Article submitted by: minkyaw thuyein on 3-Dec-2012  
သံသရာ့ ၀ဋ်တ ဒုက္ခတော
ဒို.လူကလေးများဆိုသလေး ၊


သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ လွတ်မြောက် စိမ့်သောဌါ ။ သို.မဟုတ် သူ.အမေရိုက်လို.ချောင်ထဲမှာ ငိုနေတဲ့ ဂျာအေး အငိုတိတ်လေ မလားလို. ၊ အောက်လမ်းက မသွားဘဲ အထက်လမ်းက သွားပြီး ဂျာအေး သံသရာရှောင်
ကြည့်လိုက်မှ ရှုတ်သွား အုံးမလား မသိဘူး ။



ဂေါတမဗုဒ္ဒ ဟောကြားတဲ့ တရားတွေကို သင်္သကရိုက်ဘာသာ မှ ပါဋိဘာသာ သို.မှ မွန် ဘာသာ ထိုကမှ ဗမာဘာသာ သို.ပြန်ဆိုခဲ့ကြဟန်ရှိတယ် ဆိုရင် တချို.သူတွေက လက်ခံကောင်းမှ လက်ခံလိမ့်မယ် ၊ လက်မခံခြင်ရင်သာနေမယ် တကယ်တော့ အနော်ရထာမင်း ဟာ မွန် တိုထံမှာ ပိဋကတ်တော် အလှူခံတာ မရတဲ့ အပြင်မတူမတန်အပြောခံရတဲ့အတွက် စစ်တိုက်ပြီး ရယူခဲ့တယ် ၊ ဗုဒ္ဒဘာသာ သာသနာ ပြန်.ပွားအောင် ချီးမြောက် ခဲ့တယ် လို. ရာဇ၀င်သမိုင်း
မှတ်တမ်းတွေအရ သိရတယ် ။ အနော်ရထာ သာ မဟုတ်ရင် တယောက်
ယောက်ပေါ့ ။



ခရစ်ယန် ဘာသာ သမ္မာကျမ်းစာကိုတော့ မင်းတုန်းမင်း လက်ထက်က ဆရာ ဂျတ်ဆင်ဆိုသူ ခရစ်ယန်သာသနာပြု တယောက်က တတ်သမျှ မှတ်သမျှ ဗမာလို ဘာသာပြန်ခဲ့တာ အခုတိုင်အသုံးပြူလျှက် ဘဲ ။ ဘယ်လောက်လွတ်လပ်
တဲ့ ဒို.နိုင်ငံလဲ ၊ အခု ခေတ် သိပ္ပံ စိတ်ကူးယာဉ် ကြယ်တာရာ စစပွဲ် ( Staw War ) ထဲက နားရွက်ချွန်နဲ အစိမ်းကောင်လေး Yoda ပြောစကားတွေဟာ ဆရာဂျတ်ဆင် ဆီက ရတာ ဖြစ်နိုင်တယ် ။


ဒါတောင် ကြံရှာပြီး ချစ်တီးခေါ့င်းဆိုလား ဘာဆိုလား မသိမှာ သန်းရှာသလို
သာပြောကြရင် ။ ကတ္တား ၀ါစက ကံ ဆိုတဲ့ သဒ္ဒါ အကြောင်းထည့်မပြောနဲ.
အခုခေတ်မှာတောင် အပြော အဆို အရေးအသားမှာ သဒ္ဒါဆိုတာကို ရေးကြီး
ခွန်ကျယ် ဘယ်သူမှ လုပ်မနေပါဘူး ။


ပိဋကတ်တော်တွေကို ဘာသာတခုက တခုသို. ဆင့်ပွား ဘာသာပြန်ခြဲ့ကတယ် ဆိုတာတော့ မေ့လို မဖြစ်ဘူး။ ဒါကြောင့် (အနှစ်မပျောက်) ရလေအောင် သံဃာယနာ မကြာမကြာတင်လေ့ရှိတယ် ၊


ဗုဒ္ဒဘာသာမှာ ဂိုဏ်းကွဲတွေတော့ရှိကြတယ် သူများဘာသာတွေလိုတော့ ထ သတ်ကြတယ်လို.မကြားဘူး ဘူး ဆိုပေမဲ့ ဘုန်ကြီးတွေကတော့ ဌက်ဂိုဏ်း ရွှေကျင် ဂိုဏ်း ဆိုပြီး ၂ ဂိုဏ်းကွဲရှိကြပြီး ရိုက်မောင်း ပုတ်မောင်းတွေ ဖြစ်ခဲ့
ဘူးတာ ကြားဘူးပေမဲ့ အသေအပျောက် အကြောင်းတော့ နားလဲ မထောင်
မိတာ အမှန်ဘဲ ။


အဓိပါယ်က အကွဲအပြဲဆိုတာ နေရာတိုင်းမှာရှိတယ် သမ္မာကျမ်းစာ ကပြောတဲ့ ကမ္ဘာဦးအစမှာရော မောင်ကုလား ရေးတဲ့ မဟာရာဇ၀င်ကြီး ထဲက ကမ္ဘာဦး အစမှာပါ ရှိနေခဲ့တယ် ။ အဖက စော်ဘွား အမိက မြိုစားမျိုးကပေါက်ပွားသူ မောင်ကုလား ဟာ အဘယ်ကြောင် မောင်ကုလား အမည် ခံတယ် ဖြစ်ရတယ် ဆိုတာကို ဘယ်သူမှရှင်းမထားဘူး ။


အကွဲအပြဲ ပဋိပက္ခ တွေကို မကြိုက်ရင် လက်မခံရင် ၊ ဒီ အကွဲအပြဲတွေ ပဋိပက္ခတွေကို ဒို.ကစပြီး မဖန်တီးနဲ. ၀င်ပြီး ပါလဲ မပါနဲ.၊ ပြောရတာ လွယ်ပါတယ် ၊ အလွယ်ဆုံး တခုပါ ။ သူများတွေ ဖန်တီးတဲ့ အကွဲအပြဲ ပဋိပက္ခတွေ ကို ဟန်.တားတယ် မဖြစ်စေလိုဘူးဆိုတာက သွယ်ဝိုက်သော
နည်းတွေနဲ့ ကိုယ့်ကိုပါ ဆွဲသွင်းသွားရင် မရှောင်တတ် မတိမ်းတတ်နဲ. ကိုယ် ကိုယ်တိုင် တဖက်ဖက် တယောက်ယောက် ရဲ. ရန်သူဖြစ်သွားတတ်တယ် ။


ကြားနေဆိုတာ ဂေါတမ ဗုဒ္ဒ လို ဂုဏ်တော် ၉ ပါးနဲ.မပြည့်စုံရင် အတော် အနေရ အသေရ ခက်တယ် ၊ ဘယ်လို သဘောရသလဲ?



နဲနဲ ဆက်ပြောပါရစေ ကိုယ့် အမြင်လေးပေါ့ ၊ အရိတ်အမြွတ်တော့ ပြောဘူးပါ
တယ် ၊ ဂေါတမ ဟောတဲ့ တရားတွေ ရှိပါရက်နဲ. ၊ ဘယ်ဘုန်းကြီးက ဘာဟော
တယ် ဘယ်ဆရာတော်က ဘာဟောတယ် ဆိုတာတွေဟာ ပုဂိုလ်စွဲများ ဖြစ်နေ မလားလို. ပါ ။ ဂေါတမ ပျောက်ခြင်းမလှပျောက်သွား မတတ်ဘဲ ဘုန်းကြီးတွေ
က ဂေါတမထက်


တကျောင်းတဂါထာ တရွာတပုဒ် ဆန်းဆိုတာတွေကလဲ ရှိသေးတယ် ဆိုတာ သိပါတယ် ။



ဂေါတမ ဗုဒ္ဒ၀ါဒမှာ ဂေါတမဟာ သူ.ကိုယ်တွေ.အရ အစွန်းရောက်မှူ မကောင်း
ကြောင်းကို ဟောကြားခဲ့တယ် ၊ သူ.လမ်းစဉ်ကို လဲ မဇ္ဈိမ ပဋိ့ပဒါ လမ်းစဉ် လို.လူသိများခဲ့ပေမဲ့ ၊ အစွန်းရောက်မှူဟာ အစွဲကြီးရာက ဖြစ်ရတယ် အစွဲကြီးနေ
သမျှ အစွန်းရောက်မှူ ရှိနေမယ် အတောမသတ်နိုင်ဘူး ဖြစ်လိမ့်မယ်။



အားလုံးကိုခြုံကြည့်ရင် ဘာသာရေး လူမျိုးရေး အပါအ၀င် လောကီအရေးတိုင်း
မှာအစွဲကြီး အစွန်းရောက်မှုတွေ ကြောင့် ပဋိပက္ခ ဒုက္ခဝေနေကြရတယ် ဆိုတာသိပါရက်နဲ. ၊ မဇ္ဈိမ ပဋိ့ပဒါ လမ်းစဉ်ကို လိုက်ကြဘို.နေနေသာသာ ဒီ လမ်းစဉ် ကို ဖင်ကြားထဲတောင် မညှပ်ကြဘူး ဆိုရင် ကိုယ့် ဖင် ကိုယ် စိတ်မချ လို့များလား ? မဇ္ဈိမ ပဋိ့ပဒါ လမ်းစဉ် ကို မယုံလို. ဘဲလား ။



ဒို.မြန်ပြည်က ဒို.ခေါင်းဆောင်တွေ အားလုံးဟာ ဗုဒ္ဒဘာသာဝင်တွေ ဖြစ်စရာ မလိုဘူး ဗုဒ္ဒ၀ါဒ ဟာ ၃၁ ဘုံက လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး အတွက် ဖြစ်တယ် လို.ဆိုတယ် ။ နိဗ္ပာန်ရောက်ကြောင်း ဘုရားဟောတရားတွေ ကိုယ်ဟာကိုယ် လေ့လာ ကျင့်နိုင်တယ် ၊ ဒါကြောင့်လဲ နိဗ္ပာန်ရောက် နိုင်သူကို ၃ မျိုး ၃ စားဘဲ ခွဲထားတယ် ၊၊



အမည်အားဖြင့် သမ္မာသံဗုဒ္ဒ ၊ ( မိမိ တရားပေါက် နားလည်သဘောပေါက်ပြီး သူတပါးကိုလည်း ပြောဟော နိင်သူ ) ၊ ပစ္စေကဗုဒ္ဒ (မိမိ တရားပေါက် နားလည်သဘောပေါက်သော်လည်း သူတပါး အား မဟောပြောနိုင်သူ နဲ့ အရဟတ် ( သူများပြောဟောသံ ကြားဘူးသူ ) တို.ဘဲ လိုယ ဖတ်ဘူးတယ် ။ ဒို.အားလုံးဟာ ကျင့်သားရ အောင် (ပါရမီ ပါအောင်) အဖန်တလဲလဲ လေ.ကျင့်ကြ
ရမယ် တဲ့ ၊


ကဲ ဘာပြောခြင်သေး သလဲ ?


ပျော်ပျော် ပါးပါး ပေါ့