Article submitted by: minkyaw thuyein on 27-Nov-2012  
သိ ကြား သာသနာ ဆိုတာ ဘာလဲ ?
ဒို့လူကလေးများ ဆိုသလေး ၊

(ကောင်းသူ ကယ်တင်မည် မကောင်းသူကို ဖါယ်ရှားမတဲ့ ဘဂ၀ါဘုရား အမိန်.တော်ထားသည် ၊ သိ ကြား သာသနာ ရောက်ချိန်နီးလုပြီ ) ဆိုတာကို ငယ်ငယ်က ကြားဘူးတယ် ၊ ဘုရားဟောလား လူ.အပြောလား ဘာအဓိပါယ်နဲ. ဘာကြောင့်ပြောခဲ့သလဲ ဆိုတာလဲ မသိဘူး ၊ ခန့်မှန်းနိုင်ရုံလောက်ဘဲ ၊


တိုက်ရိုက် အဓိပါယ်ကောက်ပြောရရင် တာဝတိန်သာက သိကြားမင်းကြီးဟာ လူ.ဘုံဆင်းလာပြီး ကောင်းသူ ကယ်ဘို. မကောင်းသူဖါယ်ဘို.ဘဲ ဖြစ်တယ်လို့ နားလယ်လိုက်တယ် ၊ ဒီအတိုင်းကတော့ သိပ်ကိုရှင်းပါတယ်၊ ဒါပေမဲ့ ကောင်းသူ မကောင်းသူဆိုတာ ဘယ်သူတွေလဲ ၊ ဒီစကားတွေထဲမှာ နက်နဲတဲ့လျှို.၀ှက်ချက်တွေ ပါ မ ပါဆိုတာတောင် မစဉ်းစား မိဘူး ။


ခရစ်ယန်ဘာသာမှတော့ ဖန်တီးရှင် ဂေါ(ဒ်) ဆိုတာက သူ.ဖေးဗရိတ် မိသားစုဝင်တချို.နဲ.တိရိစ္စာန်တွေကို ကယ်ပြီး ကမ္ဘာမြေ ပေါ်မှာ ကျန်တဲ့ လူ အပါအ၀င် သတ္တ၀ါ အားလုံးကို ရေနှစ် သတ်ပစ်လိုက် သတဲ့ တချို.လူတွေဟာ ၊ တချို. တိရိစ္စာန်တွေလောက် တောင်မှ မကောင်းဘူး ဆိုတာကို ပေါ်လွင်စေတယ် ။ ခရစ်ယန် အမြင်ဘဲ ဆက်ပြာရရင် ဒို.တတွေဟာ (နိုးအ) မျိုးနွယ်က ဆင်းသက်တာမို. မကောင်းတဲ့ သွေး ဗီဇ မပါကြပါဘူးလို.စေါတက တက်နိုင်ရုံဘဲ ရှိတယ် ။


(နိုးအ) အမျိုးဆိုတာ ဟေဗြဲးမျိုးတွေသာ ဖြစ်တယ် လို.၊ တချိုကလဲပြောကြအုံးမယ် ၊ အခုခေတ် ဟေဗြဲ တွေက သူတို. စာထဲမှာ မောရှေနဲ. သူရဲ.ညာလက်ရုံးစစ်သူကြီး ဂျောရှုးဝါး တပ်နဲ.ဌာနေလူမျိုးစုတွေကို အစတုန်း သတ်ဖြတ် နယ်မြေတွေကို ဒါဒို.မြေ ဒို.ကို ထာဝရဘုရားက ပေးတာတာလို.ဆိုပြီး အဓမ္မ တိုက်ခိုက် သိမ်းယူခဲ့တယ် ၊ အခုခေတ် ဟေဗြဲ တွေက ဆိုရင် (ပါလက်စတိုင်း) ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး ဘူး တဲ့ ။ ဘယ်လို ဖန်တီးအထောက်အထား တွေနဲ့ပြောတယ် ဆိုတာ သူတို့ဘဲ သိမယ် ။
လူမျိုး ခွဲခြားတာတွေ ဘာသာခွဲခြားတာတွေ ဒို.ကိုလာမပြောနဲ့ ကိုယ့်လူကို ကိုယ်ပြော ကိုယ်.လူကိုယ် နိုင်အောင်ထိမ်း မြှားဦး လာ မလှဲ.နဲ.။ ဒို.ထဲမှာလဲ လုံမလေး တယောက်ခေါင်းဆောင်တဲ. လူ တစု က ( မြန်မာ) ဆိုတာ မရှိဘူးပါဘူး လို.ပြောနေတယ် လို.ကြားရတယ် ။ ခက်လိုက်တဲ့ ဒီလုံမ .ဆန်.ခြင်မှသာ ပြုပြင်နိုင်တယ်ဆိုတဲ့ အစွဲကြီးစွဲနေပုံရတယ်၊


(သိ ကြား သာသနာ) ဆိုတာ ကိုယ်လိုတဲ့ အဓိပါယ်ဆွဲ ပြောရရင် ၊ အသိအမြင်ကြွယ်ဝခြင်း ၊ အကြားအမြင်များ ခြင်းရှိသူတို.ကသာ သာသနာကို ကောင်းအောင် စောင့်ရှောက်လိမ်.မယ် လို ဆိုလိုပုံရှိတယ် ၊ အဆိုရှိတဲ့ သိကြားမင်း ဆိုတာဟာ သူ.ဟာနဲ.သူ အလုပ်ရှုတ်နေတာ တဲ့ ။ သူ.သားမက်ဖြစ်တဲ့ အသူရာ နဲ့ ငုပန်းပွင့်ချိန်တိုင်း ရန်ဖြစ်(စစ်ခင်း) တုန်း ဆိုတော့ မကောင်း သူကိုဖါယ်ရှားဘို. သူ.ခမျာ လက်အားပုံ မရသေးဘူး ။ တနည်းအားဖြင့် အသူရာဟာ လူ.ဘုံမှာ ဆိုတောာလဲ သိကြားမင်းလဲလာခြင်ပုံ မရှိဘူး ၊ပြောရရင် ဒို. မြန်မာတွေရဲ.ကိစ္စမှာ သိကြားမင်း ရဲ.ဗန္ဒုကမ္ဘလါ မြတ်ကျောက်ဖျာ တင်းပုံ မရသေးဘူး ။
ဒါတွေကို အကြောင်ြး့ပုပြီး ဒို.တဒွေ အသိအမြင် အကြားအမြင်တွေ တိုးပွားအောင် လုပ်သင့်ကြောင်း အခါအခွင့်ရတိုင်း ပြောရတာပေါ့ . လူလယ်တွေရဲ.ချယ်လယ်မှုကို လူအတွေ အမြဲ ခံရတတ် တယ် ။


မကြာမီက မစ္စတာ ပရဲဇီးဒင့် ပြောသွားတဲ့ စကားတွေကို ကြားဘူးပြီးသား ၊ ဒိုလဲ ပြောဘူး တယ် ဆိုပြီး အမှတ်မထင် တော့ မနေသင်.ဘူး။ အပေါ်ယံကြော အဓိပ္ပါယ် မယူသင့်ဘူး ၊ သူ.နိုင်ငံ သမိုင်းကို သူဘာမှ အတိအကျပြောမသွားဘဲ ယေဘုံယျသာပြောသွား တာဖြစ်တယ် ၊ ကျွန်ဖြစ်ခဲ့ရဘူးတဲ့ သူ.ဘိုးဘွားတွေ သူ ပရဲဇီးဒင့် ဖြစ့်ရ တာတွေကို ပြောသွား တယ် ၊ ကျွန်ဘ၀ဟာ ဘယ်လိုဆိုတာ သူသိ လိမ့်မယ် ၊ ဒီအသိကဘဲ ဘယ်သူကိုမှ ကျွန်မလုပ်သင့်ဘူးဆိုတာကိုလဲ သူ သိရမယ် ။
စပိန်စကားပြောသူတွေ ကမ္ဘာသစ် ဆိုတာဆီစစ်တပ်နဲ.ရောက်လာတဲ့
အချိန်ကစပြီး လူတွေသတ် မုဒိန်းကျင့် ဘာသာပြောင်း ဒုစရိုက် အမျိုးမျိုး ကျူးလွန် ၊ သူများတပါးမြေပေါ် ဒုတ်စိုက် အလံစိုက်ပြီး ကိုယ့်မြေ အဖြစ် အပိုင်သိမ်းခဲ့တာတွေကိုပါ ထည့် ပြောခဲ့ရင် မိနစ် ၃၀ မပြောနဲ. နာရီ ၃၀ ၊ ရက်ပေါင်း ၃၀ ၊ လပေါင်း ၃၀ တောင် ကြာကောင်းကြာသွားခဲ့မယ် ။ သူ မပြောရဲပါဘူး ။


သူတိုပြည်တွင်း စစ်ဟာ ဒို.လိုစစ် မျိုးမဟုတ်ဘူးဆိုတာသူ မသိဘူးလား? သူ မပြောခြင်တာတွေ သူမပြောခဲ့ဘူးဆိုရင် မှန်လိမ့်မယ် ။ ဒို.ဟာကလဲ လူမျိုးရေး ဘာသာရေးပိုင်း ဆိုတာ လူတိုင်းသိပြီးသားတွေ ဘဲ။ မပြောခြင်လိုသာ မပြောဘဲနေတာ။လူကြီးတွေ က အထိမ်းကောင်း လို. ။


သူ.စကားထဲမှ ရိုဟင်ဂျာ ဆိုတာထည့်ပြီးပြောသွားတယ် ။ မြန်မာတွေ သိတ်ဘ၀င်မကျဘူး ဆိုတာသူ.လူတွေကသူ.ကို ပြောပါလိမ်.မယ် ။ မွှေတဲ့နေရာမှာ ယောင်းမ ကတောင် အရှုံးပေးရမယ် ၊ ဒါတွေကို
သတိထားဘို.ပြောနေတာ ။


ဒီနေ. ဒို. နိုင်ငံ မှာ ခရစ်ယန် church တွေ ၊ မွတ်စလင် ဗလီတွေ ဟိန္ဒူဘုရားကျောင်းတွေနဲ.အခြားသော ဘာသာရေး ဆိုင်ရာ အဆောက်အဦးတွေ ပေါကြွယ်တာကို မြင်ရလို. ၀မ်းသာပုံရတယ် ၊ ဒါတောင် သင်္ဂျိုင်း တွေ သုသာန်တွေ မပါ သေးဘူး ၊ ၀န်.ရှင်တော်
မင်းကြီးများရဲ ရုံး အဆောက်အဦးတွေ မပါသေးဘူး ၊ ဒို.တတွေအဘို.ကတော့ ဒို.မြေတွေတော့ သူများလက်ရောက်ရပြီ ၊ ဒီအတိုင်းသာဆိုရင် ကမ္ဘာတည်သရွှေ. ဒီမြေတွေ ပြန်ရစရာမရှိတော့ဘူး လို. လူပိန်းအတွေး တွေးလိုက်တယ် ။အခုလဲ စီးပွားရေးတံခါးဖွင့် ရင်းနှီးမြှုတ်နှံမှုကို အကြောင်းပြုပြီး. မြေဘယ်နှကွက် ဒုတ်စိုက် အလံစိုက် စိုက်ကြ အုံးမယ် မသိဘူး ။


အကောင်းဘက်က တွေးရင် အကောင်းပေါ့ ၊ အဆိုးဘက်ကိုလဲထည်
တွက်ရမယ် ။ ဒီလိုမှမဟုတ်ဘဲ အကွက်တွေထဲ လက်မှတ်လျှောက်ထိုးရင် သူတို.အကွက်ထဲ ကိုယ်ဝင်သွားရင် ပြန်ထွက်ဘို.ခက်တယ် ။ ဒို.မြန်မာ
တွေဟာ ဆင်းရဲပါ တယ်ဆိုလို. သူတို. လုပ်ကိုင်စားသောက်ဘို.ချပေးတဲ့ မြေ ယာ အိမ်ကွက်တွေ ၊ လိုင်စင်ခွင့်ပြုချက်တွေနဲ့ လုပ်ရမဲ့ လုပ်ငန်းတွေ
အတွက် လိုင်စင်ခွင့်ပြုချက်တွေကိုတောင် ရောင်းစားပြစ်ကြတဲ့ တနပ်စား
တွေ လို.ပြောရင် ကိုယ်.လူမျိုး ကိုယ်နှိမ့်ချတယ်လို. ပြောမလား ။ ရောင်းခွန် ၀ယ်ခွန် မပေးရအောင် ရောင်းဝယ်စားတဲ့ နည်းတွေကို
တော့လည်း ဒို.မြန်မာ တွေ အတော်နားလည် ကျွမ်းကျင်ပုံရတယ် ။


အူမစောင့်မှ သီလစောင့်တယ်ဆိုတော. အူမ မစောင့်ရင် သီလလဲ မစောင့်နိုင်ဘူးဆိုတာ ရှင်းနေပါတယ် ။ ဒီစကားကို ဘယ်သူဘဲ ပြောပြော မမှန်သောစကားလို. ဘယ်သူကမှ မပြောနိုင်ဘူး ။ ဒီနေ.မြန်မာတွေ သီလရှိနေကြပြီလား သီလစောင့် နေကြပြီလား ?

အကြံကုန် ဂဠုန် ဆားချက် ဆိုတာများလား ?


ပျော်ပျော်ပါးပါး ပေါ.