆက်ဆံရေး ပျက်ပြားရတယ် ၊ တဦးနဲ.တဦး
နားလယ်မှု လွဲမှား ၊ နောက်ဆုံး ပဋိပက္ခ ထိဖြစ်ကြ ရတယ် လို.ဘဲ ရိုးရိုးဘဲပြော
တော့မယ် ။






နားလိုက် အုံးမယ်လေ - ပျော်ပျော် ပါးပါး ပေါ့ ၊