Article submitted by: minkyaw thuyein on 16-Dec-2012  
နိုင်ငံ/နိုင်ငံသားတို.အပေါ် သစ္စာစောင့်သ&#
ဒို.လူကလေးများဆိုသလေး





ဒို.တတွေ ဘယ်သူ.အပေါ် သစ္စာစောင့်သိ ရိုသေကြသလဲ လို.မေးရင် ဘယ်လို ဖြေကြမလဲ ?





မြန်မာ့ တပ်မတော် သည် နိုင်ငံတော်နှင့်နိုင်ငံတော်သားတို.အပေါ် သစ္စာစောင့်သိ ရိုသေပါမည် တဲ့ ။



အမျိုးသား ဒီမိုကရေဒီ အဖွဲ့ချုပ် က The Queen and the Party တဲ့ လား?

တခြား နိုင်ငံရေးပါတီတွေက ရော ၊ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း အသီးသီး တို. ကလဲ သူတို.ဟာသူတို. အသီးသီး သူတို.လူမျိုးဆိုတာနဲ. သူတို.နိုင်ငံဆိုတာအပေါ် သစ္စာစောင့်သိကြမယ် ဆိုရင် သူတို. King/Queen and country ဟာ ဘယ်သူတွေ ဘယ်ဟာတွေ လဲ ?





ဒီနေ.မြန်မာ့လွှတ်တော်တွေထဲမှာ နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီနဲ. တပ်မတော် ကိုယ်စားလယ်အုပ်စု တို. ပါဝင်လို.အမြင်အရကတော့ အားရစရာကြီးဘဲ ။ ဒီပါတီတွေထဲက ဘယ်ကိုယ်စားလည်တွေ အစိုးရအဖွဲ. ထဲမှာ ဘယ်နှယောက် ပါ ကြတယ် ဆိုတာကိုတော့ ဒို.မသိလို. ဒီအစိုးရကို ညွန်.ပေါင်းအစိုးရလို.ခေါ်ဘို. တော့ ဒို.၀န်လေးတယ်၊





နိုင်ငံတော် သမတက သူလုပ်ပိုင်ခွင့်နဲ.အညီ ပါတီစွဲ မထားဘဲ သင့်တော်တဲ့ ပြည်သူ.ကိုယ်စားလယ် တဦး တယောက်ကို သီးသန်.တာဝန်ပေး တယ် ဆိုတာလဲ လုပ်ကောင်းတဲ့ အလုပ်ဖြစ်တယ် လို.မြင်တယ်။ ဒီသူဟာ ဌာန လက်ကိုင်ရှဘို.မလို တာဝန်ခံ ဖြစ်ဘို.မလို ၀န်ကြီးအဖွဲမှာပါဝင်ဘို.မလိုဘူး ။ ၀န်ကြီးတွေဟာ သူဌာနဲ.သူ ဖင်မလှဲ.သာ ခေါင်းမလှဲ့သာ ။ဒါတွေလုပ်နေရလို. ဟိုဟာမပြီးဘူးဆိုတဲ့ ဆင်ခြေ ဆင်လက်တွေ ပေးနေစရာလဲ မလိုဘူး ။ ကိုယ်ပေးထားတဲ့တာ ၀န် ကိုယ် နိုင်အောင်လုပ်ကြ ဘို.ဘဲ ။ ကဲ ဒါတွေထား ပါ တော့ ။





လွှတ်တော်ထဲမှာ နေ.စဉ်နဲ.အမျှတွေ.နေ မြင်နေကြလို. မျက်မှန်းတန်းမိ နေကြပြီလို.ယူဆနိုင်ပေနဲ. တချိန် ကတဦးက တဦးကို မသိခဲ့ကြ ၊ တဦးအပေါ်တဦး ထားခဲ့တဲ့ မေတ္တာစေတနာက မရှိခဲ့လေတော့ ၊ အခုရော သူတို.အချင်းချင်း မနက် မိုးလင်းလို.တွေ.လိုက်ရင် အပြုံးလေးနဲ. နှလုံး နွေးအောင် နှုတ်ဆက်နိုင်ကြပါ့ မလား ? လက်အုပ်ကလေးတွေ ချီပြီး မင်္ဂလာပါလို.ဆိုပြီး ခေါင်းလေးငြိမ့် အလေးပြုကြသလား ၊ ရင်ချင်းအပ် ပါးချင်ကပ် ပွေ.ဖက်နမ်း ရှုတ်ကြသလား ? လားတွေကတော့ အများကြီးဘဲ ၊ လားတွေ ကြီးလာရင် ဘာဖြစ် ကုန်မလဲတော. မသိဘူး ဆိုပြီးလဲ မဆီမဆိုင် တွေးမိတယ် ။





ဒါကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လို. ဆိုထားတာကိုး ။

လွှတ်တော်ထဲက နိုင်ငံရေးပါတီ ၁၇ ပါတီနဲ့တပ်မတော်ကိုယ်စားလည်တွေဟာ

ဘယ်လောက်ရင်ကြားစေ့နေကြ သလဲ ၊ ပြည်သူလူထု ကို ဘယ်လို စံနမူနာတွေ ပြနိုင်နေကြပြီလဲဆိုတာကတော့ အတိအကျ မသိရပေမဲ့ ကြားရတဲ့ စကားတဆင့်နားပေ၇ါက်ကြားရမယ်ဆိုရင်ကိုယ်စားလည် တချို.ရဲ.အပြောအဆို အမူအယာ အနေအထိုင်တွေ ရင်းနှီးလာကြမှုတွေရှိလာနေတာကိုဘဲ မကြိုက်သယောင် မလိုလား သယောင် တချို.ကပြောဆိုနေတယ် ဘယ်

အကြောင်းနဲ.ရင်းနှီးလာတယ်ဆိုတာတော့ မသိဘူးပေါ.လေ ။





မြန်မာမှုမှာ သိကြတဲ့ အတိုင်း ( ပုဂိုလ်ခင်မှ တရားမင် ၊ လူခင်မှမူပြင် )လို.ဆိုထားလေတော့ ၊ ဘယ်လို ယူဆရမယ် မသိဘူး ။ ဘယ်စကားမဆို အနဲဆုံး အဓိပါယ် ၂ မျိုးပေါက်တာမို. အတော်ကိုသတိထားရလိမ့် မယ် ။

ခေါင်းဆောင်တွေ သဟဇါတဖြစ်ရင် နောက်လိုက်တွေ အောင်ပွဲခံသူ ရှိသလိုခေါင်းဆောင်ကို အဆုံးစီရင် ခြင်သူ တွေလဲ ရှိမှာဘဲ ၊ ကမ္ဘာ. သမိုင်း /မြန်မာ့သမိုင်းမှာ ဒါမျိုးတွေတပုံကြီး တပြုံကြီးဘဲ ၊ နောက်လိုက်တွေ က ခေါင်းဆောင်ကို ညွှန်ကြားတာလား ၊ နောက်လိုက် ကို ခေါင်းဆောင်က ခေါင်းဆောင်တာလား ? ဒို.မြန်ပြည် တခုထဲမှာဘဲ ပြီးခဲ့တဲ့အတိတ်က ခေါင်းဆောင်နဲ.နောက်လိုက်တွေ ကြားသဘောထားကွဲလို. တလမ်းဆီ ခွဲသွား ကြတယ် ။ ရင်ကြားစေ့မှူတွေ ငြိမ်းချမ်းရေးဆိုတာတွေ မအောင်မမြင်ဖြစ်ခဲ့

တယ် ဆိုတာ ကိုယ်တွေ.သာဓကတွေ ရှိတယ် ။





အလီဘါဘါ နဲ့ သူခိုး ၄၀ ပုံပြင်ထဲကလို (အိုးပင်း စက်စမေ ) လို.ဆိုတာနဲ. ကျောက်ဂူ တံခါးကြီး ပွင်.သွားရသလို ။ လူကြီးတွေက (ရင်ကြားစေ.စေ) လို.မန်းမှုတ်လိုက်လို. ရင်ကြားစေ.သွားမှာ မဟုတ်ဘူး ဆိုတာတော့ သိရမယ် ။ ဆိုလိုတာကဘာမဆိုအောက်ခြေက စရလိမ့်မယ် ၊ လူကြီး(ခေါင်းဆောင် နဲ.လူငယ်တွေကြား လုံးဝရင်ကြားစေ့ပြီးမှ တဖက်ကသူနဲ. ရင်ကြားစေ့ကြရင်

ကောင်းမယ် ။ ဒါမှမဟုတ် လူကြီး တွေ အိမ်ရှေ. လဖက်ရေ ၀ိုင်းထိုင်နေတုန်း နောက်ဖေးမှာ လူငယ်တွေ နောင်ဂျိန်ချနေကြလို.တော့ မဟုတ် သေးဘူး ထင်တယ် ။ ဒါတွေ အကြိမ် ဖြစ်ခဲ့ဘူးတယ် ။





ရင်ကြားစေ့ဘို. လက်တွေ.လုပ်ရမဲ့ လုပ်စရာတွေ တောင်လိုပုံနေတယ် ၊ ဒီတောင်ကို အားလုံး တညီ တညွတ်ထဲ ၀ိုင်း ဖြိုကြရမှာ ဖြစ်တဲ့ အတွက် ခေါင်းဆောင်တွေ လူငယ်တွေ ညီညွတ်ကြဘို.လဲ အလိုကြီး လိုတယ် ။

မြန်ပြည်မှာ နိုင်ငံရေး ပါတီတွေ အတော်များတာတွေရတယ် ၊ ဘာအဓိပါယ်လဲ ဆိုတာကတော့ကိုယ့်ဟာ နဲ.ကိုယ် ရှိလိမ်.မယ် ။ ဒို.အမြင်ကတော့ တိုင်းချစ်

ပြည်ချစ်တွေ အတော်များပါလား ၊ အာဏာလိုခြင်သူတွေ တပုံကြီးပါလား လို.ဘဲ ရိုးရိုးသားသားတွေးရင်း ဒီလူတွေ ဘယ်လို ရင်ကြားစေ.နိုင်ကြမှာလဲ လို.ဆက်ပြီး အတွေးနယ်ချဲ.မိလိုက်တယ် ။





တခါ လွှတ်တော်ထဲ ကြည့်လိုက်ပြန်တော. တိုင်းရင်းသား လူမျိုးစုနဲ.ပြည်နယ်ကိုသာကိုယ်စားပြုတဲ့ ရှမ်း ၊ ရခိုင် ၊ မွန် ၊ ချင်း ၊ ပအို.၊ ၀ နဲ.ဖလုံစေါဝေါ ပါတီ ဆိုတာတို့ကိုတွေ.ရတယ် ။ သူတို.ဟာဘယ်နိုင်ငံသား တွေလဲ ဘယ်က

လဲ ?





တချို.တွေဟာ လူမျိုးစုကြီးက ခွဲထွက်လာတဲ့လူမျိုးစုငယ်တွေဖြစ်ကြတယ် ။ ဥပမာ တခုဘဲ ပြရရင် ပအို. နဲ့ ၀ တို.ဟာ ရှမ်းလူမျိုးစုဝင်တွေဘဲ ။

ပြောခြင်တာက လူမျိုးစုငယ်တွေ အခုလိုသာ ကွဲနေရင် လူမျိုးစုကြီး မဖြစ်နိုင် ၊ လူမျိုးစုကြီးတွေ ကွဲနေရင် လဲ လူမျိုးကြီး တခုဖြစ်ဘို. ဝေးလိ့မ်မယ် ။





မျှားတစင်း ကို ချိုးလို.လွယတယ် မျှားတစည်း ကို ချိုးဘို.မလွယ်ဘူး ဆိုတဲ့ လူကြီး သူမတွေရဲ့စကားကို ဘယ်လို သဘော အဓိပါယ်ပေါင်ကြတယ်တော့ မသိဘူး ။





ဒါကိုမြင်ကတည်း က ဘ၀င် သိပ်မကျလှဘူး အရင်က ထင်တာထက် ပိုဆိုးနေပါလားလို. ယူဆမိတယ် ၊အမျိုးသား ပြန်လည်ရင်ကြားစေ.ရေး ဆိုတာဟာ အရင်ကထက် ဝေးနေပုံရှိတယ် လို.ပြောရမလား မသိဘူး။ တဖက်ကစဉ်းစားပြန်ရင် ပါးစပ်သေနတ်ပစ်ကြတာ ဟာ တခြားသေနတ်တွေနဲ.ပစ်ကြတာတွေထက်တော့ အများကြီး တော်သေးတယ် လို.ဘဲ ဘေးပါတ်ဝန်းကျင်မှာဖြစ်နေတာတွေနဲ.နိုင်းယှဉ်ပြီး အကောင်းဖက် က မြင်လိုက်ပြန်တယ် ။ ဒါဟာ နိုင်ငံရေး ဆိုတာဖြစ်မှာဘဲ ။





မြန်မာမှုမှာ ခွေးလေးအလိုလိုက် ပါးရက် နားရက် ၊ အလိုလိုက် အမိုက်စော်ကါး ၊ သားဆိုး သမီးဆိုး ပစ်ရိုး ထုံးစံမရှိ တဲ့ ၊ နောက်တမျိုးကလဲ ရက်စက်မှကျေကွဲ သတ်ရဲမှ မင်းဖြစ် လို.ဆိုပြန်တယ် ၊ ကိုယ်ကသာ မသတ်ရှိရမယ် ၊ သူများတကာ

တွေ မင်းဖြစ်ခြင်လို ရှောက်သတ်နေတာတွေ တွေ.နေရတာဘဲ ။ သူတို.အယူ

အဆ ကတော့ ရှင်းတယ် Kill or be killed တဲ့ ၊ နောက်တခုကလဲ you have to be cruel to be kind တဲ့ ။ သူတို.တွေက လက်တွေ.ကျပုံ ရတယ် လို. ဆိုရမယ် ။





သတ်တယ်ဆိုတာ သတ်ပုံသတ်နည်း အမျိုးမျိုး အဖုံဖုံရှိတယ် ၊ လက်နဲ.မထိ ဒုတ်နဲ့တောင် မတို.ဘဲသတ်နိုင် တဲ့ နည်းတွေရှိတယ် ။ ဒို.နိုင်ငံနဲု.ဒို.လူမျိုးတွေဟာလဲ နည်းအမျိုးမျိုး အဖုံဖုံနဲ.သတ်ခဲ့ဘူးလိမ့်မယ် ၊ အသတ် ခံခဲ့ရဘူး လိမ့်မယ် ။ အခုနောက်ဆုံး ဒိုအားလုံး ခံခဲ့ရတဲ့ စီးပွာရေး ပိတ်ဆို့မှု ဒါဏ်ခတ်မှုဆိုတာတွေမှာ အပြင် လူတွေကို အပစ် မပြောနဲ. ကိုယ်လူက ကိုယ့်ကို သတ်တာ ဒါးမပါ ဒုတ်မသုံး လက်ညှိုးနဲ.တောင် မထိ၊ အတော်ထိ

ရောက်တဲ့ နည်းတခု ဆိုတာ ၀န်ခံရလိမ်မယ် ၊ ဒါကြောင့်လဲ ဘဲ သတ်ရဲမှ မင်းဖြစ်ဆိုတဲ့ စကားဟာ မှန်သမှမှန် မှန်သထက်မှန် ဆိုတာ ကို ဓမ္မဓိဌာန်ကျကျ တွေ.နေရတယ် ။





ဒီနည်းတွေ သူံးလိုတော သူတောစင်/သူတော်စင်မ လို.တော့ မထင်လိုက်နဲ့ ။ ဘယ်လောက်များလဲဆိုရင် ဒို.မြန်မာတွေ အထိနာဆုံးဘဲ ၊ ဒါတွေကို ဘယ်နှယောက် သဘောပေါက်ကြတယ် တော့ မသိဘူး ။ လူမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံ အားလုံး ပျက်ဆီးလု မတတ်ဘဲ ၊ ကိုယ့်ပစ္စည်းဆိုတာ ရှိသေးရဲ.လား ၊ အဖတ်ဆယ်လိုမှရပါအုံးမလား ။





လူ.ဘ၀ဆိုတာ သမုဒ္ဒရာ ထက် ခဏတက်သည့် ရေပွက်ပမါမို. ၊ ငါ မကြာခင် သေတော့မှာ ငါ့အကြောင်းသိစေရမယ် ဟဲ့ ဆိုတဲ့သဘောနဲ. ၂၃ နှစ်လုံးလုံး အပြင်လူနဲ.ပေါင်း တိုင်းနိုင်ငံတော်ကို ငြိမ်းချမ်းသော အကြမ်းဖက်မှူ မပါသော ဆိုတဲ့ စကားလုံးတွေ တွင်တွင်သုံးပြီး အဖျက်လုပ်ငန်းတွေနဲ့ဖျက်ဆီးခဲ့ လုပ်ခဲ့

တာတွေ ဟာ အမျိုးသား ပြန်လည်ရင်ကြားစေဘို မပြောနဲ. ဖင်ကြားတောင် မစေ.ဘူး ၊ (ကမ္ဘာကြေသော်လဲ ဥဒါန်းမကြေ )ဆိုတဲ့ စကားတွေ ပြန်ပေါ်လာ

နေတယ် ဆိုတာ သတိထားမိကြရဲ.လား ။





အရင်းစစ်လိုက်ရင် အမြစ်မြေ ကဆိုတဲ.အတိုင်း ၊ ဒါတွေအားလုံးဟာ နိုင်ငံတော်နဲ.နိုင်ငံသားတို.အပေါ် သစ္စာစောင့် သိမှူ မရှိလို.၊ ရှေ.အမြော်

အမြင်နဲလို.ဘဲ ၊ အကောင်း အဆိုးမျှတအောင် မဆင်ခြင်နိုင်လို.ဘဲ လို.ဆိုတော့ မယ် ။





ပျော်ပျော်ပါးပါးပေါ့ ၊