Article submitted by: minkyaw thuyein on 6-Dec-2012  
ဆုတ် မပစ်နိုင်တဲ့ အခြေခံ အုတ်မြစ် ။
ဒို့လူကလေးများ ဆိုသလေး ၊


ယထာဘူတကျကျ အရှိကို အရှိအတိုင်း လေ့လာရရင် ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း လူ မျိုး ကြီး ၈ မျိုး လူမျိုးငယ် ၁၃၅ ရှိနေတဲ့ ဒို.နိုင်ငံ ဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ.ရစ်ပါတ်ရှုတ်ထွေးနေတဲ့ ချည်လုံးကြီး
ဖြစ်နေရတယ် ၊ သဘွတ်အူ ဆိုရင်ရော? ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ဆိုတာ အက္ခရာစဉ် အလိုက် ဖေါ်ပြတာနော် ၊ ငါ့လူမျိုး စာရင်းရှေ.ဆုံးက မပါရလို.ဆိုပြီး ကလေးလို မျက်ရည်ခံ မထိုးကြနဲ. အုံး ။


ဒါနဲ့တောင် ဒို.တိုင်းရင်းသား မဟုတ်တဲ့လူမျိုးခြားတွေကို တိုင်းရင်းသားအဖြစ် လက်ခံဘို့ နည်းမျိုးစုံ နဲ.အပြင်သူတွေက ဒို.ကို ဖိအားအမျိုးမျိုး ပေးနေကြပြန်
တယ် ။ ဒါ ဒို.ပြည် ဒါဒို.မြေလို. ဒို ကြွေးကြော်နေတာကို သူတို.ကြည့်နိုင်ပုံ နားခံသာပုံ မရဘူး ၊ မြန်မာ နိုင်ငံရဲ့ရခိုင် ပြည်နယ်ကို ရိုဟင်ဂျာပြည်နယ် မူဂျာဟစ် နိုင်ငံတော် သာဖြစ်ရရင်တော့ ရာဇ၀င် ရိုင်းကုန်တော့မယ် ရခိုင်
ပြည်နယ် ကိုမှ ဒို.မကာကွယ်နိုင်ရင် နေရတာထက် သေရတာက မြတ်ပါသေးတယ် ကွယ် တို့ရယ် ။


ကိုယ်သုံးတဲ့ နုကလီးယား အညစ်အကြေးတွေကို ကိုယ်ပါတ်ဝန်းကျင် သန်ရှင်းခြင်တာနဲ.ဘဲ သူများ နိုင်ငံမှာ ပိုက်ဆံပေး မြှုတ်နေကြတာတွေရှိတယ် ၊
သူများညစ်ညမ်းမှာပါလားဆိုတာ နဲနဲလေးမှ မစဉ်းစားဘူး ၊ မြန်မာနိင်ငံဟာ လူအကာရဲ့ အမှိုက်ပုံ မဟုတ်ဘူး ။ မြန်မာဘဲဖြစ်စေ အခြားသူဘဲဖြစ်စေ လက်ခံ
တဲ့ နိုင်ငံနဲ. ခေါင်းဆောင်တွေဟာ ၆ နဲ. ၉ မကွဲပြားသူ ၊ ကကြီး နဲ့ ယ ပက်လက်
မသိသူ ၊ ၀ိုင် ( Y ) နဲ့ လှည်းထောက်ကို ကွဲကွဲံပြားပြား မသိသူ တွေ ဖြစ်လိမ့် မယ် ။ ဒို.ဆီမှာလဲ ဒီလိုခေါင်းဆောင်မျိုးတွေ မရှိကောင်းပါဘူး ရှိရင် ဖါယ်ရှား
ပြစ် ရလိမ့်မယ် ။



ဒီလူတွေကို လူလူချင်း ညှာတာတယ်ဆိုရင် သူတို.နိုင်ငံ ခေါ်သွားကြပါလား
ဘာလို့ ၊ ဘာကြောင့် သူများဆီ လာပုံ နေတာလဲ ။ သူတို.ခေါ်ခြင်တဲ့သူတွေ
တော့ သူတို.ခေါ်နေတာဘဲ မဟုတ်လား ၊ မခေါ်ခြင်သူတွေကျတော့လဲ ၂ နိုင်ငံခြား ခြံစီးရိုး ခတ်ထားတာ တခါတလေများ အရှေ.ဘာလင်မြို.ဘက်ကနေ အနောက်ဘာလင်မြို.ကို ထွက်ပြေးကြ တဲ့ ပုံတွေကို တရေးရေးပြန်ပြီး မြင်
ယောင်မိတယ် ။ သနားကျင်နာရင် ကိုယ်အိမ်ပေါ်ခေါ်တင် ကိုယ့်သမီးနဲ.ပေးစား လိုက်ပေါ့ သူများကို ဘာလို. ဒုက္ခပေးနေတာလဲ ? ငယ်ထိပ်မှာ အဆိပ် ပါတဲ့ မောင်စံအိတ် နဲ့တွေ.ရင်တော့ သမီး ၃ ယောက်စလုံး ချောသွားလိမ့်မယ် ။



လက်ခံဘို.ဘာသာရေးနဲ.လူ.အခွင့်အရေးကို အယောင်ပြတယ်၊ ဒို.မှာ ဒို.ဘာသာ ဒို.သာသနာ ဒို.လူမျိုး ဒို.နိုင်ငံဆိုတာ ရှိပြီးသား ၊ ဒို.လဲလူဘဲ ဒို.အခွင့်အရေး ဒို.နိင်ငံဟာလွတ်လပ်တဲ့နိုင်ငံ။ ဒို.ဟာနဲ.ဒို.မှ အနိုင်နိုင် ။ ဒို.ကို ဘယ်သူကမှ သြဇာပေးစရာ မလိုဘူး ။ ဒို.ဟာ ခေတ်သစ် ကိုလိုနီ ကျွန်တွေ မဟုတ်ဘူး ၊ ဒို.ထဲမှာ လက်ပါးစေတချို.ရှိနေတာကို တော့ တွေ.နေရတယ် ။ ဒို.ခေါင်းဆောင်တွေကိုလဲ ဘေးပါတ်ခြာလည်က၀ိုင်းပြီး နည်းအမျိုးမျိုး ဒါးနဲ.ထိုး တုတ်နဲ. ရိုက်တာတွေ လည်မျိုညှစ် အနိုင်ကျင့် အကြပ်ကိုင်တာတွေကို လက်ဖျားစိပ်လို.မှ လက်ထိပ်မနာကြသူ လက်ပါးစေ မြန်မာတွေကို အပြတ်ရှင်း ဘိုရာ မြန်ာမာတိုရဲ.တာဝန် ။ သူတို အနာဂါတ်ဘ၀ဟာ အမြဲ ကိုယ်ဘ၀ကိုယ် မပိုင်တဲ. လက်ပါးစေ ကြေးစားဘဲ ဖြစ်နေလိမ့်မယ် ၊ ကျီးလန်.စာ စားနေရမယ်
ဘဲ ဖြစ်တယ် ၊ ဘယ်တော့မှ ကောင်းစားဘို. မမြင်ဘူး ။ သူတို.ကိုယ်တိုင်ရဲ.လွတ်လပ်ရေး လွတ်လပ်ခွင့်တွေ ဆုံးရှူံးတာတောင် သူတို.မသိဘူး သူတပါး
အခွင့် အရေး ဆုံးပါးတာကို သိဘို.ရာဝေးရော ။



ဒို.ခေါင်းဆောင်တွေကို မရှူနိုင်မရှိုက်နိုင် ခေါင်းချာချာ လယ်အောင် အရူးလုပ် ၊ ဦးနှောက် နုရင် တော့ခံကြပေတော့ ၊ ဒို.ခေါင်းဆောင်တွေ အလုပ်ကိုအာရုံဏ် မစိုက်နိုင်အောင် လူ.အခွင့်အရေး ဆိုပြီးလုပ်နေတဲ့ လမ်းပေါ်နေ လမ်းပေါ်စား တွေဟာ နောက် တက်လာမဲ့ ဘယ်သူကိုဘဲ ဖြစ်ဖြစ်ကလန်ကဆန် ကို့ရိုးကါးရား လုပ်နေမှာဘဲ ၊ ဒါ ဟာ ဒီမိုကရေစီ ဆိုတာပေါ့ ၊ သူတို.စားပေါက် သူတိုရဲ. အသက်မွေးကြောင်း စားနေကျ စားကွက်တွေ ၊ တဦးတယောက်က နေ.တွက် ပေးထား တဲ့ ကြေးစာတွေ ၊ ဘယ်သူပေးတဲ့ကြေးကိုမဆိုစားမှာဘဲ ။ ဘယ်သူက ကြေးပေးပေး ပေးသူနဲ.အိပ်တန်း တက်နေသူ လက်မနှေးသူ ၀န်မလေးဘူး ၊ သူ.ကို ဘယ်လို ခေါ်ရမလဲ နာမည်ပေးရမလဲ ? ။


နိုင်ငံရေးဆိုတာ အတိုက်အခံ မပါရင်မပြီးပါဘူး ၊ ဆန်ကျင်ဘက်ဆိုတာနေရာ
တကာမှာရှိလျှက်ပါ။



နိင်ငံရေးလောကမှာ ပြောပြောနေကြတဲ့ (Polictical Correctness ) နိုင်ငံရေး
အရ မှန်ကန်မှူဖြစ်ရအောင် ဒို.ခေါင်း ဆောင်တွေက ဖြစ်နိုင်သမျှ အကောင်းဆုံး
ဖြစ်အောင် ဆောင်ရွက် နေတာကို သိတတ်ပြီး ကူညီဘို.ဝေးလို. ပျက်ပြား အောင် လူမျိုးစွဲ ဘာသာစွဲအစွန်းရောက်တွေက လုပ်နေကြတယ် ၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး ရင်ကြားစေ့ ရေး ညီညွတ်ရေး လိုအပ်တယ်ဆိုတာကို ပြောနေကြပေမဲ. တကယ်ရော ပြန်လည်ပေါင်းစည်းရင်ကြားစေ. ညီညွတ်ခြင် ကြရဲ.လား ဆိုတဲ့ သန်း ၁၀၀၀ တန် မေးခွန်းဖြစ်လိမ့်မယ် ။ ၁၉၄၇ ခုကလဲ ပြည်ထောင်စုခဲ့ ကြတာ စုကိုမစုနိုင်ခဲ့ဘူး မဟူတ်လား ? ဘယ်လိုပုံနဲ.ဘယ်လိုနည်းနဲ့ ပြန်လည် ပေါင်းစည်း ရင်ကြားစေ့ ညီညွတ်ကြမလဲ?



ပြည်သူလူထုတရပ်လုံးဟာ ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ဆိုပြီး အမည်နာမ ကွဲပြားပေမဲ့ တအိမ် ထဲနေ တရေထဲသောက်နတဲ့ မိသားစုဝင်တွေသာ ဖြစ်ပါတယ်ဆိုတာကို သဘောမပေါက်နိုင်အောင်ဘဲ ရှိနေတယ်။ အချို.ကဆိုရင် အမေရိကန်ပြည်ထောင်စုကို အားကျ ကြတယ် ၊ ဘာကိုအားကျ
တာလဲ မေးတော့ Freedom တဲ့ ၊ အဲဒါဘာလဲ ?


အမေရိကန်ပြည်ထောင်စု သမိုင်း ဖတ်သလား လေ့လာသလား ဆိုတော့ ဖတ်တယ်တဲ့ ၊ ဘာသိသလဲ ပြောစမ်းပါအုံးဆိုတော့ ခွေအ လှည်းနင်း နေတယ် ။ ရေရေယာယာ မသိ ၊ ဘယ်လိုသိနိုင်ပါမလဲ ၊ ကိုယ့်သမို်င်းကိုယ့် ရာဇ၀င်လဲမဟုတ် အချိန်မရလို. စာမျက်နှာ ၁ နဲ. နောက်ဘိတ်ဆုံးစာမျက်နှာကို အကြမ်းဖျင်းတခေါက်သွက်သွက်လေး ဖတ်လိုက်တယ် ၊ အလယ်စာမျက်နှာ
တွေကိုတော့ ကျော်ဖတ်လိုက်တယ် ၊ ထားပါတော့ ဖတ်သလောက်ဘဲ အကောင်း အဆိုး ဘယ်လို သဘောရသလဲ ၊ ဘယ်လိုသဘောပေါက် နားလည်သလဲ ?


ကိုယ့်အိမ်လဲမဟုတ် သူများဆောက်တဲ့အိမ်ပေါ် အခန်.သား သွားနေကြတာ မြန်မာ့သတ္တိ လို.ပြောရမှာလား ။ ကိုယ်က သွားတော့ ရေကြည်ရာမြက်နုရာ လို.ပြောတယ် ၊ သူများ က လာတော့ နယ်ချဲ.တာ တဲ့ ။ ဒို.သူများနိုင်ငံကို သွားပြီး နယ်ချဲ.နိုင်ကြပြီးနော် နယ်ချဲ.ပဒေသရာဇ် စံနစ်တဲ့လား၊ ကျွန်သွားခံကြတာလား
ဆိုတာကတော့ ကိုယ်.အဓိပါယ်နဲ.ကိုယ် ပေါ့လေ။ ကိုယ်ပါးစပ်ထဲကစကားဟာ ကိုယ့်စကားဘဲပေါ့ ။ အနဲဆုံးတော့ အကြောင်းအမျိုးမျိုးဆိုတာဘဲ့ ။ နိုင်ငံရေး စီးပွားရေးတည်ငြိမ်မှု မရှိလို.ပါ လို.ဆိုရအောင် ဘယ်သူတွေက မတည်ငြိမ်
အောင်လုပ်နေသလဲ ၊ ကိုယ်ကရော တည်ငြိမ်အောင် ဘာများကူညီဆောင်ရွက်
သလဲ? မြန်မာအကျင့်ကောင်းတွေလို.ပြောရမလား ။ အမယ် တယ်ဟုတ်နေ ကြပါလား ။


တရုတ်ပြည် အုတ်တံတိုင်းကြီး ၊ ဘာလင်မြို.အင်္ဂတေတံတိုင်းကြီး (မရှိတော့) ၊ ကန်နဲ.မက္ကစီကို ကြား ခြံစီးရိုး ၊ ကိုရီးယား ၂ နိုင်ငံ ကြားက တပ်စီးရိုး ၊ အခြားခြားသော တံတိုင်းတွေ ဟာ နယ်ခြားသတ်မှတ်ချက်တွေဘဲဖြစ်တယ် ။
ဒို.နိုင်ငံနဲ. အိမ်နီးချင်းနိုင်ငံတွေ ကြားမှာ တံတိုင်း ခြံစီးရိုးတွေရော တပ်စီးရိုး
တွေပါ အထင်ကရ အထင်အရှားရယ်လို. မရှိပေမဲ့ တတ်နိုင်သမျှ ချောမွတ်နေ
တယ် ။ တောတောင် ထူထပ် လမ်းပန်းဆက်သွယ်ရေးမကောင်းလို.ဆိုပေမဲ့
ပိုက်ပေါက်က လွတ်သွားတဲ့ ငါးတွေလဲ ရှိလိမ့်မယ် ၊ အမြတ်အစွန်းကြီးများ ရှိလှတဲ့ လူကုန်ကူးတာတွေလဲ ရှိလိမ့်မယ် ။ အထူးသဖြင့် တရုတ်မြန်မာ နယ်ခြားမှာ အတော် ဆိုးနေတယ်လို.သတင်းတွေလွင့်နေတယ် ၊ တိတိကျကျ ဘာမှပြော မထားဘူး ။ြေ့ပာခြင်တာ ပြောလို.ရတယ် ၊ တရားဝင် ပြောခြင်ရင် စွပ်စွဲခြင်ရင် တရားဝင် သက်သေတွေအထောက်အထားတွေ တင်ပြရလိမ့် မယ် ။
ဒီလိုလဲ မဟုတ်ပြန်ဘူး ။ ပါးစပ်ကပြောခြင်တာ ပြောလိုက်ရရင် ပြီးရော ။


တိုက်တွန်းခြင်တာ အားပေးခြင်တာက ၊ တရားဥပဒေ စိုးမိုးစေခြင်ရင် ဥပဒေ
အတွင်းက လုပ်ရမယ် ။ ပါးစပ်မှာ သျှာအရိုး မရှိတိုင်း၊ အရူးလိုလို အပေါလိုလို အလကား တွေ.ကရာတွေ လျှောက်ပြောနေကြလို. မကောင်းဘူး ရန်မီးပွားရုံ
ဘဲရှိမယ်။ တယောက်နဲ့တယောက် အယုံအကြည် ကင်းမဲ့ရုံဘဲရှိမယ် ပြသနာ
ပြေပျောက်မသွားဘူး ။



နိုင်ငံနဲ.လူမျိုးတိုးတက်စေခြင်ရင် အရေမရ အဖတ်မရတွေ ပြောဆိုလုပ်ကိုင်
နေတာတွေ ရပ်ပြီး တိုးတက်ရာတိုးတက် ကြောင်း အကြံဥာဏ်တွေ အကျိုြး့ပု လက်တွေလုပ်ငန်းတွေနဲ. တိုင်းပြည်တာဝန် လူမျိုးတာဝန်ကို ကိုယ်တတ်နိုင်တဲ့ ဘက်က တပိုင်းတစ ယူသင့်တယ်။


ဒီနေ. ( နိုင်ငံရေးအရ မှန်ကန်မှူ) ဆိုတာကို ဆက်ပြီးဆွေးနွေးခြင်တယ်။ ဒို. နိုင်ငံကို ဘာခေါ်မယ် ဆိုတာ နိုင်ငံတော် ဖွဲ.စည်းပုံ အခြေခံဥပဒေမှာ အတိ အလင်းပြဌာန်းပြီးသား၊ ဥပဒေ လေးစားလိုက်နာသူတိုင်းဟာ တရားဥပဒေ စိုးမိုး စေလိုသူတိုင်းဟာ ပြဌာန်းထားတဲ့ အတိုင်းခေါ်ရလိမ့်မယ် ၊ ဒို.နိုင်ငံဟာ (ဗမာနိုင်ငံ ) လို. ပါးစပ်စကားနဲ.ခေါ်နေရာက (မြန်မာနိုင်ငံ) လို.စာစကားနဲ.ဖတ်တဲ့အသံရော ရေးတဲ့ အမှန်ကိုပါ ပြင်ခေါ်ငာာဟာ အဓိပါယ်ရှိတယ် လိုအပ် တယ်ဆိုတာလဲ သိကြပြီးဖြစ်တယ် ။ ပတ်မကြီးတီးစရာ ၊ မောင်း ထုစရာ လိုအုံး မလား ။


မြန်မာနိုင်ငံကို ၈ စိပ် စိပ်ပြီး ခြံစီးရိုးတွေ အုတ်တံတိုင်းတွေ တပ်စီးတွေ ခတ်ထားပြီးအချုပ်အခြာ လွတ်လပ်သော နိုင်ငံငယ် ၈ ခု တည်ထောင်ဘို.ဆိုတာဟာ လွန်ခဲ့တဲ့ အတိတ်ကလဲ မဖြစ်ခဲ့ဘူး နောင်ကိုလဲ ဖြစ်လိမ့်မယ် မဟုတ်ဘူး ။ မဖြစ်ရတဲ့အကြောင်း က အာကာတကြီးလွန်းနေတယ် ၊ အညှိုးကြီးလွန်းနေတယ်။



မလိုလားသူတွေကတော့ ဗမာ လူမျိုးစုဝင်အများစုရှိတဲ့ ဒို.နိုင်ငံမှာ ဗမာတွေ လက်ဝါးကြီးအုပ် စိုးမိုး နေတာလို. ရိုးစွပ်တယ် ၊ အထူးသဖြင့် ဒီစကားကို ကေအင်ယူ ကရင်ခေါင်းဆောင်တွေက ပြောခဲ့တာ ၊ ဒါကြောင့်လဲ မြန်မာ့ သမိုင်း လေ့လာသူတွေက အင်္ဂလိပ် လက်အောက် မြန်မာနိုင်ငံမှာ ကရင်နဲ.တခြား လူမျိုးစုဝင် တချို.ကို ကြေးပေးပြီး ဗမာတွေကို တိုက်ခိုက် သတ်ဖြတ်
ခိုင်းခဲ.တာတွေကို ပြန်ပြီးထောက်ပြတောမှ ငြိမ်သွားတယ် ။ ပြောကြမယ်ဆိုရင် သူဖက် ကိုယ့်ဖက် ပြောစရာတွေ အများကြီးပေါ့ ၊ ထောက်ပြစရာလက်နက်ကိုင်
ကရင် (KNU) နဲ. (KIA) ကချင်နဲ. ၊ ချင်းတို့ဟာ ခရစ်ယန်ဘာသာဝင်တွေ ဖြစ်ပြီး ရိုဟင်ဂျာ( နိုင်ငံမဲ့) ဆိုတာကတော့ မွတ်စလင်တွေဖြစ်တယ် ဆိုတဲ့ အချက်ဘဲ ။



(ရန်ကိုရန်ချင်း မတုန်.နှင်းနဲ.) ဆိုတဲ့ စကားအရ ဗမာတွေဟာ အေးအေး
ဆေးဆေးနေခဲ့ကြတယ် ၊ လူကြီးတွေ အထိမ်း ကောင်းကြတာဟာ အရင်းခံဘဲ ၊ တူညီသော ဆန်.ကျင်ဘက်တုန်.ပြန်မှု နိယာမ သဘောအရ ဆိုရင် လူမျိုးရေး
ကို လူမျိုးရေး ၊ ဘာသာရေးကို ဘာသာရေး လိုအပ်သလို တုန်.ပြန်ရရင် မြန်မာ့ မြစ်ကြီး ၄ သွယ်နဲ. မြစ်လက်တက်တွေ သွေးချင်းချင်း နီ သွေးချောင်းစီးသွား
စရာ ရှိတယ် ။



ဒါတွေဟာ ပြီးခဲ့ပြီ လွန်ခဲ့ပြီလို့ အကောင်းအမြင်နဲ.တတွတ်တွတ် ပြောနေဆဲ
မှာဘဲ ဖြစ်နေတဲ့ ဖြစ်ရပ်တွေက မပြီးသေး တာကို သက်သေခံနေတယ် ။ ငြိမ်းချမ်းရေးအမှတ်တကယ် လိုလားမြတ်နိုးသူ လူမျိုးစုတိုင်းဟာ မိမိတို.
အသိုင်းအ၀ိုင်း ထဲမှာ ရှိနေသေးတဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက်ဝါဒီ
အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုငရေး အသိပညာတွေ ပေးရလိမ့်မယ် ။ မြန်မာနိုင်ငံမှာ လူမျိုးနဲ.ဘာသာကို စွဲပြီ့း နယ်ခြား သတ်မှတ် အုတ်တံတိုင်းတွေ ခြံစီးရိုးတွေ တပ်စီးရိုးတွေ တည်ဆောက်ဘို.ဆိုတာဟာ သဘောတရားရော
လက်တွေ.ပါ မဖြစ် သင့်ဘူး။


ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် ဆိုတာကို ဘားမား လို.ဘဲ ခေါ်မယ်ဆိုတော့ ၊ ဘာလဲ ပြန်ထောင်စု သမတ ဗမာ နိုင်င်ငံတော် ပေါ့လေ ဟုတ်လား ။ ဗမာနိုင်ငံဆီ ပြန်သွား မလို.လား ? ဗမာလူမျိုးကြီးဝါဒ ဆိုတာ ဆီလား? အမေရိကန် ကို ဘုရားထင်တဲ့ မြန်မာရိကန် နဲ. လက်ပါးစေ တချို.သိဘို.က အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ် ပေါင်း ၅၀ ၊ ပြည်နယ်( ဒေသန္တရ အစိုးရ ၅၀ ရှိတာမှန်ပေမဲ. သူတို.မှာရှိခဲ့သမျှ တိုင်းရင်းသား လူမျိုး
စုတွေရဲ.အမည်ကို အစွဲံပြုပြီး ပြည်နယ် ခွဲခြားထားတာတော့ မဟုတ်ဘူး ။


ကန်ပထစ သမိုင်း ဟာ စိတ်ဝင်စားစရာကောင်းတယ် မှတ်သား ကောင်းပါတယ် ဘာတွေကို စိတ်ဝင်စားပြီး ဘာတွေမှတ်သားကြတယ်တော့ မသိဘူးပေါ့ ၊
ကန်ပထစ မဖြစ်မီ သူတလူ ငါတမင်းဆိုတာရှိခဲ့ဘူးတယ်လို.သိရတယ် ၊ ဌာနေတိုင်းရင်းသားတွေ သူတလူ ငါတမင်း တွေထဲက တချို.ကိုခေါင်းဆောင်မှူ တခုထဲအောက်မှာ စည်းရုံ နိုင်ခဲ့မှူရှိခဲ့ပေမဲ့ တိုင်းရင်းသား အားလုံးတို. တစု တစည်းထဲ မဖြစ်ကြမီ ၊ မညီညွတ်ကြမီ ဥရောပ ကရောက်လာတဲ့ အခြေချ သူတွေက စစ်တပ်နဲ.ပေါင်းပြီး အပြတ်ရှင်း ပစ်ခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်း
တွေမှာရှိတယ်။ ယူဆခြင်သလိုသာ ယူဆကြပေတော့ ၊၊


ကြုံလို. မှတ်သားဘူးတာလေး တင်ပြရရင် ကန်ဌာနေတိုင်းရင်းသား (Sioux).လူမျိုးစုဝင် Oglala Lakota အုတ်စု အကြီးအကဲ စစ်ကဲ Red Cloud, (1822 – December 10, 1909) က “What has been done in my country I did not want. Did not ask for white people going through my country. When the white man comes in my country, he leaves a trail of blood behind him.” လို.ပြောခဲ့ဘူး သတဲ့ ။


အကောင်းဖက်ကကြည့်ရင် ကန်ပထစ အဲဒီကတည်းက ညီညွတ်မှူရှိပြီး သူတလူ ငါတမင်း အခြေအနေကို ပြန်ရောက် ဘို.လမ်းတော့ မရှိဘူး ၊ အကြောင်းကတော့ ကန်ပထစမှာ ရှိသင့်တဲ့အင်အား အားလုံးရှိတယ် ၊ တောင်တင်းခိုင်မာတယ်၊ ငွေကို ရေလိုသုံးတယ် ၊ တကမ္ဘာလုံးမှာ လုပ်သမျှ တင့်တယ် တယ် ။ လုပ်စရာရှိရင် ပြတ်ပြတ်သားသားလုပ်တယ် ၊ အဓိက က သူတပါးကို စည်းလုံးညီညွတ်ခွင့်မပေးဘူး တောင်တင်းခိုင်မာစေမဲ့ အခွင့်
အလန်းမှန်သမျှ ပိတ်ဆို့ဟန်.တား တယ် ၊ သူသြဇါကလွဲရင် ဘယ်သူ.သြဇါမှမခံရဘူး။ လက်ဝါးကြီူအုပ်ဝါဒဆိုတာ ဘာလဲ ?


မြန်မာတွေကိုယ်ခံရတာကိုမှကိုယ်မသိƜ