Article submitted by: minkyaw thuyein on 18-Dec-2012  
ရာဇ၀င်ကြွေးကို ဆပ်ကြရအောင်
ဒို.လူကလေးများဆိုသလေး ၊


ရာဇ၀င်ကြွေးကို ဆပ်ကြရအောင် ဆိုတာကြားဘူးတယ် မဟုတ်လား- ကြားလိုက်ရတော့ ဘယ်လိုနားလယ် ဘယ်လိုယူဆပြီး-ဘယ်လို ခံစားလိုက်ရသလဲ ?


ဘယ်လိုဘဲ နားလယ်လယ် ယူဆ ယူဆ ခံစားခံစား ဘယ်သူမှ မမှားပါဘူး အားလုံးဟာ အမှန်ကြီးပါဘဲ ၊ ဒါကိုနောက်ပိုင်းမှ ထပ်ပြောမယ် ၊ အခုပြောစရာရှိတာလေးတွေကို အရင်ပြောကြအုံးစို. လား၊ ဒါမှလဲ နောက်ပိုင်း ပိုရှင်းသွားမယ် ။


(လေချိုသွေးကာ အပျော့ ဆွဲ ဆွဲတယ် အားဏာတတ်ရင် အားပါလိမ့်မယ် ၊ ကြောင်ကို ၀မ်းနှုတ်ဆေး ကျွေး မိသလို ပျော့ပျောလေး နဲ. နံ တဲ့ ပုံပေါ်တယ် )၊ ကြားဘူးကြမှာပေါ့ ၊ နားလည်ကြမယ် ထင်ပါရဲ. ဒါဟာမြန်မာ စကားဘဲ ၊ မြန်မာ့ ကြောင် ဟာနာမည်ကြီးတယ် ကမ္ဘာမှာ Burmese Cat လို.လူသိများ
တယ်၊ ကြောင် သတ္တ၀ါ ရဲ.သဘာဝအရကတော့ အတော်ကို အံ့စရာပါဘဲ ၊ သူ.ချီးဟာပြော့ပြီး နံမှန်းသိလို.၊ ချီးပါပြီးတိုင်း မြေနဲ့ ပြန်ဖုံးလေ.ရှိတယ် ။ မြန်မာ
နိုင်ငံမှာ ကြောင် တွေများတော့ ကြောင် ချီးများတယ် နံလိုက်စော်လိုက် တာလဲ မပြောနဲ့တော့ ၊


မြန်မာ့စပါးကြီးမြွေ( Burmese Python) ဟာလဲ နယ်နယ်ရရ မဟုတ်ဘူးနော် ။ စပါးကြီး မြွေကတော့ အကောင်ကြီးတယ် အဆိပ်မရှိပေမဲ့ ညှစ်အားကောင်း
တယ် ကောင်လုံး မြိုတတ်သတဲ့ ။ မြန်မာတွေမြွေမြို ခံနေရသလား မြေမြို ခံနေရသလား ဒို.လဲ အသေအခြာ မသိနိုင်အောင်ဖြစ်နေတယ် ။


သတင်းစာထဲ ပါတာတွေ ရုပ်မြင်သံကြားပေါ်မှာ ပြတာတွေ ပြောတာတွေ
ကိုတောင် ချင့်ချိန်ကြပါလို.တပြော ထဲ ပြောနေတာတွေလဲ ကြားနေရတယ် ။ Internet သတင်းတွေကတော့ လူတကိုယ် သတင်းဌာန တခုဆို သလိုဘဲ ။ မြန်မာ နဲ. ပါတ်သက်တဲ့ Web site တွေမှာ သတင်းတွေ အမျိုးမျိုးတွေ.ရတယ် ၊ ဒီသတင်းတွေ ပေါ်အခြေခံတဲ့ ဝေဖန်ချက် အတော် များများ ကိုလဲတွေ.ရတယ်၊ ပြောဘူးသလို ယုံခြင်ယုံ မယုံရင် ပုံပြင်လို. သာမှတ် ကြပေတော့ ဘဲ ။ မြန်မာတွေ ဒီလောက် နားမဝေးပါဘူး ။ ပြောတိုင်းလဲ မယုံနဲ.၊ နားလဲမယောင်နဲ.၊ မြင်တိုင်းလဲ မယုံကြနဲ.ချင့်ချိန် စဉ်းစားကြပါ ဆင်ခြင်တုန်တရားရှိကြပါ ။



မကြာမီရက်အတွင်းကဘဲ သြစတွေးလီယား အသံလွှင်ဌာနတခုက အပျော်တန်း လိမ်လည်လှဲ.ဖျား မှူတခုမှာ ဗြိတိသျှဘုရင်မ(လီဇီ) အယ်(လ)လီဇဘက်(သ)တောင်မနေရဘူး ၊ လီဇီ ယောင်ဆောင်တဲ့ သူကဆောင် ယုံသူကလဲ ယုံခဲ့တယ် ၊ မဆင်မချင် မစဉ်းမစား ယုံမိတဲ့ အင်္ဂလန်ဆေးရုံတခုက သူနာပြု ဆရာမ တယောက်ဟာ ဆေးရုံ ဆရာဝန်နဲ့လူနာ ကြား ထိမ်းသိမ်းရမဲ. လျှို.၀ှက်ချက် တွေကိုတောင်ပေါက်ကြားမိပြီး ၊ နောက်ဆုံး မိမိကိုယ်မိမိ အဆုံး
စီရင်သွားခဲ့ တယ် လို.သိရတယ် ။


မြန်မာစကားမှာ ကိုယ်က ကျူး ကိုယ့်ဒူး တောင် မယုံနဲ.လိုဆိုထားလေတော့ ၊ ဒို.နိုင်ငံမှာ ဘယ်သူ.ကို ယုံရမှာလဲ ဆိုတာ ပြသနာကြီး တရပ် ဘဲ ။


မကြာခဏဆိုသလို ဒို.တိုင်း ဒို. ပြည်ရဲ. နိုင်ငံတော် လျှို.၀ှက်ချက်တွေကို ပေါက်ကြားနေသူတွေရှိတယ် ၊ ဟုတ်တာတွေ ပေါက်ကြား နေသလား မဟုတ်တာတွေ ပေါက်ကြားနေသလားတော့ မသိဘူး ။ သူတို. ကိုယ်သူတို. သတ်မသေဘဲ . ပြည်သူတွေ သေမှာကိုလဲ မတွေး ဘဲ ၊ တိုင်းပြည်နဲ. လူမျိုးကို ငွေဒင်္ဂါး အပြား ၃၀ နဲ.ရောင်းစား နေကြတဲ့ လူတွေကို သိနေသားဘဲ ၊ ဒီလူတွေကို ဘာလုပ် သင့်သလဲ - ထိုင်ရှိခိုး နေရမှာ လား ? ၊ ဆူပူမှူတွေ မငြိမ်သက်မှူတွေ ဖြစ်လာနိုင်တယ် ။ လုပ်ရဲရင် လုပ်ကြည့်ကြလေ တဲ့ လား ? ဒါမှမဟုတ် မခံနိုင်ရင် ကိုယ်ဟာကို ထ လုပ် လို.ခွင့်ပြုထား တာလား ? ဒီလိုတော့လဲ ဟုတ်မယ် မထင်ပါဘူး ။ ငွေဒင်္ဂါး အပြား ၃၀ ဟာ အဆိပ်ဘဲ လက်ခံသူကိုယ်တိုင် ကိုင်မထရင်ရော စားမိရင်ပါ မဟာအန္တရာယ် ဘဲ။


အချိန်တန် နွားပိန်ကန် ။ မြွေမှန်တော့ တွင်းဝင်ဖြောင့်ဆိုတဲ့ အတိုင်း အားလုံးဟာ အေးအေးဆေးဆေးဘဲ တွေ.ရတယ် ၊ စစ်အစိုးရဟောင်း က ၀န်ကြီးချုပ် သိန်းစိန်လဲ သမတဖြစ်၊ မူယာ မာယာ များလှတဲ့ မစိမ်းပင်ကြီး လဲ ပါလီမန်ထဲ ရောက်။ ခွေးတွေလဲ အဟောင် ရပ်သွားတယ်တော်သလင်းလွတ်
လို. သတင်းကျွတ် ရောက်သလိုပေါ့ ။


ဇနက လုင် သင်္ဘောပျက်လို. ပင်လယ်ကြောမျောနေတာကို မေခလာ ကယ်တယ် လို.ဆိုတယ်၊ ဇွဲလုံလ အကြောင်း ပြောတဲ့ ပုံပြင်ဘဲ ၊ သူကိုယ်တိုင် ခုနှစ်ရက်ပါတ်လုံး ဇွဲလုံလ မလျှော့ခဲ့ဘဲ အားကြိုးမာန်တက် ကမ်းကိုမှန်းပြီး ကူးခဲ့လို.ဘဲဖြစ်တယ် အယုတ်တမာ ဘီလူးမ က အမျိုးမျိုး နှောက် ယှက်ပေမဲ့ ဇနက ဟာ မသေတဲ့ အပြင် မင်း(ရှင်ဘုရင်) တောင်ဖြစ်ရတယ် ။ ၊ God helps those who helps themselves ဆိုတဲ့ ထုံးလို ပေါ့ ။ ကိုယ့်ညှစ်အားမပါရင် ချီးတောင် ဖြောင့်ဖြောင့် ပါ လို.မရဘူးတဲ့ ။ ဘီလူးမ ဘယ်သူဆိုတာ တော့ သိပါတယ် ၊ မေခလာ ဘယ်သူလဲ ကျေးဇူးတင်ရအုံးမယ် ။


ဆိုရိုးစကားတွေဟာ ပဂိုးဆား လိုဘဲ နေရာတကာမှာ သုံးလို.ရပါတယ် ၊ မြန်မာစကား စစ်စစ် တွေပါ ၊ခေတ် ပြောင်းလို. ဟောင်း သွားတဲ့ စကားတွေ မဟုတ်ပါဘူး မြန်မာဆိုသူတွေ ၊ တချိန်က မြန်မာဖြစ်ခဲ့ဘူး သူတွေ မေ့များ
နေကြမလား လို. ပြန်ဖေါ်ပြလိုက် တာပါ ၊ လိုသော်ရှိ မလိုသော်ရှိ ပေါ.နော် ။ ခေတ်နောက်ကျ တဲ. စကားတွေလို.တော့ မပြောနိုင် ပါဘူး ၊ ကိုယ်မသိရင် အသစ်ချည်းဘဲ တဲ့ ။ ကြာလေ ဟောင်းလေ ကောင်း တဲ့ တက်ခေတ်စိန် ဆိုတာ ရှိဘူးတယ် တန်ဘိုးထားတတ်သူတွေ သိကြပါတယ် ။ စိန် မှန်ရင် အစစ် မဟုတ် တဲ့ ချက် စိန် တောင်မှ သူတန်ဘိုးနဲ.သူပါ ။


ဒီလိုသာ ပြောကြ စတန်းဆိုရင် လွန်ခဲ့တဲ နှစ်ပေါင်း များစွာ( ဘီ စီ) ဆိုတဲ့ အချိန် အခါသမယ က အာဗြဟန် (အီဘရာဟင်/အေ ဘရာဟင်) ၊ မိုးဇက်တို. ဂေါတမ တို.အပါအ၀င် ၊ အဲဒိနောက် (အေဒီ) မှာ ယေရှူ တို. မိုဟာမက်တို. ပြောစကား တွေဟာလဲ အလကားစကားတွေဘဲ လို.ပြောရ တော.မလား ? တခြား ပညာရှိ သူတော်စင်တွေ တွေးခေါ်မြှော်မြင်ရေး ဆရာကြီးတွေရဲ. စကားတွေ ရော ဘယ်မှာ သွားထားကြမလဲ ?


ယဉ်ကျေးတိုးတက်လာတဲ့ ခေတ် ဆိုတာ ဘယ် ခေတ်ကိုပြောတာလဲ ? ဘာတွေက လူတွေကို ယဉ်ကျေး တိုးတက်အောင် ပြုပြင်တာလဲ ? ဘယ်သူ.ယဉ်ကျေးမှူ ကိုပြောနေတာလဲ ဟင် ? ယဉ်ကျေးတိုးတက်မှူတွေ ဆက်ပြီး ယဉ်ကျေးတိုးတက်နေသလား တိုးတက်လာခဲ့တဲ့ ယဉ်ကျေးမှူ ပျက်ဆီးလာ
နေတာလား-အဖျက် ဆီးခံနေရသလား ?



သမိုင်းမှတ်တမ်းများ အဆိုအရ ဒို.မြန်ပြည်က ရွှေတိဂုံစေတီဟာ ဘီစီ ၅၈၈ က တည်ထားတာဖြစ်တယ်၊ အီဂျစ်နိုင်ငံက ဂီဇါ ပိရမစ်ဟာလဲ ဘီစီ ၂၅၆၀ ကထဲကလို. ဆိုတယ် ၊ ၁၃ ရာစု တောင်အမေရိက အင်ကါ ယဉ်ကျေးမှု ၊ ၁၂ ရာစု အင်ကါဝပ် ( ကမ္ဘောဒီးယား) ယဉ်ကျေးမှူ တွေ ဟာ hostile, savages, barbaric, uncivilized တွေရဲ. ယဉ်ကျေးမှုတွေလို. ဆိုကြမှာလား ? ဒို.ဘိုးစဉ်ဘောင်ဆက် မိဘဘိုးဘွားများယဉ်ကျေး တိုးတက်နေတဲ့ အချိန်မှာ အနောက်ဘက်ခြမ်းက လူတွေ သိမြင်ကြတဲ့အချိန်မှာအံ့သြခြင်းမလှအံ့သြကြပြီး တွေသမျှ မြင်သမျှတွေ ခိုးဝှက် လုယူ ခဲ.ကြပါတယ် ဆိုရင် မုသားစကား မဟုတ်ပါဘူး ။


ဒိုးပြည် ဒို.မြေ ဒို.ရွာကို သူတိုရောက်လာတဲ့ အချိန်ကစပြီး သူတိုဘာသာ သူတို.သာသနာ သူတို.ယဉ်ကျေး မှုတွေဆိုတာတွေကို နည်းအမျိုးမျိုနဲ့ သွတ်သွင်းတော်တာဘဲ ။ ဓါတွေကတော ဒို.ညံ့လို. ဒို.ခံရတယ်လို.ဘဲ ပြောကြပါစို. ။


ကဲ အစက ပြန်ကောက်ရအောင်၊ ရာဇ၀င်ကြွေးကို ဆပ်ကြရအောင် ဆိုတာ ကြားဘူးတယ် မဟုတ်လား ကြားလိုက်ရတော့ ဘယ်လိုနားလယ် ဘယ်လိုယူဆပြီး ဘယ်လို ခံစားလိုက်ရသလဲ ? ဘယ်လိုဘဲ နားလယ် လယ် ယူဆ ယူဆ ခံစားခံစား ဘယ်သူမှ မမှားပါဘူး အားလုံးဟာ အမှန်ကြီးပါဘဲ လို.ပြောခဲ့တယ်၊


ရာဇ၀င်ကြွေးကို ဆပ်ကြရအောင် သူရသတ္တိရှိတဲ့ ဗမာတွေရယ် ဘယ်လို တိုက်ရမယ် ချွေးနဲ့တိုက်ရမယ် ၊ သွေးနဲ.တိုက်ရမယ် လို.ဆိုပြန်ရင် အကုန်
ပြန်ရှုတ်ကုန် အုံးတော့မှာမို. ပြောခြင်တာ ပြောလိုတဲ့ ချက်ကောင်း အကွက်
ကောင်းကလေးဘဲ ရွေးပြီး ပြောတော့မယ် (high lighted footage) လေးလို.ဘဲ ဆိုတော့ ။


မြန်မာ့သမိုင်းကို သမိုင်းဌာနမှော်ကွန်းတိုက်မှာဘဲ ထားဘို.ကောင်းပြီဆိုတာ ဟိုတလောကပြောခဲ့ဘူးတယ် ၊ ကျောင်းသုံး အတွက်ဆိုရင် ၊ လူမျိုး ဘာသာ သာသနာ ခွဲခြားမှူ မပါရအောင် ၊ စကားလုံး အသုံးအနှုန်း အထူးသတိထား
ရွေးချယ်ထားတဲ့ ဖတ်စရာ စာတအုပ်အဖြစ်အကျဉ်းချုံး ပြုစုထားသင့် တယ်လို.ယူဆတယ် ။ ရာဇ၀င်သမိုင်းတိုင်းဟာ အသစ်ပြန်ရေးတာမျိုး မဟုတ်သည့်တိုင် ထပ်မံတွေရှိလာတဲ့ အချက်အလက် အထောက် အထားသစ်တွေ ခိုင်လုံရင် ပြင် သင့်တာကိုတော့ ပြင်ရမှာဘဲပေါ့။


ဒီနေ ဒို.တတွေဟာ ရာဇ၀င် သမိုင်းတလျှောက် ပဋိပက္ခ ဖြစ်နေခဲ့ကြတယ် ဆိုတာကိုလဲ ဒီမှတ်တမ်းတွေက ဒို.ကို သတိပေးနေတယ် ၊ တချို.က သင်္ခဏ်းစာ အဖြစ် ယူပြီး တချို.ကလဲ (ကမ္ဘာကျေသော်လည်း ဥဒါန်း မကျေ ) ဆိုပြီး ကြုံးဝါး ကြွေးကြော်နေကြတယ် ။


လက်စားခြေ လက်တုန်.ပြန်တယ်ဆိုတာ ဘယ်တော့မှ မပြီးပြတ် နိုင်တဲ့ သံသရာ တခု ၊ ကိုယ်က မဖြတ်ရင် ဘယ်တော့မှ ပြတ်မယ် မဟုတ်တဲ့ ၀ဋ်ဒုက္ခကြီး တခုဆိုရင် ပိုမှန်မယ် ၊ ဒီလို တလှဲ.စီ ဦးရာသူက သတ်နေတဲ့ သတ် သံသရာကို ဖြတ်ကြရမယ် ၊ သားစဉ်မြေးဆက် ဆွေစဉ် ၇ ဆက် မျိုးစဉ် ၇ ဆက် သတ်နေကြလို.မပြီး တော့ဘူး မဖြစ်တော့ဘူး ထင်တယ် ၊ ဒို.ကြားဝင်ပြီး ဒိုအားလုံးကို မြှောက်ပေးပြီး အခွင်ုအရေး သာသလို ဒို. ၂ ဖက်စလုံးကို သတ်တဲ့
သူတွေ ကို ဒို.ဘာလုပ်ကြမလဲ ? ဒါနဲ.ဘဲ ဒိုယခံခဲ့ကြရပြီးဖြစ်တယ်မဟုတ်လား ?
မှတ်မိကြဘို.ကောင်းပါတယ် ၊ အမှတ်သည်းခြေ မှရှိကြရဲ့လား ? ဒို.လဲ လူတွေ မဟုတ်ကြဘူးလား - လူ မဖြစ်ကြသေးဘူးလား ?



ရာဇ၀င် သမိုင်းကို ပြန်ပြီးလေ့လာလိုက်တော့ ၊ ကိုယ်ရဲ့အားနဲချက်တွေ ချို.ယွင်းချက်တွေ ကိုယ်hအပြစ်တွေ ကိုတွေ.ရတယ် ၊ ဒို.အချင်းချင်းကြား ရာဇ၀င်သမိုင်း-ဒို.နဲ.အပြင်လူတွေကြား ရာဇ၀င်သမိုင်း တွေမှာ သင်္ခဏ်းစာယူစရာ ပြုပြင်စရာတွေ တွေ.ရတယ် ၊ ဒီ ရာဇ၀င်ကြွေးတွေကို ဆပ်ကြ ဘို.လိုတယ် ၊ ဘယ်လို နည်းနဲ.ဆပ်မလဲ-သွေးနဲ့ဆပ်ကြမယ် ချွေးနဲ.ဆပ်ကြမယ် လား။ စဉ်းစားကြပါ အလေး အနက်ထား အသေ အချာ စဉ်းစားကြစမ်းပါ ။


ပျော်ပျော် ပါးပါး ပေါ့