Article submitted by: minkyaw thuyein on 27-Dec-2012  
အာဏာလိုခြင် / အာဏာရှင်ဖြစ်လိုသူအတွက် ။
ဒို.လူကလေးများဆိုသလေး ၊






အာဏာဆိုတာ ဘာလဲ ? အာဏာရှင် ဆိုတဲ့စကားရပ်ဟာ အဆိုးစကား မကောင်းတဲ့ အမြင်နဲ.ပြောတဲ့ စကား တယောက်က တယောက်ကို မလိုတဲ့အျိခန်မှာ ဝေဖန် ပစ်တင်ရှုံ.ချ ကဲ့ရဲ.သမုတ် စွပ်စွဲတဲ့စကား၊






ဒို.မြန်မာနိုင်ငံမှာ အုပ်ချုပ် ခဲ့ကြသူတွေနဲ.တကွ ကမ္ဘာခေါင်းဆောင် တချို.ကို တချို.က မလိုတမာစိတ်နဲ့ အာဏာရူးတွေ အာဏာရှင်တွေလို.ပြောကြတယ် ခေါ်ကြတယ် သမုတ်ကြတယ် တံဆိပ်ခတ်ကြတယ် ။ စကားလုံးတွေက များလိုက်တာနော် ၊ နောက် ဘာများရှိသေးလဲ မသိဘူး ၊






အာဏာဆိုတာကို အဓိပါယ် အမျိုးမျိုးဖေါ်ကြလိမ်မယ် ၊ အာဏာတို. ပါဝါတို.ဆိုတာဟာ ရိုးရိုး သာမန်စကား အရပြောရရင် စီမံ ခန်.ခွဲ လုပ်ကိုင်ဆောင်ရွက် ပိုင် ခွင့်ဆိုတဲ့ တဦးတယောက် ကို သတ်မှတ် ပေးတဲ့ တာဝန်ဆိုရင် လုံလောက်မယ် ထင်တယ် ။ ဒါကိုကြီးကြီး ကျယ်ကျယ် အာဏာလေး ပါဝါလေး

ဇီဇါချဲ.ပြော လာရင် လူ တကာ အမြင်လွဲသောက်မြင်ကပ် ရုံဘဲ ရှိမယ် ။






၁၉၈၈ ခု နောက်ပိုင်းမှာ မြန်မာတွေ အိပ်ယာက လန်.နိုးလာကြတယ် ၊ အိပ်ရေးဝ ကြပုံမရှိဘူး ကြည်ကြည် လင်လင် ရွှင်ရွှင်ပြပြ မဟုတ် ကယောင်ကတန်း ယောင်ယန်းပြီးထလာကြတာ ဖြစ်ပုံရတယ် ။ အိပ်မက်ဆိုး ကြောင့်လဲ ဖြစ်ပုံရ

တယ် ။ အိပ်ယာက ထစ ဗလုံးဗထွေးနဲ့သူတိုပြောတဲ့စကားတွေ ကယောင်

ကတန်း လုပ်တဲ့အလုပ်တွေကိုလဲ ဂရုစိုက်နားထောင် စောင့်ကြည်.ဘို.လိုလိမ်.မယ် ။






ပါလီမန် ဆိုတဲ့ လွှတ်တော်ထဲမှာ ပြည်သူ.ကိုယ်စားလယ်တွေ ဆွေးနွေးနေကြသတဲ့၊ ပါလီမန်ကိုယ်စားလယ် တွေ ဟာ တစုံတခုသော ပါတီဝင်တွေဖြစ်ကြတယ် ။ ပါတီပေါ် သစ္စာစောင့်သိကြတယ် ၊ ပါတီရဲ့ နိုင်ငံရေး ဆိုင်ရာမူဝါဒ စီးပွားရေးဆိုင်ရာမူဝါဒ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေနဲ့ အခြား

ခြားသော နိုင်ငံ့အရေး ဆိုင်ရာ အရပ်ရပ် မူဝါဒတွေကို အကောင်အထည်ဖေါ်ရ

အောင် ကြိုးစားလုံးပန်းကြဘို.ဘဲ ။






ဒါက ဘာလဲဆိုရရင် နိုင်ငံတော်နဲ့နိုင်ငံသားတို. လုံခြုံရေး နိုင်ငံသား အားလုံးတို.ရဲ. စား ၀တ် နေရေး ကျန်းမာရေး ပညာရေး နဲ. အရပ်ရပ်သော လူ.အခွင့်အရေး

တွေ တိုး တက် ကောင်းမွန်ရေးတို့ဘဲ ဖြစ်တယ် ။






ပါလီမန်လွှတ်တော်ထဲမှာ ကိုယ်စားလယ်တွေဟာ တပါတီထဲက မဟုတ်ကြဘဲ ပါတီမျိုးစုံ တို.ကဖြစ်တယ် ၊ တပါတီ အာဏာရှင် စံနစ်ဆိုတာကနေ ပြောင်းလာပြီ ။ ဒီပါတီတွေဟာ အမည်နာမ ကွဲပြားကြပေမဲ သူတို. အားလုံးရဲ. တူညီသော ဦးတည်ချက်ဟာ နိုင်ငံတော်နဲ. နိုင်ငံသားတို.အရေးဘဲဖြစ်တယ် ။ ဒါဟာ အမှန် အတိုင်းပါဘဲဆိုရင် ပါတီတွေ ဘာကြောင့် ကွဲနေကြရတာ လဲ - မူဝါဒတွေ ဘာကြောင့် ကွဲနေကြ ရတာလဲ ?






ဒါကတော့ တပါတီက တပါတီ ထက် ပိုကောင်းအောင် ကောင်းသထက်ကောင်း

အောင် လုပ်ခြင်လို.ဆိုပြီး ဖြေ ကြမှာဘဲ ။ ဒါဖြင့်ရင် ပါတီတွေ ပေါင်းပြီးလုပ်ကြ

ပါလား ဆိုတော့ ၊ ဒီလိုလဲ မဟုတ်သေးဘူးလေ တဲ့၊




ဒီလိုမဟုတ်ရင် ဘယ်လိုလဲ ဆိုပြန်တော့ အာဏာရှိဘို.လိုတယ် တဲ့၊ ကျမတို.မှာ အာဏာမရှိလို. မလုပ်နိုင် ပါ ဘူး တဲ့ ။ တချိန်က အာဏာ ခွဲဝေ အုပ်ချုပ် ကြ ဘို.ဆိုလားကြားဘူးသလိုရှိတယ် ၊ ဘယ်အာဏာရှိခြင် တာ လဲ ? သမတ အာဏာလား ၀န်ကြီးချုပ် အာဏာလားကာကွယ်ရေး ၀န်ကြီးလား ?






လူပိန်းတွေး တွေးလိုက်ရင် အာဏာရှင် ဖြစ်ခြင်တာလား? အာဏာရှင် လို. ကြားလိုက်တာနဲ. လူတွေ သိပ်မကြိုက်ဘူး မကြားခြင်ဘူး ၊ ကြောက်တယ် ၊ လန်.တယ် ။ အာဏာရှင် ဆိုတဲ့စကားလုံးကို ချောက်လုံး လှန်.လုံးအဖြစ် ဒီမိုကရေစီ သမားတွေက အခါမလတ် သုံးစွဲနေတဲ့ ထဲက (အကြောက်တရား ကင်းဝေးရေး) လို. တချို.ကပြောလာပြန်တဲ့အပြင် အာဏာလိုခြင်ပြန်တယ် ဆိုတော့ အာဏာရှိခြင်တယ်ဆိုတော့၊ အာဏာရရင် ဘာများလုပ်မလို.ပါလိမ့် ? အာဏာရှင် ဖြစ်ရင် ဘာမဆို လုပ်မယ်ဆိုတဲ့ သဘောလား ?






ကမ္ဘာပေါ်မှာ အာဏာရှင် ဆိုတာ တနည်းမဟုတ်တနည်း တမျိုးး မဟုတ်တမျိုး တပုံစံမဟုတ်တပုံစံနဲ. ရှိနေတယ် ဆိုတာ လေ.လာသူတိုင်း သိနေတာကို. နားရှုတ်အောင် နားထဲ ခြုံပုတ်စိုက်မလို.လား? နားလှဲ. ပါးရိုက်တာလား ? စေါ်ကားလွန်းတယ် ထင်တယ် ။






အာဏာဆိုတာ သေနတ် ပြောင်းဝမှာ ရှိတယ် ၊ အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုလား ကြားဘူးမှာပေါ့ ။ ဟုတ်မဟုတ် အခုသေခါနီးတာတောင်

မသိသေးရင် နောင် တမလွန်ဘ၀ကို ဒီ (မသိကြီး) ပါရမီ ပါသွား လိမ်.မယ် ။






အမှန်က နောက်ဆုံးပေါ် ခေတ်သစ် အာဏာရှင်တွေကတော့ ပြည်သူလုထုကို အမြဲ ခုတုန်းလုပ်တယ် ။ ပြည်သူလူထု က အာဏာအပ်နှင်းလို. အာဏာရှင် ဖြစ်ရတာပါ ဆိုတော့ ဘာပြောခြင်ကြသေးသလဲ ။






တချို.နိုင်ငံတွေမှာ ဆိုရင် ပြည်သူလူထူဟာ အာဏာရှင်ကို ၄ နှစ် ၅ နှစ်တကြိမ် ဆိုသလို တိုက်ရိုက် တင်မြောက်တယ် ။ မြန်မာ ရှေးထုံးနဲ.နှိုင်းပြီး မြန်မာမှု

ပြုရရင် နိုင်ငံတော် သမတ ဆိုတာ ထီးဆောင်းမင်း ၁၀၁ ပါးပေါ်ရဲ. အထက်က တပါးတည်းသော ဧကရာဇ်မင်းမြတ်ဘဲ ၊ အချို.နိုင်ငံတွေမှာ သမတ ကို လွှတ်တော် ၂ ရပ်ပေါင်း အစည်းဝေးက ရွေးကောက်တင်မြှောက်တယ် ။






ဒီမိုကရေစီမှာ အစိုးရဖြစ်လာသူက ပြည်သူတွေကို အကြိုက်ပေး မြူဆွယ်ပြီး ကိုယ်လုပ်ခြင်တာလုပ် သွားကြတာ မြင်သာထင်သာ အထင်အရှားကြီး ရွေးကောက်ပွဲ နီးပြီဆိုရင် အုပ်ချုပ်သူ အစိုးရဖြစ်ချင် သူတွေဟာ နည်းအမျိုးမျိုး

နဲ. လူထူကိုလဘ်ထိုးနေတာဘဲ ။




အခုခေတ် သမယမှာတောင် ပြည်ထောင်စု စံနစ် ဆိုတာဟာ တကယ် စဉ်းစားကြည့်ရင် ဟိုတုန်းက ပဒေသရာဇ် ဧကရာဇ် စံနစ်ဘဲ လို. ဆိုရလိမ်.မယ် ။ ဒေသန္တရ ဆိုင်ရာ ဒေသန္တရ မင်း အသီးသီးတို.နဲ.ပေါ.၊






ထပ်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ၊ ခေတ်အပြောင်းအလဲအရ စကားလုံး အခေါ်အဝေါ်အပြောင်းအလဲ တွေ ရှိသည့်တိုင် ၊ သူတလူ ငါတမင်း ပဒေသရာဇ် ဧကရာဇ် စံနစ်ဟာ ရှင်သန်ဆဲ မြန်ဆဲဘဲဖြစ်တယ်ဆိုတာ တွေ.ရတယ် ။ ဒါပေနဲ့ သမတ ဆိုတာဟာ နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော် ဆိုတဲ့ ကြည်း ရေ လေ နဲ. လက်နက်ကိုင်တပ်ဖွဲ.အသီးသီးဟာ သမတလက်အောက်

မှာရှိတယ် ။ နိုင်ငံတော် သမတဟာ ပြည်တွင်းပြည်ပ ဆိုင်ရာမူဝါဒ ချမှတ်ဘို. နိုင်ငံတကာဆက်ဆံရေး တို.အတွက်ထက် ဘာမှသိပ်ပိုပုံမတွေ. ရဘူး ။






တချို.နိုင်ငံတွေမှာတော့ ရှေးရိုး သက်ဦးဆံပိုင် ဘုရင်စံနစ်လောက် ဘဲ ပြင်းထန်တဲ့ ဘုရင်စံကိုကျင့်သုံးဆဲဘဲ ၊ ဒီထဲမှာ တချို.နိုင်ငံတွေဟာ လူမျိုးဘာသာ ခွဲခြားတဲ့ စံနစ်တွေ ဥပဒေတွေကိုဘုရားဟောအဖြစ်နဲ.သုံးစွဲနေ ကြတာ လဲ တွေ.ရတယ် ။ တချို.ကလဲ ပျော့ပြောင်းတဲ့ ဖွဲ.စည်းပုံ အခြေခံဘုရင်စံနစ်ကို ကျင့်သုံးနေကြတာ ကိုတွေ.ရတယ် ။






ဒို.မြန်မာနိုင်ငံမှာ ဘယ်သူတွေက ဘယ်လို အထူးအာဏာတွေလိုခြင် ရှိခြင်နေကြ ပြန်တာလဲ ? အာဏာရူး နေ သလား ? ကိုယ်က အာဏာရူးရင် သူများအာဏာရူးတာကို အဆိုး မဆိုနဲ.လေ ။ အာဏာရရင် ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရည်မှန်းချက်နဲ. ဘာမဆိုလုပ်မယ် ဆိုတဲ့ အဓိပါယ်လား ?








အရေးကြီးတာက ဒို.ပြည်သူလူထု ပါ ။ နိုင်ငံရေးသမားတွေပြောဆိုလုပ်ကိုင်နေ

တာတွေကို မျက်စေ့ရှင်/ နားပါးနဲ့ ဂရုစိုက်ကြည့် နားထောင်ရမယ် ၊ ကိုယ်.ကိစ္စမဟုတ် ကိုယ်နဲ.မဆိုင်ဘူးလို. မထင်နဲ. မယူဆနဲ. အမေရော အမရော နှမရော ပျောက်သွားလိမ်.မယ် ။






တော်အုံးမယ် လေ ပျော်ပျော် ပါးပါးပေါ. ။