Article submitted by: minkyaw thuyein on 9-Dec-2012  
တေး ဘုံမ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ
ဒို.လူကလေးများ ဆိုသလေး ?


အပြစ်နာဆာကင်းသော ခြောက်ပစ်ကင်း သဲလဲစင် ကမ္ဘာကြီး မရှိနိုင်ဘူး ဆိုတာ
လက်တွေ.ဘဲ ၊ ကမ္ဘာကြီးရဲ. အစိပ်အပိုင်း ၊ ကမ္ဘာကြီးနဲ.ဆက်နွယ် နေတဲ့ ဒို.မြန်မာ နိုင်ငံတော်လဲ ကမ္ဘာ.စကားအတိုင်း ဆိုရရင် (ပါဖက် မြန်မာ) မဟုတ်ဘူး ၊ မဖြစ်နိုင်းဘူး ၊ ဒို.တတွေ လက်လှမ်း မမီနိုင်တဲ့ ရေ မြေ လေ မီး ဓါတ်ကြီး အစုနဲ့ဖွဲ.စည်း ထားတဲ့ ကမ္ဘာကြီးဟာသဘာဝ ရန်အမျိုးမျိုးကြောင့် ဖေါက်ပြန်တဲ့
အခါ ဒို.တတွေမှာ နေစရာပျောက် စားစရာ ပျောက်ဖြစ် ရတယ် ။ အဲသလိုဘဲ လူ ဆိုတာလဲ ရေ မြေ လေ မီး ဓါတ်ကြီး အစုနဲ့ ဖွဲ.စည်းထားတာဖြစ်လို. အချိန်မရွေး ဖေါက်ပြန်နိုင်တယ် ။


လူ နဲ့ ပါတ်ဝန်းကျင် ဖေါက်ပြန်မှု ၂ ခု ကြားမှာ ပေါက်ပွား ရပ်တည်ရတဲ့ ဒို.လူဘ၀ ဟာလဲ ပါတ်ဝန်းကျင်ရဲ. ရိုက်ခတ်မှုဒါဏ် ပါတ်ဝန်းကျင်ရဲ.ပြုပြင်မှူတွေကို ခံနေရတယ် ။ လူ လူ ချင်းပြုပြင်မှုတွေ ကိုခံရတယ် ဒို.ဟာ သဘာဝ ပါတ်ဝန်းကျင်ကို ပြုပြင်နိုင်မှု နဲတယ် ၊ များသောအားဖြင့်သဘာဝရဲ.ပြုပြင်မှုကိုခံရတာ
သာများ တယ် ။ လူ နဲ. လူ.ပါတ်ဝန်းကျင်လဲဘဲ ထိုနည်းအတူရှိတယ် ၊


ပိုပြီးနားလည်အောင်ပြောရရင် ကိုယ်ဘက်ကိုယ်ဆွဲပြီးပြောရင် ညဒီမိုကရေစီ ဆိုတာဟာ ဒါဘဲ ၊ အားများတဲ့ ဘက် အနိုင်ယူတာဘဲပေါ.။ ဒါပေမဲ့ မှားတယ် မှန်တယ် ဆိုတာ ဒို.ကသာဆုံးဖြတ်နိုင်တာ ၊ ဒို.ကိုယ်တိုင်က အမှား အမှန် မသိရင် ဒို.ရဲ. ဆုံးဖြတ် ချက်တွေဟာ မှားခြင်လဲ မှားမယ် မှန်ခြင်လဲ မှန်မယ် ။ မှန်လို.ကတော့ အရေးမကြီးဘူးပေါ. ။


အရေးကြီးတာ က ဒီနေရာမှာ အမှားများရင် အမှား ဖြစ်သွားမှာဘဲ အမှားများလို.လဲ အမှန်ဖြစ်မသွားဘူး ၊ အမှားကဖြစစေ အမှန်ကဖြစ်စေ အရှုံးမပေးဘဲ အင်အားသုံး အဓမ္မသွတ်သွင်းတဲ့အခါ အမှန်နဲ.အမှန် မလိုအပ်တဲ့ ပဋိပက္ခမှု ဖြစ်ကြမယ် ဆိုတာကို ဒီနေရာမှာ ဒို.အားလုံးဟာ ကွဲကွဲပြားပြား သိအပ်တယ် ။


ကိုယ်အသုံးမကျတိုင်း ကိုယ်လုပ်တာမှားတိုင်း လမ်းပေါ်ထွက် ခွေးလိုဟောင်ပြီး အမှန်လို.ကြွေးကြော်နေလို. လဲ အမှန်ဖြစ်မလာဘူး ၊ မပြုပြင် ရင် အမှန်ဖြစ်မလာဘူး ၊ မှန်သူကလဲ . (တေးဘုံမ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ တရား မရလို. အများကြ သံသရာ)လို.ရေရွတ်ပြီး ဘာမှ မလုပ်ဘဲထိုင်နေရင်ဖြစ်စေ ကံသာအမိ ကံသာအဖ ဖြစ်သမျှ အကြောင်း အကောင်းချည်းဘဲ ဆိုပြီး လွယ်လွယ်နဲ.လက်ခံနေရင် သူများလုပ်တိုင်း နု နေလို.တော့ လဲ မဖြစ်သေးဘူး ၊အမှားတွေဟာ တမှားပြီး တမှားဆက် ပြီး မှားနေလိမ့်မယ်ဖြစ်တယ် ။ ဒို.မြန်မာတွေဟာ တေးဘုံမ္မာ တွေ များနေကြတယ် ထင်ပါရဲ.။ အဓိပါယ်ကောက်
မှား အယူအဆ တွေများ မှားနေမလား ?


မှန်သူတွေ လွတ်မြောက်ရေး လမ်းစရှာ သူတွေ ဒီဒါဏ်တွေ ကို ကြိတ် မှိတ်ခံနိုင်ရအောင်၊ ခံရ သက်သာရ အောင် နည်းအမျိုးမျိုးနဲ.ဆက်လက် ကြိုးပန်းနေကြဘို.လိုတယ် ။ ဒီထဲမှာ ကိုယ်ကမှန်သူတွေဟာ စံပြအဖြစ် နဲ. ဆက်လက်ပြီးမှန်နေဘို.လိုတဲ့အပြင် ၊ ကျန်သူတွေကို အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာ တွေပေးဘို.လိုလိမ့်မယ် မှားသူ များလို.ဆိုပြီး ကိုယ်က လိုက်မှားစရာမလိုဘူး ။ မီးများမီးနိုင် ရေများရေနိင် ဆိုတဲ.စကားရှိပေမဲ့. မီးဟာ ရေဖြစ်မသွားသလို ရေဟာလဲ မီးဖြစ်မသွားဘူး ။


သဘာဝ ဒါဏ် ဆိုတဲ့ ဘေးကြီးကပ်ကြီးတွေကို လုံးဝကျော်လွှား အနိုင်ယူဘို.ဆိုတာ မဖြစ်နိုင်တာဘဲလို. လွယ်လွယ်ပြောနေသူတွေ ရှိလိမ့်မယ် ။ ဒီလိြုေ့ပာနေသူတွေဟာ ဗဟုသုတ နဲပါးသူတွေ ဖြစ်ပုံရတယ်လို. ဆိုရလိမ့်မယ် ။


ကမ္ဘာ့ခေါင်းဆောင်တွေဟာ ( ကလိုင်းမိတ် ချိန်း ) ဆိုတာအတွက် ကမ္ဘာမြေကို ကြိုတင် ကာကွယ်ဘို.ကြိုးပန်းနေကြသလို ။ နိုင်ငံ တခုချင်းတို.ဟာလဲ သူတို.အတွေ.အကြုံအရ ရေကြီးမှူ မြေပြိုမှူ မြစ်ချောင်းအင်းအိုင် တိမ်ကောမှု တွေ မဖြစ်ရအောင် ၊ အဘိုးမဖြတ်နိုင်တဲ့ရေကို အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ထိမ်းသိမ်းဘို.၊ အထိမ်းအသိမ်း မရှိမှုကြောင့် ၊ ရေဟာ သဘာဝကိုရော လူကိုပါ အတိဒုက္ခ ရောက် စေတာကြောင့် ရေကာတာတွေ ဆောက်ရေလွှဲ တူးမြောင်း
တွေ ဖေါက် ဒိုက်တွေ တားမံတွေ တုတ် ၊ ချောင်းတွေမြောင်းတွေ ဆယ် စတဲ့ ကြိုတင်ကာကွယ်မှူတွေကို လုပ်ကြရမှာက ကိုယ့်ကိုကိုယ် ကြိုတင် ကာကွယ်
ရေး အတွက်ဘဲ ။


ဒို.လုပ်ရမှာကို မလုပ်ဘဲတဦးတယောက်ကလာပြီးလုပ်ပေးဘို.စောင့်မျှော်
နေရင် ကိုယ်သာဘဲ အရင်ဦးစွာ ဒုက္ခရောက် ဘို.ဘဲရှိတယ် ။


ဒီဒါဏ်တွေ ကို ကြိတ်မှိတ်ခံနိုင် ရအောင်၊ ခံရ သက်သာ ရအောင်နည်း
အမျိုးမျိုးနဲ.ကြိုးပန်းနေသူတွေကို ကျန်တဲ့ လူတွေက ၀ိုင်းပြီး အားပေး ကူညီ ပံ့ပိုးကြရလိမ့်မယ် ဖြစ်တယ်၊၊


သံသရာမှ လွတ်မြောက်ပြီး နိဗ္ပာန်ရောက်ကြောင်း တရားဆိုတာရှိတယ်။ တချို.ကလဲ To be with God one day ယုံကြည်နေကြသူတွေလိုပေါ့ ။ ယုံကြည်မှုဟာ စိတ် ၊ စိတ်ဟာစွမ်းအားကြီးတယ် ၊ မြန်မာမှု မှာတော့(စိတ်သာရှင်စော ဘုရားဟော) လို.ဆိုတယ် ၊ စိတ်ရဲ.စွမ်းပကားတွေကို ဒီနေရာမှာ ဋိကါ မချဲ့လို ဘူး။ ဆိုလိုခြင်တာက ကောင်းသောစိတ် မကောင်းသောစိတ် ။ စိတ်ကို အရောင် အရုပ် အနံ အရသာ အားဖြင့် မမြင်နိုင်ဘူး ၊မသိရဘူး၊ မြင်ရဘို.တဆင့်ကတော့ ပြောဆို လုပ်ကိုင်မှုမှတဆင့် ဘဲ ၊ စိတ်ကောင်းရှိ မရှိဆိုတာကို မြင်နိုင်တယ် ။


နိုင်ငံတော် နဲ့ မိမိအပါအ၀င် နိုင်ငံတော်သားတို.အကျိုးဌာ ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် ခေတ်မီ တိုးတက် စည်ပင်သာယာရေး နိုင်ငံတော်သားအားလုံး ဘ၀ လုံခြုံရေး ၊ အာမခံချက်ရှိရေး ၊ မြန်မာနှင့်ကမ္ဘာ သဟဇါတ ဖြစ်ရေး တို.အတွက် ဒို.ခေါင်းဆောင်တွေက လုပ်သင့် လုပ်ထိုက်တာတွေကို (အများ)အကျိုး ရည်စူးပြီး လုပ်ကိုင် ဆောင်ရွက်သွားကြ
လိမ့်မယ် ။


အများအကျိုး ဆိုတာကို ဒီမိုကရေစီလို.ဘဲပြောပြော ၊ ဆိုရှယ်လစ်လို.ဘဲ ဆိုဆို အများအကျိုးဟာ အများ အကျိုး ဘဲ၊ လူဆိုတာ (အတ္တ) အစွဲကြီးကြတယ် ဆိုတော့ ခေါင်းဆောင်တွေ လုပ်ကြတဲ့ အများအကျိုး ဆိုတာဟာ (ပရ)ဆိုတဲ့ ထဲမှာပါဝင်သွားဘို. အရေးကြီးတယ် ၊ အတ္တ ဟာ ပရ ရဲ့ ဆန်.ကျင်ဘက် မဟုတ် တဲ့အတွက် အတ္တနဲ့ ပရ ကို မျှအောင် လုပ်ရလိမ့်မယ် ၊၊


ဒီနေရာမှာ ကိုယ်အကြိုက်ဖြစ်ခြင်မှလဲဖြစ်မယ် ။ ဒါကြောင့်ဘဲ ( အများအကျိုးဆောင် ကိုယ့်ကျိုးအောင်) လို. ပညာရှိ လူကြီးတိုင်းက ထိမ်းပြောခဲ့တယ် ။


မှားတာ မှန်တာ အပထားလို. ခေါင်းဆောင်တွေ ဘာလုပ်သင့်တယ် ဘာကိုင်သင့်တယ် ဘာဖြစ်စေခြင်တယ် ဆိုတာကို ထောက်ပြ ပြောဆို အကြံဥာဏ်ပေးဘိုရန်က ဒို.တာဝန် ။ ဒါဟာ လွတ်လပ်စွာထုတ် ပြောဆိုခွင့် ဆိုတာထဲမှာ အကျုံးဝင်သွားတယ် ၊ ဘေးထိုင် ဘိုင်ကျ ဘုပြောတော့ မဟုတ်ဘူး . ကိုယ်ကသဘောမတူနိုင် လက်မခံနိုင်သည့် တိုင် သူတပါး ထောက်ပြ ပြောဆို အကြံဥာဏ်ပေး တာတွေဟာ ကိုယ်ထက် ပိုပြီး ကောင်းနေကောင်း ကောင်းနေလိမ့်မယ် ဖြစ်တဲ့အတွက် ကိုယ့် အဆိုရှူံးရင် ကိုယ် ပြုံး နိုင်ရလိမ့်မယ် ။ ဒုတ်ဆွဲ ဒါးဆွဲ လုပ်စရာ မလိုပါဘူး ၊ ကိုယ်က ဒုတ် /ဒါးဆွဲရင် သူကလဲ ဒုတ် ဒါးတင်မက သေနတ်ပါ ဆွဲလိမ့်မယ် ဆိုတာ စိတ်ချ ။


အခုတလော soc.culture.myanmar မှာ ဆွေးနွေးတဲ့ အဆင့် အမြင်ဖလှယ်တဲ့ အဆင့်တွေ တွေ.လာရ တယ်၊ မဆွေးနွေးတဲ့ တဖက်သတ် အမြင် တင်ပြချက်
တွေလဲ တွေ.ရတယ် ၊ ဒါတွေဟာ စစ်မှန်သော ဒီမိုကရေစီဘဲ ခေါ်ခေါ် စည်းကမ်းရှိသော ဒီမိုကရေစီလို.ဘဲ ဆိုဆို ၊ လူ.အခွင့်အရေး ဆိုတာရဲ.အဓိပါယ်နဲ. အနှစ်သာရ ဆိုရင် မှန်လိမ့်မယ် ။


ပဋိပက္ခ နဲပါးရအောင် မြန်မာ စကားမှာ ( မချစ်သော်လဲ အောင့်ခါ နမ်း ၊ မနမ်းသော်လဲ ပင့်သက်ရှူ ) ဆိုတာ ရှိတယ် ။ ရှေ.ဆက်ပြီး အကောင်းဆုံး
ဖြစ်အောင် ဘာလုပ်ကြမလဲ ဘယ်လိုလုပ်မလဲ ဆိုတာကတော့ အမှား အမှန် ဝေဖန်ပိုင်းခြားတတ် သူတွေ အပေါ်မှာ မူ တည်မယ် ဆိုတာထင်ရှားနေတဲ့ အတွက် ၊ ကိုယ် ကိုယ် တိုင် အမှားအမှန် ဘယ်လောက်ဝေဖန်ပိုင်းခြား နိုင် သလဲဆိုတာ
ကိုယ်ဟာကိုယ် ဆန်းစစ် ဘို. လိုပါလိမ့် မယ် ။


လူမျိုးရေး အစွဲကြီးမှု ၊ ဘာသာရေး အစွဲကြီးမှု ကစပြီး ဘယ်လို အစွဲကြီးမှု
မျိုးကိုမှ လက်မခံသင့်ပါဘူး ၊အစွဲ ကြီးမှု ကို ဇွဲ ရှိမှု ဆိုတာနဲ. ရောယှက် မသွားစေလိုဘူး ။


နောက်ကြုံရင် ဆွေးနွေးကြ အုံးမယ်လေ ပျော် ပျော် ပါးပါး ပေါ့ ။