Article submitted by: minkyaw thuyein on 17-Dec-2012  
နိုင်ငံ/နိုင်ငံသားအပေါ်သစ္စာစောင့်သိ(၂ ) ။
ဒို.လူကလေးများဆိုသလေး ။


ဒို.မြန်ပြည်ဖွား ဖြစ်ကြတဲ့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံတော် အတွင်း ရော အပြင်မှာပါ ၊ လူမျိုးရေး တန်းတူမှု ၊ စစ်မှန်သော မျိုးချစ်စိတ်ဓါတ် တနည်းအားဖြင့် ပြည်ထောင်စုစိတ်ဓါတ်ကို ခိုင်မြဲစွာ မွေးမြူ ပြီး ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမယ် ဆိုတဲ့ စိတ်ဆန္ဒရှိမှသာ ၊ ဒီမွန်မြတ်တဲ့ ဆန္ဒကို ရိုးသားစွာ လက်တွေ.အကောင်အထည်ဖေါ်မှသာ ဒို.တတွေနဲ့ဒို.နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြော လိမ့်မှာဖြစ်တယ် ဆိုတာကိုခေါင်းဆောင် တွေ အားလုံးက လေ့လာသုံးသတ်မိကြတယ် ၊၊


ဒီမွန်မြတ်တဲ့ စိတ်ဓါတ် အမြစ်တွယ်ခြင်းမရှိသမျှ ဒို.တတွေ အားလုံးဟာ စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းနဲ.တွေကြုံနေကြရမှာ ဖြစ်တယ်ဆိုတာကို ဒို.ဘ၀ မှာ ခါးသီးတဲ့ အတွေ.အကြုံအရ သိရတယ်၊ တခြားဒုက္ခဆိုတာတွေ
ကတော့ မပြောနဲ့တော့ ၊၊


ဂေါတမ ဗုဒ္ဒဟောကြားတဲ့ ဓမ္မစင်္ကြာတရားဆိုတာဟာ ဒို.တတွေ တ၀ဲလည်
ဲလည်ဖြစ်နေရတဲ့ ဘ၀သံသရာကြီးကနေ လွတ်မြောက် အောင် ဘယ်လိုလုပ်
သင့်ကြတယ် ဆိုတာကို အကြံပုထားတာတွေ.ရတယ် ။ စာတတ် ပေတတ် ဖြစ်ဘို.မလို ၊ ကောလိပ် တက္ကသိုလ် အကယ်ဒမစ် ဖြစ်ဘို.မလိုဘူး ရွာဦး
ကျောင်းက ဘုန်းကြီး ဟောတာနဲ.ကို လူပိန်းတွေ နားလည်နိုင်တယ် ၊ဗုဒ္ဒဘာသာဝင် ဖြစ်စရာမလိုဘူး ၊ ဂေါတမ ဟောကြားတဲ. တရားတွေ
ဟာ စင်္ကြာဝဋာ တိုက် တသောင်းက လူ နတ် ဗြဟ္မာနဲ.သတ္တ၀ါ အပေါင်းတို.အတွက်ဖြစ်တယ် ။


ဒါကြောင့် ( သံသရာ့ဝဋ်တ ဒုက္ခတော )ဆိုတဲ့ ပထဏာမှူဟာ ဓမ္မစင်္ကြာတရား
မှာ ပြောထားတဲ့ အချက်တွေကို ထိုင်ပြီး လက်အုပ်ချီ ဆုတောင်းနေလို.မရဘူး ၊ လက်တွေ.လုပ် ၊အကောင်အထည်ဖေါ်ကြမှသာဖြစ်လိမ့်မယ် ။ ရိုးရိုး စကားနဲ.ပြန်ရှင်းရရင် ကိုယ် ဒုက္ခ ဝေနေတာ သူများအပေါ် ပုံချရင် သူများကလဲ သူ.ဒုက္ခဟာ ကိုယ့်ကြောင့်လို.ဆိုလိမ့်မယ် ၊ သူကြောင့် ငါကြောင့် ဆိုတာတွေ ထက် အားလုံးကြောင့်ဆိုရင် ပိုမှန်လိမ့်မယ် ။ ဒီသံသရာမှာ ပဋိပက္ခမီးအရှိန်တိုးလာစရာ
ရှိပြီး မီးတောက်ထဲမှာ ၂ ဦးစလုံး ဆုံးရှုံးရဖွယ်သာ ရှိလိမ့်မယ်။


( နိုင်ငံတော် အတွင်းမှာရော အပြင်မှာပါ ) ဆိုတဲ့စကားကိုရှင်းဘို.လိုတယ် ။ ဒို.မြန်မာတိုင်းရင်းသား အချို.ဟာ အကြောင်းအမျိုးနဲ. ပြည်ပရောက်နေကြတယ် တချို.က သူတို.မြန်မာတိုင်းရင်းသား မဟုတ်တော့ဘူးလို.စာရွက်အရပြောနေကြ
တယ် အားရဂုဏ်ယူ ၀မ်းသာဝမ်းမြောက် နေကြသူတွေလဲ ရှိတယ် ။ ယိုသူမရှက်
မြင်သူရှက် ဆိုတဲ့စကားဟာ အလကား စကားတော့ ဟုတ်မယ် မထင် ပါဘူး ၊ အကြောင်းရှိမှာပါ သူ.နေရာနဲ့သူပေါ.လေ၊


ဒီလူတွေထဲက တချို.တွေဟာ ဘ၀မေ့ ၊ ကိုယ့်ကိုကိုယ် အရေခြုံ မှန်းတောင်
မသိကြသူတွေဘဲ ၊ ။ ကိုယ့်တိုင်း ကိုယ့်ပြည်ကိုယ်ဘာလူမျိုးဆိုတာတောင်
မသိသူတွေရှိနေတယ် ၊ ကိုယ့်ဇါတိ နိုင်ငံတော် နဲ. ကိုယ့်ဇါတိလူမျိုး အပေါ်
တောင်မှ သစ္စာ မစောင့်ကြသေးရင် အဌါးနိုင်ငံ အဌါးလူမျိုးအပေါ်သစ္စာစောင့်သိ
နိုင်ပါ့မလား? အရေခြုံပြီး အချောင်စားသူတွေလဲ တပုံကြီးဘဲ ။


ဒီလူတွေဟာ အပြင်လူတွေနဲ့ ပေါင်းပြီး မစားရ၀ ခမန်း ကိုယ်.ဇါတိနိုင်ငံနဲ ကိုယ့်လူမျိုးကိုယ်ပျက်ဆီးအောင်ကြံကြတယ် ၊ သတ္တိနဲကြသူ တွေ၊ သူရဲဘော
ကြောင်ကြသူတွေ ၊နှိုင်းယှဉ်ပြောစရာ တခုအနေနဲ.ကတော့ ၁၉၆၁ နှစ်က
အမေရိကန်ပြည်ထောင်စု အစီအစဉ်နဲ. ဖီဒယ် ကပ်(စ)ထရို ဖြုတ်ချရေး ၊ ကြူဘားပြည်ပြေးတွေလောက်မှ သတ္တိမရှိ သွေးကြောင် ကြတဲ.ပြည်ပြေး
မြန်မာတွေလို.ပြောရ မယ် ။ တနည်းပြောရရင်လဲ သူတိုရဲ ဦးတည်ချက်မှန်ကန်မှု
မရှိလို. ဘယ်သူကမှလဲ ကူညီခြင်ပုံမရှိဘူး ။


မှတ်မိတာ တခုပြောရရင် ကွယ်လွန်သူ ၀န်ကြီးချုပ် ဟောင်း ဦးနု ပြည်ပြေးဘ၀တုန်းက ကယသူက ကူခဲ.ပေမဲ့ ဘာမှ အရာမရောက်ခဲ့တာတွေ နောက်ဆုံး ဦးနု ယိုးဒယားက နှင်ထုတ် ခံရလို. အိန္ဒြိယ နိုင်ငံ ဘိုလ်ပါး(လ်) မှာ သောင်တင်ပြီး သမီးတော်နဲ.အတူ ပြည်တော်ပြန်ခဲ့ရတယ် ။


ဒါမှမဟုတ် ပြည်ပြေးတွေ ဟာ သူတို.ကိုသူတို. လူလည်တွေအနေနဲ.သူတိုလုပ်တာမှန်သလို သူများလုပ်တာမှား သလို နိုင်ငံသားတို.ကို စကား အမျိုး မျိုး နဲ့ နားသွင်း သွေ.ဆောင်ကြတယ် ။ သူတို.မသိတာက သူတို.ထက်လယ်တဲ့သူတွေ၊ ကမ္ဘာကို စိုးမိုးဘို.မပြတ်ကြိုးစား နေသူတွေ ကသူတို.ကို အရောင်ပြပြီးအသုံးချနေတယ်ဆိုတာကို သူတို.မသိကြတဲ့အချက်ဘဲ၊ ဆံကောလောက်မှ ဇောက်မနက်တဲ့ ညစ်ညမ်း သော အလုပ်။ မကြံအပ် မစည်အပ်တာတွေ ကို ကိုယ်လူမျိုးနဲ.ကိုယ်နိုင်ငံအပေါ်ကြံစည်ကြတယ်။


သူတို.ကို အယောင်ပြ အသုံးချကောင်း ချလိမ့်မယ် ဖြစ်ပေမဲ့ သူတို.ကို လုံးဝ ယုံကြည်စိတ်ချ လိမ့်မယ်မဟုတ်ဘူး ဆိုတာကတော့ ထင်ရှားတယ် ။ လွတ်လပ်တယ်ဆိုတာကို တကယ်ယုံမှတ်ပြီး ယီးတိယားထား သွား မလုပ်နဲ.ဇီးသီး နွားစား သွားမယ် ။ နောက်နေ. မျက်နှာသစ်စရာ ရှိသေးရင် ကံကောင်းတယ် လို.သာမှတ် ။ ဒါကြောင့် ညောင်သီးလဲ စား မျှားသံလဲ နားထောင်လို. လူကြီးတွေ ပြောဘူးတယ် ။ မြန်မာ့ စကားပုံတွေက
တော့ များပါတယ် ။


ဒီနေ.ဒို.နိုင်ငံမှာဒို.အားလုံးဟာ ကျီးလန်.စားနေကြရသလိုဘဲ ဘ၀မယေယျာ ၊ လိုတာမရ ရတာမလို ၊ ခေါင်းဆောင်တွေ အမျိုးမျိုး ရွေးပြီးသင်းကွဲဖြစ်နေကြ
တယ် ။ ဘယ်သူက ဘာလုပ်ပေးပေး ဘာမှကျေနပ်ပုံမရှိဘူး ဆိုတာတွေရတယ် ။ ခေါင်းဆောင်တွေကိုယ် တို်င် နေ.မြင် ညဥ့်ပျောက် လို.ပြောရင်တောင် ရတယ် ၊ လွန်ခဲ့တဲ့ ၂၄ နှစ် အတွင်းမှာ ဒါတွေ အားလုံးကို သိသာထင်ရှားစွာ တွေ.ရ တယ် ။ အစွန်းရောက်မှုတွေ မဟုတ်ရင်တောင် လွန်ကဲနေတာတွေကိုလဲ အထင်အရှားတွေ. ရတယ် ၊၊ အုတ်စုတွေဟာ ပြီးခဲ့တဲ့ အပိုင်းက သူတို.ခေါင်းဆောင်တွေ မကြာခဏပြောင်းလဲနေကြလို. ဘယ်အလုပ်တခုကိုမှ ပြီးပြတ်အောင်မလုပ်နိုင် အားလုံး တိုးလို. တန်းလန်း ကြီးဘဲ ခေါင်းဆောင်
ပြောင်းတိုင်း ပြောင်းတိုင်း အစ က ပြန် စစ နေရတယ် ။


မြန်မာမှာ ပုဂိုလ်ခင်မှ တရားမင် ၊ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုတဲ့ စကားတွေရှိလေတော့ မူတို. ၀ါဒ တို.ဆိုတာဟာ နောက်လိုက်တွေအတွက် ဘာမှမဟုတ်ဘူး အကြောင်းအကျိုးတွေ ဟာ ဘာမှ မဟုတ်ဘူး . အကျိုးဆက်တွေကိုဘယ်တော့မှ ထည့်သွင်းစဉ်းစားခြင်း မရှိဘူး ၊ ဒါကြောင့် ဘဲ ( ဒို. လူကလေးများ ) လို. ခေါ်လိုက်ရင် (ဝေ လေ လေ ) လိုက်ထူးကြတာ
ဘဲပေါ့။


ဒီအကျင်.ကြောင့်လဲ နိုင်ငံတော်နဲ.နိုင်ငံသားတို.အပေါ် သစ္စာစောင့်သိဘို.ဆိုတာဟာ တော်ရုံတန်ရုံ မြန်မာတွေ နားမလယ်နိုင်ဘူး။ အထူးသဖြင့် နှစ်တရာကျော် သူ.ကျွန်ဖြစ်ခဲ့ကြဘူးသူတချို.က ပေါက်ပွားခဲ့တဲ့ မိဘတွေရဲ သားသမီးတွေ၊ သူတို.ကဆက်ပြီး ပေါက် ပွားခဲ့တဲ့ မျိုးဇက်တွေ ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရအပြီးမှာ မျက်နှာဖြူ သခင်ကြီးများရဲ. အထူး အပြုအစု အစောင့်အရှောက်ခံရ သူတွေဟာ သူ.ပြည် ငါ့ပြည် သူ.လူမျိုး ငါ့လူမျိုမှန်းမသိ အောင် မွှန်နေကြတယ် ။


စဉ်းစားကြည့်ကြစမ်းပါ ၊ ဒို.လူမျိုးးတွေနဲ.တကွ ကမ္ဘာပေါ်က အခြားလူမျိုးတို.ရဲ.ယဉ်ကျေးတိုးတက် ဖွံ.ဖြိုးမှုတွေ အံ့မခန်း လောက်အောင်ကြီးကျယ်တာကို
တွေရတဲ့ သူတိုကိုယ် သူတို.ယဉ်ကျေးလှပါတယ် ဆိုတဲ့ သူတွေပါလို. ပြောသူ
တွေက နည်း အမျိုးမျိုးနဲ့ ဖျက်ဆီး၊ ဒို.ပြည် ဒို.မြေတွေ ဒို.သယံဇာတ တွေကို အဓမ္မသိမ်း။


ခုအချိန်ထိလဲ သူတို.ကို ဒူးမတုတ် ခေါင်းမငုံ.ရင် အရှင်လတ်လတ် အရေခွါ ဆားနယ် အခြောက်လှန်းနေရတာကိုမှ အားမနာ တဲ့လူအချို.ရဲ.ခေါင်း
ဆောင်ဆိုသူက လက်အုပ် ကလေး ချီကါချီကါနဲ. ဖက်ရမ်း နမ်းရှုတ် ပြနေတော့ နိုင်ငံတာ် နဲ့ နိုင်ငံသားတို.အပေါ် သစ္စာစောင့်သိ ဘို. လိုပါတယ်ဆိုတာ အားလုံးကို ထပ်ပြီး သတိပေး လိုက် ရတာဘဲ ဖြစ်ပါတယ် ။


ပျော်ပျော် ပါးပါး ပေါ့ ။